မြို့ကြီး၏ အလယ်။
တိမ်တိုက်များပေါ်၌ ရွှေရောင် ဘုရားကျောင်းတစ်ခု ရှိပြီး နားရွက်တစ်ဖက်ဖြင့် အမျိုးသားမှာ တိမ်တိုက်ပေါ်တက်၍ ဂိတ်ရှေ့သို့ ခပ်သုတ်သုတ် သွားကာ လှမ်းအော်လိုက်သည်။
“အရှင်ရှန်လောက် ကျွန်တော် အရေးတကြီး တင်ပြစရာ ရှိလို့ပါ”
ထိုအခါ တံခါးနီကြီးပွင့်၍ အရောင်များ တောက်ပစွ။ လက်ကာ တရားဓမ္မသံများ ကြားရလေသည်။
“ဝင်ခဲ့”
ကြည်ညိုဖွယ်ရာအသံတစ်ခု ထွက်လာ၏။
ထိုအခါ ထိုလူလည်း အထဲဝင်သွားတော့သည်။
ဘုရားကျောင်းထဲတွင် ရွှေရောင်ဗုဒ္ဓရုပ်တုမှာ တင်ပျဉ်ခွေ ထိုင်လျက် ပြုံးသယောင် ဖြစ်နေသည်။
ဝတ်ရုံမှာ ရင်ဘက်တစ်ခြမ်းသာ ဖုံးထားပြီး လည်ပင်း၌ ရွှေရောင်ပုတီး ဆွဲထားသည်။
နားရွက်တစ်ဖက်ရှိ အမျိုးသားမှာ ဒူးထောက်လျက် ရိုသေစွာဖြင့်
“ဝူယူမြို့ရဲ့ စစ်ဆေးသူ ကျွန်တော်ချန်းဝူ အရှင်လောက်ထျန်းရန်ကို အရိုအသေ ပေးပါတယ်”
“ငါ့ကို ဘာကိစ္စ တွေ့ချင်တာလဲ”
ချန်းဝူက
“ကျွန်တော် ဒီနေ့ မြို့ထဲကို လှည့်ပတ်ကြည့်ရင်း ရတနာကျောက် ရောင်းတဲ့ဆိုင်မှာ တွေ့ခဲ့တာ…”
ရှန်လောက် စိတ်မရှည်ဘဲ ဖြတ်ပြောလိုက်သည်။
“လိုရင်းပဲ ပြော”
ချန်းဝူ လန့်သွားပြီး
“မြို့ထဲမှာ စိတ်ဝိညာဉ် ရှိနေပါပြီ”
“ဘယ်လို”
ရှန်လောက်လည်း လန့်သွားပြီး
“သေချာလို့လား”
ချန်းဝူ ခေါင်းငြိမ့်ပြ၍
“ကျွန်တော့်မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့တာပါ။ လုံးဝ မမှားဘူး”
“အခု ဘယ်မှာလဲ”
“အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ယူသွားပါတယ်”
ရှန်လောက် ခဏစဉ်းစား၍ လက်မြှောက်လိုက်ရာ ချန်းဝူ မလှုပ်ရှားနိုင် ဖြစ်သွားသည်။
ထို့နောက် ရှန်လောက်၏ ရွှေရောင်လက်ဖြင့် သူ့နဖူးကို ထိလိုက်ရာ ချန်းဝူ မျက်ဖြူလန်သွားပြီး နှစ်ချက်ခန့် တွန့်၍ ပုံရိပ်များ ပေါ်လာသည်။
“တကယ် စိတ်ဝိညာဉ်ပဲ”
ရှန်လောက် အလွန်အံ့ဩနေမိ၏။
ထိုအရာမှာ လောကတွင် အလွန်ရှားပါးပြီး ယခုလို သူတို့မြို့၌ ပေါ်လာခဲ့သည်။
ထို့အပြင် ခန္ဓာကိုယ်ရော၊ ဉာဏ်ရည်ပါ ဖွံ့ဖြိုးပြီးဖြစ်လေသည်။
“တော်တယ်။ ဒီသတင်း ပျံ့သွားလို့ မဖြစ်ဘူး”
အခြားရှင်းရာသာ သိသွားပါက အားလုံး ခွဲဝေကြပေမည်။
ရှန်လောက် လက်ပြန်ချလိုက်ရာ ချန်းဝူလည်း မြေပြင်ပေါ် ပြန်ကျသွားပြီး မျက်နှာမှာ ဖြူလျော်နေသည်။
