ချောင်မူသည် မကြုံစဖူး အဆင့် A ရခဲ့၍ အသက်ခြောက်ဆယ်အရွယ်သို့ ရောက်သွား၏ ။
သူ မျက်လုံးမှိတ်ထားပြီး အိမ်မက်ထဲတွင် လေ့ကျင့်ရသည်များကို ပြန်ခံစားကြည့်နေသည် ။
' သိုင်းပညာ လေ့ကျင့်တယ်ဆိုတာ မလွယ်ဘူး.. ဒီအခြေအနေကို ရောက်ဖို့ တစ်နေ့ပြီးတစ်နေ့ ဇွဲလုံ့လနဲ့ ချွေးသံတရွှဲရွှဲ ကြိုးစားခဲ့ရတာ.. '
' ဒီလို ကြိုးစာခဲ့လို့လဲ ဒီလို အောင်မြင်နိုင်တာပေါ့..'
' ဟူးးး.. ငါလေး ပင်ပန်းသွားပြီ ..'
လက်ရှိတွင် ချောင်မူ ၏ သက်ရှည်လက်သီးသိုင်းသည် ချောင်စန်းရွှယ် သင်ကြားပေးခဲ့သော အခြေခံအဆင့်တွင် ရှိနေဆဲပင် ။ စိတ်ဝိညာဥ်သန့်စင်ခြင်း အဆင့်သို့ ဝင်ရောက်ရန် နည်းလမ်း မရှိ၍ တစ်ဆို့သွားလေပြီ ။
ရှေးဟောင်းကျင့်စဥ်ဖြစ်သော အဆုံးမဲ့သန့်စင်သောယန် ကျင့်စဥ်မှာလည်း အဆင့်သုံးသို့ ရောက်သွား၏ ။
သူ၏ သိုင်းအကုန်လုံးမှာ အဆင့်တခုအထိ တိုးတက်လာခဲ့သဖြင့် အားနည်းချက်ဟူ၍ မရှိသလောက် ဖြစ်သွားသည် ။
ချောင်မူ ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်က သိုင်းကျမ်းနှစ်ခုထဲသာဖြစ်၏ ။
ပထမ တစ်ခုမှာ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း သိုင်းဖြစ်သည် ။ ဤသည်မှာ ချောင်မူ၏ အားအထားရဆုံး သိုင်းပင် ။ အကြိမ်ပေါင်းများစွာ အသုံးပြုပြီးနောက်ကျွမ်းကျင့်အဆင့်သိူ့ ရောက်နိုင်မည်ဟု မည်သူထင်ပါမည်နည်း ။
ချောင်စန်းရွှယ် သင်ပေးခဲ့သော ရည်ရွယ်ချက်မှာ အသတ်ဘေးမှ လွတ်မြောက်နိုင်ရန်ဖြစ်သော်လည်း ချောင်မူသည် ကိုယ်ပိုင်ဟန်ရသည်အထိ ကျွမ်းကျင်လာခဲ့သည် ။
ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းသည် အတွင်းအင်္ဂါနှင့် အရိုးများမှ စွမ်းအင်များကို အတွင်းအားဖြင့် ပေါင်းကူးပြီး ထုတ်ယူခြင်းဖြစ်၏ ။ သို့ရာတွင် ချောင်မူ ၏ သိုင်းမှာမူ သွေးနှင့် ချီများမှ စွမ်းအားများကိုပါ ထုတ်ယူ၍ ရနေလေပြီ ။ ဝူချင်းရှင်း က လီမီးတောက်ဖြင့် ရှို့ခဲ့သော အချိန်တွင် သွေးနှင့်ချီများကို လောင်စာ အဖြစ် တွန်းအားပေးခဲ့ခြင်းကြောင့် သူ ကျွမ်းကျင်သွား၏ ။
ဒုတိယသိုင်းကျမ်းမှာ ထပ်ဆင့်လှိုင်းခွန်အား ဖြစ်သည် ။ ချောင်စန်းရွှယ်၏ အပြောအရ ချောင်မိသားစုအကြီးအကဲပင်လျှင် အဆင့် ၃ အထိသာ ရောက်ခဲ့ဘူးသည် ။ ယခု ချောင်မူသည် အဆင့် ၂ နှစ်ထပ်လှိုင်းသို့ ရောက်နေလေပြီ ။
သေဆုံးမှုအကဲဖြတ်ချက် မြင့်မားလေလေ အချိန်ကို အသုံးချရာတွင် ပိုကောင်းလေလေဖြစ်၍ ဤဆယ့်ခြောက်နှစ်တာ ကာလအတွင်း အကျိုးအရှိဆုံးမှာ သိုင်းကျမ်းများ၏ တိုးတက်မှုပင်ဖြစ်သည် ။
' စန်းရွှယ် ခုဘယ်လိုနေလဲ မသိဘူး.. သူ အင်မော်တယ်လမ်းစဥ်ကို စလျှောက်နေလောက်ပြီလား..'
