ရွှေရောင်မိုးကြိုးလျှပ်စီးများက သတ္တုစပ်စင်မြင့်ထက်တွင် တဖျစ်ဖျစ်မြည်ဟည်းကာ ကခုန်နေဆဲ ဖြစ်သည်။
စွမ်းအင်အကာအကွယ်ဒိုင်းအတွင်းရှိ ကျင်းတက္ကသိုလ်အသင်းသားများထဲတွင် အဖွဲ့ခေါင်းဆောင် ဟန်ရှန်း တစ်ယောက်သာ သတိကပ်နေတော့ပြီး ကျန်သူများမှာမူ သွေးအလိမ်းလိမ်းနှင့် သတိလစ်နေကြသည်။ ဟန်ရှန်းကိုယ်တိုင်မှာလည်း သတိရှိနေသေးသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မည်းတူးနေကာ ကြည့်ရသူအပေါင်းအား ထိတ်လန့်သွားစေသည်။
သို့သော် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာထက် သူ၏ သိက္ခာကို ထိခိုက်သွားမှုက ပို၍ နာကျင်ရသည်။ “Sအဆင့် စွမ်းအင်ကာကွယ်ရေးဒိုင်း သုံးထပ်၊ Aအဆင့် ဒိုင်းများစွာ၊ သူကိုယ်တိုင်၏ SSအဆင့် အသက်ဝိညာဉ် ချိတ်ဆက်မှုနှင့် အက်စ် (S) အဆင့် သက်စောင့်ဒီရေလှိုင်း”
ဤမဖောက်ထွင်းနိုင်သော အကြွင်းမဲ့ ကာကွယ်ရေးစနစ်မှာ အသင်းလိုက် ချန်ပီယံဆုကို အရယူရန် သူ အဂုဏ်ယူရဆုံးသော ဖဲချပ်ပင် ဖြစ်သည်။ သို့သော် ရှုကျင်းမင်၏ မိုးကြိုးနတ်ဘုရား လက်ချောင်းရှေ့တွင်မူ ထိုအရာအားလုံးမှာ တခဏချင်းအတွင်း ကြေမွသွားခဲ့ရသည်။ ၎င်းနှင့်အတူ ကျင်းတက္ကသိုလ်၏ ချန်ပီယံမျှော်လင့်ချက်မှာလည်း ပျောက်ဆုံးသွားခဲ့ရသည်။
"SSအဆင့် စွမ်းရည်က တကယ်ပဲ ဒီလောက်တောင် အစွမ်းထက်တာလား... သူက တတိယအဆင့် အထွတ်အထိပ်ပဲ ရှိသေးတာကို..."
ရွှေရောင်မိုးကြိုးများ ရစ်ပတ်ကာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားစွာ ရပ်နေသော ထိုလူသားအား ကြည့်ရင်း ဟန်ရှန်းတစ်ယောက်တည်း တိုးတိုးလေး ရေရွတ်နေမိတော့သည်။
"ငါတို့ နိုင်ပြီ" "ငါတို့ အဖွဲ့ခေါင်းဆောင်ကတော့ တကယ်ကို အစွမ်းထက်တာပဲ... လုံးဝ အမိုက်စားပဲ"
လူတို့၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့မှာ တစ်ထပ်တည်း မကျနိုင်ပေ။ ကြေကွဲနေသော ဟန်ရှန်းနှင့်မတူဘဲ မဂျစ်စီးတီးတက္ကသိုလ်ဘက်တွင်မူ အားတက်သရော အော်ဟစ်နေကြသည်။ ရှုကျင်းမင်၏ တည်ကြည်သော မျက်နှာထက်တွင်လည်း ခပ်ပါးပါး အပြုံးတစ်ခု ပေါ်လာသည်။
