လှပသော မျက်နှာ၌ ရဲနေသော ပါးလေးများကို ကြည့်ကာ လီရန် ရင်ခုန်လာသည်။
လင်းလန်ယွဲ့သည် ပုံမှန်အားဖြင့် အေးစက်စက် ရှိသော်လည်း ယခုလို တွယ်ကပ်နေပုံမှာ ဆွဲဆောင်မှု ရှိနေ၏။
“ဘာလို့ အဲ့လိုကြည့်နေတာလဲ”
လင်းလန်ယွဲ့ ခပ်တိုးတိုး မေးလိုက်သည်။
“မင်းက လှလို့ပေါ့”
လင်းလန်ယွဲ့ ပါးလေးများ နီတွတ်၍ သူ့ကို ဆက်မကြည့်ရဲဘဲ ခေါင်းငုံ့ထားလေသည်။
လီရန်မှ ပြုံး၍
“ဒီတစ်လော ကျင့်ကြံရတာ အခက်အခဲ ရှိသေးလား”
လင်းလန်ယွဲ့ စိတ်ပြန်ထိန်း၍
“တခြားတော့ မရှိပေမဲ့ အတွေးဆိုးတွေ ဝင်နေလို့”
လီရန် မျက်ခုံးပင့်ကာ
“ထျန်းရှုက စိတ်ကြည်လင်အောင် လုပ်ရတာလေ။ ဘာလို့ ဒီလိုဖြစ်တာလဲ”
လင်းလန်ယွဲ့စကားကို မယုံနိုင်ပါ။ ထျန်းရှုဂိုဏ်းသည် စိတ်အာရုံ စုစည်း၍ လေးနက်သော ဂိုဏ်းဖြစ်၏။
လင်းလန်ယွဲ့သည်လည်း အတော်ဆုံး တပည့်ဖြစ်သောကြောင့် အဓိပ္ပာယ် မရှိပေ။
လင်းလန်ယွဲ့ လီရန့်အကြည့်ကြောင့် ခေါင်းလေး ငုံ့လျက်
“အကြောင်းအရင်းကို ရှင် သိမှာပေါ့”
“ဟင်”
လီရန် ခဏမှင်တက်နေပြီး
“ဘာကို ဆိုလိုတာလဲ”
လင်းလန်ယွဲ့က
“ကျွန်မတို့ နောက်ဆုံးတွေ့ပြီး ခွဲတော့ ကျွန်မ အရမ်းလွမ်းနေခဲ့မိတာ။ ရှင်ကတော့ စာလေးတောင် မရေးဘူး။ အရမ်း ရက်စက်တာပဲ။ အဲ့တော့ ကျင့်ကြံမှုမှာ အာရုံစိုက်နိုင်ဦးမလား”
သူ လီရန်နှင့် မတွေ့မီကအထိ ကျင့်ကြံမှုမှာ သူ့အတွက် အရေးအကြီးဆုံး ဖြစ်ပါသည်။
ယခုတော့ ပြောင်းလဲသွားပြီ ဖြစ်၏။
တရားထိုင်သည်ဖြစ်စေ၊ အနားယူသည်ဖြစ်စေ လီရန့်ပုံရိပ်ကို အမြဲ မြင်ယောင်နေမိသည်။
လီရန် ရှက်ယမ်းရမ်း၍ နေရခက်နေ၏။ သူ့အတွေးဆိုးများမှာ ကိုယ်တိုင် ဖြစ်နေလေသည်။
“ဒါဆိုလည်း အတွေးဆိုးတွေကို ဖယ်ပေးရမှာပေါ့”
လီရန် လင်းလန်ယွဲ့ လက်သွယ်သွယ်လေးကို ကိုင်လိုက်သည်။ ထို့နောက် အလွန်သန့်စင်သော စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းစေ၏။
လီရန် ပါးစပ်မှ တာအိုမန္တန်များကိုလည်း ရွတ်ဆိုနေသည်။
လင်းလန်ယွဲ့ မကြာမီ စိတ်ပြန်ငြိမ်လာ၏။
“လစ်ဟာမှုဟာ လစ်ဟာမှုပဲ။ ဘာမှ မတတ်နိုင်ဘူး”
လင်းလန်ယွဲ့ မျက်လုံးကို မှိတ်၍ စွမ်အင်များ စုပ်ယူနေသည်။
သူ ဒီရက်ပိုင်း အလကားဖြစ်သမျှ အားလုံး ရှင်းလင်း၍ အဆင့်တက်နိုင်မည့် လမ်းကြောင်းပင် တွေ့ရသည်။
လီရန်သည် သူ့ကောင်းကင်တာအို ဖြစ်လေ၏။
လင်းလန်ယွဲ့ ခန္ဓာကိုယ်မှ ရောင်ခြည်များ ထွက်လာပြီး လီရန်လည်း စိတိဝိညာဉ်ချီ သက်ရောက်မှုကို ခံစားရ၏။
