နှိုင်းယှဉ်လိုက်မိခြင်းက အလွန်မိုက်မဲသည်။ ထိုစကားရပ်က စမ်းချောင်းဝါမဟာပညာရှိ၏ လက်ရှိအခြေအနေကို ပြည့်စုံစွာဖော်ညွှန်းနေသည်။ ပုဖန်၏ လက်ထဲမှ ဧရာမ ဝိုင်ကရားကြီးနှင့် သူ၏လက်ထဲမှ လူကြီးလက်သီးဆုပ်အရွယ်ခန့်ရှိသောဝိုင်ကရားကိုကြည့်ကာ စမ်းချောင်းဝါမဟာပညာရှိ၏မျက်နှာပေါ်တွင် သနားစရာ အမူအယာဖြစ်ပေါ်လာသည်။
ဂျိန်း ...
ကြောက်မက်ဖွယ်အသံကြီးတစ်ခုက ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။ လူအားလုံး ကောင်းကင်ထက်ကို မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ပေါ်မှ တိမ်များကို တစ်ခုခုက မွှေနှောက်နေသကဲ့သို့ လှည့်နေသည်ကို မြင်လိုက်ရသည်။
အတိဒုက္ခပဲ ...
ပုဖန် ထိုသို့တွေးလိုက်ကာ မျက်လုံးအရောင်လက်သွားသည်။ အတိဒုက္ခက ပုဖန်ကို မအံ့ဩစေပေ။ အံ့ဩဖွယ်ရာကောင်းသည့် ဟင်းလျာတစ်ခုခုကို ချက်ပြုတ်တိုင်း မိုးကြိုးပြစ်ဒဏ်ကို ရင်ဆိုင်ရသည်မှာလည်း အသားကျနေပြီဖြစ်သည်။ သို့ရာတွင် ဤအတိဒုက္ခက တစ်ခုခု ကွဲပြားနေသည်။
၎င်းက လျှပ်စီးမဟုတ်တော့ပဲ မဟာနိယာမလမ်းကြောင်း၏စိတ်ဆန္ဒထံမှ ကြောက်မက်ဖွယ်ဖိအားများ ပါဝင်နေပုံပေါ်သည်။
“ ဝိုင်ကရားလေးက တော်တော်သေးတာပဲ ...”
စမ်းချောင်းဝါမဟာပညာရှိက ပုဖန်ကိုကြည့်ကာ ပြောလိုက်သည်။
“ သေးတယ်တဲ့လား ... ခဏနေရင် အဲ့လိုခံစားရတော့မှာ မဟုတ်ပါဘူး ...”
ပုဖန်က သူ့ကိုပြန်ကြည့်ကာ လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
သူ့ စကားများကြောင့် မဟာသူတော်စင်က ခဏတာ ကြောင်အသွားသည်။
“ ကြည့်ဦး အဲ့ဒါက မူမမှန်ဘူးနော် ...”
“ အဲ့ဒါ မိုးကြိုးပြစ်ဒဏ်လား ... သိပ်မတူသလိုပဲနော် ...”
“ အဲ့ဒါက မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒရဲ့ အတိဒုက္ခထင်တယ် ...”
ထိုမြင်ကွင်းက ကမ္ဘာမြေအကျဉ်းထောင်မှ လူများကို အံ့အားသင့်စေခဲ့သည်။ ယခုအချိန်တွင် ကောင်းကင်ဘုံ၌ နန်းတော်တစ်ခုရှိနေသည်ဟုပင် ထင်ရပြီး ထောင်နှင့်ချီသောမိုးကြိုးသွားများက မြွေကဲ့သို့ တွန့်လိမ်ကောက်ကွေးနေကာ ပုဖန်ကို ပစ်မှတ်ထားနေကြသည်။
“ ဒီဝိုင်က အတော်လေး ထူးခြားဆန်းကြယ်တဲ့ပုံပဲ ... မဟုတ်ရင် အတိဒုက္ခကိုတောင် ဆွဲဆောင်နိုင်မှာမဟုတ်ဘူး ...”