' အချိန်တွေကုန်တာ မြန်လိုက်တာ.. ငါ့အသက်က ခြောက်ဆယ်တောင် ရှိသွားပြီ.. အင်မော်တယ်လမ်းစဥ်က သိုင်းလမ်းစဥ်ထက် ပိုတိုးတက်တာမြန်တယ်ဆိုတော့ နောက်တစ်ခါတွေ့ အကူအညီတောင်းဖို့ အခွင့်အရေး မရှိလောက်တော့ဘူး ..'
ချောင်မူသည် အသက်ကြီးလာသဖြင့် သူ၏ ဆယ်ကျော်သက်ဘဝမှ မိတ်ဆွေဟောင်းများကို ပြန်စဥ်းစားမိနေ၏ ။ ချောင်စန်းရွှယ် ဟူသည်က သူ၏ လမ်းကိုညွှန်ပြပေးခဲ့သူ တစ်ယောက်ပင် ။ ယနေ့ ချောင်မူ သည်ကျင့်ကြံသူများနှင့် ပထမဆုံး တိုက်ခိုက်ဖူးသည်ကလည်း ချောင်မိသားစုခြံဝင်းဟောင်းတွင် ဖြစ်၏ ။
ချောင်မူ မျက်လုံးမှိတ်ပြီး သူ့ဝမ်းဗိုက်အောက်ပိုင်းကို အာရုံစိုက်လိုက်သည် ။
မျှော်လင့်ထားသည့်အတိုင်း သူ့ဝမ်းဗိုက်အောက်ပိုင်း၏ စွမ်းအင်ပင်လယ်သည် တစ်ဖန် လျင်မြန်စွာ ကျယ်ပြန့်လာပြန်သည် ။
သိုင်းပညာရှင်အဆင့် ၆ မှ အဆင့် ၄ အထိ ခုန်တက်လာခဲ့၏ ။
' အမ်.အဆင့် ၄ တောင်ရောက်သွားပြီပဲ.. နောက်တစ်ဆင့်တက်ရင် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်ဖြစ်လိမ့်မယ်..'
ချောင်မူသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကျေနပ်အားရသည်အထိ စစ်ဆေးပြီးသည့်နောက် အပြင်သို့ ထွက်လာခဲ့၏ ။ အသက်ကြီးလာသည်က စိတ်နေစိတ်ထား တစ်မျိုးပြောင်းလာသည်ကို သူခံစားမိပြီး ပျော်ရွှင်နေလေသည် ။ ရုတ်တရက် သူတွေးမိသွား၏ ။
' ငါ သက်ရှည်လက်သီးသုတ္တန် ဒုတိယတွဲ မရရင် အဆင့် ၃ ကို ရောက်မှာမဟုတ်ဘူး.. ' ( သက်ရှည်လက်သီးသုတ္တန်က တစ်ခုလုံးကို ခေါ်တာဗျ.. သက်ရှည်လက်သီးသိုင်းက ရှေ့ပိုင်းတင်မို့ အဲ့လိုသုံးလိုက်တာ.. )
ချောင်မူသည် သက်ရှည်လက်သီးသိုင်း၏ အရှေ့ပိုင်းကို ကျွမ်းကျင်အဆင့်အထိ တက်မြောက်ပြီးသည့်အတွက် အသက်ခြောက်ဆယ်အရွယ်၌ပင် ကြံ့ခိုင်သန်မာနေသေး၏ ။ သို့ရာတွင် နောက်ဆက်တွဲ သိုင်းကျမ်း မရဘဲ အသက်ပိုကြီးလာပါက မည်သို့ ဖြစ်သွားနိုင်သည်ကို သူ မသိပေ ။
