၎င်းက သွေးနီရောင်မျက်ဝန်းတစ်စုံဖြစ်သည်။ ၎င်းတို့ထဲတွင် သွေးများပြည့်နှက်နေသည်။ မျက်လုံးအိမ်တွင် သွေးကြောတို့ထောင်ထနေပြီး ထိုသွေးကြောတို့ထဲတွင် သွေးခဲတို့လည်ပတ်နေသလိုဖြစ်နေသည်။ ထိုအချိန်တွင် ပုဖန်က သူ၏စိတ်စွမ်းအင်အားလုံးကိုဆင့်ခေါ်လိုက်လေပြီ။ သူ၏စိတ်ဝိဉာဉ်ပင်လယ်ထဲတွင် လေဝဲများက မကြာခင်ပေါက်ကွဲထွက်တော့မယောင် အရှိန်အပြည့်ဖြင့်လည်ပတ်နေသည်။ အကယ်၍ ပေါက်ကွဲသွားပါက သူကျရှုံးသွားပေလိမ့်မည်။
အသုံးအဆောင်စိတ်ဝိဉာဉ်များက ရှုပ်ထွေးနေသောအမူအရာများဖြစ်နေကြသည်။ စားဖိုမှူးတစ်ယောက်အတွက် ဆယ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ဆယ်ရာခိုင်နှုန်းသာရှိသော အောင်မြင်နှုန်းမှာ အလွန်နည်းပါးလှပေသည်။ ထိုအပြင် ၎င်းကစိတ်ဖိအားကို တိုးပွားစေသေးသည်။ ဖိအားများလေလေ ပိုမိုစိုးရိမ်စိတ်များလေလေဖြစ်ကာ အမှားလုပ်မိရန်ပိုလွယ်လာလေလေဖြစ်သည်။
ပုဖန်၏မျက်လုံးများက လုံးလုံးလျားလျားသွေးရောင်လွှမ်းနေပြီဖြစ်ပြီး အသုံးအဆောင်စိတ်ဝိဉာဉ်များက သူတို့၏ပိုင်ရှင်က ကျရှုံးခါနီးလေပြီဖြစ်ကြောင်းသိကြလေသည်။
စမ်းချောင်းဝါဆိုင်ငယ်လေး၏ မီးဖိုချောင်ထဲတွင် ပုဖန်က သွေးမျက်ရည်တို့စီးကျနေလေသည်။ သူ၏မျက်လုံးများထဲတွင် သွေးမြူများကြားတွင် မီးဖိုကအနီရောင်အဖြစ် ပြောင်းသွားကြောင်း ဝိုးတဝါးမြင်နေရသည်။ သူ၏စိတ်ဝိဉာဉ်ပင်လယ်က လှုပ်ခါနေပြီး မီးဖိုထဲရှိမီးတောက်ကလည်း ယိမ်းယိုင်နေသည်။ ၎င်းက သူ၏စိတ်စွမ်းအင်များက အတော်ကြီးမငြိမ်မသက်ဖြစ်နေကာ သူ၏ထိန်းချုပ်မှုက ပိုမိုအားနည်းလာကြောင်း ပြသနေသည်။ ၎င်းက လုံးဝမကောင်းချေ။
သူ့လက်များကလည်း တုန်ခါနေလေသည်။ သူ့လက်ထဲတွင် နတ်ဘုရား ကြက်သားသုံးခွက်ဟင်းအတွက်နောက်ဆုံးသော အမွှေးအကြိုင်များနှင့် ပဲငံပြည်ရည်အနောက်ကိုကိုင်ထားသည်။ ဖြူပြာရောင်ကြွေခွက်ထဲရှိ ၎င်း၏မျက်နှာပြင်က ကွဲအက်နေသည်။
ငါကျရှုံးတော့မှာလား...
