"SSအဆင့် စွမ်းရည် ဟုတ်လား... မဖြစ်နိုင်တာ"
"ရှုကျင်းမင်ရဲ့ စွမ်းရည်ကို အစစ်ဆေးခံပြီး အတည်ပြုပြီးသား မဟုတ်ဘူးလား... ဘယ်လိုလုပ် အမှားအယွင်းရှိနိုင်မှာလဲ"
"ငါတို့ စက်ကိရိယာတွေပဲ ချို့ယွင်းနေတာများလား..."
ဝမ်ချီ၏ အဖွဲ့ဖော်များကြားတွင် ရှုဖျင်၏ စကားကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သတ္တမအဆင့် အထွတ်အထိပ် နည်းပြဖြစ်သူ လျူအန်းနှင့် ဝမ်ချီကိုယ်တိုင်ပင်လျှင် ခဏတာ မှင်သက်သွားကြသည်။
"စက်ကိရိယာတွေမှာ ဘာပြဿနာမှ မရှိဘူး။ အကြောင်းရင်းကို ငါမသိပေမဲ့ ရှုကျင်းမင်ရဲ့ စွမ်းရည်က..." ရှုဖျင်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူကာ ဆက်ပြောသည်။ "မနှစ်က လေ့လာရေးခရီးစဉ်အတွင်းမှာတင် Sအဆင့်ကနေ SSအဆင့်ကို ပြောင်းလဲတိုးတက်သွားခဲ့တာ ဖြစ်နိုင်တယ်"
"ကောင်းကင်အလိုတော် ဂိုဏ်းရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့ လေ့လာရေးခရီးစဉ်လား"
"အသက်အန္တရာယ်နဲ့ ကြုံရတဲ့အခါ ခွန်အားတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတတ်တယ်ဆိုတာ ကြားဖူးပေမဲ့... စွမ်းရည်အဆင့်ပါ တိုးသွားတာမျိုးတော့ တစ်ခါမှ မကြားဖူးဘူး"
"ဟုတ်တယ်... ပြီးတော့ Sကနေ SSအဆင့်ကို တိုးသွားတာကတော့ တကယ်ကို ရယ်စရာကောင်းလောက်အောင် ဖြစ်နိုင်ချေ မရှိတာပဲ"
ကျင်းချန်း တက္ကသိုလ်အဖွဲ့ဝင်များက အငြင်းပွားနေကြသော်လည်း သူတို့ တက္ကသိုလ်၏ ထိပ်တန်း AIက ဘယ်သောအခါမှ မမှားနိုင်ကြောင်းလည်း ကောင်းကောင်း သိထားကြသည်။ တစ်နည်းအားဖြင့် ရှုကျင်းမင်၏ စွမ်းရည်က အမှန်တကယ်ပင် SSအဆင့်သို့ တိုးတက်သွားခဲ့သည်။
"ဒီလိုဆိုရင်တော့ ရှုကျင်းမင် မဂျစ်စီးတီးမှာ ရခဲ့တဲ့ အောင်မြင်မှုတွေက အစစ်အမှန်တွေ ဖြစ်ရမယ်" လျူအန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ကျင်းချန်းအဖွဲ့၏ နည်းပြအနေဖြင့် မဂျစ်စီးတီး တက္ကသိုလ်ရှိ လူတိုင်း၏ အချက်အလက်ကို သူ အသေအချာ လေ့လာထားသည်။ ရှုကျင်းမင်က လွန်ခဲ့သော ရက်ပိုင်းက မဂျစ်စီးတီး တိုက်ခိုက်ရေးစွမ်းအား အမှတ်စာရင်းတွင် အမှတ်တစ်သန်းဖြင့် ပထမနေရာ ရခဲ့သည်ကိုလည်း သူ သိထားသည်။ အစပိုင်းတွင် သူက ဤအချက်ကို မဂျစ်စီးတီးက တမင်လွှင့်ထားသော သတင်းမှားဟု သံသယဝင်ခဲ့သော်လည်း ယခု စွမ်းရည်အဆင့်ကို အတည်ပြုပြီးနောက်တွင်မူ ငြင်းပယ်၍ မရတော့ပေ။
"ငါ မဂျစ်စီးတီးရဲ့ အမှတ်စာရင်းကို လေ့လာကြည့်ပြီးပြီ... ရှုကျင်းမင် အမှတ်တစ်သန်း ရဖို့ဆိုရင် ပုံရိပ်ယောင် စမ်းသပ်မှုရဲ့ အဆင့် ၂၇ ကို ကျော်ဖြတ်ရမယ်... အဲဒီအဆင့်မှာ ဘာတွေရှိလဲဆိုတာ ငါတို့ အတိအကျ မသိရပေမဲ့... စတုတ္ထအဆင့် အထွတ်အထိပ် သားရဲ အကောင်ပေါင်း ဒါဇင်နဲ့ချီပြီး သတ်ဖြတ်နိုင်မှ အောင်မြင်နိုင်မှာပဲ... တတိယအဆင့် မြင့်ရုံလေးနဲ့ စတုတ္ထအဆင့် အထွတ်အထိပ် သားရဲ ဒါဇင်ပေါင်းများစွာကို သတ်နိုင်တယ်ဆိုတော့... ဒီရှုကျင်းမင်က အမှန်ပင် မိစ္ဆာဆန်လွန်းတဲ့ ကောင်ပဲ..."
