မကြာမီမှာပင် မိနစ်လေးဆယ်ကျော် ကုန်ဆုံးသွားခဲ့သည်။ တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲ စတင်ရန် ဆယ်မိနစ်ကျော်သာ လိုတော့ချိန်တွင် ကောင်းကင်ယံရှိ ဟိုလိုဂရပ်ဖစ် ဖန်သားပြင်မှာ တဖျစ်ဖျစ် မြည်ဟည်းကာ စတင် အလုပ်လုပ်လာတော့သည်။
"ဗိုလ်လုပွဲရဲ့ မိတ်ဆက်ဗီဒီယိုပဲ နောက်ဆုံးတော့ ရောက်လာပြီဟေ့"
"ဟုတ်တယ်... စောင့်ရကျိုးနပ်သွားပြီ"
ဒီနှစ် တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်နှစ်ယောက် သူတို့ဟာ မဟာနွေရာသီ တိုင်းပြည်တလွှားမှာရှိတဲ့ ထောင်ပေါင်းများစွာသော ကောလိပ်တွေထဲက အသန်မာဆုံး ပုဂ္ဂိုလ်နှစ်ယောက်လို့ ဆိုရပေလိမ့်မည်။ ဒါကြောင့် ဗိုလ်လုပွဲ မစတင်မီ သူတို့အတွက် သီးသန့် မိတ်ဆက်ဗီဒီယိုတွေ ထုတ်လွှင့်ပေးခြင်းမှာ ရှေးရိုးစဉ်လာတစ်ခုပင် ဖြစ်သည်။
ထို့ကြောင့် ဟိုလိုဂရပ်ဖစ် ဖန်သားပြင် စတင်အလုပ်လုပ်ချိန်တွင် အတွင်းပိုင်း ပွဲကြည့်စင်မှ လူများအပါအဝင် အားကစားကွင်းအတွင်းရှိ ပရိသတ်ခြောက်သောင်းလုံးမှာ ကောင်းကင်ယံသို့ မျှော်လင့်တကြီး မော့ကြည့်လိုက်ကြသည်။
"မိုးကြိုးအထွတ်အထိပ် အခြေအနေ" "မိုးကြိုးနတ်ဘုရား လက်ချောင်း" "မိုးကြိုးမုန်တိုင်း" "မိုးကြိုးထောင်ချောက်"
“ဝုန်း... ဝုန်း...”
ဟိုလိုဂရပ်ဖစ် ဖန်သားပြင်ပေါ်တွင် ရွှေရောင်မိုးကြိုးလျှပ်စီးများ ဝန်းရံနေသည့် လူသားပုံစံ တိုင်ရန်နိုဆောရပ်စ်တစ်ကောင်သဖွယ် အရပ်ရှည်ရှည် လူငယ်တစ်ဦးက သူ၏ လှံရှည်ကြီးကို ကိုင်ဆောင်ကာ တိုက်ခိုက်ရေးနည်းစနစ်များကို ဆက်တိုက် ထုတ်သုံးနေသည်။ စင်မြင့်တစ်ခုလုံးမှာ ရွှေရောင်မိုးကြိုးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားကာ ပြင်းထန်လှသော မိုးကြိုးလျှပ်စီးများက သောင်းကျန်းနေတော့သည်။ အားကောင်းလှသော ရန်သူများမှာလည်း တစ်ဦးပြီးတစ်ဦး လဲကျနေကြရသည်။
မဂျစ်စီးတီးတက္ကသိုလ်အသင်း၏ အဖွဲ့ခေါင်းဆောင် ရှုကျင်းမင်က လိဂ်ပြိုင်ပွဲတစ်လျှောက် ပြိုင်ဘက်ပေါင်းများစွာကို အပြတ်အသတ် ချေမှုန်းလာခဲ့သည့် မြင်ကွင်းများကို တစ်ခုပြီးတစ်ခု ပြသနေခဲ့သည်။
"မြေထုအားပြင်း ခန္ဓာကိုယ်" "အကြွင်းမဲ့ သဲမုန်တိုင်း" "မြေထုအားပြင်း ขုတ်ချက်"
