ရီချင်းလန်နှင့် ချူလင်းချွမ်တို့ လန့်နေမိကြသည်။
သူတို့ရှေ့တွင် ရွှေရောင်ဂိတ်အား သေချာ မြင်နေရ၏။
ထိုဂိတ်မှထွက်နေသော အရှိန်အဝါများမှာလည်း အင်အားကြီးလွန်းပြီး လူ့လောကတွင် မရှိသောအရာ ဖြစ်လေသည်။
ရွှမ်ကျဲ။
ထိုတံခါးနောက်တွင် ဆန်းကျယ်သော လောကရှိ၏။
ရုတ်တရက် (၃) ယောက်သား တစ်ခုခုကို ခံစားမိလေသည်။
အပေါ်ကို မော့ကြည့်လိုက်သောအခါ ကောင်းကင်၌ အရိပ်ကြီးကို တွေ့ရပြီး တိမ်များနှင့်အတူ ပျံ့နှံ့လာသည်။
“အခြေအနေ မကောင်းဘူး။ လှုပ်ရှားမှု များလွန်းတယ်”
လန်ဝူယန် လက်ယမ်းကာ အကာအကွယ် ခံလိုက်ပြီး သူ့ဖြူဖွေးနေသည့် ဝတ်ရုံလေး တဖျတ်ဖျတ် လွင့်နေ၏။ ထို့နောက် မှိန်ပျပျ အလင်းရောင်လေးမှာလည်း တောင်တန်းဂိတ် တစ်ခုလုံးအား လွှမ်းခြုံထားသည်။
ရီချင်းလန်မှာ တာအိုစွမ်းအင်များ စုစည်း၍ လက်မှတစ်ဆင့် ကျင့်ကြံမှု ပိုမြန်စေရန် ကူညီပေးနေသည်။
ချူလင်းချွမ်လည်း ဓားချီများဖြင့် ကူညီနေစဉ် ရုတ်တရက် လီရန် ကျင့်ကြံမှု နားလည်ကာ ဂိတ်တံခါးနှင့် အဆက်အသွယ်ကို ချက်ချင်း ဖြတ်ချလိုက်သည်။
ထိုအခါ ဂိတ်မှ စွမ်းအင်အရင်းအမြစ်များ ဆုံးရှုံး၍ ယိုင်နဲ့ကာ နောက်ဆုံး လုံးဝ ပျောက်ကွယ်သွားတော့သည်။
ပစ်မှတ်မရှိတော့သောအခါ တိမ်များကြားမှ အရိပ်လည်း တဖြည်းဖြည်း ကင်းစင်သွား၏။
ဂိုဏ်းတပည့်များမှာမူ မိုးတိမ်မည်းများ ခေတ္တဖြတ်သကဲ့သို့ သတိပင် မထားမိပေ။
အကြီးအကဲစွန်းသာ ကောင်းကင်အား မော့ကြည့်၍ သက်ပြင်းချလျက်
“မိုးရွာတော့မှာပဲ…”
ထိုစဉ် တပည့်လေးတစ်ဦး ပြေးလာလေသည်။
“အကြီးအကဲ တင်ပြစရာ ရှိလို့ပါ။ တောင်တန်းဂိတ်မှာ ဧည့်သည် ရောက်နေပါတယ်”
“ဘယ်လို”
အကြီးအကဲစွန်း အံ့ဩနေမိ၏။
“ကဲ သွားကြည့်တာပေါ့”
…
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လေထဲတွင် ပျံလျက် အဖြူရောင်ဝတ်ရုံမှာ လေတိုက်၍ တလှပ်လှပ် လွင့်နေသည်။
ဖုန်ယူလင်းမှ လှမ်းကြည့်၍
“ဒီလိုမျိုး အလောတကြီး လာမိတာ အားနာပါတယ်။ ဗွေမယူပါနဲ့နော်”
အကြီးအကဲစွန်းလည်း ထိုမြင်ကွင်းကြောင့် လန့်သွားပြီး
“ရှင်လား။ အခုထိ အသက်ရှိနေသေးတာလား”
ဖုန်ယူလင်း မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေမိသည်။
“တကယ်ပဲ ရှင်လား”
ဘယ်လို ရှာတွေ့တာလဲ။
ဘေးမှ တပည့်လေးက
“အကြီးအကဲစွန်းနဲ့ အသိလား”