“ဝူယူမြို့ အဝင်အထွက်ဂိတ်တွေ ပိတ်ဖို့ ချက်ချင်း သွားပြော။ ဘယ်သူမှ ထွက်မသွားစေနဲ့”
“ဟုတ်ကဲ့”
ထို့နောက် ရှန်လောက်လက်မှ ရွှေရည်များ ထွက်လာပြီး မြေပြင်ပေါ် ကျသွားသည်။
“ဒါကို စားလိုက်။ မင်းကို ဆုချတာ”
“ကျေးဇူးတင်ပါတယ် အရှင်”
ချန်းဝူမှာ ရတနာတွေ့သကဲ့သို့ ရွှေရည်များအား ပါးစပ်ထဲ အားရပါးရ ထည့်၍ အရသာရှိရှိ စားနေသည်။
ထိုအခါမှာ သူ့မျက်နှာ ပန်းသွေးရောင် သန်းလာပြီး အသက်ရှူနှုန်း မှန်လာသည်။ ထို့နောက် အဆင့်ပင် တက်မလို ဖြစ်လာ၏။
သူ့ခန္ဓာကိုယ်မှ အင်အားပြည့်လာသည်ကိုကြည့်ကာ အလွန်ဝမ်းသာနေလေသည်။
ငါ ဘက်ရွေးတာ မမှားဘူးပဲ။
ထိုစိတ်ဝိညာဉ်မှာ ရှင်းရာများအတွက် အလွန် အရေးပါလေသည်။
ရှန်လောက်မှာ လည်ပင်းမှ ပတ်တီးအား စမ်းလိုက်မိ၏။ ထိုအောက်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ရှိလေသည်။
“စိတ်ဝိညာဉ်နဲ့သာဆို ငါ့ဒဏ်ရာ ပျောက်ရုံတင်မကဘူး။ ကျင့်ကြံမှု အခြေခံပါ မြင့်လာမှာပဲ”
သူ ကြောက်စရာ ဓားချက်ကို ပြန်တွေးမိပြီး မျက်လုံးများ စူးရဲလျက်
“ဘာမဟုတ်တဲ့ အဆင့်နိမ့်ကများ။ သေချာပေါက် ပြန်ပေးဆပ်ရမယ်”
ထို့နောက် ရုတ်တရက် တစ်ခုခုကို ခံစားမိပြီး ပြတင်းပေါက်အပြင်အား ကြည့်လိုက်သည်။
မြို့ထဲမှ အလင်းရောင်တစ်ခုသည် ကောင်းကင်အထိ ထိုးဖောက်ကာ တိမ်များကြား ထင်ရှားနေသည်။
သူ ပြုံးသွားပြီး
“ငါတောင် ရှာစရာမလိုဘဲ ဇွတ်ဝင်တိုးတာပဲ။ ဘာမှတောင် မလုပ်လိုက်ရဘူး”
တည်းခိုခန်းထဲတွင် ကန်လန်ယွီ မျက်မှောင်ကြုတ်လျက် တင်ပျဉ်ခွေထိုင်နေသော လီရန့်အား ကြည့်နေသည်။
“လူတွေများတော့ ဆူလိုက်တာ”
သူတို့ ထိုမြို့ထဲတွင် သတိမထားမိစေရန် ဂရုစိုက်၍ နေနေသော်လည်း လီရန်တစ်ယောက် တာအိုစွမ်းအင်များ နားလည်သွားသောကြောင့် ရှားပါးအခွင့်အရေးကို အမြန် သုံးနေရသည်။
လီရန်တစ်ယောက် ရွှေရောင်အလင်းများ ထွက်ကာ နောက်တွင်လည်း ပုံရိပ်များစွာ ပေါ်နေသည်။
ထို့ကြောင့် ခမ်းနားမြင့်မြတ်သော အငွေ့အသက် ရပြီး နတ်ဘုရားအသွင် ဖြစ်နေ၏။
ဒီလိုအရှိန်အဝါမျိုး ကန်လန်ဝူကျီဆီမှာတောင် မတွေ့ဖူးဘူး။
“သူ ဒီမှာနေရတာလည်း ပိုပိုကြာလာတယ်။ နောက်ဆို တစ်သက်လုံးနေသွားလို့ ရတာများလား”
ကန်လန်ယွီ မျက်လုံးအရောင်လေးလက်၍ ပါးလေးများ ရဲနေသည်။
ဘုံး!