စမ်းချောင်းဝါမဟာပညာရှိက ကောင်းကင်ပေါ်မှ နန်းတော်ကိုကြည့်ကာ ဝိုင်ကရားကို ဂရုတစိုက်ကိုင်ထားလိုက်သည်။ သူ အနည်းငယ် အံ့အားသင့်သွားမိသည်။ အတိဒုက္ခက ပုံမှန်မဟုတ်သောအရာဖြစ်သည်။ ၎င်းက ဤလောက၏ ထိန်းချုပ်မှုထက်ကျော်လွန်သော မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒ၏ သရုပ်သကန်ဖြစ်သည်။ သူက မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို ဆွဲဆောင်ခဲ့သူဖြစ်သော်လည်း ဝိုင်ကို ချက်လုပ်ခဲ့သူက ပုဖန်ဖြစ်နေသည်။ သို့ဖြစ်၍ အတိဒုက္ခက သူ့အစား ပုဖန်ကို ပစ်မှတ်ထားနေသညိ။
ကောင်းကင်ဘုံနန်းတော်ထဲတွင် နတ်စစ်သည်များပင် အော်ဟစ်ကြွေးကြော်နေသည်ဟု ထင်ရသည်။ မိုးကြိုးသွားများက ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ကြောက်မက်ဖွယ် အတက်အကျလှိုင်းများက ကမ္ဘာကိုလှုပ်ခါသွားစေသည်။ ယခုအချိန်တွင် ကမ္ဘာမြေအကျဉ်းထောင်တစ်ခုလုံးက အတိဒုက္ခ၏ ကြောက်မက်ဖွယ်ကောင်းမှုကို တွေ့ကြုံနေရသည်။
စမ်းချောင်းဝါစားသောက်ဆိုင်လေးရှေ့တွင် လှဲလျောင်းနေသော ခွေးဘုရင်က ကောင်းကင်ပေါ်မှ အတိဒုက္ခကိုကြည့်ကာ လေသံဖျော့ဖျော့ဖြင့် မေးလိုက်သည်။
ဒါက ကောင်းကင်ဘုံအတိဒုက္ခနန်းတော်ပဲ ... ကျင့်ကြံခြင်းအဆင့်တစ်ခုကိုရောက်မှ ဆွဲဆောင်လို့ရတဲ့ ပြစ်ဒဏ်တစ်ခုပဲ ... သာမန်လူတစ်ယောက်က ထိတောင်မထိနိုင်တဲ့ နယ်ပယ်တစ်ခုရဲ အထွတ်အထိပ်မှာ ရှိနေတယ် ...
“ ကောင်လေးပုဖန်က အဲ့ဒီအထွတ်အထိပ်နေရာကို ရောက်ပြီထင်တယ် ... သူက ဒီဝိုင်တစ်ကရားနဲ့တင် ချီလင်စားဖိုမှူးအဆင့်ရဲ့ အထွတ်အထိပ်နေရာကို ခြေချလိုက်နိုင်တာပဲ ...”
“ အထွတ်အထိပ်အဆင့် ချီလင်စားဖိုမှူးက သာမန် နတ်ဘုရားစားဖိုမှူးတစ်ယောက်ထက် အားမနည်းပေ။ တခြားစကားဖြင့် ပြောရမည်ဆိုလျှင် ပုဖန်၏လက်ပေါ်မှ ဝိုင်ကရားက နတ်ဘုရားစားဖိုမှူးတစ်ယောက် ချက်လုပ်ထားသော ဝိုင်နှင့်ညီမျှပြီး ၎င်းက နတ်ဘုရားစားဖိုမှူးများချက်လုပ်သည့် ထိပ်ဆုံးဝိုင်ငါးမျိုးထဲမှ တစ်မျိုးတွင် ပါဝင်နေခြင်းဖြစ်လိမ့်မည်။ အထွတ်အထိပ်ချီလင်စားဖိုမှူးချက်လုပ်သောဝိုင်က ကောင်းကင်ဘုံအတိဒုက္ခနန်းတော်ကို ရောက်ရှိသွား၍ ယစ်မူးဖွယ်ကောင်းသော အရသာတစ်မျိုး ရရှိလာနိုင်ခြင်းဖြစ်သည်။ သာမန်စားဖိုမှူးတစ်ယောက်က သူ့ဘဝတစ်လျှောက်တွင် ထိုကဲ့သို့သောဝိုင်မျိုးကို ချက်လုပ်နိုင်မည်မဟုတ်ပေ။
အထွတ်အထိပ်အဆင့် ...