ကျင်းချန်းနည်းပြပီပီ လျူအန်းက စကားအနည်းငယ်ဖြင့် ရှုကျင်းမင်၏ ခွန်အားကို ခန့်မှန်းပြသွားသည်။ သို့သော် သူ မသိသည်မှာ မဂျစ်စီးတီး၏ အဆင့် ၂၇ စမ်းသပ်မှုတွင် စတုတ္ထအဆင့် သားရဲများ မဟုတ်ဘဲ ပို၍ ကြောက်စရာကောင်းသော ပဉ္စမအဆင့်နိမ့် သားရဲများ ရှိနေခြင်းပင် ဖြစ်သည်။
"အမှန်ပင် မိစ္ဆာတစ်ကောင်ပါပဲ။ သူ့ကို နောက်ထပ် တစ်နှစ်လောက်သာ အချိန်ပေးလိုက်ရင် ငါ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ကံကောင်းတာက သူက ဒီနှစ်မှ ကျောင်းသားသစ် ဖြစ်နေသေးလို့ ငါ သူ့ကို ဖိနှိပ်ထားနိုင်သေးတယ်" ဟု ဝမ်ချီက တွေးတောရင်း ပြောလိုက်သည်။
"ဟုတ်တယ်... ကံကောင်းတာက ငါတို့ ကျင်းချန်းမှာ မင်းရှိနေသေးလို့ပဲ" ရှုဖျင်က ပြုံးလျက် ဝမ်ချီ၏ ပုခုံးကို ပုတ်ကာ အားပေးသည်။
ဝမ်ချီက စတုတ္ထအဆင့်မြင့် တစ်ဦးဖြစ်ပြီး Sအဆင့်အတု စွမ်းရည်ရှိသူ ဖြစ်သဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်ပင် ကြောက်စရာကောင်းသည်။ သူက Aအဆင့် စွမ်းရည်ရှိသော ပဉ္စမအဆင့်နိမ့် စွမ်းရည်ပိုင်ရှင် တစ်ဦးကိုပင် အနိုင်ယူခဲ့ဖူးသည်။ ရှုကျင်းမင်က ထူးချွန်သော်လည်း ဝမ်ချီနှင့် ယှဉ်လျှင်မူ အနည်းငယ် နိမ့်ကျနေသေးသည်ဟု သူတို့ ယူဆထားကြသည်။
"ဒါပေမဲ့ ငါတို့ ဒီနှစ်ပဲ မဂျစ်စီးတီးကို ဖိနှိပ်ထားနိုင်မယ်။ နောက်နှစ်ဆိုရင်တော့... ရှုကျင်းမင်ရဲ့ အဆင့်တွေ တက်လာတာနဲ့အမျှ ဘယ်တက္ကသိုလ်မှ သူ့ကို တားနိုင်မှာ မဟုတ်တော့ဘူး... ဘယ်လိုပဲဖြစ်ဖြစ် တတ်နိုင်သမျှတော့ ဖိထားရမယ်... ငါတို့ ကျင်းချန်းက ဒုတိယနေရာမှာပဲ အမြဲ နေချင်တာ မဟုတ်ဘူး" ရှုဖျင်က ခေါင်းခါလျက် လျူအန်းအား ညွှန်ကြားလိုက်သည်။ "ရှုကျင်းမင်က မဂျစ်စီးတီးရဲ့ နံပါတ်တစ်ဆိုတာ အတည်ပြုပြီးပြီ... နည်းပြလျူ... အရင်က ဆွဲထားတဲ့ ဗျူဟာတွေကို ပြန်ပြင်ဆင်ပေးပါ"
"နားလည်ပါပြီ" လျူအန်းက ခေါင်းညိတ်လိုက်သည်။
ယခင်က ဗျူဟာများက ခုန်းရှီကိုသာ အဓိကထားခဲ့သော်လည်း ယခု ရှုကျင်းမင်က အဓိကဖြစ်လာသဖြင့် ဗျူဟာများကလည်း သိသိသာသာ ပြောင်းလဲသွားသည်။
"ဘုရားရေ ရှုကျင်းမင်ရဲ့ စွမ်းရည်က Sအဆင့် မဟုတ်ဘူး... SSအဆင့်ကြီး"
"SSအဆင့် စွမ်းရည် ဒုထျန်း နတ်ဘုရား မိုးကြိုးတဲ့လား... မဆန်းပါဘူး... အစွမ်းက အဲဒီလောက် ထက်မြက်နေတာ"
"မြန်မြန်... ဌာနချုပ်ကို ချက်ချင်း အကြောင်းကြားလိုက်... စည်းရုံးရေး ဗျူဟာတွေ ပြောင်းဖို့ လိုမလို မေးကြည့်ဦး"