အဝါရောင် သဲဖုန်များ ဝန်းရံနေပြီး ထူထဲလှသော မြေဓာတ်သံချပ်ကာကို ဝတ်ဆင်ထားသည့် ဝမ်ချီက သဲဖုန်များ၏ စွမ်းအားကို ထိန်းချုပ်ထားသည်။ သူ၏ ခန္ဓာကိုယ်မှာ အသာအယာ လှုပ်ရှားလိုက်ရုံဖြင့် ပြိုင်ဘက်ဆီသို့ တခဏချင်းမှာပင် ရောက်ရှိသွားသည်။ သူ၏ လက်ထဲမှ တိုက်ခိုက်ရေးဓားမှာ မြေထုကဲ့သို့ လေးလံလှသော်လည်း သူက လျှပ်စီးကဲ့သို့ မြန်ဆန်စွာ ဝှေ့ယမ်းနေသည်။
ရှုကျင်းမင်၏ ပုံရိပ်များပြီးနောက် Sအဆင့်အတု စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ဓားသိုင်းတွင် ကျွမ်းကျင်လှသော ချင်းကျင်စွမ်းရည်ပိုင်ရှင်တက္ကသိုလ်မှ ဝမ်ချီ၏ စိတ်လှုပ်ရှားဖွယ် တိုက်ပွဲကလစ်များ ထွက်ပေါ်လာသည်။
"သူဟာ လွန်ခဲ့တဲ့ ၂၃ နှစ်ကတည်းက ကျွန်တော်တို့ မဟာနွေရာသီ တိုင်းပြည်မှာ တစ်ကျော့ပြန် ပေါ်ထွက်လာခဲ့တဲ့ SSအဆင့် နိုးထသူပဲ ဖြစ်ပါတယ်"
"တတိယအဆင့်မြင့်မျှသာ ရှိသေးပေမဲ့ တစ်ဦးချင်းပြိုင်ပွဲတလျှောက်မှာ အားလုံးကို အပြတ်အသတ် ချေမှုန်းလာခဲ့သူ"
"သူ့ရဲ့ အကန့်အသတ်ကို ဘယ်သူမှ မသိနိုင်ဘူး သူ တကယ် ဘယ်လောက်အထိ သန်လဲဆိုတာကိုလည်း ဘယ်သူမှ မခန့်မှန်းနိုင်ဘူး"
"သူကတော့ မဂျစ်စီးတီး စွမ်းရည်ပိုင်ရှင် တက္ကသိုလ်အသင်းရဲ့ အဖွဲ့ခေါင်းဆောင် SSအဆင့် မိုးကြိုးဓာတ် ဒုထျန်း နတ်ဘုရား မိုးကြိုး ကို ပိုင်ဆိုင်ထားသူ... ရှုကျင်းမင်ပဲ ဖြစ်ပါတယ်"
"ပြီးတော့ သူ့ရဲ့ ပြိုင်ဘက်ကတော့ ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ်ရဲ့ အဖွဲ့ခေါင်းဆောင် စတုတ္ထအဆင့်မြင့်အထိ ရောက်ရှိထားတဲ့ ဝမ်ချီပဲ ဖြစ်ပါတယ်"
"မဂျစ်စီးတီးနဲ့ ချင်းကျင်... သူတို့နှစ်ယောက်ထဲက ဘယ်သူက ပိုသန်မလဲ... ရှုကျင်းမင်က သူ့ရဲ့လှံနဲ့ ဝမ်ချီကို အနိုင်ယူမလား ဒါမှမဟုတ် ဝမ်ချီကပဲ ရှုကျင်းမင်ကို လှဲချသွားမလား... ဘယ်လိုရလဒ်မဆို ဖြစ်သွားနိုင်ပါတယ်"
"နောက်ဆုံးအဖြေကိုတော့ မကြာခင်မှာ ကျင်းပမယ့် နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲရဲ့ တစ်ဦးချင်း ဗိုလ်လုပွဲမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ အားလုံးပဲ မျှော်လင့်စောင့်စားပေးကြပါ"
စိတ်လှုပ်ရှားဖွယ်ရာ ဝေဖန်သုံးသပ်ချက်များနှင့်အတူ မိတ်ဆက်ဗီဒီယိုမှာ ဖြည်းညင်းစွာ ပြီးဆုံးသွားတော့သည်။
"ဘုရားရေ တကယ်ကို အမိုက်စားပဲ"
"ဗိုလ်လုပွဲအတွက် သီးသန့်လုပ်ထားတဲ့ ဗီဒီယိုဆိုတော့လည်း လုံးဝကို အဆင့်အတန်းရှိတာပဲ"
"ဒီကို ကိုယ်တိုင်မလာနိုင်တဲ့ ပရိသတ်တွေကတော့ တကယ်ကို နှမြောစရာပဲ"
