ဂိုဏ်းချုပ် ကျိုးရှီက မေးသည်။ “အဲဒီတော့ နဂါးဉာဏ်အလင်း အာရုံခံစားမှုနဲ့ ပတ်သက်ပြီး အစစ်နဲ့ အတုကို သက်သေပြကြမလား။”
မင်းသမီး နင်ဟန်က ပြော၏။ “အဆင့်နိမ့် နဂါးဉာဏ်အလင်း အာရုံခံစားမှုက မလုံလောက်လို့ ဒီရှေးဟောင်းအကြွင်းအကျန် နယ်မြေရဲ့ စွမ်းအင် ဗဟိုချက်ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီနည်းလမ်းကို ကျွန်မ သဘောတူပေမဲ့ အချက်တစ်ချက်ကိုတော့ ရှင်းပြချင်ပါတယ်။ တကယ့် အရှင်ရှမ့်လန် အစစ်အနေနဲ့ နဂါးဉာဏ်အလင်း အာရုံခံစားမှု ထုတ်လွှတ်နိုင်ရင်တောင် ဒီသဲကန္တာရ မြို့တော်က ပိရမစ်ကို ထိန်းချုပ်နိုင်ချင်မှ ထိန်းချုပ်နိုင်လိမ့်မယ်။”
ဂိုဏ်းချုပ် ကျိုးရှီက ပြောသည်။ “အခြားတစ်နည်းနဲ့ ပြောရရင် ရှမ့်လန် အတုကတော့ သဲကန္တာရ မြို့တော်ရဲ့ ပိရမစ် ထိန်းချုပ်ခွင့်ကို သေချာပေါက် ရနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ရနိုင်ခဲ့ရင် သူက အစစ်ဖြစ်ကြောင်း သက်သေပြနိုင်ပြီလား။”
မင်းသမီး နင်ဟန်က ပြန်ဖြေ၏။ “ဒါပေါ့။”
ဂိုဏ်းချုပ် ကျိုးရှီက ပြောသည်။ “ကျုပ် သဘောတူတယ်။”
“ကျွန်မ သဘောတူတယ်။”
ရှမ့်လန်အတုက ရှမ့်လန်ကို အမြဲတမ်း စိုက်ကြည့်နေပြီး အချိန်အနည်းငယ် ကြာပြီးနောက် သူက ထူးဆန်းသော အပြုံးတစ်ခုကို ပြသကာ ပြော၏။ “ကျုပ်လည်း သဘောတူတယ်။”
ကျိုးရှီက ပြောသည်။ “အားလုံး သဘောတူပြီးပြီဆိုတော့ ပိရမစ်ဆီ သွားကြတာပေါ့။”
---
ထို့နောက် နန်းတော်ထဲမှ အဖွဲ့လိုက် ထွက်ခွာလာကာ သဲကန္တာရ မြို့တော်၏ တကယ့် တားမြစ်နယ်မြေဖြစ်သော ဧရာမပိရမစ်ကြီးဆီသို့ သွားကြသည်။ ဤပိရမစ်ကြီးက သဲကန္တာရ မြို့တော် တစ်ခုလုံး၏ ထိန်းချုပ်မှု ဗဟိုဌာနဖြစ်ပြီး လူမျက်နှာ မြွေကိုယ်လုံးပုံစံဖြင့် ကောင်းကင်ကို မော့ကြည့်နေသော ရှေးဟောင်းရုပ်တုက ဤပိရမစ်ကြီး၏ ထိပ်ခေါင်တွင် ရှိနေ၏။
ထို့ကြောင့် ဤဧရာမ ပိရမစ်ကြီးမှာ သဲကန္တာရ မြို့တော် တစ်ခုလုံး၏ အသက်သွေးကြော ဖြစ်သည်။
“ဒီပိရမစ်ကြီးမှာ တံခါး မရှိဘူး။ လူတွေ ဝင်သွားမှာကို တားဆီးဖို့အတွက် ကျုပ်တို့က တံခါးတစ်ချပ် တပ်ဆင်ထားတာပါ။”
ဂိုဏ်းချုပ် ကျိုးရှီက ပြော၏။ “ဒါအပြင် ဒီတံခါးကို ကျုပ်နဲ့ နင်ဟန် နှစ်ယောက်ပေါင်းပြီး တစ်ပြိုင်တည်း ဖွင့်ရတာပါ။”
ဂိုဏ်းချုပ်ကျိုးရှီက ဘယ်ဘက် ထိန်းချုပ်ခလုတ်ကို နှိပ်လိုက်ပြီး မင်းသမီးနင်ဟန်က ညာဘက် ထိန်းချုပ်ခလုတ်ကို နှိပ်လိုက်သည်။
ထို့နောက် စကားဝှက် တစ်ဝက်စီကို အသီးသီး လှည့်လိုက်ကြ၏။
“ဝုန်း...”