ကမ္ဘာမြေအကျဉ်းထောင်မှလူများက အံ့အားသင့်သွားကြသည်။ သူတို့အားလုံးက စားသောက်ဆိုင်၏ ဖောက်သည်များဖြစ်သော ခွေးဘုရင်၊ စမ်းချောင်းဝါမဟာပညာရှိ၊ အကျဉ်းထောင် အရှင်သခင်ယင်းလုံနှင့် ငရဲဘုရင်တို့ကြောင့် ယခုလေးတင် အံ့အားသင့်နေကြပြီးဖြစ်သည်။ ၎င်းတို့အားလုံးက ကမ္ဘာမြေအကျဉ်းထောင်၏ ကြီးမြတ်သောတည်ရှိမှုများ ဖြစ်ကြသည်။ သူတို့အားလုံးက ဤစားသောက်ဆိုင်ငယ်လေးတစ်ခုထဲတွင် စုဝေးနေကြခြင်းက အံ့မခမ်းဖွယ်ရာပင်ဖြစ်သည်။
သို့သော်လည်း ပို၍ ထိတ်လန့်စရာကောင်းသောအရာတစ်ခု ဖြစ်လာခဲ့သည်။ စားသောက်ဆိုင်ပိုင်ရှင်က အထွတ်အထိပ်အဆင့်ရောက်နေသော ဝိုင်ကိုချက်လုပ်ခဲ့ခြင်းပင်။ ထိုသို့သော အံ့မခမ်းဖွယ်ရာဝိုင်မျိုး ရှိနေသည်ဟူသောအတွေးဖြင့်ပင် သူတို့အားလုံးသွားရည်ယိုလာကြသည်။ ယခုအချိန်၌ သူတို့အားလုံး ထိုဝိုင်ကို မြည်းကြည့်ချင်လာသည်။
ပုဖန် ခေါင်းမော့ပြီး ကောင်းကင်ပေါ်မှ မူမမှန်မှုများကို ကြည့်နေသည်။ မိုးကြိုးသွားများဖြင့် ပြည့်နေသောနန်းတော်က မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒ၏ သရုပ်သကန်ဖြစ်သော်လည်း သူက ၎င်းကို စိတ်မပူပန်
နေပေ။ ဝိုင်ကရားကိုကိုင်ထားလျက် အတွင်းထဲမှ အံ့မခမ်းဖွယ်ရာစွမ်းအားများကို ခံစားနေလိုက်သည်။
“ ဝှိုက်တီ ...”
ပုဖန် လေသံဖျော့ဖျော့ဖြင့် ခေါ်လိုက်သည်။
ဒင် ဒင် ...
မီးဖိုချောင်လိုက်ကာစကို မလိုက်သည့်အခါ အားလုံး၏နားထဲသို့ ခေါင်းလောင်းသံအချို့ ဝင်ရောက်လာသည်။ သို့ဖြစ်၍ လူအုပ်ကြီးက ကြောင်အသွားသည်။ နောက်အခိုက်အတန့်တွင် အဖြူရောင်ရုပ်သေးက စားသောက်ဆိုင်ထဲမှ ထွက်လာသည်။ ၎င်း၏ အပြာရောင်မျက်ဝန်းတစ်စုံက တုံးအပုံရသော်လည်း ချစ်ဖို့ကောင်း၍ အန္တရာယ်မရှိဟု ထင်ရသည်။
“ ဒီ အတိဒုက္ခကို မင်းပဲ ရင်ဆိုင်လိုက်တော့ ...”
ပုဖန်က ဝှိုက်တီ၏ ဗိုက်လုံးလုံးကြီးကိုပုတ်ကာ ပြောလိုက်သည်။ ထို့နောက်တွင် ဝိုင်ကရားကိုလက်ထဲပိုက်ထားလျက်နှင့်ပင် စားသောက်ဆိုင်ထဲ ဝင်သွားသည်။
“ ဒီစားဖိုမှူးလေးက ကောင်းကင်ဘုံအတိဒုက္ခနန်းတော်ကို ချစ်စရာကောင်းတဲ့ ရုပ်သေးလေးတစ်ခုနဲ့ ရင်ဆိုင်မလို့လား ... သူက ယုံကြည်မှု အရှိလွန်နေတာပဲ ...”