' ဝူကျိအသင်းကကောင်တွေ ဘယ်မှာ ပုန်းနေကြတာလဲ မသိဘူး ဒုတိယတွဲကို မြန်မြန်ရှာနိုင်မှ ဖြစ်မယ်.. '
ချောင်မူသည် ကုံးမျိုးရိုး မိတ်ဆွေဟောင်းကိုပင် သတိရမိသွား၏ ။ ထိုသူက အလွန်ရက်ရောကာ မိတ်ဆွေများကို ကူညီတက်သူဖြစ်သည် ။
နေမင်းကြီးက အနောက်ဘက်သို့ ငုတ်လျိုးသွား၍ အမှောင်ထုက ဖုံးလွှမ်းသွားလေပြီ ။
ချောင်မူက လမ်းဘေးတွင် ရပ်နေပြီး မီးများလင်းထိန်နေသော ရွှမ်ထျန်းဘုရားကျောင်းကို ကြည့်နေ၏ ။
ဘုရားကျောင်းတစ်ခုလုံး မီးများလင်းထိန်နေပြီး ကြက်ပျံမကျ စည်ကားလျက်ရှိသည် ။ ယနေ့မနက်တွင် ဖြစ်ခဲ့သော အဖြစ်အပျက်က မဖြစ်ဘူးသကဲ့သို့ပင် ။
ချောင်မူက ဘုရားကျောင်းအနောက်ဘက်ရှိ တောင်ပေါ်သို့ ခေါင်းမော့ကြည့်လိုက်လျှင် နှလုံးသားထဲမှ ထူးဆန်းသော ခံစားချက်ကို ခံစားမိလိုက်သည် ။
' ရွှမ်ထျန်းဂိုဏ်းရဲ့ သူတော်စင်မ ဝူချင်းရှင်း.. သူဘာလို့ ဝူကျိအသင်းနဲ့ ပက်သက်နေတာ.. '
ချောင်မူ တွေးနေစဥ် ရုတ်တရက် ခန္ဓာကိုယ်တောင့်တင်းသွား၏ ။ သူ၏ ဗီဇ အာရုံခံအရ ဝူချင်းရှင်းကဲ့သို့သော နောက်တစ်ယောက်သည် ဟဲရန်မြို့ပြင်တွင် ရောက်ရှိနေလေသည် ။
' ဝူကျိအသင်းက လူ ဖြစ်နိုင်မလား..'
ချောင်မူက ရွှမ်ထျန်းဘုရားကျောင်းကို ပြန်ကြည့်ပြီးနောက် အကြည့်လွဲလိုက်တော့သည် ။ မနက်ခင်းတွင် သေခဲ့ရသည်မှ ကျင့်ကြံသူများ၏ စွမ်းအားကို အနည်းငယ်နားလည်လာခဲ့သည် ။
အဆင့် ၆ သိုင်းပညာရှင် တစ်ယောက်ပင် ဂိတ်စောင့်ဖြစ်နေသည့် ကျင့်ကြံသူများအား သူ ရင်မဆိုင်ချင်သေးချေ ။ သူ သေရမည်ကို မကြောက်သော်လည်း အကျိုးမရှိဘဲ မသေချင် ။ လူသားမီးရှူးတိုင် ထွန်းသည်က ဤမှောင်မိုက်သော ကမ္ဘာကို အများကြီး အလင်းပေးနိုင်စွမ်းမရှိ ။
' ငါအာရုံခံမိတဲ့ မြို့ပြင်ကလူက ဝူကျိအသင်းဝင်လားဆိုတာကို အရင်သွားကြည့်ရမယ်.. '
ယခုအချိန်၌ ချောင်မူသည်လည်း သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်း၏ ထူဆန်းမှုကို ယောင်ဝါးဝါး သဘောပေါက်လာပြီ ဖြစ်သည် ။
***