ထိုအချိန်တွင် ပုဖန်အတွေးနက်သွားရသည်။ သူ၏ခွန်အားများအားလုံးကို စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရပြီး ယခုအချိန် သူလိုချင်သမျှအရာအားလုံးက ကုတင်ပေါ်တွင်လှဲချကာ အိပ်လိုက်ချင်နေသည်သာဖြစ်သည်။ သို့သော် သူ မအိပ်ရဲပါချေ။ သူ့စိတ်နှလုံးကို ဆွဲဆန့်ထားသည့်နောက်ဆုံးသော ကြိုးမျှင်လေးကို မဖြတ်တောက်ရဲပါချေ။ အကယ်၍ ၎င်းပါပြတ်တောက်သွားပါက အရာအားလုံးပြီးဆုံးသွားပေလိမ့်မည်။ သူ၏ အချက်အပြုတ်နတ်ဘုရားဖြစ်ချင်သော အိပ်မက်က ပျောက်ကွယ်သွားပြီး အရာရာတိုင်းပျောက်ကွယ်သွားရပေလိမ့်မည်။
…
ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေက ယခုတွင် အတော်ကြီးပြောင်းလဲသွားလေပြီ။ ကောင်းကင်ယံက သွေးရောင်လွှမ်းနေပြီး လေထဲတွင် လယ်ယာမြေတစ်ခုလုံးကို ဖျက်စီးတော့မယောင်ဖြစ်နေသည့် ဖိအားတို့ဖြင့် ဖုံးလွှမ်းနေသည်။ နျိုဟန်ဆန်းက သစ်သားအိမ်လေးထဲမှ ထွက်လာပြီး ကောင်းကင်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။ ရှစ်လေးက မြေပြင်ပေါ်တွင် ဝပ်ချကာ ခေါင်းကိုအတောင်ပံကြားဝှက်၍ တင်ပါးကိုလေထဲတွင်ပစ်ထားသည်။ ရတနာရှစ်ပါးဝက်ကလည်း မြေပြင်ပေါ်တွင်လဲနေကာ တုန်ယင်နေသည်။
ကျင်းယွမ်လက်ထဲရှိ နွားနို့ဖြည့်ထားသော ရေပုံးက လွတ်ကျသွား၍ ဂလုံဂလွမ်မြည်လာပြီး မြေပြင်ပေါ်ကို အဖြူရောင်နွားနို့တို့ ဖုံးလွှမ်းကာ လေထဲတွင် နွားနို့ရနံ့တို့ သင်းကြိုင်သွားစေသည်။
“ဘာဖြစ်တာလဲ...”
ထိုအချိန်တွင် နျိုဟန်ဆန်းရော ကျင်းယွမ်ပါ လယ်ယာမြေတစ်ခုလုံး ပြိုကျတော့မည်ဟု ခံစားလိုက်ရသည်။ ဆိုးရွားလှသည့်ခံစားချက်ဖြစ်ပြီး အဆုံးသတ်တော့မယောင်ခံစားရစေစည်။
“ပိုင်ရှင်ပု တစ်ခုခုဖြစ်လို့များလား... အခြေအနေတွေ အမြန်ဆုံးတည်ငြိမ်လာပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ.....”