That gave the crowd another pause.
စမ်းချောင်းဝါမဟာပညာရှိက ဝှိုက်တီ့ကိုတစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အံအားသင့်မှုနှင့် သဘောကျမှုတို့ ပေါ်လာသည်။ ထို့နောက် သူ၏ဝိုင်ကရားအသေးလေးကို ဂရုတစိုက်ကိုင်ကာ ပုဖန်နောက်သို့ လိုက်သွားသည်။
ပုဖန်က စားသောက်ဆိုင်ထဲဝင်သွားပြီဖြစ်၍ ငရဲဘုရင်အာဟနှင့် အခြားလူများလည်း။း လိုက်သွားကြသည်။
စားသောက်ဆိုင်အပြင်ဘက်တွင်မူ ကမ္ဘာမြေအကျဥ်းထောင်၏ မြောက်များစွာသောမိသားစုများမှ ကျင့်ကြံသူများက ဝှိုက်တီ့ကို မျက်လုံးများပြူးကျယ်ကာ ကြည့်နေကြသည်။ သူတို့အားလုံး၏ အကြည့်အောက်တွင် ဝှိုက်တီက လက်မြှောက်ကာ သူ၏ခေါင်းကိုပွတ်လိုက်သည်။ နောက်အခိုက်အတန့်တွင် ၎င်း၏မျက်ဝန်းအပြာများက ကြယ်စင်ကောင်းကင်ကဲ့သို့ တောက်ပလာကာ ဂျိန်းခနဲအသံဖြင့် သတ္တုတောင်ပံများကို ဖြန့်ထုတ်လိုက်သည်။ ထို့နောက် မြေပြင်ကိုကန်ပြီး ကောင်းကင်ပေါ်သို့ အလင်းတန်းတစ်ခုအဖြစ် ဖြာထွက်သွားသည်။
အားလုံး၏ စောင့်ကြည့်နေသောမျက်လုံးများအောက်တွင် ဝှိုက်တီက ကောင်းကင်ထက်မှ မိုးကြိုးသွားများဖြင့် ပြည့်နေသည့် နန်းတော်ဆီသို့ တစ်ဟုန်ထိုးတက်သွားသည်။ နန်းတော်က လျှို့ဝှက်ဆန်းကြယ်ကာ နတ်ဘုရားများ၏ နေထိုင်ရာနှင့်ပင် တူညီနေသည်။ ၎င်းက အထွတ်အထိပ်အဆင့် အတိဒုက္ခကို ဖော်ညွှန်းနေသည်။
ရုပ်သေးတစ်ခုက ဒါမျိုးအတိဒုက္ခကို တောင်ခံနိုင်ပါ့မလား ...
ဝှိုက်တီက နန်းတော်အနား တစ်ဟုန်ထိုး ပြေးဝင်သွားပြီး နတ်ဘုရားသတ်တုတ်ကို ခပ်ပြင်းပြင်းလွှဲယမ်းလိုက်သည်။ ခဏတွင်းချင်းပင် လျှပ်စီးပင်လယ်ကြီးက ဆူဆူညံညံဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်ဧရာမ လေဝဲကြီးက ဝှိုက်တီ၏ဗိုက်တွင် ပေါ်လာပြီး အဆက်မပြတ်လှည့်ပတ်နေကာ မိုးကြိုးများကို ရေသောက်လိုက်သကဲ့သို့ ဝါးမျိုနေသည်။
“ ဘာလဲဟ ဘာတွေဖြစ်ကုန်တာလဲ ...”
