ကန်လန်ယွီ ကျန်းဟိုင်အဆောက်အအုံအကြောင်း ကြားဖူးထားပါသည်။ ထိုအဖွဲ့မှာ အလွန် အင်အားကြီးကြပြီး မျိုးနွယ်စုတိုင်း၍ နောက်ကွယ်တွင် ရှိနေတတ်သည်။
“မြေခွေးနတ်ဆိုးကိုး”
ကန်လန်ယွီ မျက်လုံးလေး တောက်လျက် ကျန်းဟိုင်လောက်ကိုကြည့်ကာ
“အရည်အချင်းသာ မရှိတာ။ စကားကြီး စကားကျယ်နဲ့”
ကျန်းဟိုင်လောက် နင်သွားသည်။
သူလည်း သာမာန်မျိုးနွယ်တော့ မဟုတ်ပေ။ ယခုလို အနှိမ်ခံနေရ၍ အလွန် ဒေါသထွက်လာသည်။
“ဒီမိန်းမက ဘာလဲ”
အနောက်မြောက်ဘက်က အဆင့်နိမ့်ကများ။
သို့သော် သူ့မြင့်မြတ်သော မျက်ဝန်းများမှာ သာမာန် လူသားမဟုတ်မှန်းတော့ သိသာနေ၏။
ရုတ်တရက် လူအုပ်ကြီး ဆူညံလာပြန်သည်။
“ကောင်းကင်ကို ကြည့်လိုက်ဦး”
“ဘာကြီးလဲ”
“အဲ့တာဘာလဲ”
သူတို့ နှစ်ယောက်လည်း မော့ကြည့်မိသည်။
ကောင်းကင်ရှိ တိမ်များကြားတွင် ဝဲကတော့တစ်ခု ဖြစ်လာပြီး ဝူယူမြို့ကို ငုံ့ကြည့်နေသော လူသားမျက်နှာကြီး တဖြည်းဖြည်း ပေါ်လာ၏။
ဖိအားလည်း အလွန်ကြီးမားလာပြီး အားလုံး ဒူးထောက်မိကြလေသည်။
“တာအိုအရှင်သခင်ပဲ”
“ဟုတ်တယ် နတ်ဘုရားဝိညာဉ်ပဲ”
“အမလေး”
အားလုံး လန့်ဖျပ်နေကြ၏။
ဒီနေ့က ဘာလဲ။
ပထမဆုံး ရှင်းရာတစ်ဦး သေဆုံး၍ ထိို့နောက် အရှင် ကျန်းဟိုင်လောက် ရောက်လာသည်။ နောက်ဆုံး ကောင်းကင်မျက်နှာအထိ…
ကျန်းဟိုင်လောက်လည်း ရုတ်တရက် မှင်တက်နေရာမှ သတိဝင်လာပြီး
“ဒါက လူသားမျိုးနွယ်နယ်မြေဆိုတော့ ကြာကြာနေလို့ မကောင်းဘူး။ အရင် ပြန်ကြတာပေါ့”
ကန်လန်ယွီက
“တော်စမ်းပါ။ အမှန်အတိုင်းပြော”
“…”
သူ စွံ့အနေ၏။
ကန်လန်ယွီသာ စိတ်ပိုမြန်လျှင် သူလည်း သေနေတာ ကြာလေပြီ။
သူတို့ စကားပြောနေစဉ် ရုတ်တရက် အလင်းတန်းများ တောက်လာပြီး နှစ်ဦးသားကို လှောင်အိမ်ထဲ ထည့်သကဲ့သို့ ပိတ်လှောင်လိုက်သည်။
ထို့နောက် ကောင်းကင်မျက်နှာကြီး၏ ပါးစပ်ပွင့်လာပြီး ကျယ်လောင်သော အသံကို ကြားရလေသည်။
“ကောင်းထျန်းယူမှာ ရာရာစစ ပြဿနာ လာရှာတယ်လား”
ကျန်းဟိုင်လောက် လန့်သွား၏။
သူ ထွက်ပြေးရန်လည်း နောက်ကျသွားလေပြီ။
ဤသို့ကိစ္စကြီးမှာ ဖြေရှင်းရန်လည်း ခက်ပေမည်။
သူ့မျက်ခုံးကြား၌ အဝါရောင်ကွင်းလေး ပေါ်လာပြီး သူ့လျှို့ဝှက်နည်းဖြင့် ထွက်ပြေးရန် ပြင်ဆင်နေသည်။
ထိုအခါ ကန်လန်ယွီ ခေါင်းမော့၍ စိတ်မရှည်စွာဖြင့်