နျိုဟန်ဆန်းသက်ပြင်းချလိုက်သည်။
စားသောက်ဆိုင်ထဲတွင် နယ်သာရီ၏မျက်နှာက ပိုမိုဖြူဖျော့လာပြီး မြေခွေးလေးကလည်း သူမ၏ခေါင်းကို ဆန့်ထုတ်လာသည်။ နယ်သာရီက ထိုင်ခုံကို ဘေးတွန်းကာ ခြေထောက်မြှောက်၍ မီးဖိုချောင်ထဲ အသော့နှင်လေသည်။ သူမ မီးဖိုချောင်ထဲကြည့်လိုက်ပြီး ဝင်ရန်လုပ်လိုက်ချိန်တွင် ဝှိုက်တီ၏ ခန္ဓာကိုယ်ဝဝကြီးက သူမရှေ့တွင်ပေါ်လာပြီး သူမကိုဆက်မသွားနိုင်အောင် တားလိုက်သည်။
ဝှိုက်တီ၏ မျက်လုံးများထဲတွင် အပြာရောင်အလင်းတစ်ချက်လက်သွားပြီး ခေါင်းခါပြကာ နယ်သာရီကို မီးဖိုချောင်ထဲမဝင်ရန် အချက်ပြလိုက်သည်။
နယ်သာရီက ဝှိုက်တီကိုကြည့်ပြီး မီးဖိုချောင်ထဲကြည့်လိုက်သည်။ သို့သော် ရုပ်သေးရုပ်၏ခပ်ဝဝခန္ဓာကိုယ်ကြီးက တံထားရှေ့တွင်ရပ်နေ၍ ဘာမှမမြင်ရပေ။ သူမ အတော်လေး အကူအညီမဲ့သွားရသည်။ သို့သော် ယခုအချိန်တွင် သူမအထဲသို့မဝင်သွားသည်မှာ မှန်ကန်ကြောင်း သေချာပေါက်သိလေသည်။
မီးဖိုချောင်ထဲတွင် ပုဖန်က အချိန်အတော်ကြာ ရုန်းကန်နေရမည့်ပုံပေါ်သည်။ ၎င်းက စနစ်၏စမ်းသပ်ချက်ဖြစ်ပြီး သူ၏အချက်အပြုတ်နတ်ဘုရားဖြစ်လာမည့် လမ်းစဉ်တွင် အတားအဆီးတစ်ခုလည်းဖြစ်သည်။ သူထိုအတားအဆီးရှေ့တွင် အရှုံးပေး၍မရပေ။
လက်ပတ်က သူ့လက်မောင်းပေါ်မှ ချောကျသွားသည်။ ၎င်း မီးဖိုပေါ်ကျသွားချိန်တွင် မီးတောက်တစ်ခု ပေါက်ကွဲ၍ထွက်လာသည်။ ၎င်းက ပုဖန်ကို အံ့ဩသွားစေပြီး သူ၏ထောင်တျဲလက်မောင်းကို စူးစိုက်ပြီးကြည့်လိုက်သည်။ ၎င်းတွင် ယင်ယန်စွမ်းအင်တို့က ရစ်သိုင်းနေပြီး ယင်ယန်ငါးတစ်စုံကိုဖြစ်တည်နေစေသည်။
ထိုက်ကျိက ဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုးကို ဖြစ်ပေါ်စေပြီး.... ဆန့်ကျင်ဘက် စွမ်းအင်နှစ်မျိုးက ဓာတ်ကြီးလေးပါးအဖြစ် ဖြစ်ပေါ်စေတယ်....
ပုဖန်၏မျက်လုံးများက တောက်ပလာသည်။ ထိုအချိန်တွင် သူ့ခေါင်းထဲ၌ တစ်စုံတစ်ခုက အခွံမှဖောင်ထွက်သွားသလို ဖြစ်သွားသည်။
သူ၏စိတ်စွမ်းအင်များက လည်ပတ်နေဆဲဖြစ်ပြီး အစားအသောက်များကလည်း ဒယ်အိုးထဲတွင် တရှဲရှဲမြည်နေကာ အနံ့တို့ကိုထုတ်လွှတ်နေဆဲဖြစ်သည်။ ၎င်းက မွှေးပျံ့လှသော်လည်း အစစ်အမှန် နှစ်လိုဖွယ်ကောင်းသော အရသာက ချို့တဲ့နေသည်။
သူ့လက်မောင်းကိုလှည့်ပတ်နေသာ ယင်ယန်စွမ်းအင်ကိုကြည့်ပြီး ပုဖန်က ပြုံးနေဟန် သူ့နှုတ်ခမ်းထောင့်များကို ကွေးညွတ်လိုက်သည်။
ထိုအချိန်တွင် အသုံးအဆောင်စိတ်ဝိဉာဉ်များက သူ၏အပျော်ကိုအာရုံခံလိုက်မိသည်။
“အိုး.... မကောင်းတော့ဘူး.... ပိုင်ရှင်လေးရူးသွားရှာပြီ....”
