“ကမ္ဘာသစ်ပင်က စီနီယာကို ကမ္ဘာခြားနတ်ဆိုးဘုရင်ရဲ့ နန်းေတာ်ကို ဖိနှိပ်ဖို့ ကူညီပေးလိမ့်မယ်၊ ပြီးရင် အဲဒီနတ်ဆိုးရဲ့ အစွမ်းတွေကို ဝါးမျိုပြီး စီနီယာရဲ့ ကမ္ဘာကြီးကို စိမ်းလန်းစိုပြည်အောင် လုပ်ပေးမယ်လေ၊”
“ကောင်းပြီ၊ ဒီသဘောတူညီချက်ကို ငါလက်ခံတယ်၊” မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်မှာ ဝေခွဲမရဖြစ်မနေဘဲ ချက်ချင်းပင် သဘောတူလိုက်တော့သည်။ အဆောင်ဘိုးဘေး ၊ သခင် ကွယ်လွန်ပြီးနောက် သူ၏ အကြီးမားဆုံး တာဝန်မှာ ကမ္ဘာခြားနတ်ဆိုးများကို နှင်ထုတ်ရန်ပင် ဖြစ်သည်။ ယခုအခါ ဝူယွမ်က ထိုတာဝန်ကို ထမ်းဆောင်နိုင်မည့် အစွမ်းအထက်ဆုံးသူ ဖြစ်နေသလို သူတို့၏ ရည်မှန်းချက်မှာ အတူတူပင် ဖြစ်သည်။
ထို့ပြင် ကမ္ဘာသစ်ပင်မှာ လွန်စွာ ဆွဲဆောင်မှု ရှိလှပေသည်။ သူသည်လည်း ကမ္ဘာသစ်ပင်၏ နွေးထွေးသော ရင်ခွင်ထဲတွင် ခိုလှုံလိုစိတ် ပြင်းပြနေမိသည်။ ကမ္ဘာသစ်ပင်၊ ရွှေကျီးကန်းနှင့် ဝူယွမ် နားလည်ထားသော မူလရူန်းများမှာ ကမ္ဘာသစ်တစ်ခု တည်ဆောက်ရန် အခြေခံအုတ်မြစ်များပင် ဖြစ်သည်။
သူသာ ပေါင်းစပ်ဝင်ရောက်သွားပါက ထိုဖြစ်စဉ်ကို မြန်ဆန်စေပြီး သူကိုယ်တိုင်လည်း ကမ္ဘာတစ်ခုအဖြစ် ကြီးထွားလာနိုင်မည်ဖြစ်ရာ ၎င်းမှာ ဝိညာဉ်လက်နက်အားလုံး၏ အနတ္တအိပ်မက်ပင် ဖြစ်ပေသည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ဝူယွမ်သည် ချက်ချင်းပင် ‘ကန္တာရတိမ်’ နှင့် ဆက်သွယ်ကာ ကမ္ဘာသစ်ပင်၏ အမြစ်ဖျားများကို ကျောက်တိုင်ကမ္ဘာအတွင်းသို့ ထိုးဖောက် ဝင်ရောက်စေလိုက်သည်။ စိမ်းလန်းစိုပြည်သော သစ်ကိုင်းများမှာ မဟာရှေးဟောင်းကျောက်တိုင်မှတစ်ဆင့် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ အရှိန်အဟုန်ဖြင့် ပြန့်ကားသွားတော့သည်။
လွန်ခဲ့သော လအနည်းငယ်ကပင် ကမ္ဘာသစ်ပင်သည် မဟာရှေးဟောင်းကျောက်တိုင်၏ အာကာသနယ်မြေကို ပြည့်နှက်စေခဲ့ပြီး ဖြစ်သည်။ ယခုအခါ ပိုမိုကျယ်ဝန်းသော ကျောက်တိုင်ကမ္ဘာကြီးကို ရရှိလိုက်သောအခါ အတားအဆီးမဲ့စွာ ထပ်မံကြီးထွားလာပြန်သည်။ ထိုအချိန်တွင် ကျောက်တိုင်ကြီးသည်လည်း အပြင်ဘက်ရှိ ‘လေပြင်းခန်းမ’ မှ ဆေးမြစ်ရေများကို ကျောက်တိုင်အတွင်းသို့ သယ်ဆောင်ကာ မိမိ၏ ကမ္ဘာသစ်ကို ဖြည့်ဆည်းပေးလိုက်သည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်မှာ နှစ်ပေါင်းများစွာ ခြောက်သွေ့နေသော မြေရိုင်းတစ်ခုနှင့် တူနေခဲ့ရာ ရေလောင်းရန် ၊ စွမ်းအင်အမြောက်အမြား လိုအပ်နေခြင်းဖြစ်သည်။ မဟာရှေးဟောင်းကျောက်တိုင်အတွင်းမှ ဝူယွမ် ယခင်က စုဆောင်းထားခဲ့သော ဆေးမြစ်ရေများလည်း စီးဆင်းလာခဲ့သည်။