ဟိုလိုဂရပ်ဖစ် ဖန်သားပြင်၏ ထူးခြားချက်မှာ မိနစ်အနည်းငယ်မျှသာရှိသော ဗီဒီယိုကိုပင် ပရိသတ်ခြောက်သောင်းလုံးအား တိုက်ပွဲအတွင်း ရောက်ရှိနေသကဲ့သို့ ခံစားရအောင် ဖန်တီးပေးနိုင်ခြင်းပင်။ ပြင်းထန်လှသော ရွှေရောင်မိုးကြိုးလျှပ်စီးများနှင့် ဟိန်းဟောက်နေသော စွမ်းအားများကြောင့် လူငယ်များစွာမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာများပင် နီမြန်းနေကြတော့သည်။
"ဒီနှစ် တစ်ဦးချင်း ဗိုလ်လုပွဲရဲ့ အဆင့်အတန်းက စတုတ္ထအဆင့်နိမ့် နှစ်ယောက် ယှဉ်ပြိုင်ခဲ့တဲ့ မနှစ်ကထက် အများကြီး ပိုပြီး မြင့်မားနေတာပဲ"
"ဟုတ်တယ်... ပေကျင်းတက္ကသိုလ်က ဝမ်ချီဆိုရင် ကျောင်းပြီးတာနဲ့ ငါတို့ကျောင်းမှာ တိုက်ရိုက် ဆရာဝင်လုပ်လို့တောင် ရတယ်" အတွင်းပိုင်း ပွဲကြည့်စင်မှ ဆရာများကလည်း တစ်ယောက်တစ်ပေါက် ချီးကျူးနေကြသည်။
မိတ်ဆက်ဗီဒီယိုများကို လေးငါးကြိမ်ခန့် ပြသပြီးနောက် အစီအစဉ်မှူး ဖုန်းလဲ့နှင့် ဝေဖန်သူ ဝူယွမ်တို့ စင်ပေါ်သို့ လျှောက်ထွက်လာခဲ့သည်။
"အားလုံးပဲ စောင့်မျှော်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲရဲ့ (၈) ရက်မြောက်နေ့ကို ပြန်လည် ကြိုဆိုပါတယ် စကားတွေ အများကြီး မပြောတော့ဘဲ တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို အခုပဲ စတင်ပါတော့မယ် ပထမဦးဆုံးအနေနဲ့ ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ်မှ ဝမ်ချီကို စင်မြင့်ပေါ် ဖိတ်ခေါ်ပါတယ်"
အစီအစဉ်မှူး၏ စူးရှသော အသံနှင့်အတူ ပရိသတ်များ၏ မျှော်လင့်တကြီး ကြည့်နေမှုအောက်တွင် ယခင်နှစ် တစ်ဦးချင်းပြိုင်ပွဲ၏ ချန်ပီယံဖြစ်သော ချင်းကျင်တက္ကသိုလ်က ပထမဆုံး စတင် ထွက်ပေါ်လာခဲ့သည်။ ဝမ်ချီက ၁.၂ မီတာ ရှည်လျားသော ထက်မြက်လှသည့် တိုက်ခိုက်ရေးဓားကို ကိုင်ဆောင်ကာ စင်နောက်ဘက်မှ ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့သည်
"ကျောက်တုံးဘုရင်" "ကျောက်တုံးဘုရင်" "ကျောက်တုံးဘုရင်"
ဝမ်ချီအတွက် သီးသန့် အားပေးသံများမှာ ဝုန်းခနဲ ထွက်ပေါ်လာတော့သည်။
"ဆက်လက်ပြီးတော့ မဂျစ်စီးတီး စွမ်းရည်ပိုင်ရှင် တက္ကသိုလ်မှ ရှုကျင်းမင်ကို ဖိတ်ခေါ်ပါတယ်"