ကျင်းချန်း တက္ကသိုလ်က ဗျူဟာအသစ်များ ချမှတ်နေစဉ်မှာပင် မိုးကြိုးသိုင်းသင်တန်းကျောင်း၊ ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်းနှင့် စစ်တပ်တပ်မတော်များ၊ ဂိုဏ်းအသီးသီးကလည်း ရှုကျင်းမင်၏ စွမ်းရည် အပြောင်းအလဲကို သိရှိသွားကြသည်။ သူတို့အားလုံး ထိတ်လန့်သွားကြပြီး မိမိတို့ဌာနချုပ်များသို့ အလျင်အမြန် ဖုန်းခေါ်ဆိုကာ အရင်းအမြစ် ခွဲဝေမှု လုပ်ပိုင်ခွင့်များ တိုးမြှင့်ပေးရန် တောင်းဆိုကြတော့သည်။
ပုံမှန်အားဖြင့် ရှုကျင်းမင်သည် ပထမနှစ် ကျောင်းသားသစ်သာ ဖြစ်သဖြင့် ကျောင်းဆင်းရန် သုံးနှစ်ကျော် လိုသေးသည်။ သို့သော် SSအဆင့် နိုးထသူများမှာ အလွန်ပင် ရှားပါးလှသည်။ ရှုကျင်းမင်နှင့်သာ ကြိုတင်စာချုပ်ချုပ်ပြီး စည်းရုံးနိုင်ပါက ကြီးမားသော အမြတ်အစွန်းကို ရရှိမည် မဟုတ်ပါလား။
"တောက်... မဟာနွေရာသီ တိုင်းပြည်မှာ ဒီနှစ် SSအဆင့် နိုးထသူတစ်ယောက် တကယ် ပေါ်လာတာလား"
အားကစားကွင်း၏ နောက်ဘက်တန်းများတွင် ခွဲခြမ်းစိတ်ဖြာရေး ကိရိယာများကို ကိုင်ထားသော နိုင်ငံခြားသားများမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ သူတို့က နိုင်ငံတကာ ဖုန်းနံပါတ်တစ်ခုသို့ ချက်ချင်းခေါ်ဆိုကာ သတင်းပို့လိုက်ကြသည်။ အချိန်အတော်ကြာပြီးနောက် ဖုန်းတစ်ဖက်မှ ခပ်အုပ်အုပ် နိုင်ငံခြားသား အသံတစ်သံ ထွက်လာသည်။
"ဒီသတင်းကို မီဒီယာတွေကို ပေးလိုက်ပြီး အကြီးအကျယ် ပျံ့နှံ့အောင် လုပ်လိုက်။ မဟာနွေရာသီမှာ SSအဆင့် ရှိတယ်ဆိုတာ ငါတို့ သိရုံတင် မဟုတ်ဘဲ... တခြားနိုင်ငံတွေအားလုံး သိအောင် လုပ်ရမယ်"
"ဟုတ်ကဲ့ပါ ဆရာကြီး"
ထိုနိုင်ငံခြားသားများက မဟာနွေရာသီ ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် အလျင်အမြန် ဆက်သွယ်ကာ ရှုကျင်းမင်နှင့် ပတ်သက်သမျှ အချက်အလက်အားလုံးကို ထုတ်ပြန်လိုက်ကြသည်။ မီဒီယာသမားများ ပီပီ ဤသတင်းက ကမ္ဘာပျက်မတတ် ဟိုးလေးတကျော် ဖြစ်သွားမည့် အထူးသတင်းဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်ကြသည်။ ထို့ကြောင့် သတင်းအယ်ဒီတာများသည် လက်များစွာရှိသော မိစ္ဆာကောင်များသဖွယ် ဆောင်းပါးတစ်ပုဒ်ပြီးတစ်ပုဒ်ကို အွန်လိုင်းပေါ်သို့ အလုအယက် ရေးသားတင်ကြတော့သည်။
“တုန်လှုပ်ဖွယ်ရာ ၂၃ နှစ်အကြာတွင် ကျွန်ုပ်တို့နိုင်ငံ၌ SSအဆင့် စွမ်းရည်ပိုင်ရှင် တစ်ဦး ထပ်မံ ပေါ်ထွက်လာခဲ့ပြီ....”