အတွင်းအပြင် ဆေးမြစ်ရေများ တစ်ပြိုင်နက် စီးဝင်လာသော်လည်း ကျောက်တိုင်ကြီး၏ ကျယ်ပြောလှသော ကမ္ဘာနှင့် ယှဉ်လျှင် ထိုစွမ်းအင်မှာ လုံလောက်မှု မရှိသေးပေ။ အဓိကမှာ ကမ္ဘာသစ်ပင်၏ အင်အားပင် ဖြစ်သည်။
ကျောက်တိုင်ကြီး၏ အတွင်းပိုင်း၌ စိမ်းလန်းသော အရိပ်အယောင်များ စတင်ပေါ်ပေါက်လာသည်။ ကမ္ဘာသစ်ပင်၏ လျင်မြန်သော ကြီးထွားမှုအောက်တွင် ခြောက်သွေ့သော မြေရိုင်းများမှာ မြက်ခင်းစိမ်းများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။ ကမ္ဘာသစ်ပင်၏ အမြစ်အချိုသည်လည်း ကျောက်တိုင်ကြီး၏ အာကာသအတွင်း၌ အမြစ်တွယ်လိုက်တော့သည်။
လေပြင်းခန်းမ၏ ဆေးမြစ်ရေများ ကျောက်တိုင်အတွင်းသို့ ဆက်တိုက်စီးဝင်နေမှုကြောင့် ချန်ကျန်း၊ ဝူတောင်နှင့် အခြားသူများမှာ မျက်လုံးပြူးကာ ကြည့်နေမိကြသည်။ ဆေးမြစ်မှာ လေပြင်းခန်းမ တပည့်များ ကျင့်ကြံရန် အုတ်မြစ်ပင် ဖြစ်သည်။ ဤကဲ့သို့သော အဖြစ်အပျက်မျိုး တစ်ခါမျှ မဖြစ်ဖူးခဲ့သဖြင့် သူတို့ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဘဲ ဖြစ်နေကြသည်။
“ဂိုဏ်းချုပ်၊ ဘယ်လိုလုပ်ကြမလဲ၊” ချန်ကျန်းက ယင်းရွှမ်းဇီကို မေးမြန်းလိုက်သည်။
“စုပ်ယူပါစေ၊” ဟု ယင်းရွှမ်းဇီက လေးနက်သော အသံဖြင့် ပြောကြားလိုက်သည်။ ကျောက်တိုင်ကြီး၏ ထူးခြားမှုနှင့် ယှဉ်လျှင် ဆေးမြစ်တစ်ခုမှာ ဘာမှမဟုတ်ပေ။ တောင်ဂိုဏ်း၏ အုတ်မြစ်မှာ ဤကျောက်တိုင်ကြီးသာ ဖြစ်သည်။ ၎င်းသည် ဂိုဏ်း၏ အထွတ်အမြတ် အရာဖြစ်သဖြင့် ဆေးမြစ်အချို့ကို စုပ်ယူခြင်းမှာ ကိစ္စမရှိပေ။
ကျောက်တိုင်ကြီး၏ အစာစားချင်စိတ်မှာ ကြီးမားလှပြီး များမကြာမီ ဆေးမြစ်တစ်ခုလုံးကို စုပ်ယူလိုက်တော့သည်။ ထိုအခိုက်အတန့်တွင် သူ၏ ကမ္ဘာအတွင်း၌ အသက်စွမ်းအင်များ ပြည့်နှက်သွားခဲ့သည်။
ကမ္ဘာသစ်ပင်မှာ လွတ်လပ်စွာ ပြန့်ကားသွားပြီး ၎င်း၏ သစ်ကိုင်းများမှာ ကျောက်တိုင်ကမ္ဘာ၏ သုံးပုံနှစ်ပုံခန့်ကို ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။
“ချိတ်ပိတ်ခြင်းတိမ်... ကမ္ဘာခြားနတ်ဆိုးကို နှိမ်နင်းလိုက်စမ်း၊”