ကျင်းတက္ကသိုလ်၏ ကာကွယ်ရေးစနစ်မှာ အားကောင်းလှသည်မှာ အမှန်ပင်။ အကာအကွယ်ဒိုင်းများသာ ခံနိုင်ရည်ရှိနေပါက သူတို့၏ ကုသရေးသမားများက အသင်းသားအားလုံးကို အကန့်အသတ်မရှိ ဆက်တိုက်တိုက်ခိုက်နိုင်အောင် လုပ်ပေးနိုင်မည် ဖြစ်သည်။ သို့သော် ကံဆိုးသည်မှာ ဂုဝမ်၏ Sအဆင့် အစွမ်းမြှင့်တင်မှုနှင့် ပေါင်းစပ်ထားသော မိုးကြိုးအထွတ်အထိပ် အခြေအနေရှိ ရှုကျင်းမင်၏ လက်ချောင်းမှာ ကျင်းတက္ကသိုလ်၏ ခံနိုင်ရည်အကန့်အသတ်ကို ကျော်လွန်သွားခဲ့ခြင်းပင်။
နွေဦးရာသီက စမ်းချောင်းလေးကဲ့သို့ မည်မျှပင် တိုးတက်လာပါစေ... အဆုံးသတ်တွင်မူ ရေခဲသဖွယ် အေးစက်စွာ အလဲထိုးခံလိုက်ရခြင်းပင်။ အကယ်၍ စင်မြင့်ပေါ်ရှိ ဘေးကင်းရေးစနစ်သာ မရှိပါက ထိုမိုးကြိုးနတ်ဘုရား လက်ချောင်းတစ်ချက်မှာ ကျင်းတက္ကသိုလ် အသင်းသားအားလုံးကို အစပျောက် သုတ်သင်သွားနိုင်မည် ဖြစ်သည်။
"စွမ်းအင်ဒိုင်း စတင်အလုပ်လုပ်ပြီ ကျင်းတက္ကသိုလ် အသင်း ပြိုင်ပွဲမှ ထွက်ရပါပြီ ဒီပွဲမှာ မဂျစ်စီးတီး စွမ်းရည်ပိုင်ရှင် တက္ကသိုလ်က အနိုင်ရရှိသွားပါတယ်"
စင်ဘေးရှိ ဒိုင်လူကြီးက ပွဲပြီးဆုံးကြောင်း ကြေညာလိုက်သည်။ အပေါ်ဘက်ရှိ ဟိုလိုဂရပ်ဖစ် အမှတ်စာရင်းတွင် မဂျစ်စီးတီးတက္ကသိုလ်၏ အနိုင်ရလဒ်မှာ (၇) ပွဲမှ (၈) ပွဲသို့ တိုးသွားကာ ကျင်းတက္ကသိုလ်၏ ရှုံးနိမ့်မှုမှာ (၀) မှ (၁) သို့ ပြောင်းလဲသွားခဲ့သည်။
"မဂျစ်စီးတီး အနိုင်ရပြီဟေ့" "ဒါက မိုးကြိုးဧကရာဇ်ရဲ့ အစွမ်းကုန် ထုတ်သုံးတဲ့ ပုံစံပေါ့... တကယ့်ကို မယုံနိုင်စရာပဲ" "တိုက်ခိုက်ရေး နည်းစနစ် တစ်ခုတည်းနဲ့တင် ပွဲက ပြတ်သွားတာပဲ" "တစ်မိနစ်လောက် တောင့်ခံနိုင်မယ်လို့ ထင်ထားတာ... ခုတော့ တစ်ကွက်တည်းနဲ့တင် ပြားသွားတာပဲ"
ပရိသတ်များမှာ အံ့အားသင့်ကာ ဝမ်းသာအားရ ဆွေးနွေးနေကြသည်။ ရှုကျင်းမင်က ယခင်ပွဲစဉ်များတွင် အစွမ်းကို ဝှက်ထားသည်ဟု အများစုက ထင်နေကြပြီး သူ၏ ပေါက်ကွဲအားကို စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ထိုပေါက်ကွဲအားက ဤမျှအထိ ဖျက်အားပြင်းလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ သူ တစ်ယောက်တည်းနှင့်ပင် ထိပ်တန်းကျင်းတက္ကသိုလ်အသင်းကို အလဲထိုးခဲ့သည်။
"ဟန်ရှန်း ရှုံးသွားတာပဲ..."