ရွှေရောင်နတ်နဂါးကြီးက စိတ်ဓာတ်ကျစွာပြောလိုက်သည်။
“ဒီလိုအချိန်မှာ ရယ်နေရမဲ့အစား ငိုရမှာလေ... အချက်အပြုတ်နတ်ဘုရား အစားအသောက်စာရင်းပေါ်က ဟင်းပွဲကိုချက်တဲ့နေရာမှာ ကျရှုံးပြီး ပျက်စီးတော့မှာကို ဘာလို့ပြုံးနေရတာလဲ....”
အခြား အသုံးအဆောင်စိတ်ဝိဉာဉ်များက နဂါးကိုစိတ်ထဲပင်မထားကြပေ။ သူတို့က မျှော်လင့်ချက်တို့ရှိလာလေသည်။ သူတို့က အသုံးအဆောင်စိတ်ဝိဉာဉ်များဖြစ်၍ ထိုအချိန်တွင် ပုဖန်၏ ယုံကြည်ချက်ရှိနေမှုကိုခံစားနိုင်၍ အတော်ကြီးစိတ်လှုပ်ရှားသွားရသည်။
“ပိုင်ရှင်လေး ဘယ်နားကနေ ယုံကြည်ချက်တွေရလာတာလဲ.. သူ့ကိုဘာက ယုံကြည်ချက်ရှိစေတာလဲ..”
ရုတ်တရက် အသုံးအဆောင်စိတ်ဝိဉာဉ်များအားလုံး အမူအရာပြောင်းသွားကြသည်။ သးတို့အားလုံးက လေဝဲနှစ်ခုကြားတွင်ထိုင်နေသော နတ်ဘုရားစိတ်ဆန္ဒပုံရိပ်ကြီးက တဖြေးဖြေး မတ်တတ်ထရပ်လိုက်ကြောင်း မြင်လိုက်ရသည်။ ထို့နောက်တွင် ခြောက်သွေ့လုနီးနီးဖြစ်နေသော စိတ်ဝိဉာဉ်ပင်လယ်က စတင်၍ လည်ပတ်လာသည်။
“ရူးသွားပြီ.... ပိုင်ရှင်လေးတကယ်ရူးသွားပြီ....”
“ပိုင်ရှင်လေးက အခု အဆင့်တက်ဖို့ကြိုးစားနေတာလား...ဒါရူးတာပဲ.... သူသာ ကျရှုံးရင် သူ့ဝိဉာဉ်ပါပေါက်ကွဲသွားပြီး ဘယ်သောအခါမှ ပြန်လည်ဝင်စားခြင်းပြုလို့မရတော့ဘူး.....”
ထိုအချိန်တွင် နတ်နဂါးဖြစ်စေ၊ ဖီးနစ်ငှက်ဖြစ်စေ၊ လိပ်နက်ဖြစ်စေ အကုန်လုံး အံ့အားသင့်သွားကြသည်။ ယခု ပုဖန် ပြုလုပ်ရန်ကြိုးစားနေသည်မှာ သေချာပေါက် ရူးနှမ်းသည့်အရာဖြစ်သည်။
ဝုန်း
စိတ်ဝိဉာဉ်ပင်လယ်ထဲတွင် ကမ္ဘာတုန်ဟီးလောက်သည့် ပြောင်းလဲမှုကြီးဖြစ်ပေါ်လာသည်။ နတ်ဘုရားစိတ်ဆန္ဒပုံရိပ်ကြီးကို ဗဟိုပြုရင်း လေဝဲများက လည်ပတ်လာကာ နှစ်ခြမ်းကွဲသွားပြီး အရသာနှစ်မျိုးဟော့ပေါ့နှင့်တူသော ပုံစံတစ်ခုဖြစ်ပေါ်လာသည်။ ပုံစံတစ်ခုက တည်ငြိမ်နေပြီး နောက်တစ်ခုက ခက်ထန်နေသည်။ ထိုနှစ်ခုဆုံတွေ့သွားချိန်တွင် ကြောက်မက်ဖွယ်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
“ဒါ......”