တောင်ကြီးတစ်လုံးပမာ ကြီးမားကျယ်ဝန်းလှသော သဲကန္တာရ မြို့တော်၏ ပိရမစ်ကြီး ပွင့်သွားသည်။
ကောင်းကင်ကို မော့ကြည့်နေသော ဤရုပ်တုမှာ သဲကန္တာရ မြို့တော်တစ်ခုလုံး၏ စွမ်းအင် ဗဟိုချက်ဖြစ်ပြီး သဲကန္တာရ မြို့တော် တစ်ခုလုံး၏ သေခြင်း၊ ရှင်ခြင်းတို့နှင့် သက်ဆိုင်နေ၏။
အာကာသတည်နောစွမ်းအင်များ၊ စွမ်းအင် အာရုံလှည့်စားမှုများ … အစရှိသည်တို့ အားလုံးက ဤရုပ်တုပေါ်တွင် မူတည်နေသည်။ ကောင်းကင်ကို မော့ကြည့်နေသော ဤရုပ်တုသာ မရှိပါက သဲကန္တာရ မြို့တော်အနေဖြင့် မိမိကိုယ်ကိုယ် ဖုံးကွယ်ထားနိုင်မည် မဟုတ်သလို တည်ရှိနေသော အသက်ဓာတ်များကိုလည်း သော့ခတ်ထားနိုင်မည် မဟုတ်ချေ။
ပိရမစ်ထဲသို့ ဝင်ရောက်သွားသည်။
အတွင်းဘက်တွင် ယှဉ်ပြိုင်စရာမရှိအောင် ကျယ်ဝန်းလှသော ဧရာမခန်းမဆောင်ကြီး တစ်ခုရှိပြီး မီတာ ရာပေါင်းများစွာ မြင့်မားကာ စတုရန်းမီတာ သိန်းပေါင်းများစွာ ကျယ်ဝန်း၏။
ပိရမစ်ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်သွားပြီးနောက် မည်သူမဆိုသည် မိမိကိုယ်ကိုယ် ယှဉ်ပြိုင်စရာမရှိအောင် သေးငယ်သွားသကဲ့သို့ ခံစားရပေမည်။
ရှေးဟောင်းအကြွင်းအကျန်နယ်မြေများရှိ မည်သည့် ပိရမစ်မဆို စွမ်းအင် သိုလှောင်ထိန်းချုပ်မှု ဗဟိုဌာနများ ရှိကြောင်းကို ရှမ့်လန် ချွင်းချက်မရှိ သိထားသည်။
အမေဇုန်နိုင်ငံမှာလည်း ဤသို့ပင်ဖြစ်ပြီး မီးလျှံမြို့တော် ရှေးဟောင်းအကြွင်းအကျန် နယ်မြေမှာလည်း ဤသို့ပင် ဖြစ်သည်။ ပို၍ပဲ အံ့မခန်း ဖြစ်သည်မှာ ယင်းကို ချော်ရည် ပင်လယ်ပြင်ပေါ်တွင် တိုက်ရိုက် တည်ဆောက်ထားခြင်း ဖြစ်၏။
သို့ပေမည့် ဤအရာက ရှမ့်လန် ပထမဆုံးအကြိမ် မြင်တွေ့ဖူးသော ရှေးဟောင်း ပိရမစ်ထိန်းချုပ်မှု ဗဟိုဌာနဖြစ်ပြီး လုံးဝ ကွဲပြားခြားနားနေသည်။
ဟိုက်ဒရိုဂျင်နီယမ် ဘောလုံးကြီးကို မမြင်ရသလို စွမ်းအင် ဗဟိုချက်ကိုလည်း မမြင်ရချေ။
နံရံကာ တစ်ခုသာ ရှိပြီး တောက်ပကာ ထွန်းလင်းနေသော ထိုနံရံကာမှာ အလွန် လျှို့ဝှက်ဆန်းကြယ်ပုံရကာ ရင်းနှီးနေသယောင်လည်း ရှိသည်။