ကမ္ဘာငယ်ထဲ၌ ကန်လန်တောင် တုန်ခါ၍ လှိုင်းများထလာသောကြောင့် နဂါးမင်း လန့်နိုးလာသည်။
“ဒါက ကောင်းကင်တာအို ခန္ဓာကိုယ်လား”
နဂါးမင်း လန့်ဖျပ်လျက်
“ဒီကောင်လေးကို ဘာလို့ အဲ့လောက် အဆင့်မြင့်တွေ ဝိုင်းနေတာလဲ”
သူ နားမလည်နိုင်တော့ပေ။
သူ ဒေသကြီးသို့ ရောက်လာပြီး ပါရမီရှင်များစွာ တွေ့ဖူးပြီး အားလုံး လီရန်နှင့် ပတ်သက်နေသည်။
“ဒီကောင်မလေးလည်း လီရန်နဲ့ ရင်းနှီးပုံပဲ။ ထားပါ။ ကူညီပေးလိုက်ပါမယ်”
နဂါးမင်းမျက်လုံးမှ ခရမ်းရောင်များ လက်လာ၏။
လီရန်လည်း နဂါးမင်း လှုပ်ရှားမှုကို ခံစားမိပါသည်။ သို့သော် မကောင်းသည့် ရည်ရွယ်ချက် မရှိမှန်း သိ၍ မတားမိပေ။
လင်းလန်ယွဲ့ မျက်မှောင်ကြုတ်နေမိ၏။
ပြောင်းလဲမှု အနည်းငယ်၏ သက်ရောက်မှုမှာ ကြီးမားလွန်းသည်။
“လီရန်…”
သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အံ့ဩသွားမိ၏။
သူ့စိတ်ထဲမှ ရှုပ်ထွေးမှုများလည်း အားလုံး ရှင်းလင်းသွား၏။
လီရန့်ဘေးမှ ရောင်ခြည်များမှာ ပိုတောက်ပလာပြီး တိုက်ရိုက်မကြည့်နိုင်အောင် ဖြစ်လာသည်။
စိတ်ဝိညာဉ်ချီ ရိုက်ခတ်မှုလည်း ကြီးမားသောကြောင့် လင်းလန်ယွဲ့ အဝတ်များ တဖျတ်ဖျတ် လွင့်နေ၏။
သူ လီရန့်ကို မယုံနိုင်စွာ ကြည့်၍
“ကျွန်မ အဆင့်တက်သွားပြီလား”
ခရမ်းရောင် ရောင်ခြည်များ တောက်ပကာ အဆင့်သစ်တစ်ခုကို တွေ့ရ၏။
လီရန်က
“မင်းမှာ ကျစ်လျစ်တဲ့ ကျင့်ကြံမှုအခြေခံနဲ့ နားလည််နိုင်စွမ်းရှိနေပြီ။ အခုက အခွင့်အရေးပဲ လိုတော့တယ်”
လင်းလန်ယွဲ့ ခေါင်းယမ်းလိုက်မိသည်။ ဤမျှ မလွယ်မှန်း သိပါသည်။
“မင်းက တော်ပါတယ်”
လင်းလန်ယွဲ့ လီရန့်ကို လေးစားစွာ ငေးကြည့်နေ၏။
နဂါးမင်းကတော့ နှာခေါင်းရှုံ့လျက်
“အင်းပေါ့။ တော်တာပေါ့။ ငါ ရွေးထားတဲ့သူပဲ”
သူ့စကားဆုံးသည်နှင့် လီရန် အဆက်အသွယ် ဖြတ်ချလိုက်၏။
လင်းလန်ယွဲ့မှာ လီရန့်အား ကြည့်လေ ကြည်နူးလေ ဖြစ်နေတော့သည်။
မည်သို့သော ခက်ခဲသည့် ပြဿနာဖြစ်ပါစေ လွယ်ကူစွာ ဖြေရှင်းနိုင်လေသည်။
“ငါ ကြိုက်တဲ့ ကောင်လေးက ဒီလိုပါလား”
သူ မျက်နှာလေးရဲလျက် လီရန့်ကို ဖက်ကာ
“ဒီလိုပဲ အမြဲဖက်ထားလို့ရရင် ကောင်းမှာပဲ”
“ဘာလို့ မရ…”
လီရန့်စကား မဆုံးမီ လူနှစ်ယောက် ဆင်းသက်လာလေသည်။
ချင်းရူယန် မျက်မှောင်ကြုတ်၍
“အဖွဲ့မှူးလင်း ခေါင်းဆောင်ရီကို ရှာမယ်ဆို”
ယွီကျန်းလီကလည်း မျက်နှာပျက်လျက်
“ပျောက်နေပါတယ် မှတ်တာ။ ဒီမှာ အချစ်အကြောင်း ပြောနေကြတာပဲ”
“…”
***