ဝူယွမ်က နောက်ထပ် အစီအရင်တစ်ခု ပြုလုပ်လိုက်သည်နှင့် ‘ကောင်းကင်ချိတ်ပိတ်ခြင်း အစီအရင်မြေပုံ’ မှ ပြင်းထန်သော ချိတ်ပိတ်ခြင်းစွမ်းအင်များ ထွက်ပေါ်လာပြီး ကမ္ဘာခြားနတ်ဆိုး ဘုရင်နန်းတော်ကို ဝန်းရံကာ ကျောက်တိုင်ကြီးအား ကူညီ ဖိနှိပ်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ဝူယွမ်က ကျောက်တိုင်ပေါ်၌ အစီအရင်များကို စတင်ရေးဆွဲတော့သည်။ သူက ကမ္ဘာသစ်ပင်၏ အမြစ်များကို ပစ္စည်းအဖြစ် အသုံးပြုကာ ဆွဲအား၊ သန့်စင်ခြင်း၊ ဝါးမျိုခြင်းနှင့် ပိတ်ဆို့ခြင်းဆိုင်ရာ မူလရူန်းများကို ရေးထိုးလိုက်လေသည်။
ဤနည်းဖြင့် ကမ္ဘာသစ်ပင်၏ အမြစ်များက ကမ္ဘာခြားနတ်ဆိုးဘုရင် နန်းတော်ကို ဝန်းရံထားသော အစီအရင်တစ်ခု ဖြစ်လာကာ နှိမ်နင်းရာတွင် ကူညီပေးရုံသာမက ချေဖျက်သည့် ဖြစ်စဉ်ကိုလည်း ပိုမြန်ဆန်စေသွားတော့သည်။
ဤဖြစ်စဉ်အတွင်း အချိန်များမှာလည်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဤအစီအရင်ကြောင့် ကျောက်တိုင်ကြီးအပေါ် ကျရောက်နေသော ဖိအားများ များစွာ လျော့ကျသွားပြီး သူ့အနေဖြင့် ကျင့်ကြံခြင်းကဲ့သို့သော အခြားကိစ္စရပ်များ၌ အာရုံစိုက်နိုင်လာတော့သည်။
ဝူယွမ်က သူ့အား လှည့်စားခြင်း မရှိခဲ့ပေ။ ဤတာဝန်များ ပြီးဆုံးသွားပြီးနောက် ‘ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားသိုင်း’ ကို ကျောက်တိုင်ကြီးအား လွှဲပြောင်းပေးလိုက်သည်။ ခေါ်ရလွယ်ကူစေရန် ကျောက်တိုင်ကြီးကို ‘ကန္တာရ’ (Desolate) ဟု အမည်ပေးလိုက်သည်။ ‘ကန္တာရ’ ကလည်း သူ၏ ထူးခြားသော ‘မဟာရှေးဟောင်းကျမ်း’ ကို ဝူယွမ်အား ပေးအပ်ခဲ့သည်။
ထိုအရာက မဟာရှောင်းကျမ်း၏ ရှေးဟောင်းစာလုံး လေးလုံးကို စုစည်းကာ ဝူယွမ်၏ အရှေ့ဋ် လွင့်ပျံနေစေလိုက်သည်။ ထိုစာလုံးများအတွင်းမှ ကျယ်ပြောပြီး နက်နဲလှသော သတင်းအချက်အလက်များကို ဝူယွမ် ခံစားလိုက်ရသည်။
‘ကန္တာရ’ က မဟာရှေးဟောင်းကျမ်း ကျင့်ကြံပုံကို ဝူယွမ်အား ရှင်းပြလာသည်။ “မဟာရှေးဟောင်းကျမ်းရဲ့ စစ်မှန်တဲ့ အနှစ်သာရက ‘ကန္တာရ’ ဆိုတဲ့ စာလုံးနှစ်လုံးမှာ ရှိတယ်... ကန္တာရဆိုတာ ခြောက်သွေ့ခြင်းကို ဆိုလိုပေမဲ့ သက်ရှိအားလုံးရဲ့ ရှင်သန်ခြင်းကိုတော့ လုံးဝ ဖျက်ဆီးပစ်တာ မဟုတ်ဘူး၊ လောကရှိ အရာအားလုံးဟာ သံသရာလည်နေကြတာပဲ... ကန္တာရဆိုတာက သက်စောင့်အားအင်တွေကို ခဏတာ ဖုံးကွယ်ထားပြီး သံသရာ တစ်ပတ်လည်လာမယ့် နွေဦးရာသီကို စောင့်ဆိုင်းနေတာမျိုးပဲ၊”