အရာအားလုံးနီးပါး ကြုံတွေ့ဖူးသော လိပ်နက်ပင် တောင့်ခဲသွားရသည်။
ထိုပုံစံတို့က အဆက်မပြတ်လည်ပတ်နေပြီး ၎င်းမှထွက်ပေါ်လာသော စိတ်စွမ်းအင်တို့က ခြောက်သွေ့နေသည့် စိတ်ဝိဉာဉ်ပင်လယ်ကို ပြန်လည်ဖြည့်တင်းနေသည်။ ယင်ယန်ငါးများ၏အလယ်တွင် နတ်ဘုရားစိတ်ဆန္ဒပုံရိပ်၏လှုပ်ရှားမှုက ပိုမိုနှေးကွေးလာသည်။ ကြည့်ရသည်မှာ အဆင့်ချိုးဖြတ်တော့မည့်အလားပင်ဖြစ်နေသည်။ လတ်ဆတ်လှသော စိတ်စွမ်းအင်တို့ပိုမိုများပြားလာပြီး ပြည့်တင်းလာသဖြင့် နတ်ဘုရားစိတ်ဆန္ဒအဆင့်သို့ ရောက်ရှိခါစ ပုဖန်၏ စိတ်စွမ်းအင်တို့က အထွအထိပ်အခြေအနေသို့ ရောက်ရှိသွားသည်။
စိတ်စွမ်းအင်များက စိတ်ဝိဉာဉ်ပင်လယ်ထဲတွင် အပ်ချည်ကြိုးများနှယ် ဆန့်ထွက်လာသည်။ ခဏအကြာတွင် ပုဖန်၏စိတ်ဆန္ဒကစိတ်ဝိဉာဉ်ပင်လယ်တစ်ခုလုံး ပြန့်နှံ့သွား၍ အသုံးအဆောင်စိတ်ဝိဉာဉ်များ၏ အမူအရာက ထူးဆန်းသွားသည်။ ၎င်းက သူတို့၏နတ်ဘုရား စွမ်းအင်တို့ကို ထုတ်လွှတ်မိစေပြီး ထောင့်လေးထောင့်တွင်ရပ်ကာ အချင်းချင်း မျက်နှာချင်းဆိုင်သွားစေသည်။
“ဒါဘာကြီးလဲ....”
အသုံးအဆောင်စိတ်ဝိဉာဉ်များ ကြောင်အသွားကြသည်။ ယင်ယန်ငါးများ၏ထွက်ပေါ်လာမှုဖြစ်စေ၊ နတ်ဘုရားစိတ်ဆန္ဒကိုအားဖြည့်ပေးနေပြီး သူတို့ကို ထောင့်လေးထောင့်၌ ရပ်သွားစေသည့် သိမ်မွေ့လှသည့် လှိုင်လုံးများဖြစ်စေ အရာအားလုံးက အလွန်အင်မတန် ဆန်းကျယ်လှသော နည်းလမ်းများမှ ဆင်းသက်လာခြင်းဖြစ်သည်။
လိပ်နက်၏ ခပ်မှေးမှေးမျက်လုံးများပင် အနည်းငယ်ပြူးကျယ်သွားသည်။
“ဒါ..... ဒါ ဥပဒေသရဲ့အော်ရာလား.....”
သူမှင်သက်သွားရသည်။ သူအချိန်အကြာကြီးအသက်ရှင်ခဲ့ပြီးဖြစ်သော်လည်း ယခု ပုဖန်၏စိတ်ဝိဉာဉ်ပင်လယ်ထဲရှိ မြင်ကွင်းကြောင့် အံ့အားသင့်ကာ တုန်လှုပ်နေရလေသည်။
“ဒါ ဥပဒေသရဲ့အော်ရာပိုင်ဆိုင်တဲ့ ယင်ယန်ဓာတ်ကြီးလေးပါးအဖြစ်ဖွဲ့တည်တဲ့ စိတ်ဝိဉာဉ်ပင်လယ်ပဲ..... ပိုင်ရှင်လေး ဒါကိုဘယ်လိုလုပ်လိုက်တာလဲ.... ပြီးတော့ သူဒါတွေကို ဘယ်လိုလုပ်သိလဲ...”