“မဂျစ်စီးတီး တက္ကသိုလ်၏ ရှုကျင်းမင် SSအဆင့် စွမ်းရည် ဒုထျန်း နတ်ဘုရား မိုးကြိုး ပိုင်ရှင်”
SSအဆင့် စွမ်းရည်ပိုင်ရှင်၏ ပေါ်ထွန်းမှုနှင့်အတူ မဟာနွေရာသီက ပိုမို ထွန်းကားလာတော့မည်။ ဤသတင်းများ၏ ခေါင်းစဉ်အားလုံးက SSအဆင့် စွမ်းရည်နှင့်သာ သက်ဆိုင်နေတော့သည်။ ယခုခေတ် မဟာနွေရာသီ တိုင်းပြည်ရှိ လူငယ်များက အွန်လိုင်းပေါ်တွင် ၂၄ နာရီပတ်လုံး ရှိနေသူများ ဖြစ်ကြရာ ဤဆောင်းပါးများ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူပြောအများဆုံး အကြောင်းအရာ ဖြစ်သွားခဲ့သည်။
"ဒီသတင်းကတော့ ပေါက်ပြီပဲ... ရှေ့ဆုံးကနေ နေရာဦးထားလိုက်မယ်"
"ဟာ... ငါ ခုလေးတင် ရှုကျင်းမင်ရဲ့ ပွဲကို ကြည့်နေတာ... သူ ဘာလို့ ဒီလောက် ကြမ်းနေလဲဆိုတာ မဆန်းတော့ပါဘူး... SSအဆင့် စွမ်းရည်ပိုင်ရှင် ဖြစ်နေတာကိုး"
"SSအဆင့် စွမ်းရည် အနာဂတ်ကတော့ အကန့်အသတ် မရှိတော့ဘူး"
၂၃ နှစ် မဟာနွေရာသီ တိုင်းပြည်တွင် SSအဆင့် နိုးထသူ မတွေ့ရသည်မှာ ၂၃ နှစ် တိတိ ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဤသတင်းများအောက်တွင် မှတ်ချက်များမှာ တဟုန်ထိုး တိုးပွားလာခဲ့သည်။ မဟာနွေရာသီ တိုင်းပြည်အတွင်း၌သာမကဘဲ ပြည်ပ အွန်လိုင်းကွန်ရက်များတွင်ပါ ဤသတင်းက မီးဟုန်းဟုန်း တောက်သွားခဲ့သည်။
"ကောင်စီဝင်ချောင်... ရှုကျင်းမင် SSအဆင့် စွမ်းရည်ရှိတဲ့ သတင်းက အွန်လိုင်းမှာ နံပါတ်တစ် နေရာကို ရောက်နေပါပြီ... ပြည်ပ အင်အားစုတွေက နောက်ကွယ်ကနေ တွန်းအားပေးနေတဲ့ အရိပ်အယောင်တွေ ရှိနေတယ်... သတင်းတွေကို လျှော့ချဖို့ ကြားဝင်ဆောင်ရွက်ရမလား ခင်ဗျာ"
ဇိမ်ခံ ဗီလာအိမ်ကြီးတစ်လုံးအတွင်း၌ အဘိုးအိုတစ်ဦးနှင့် လူလတ်ပိုင်းတစ်ဦးတို့က စစ်တုရင် ကစားနေကြသည်။ ဆံပင်ကို မြင်းမြီးပုံစံ စည်းနှောင်ထားပြီး မျက်မှန်အမည်း တပ်ထားသော ကျွမ်းကျင်ပုံရသည့် အမျိုးသမီးငယ်တစ်ဦး ဝင်လာကာ ဘယ်ဘက်မှ အဘိုးအိုကို သတင်းပို့လိုက်ခြင်း ဖြစ်သည်။
အဘိုးအို၏ ဆံပင်များ ဖြူဖွေးနေသော်လည်း ခွန်အားအပြည့်ရှိနေကာ သူ၏ မျက်ဝန်းများထဲတွင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ကိန်းဝပ်နေသည်။ သူကား ကောင်စီဝင် ချောင်ကျွင်းပင် ဖြစ်သည်။