ရှမ့်လန် နဂါး၏ အာရုံခံစားမှုကို အသုံးပြုချိန်တွင်လည်း အလားတူ ခံစားရသလိုမျိုး ဖြစ်တတ်၏။ မှန်းဆချက် မမှားပါက ဤနံရံကာမှာ ပိရမစ် တစ်ခုလုံး၏ ထိန်းချုပ်မှု ဗဟိုဌာနပင် ဖြစ်ရပေမည်။
အမေဇုန်နိုင်ငံ ပိရမစ်နှင့် ကွဲပြားပြီး ပျောက်ဆုံးအင်ပါယာ၏ ပိရမစ် ထိန်းချုပ်မှု ဗဟိုဌာနနှင့်လည်း ကွဲပြားကာ ယင်းက မိမိကိုယ်ကိုယ် လုံးဝ ဖုံးကွယ်ထားခြင်း မရှိဘဲ ခန်းမဆောင်ကြီးထဲတွင် ပွင့်လင်းမြင်သာစွာ တည်ရှိနေ၏။
ရှမ့်လန်၏ ကောက်ချက်ချမှုများအရ သူ့ကို ထိန်းချုပ်ရန်မှာ ရိုးရှင်းပေလိမ့်မည်။ စာလုံး အနည်းငယ် ရေးသားရုံသာ ဖြစ်သည်။
ကွဲပြားသော နဂါးအာရုံခံစားမှုများကြောင့် ရေးသားရမည့် စာလုံးပုံစံမှာလည်း လုံးဝ ကွဲပြား ခြားနားနေသည်။ ယင်းကို အတုခိုးရန် မဖြစ်နိုင်ပေ။
ဂိုဏ်းချုပ် ကျိုးရှီက ပြော၏။ “နောက်ပိုင်း ဘာတွေ ဖြစ်လာမလဲဆိုတာ ကျုပ် မသိပေမဲ့... တစ်ကမ္ဘာလုံးမှာ အရှင်ရှမ့်လန် တစ်ယောက်တည်းပဲ ရှိနိုင်ပြီး တော်ဝင်ချန်အင်ပါယာမှာလည်း ဧကရာဇ် တစ်ပါးတည်းပဲ ရှိနိုင်တယ်။ နှစ်ယောက်လုံး စတင်ကြပါတော့။ ဘယ်သူ အရင် စမလဲ။”
ရှမ့်လန်က ပြောသည်။ “ကျုပ် အရင် စမယ်။”
ဂိုဏ်းချုပ် ကျိုးရှီက မေး၏။ “ကျုပ်တို့ ရှောင်နေပေးဖို့ လိုမလား။”
“မလိုပါဘူး။”
ရှမ့်လန်က ဖြေသည်။ “နဂါးဉာဏ်အလင်း အာရုံခံစားမှုကို အတုခိုးလို့ မရသလို ခိုးယူလို့လည်း မရပါဘူး။”
ထို့နောက် ရှမ့်လန်သည် စိတ်စွမ်းအား အားလုံးကို စုစည်းကာ စာလုံး တစ်လုံး ရေးသားလိုက်၏။
နဂါး။
အလယ်အလတ်အဆင့် နဂါး၏ အာရုံခံစားမှု နဂါးစာလုံး ဖြစ်သည်။ ယင်းက ပြင်ညီ မဟုတ်ဘဲ သုံးဖက်မြင်ပုံစံ ဖြစ်ကာ အဆက်မပြတ် ပြောင်းလဲနေသည်။
သူက စိတ်စွမ်းအား ၅၀ ရာခိုင်နှုန်းကို အသုံးပြုကာ ဤစာလုံးကို ယှဉ်ပြိုင်စရာမရှိအောင် ခက်ခက်ခဲခဲ အပြီးသတ် လိုက်ရသည်။ တကယ်ကို ခက်ခဲလွန်းလှ၏။