အသုံးအဆောင်စိတ်ဝိဉာဉ်များ၏ ထိတ်လန့်တုန်လှုပ်မှုကို လျစ်လျူရှုကာ ပုဖန်မျက်လုံးဖွင့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်ရှိအပြုံးက တဖြေးဖြေးပျောက်ကွယ်သွားပြီး သူ၏တည်ငြိမ်ကာ မထီဟန်ပုံရိပ် ပြန်လည်ရောက်ရှိလာသည်။ ထိုအချိန်တွင် သူ၏နည်းပါးနေသော စိတ်စွမ်းအက်များက ခုန်ပေါက်တိုးတက်သွားသည်။
မီးဖိုပေါ်တွင် မီးတောက်များက မြင့်တက်လာပြီး ကောင်းကင်ထိတိုင်တက်သွားတော့မယောင်ဖြစ်လာသည်။ ခွက်ကိုင်ထားသော သူ့လက်များကလည်း မတုန်ယင်တော့ပေ။
သူ ဒယ်အိုးထဲကို ပဲငံပြာရည်အနောက်ကိုလောင်းထည့်လိုက်သည်။ ယောက်မတစ်ခုကိုကိုင်ကာ သူ၏စိတ်စွမ်းအင်ကို အပ်ချည်ကြိုးများနှယ် ဖြန့်ကျက်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
မီးတောက်များက မဟူရာလိပ်ခုံးဒယ်အိုးကိုပင် ဖုံးလွှမ်းသွားသည်။ ပုဖန်က ဒယ်အိုးကိုစတင်လှုပ်ခါချိန်တွင် ပါဝင်ပစ္စည်းများက မီးတောကိများကြားထဲ၌ စိန်ပွင့်များနှယ်လင်းလက်လာသည်။
နောက်ဆုံးပါဝင်ပစ္စည်းကိုထည့်ပြီး မွှေကြော်လိုက်ချိန်တွင် ပုဖန်စတင်ချက်ပြုတ်ကတည်းက အခက်ခဲဆုံးဟင်းပွဲက နောက်ဆုံးတွင် ပြီးပြည့်စုံသွားလေသည်။
စားပွဲပေါ်တွင် ဖြူပြာရောင်ကြွေပန်းကန်ပြားကိုထားလိုက်သည်။ ထို့နောက်တွင် ဒယ်အိုးကို မြဲမြဲကိုင်ကာ ထိုပန်းကန်ပြားထဲလောင်းထည့်လိုက်သည်။ အစားအသောက်များက တလက်လက်ပင်တောက်ပနေသည်။
မည်သည့် ထိပ်တန်းအဆင့်ပါဝင်ပစ္စည်းများကိုမသုံးဘဲ တွေ့နေကြပါဝင်ပစ္စည်းများကိုသာသုံးပြီး သာလွန်ထူးကဲသော ဟင်းပွဲများကိူ ချက်ပြုတ်ခြင်းမှာ အချက်အပြုတ်နတ်ဘုရားတစ်ပါး၏ ခွန်အားဖြစ်ရပေမည်။
နောက်ဆုံးသောကြက်သားဖက် ပန်းကန်ပြားထဲကျသွားချိန်တွင် ဟင်းပွဲက အငွေ့တလူလူထွက်ကာ အလင်းတန်းတို့ထွက်ပေါ်လာသည်။ အားကောင်းလှသည့် စိတ်ဝိဉာဉ်အဆီအနှစ်များက အသက်စမ်းချောင်းနှင့်တူညီစွာ ဟင်းပွဲထဲမှထွက်ပေါ်လာပြီး မီးဖိုချောင်ထဲရောက်ရှိပြီး နေရာတစ်ခုလုံးကိုဖုံးလွှမ်းသွားသည်။ ၎င်းက ကြောက်မက်ဖွယ်ခံစားချက်တစ်ခုပင်။ ပုဖန်က ဟင်းပွဲတစ်ခုနှင့်မဟုတ်ဘဲ ကြောက်မက်ဖွယ်အသက်စွမ်းအင်တို့ရှိနေသော မကောင်းဆိုးဝါးတစ်ကောင်နှင့် ရင်ဆိုင်နေရသည့်နှယ်ဖြစ်နေသည်။