အတွင်းပိုင်း ပွဲကြည့်စင်တွင် အမြဲတမ်း ယုံကြည်မှု ရှိနေတတ်သော ကျန်းမူပင် မှင်တက်သွားရသည်။ အခြားသူများမှာ ထိုကာကွယ်ရေး၏ ကြံ့ခိုင်မှုကို နားမလည်နိုင်သော်လည်း အသင်းနည်းပြတစ်ဦးဖြစ်သော သူကမူ ကောင်းကောင်း သိထားသည်။ သူကိုယ်တိုင်ပင် စမ်းသပ်ခဲ့ဖူးရာ Aအဆင့် စွမ်းရည်ရှိသော ပဉ္စမအဆင့်နိမ့် စွမ်းရည်ပိုင်ရှင်တစ်ဦးပင်လျှင် ထိုဒိုင်းကို မဖောက်နိုင်ခဲ့ပေ။ သို့သော် ရှုကျင်းမင်ကမူ ဖောက်နိုင်ခဲ့သည်။ ဂုဝမ်၏ ပံ့ပိုးမှုကြောင့်လည်း ပါသော်လည်း ရှုကျင်းမင်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကိုမူ ငြင်းပယ်၍ မရပေ။
"သူက တတိယအဆင့် အထွတ်အထိပ်မှာတင် ဒီလောက် ကြမ်းနေရင် စတုတ္ထအဆင့် ရောက်သွားရင် ဘယ်လို ဖြစ်လာမလဲ" ကျန်းမူက ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက်သည်။
SSအဆင့် စွမ်းရည်ကို ခဏထားဦး... ရှုကျင်းမင်၏ ကျင့်ကြံမှုအရှိန်နှင့် နားလည်နိုင်စွမ်းမှာ တကယ့်ကို ထူးခြားဆန်းပြားလှသည်။ မိုးကြိုးနတ်ဘုရား လက်ချောင်းမှာ ရှုကျင်းမင် ပေကျင်းတက္ကသိုလ်သို့ လေ့လာရေးခရီး သွားစဉ်က ကျမ်းတိုက်မှ ရွေးချယ်ခဲ့သော Sအဆင့် ထိပ်တန်းနည်းစနစ် ဖြစ်ကြောင်း သူ မှတ်မိနေသည်။ သာမန်စွမ်းရည်ပိုင်ရှင်တစ်ဦးမှာ ထိုနည်းစနစ်ကို အပြည့်အဝ ကျွမ်းကျင်ရန် နှစ်နှစ်ခန့် အချိန်ယူရမည် ဖြစ်သော်လည်း ပြီးခဲ့သော ဒီဇင်ဘာလမှ ယခုအထိ လေးလခန့်သာ ကြာသေးသော်လည်း ရှုကျင်းမင်ကမူ အလွန်ပင် ကျွမ်းကျင်စွာ အသုံးပြုနိုင်နေပြီ ဖြစ်သည်။
“တကယ့် မိစ္ဆာတစ်ကောင်ပါပဲ...
"ဒုတိယကျောင်းအုပ်ကြီးကျန်း... မဂျစ်စီးတီးကတော့ တစ်ပန်းသာသွားပုံရတယ်နော်" လင်းရွှမ်၏ ကြည်လင်သော မျက်ဝန်းများက သူ့ဆီသို့ လှည့်လာကာ ပြောလိုက်သည်။
ကျန်းမူ၏ မျက်ခွံများ တလှုပ်လှုပ်တုန်သွားကာ သက်ပြင်းတစ်ချက်ချလိုက်ရင်း သူ၏ ဟင်းလင်းပြင် လက်စွပ်ထဲမှ သစ်သားသေတ္တာလေးတစ်လုံးကို တွန့်ဆုတ်စွာ ထုတ်ပေးလိုက်သည်။ "လောင်းကြေးဆိုတာ လောင်းကြေးပဲ... ဒါက SSအဆင့် ဝိညာဉ်သစ်သီး မီးတောက်ဝိညာဉ် ချယ်ရီသီးပါ... ဒုတိယကျောင်းအုပ်ကြီးလင်း... အခုတော့ ဒါက ခင်ဗျားဟာ ဖြစ်သွားပါပြီ"