“ရှင်သာ ပါးစပ်ပိတ်ထားပါ။ ဒီမှာ ဝင်ပြောနိုင်တဲ့အဆင့် မို့လို့လား”
ကျန်းဟိုင်လောက် စွံ့အနေ၏။
တကယ် ရူးနေပြီပဲ။
မည်သို့ပင်ဖြစ်စေ နတ်ဘုရားတစ်ပါး ဖြစ်သည်။
ကောင်းကင်မျက်နှာလည်း စော်ကားခံရ၍ လေပြင်းနှင့် မိုးကြိုးများ တိုက်ခတ်လာပြီး အင်အားကြီးလာ၏။
“ရာရာစစ ငါ့ကိုများ…”
သူ့စကားမဆုံးမီ ကန်လန်ယွီ၏ ပါးဖွေးဖွေးလေးတွင် ငွေရောင်အကြေးခွံများ ပေါ်လာပြီး လက်မှ အင်အားပြင်းသော အလင်းရောင်များ ထွက်လာ၏။ ထိုစွမ်းအင်မှာ ကောင်းကင်မျက်နှာကို တိုက်ရိုက် ထိခိုက်သွားလေသည်။
“ဒိန်း”
မိုးကြိုးသံကဲ့သို့ အသံကြီး ကြားရပြီး နဂါးဟိန်းသံများ ထွက်လာ၏။
ပတ်ဝန်းကျင် လေဟာနယ်လည်း အက်ကွဲလျက် ပျက်စီးကုန်သည်။
အားလုံး တိတ်ဆိတ်သွားကြသည်။
ကောင်းကင်တွင် တိမ်များကင်းစင်၍ ဘာမှ မဖြစ်ခဲ့သလို ငြိမ်သက်နေသည်။
ကျန်းဟိုင်လောက်မှာ ပါးစပ်အဟောင်းသားဖြင့် အလွန် အံ့ဩနေတော့သည်။
ဒါ ပြီးပြီလား။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ကန်လန်ယွီမျက်နှာမှ အကြေးခွံများလည်း ပျောက်ကွယ်သွား၏။
“မင်းက နဂါးလား”
စွမ်းအားကြီးနေခြင်းမှာ အလကား မဟုတ်ပေ။
“ခုနက အထင်လွဲတာပါ။ ရိုင်းမိတယ်ဆိုရင် ခွင့်လွှတ်ပေးပါနော်”
ကျန်းဟိုင်လောက် ထိတ်လန့်၍ ပြောလေ၏။
ထိုမိန်းကလေးမှာ မြင့်မြတ်သော တော်ဝင်မျိုးနွယ် ဖြစ်လေသည်။
ကန်လန်ယွီမှ
“ရှင် ကူညီပေးရမှာ ရှိတယ်”
ကျန်းဟိုင်လောက် ဦးညွှတ်လျက်
“ပြောသာ ပြောလိုက်ပါ”
“အဟွတ်”
အခန်းထဲမှ ချန်းဝူမှာ သွေးများအန်၍ ဒူးထောက်ကျသွားသည်။
ထို့နောက် ပါးစပ်ထဲမှ တီကောင်များပါ ထွက်လာပြီး ကျင့်ကြံမှု ပျက်စီးသွားလေပြီ။ သုံးမရသည့် သာမာန်လူ ဖြစ်သွားပြီ ဖြစ်၏။
“ဘာတွေ ဖြစ်နေတာလဲ”
ချန်းဝူမျက်နှာ ဖြူဖျော့နေသည်။
သူ့ကို ဆုလာဘ်ပေးခဲ့သော ရှင်းရာမှာ ကျင့်ကြံမှု မရှိတော့သောကြောင့် သူလည်း သုံးမရတော့ပေ။
ထိုစဉ် ချန်းဝူ သူ့အနောက်နားတွင် အသံတစ်ခု ကြားရပြီး လှည့်ကြည့်လိုက်ရာ လေဝဲကတော့ထဲမှ ပုံရိပ်တစ်ခု ထွက်လာသည်ကို တွေ့ရ၏။
ထိုသူမှာ တိမ်များ၊ မြူများ ရစ်ဝဲနေသောကြောင့် မျက်နှာကို သေချာမမြင်ရပေ။
“ဘယ်သူလဲ”
“ငါ ဘယ်သူလဲ သိစရာ မလိုပါဘူး။ မင်းရဲ့ ကျင့်ကြံမှုကို ပြန်ထိန်းသိမ်းပေးပြီး အဆင့်မြင့်အောင် လုပ်ပေးမယ်”
ချန်းဝူ ရုတ်တရက် လန့်သွား၏။