ပုဖန်မျက်နှာတွင် ရှုပ်ထွေးနေသော အကြည့်တစ်ခုရှိနေသည်။ သူ၏ ကုန်လုနီးပါးဖြစ်နေသော စိတ်စွမ်းအင်များကို ယင်ယန်စိတ်ဝိဉာဉ်ပင်လယ်နှင့် အသုံးအဆောင်စိတ်ဝိဉာဉ်များကို အသုံးပြုပြီး ဓာတ်ကြီးလေးပါးအစီအရင်ကိုဆွဲကာ ပြန်လည်ဖြည့်တင်းခဲ့သော်လည်း ၎င်းက အလွန်အကျူးသုံးစွဲမှုဖြစ်ပေသည်။ ဟင်းပွဲကိုချက်ပြုတ်ပြီးသည်နှင့် သူနှာခေါင်းသွေးယိုနေပြီဖြစ်သည်။ သူ့မျက်လုံးရှိ ထောင်ထနေသော သွေးကြောများကလည်း ပြေလျော့သွားပြီး သူ့အမြင်အာရုံ ပြန်လည်ကြည်လင်လာသည်။ သူယိမ်းယိုင်သွားကာ ကြောင်အိမ်ကိုမှီရင်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူရှူသွင်းလိုက်မိသည်မှာ စိတ်ဝိဉာဉ် အဆီအနှစ်များသာဖြစ်သည်။
“ငါအောင်မြင်သွားတာလား....”
ပုဖန် ခပ်တိုးတိုးရေရွတ်လိုက်သည်။ ချွေးများရွှဲရွှဲစိုနေပြီး သူ့လက်ကိုနှဖူးပေါ်တင်ကာ ခေါင်းခါရမ်းလိုက်သည်။ သူ့ကိုယ်တွင်းတွင် ဗလာဖြစ်နေသညိကို ခံစားမိ၍ အတောအလေးထိတ်လန့်သွားရသည်။ အမှန်အတိုင်းပြောရလျှင် သူ ကျရှုံးလုနီးနီးဖြစ်သွားရသည်။ အကယ်၍ ယင်ယန်စိတ်ဝိဉာဉ်ပင်လယ်အစီအရင်နှင့် နောက်ဆုံးအချိန်လေးတွင် သူ၏နတ်ဘုရားစိတ်ဆန္ဒသာ အဆင့်တက်ရောက်သွားခြင်းမရှိပါက သူ့ကိုစောင့်ဆိုင်းနေသည်မှာ ကျရှုံးခြင်းသာဖြစ်လေသည်။
ခဏမျှအသက်ပြင်းပြင်းရှူပြီးနောက်တွင် ပုဖန်တည်ငြိမ်သွားသည်။ သူနောက်ဆုံးတွင် အချကအပြုတ်နတ်ဘုရားအစားအသောက်စားရင်းပေါ်ရှိ နတ်ဘုရား ကြက်သားသုံးခွက်ဟင်းကို ချက်ပြုတ်နိုင်ခဲ့ပြီဖြစ်သည်။ ၎င်းကို အခက်အခဲတစ်ခုပင်မပါဝင်သော အညွှန်းအတိုင်းချက်ပြုတ်ခဲ့သည်။ သူကအားနည်းသော်လည်း ဟင်းပွဲကိုချက်ပြုတ်ရာတွင် သူ၏ခွန်အားအပေါ် အများကြီးမှီခိုရသည့်ပုံ မပေါ်ပေ။ ယင်းအစား ၎င်းက သူ၏စိတ်ဝိဉာဉ်၊ ဝိဉာဉ်နှင့် စွမ်းအင်တို့အပေါ်မူတည်နေသည်။ သို့မဟုတ်ပါက ယခုလေးတင် သူရှာဖွေတွေ့ရှိလိုက်သည့်အဆင့်တက်မှုမှာ စနစ်မှပြောထားသလို အောင်မြင်ရန် နှစ်ဆယ်ရာခိုင်နှုန်းသာရှိပေလိမ့်မည်။
သူ့ခေါင်းထဲတွင် အသံတစ်သံထွက်ပေါ်လာပြီး စနစ်၏တွက်ချက်သံကိုကြားလိုက်ရသည်။
“ဟင်းပွဲကိုစစ်ဆေးနေသည်... စစ်ဆေးမှုပြီးဆုံးသည်...