အဘယ့်ကြောင့်ဆိုသော် ဤအရာက စွမ်းအင် သမိုင်းကြောင်း တစ်ခုလုံး၊ စွမ်းအင် ဆင့်ကဲပြောင်းလဲမှုများနှင့် စွမ်းအင် ညီမျှခြင်းတို့ကို ဖော်ပြသကဲ့သို့ ဖြစ်သောကြောင့်ပင်။ အချက်အလက် ပမာဏအနေဖြင့် ပြောရလျှင် အံ့မခန်း ကြီးမားလှသည်။
အတိတ်က ပိရမစ်ကို ကာကွယ်ခဲ့သော သန့်စင်သော မဟာပညာရှင်ကြီး ၁၃ ပါးက သူတို့၏ နောက်ဆုံး အသက်များကို ပေးဆပ်ကာ အလယ်အလတ်အဆင့် နဂါးစာလုံးကို ရေးသားခဲ့ပြီး ရှမ့်လန်ကို အာရုံခံစားမှု အပြည့်အဝ ရရှိစေခဲ့ခြင်း ဖြစ်၏။
ကျူးနင်နှင့် မင်းသမီး နင်ဟန်တို့က တစ်ချက်သာ ကြည့်လိုက်ရပြီး ချက်ချင်း လဲကျသွားကြသည်။
နင်ဟန်က တော်သေးသော်လည်း ကျူးနင်မှာတော့ သနားစရာကောင်းလောက်အောင် အော်ဟစ်လိုက်ပြီး ဦးနှောက်ထဲတွင် ချက်ချင်း ပေါက်ကွဲသွားကာ ဘာမှမသိတော့ဘဲ တိုက်ရိုက် သတိလစ်သွား၏။
သူမ၏ စိတ်စွမ်းအားက အလွန် အားနည်းလွန်းရာ ဤမျှ ကြီးမားသော သတင်းအချက်အလက် ပမာဏကို လက်ခံနိုင်စွမ်း မရှိချေ။
သို့ပေမည့် မင်းသမီး နင်ဟန်က တစ်ဝက်သာ ကြည့်လိုက်ပြီး မျက်လုံးများကို နာကျင်စွာ မှိတ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူမ မြင်သမျှ အရာအားလုံးက ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားကာ မျက်လုံး တစ်ဝက်ကန်းသွားသကဲ့သို့ ဖြစ်သွားသောကြောင့် ဖြစ်သည်။
ဆယ်မိနစ်တိတိ ကြာမြင့်သွား၏။
ရှမ့်လန်က သူ၏ အများဆုံးသော စိတ်စွမ်းအား၊ ဉာဏ်ပညာအားလုံးနှင့် အာရုံခံစားမှု အားလုံးကို အသုံးပြုကာ ဤကွဲပြားသော ယဉ်ကျေးမှုမှ နဂါးစာလုံး ရေးသားခြင်းကို အပြီးသတ်လိုက်သည်။
ထို့နောက် ပိရမစ် ထိန်းချုပ်မှု ဗဟိုဌာနရှိ နံရံကာထဲသို့ တိုက်ရိုက် ရေးထွင်းလိုက်၏။
“သင် ရုပ်တု စီရင်ပိုင်ခွင့်ကို ရရှိသွားပါပြီ။” ခွန်အားပါသော အသံတစ်သံက တိုက်ရိုက် ထွက်ပေါ်လာသည်။
ချက်ချင်းပင် လူတိုင်း တုန်လှုပ်သွားကြကာ ရှမ့်လန်ကို မယုံနိုင်စွာ ကြည့်လိုက်ကြ၏။