မီးတောက်ဝိညာဉ် ချယ်ရီသီးမှာ စွမ်းရည်ပိုင်ရှင်တစ်ဦး၏ ခန္ဓာကိုယ် ခံနိုင်ရည်ကို အကြီးအကျယ် မြှင့်တင်ပေးနိုင်ရုံသာမက ပို၍ အရေးကြီးသည်မှာ မီးဓာတ်စွမ်းရည်ပိုင်ရှင်များ အနေဖြင့် ထိုအသီးကို စားပြီးနောက် သူတို့၏ စွမ်းရည်ကို ဆင့်ကဲပြောင်းလဲ စေနိုင်သည့် အခွင့်အရေး ရှိနေခြင်းပင် ဖြစ်သည်။ စွမ်းရည်ကို ဆင့်ကဲပြောင်းလဲစေနိုင်သော မည်သည့် ရတနာမဆို အနည်းဆုံး Sအဆင့် သတ်မှတ်ခြင်း ခံရသော်လည်း ဤအသီးမှာမူ SSအဆင့် ဖြစ်သဖြင့် ဆင့်ကဲပြောင်းလဲနိုင်ခြေမှာ အလွန်ပင် မြင့်မားနေသည်။
သူက ဤအသီးကို မကြာသေးမီကမှ လေလံပွဲတစ်ခုတွင် သူ၏ မိသားစုထဲမှ မီးဓာတ်စွမ်းရည်ပိုင်ရှင် လူငယ်လေးတစ်ဦးအတွက် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ လက်ထဲတွင် နွေးအောင်ပင် မထားလိုက်ရဘဲ ဆုံးရှုံးလိုက်ရသည်။
"ဟင်း... SSအဆင့် မီးတောက်ဝိညာဉ် ချယ်ရီသီးတဲ့လား... ကျန်းမူတော့ အကြီးအကျယ် ရှုံးပြီပဲ" ရှုဖျင်က ဘေးမှနေ၍ လှောင်ပြောင်လိုက်သော်လည်း သူ၏ မျက်နှာမှာ မကြာမီမှာပင် တည်ကြည်သွားသည်။ "ဒါပေမဲ့ ရှုကျင်းမင်ရဲ့ မိုးကြိုးအထွတ်အထိပ် အခြေအနေနဲ့ မိုးကြိုးနတ်ဘုရား လက်ချောင်း ပေါင်းစပ်မှုက တကယ်ကို ကြောက်စရာကောင်းတယ်။ ဝမ်ချီတို့တစ်သင်းတော့ သတိထားရမယ်"
ကျင်းတက္ကသိုလ်ရော မဂျစ်စီးတီးတက္ကသိုလ်ပါ သူတို့၏ ဖဲချပ်များကို ထုတ်ပြလိုက်ကြပြီ ဖြစ်သည်။ ဖဲချပ်များမှာ အင်အားကြီးဆဲ ဖြစ်သော်လည်း ကြိုတင်သိရှိထားပြီဖြစ်သဖြင့် ၎င်းတို့၏ ထိရောက်မှုမှာ သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။
"ဒီနှစ်တော့ ကောင်းကင်ဘုံက ငါတို့ဘက်မှာ ရှိနေပုံရတယ်... ငါတို့ကို နောက်ဆုံးမှ တိုက်ခိုက်ခိုင်းတာက ပြိုင်ဘက်ရဲ့ သတင်းအချက်အလက်တွေကို ကြိုရစေတာပဲ..." ရှုဖျင်၏ နှုတ်ခမ်းဖျားတွင် ခပ်ပါးပါး အပြုံးတစ်ခု ပေါ်လာတော့သည်။
အောင်ပွဲရပြီးနောက် မဂျစ်စီးတီးအသင်းမှာ ပရိသတ်များ၏ အားပေးသံများကြားမှ စင်ပေါ်မှ ဆင်းလာခဲ့သည်။ တစ်ဖက်မှ ကျင်းတက္ကသိုလ်အသင်းမှာမူ ကုသမှုခံယူရန် ထမ်းစင်များဖြင့် သယ်ထုတ်သွားကြရသည်။ မနက်ဖြန်တွင် သူတို့က ပေကျင်းတက္ကသိုလ်နှင့် ထပ်မံရင်ဆိုင်ရဦးမည်ဖြစ်ရာ အချိန်မီ ပြန်မကောင်းလာပါက အခက်တွေ့ရပေလိမ့်မည်။
"ကောင်းတယ်... အသင်းလိုက် ရှစ်ပွဲဆက်တိုက် အနိုင်ရပြီ... နောက်ဆုံး တစ်ရက်ပဲ ကျန်တော့တယ်... အသင်းလိုက် ချန်ပီယံဆုကိုသာ အရယူနိုင်ရင် မင်းတို့ရဲ့ Creditဆုကြေးတွေကို နှစ်ဆတိုးပေးဖို့ ငါ ကျောင်းကို တင်ပြပေးမယ်" အသတ်မှတ် ပွဲကြည့်စင်တွင် ရန်ကျန့်ထျန်းက လက်ခုပ်တီးကာ အားပေးလိုက်သည်။