လူအုပ်ကြီးက အလွန်ပင် အံ့ဩတကြီးဖြစ်ကုန်ကြသည်။ တစ်ချက်မှ အန္တရာယ်ပေးမည့်ပုံမရသည့် ဝှိုက်တီက ကောင်းကင်ပေါ်မှ နန်းတော်ကြီးဆီသို့ တစ်ဟုန်ထိုး ပျံတက်သွားကာ မိုးကြိုးကို ရော်ဘာကဲ့သို့ဝါးမျိုသွားသဖြင့် သူတို့အားလုံး ကြောင်အကုန်သည်။
အတိဒုက္ခကို ထိုကဲ့သို့ ကျော်လွန်သွားနိုင်မည်ဟု မည်သူမျှ မယုံကြည်ခဲ့ကြပေ။ အထူးသဖြင့် ၎င်းက အထွတ်အထိပ်အဆင့်ကို ကိုယ်စားပြုသော ကောင်းကင်ဘုံအတိဒုက္ခနန်းတော်ဖြစ်သည်။
ပုဖန်ရဲ့ ကျင့်ကြံဆင့်က သိပ်မသန်မာလို့ မိုးကြိုးပြစ်ဒဏ်က သိပ်အစွမ်းမထက်ပေမယ့် သူအနည်းဆုံးတော့ လေးစားသမှု ရှိသင့်တယ်လေ ...
ဝှိုက်တီက အတိဒုက္ခကို အသားကျနေသည့်ပုံကြောင့် ထိုနေရာမှ လူအားလုံး အံ့အားသင့်နေစဉ်မှာပင် ပုဖန်က ဝိုင်ကရားကိုယူကာ ယောက်ျားတစ်အုပ်နှင့်အတူ စားသောက်ဆိုင်ထဲ ဝင်သွားသည်။
စမ်းချောင်းဝါမဟာပညာရှိက မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒကို ဆွဲဆောင်ခဲ့သူဖြစ်၍ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာမြင်ပြီး အာရုံခံနိုင်ခဲ့သည်။ ပေါ်လွင်မှုမရှိသော ဝိုင်ကရားက ကမ္ဘာမြေအကျဉ်းထောင်၊ မသေမျိုး။ချက်ပြုတ်ခြင်းနယ်ပယ်နှင့် မည်သာ့်နေရာကမှန်းမသိသော မဟာနိယာမလမ်းကြောင်းစိတ်ဆန္ဒသုံးခုကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
ဒီလိုနည်းလမ်းနဲ့ချက်ထားတဲ့ဝိုင်က ဘယ်လောက်တောင် အံဩစရာကောင်းနေမှာလဲ ..
အားလုံးက သိချင်နေကြသည်။ သူတို့ထဲတွင် အသက်အကြီးဆုံးဖြစ်သည့် ကမ္ဘာမြေအကျဉ်းထောင်အရှင်သခင်ယင်းလုံသည်ပင် မျက်ခေါင်းပေါက်တောင်ဝှေးကိုကိုင်ကာ ဝိုင်ကရား၏အနားသို့ ရောက်လာသည်။
ဝိုင်ကရားက သာမန်ဝိုင်ကရားတစ်ခုကဲ့သို့ပင် ပေါ်လွင်မှု မရှိပေ။ ၎င်းက အရောင်ပင် တောက်မနေပေ။ သို့သော်လည်း ၎င်းက အံ့ဖွယ်ဝိုင်ဖြစ်ကြောင်း သူတို့အားလုံးသိသည်။
နယ်သာရီက မြေခွေးဖြူလေးကို ရင်ခွင်ထဲထည့်ထားပြီး သူမတို့နှစ်ယောက်လုံး တစ်ပြိုင်တည်းမျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နေကြသည်။
“ ကောင်လေးပုဖန် ကရားကိုဖွင့်လိုက်တော့လေ ငါတို့အားလုံး အဲ့ဝိုင်ကို မြည်းကြည့်ကြမယ် ...”
ငရဲဘုရင်အာဟက အစပ်ချောင်းကိုက်ထားလျက် ပြောလိုက်သည်။ ဝိုင်ကိုမြည်းကြည့်ရန် သူ မစောင့်နိုင်တော့ပေ။
ပုဖန်က သူ့ကို ချက်ချင်းပြန်မဖြေပေ။ ထိုအစား ဝိုင်ကရားအဖုံးကိုဖွင့်ပြီး ငရဲဘုရင်အာဟကိုကြည့်လိုက်သည်။
“ ဒီဝိုင်ကို ... အလကားမြည်းကြည့်လို့မရဘူး ...”