ကျင့်ကြံမှု ဆုံးရှုံးခြင်းမှာ စစ်ဆေးသူရာထူးမှ ပြုတ်ပြီး ကောင်းထျန်းယူမှ ကန်ထုတ်ခံရမည် ဖြစ်သည်။
ထိုကဲ့သို့ အဆင့်မြင့်လောက၌ မော်တယ်တစ်ဦးမှာ အသတ်ခံရတော့မည့် ငါးပမာ အလွန် အသုံးဝင်လေသည်။
“ကျွန်တော့်ကျင့်ကြံမှုသာ ပြန်ရရင် ဘာမဆို လုပ်ပါ့မယ်”
ချန်းဝူ ဒူးထောက်၍ ပြောလိုက်သည်။
ထိုအခါ မြူခိုးကြားမှ အလင်းရောင် ထွက်လာပြီး ချန်းဝူခန္ဓာကိုယ်ထဲ စိမ့်ဝင်သွား၏။ စိတ်ဝိညာဉ်ချီများ တိုးဝင်ကာ ကျင့်ကြံမှုလည်း အလွန်တိုးတက်လာသည်။
စက္ကန့်ပိုင်းအတွင်း တစ်ခါမှ မတွေးဖူးသော အဆင့်အထိ ရောက်သွားလေသည်။
ချန်းဝူ စိတ်လှုပ်ရှားနေစဉ် ရုတ်တရက် အသိဉာဏ်များ တိုးဝင်၍ ပုံရိပ်တစ်ခု မြင်ရပြီး စကားသံကို ကြားရလေသည်။
“သူ့နာမည်က လီရန်တဲ့။ သူ့ကို သေချာစောင့်ကြည့်ထားပါ။ သူ့ကို ရှာတွေ့တာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြား။ နောက်ပြီး…သူ့လုံခြုံရေးက အရေးကြီးတယ်နော်။ သူ့ဆံပင်တစ်မွေး ထိတာနဲ့ မင်း ခေါင်းပြတ်ပြီမှတ်”
ချန်းဝူ ဦးညွှတ်လျက် ပြန်ဖြေလိုက်သည်။
“နားလည်ပါပြီ”
ထို့နောက် အသံငြိမ်နေ၍ သူ ပြန်မော့ကြည့်သောအခါမှ ထွက်သွားပြီကို သိရသည်။
ချန်းဝူ လန့်နေမိ၏။
ထိုဆန်းကြယ်သော ပုဂ္ဂိုလ်မှာ အလွန် အစွမ်းထက်ပြီး သူ့ကိုချက်ချင်း အဆင့်တက်အောင် ပြုလုပ်နိုင်လေသည်။
“လီရန်တဲ့လား”
လူ့လောက ယူလောင်ဂိုဏ်း။
ခန်းမထဲတွင် လန်ဝူယန်တို့ လီယန့်အား ငေးကြည့်နေသည်။
အရင်က မျက်စိတစ်မှိတ်အတွင်း ပြန်ရောက်သော်လည်း ယခုတော့ အမွှေးတိုင်တစ်ဝက် ကြာချိန်မျှ ရှိလေပြီ။
“တစ်ခုခု ဖြစ်နေတာများလား”
ရီချင်းလန် စိုးရိမ်စွာ ပြောလိုက်သည်။
ထိုစဉ် လီရန့်ခန္ဓာကိုယ်မှာ လေထဲ မြောက်တက်၍ ရွှေရောင်အလင်းများ တောက်လာ၏။
ဘုံး!
ကျယ်လောင်သော အသံကြီး ထွက်လာပြီး အားလုံး မှင်တက်သွားကြသည်။
လီရန့်အနောက်တွင်လည်း အဖြူရောင်ဂိတ်ကို တွေ့နေရသည်။
ထိုဂိတ်တံခါးမှ တာအိုစွမ်းအင်များ စီးဆင်း၍ မြေပေါ်တွင် ရွှေကြာပွင့်များ ပေါက်ကာ ခရမ်းရောင် လေထုတစ်ခုလုံး ရွှမ်လင်းတောင်အား ဖုံးလွှမ်းနေ၏။
ချူလင်းချွမ် အလွန် အံ့ဩနေမိလေသည်။
လန်ဝူယန်လည်း မှင်တက်လျက်
“ရန်… သူ တကယ်ပဲ အထက်လောက တံခါးကို ဖွင့်နိုင်ပြီလား”
“ဘာ”
ကျန်နှစ်ယောက် အာမေဋိတ်သံ ထွက်လာ၏။
***