မဟာနွေရာသီ တိုင်းပြည်၏ နဝမအဆင့် အထွတ်အထိပ် သိုင်းသူတော်စင် Sအဆင့် မြှင့်တင်ထားသော သားရဲအမျိုးအစား စွမ်းရည် ကောင်းကင်နဂါးပြာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့် မူလစွမ်းအင်များ ပြန်လည်နိုးထလာစဉ်ကတည်းက ရှင်သန်လာခဲ့သော ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူက အထွတ်အထိပ် ပုဂ္ဂိုလ်များထဲမှ တစ်ဦးလည်း ဖြစ်သည်။
"ဟွင်း... အမှောင်ထဲမှာပဲ ပြဿနာရှာတတ်တဲ့ ပြည်ပက အင်းဆက်ကောင်တွေ သူတို့ကို ဂရုစိုက်မနေနဲ့... ငါတို့ မဟာနွေရာသီရဲ့ အခြေခံ အင်အားနဲ့တင် SSအဆင့် နိုးထသူတစ်ယောက်ကို ကာကွယ်ပေးဖို့ လုံလောက်ပါတယ်" အဘိုးအိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရှေ့မှ လူလတ်ပိုင်းကို ကြည့်ကာ မေးလိုက်သည်။ "လျူလေး... မင်း ပြီးခဲ့တဲ့ အခေါက်က အမှတ် ၇ နတ်ဆိုးဂူမှာ ရှုကျင်းမင်နဲ့ တွေ့ခဲ့တယ် မဟုတ်လား... အခု သူ့ကို ဘယ်သူ ကာကွယ်ပေးနေတာလဲ"
ရှေ့မှ လူလတ်ပိုင်းမှာမူ အခြားသူမဟုတ်ဘဲ ကောင်စီဝင် လျူယွီရှန်းပင် ဖြစ်သည်။
"မဂျစ်စီးတီး တက္ကသိုလ်ရဲ့ ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်ပါ" လျူယွီရှန်းက ပြုံးလျက် ဖြေကြားလိုက်သည်။
"ဩော်... Sအဆင့် ဟင်းလင်းပြင် စွမ်းရည်ရှိတဲ့ မိုးကြိုးသိုင်းသင်တန်းကျောင်းက ကလေးမလေးလား... သူ မဂျစ်စီးတီးမှာ ရှိနေတုန်းပဲလား" အဘိုးအိုက အနည်းငယ် အံ့သြသွားသည်။
"ဟုတ်ကဲ့... သူက လီမိသားစုက အဲဒီလူကို မတွေ့ချင်တာနဲ့ မဂျစ်စီးတီးမှာ သွားပုန်းနေတာလေ။ ပြောရရင် သူကလည်း တကယ့်ကို တော်တဲ့သူပါ... မိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ အထောက်အပံ့တွေ မရဘဲနဲ့တောင် သုံးနှစ်အတွင်းမှာတင် အဋ္ဌမအဆင့်နိမ့်ကနေ အဋ္ဌမအဆင့်လတ်ကို ချိုးဖောက် တက်လှမ်းနိုင်ခဲ့တယ်" လျူယွီရှန်းက ဆိုသည်။
"အဲဒီကလေးမရဲ့ ဇွဲကတော့ တကယ်ကို ခေါင်းမာတာပဲ... သာမန် စွမ်းရည်ပိုင်ရှင်တွေအတွက်ဆိုရင် ဒါက ကောင်းကင်က ပေးတဲ့ လက်ထပ်ပွဲမျိုး ဖြစ်ပေမဲ့ သူကတော့ အဆိပ်လို ရှောင်နေတာပဲ... မိုးကြိုးသိုင်းသင်တန်းကျောင်းကို ပြဿနာမပတ်အောင် မဂျစ်စီးတီးမှာတောင် သွားပုန်းနေသေးတယ်... ဘယ်လိုပဲဖြစ်ဖြစ် သူသာ စောင့်ရှောက်နေတာဆိုရင်တော့ ငါ စိတ်အေးရပါပြီ" အဘိုးအိုက ခေါင်းညိတ်လိုက်သည်။
အိမ်ရာဝင်းကြီး တစ်ခုလုံးက ခဏချင်းမှာပင် ငြိမ်သက်အေးချမ်းသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
***