ရှေးဟောင်းစာလုံး လေးလုံးသည် ဝူယွမ်၏ စိတ်အတွင်းသို့ ဝင်ရောက်သွားပြီး ဝူယွမ်၏ မျက်နှာမှာ အနည်းငယ် တည်ကြည်သွားသည်။ သူ၏ စိတ်အတွင်း၌ ကျယ်ပြောလှသော သတင်းအချက်အလက်များ စီးဝင်လာသော်လည်း ဤအဆင့်မှာ သူ ယခင်က လက်ခံရရှိဖူးသော ကျင့်စဉ်များလောက် နက်နဲခြင်း မရှိလှသဖြင့် အလွယ်တကူပင် စုပ်ယူနိုင်ခဲ့သည်။
【တုန်... မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်သို့ ရောက်ရှိပါပြီ၊ ဆိုင်းအင် ပြုလုပ်လိုပါသလား၊】
မဟာရှေးဟောင်းကျမ်း၏ အချက်အလက်များကို လက်ခံရရှိပြီးနောက် ဝူယွမ် မျက်လုံး မဖွင့်ရသေးမီမှာပင် စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်။
“ဆိုင်းအင် ဝင်မယ်၊” ဝူယွမ်က တုန့်ဆိုင်းမနေပဲ ချက်ချင်းပင် ပြောလိုက်သည်။
【ဆိုင်းအင် ဝင်ခြင်း အောင်မြင်ပါသည်။ ဆုလာဘ် - ချီတစ်ခုမှ လောကမူလ နတ်ဘုရားသုံးပါးပွင့်ခြင်း ကို ရရှိပါသည်၊】
【ချီတစ်ခုမှ လောကမူလနတ်ဘုရား သုံးပါး ပွင့်ခြင်း - တာအိုကျင့်စဉ်၏ အစွမ်းထက်ဆုံး ကျင့်စဉ်များထဲမှ တစ်ခုဖြစ်ပြီး ကိုယ်ပွားသုံးခုကို ကျင့်ကြံနိုင်စွမ်း ရှိသည်၊ ကိုယ်ပွားများနှင့် မူလခန္ဓာကိုယ်မှာ တူညီသော ခွန်အားကို ပိုင်ဆိုင်ကြပြီး မည်သူက အဓိက၊ မည်သူက အရံဟူ၍ ကွဲပြားမှု မရှိချေ၊ အောင်မြင်စွာ ကျင့်ကြံပြီးပါက မိမိ လေးဦး ဖြစ်လာမည်ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားမှာ လေးဆ တိုးလာမည် ဖြစ်သည်၊】
ယခင်ထက် ပိုကျယ်ပြောလှသော ကျင့်စဉ်အချက်အလက်များ ဝူယွမ်၏ စိတ်အတွင်းသို့ ပြည့်နှက်လာပြန်သည်။ ဤအချက်အလက်များမှာ မဟာရှေးဟောင်းကျမ်းထက် အဆပေါင်းများစွာ ပိုရှုပ်ထွေးလွန်းသဖြင့် ဝူယွမ်၏ ဦးခေါင်းမှာပင် ကွဲမတတ် နာကျင်သွားရသည်။
နောက်ဆုံးတွင် ကျင့်စဉ်ကို လက်ခံရရှိပြီးသွားသောအခါ ဝူယွမ်၏ နာကျင်မှုများမှာ ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ‘ချီတစ်ခုမှ လောကမူလ နတ်ဘုရားသုံးပါးပွင့်ခြင်း’ မှာ အလွန်တရာ အစွမ်းထက်လှပေသည်။
၎င်းသည် မူလခန္ဓာနှင့် ထပ်တူကျသော ကိုယ်ပွားသုံးခုကို ဖန်တီးနိုင်သည်။ ထို့ပြင် ကိုယ်ပွားများနှင့် မူလခန္ဓာက ဝိညာဉ်တစ်ခုတည်းကို မျှဝေသုံးစွဲနိုင်သဖြင့် စိတ်တစ်ခုတည်းဖြင့် အလုပ်လေးခုကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်ခြင်းနှင့် တူညီသည်။ အကယ်၍ တိုက်ပွဲအတွင်း ကိုယ်ပွားများကို ခေါ်ယူလိုက်ပါက တစ်ဦးချင်း တိုက်ပွဲမှာ လေးဦးနှင့် တစ်ဦး တိုက်ပွဲ ဖြစ်သွားမည်ဖြစ်ရာ အပြတ်အသတ် အောင်နိုင်ပေမည်။