သူက ရုပ်တည်ဖြင့် ပြောလိုက်သည်။
ထိုနေရာတွင် ရှိသူအားလုံး အေးခဲသွားကြပြီး စမ်းချောင်းဝါမဟာပညာရှိက လက်ထဲမှ ဝိုင်ကရားလေးကို တင်းတင်းကြပ်ကြပ် ကိုင်ထားလိုက်သည်။
“ ဒီဝိုင်က ကြီးမြတ်အဆင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်လို့ခေါ်တယ် ... ပါဝင်ပစ္စည်းတွေထဲမှာ အရွက်ကိုးရွက်စမ်းချောင်းဝါမြက်၊ ပွင့်ချပ်ကိုးခု ကူကယ်ရာမဲ့ပန်း၊ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က မသေမျိုးသစ်ပင်ရဲ့ အရွက်နု၊ ဘုံကိုးပါးမဟာလမ်းစဉ်လက်ဖက်ရွက်၊ အသက်စမ်းချောင်းရဲ့ မူလရင်းမြစ်နဲ့ ဟင်္သာပြဒါးသစ်သီးရည်တွေပါတယ် ...”
ပုဖန်က ပါဝင်ပစ္စည်းပေါင်းစုံနာမည်ကို ခပ်တည်တည်ဖြင့် ရွတ်ပြလိုက်သည်။ ဤနေရာတွင်ရှ်ိနေသူတိုင်းက ဂုဏ်သတင်းကြီးသူများဖြစ်ကြ၍ ထိုအရာများကိုကြားသည့်အခါ ပင့်သက်မရှိုက်ပဲ မနေနိုင်ကြပေ။
သူတို့အားလုံး အရွက်ကိုးရွက်စမ်းချောင်းဝါမြက်ကိုသိကြသည်။ ၎င်းက စမ်းချောင်းဝါမဟာပညာရှိ၏ အဖိုးတန်ရတနာဖြစ်ပြီး သူ့လက်ထဲတွင် နေ့တိုင်းကိုင်ထားလေ့ရှိသည်။ မသေမျိုးသစ်ပင်၏အရွက်နုနှင့် ဘုံကိုးပါးမဟာလမ်းစဉ်လက်ဖက်ရွက်ကလည်း ၎င်းထက် မနိမ့်သောပါဝင်ပစ္စည်းပင်ဖြစ်သည်။ ဤဝိုင်ကို ထိုပါဝင်ပစ္စည်းများဖြင့် လုပ်ထားကြောင်း သိလိုက်ရ၍ သူတို့အားလုံး အံ့ဩတကြီးဖြစ်ကုန်သည်။
“ ကောင်းပါပြီ ...ခင်ဗျားတို့ကို ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒီဝိုင်ကရားကြောင့် ကျုပ် အရာအားလုံးကို ဆုံးရှုံးလိုက်ရတယ် ...”
ပုဖန်က သက်ပြင်းချလိုက်သဖြင့် အားလုံးက သူ့ကိုအာရုံစိုက်လိုက်ကြသည်။
သို့သော် အခြားလူများက ထိုစကားကိုကြားသည့်အခါ သူ အရာအားလုံးကို ဆုံးရှုံးလိုက်ရသည်ဟု မထင်မိကြပေ။
“ အဲ့ဒါကြောင့်မို့ ဒီဝိုင်ကို မြည်းချင်တယ်ဆိုရင် ကျုပ်ကို နယ်သာသလင်းကျောက် ဒါမှမဟုတ် အင်မော်တယ်သလင်းကျောက်တွေတဲ့ ပေးရလိမ့်မယ် ... ကျုပ်ရဲ့ ကြိုးစားမှုအသီးအပွင့်တွေကို ထောက်ပံ့ပေးတယ်လို့ သဘောထားလိုက်ပါ ...”
သူ ဆက်ပြောလိုက်သည်။
လူအုပ်ကြီးက ပုဖန်ကိုလှမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် စောဒကတက်လိုက်သည်။
သူက ဝိုင်ကို ပိုက်ဆံပေးဝယ်ချင်ရုံပဲကို ဘာလို့ အမှိုက်လိုစကားတွေ တသီတတန်းကြီးပြောနေရတာလဲ ...
“ အင်းလေ ငါတို့ကလည်း ငွေကြေးချို့တဲ့နေတဲ့သူတွေမှမဟုတ်တာ ...”