ရှုကျင်းမင်က ပြင်ဆင်ပြီးသားဖြစ်သဖြင့် စင်နောက်ဘက်မှ လျှောက်ထွက်လာခဲ့သည်။ သူက မဂျစ်စီးတီး၏ အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံနှင့် သတ္တုစပ် စစ်ဖိနပ်များကို ဝတ်ဆင်ထားသည်။ တင်းကျပ်လှသော ဝတ်စုံအောက်တွင် သူ၏ ခန္ဓာကိုယ်မှာ အရပ်ရှည်ပြီး သန်မာထွားကြိုင်းနေကာ တိုက်ပွဲအတွက် အသင့်ဖြစ်နေသည့် အသွင်ကို ဆောင်နေသည်။
သူ၏ ကျောတွင် လေလွင့်တိမ်တိုက် ရွှေရောင်လှံကို လွယ်ထားပြီး ၎င်းမှာ သူ၏ ခေါင်းထက်ပင် မြင့်နေသေးသည်။ ထက်မြက်လှသော လှံဖျားနှင့် သွေးစုပ်မြောင်းများမှာ မွန်းလွဲပိုင်း နေရောင်အောက်တွင် အေးစက်စူးရှစွာ တောက်လောင်နေပြီး သွေးအသစ်များကို ငတ်မွတ်နေသယောင်ပင်။ ရှုကျင်းမင် စင်ပေါ်တွင် ရပ်နေရုံမျှနှင့်ပင် အင်အားကြီးမားသော ဖိနှိပ်မှု အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် ပရိသတ်အချို့မှာ သူ၏ မျက်လုံးများကို တည့်တည့်ပင် မကြည့်ရဲကြပေ။
"မိုးကြိုးဧကရာဇ်" "မိုးကြိုးဧကရာဇ်" "မိုးကြိုးဧကရာဇ်"
ယခင်တိုက်ပွဲများတွင် ရှုကျင်းမင်က ပရိသတ်အမြောက်အမြားကို ဖမ်းစားထားပြီးသား ဖြစ်သည်။ သူ ပေါ်လာသည်နှင့် ဝမ်ချီထက်ပင် ပိုမိုပြင်းထန်လှသော အားပေးသံများကို ရရှိခဲ့တော့သည်။
"ကျင်းမင်... မင်းက ငါ့ထက်တောင် လူကြိုက်များနေသလိုပဲနော်" တစ်ဖက်မှ ဝမ်ချီက တဟားဟား ရယ်မောရင်း ပြောလိုက်သည်။
"ဒါပေမဲ့ နှမြောစရာပဲ... ဒီတစ်ခါတော့ မင်းကို ငါ သေချာပေါက် အနိုင်ယူပြမယ် ဒီအားပေးသံတွေအားလုံးက ငါ့အတွက်ပဲ ဖြစ်ရမယ် အောင်မြင်မှု ဂုဏ်သိက္ခာကလည်း ငါတို့ ပေကျင်းတက္ကသိုလ်ဆီကိုပဲ ရောက်ရမယ်"
သူ၏ မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်နေသည်။
"ဟုတ်လို့လား... ပေကျင်းတက္ကသိုလ်ရဲ့ နံပါတ်တစ်ဆိုတဲ့ မင်းမှာ ဒီလောက်အထိ မောက်မာရဲအောင် ဘယ်လိုစွမ်းအားတွေ ရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
ရှုကျင်းမင်လည်း သူ၏ တိုက်ခိုက်လိုစိတ်များ ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရပြီး အေးစက်လှသော လေလွင့်တိမ်တိုက် ရွှေရောင်လှံကို ကျောမှဖြုတ်ကာ လက်တွင် အသင့်ကိုင်ထားလိုက်သည်။
"နှစ်ဖက်စလုံး ပြင်ဆင်ကြ"
အစီအစဉ်မှူး၏ အချိန်ရေတွက်မှု စတင်သည်နှင့် အားကစားကွင်းတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ လူပေါင်းခြောက်သောင်းကျော်မှာ အသက်ရှူပင် မဝဘဲ ကောင်းကင်ယံရှိ ဟိုလိုဂရပ်ဖစ် ဖန်သားပြင်ကို စိုက်ကြည့်နေကြသည်။
"၃... ၂... ၁... ပွဲစပြီ"
“ဘုန်း..”