ထို့အပြင် ဤနည်းလမ်းကြောင့် သူက ကျင့်ကြံခြင်းအတွက် အချိန်ပေးနေရသဖြင့် ပိုင်ယွမ်နှင့် အခြားသူများကို အချိန်မပေးနိုင်မည်ကို စိုးရိမ်ရန် မလိုတော့ပေ။ ကျင့်ကြံခြင်းကို ဝေမျှနိုင်သဖြင့် ကိုယ်ပွားတစ်ခုကို ကျင့်စဉ်တစ်ခု ကျင့်ကြံခိုင်းခြင်းဖြင့် အချိန်များစွာ သက်သာစေမည် ဖြစ်သည်။ စနစ်မှ ရရှိထားသော ကျင့်စဉ်များကို ကျင့်ကြံရန် အချိန်မရှိမည်ကိုလည်း စိတ်ပူရန် မလိုတော့ချေ။
‘ချီတစ်ခုမှ လောကမူလ နတ်ဘုရားသုံးပါးပွင့်ခြင်း’ မှာ အချိန်ကိုက် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုရမည်။ ဝူယွမ်သည် ချက်ချင်း ထွက်မသွားသေးဘဲ ဆိုင်းအင်၀င်ရာမှ အရှိန်အဟုန်ကို အသုံးချကာ ယခုရရှိထားသော သိုင်းပညာနှစ်ရပ်၏ အချက်အလက်များကို ချေဖျက်နေလိုက်သည်။ ထို့အပြင် ‘ကန္တရာတိမ်’ နှင့် ‘ကန္တာရ’ တို့ကိုလည်း ယခုအခြေအနေနှင့် ရင်းနှီးကျွမ်းဝင်စေရန် အချိန်ပေးလိုက်သည်။
တစ်လတာ အချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့လေပြီ။ လေပြင်းခန်းမ၏ တောင်ထိပ်ပေါ်၌ လူအများ ပြည့်နှက်နေဆဲဖြစ်ပြီး တောင်ဂိုဏ်းတစ်ခုလုံး၏ အကြည့်များမှာ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ပေါ်သို့သာ ကျရောက်နေကြသည်။
ဆေးမြစ်ရေ တစ်ခုလုံးကို စုပ်ယူပြီးနောက် ကျောက်တိုင်ကြီးမှာ တည်ငြိမ်သွားခဲ့သည်။ သို့သော် ဤတစ်လအတွင်းတွင် ကျောက်တိုင်ကြီးမှာ ယခင်နှင့် မတူတော့ကြောင်း လူတိုင်း သတိထားမိကြသည်။ ၎င်းသည် ယခင်ကကဲ့သို့ အသက်မဲ့မနေတော့ဘဲ ဇီ၀အသက်စွမ်းအင်အချို့ ရရှိထားပုံပေါ်ကာ ကျောက်တိုင်ကိုယ်ထည်မှာလည်း မှေးမှိန်မနေတော့ဘဲ တောက်ပသော ရောင်ဝါအချို့ ထွက်ပေါ်နေခဲ့သည်။
အတိုချုပ်ပြောရလျှင် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဤအချက်က လူတိုင်းကို မျှော်လင့်ချက်များ ဖြစ်ပေါ်စေသည်။ တစ်ချိန်တည်းမှာပင် ဝူယွမ်အတွက်လည်း စိုးရိမ်နေကြသည်။ ယခုအခါ ဝူယွမ်အနေဖြင့် မဟာရှေးဟောင်းကျမ်းကို နားလည်သဘောပေါက်သွားမလားဆိုသည်ထက် ဝူယွမ် တစ်ခုခု ဖြစ်သွားမလားဆိုသည်ကို ပို၍ စိုးရိမ်နေကြခြင်း ဖြစ်သည်။
နောက်ဆုံးတွင်... ယယနေ့...
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ပေါ်တွင် အလင်းတန်းတစ်ခု လျှပ်ခနဲ ပေါ်ပေါက်လာပြီး အတွင်းဘက်မှ လူရိပ်တစ်ခု လမ်းလျှောက် ထွက်ပေါ်လာတော့သည်။
***