အချက်အပြုတ်နတ်ဘုရားအစားအသောက်စားရင်းမှ ဤဟင်းပွဲ၏ ပြီးပြည့်စုံမှု : ၅၁%
စမ်းသပ်ချက်ကိုအောင်မြင်လို့ ဂုဏ်ယူပါတယ် ပိုင်ရှင်....”
ထိုသည်ကိုကြားပြီး ပုဖန်၏စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်သွားသည်။ သူ၏ခွန်အားများ အားလုံးကိုစုပ်ယူခံရကာ စိတ်နှလုံးသားထဲတွင် ဖော်မပြနိုင်သော ကြောက်ရွံ့မှုတို့ ပြည့်နှက်နေသည်ဟု ခံစားလိုက်ရသည်။
ပြီးပြည့်စုံမှုက ငါးဆယ့်တစ်ရာခိုင်နှုန်းဖြစ်သည်။ ၎င်းက တစ်ရာခိုင်နှုန်းသာ ပိုတိုးသွားခြင်းဖြစ်သည်။ ထိုတစ်ရာခိုင်နှုန်းသာမပါပါက စနစ်က သူ့ကိုကျရှုံးသည်ဟုသတ်မှတ်ပြီး သူ့ကိုစောင့်နေသည်မှာ ကျရှုံးခြင်းသာဖြစ်သည်။ စနစ်က သူ့ကို သူသာကျရှုံးပါလျှင် သေဆုံးမည်ဟု ပြောနေကြဖြစ်သည်။ သို့သော် သူ ဤစမ်းသပ်ချက်ကိုလက်ခံလိုက်ချိန်တွင် စနစ်ထံမှကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်ကိုခံစားလိုက်ရသည်။ ၎င်းကသူ့စိတ်နှလုံးကို မလွယ်ကူသလိုခံစားရစေသည်။
သူ၏စိတ်ဝိဉာဉ်ပင်လယ်ထဲတွင် လေထဲတွင် ရွှေရောင်စာအုပ်တစ်အုပ်ပေါ်လာပြီး တဖြေးဖြေးပွင့်လာကာ စာရွက်တစ်ရွက်သို့အရောက်တွင် ရပ်သွားသည်။ ၎င်းက ဗလာဖြစ်နေသော်လည်း ရွှေရောင်စားလုံးများက စတင်ထွက်ပေါ်လာပြီး စိတ်စွမ်းအင်များက ရူးလောက်အောင်စုဝေးကာ ရွှေရောင်အရည်စက်သုံးစက်အဖြစ် ပြောင်းလဲသွားသည်။
အသုံးဆောင်စိတ်ဝိဉာဉ်များက ရွှေရောင်စာအုပ်ပေါ်ရှိ ရွှေရောင်အရည်စက်သုံးစက်ကိုကြညိ့ပြီး ပင့်သက်မရှိုက်မိဘဲ မနေနိုင်တော့ပေ။
ဒင်းကလင်
မီးဖိုချောင်၏လိုက်ကာက ပင့်မခြင်းခဲလိုက်ရပြီး ခေါင်းလေးက ငြင်သာစွာရမ်းခါသွားသည်။ ပုဖန်က လက်နှစ်ဖက်ဖြင့် ပန်းကန်တစ်ခုကိုကိုင်ထားပြီး သွေးဆုတ်ဖြူရော်နေသော မျက်နှာဖြင့် နယ်သာရီရှေ့သို့ရောက်လာသည်။
***