စမ်းချောင်းဝါမဟာပညာရှိက လက်ဝှေ့ယမ်းပြကာ အပြုံးဖြင့် ပြောလိုက်သည်။
သူပြောသည်မှာ မှန်ကန်သည်။ ဤနေရာတွင် ရှိနေသူတိုင်းက ရာထူးဂုဏ်သိမ်မြင့်မားကြသူများဖြစ်၍ နယ်သာသလင်းကျောက်များစွာ ရှိကြသူများဖြစ်သည်။
“ ဒါဆိုရင် ဈေးနှုန်းကို အခုပဲပြောပြပါ့မယ် ...”
ပုဖန် ပြောလိုက်သည်။
ငရဲဘုရင်အာဟနှင့် အခြားလူများက မထီမဲ့မြင်ပြုံးနေကြသည်။
ဝိုင်ကရားလေးတစ်လုံးပဲကို ဘယ်လောက်ဈေးကြီးနိုင်မှာမို့လဲ ... သူတို့အဆင့်နဲ့ဆိုရင် တစ်ဆိုင်လုံးကိုတောင် ဝယ်ပစ်လိုက်လို့ရတယ် ...
ခွေးဘုရင်က သိမြင်မှုသစ်ပင်အောက်တွင် လှဲလျောင်းနေပြီး လက်ဖဝါးကို လျက်နေကာ ငရဲဘုရင်အာဟနှင့် အခြားသူများကို အပြုံးတစ်ဝက်ဖြင့် ကြည့်နေသည်။
“ သူ့ရဲ့ပြိုင်ဘက်ကင်းပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ရခက်ခဲတဲ့နည်းလမ်းကြောင့် ကမ္ဘာပေါ်မှာ ကြီးမြတ်အဆင့် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်က ဒီတစ်ကရားပဲရှိမယ် ... အဲ့တော့ ကျုပ်က ဒါကို တစ်ခွက်ချင်းစီပဲရောင်းတော့မယ် ... ဝိုင်တစ်ခွက်ကို နယ်သာသလင်းကျောက်တစ်သန်းနဲ့ရောင်းမယ် ...”
ပုဖန် တည်ငြိမ်စွာပြောလိုက်သည်။
သူ့လေသံက တည်ငြိမ်နေသော်လည်း ပုဖန်၏ရင်ထဲတွင် တဒိန်းဒိန်းခုန်နေမိသည်။ အဘယ့်ကြောင့်ဆိုသော် စနစ်က ဤဝိုင်ကရားကို မယုံနိုင်လောက်စဖွယ်အနေအထားထိ ဈေးမြှင့်ထားမည်ဟု မထင်မိသောကြောင့်ဖြစ်သည်။ ဤဝိုင်ကရားက အနည်းဆုံး ခွက်တစ်ရာခန့် ဆန့်ဝင်သည်။ တခြားစကားဖြင့် ပြောရမည်ဆိုလျှင် ဤဝိုင်တစ်ကရားက နယ်သာသလင်စကျောက်သန်းတစ်ရာ တန်ဖိုးရှိသည်။
ဈေးနှုန်းကို ပြောပြလိုက်သည်နှင့် ဤနေရာတွင်ရှိနေသူတိုင်း အေးခဲသွားကြသည်။
သူတို့အားလုံးက ကြွယ်ဝချမ်းသာသူများဖြစ်ကြသော်လည်း ဤမျှဈေးကြီးသောဝိုင်ကို တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ကြပေ။ အသူရာချောက်၏ ထိပ်တန်းဝိုင်သည်ပင် တစ်ကရားလျှင် နယ်သာသလင်းကျောက်တစ်သိန်းသာ ပေးရသည်။ သို့ရာတွင် ပုဖန်၏ဝိုင်က တစ်ခွက်လျှင် နယ်သာသလင်းကျောက်တစ်သန်းဖြစ်နေသည်။
သူ့နာမည်ကို အမြတ်ကြီးစားသူ လို့တောင် ပြောင်းသင့်နေပြီ ... တကယ်ကို အကျင့်မကောင်းတဲ့သူပဲ ...