ပွဲစသည်နှင့် တစ်ပြိုင်နက် သူတို့နှစ်ဦးထံမှ အလွန်အစွမ်းထက်လှသော အရှိန်အဝါနှစ်ခု ပေါက်ကွဲထွက်လာတော့သည်။ နှစ်ဖက်စလုံးက တစ်ယောက်ဆီသို့ တစ်ယောက် ပြိုင်တူ ပြေးဝင်သွားကြသည်။
"မိုးကြိုးအထွတ်အထိပ် အခြေအနေ"
ရှုကျင်းမင်က နိမ့်ရှိုင်းစွာ ဟိန်းဟောက်လိုက်ရင်း ပြေးနေစဉ်မှာပင် နှစ်မီတာကျော်သော အစွမ်းမြှင့်ပုံစံသို့ ပြောင်းလဲလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်မိုးကြိုးလျှပ်စီးများက သူ၏ ခန္ဓာကိုယ်မှနေ၍ အပြင်ဘက်သို့ ဝုန်းခနဲ ပျံ့နှံ့သွားကာ ဘေးပတ်လည် မီတာ ၅၀ အတွင်း မိုးကြိုးမုန်တိုင်းဇုန်ကို ဖြစ်ပေါ်စေသည်။ ခပ်လှမ်းလှမ်းမှ ကြည့်လျှင် မိုးကြိုးလျှပ်စီးများ၏ အလယ်ဗဟိုတွင် ရှိနေသော သူက နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားလှပနေတော့သည်။
"မြေထုအားပြင်း ခန္ဓာကိုယ်"
ညာဘက်မှ ဝမ်ချီလည်း သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်ရေးနည်းစနစ်ကို အသက်သွင်းလိုက်ရာ သူ၏ အရပ်မှာ သိသိသာသာ မပြောင်းလဲသော်လည်း ကြံ့ခိုင်ထွားကြိုင်းလှသော သူ၏ ကိုယ်လုံးမှာ တစ်ဆခန့် ထပ်မံ ကြီးထွားလာကာ ပုခုံးနှင့် ရင်ဘတ်ရှိ ကြွက်သားများမှာလည်း ဖောင်းကြွလာတော့သည်။ သူ၏ Sအဆင့်အတု စွမ်းရည်ဖြစ်သော ကောင်းကင်ဘုံ ကြွေကျမိုးကြိုးမြေ မှာ အစွမ်းကုန် ပေါက်ကွဲထွက်လာပြီး သဲဖုန်များမှာ ဟိန်းဟောက်နေတော့သည်။
“ဝုန်း.... ဝုန်း...”
မီတာ ၄၀၀ ပတ်လည်ရှိသော စင်မြင့်ကြီးမှာ နှစ်ခြမ်းကွဲသွားသယောင်ပင် တစ်ဖက်တွင် ပြင်းထန်လှသော ရွှေရောင်မိုးကြိုးလျှပ်စီးများ သောင်းကျန်းနေပြီး အခြားတစ်ဖက်တွင်မူ ထူထဲလှသော အညိုရောင် သဲဖုန်များက ဟိန်းဟောက်နေသည်။ နှစ်ဦးကြား အကွာအဝေး ကျဉ်းမြောင်းလာသည်နှင့်အမျှ မိုးကြိုးလျှပ်စီးနှင့် သဲမုန်တိုင်းတို့မှာ ထိပ်တိုက်တွေ့ဆုံကာ တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ဝါးမြိုတိုက်ခိုက်နေကြတော့သည်။
စွမ်းရည်သက်သက်ကိုသာ ကြည့်မည်ဆိုပါက တတိယအဆင့်မြင့်မျှသာ ရှိသေးသော ရှုကျင်းမင်မှာ စတုတ္ထအဆင့်မြင့်ရှိသော ဝမ်ချီထက် လုံးဝ အားမနည်းရုံသာမက အနည်းငယ်ပင် သာလွန်နေသယောင် ရှိနေသည်။
***