ရှမ့်လန် အတု အပါအဝင်ပင်။ သူ၏ မျက်နှာအမူအရာက လုံးဝ ပြောင်းလဲသွားသည်။ လူမျက်နှာ မြွေကိုယ်လုံးပုံစံဖြင့် ကောင်းကင်ကို မော့ကြည့်နေသော ရုပ်တု၏ စီရင်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားနိုင်ခြင်းလား။ ဤအရာက ဘာအဓိပ္ပာယ်ဖြစ်သနည်း။ နတ်ဘုရားတစ်ပါး၏ စွမ်းအားကို ဆုပ်ကိုင်ထားနိုင်သကဲ့သို့ မဟုတ်လား။
ဂိုဏ်းချုပ် ကျိုးရှီက ပြောသည်။ “အရှင် … အရှင့်ရဲ့ အလှည့် ရောက်ပါပြီ။”
ထိုရှမ့်လန်အတု၏ မျက်နှာက ရှံ့တွသွားပြီး အကြည့်များက ရှမ့်လန်ဆီရောက်ရှိသွားသည်။ ပြီးနောက် ခေါင်းမာစွာ စိုက်ကြည့်နေကာ ပါးစပ်ကြီးဟပြီး အသက်ရှူ မြန်နေ၏။
အချိန်အနည်းငယ် ကြာပြီးနောက် သူက နဂါးဓားကို မြှောက်ကာ နဂါးစာလုံးကို ကြိုးစားပမ်းစား ရေးသားသည်။ သူက အစွမ်းကုန် ကြိုးစားနေသည်။ သို့ပေမည့် ၁၀ ပုံ ၁ ပုံတောင် မပြီးပြတ်သေးချေ။
“ဘုန်း...”
နံရံကာက အဖြူရောင် အလင်းတန်းတစ်ခုကို ပြင်းထန်စွာ ထုတ်လွှတ်လိုက်ရာ ရှမ့်လန်အတု၏ ခန္ဓာကိုယ်ကြီး လွင့်စင်သွား၏။ ကောက်ရိုးရုပ်တစ်ခုကဲ့သို့ ပြင်းထန်စွာ ပြုတ်ကျသည်။
“ဖူး...”
သွေးများ ပန်းထွက်လာပြီး ရှမ့်လန်အတုတွင် ရှေးဟောင်း ဧကရာဇ် လက်စွပ်၏ ကာကွယ်မှု ရှိနေလျှင်တောင် အသက်ရှူကျပ်နေဆဲ ဖြစ်၏။
သူက အားကုန်သုံးကာ ထိုင်လိုက်ပြီး ရှမ့်လန်ကို လက်ညှိုးထိုးကာ စကားတစ်ခွန်းနှစ်ခွန်းလောက် ပြောချင်နေသည်။ သို့ပေမည့် ဘာမှ မပြောနိုင်တော့ချေ။
“ဖူး...” ပြင်းထန်စွာ သွေးတစ်လုတ် အန်ချလိုက်သည်။
ဤရှမ့်လန်အတုက တိုက်ရိုက် သတိလစ်သွားပြီး သူ၏ ကံကြမ္မာမှာ မသေချာတော့ပေ။
လက်ရှိ ရလဒ်က ရှင်းလင်းနေသည်။
ခေါင်းဆောင်ကျိုးရှီက လူတိုင်းကို ဦးဆောင်ကာဖြင့် ညီညာစွာ ဒူးထောက်ပြီ ခေါင်းငုံ့ပြော၏။ “ကျုပ်တို့ အရှင့်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
သို့ပေမည့် ဤတစ်ကြိမ်တွင်တော့ ရှမ့်လန်က ရန်သူကို လှည့်စားသည့်နည်းစနစ်ကို အမှန်တကယ် အသုံးပြုလိုက်သည်။
လူတိုင်းရှေ့တွင်၊ ဤနံရံကာရှေ့တွင် တစ်လက်မချင်းစီ သူ၏ မူလရုပ်သွင်အဖြစ် ပြန်လည် ပြောင်းလဲလိုက်၏။ ကောင်းကင်အောက် နံပါတ်တစ် အလှဆုံး အမျိုးသားဖြစ်သည့် ရှမ့်လန် ပြန်လည်ရောက်ရှိလာခဲ့၏။