“သိရုံတင် ဘယ်ကမလဲ။ အရမ်း ရင်းနှီးတာပေါ့။ နော် ဂိုဏ်းချုပ်ဖုန်”
ဖုန်ယူလင်း အားတင်းကာ ပြုံးလျက်
“ဟုတ်ပါ့ဗျာ”
စွန်းဝေ့။
နဂါး သတ်ဖြတ်သူ။
သူ့လက်ဖြင့် သေခဲ့ရသော နဂါးများ မနည်းပေ။
တစ်ချိန်က ဖုန်လုံဂိုဏ်း၏ လက်ထောက်ခေါင်းဆောင်သည် ဂိုဏ်းသားများအား ဦးဆောင်၍ အနောက်ဘက်မှ တိတ်တဆိတ် ထွက်ခွါကာ အရှေ့ပင်လယ်ရှိ နဂါးနန်းတော်ကို သွား၍ ပူးပေါင်းရန် ကြံစည်ခဲ့သည်။
သို့သော် လမ်းတွင် စွန်းဝေ့နှင့်တွေ့ကာ အတိုက်အခံများ ဖြစ်ကြလေ၏။
သူ့အတွေးမှာ နဂါးများအား ရှင်းထုတ်၍ လက်ထောက်ခေါင်းဆောင် အရင်နေရာပြန်ရန် ဖြစ်သည်။
သို့သော် သေခြင်းတရားကို မရှောင်လွှဲနိုင်ပေ။
ဖုန်ယူလင်း မျက်စိရှေ့၌ သူ ပျက်စီးသွားခဲ့ပြီး ထိတ်လန့်မှုအား တော်ရုံဖြင့် မဖျောက်နိုင်ချေ။
ထို့ကြောင့် ယူလောင်ဂိုဏ်း၏ အကြီးအကဲ ဖြစ်နေမည်ဟုလည်း မထင်ပါ။
ဤသို့ အဆင်သင့် ရုတ်တရက် တွေ့ရလေသည်။
ဖုန်ယူလင်းမှ တစ်ခုခုကို သတိရသွားပြီး မျက်မှောင်ကြုတ်လျက်
“လောက်မုန့်ရော။ မင်းလက်နဲ့ သေသွားတာတော့ မဟုတ်ပါဘူးနော်”
လောက်မုန့် ထွက်သွားသည်မှာ ကြာပြီ ဖြစ်သော်လည်း ဘာသတင်းမှ မကြားရပေ။
တစ်ခုခု မထင်မှတ်သည့်ကိစ္စ ဖြစ်နေလား။
“ဟိုနဂါးကောင်လေးလား”
အကြီးအကဲစွန်း ခေါင်းယမ်း၍
“ရှန့်ကျီက ခဏဖမ်းထားလို့ပဲ ပြောလို့လေ။ ဒီလို အကောင်ကြီးကြီး ထပ်မိမယ်လို့တော့ မထင်မိဘူး”
“လာလိမ်မနေနဲ့”
ဖုန်ယူလင်း သက်ပြင်းချကာ စိတ်ပြန်ထိန်း၍
“အဲ့တုန်းက ဖြစ်တာက အထင်လွဲတာပါ။ အရင်အကြောင်းတွေ ပြန်မပြောရအောင်။ အခုက အရေးကြီးကိစ္စ ဆွေးနွေးဖို့ လာတာ”
“ကန်လန်ချူရွှယ်ကြောင့်မလား”
အကြီးအကဲစွန်း နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“ကန်လန်လား”
ဖုန်ယူလင်း ရုတ်တရက် အံ့ဩနေသည်။
နဂါးမင်း တကယ်အသက်ရှင်နေတာပဲ။
အကြီးအကဲစွန်း သူ့ကို ကြည့်၍
“ရှင့်ကို ပေးဝင်လို့တော့ ရပေမဲ့ အသက်ရှင်လျက် ပြန်ထွက်နိုင်မယ်လို့တော့ မသေချာဘူးနော်”
ဖုန်ယူလင်းမှလည်း
“နဂါးမင်းကိုသာ တွေ့ရရင် စတေးရဲပါတယ်”
“လိုက်ခဲ့လေ”
“ကျေးဇူး”
ခန်းမထဲ၌။
လီရန့်ခန္ဓာကိုယ်မှ အကာအကွယ်လည်း ပျောက်သွားပြီး ဘေးမှ ခေါင်းဆောင်များ သက်ပြင်းချမိ၏။
လူ့လောကမှာ အဆင့်နိမ့်ဖြစ်ပြီး ဤသို့ ကောင်းကင်ဂိတ် ပေါ်လာခြင်းသည် အထက်လောကကို သတိပေးခြင်း ဖြစ်နေသည်။
လီရန့်လျှို့ဝှက်ချက်လည်း ပေါ်မလို ဖြစ်သွား၏။