"Credit နှစ်ဆတဲ့လား... အမိုက်စားပဲ" "ဒါဆို ဘွဲ့မရခင်မှာ ကျင့်ကြံရေး အရင်းအမြစ်တွေ အများကြီး ဝယ်လို့ရပြီပေါ့"
ယောင်ဖန်နှင့် အခြားသူများမှာ ပျော်ရွှင်စွာ ပြုံးလိုက်ကြသည်။ မဂျစ်စီးတီးတက္ကသိုလ်၏ စည်းမျဉ်းအရ အသင်းလိုက် ချန်ပီယံဆု ရရှိပါက အဓိက အဖွဲ့ဝင်များမှာ Credit ၄၀၀၀ နှင့် အရန်အဖွဲ့ဝင်များမှာ ၃၀၀၀ ရရှိမည် ဖြစ်သည်။ ၎င်းကို နှစ်ဆတိုးပေးမည်ဆိုပါက ၈၀၀၀ နှင့် ၆၀၀၀ အထိ ဖြစ်သွားပေလိမ့်မည်။
"မှတ်ထားကြဦး... နိုင်မှ ရမှာနော် ရှုံးရင်တော့ ဘာမှ မရဘူး" သူတို့ ပျော်နေသည်ကို ကြည့်ကာ ရန်ကျန့်ထျန်းက သတိပေးလိုက်သည်။
"အဖွဲ့ခေါင်းဆောင် ရှိနေတာပဲ... ပေကျင်းတက္ကသိုလ်ကို နိုင်ဖို့ဆိုတာက အေးဆေးပါ ဆရာကြီးရဲ့... စိတ်အေးအေးထားပါ" ယောင်ဖန်က ရယ်မောကာ ပြောလိုက်သည်။
စတုတ္ထအဆင့် အထွတ်အထိပ် စွမ်းရည်ပိုင်ရှင် ဝမ်ချီ ဦးဆောင်သော ပေကျင်းတက္ကသိုလ်မှာ အားကောင်းလှသည်မှာ အမှန်ပင်။ သို့သော် မကြာသေးမီက လေ့ကျင့်မှုများနှင့် ပွဲစဉ်များအပြီးတွင် ရှုကျင်းမင်၏ စွမ်းအားက သူတို့အပေါ် နက်ရှိုင်းစွာ အထင်ကြီးသွားစေခဲ့သည်။ ပေကျင်းတက္ကသိုလ်နှင့် ရင်ဆိုင်ရမည်မှာ သူတို့အတွက် ဖိအား မဟုတ်တော့ပေ။
"ရှုကျင်းမင်... ခဏလာပါဦး" ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်၏ အသံက သူ့ကို လှမ်းခေါ်လိုက်သည်။
နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲအတွင်း ရှုကျင်းမင်ကို လင်းရွှမ် ခေါ်ယူသည်မှာ တစ်ကြိမ်မကတော့သဖြင့် ယောင်ဖန်တို့မှာ ယဉ်ပါးနေကြပြီ ဖြစ်သည်။ သို့သော် လင်းရွှမ်၏ နောက်ထပ် လုပ်ရပ်ကြောင့် သူတို့မှာ မျက်လုံးများ ပြူးသွားကြရသည်။
သူမu သူမ၏ ဟင်းလင်းပြင် လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းလေးတစ်လုံးကို ထုတ်ယူကာ ရှုကျင်းမင်၏ လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်> "ဆဋ္ဌမအဆင့် ကွိုင်ယွမ် ဆေးလုံး... ဒါက Sအဆင့် ကျင့်ကြံရေး အရင်းအမြစ်ပဲ… ယူထားလိုက်ပါ"
"ဗျာ"
လင်းရွှမ်၏ နူးညံ့လှသော လက်ချောင်းလေးများကြားမှ ပုလင်းလေးကို ကြည့်ကာ ရှုကျင်းမင်မှာ ဇဝေဇဝါ ဖြစ်သွားရသည်။ “ဘာတွေ ဖြစ်နေတာလဲ... သူတို့ အသင်းလိုက် ချန်ပီယံဆုကိုတောင် မရသေးဘူးလေ... ဘာလို့ ဆုတွေ အခုကတည်းက ပေးနေရတာလဲ…”
***