ထို ၁.၈ မီတာကျော် မြင့်မားကာ ကြက်တစ်ကောင်ကိုပင် ဖမ်းဆီးရန် ခွန်အားမရှိသော၊ မိန်းကလေးများထက်ပင် ပိုမို ဆွဲဆောင်မှုရှိကာ အသုံးမကျသည့် လူယုတ်မာ အငွေ့အသက်များ ပြည့်နှက်နေသည့် ရှမ့်လန် ပြန်ရောက်လာခဲ့သည်။
ယခုအချိန်တွင်တော့ လူတိုင်းက ယင်းမှာ မျက်စိပသာဒ ဖြစ်စရာဟု ထင်မှတ်နေကြသည်။
အရှင်ရှမ့်လန်က ဤရုပ်သွင်နှင့် ပိုလိုက်ဖက်ပြီး ခုဏကလို အလွန် တည်ကြည်ခန့်ညားကာ သဘာဝလွန် စွမ်းအားများ ပြည့်နှက်နေသည့် ပုံရိပ်နှင့် သိပ်မလိုက်ဖက်လှချေ။
ဂိုဏ်းချုပ်ကျိုးရှီက ပြော၏ “အရှင် မနက်ဖြန်မနက်မှာ ဧကရာဇ်အဖြစ် တရားဝင် နန်းတက်နိုင်ပါစေ။ မနက်ဖြန် ညနေပိုင်းမှာ မင်းသမီးနင်ဟန်နဲ့ လက်ထပ်ပွဲ ကျင်းပပြီး မကြာခင်မှာ နဂါးမင်းသားလေး ဖွားမြင်နိုင်ပါစေ။”
ရှမ့်လန်၏ အကြည့်များက ရှမ့်လန်အတုထံသို့ ရောက်ရှိသွားသည်။
ဤလူက မည်သူနည်း။ မှန် ပေလား။
................
အရာအားလုံး အဆင်ပြေသွားချိန်မှာတော့ ကျူးဟုန်ရွှဲ့ သက်ပြင်းချလိုက်သည်။
ကျိုးရှီ ဒူးထောက်၍ ဦးတိုက်လိုက်၏။ “အရှင်... ကျုပ် အပြစ်ကြီးမားလှပါတယ်။ ကပ်ဘေးဆိုးကြီး ဖြစ်လာတော့မလို ဖြစ်သွားခဲ့ရပါတယ်။ အပြစ် ပေးတော်မူပါ။”
ရှမ့်လန်က နှစ်သိမ့်လိုက်သည်။ “သူက အတုဆိုပေမဲ့ အရမ်းကို စစ်မှန်လွန်းနေတယ်။၊ ကဏ္ဍတိုင်းမှာ ကျုပ်ထက်တောင် ပိုပြီး စစ်မှန်နေပါသေးတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်နေတာတောင် ခင်ဗျားတို့ရဲ့ စိတ်ထဲမှာတော့ ကျုပ်ကို ယုံကြည်နေကြတုန်းပါပဲ။”
ဤအရာက အမှန်တရားပင် ဖြစ်သည်။ ရှမ့်လန်အစစ်နှင့် အတုတို့၏ ကစားပွဲတွင် ရှမ့်လန်သည် အစပိုင်း၌ အသာစီးမရခဲ့ပေ။ သက်သေအထောက်အထား အားလုံးက သူ့ဘက်တွင် မရှိခဲ့ချေ။ သို့သော်ငြား လူတိုင်းက ရှမ့်လန်ကို အခွင့်အရေး ပေးခဲ့ကြပြီး သူ့ကိုယ်သူ သက်သေပြနိုင်မည့် အကြောင်းပြ ရှာဖွေပေးခဲ့ကြသည်။
***