ထိုစဉ် လေထုတုန်ခါ၍ သာယာသော သံစဉ်များ ပေါ်ထွက်လာ၏။
ကန်လန်ယွီ သတိပြန်ဝင်လာပြီး ခေါင်းယမ်း၍
“ဟင် တကယ် မြန်တာပဲ”
လမ်းများ၌ လူများ အုတ်အော်သောင်းနင်း စုလာသည်။
တည်းခိုခန်းမှ ထူးခြားမှုသည် စိတ်ဝင်စားစရာ ဖြစ်၏။
“ဘာတွေလဲ”
“အဆင့်တက်တာလား”
“ဒီလို တာအိုမျိုး နားလည်တဲ့သူ ရှိတာလား”
နောက်ထပ် အသံတစ်ခု ကြားရပြီး အားလုံး တိတ်ဆိတ်သွားကြသည်။
ကောင်းကင်တွင် ဗုဒ္ဓရောင်ခြည်များ လင်းကာ ဗုဒ္ဓရုပ်တုတစ်ခု တိမ်များကြားမှ ဆင်းသက်လာ၏။ ကြီးမားသော ရွှေရောင် ခန္ဓာကိုယ်ကြီးမှာ တည်းခိုခန်း တစ်ခုစာမျှ ရှိလေသည်။
အားလုံး ဦးညွှတ်၍ အရိုအသေ ပေးနေ၏။
ဆန္ဒ (၆) ပါး ရှင်းရာ။
ထိုပုဂ္ဂိုလ်မှာ ဝူယူမြို့၏ အုပ်ချုပ်သူ ဖြစ်လေသည်။
မထင်မှတ်ထားသော ပြောင်းလဲမှုမှာ ရှင်းရာကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။
ထို့နောက် ရှင်းရာမှာ ပြုံးလျက်
“ထွက်ခဲ့ပါ။ ငါ ဘာလို့ ရောက်လာလဲ သိမယ် ထင်ပါတယ်”
ကျယ်လောင်သော အသံကြီးကို ကြားရလေသည်။
သို့သော် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေ၏။
“ဟွန့် ကောင်းကောင်းပြောတာ နားမလည်ဘူးပေါ့”
ရှန်လောက် လက်ကို အသာယမ်းလိုက်ပြီး (၃) ထပ် တည်းခိုခန်းမှာ ချက်ချင်း သဲမှုန်များအဖြစ် ပြိုကျသွားလေသည်။
ထိုအခါ ဧည့်သည်များ ပြေးထွက်လာကြပြီး အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသာ အလယ်တွင် ကျန်ခဲ့သည်။
အမျိုးသားသည် မျက်လုံးစုံမှိတ်လျက် တာအိုသံစဉ်များ ထွက်နေပြီး ကျင့်ကြံနေဆဲ ဖြစ်လေသည်။
ရှန်လောက်လည်း ကြည့်ရင်းကြည့်ရင်း လောဘ ပိုတက်လာ၏။
“အဲ့ပစ္စည်းကို ပေးလိုက်ပါ။ ဒါဆို ဝူယူမြို့ထဲကနေ အသက်ရှင်လျက် ပေးထွက်မယ်။ မဟုတ်ရင်တော့ သေရမယ်”
ကန်လန်ယွီ မျက်မှောင်ကြုတ်လျက်
“အလကားအတုကများ။ နားညီးလိုက်တာ”
ဝူယူမြို့အုပ်ချုပ်သူကို မည်သို့ ရိုင်းစိုင်းရဲသနည်း။
သူ ဒေါသထွက်လွန်း၍ အော်ဟစ် ရယ်မောကာ
“မင်းက စကားတတ်နေပါလား”
သူ့ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်းရောင်များ တောက်လာပြီး ကြီးမားသော လက်ကြီးအား လွှဲချလိုက်သည်။ ထိုအခါ ပတ်ဝန်းကျင်မှ အိမ်ခြေများ အားလုံး ပျက်စီးကုန်တော့သည်။
ထိုစဉ် အမျိုးသားနှင့် အမျိုးသမီးတို့ ရုတ်တရက် ပျောက်ကွယ်သွား၏။
“မပူးပေါင်းချင်ဘူးဆိုတော့လည်း ကိုယ်တိုင် ဝင်ပါရတာပေါ့”
ထိုစဉ် လေထုလှုပ်ရှား၍ ဗုဒ္ဓလက်ကြီး ပျောက်ကွယ်သွားလေသည်။
ရှင်းရာအပြုံးလည်း ရပ်တန့်သွားလေသည်။ ထို့နောက် သူ့လည်ပင်းကို စမ်းကြည့်လိုက်သော်လည်း ခေါင်းမှာ လိမ့်၍ မြေပေါ်သို့ ကျသွားပြီ ဖြစ်သည်။
ကန်လန်ယွီ လက်လေးနောက်ပစ်လျက် ခပ်တည်တည်ဖြင့်
“တိတ်တိတ်နေလို့ ပြောထားတယ်လေ။ နားမလည်ဘူးလား”
အားလုံး မှင်တက်ငေးမောနေမိ၏။
ထို့နောက် မျက်လုံးများပြူးကာ မယုံကြည်နိုင် ဖြစ်နေကြသည်။
ဗုဒ္ဓကို ခေါင်းဖြတ်လိုက်တာလား။
***