ငရဲဘုရင်အာဟသည်ပင် ယခုအချိန်၌ ထိုသို့မတွေးပဲ မနေနိုင်ဖြစ်နေသည်။
စမ်းချောင်းဝါမဟာပညာရှိက ထိတ်လန့်သွားသည်။ ပုဖန်ကိုကြည့်လိုက်ပြီးနောက် သူ၏ဝိုင်ကရားအသေးလေးကို တစ်ချက်ကြည့်လိုက်သည်။
သူက တစ်ခွက်ကို နယ်သာသလင်းကျောက်တစ်သန်းနဲ့ ရောင်းနေတာပဲ ... ငါ့ရဲ့ ကရားလေးက သေးတယ်ဆိုပေမယ့် အနည်းဆုံး ၁၂ခွက်လောက်တော့ဆန့်မှာ .. အဲ့လိုဆိုတော့ ငါက နယ်သာသလင်းကျောက်ဆယ်သန်းကျော်လောက် ပိုင်ထားတာပဲပေါ့ ... ငါ အခု သန်းကြွယ်သူဌေးဖြစ်ပြီ ... သူက ငါ့ကိ မဆုံးရှုံးဘူးပြောတာ မထူးဆန်းတော့ပါဘူး ငါအခု ချမ်းသာသွားပြီပဲလေ ...
ထိုအကြောင်းတွေးမိသည့်အခါ စမ်းချောင်းဝါမဟာပညာရှိက အရူးတစ်ယောက်ကဲ့သို့ ပြုံးလိုက်သည်။
“ ဝိုင်တစ်ခွက်ကို နယ်သာသလင်းကျောက်တစ်သန်းနဲ့ရောင်းတာ မလွန်လွန်းဘူးလား ...”
ယင်းလုံက ပုဖန်ကိုတစ်ချက်ကြည့်ကာ မျက်ခေါင်းပေါက်တောင်ဝှေးဖြင့် ကြမ်းပြင်ကိုထောက်လိုက်သည်။
တခြားသူများကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြကြသည်။
“ အရမ်းဈေးကြီးတယ်လို့ ထင်နေတာလား ...”
ပုဖန်က နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေးလိုက်သည်။
နောက်အခိုက်အတန့်တွင် ဝိုင်ကရားအဖုံးကို ဖွင့်လိုက်သည်။ ချက်ချင်းပင် သက်တံ့ရောင်အလင်းတန်းထွက်ပေါ်လာပြီး အားလုံး၏ မျက်လုံးများကို ဖမ်းစားသွားသည်။ အရောင်အဆင်းက အလွန်လှပသော်လည်း သူတို့အားလုံးကို လန့်သွားစေသည်မှာ ပင်လယ်ပြင်အထက်တွင် လွင့်မျောနေသည်ဟု ထင်ရစေသော ၎င်း၏ ရနံ့ဖြစ်သည်။
အဖုံးဖွင့်လိုက်ချိန်တွင် ရနံ့က အရပ်မျက်နှာအနှံ့ ပျံ့သွားကာ စားသောက်ဆိုင်တံခါးမှတစ်ဆင့် အပြင်ဘက်ရှိလူများထံရောက်သွား၍ အားလုံးက ညှို့ယူဖမ်းစားခံလိုက်ရသည်။ မကြာမီ ထိုရနံ့က တစ်မြို့လုံးပျံ့နှံ့သွားသည်။
ပုဖန်က ဝိုင်ကို အနံ့ခံကြည့်ပြီး ထပ်ပြောလိုက်သည်။
“ ဒီဝိုင်ကို ဈေးကြီးတယ်လို့ထင်သေးလား ...”
ယင်းလုံ၏ မျက်နှာက ချက်ချင်းရှုံ့မဲ့သွားသည်။ အတွေးတစ်ချက်ဖြင့် သူ့လက်ထဲတွင် အဝတ်အိတ်တစ်အိတ်ပေါ်လာပြီး ၎င်းကို စားပွဲပေါ် ဘတ်ခနဲပစ်တင်လိုက်သည်။
“ ဒီမှာ နယ်သာသလင်းကျောက်တစ်သန်း ... ငါ့ကိုတစ်ခွက်ပေးတော့ ...”
ယင်းလုံ ပြောလိုက်သည်။
ငရဲဘုရင်အာဟနှင့် အခြားသူများ ချက်ချင်း ဆွံ့အကုန်သည်။
“ ခင်ဗျားရဲ့ဂုဏ်သိက္ခာတွေ ဘယ်ရောက်သွားလဲ ...”
***