ထို့ကြောင့် အပြည့်အဝ မပြင်ဆင်ရသေးမီ ဂရုစိုက်ရန် လိုပါသည်။
“ရန်လေး ထတော့”
လန်ဝူယန်၏ နူးညံ့သော အသံကြောင့် လီရန် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာသည်။
“ခေါင်းဆောင်… ထူးဆန်းလိုက်တာ။ ကျွန်တော် ဘယ်တုန်းက ပြန်ရောက်နေတာလဲ”
သူ့နောက်ဆုံး မှတ်ဉာဏ်မှာ ကောင်းကင်မြို့တွင်သာ ရှိသေးသည်။
လန်ဝူယန်က
“ရန် အထက်လောကမှာ ဘာတွေ ကြုံခဲ့လဲ”
လီရန် ပြန်စဉ်းစား၍
“ဒီတစ်ခါ ပိုကြာကြာ နေလို့ရတယ်။ အနောက်မြောက်ဘက်က ဝူယူမြို့လည်း ရောက်တယ်…”
သူ အစအဆုံး သေချာပြန်ပြောနေတော့သည်။
သူပြောပုံအရ ထိုနေရာတွင် တိမ်တိုက်သာ ခြား၍ အပေါ်အောက် ခွဲထားပြီး မြို့ပေါင်းများစွာ ရှိကာ အလွန်ကျယ်ဝန်းသည်။
အဆင့်မြင့် ရှင်းရာဆိုသူမှာလည်း မြို့ကို စောင့်ရှောက်ခြင်းသာ ဖြစ်၏။
“ဒါဆို ခုနက ဘာဖြစ်တာလဲ။ မင်း ဒီတာအိုကို ဘယ်က ရတာလဲ”
“အဲ့တာကြောင့် ထင်တယ်”
လီရန် လက်ဝါးဖွင့်ပြလိုက်ပြီး အခွံလေးတစ်ခုကို တွေ့ရလေသည်။
ထို့နောက် အခွံကို ဖွင့်လိုက်သောအခါ ဝိညာဉ်လေး ငြိမ်သက်စွာ အိပ်စက်နေသည်အား တွေ့ရ၏။ လီရန် လက်ဖြင့် လှုပ်နှိုးသော်လည်း မတုံ့ပြန်ပေ။
“ဒါက…”
လန်ဝူယန် မျက်မှောင်ကြုတ်နေမိသည်။
ထိုအရာထံမှ သန့်စင်သော တာအိုကိုလည်း ခံစားရ၏။
“ဒါက လင်းမိန်တဲ့။ သဘာဝက ဖြစ်လာတဲ့ စိတ်ဝိညာဉ်လေ။ နေနဲ့ လရဲ့ စွမ်းအင်ကနေ ဖြစ်လာတာ။ လူသားတွေကို တာအို နားလည်အောင် ကူညီပေးတယ်”
လီရန်မှ ရှင်းပြနေ၏။
ရီချင်းလန်မှလည်း
“အဲ့တာကို ဘယ်က ရတာလဲ”
လီရန် ခေါင်းလေးကုတ်၍
“လမ်ဘေးဆိုင်က ဝယ်လာတာ”
ခေါင်းဆောင် (၃) ဦးမှာ စွံ့အနေတော့သည်။ သူတို့လည်း ထိုစွမ်းအင်အကြောင်း သေချာသိပါသည်။ ဤမျှ အဖိုးတန်သော ရတနာကို လမ်းဘေးတွင် ဝယ်ခဲ့သည်လား။
လီရန်မှာ ကံကောင်းတတ်မှန်း သိသော်လည်း ယခု အခြေအနေသည် အလွန် ကြီးမားလွန်း၏။
“ဒိဟာကြောင့် ကောင်းကင်ဂိတ်ကို ဖွင့်နိုင်တာလား”
“အန္တရာယ်တော့ များပေမဲ့ သေချာသုံးရင် အကျိုးရှိပါတယ်”
“တိုက်ဆိုင်တာပါ။ ဒီလိုအခွင့်အရေးက ရခဲတယ်လေ။ နောက်တစ်ခါ ဘယ်တော့မှ ထပ်ပွင့်မလဲ မသိနိုင်ဘူး”
ခေါင်းဆောင်များ၏ စကားကို နားထောင်ကာ လီရန် နားမလည်နိုင် ဖြစ်နေသည်။
ဘာဂိတ်လဲ။
ထိုစဉ် အပြင်မှ အကြီးအကဲစွန်းအသံ ကြားလိုက်၏။
“ခေါင်းဆောင် ဧည့်သည် ရောက်နေပါတယ်”
***