ရှမ့်လန် ပြောသကဲ့သို့ပင် သူတို့၏ စိတ်ထဲ၌ ရှမ့်လန်ကို အစစ် ဖြစ်စေချင်ခဲ့ကြသည်။ ထိုအရာမှာ အလိုအလျောက် သိစိတ်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်။
ကျိုးရှီက ပြောလိုက်၏။ “ဒီနေ့ကစပြီး ဒီပိရမစ်ကြီးဟာ တားမြစ်နယ်မြေ ဖြစ်သွားပါပြီ။ အရှင်ကလွဲပြီး ဘယ်သူမှ ဝင်ထွက်ခွင့် မရှိပါဘူး။”
သူက ဆက်ပြောသည်။ “ဒီတံခါးလုပ်တုန်းက အိပ်မက်ဆိုးကျောက်တုံးကို အသုံးပြုထားတာပါ။၊ အရှင်... စကားဝှက်နဲ့ လက်ဗွေကို ပြန်လည်သတ်မှတ်ပေးပါ။”
ရှမ့်လန်သည် အားနာမနေတော့ဘဲ တံခါးဝသို့ သွားကာ စကားဝှက်နှင့် လက်ဗွေကို ပြန်လည်သတ်မှတ်လိုက် သည်။ ယခုမှစ၍ သူတစ်ဦးတည်းသာ ဝင်ထွက်ခွင့် ရှိတော့မည်။
“သူ့ကို ဖမ်းဆီးပြီး ကုသပေးလိုက်ပါ။ မသတ်ပါနဲ့။” ရှမ့်လန်က ရှမ့်လန်အတုကို ညွှန်ပြကာ ပြောလိုက်၏။
“အမိန့်တော်အတိုင်းပါ။”
ပိရမစ်ကြီးမှ ထွက်ခွာပြီးနောက် ရှမ့်လန်နှင့် အခြားသူများသည် တော်ဝင်ချန်နန်းတော်သို့ ပြန်လာခဲ့ကြသည်။
ရှမ့်လန် မေးလိုက်၏။ “နန်းဆောင်သခင် ကျိုးရှီ... ဒီ ရှမ့်လန်အတုကို ဘယ်ကနေ တွေ့ခဲ့တာလဲ။”
ကျိုးရှီက ဖြေလိုက်သည်။ “သဲကန္တာရ အစပ်နားကပါ။ သူက အနောက်ဘက်ကနေ ရောက်လာတာပါ။”
အနောက်ဘက်၊ သဲကန္တာရကြီး၏အနောက်ဘက်သည် အလွန် ဝေးကွာသည်။ ထိုနေရာက မည်သည့် နေရာနည်း။ ဤကမ္ဘာမှာ လုံးဝန်းသော ဂြိုဟ်တစ်လုံး ဖြစ်သည်။ အရှေ့တိုင်းအင်ပါယာမှ အရှေ့ဘက်သို့ သွားလျှင် ရှီလွန်အင်ပါယာသို့ ရောက်ရှိမည် ဖြစ်သည်။ ရှီလွန်အင်ပါယာမှ အရှေ့ဘက်သို့ ဆက်သွားလျှင် ဘာမှန်း မသိရှိရသေးသော နေရာဖြစ်၏။
မီးနတ်ဘုရားဂိုဏ်း ရှီလွန်အင်ပါယာမှ ဆုတ်ခွာစဉ်က လုံးဝ မသိရှိရသေးသော အရှေ့ဘက် အရပ်ဒေသသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ အရှေ့တိုင်းအင်ပါယာ၏ အနောက်ဘက်တွင် အနောက်တိုင်းနိုင်ငံများ ရှိပြီး ထိုနိုင်ငံများ၏ အနောက်ဘက်တွင် သဲကန္တာရကြီး ရှိသည်။ ဆိုလိုသည်မှာ ဤဂြိုဟ်၏ ပထဝီ အနေအထားအရ သဲကန္တာရကြီး၏အနောက်ဘက်သည် ရှီလွန်အင်ပါယာနှင့် နီးကပ်စွာ တည်ရှိနေနိုင်သည်။ ထိုကြားထဲတွင် မသိရှိရသေးသော နယ်မြေတစ်ခု ရှိနေနိုင်၏။ ဤလမ်းကြောင်းအရ ရှမ့်လန်အတုသည် ထိုအမည်မသိ နယ်မြေမှ ရောက်ရှိလာပုံရသည်။
ကျိုးရှီ သက်ပြင်းချကာ ပြောလိုက်၏။ “အမှန်အတိုင်း ပြောရရင် အခုချိန်ထိ သူ့ဆီမှာ ဘာအပြစ်အနာအဆာမှ ကျုပ် မတွေ့သေးပါဘူး။ ဘယ်လိုပဲကြည့်ကြည့် သူက အရှင်ရှမ့်လန်နဲ့ တစ်ပုံစံတည်းပါပဲ။၊ အတိတ်က မှတ်ဉာဏ်တွေ အားလုံးလည်း သူ့ဆီမှာ ရှိနေပါတယ်။ အရှင်နဲ့ ကျုပ်ပဲ သိတဲ့ အကြောင်းအရာတွေတောင် ပါဝင်တယ်။
ဥပမာ... ကျုပ် အရှင့်ကို ချန်မြို့တော်ကနေ ခေါ်ထုတ်ပြီး ကပ်ဘေးနန်းတော်ကို ခေါ်သွားခဲ့တာမျိုးပေါ့။၊ ကျုပ် သူ့ကို သိမ်သိမ်မွေ့မွေ့ စမ်းသပ်ကြည့်တော့ သူက မှန်ကန်စွာ တုံ့ပြန်ခဲ့တယ်။၊ ပြောရရင် သူ့ကို စတွေ့တုန်းက ကျုပ် လုံးဝ သံသယ မဝင်ခဲ့ပါဘူး။”
ကျိုးရှီသာမက ရှမ့်လန် ကိုယ်တိုင်လည်း အပြစ်အနာအဆာ ရှာမတွေ့ခဲ့ပေ။ တကယ်ပင် သူ၏ မျက်ဝန်း၊ ခန္ဓာကိုယ် တည်ဆောက်ပုံ၊ စိတ်နေသဘောထား အားလုံးက ရှမ့်လန်နှင့် တစ်ပုံစံတည်း တူညီနေသည်။ ရှမ့်လန်၏ ဇနီးနှင့် သားသမီးများသာ ခွဲခြားနိုင်မည်ဟု ယူဆရသည်။
အဘယ်ကြောင့်ဆိုသော် ယောင်ယောင်သည် ရှမ့်မီအား မိသားစုဝင်များအကြား စိတ်ခံစားမှုချင်း ဆက်နွယ်ခြင်း အကြောင်းကို သင်ကြားပေးခဲ့ဖူးသောကြောင့် ဖြစ်သည်။ ၎င်းမှာ ဆုပ်ကိုင်ပြ၍ မရသော နက်နဲသည့် အရာတစ်ခု ဖြစ်၏။
“အရှင်... သတင်းဆိုး တစ်ခုလည်း ရှိပါသေးတယ်။” နန်းဆောင်သခင် ကျိုးရှီက ပြောလိုက်သည်။
ရှမ့်လန်က မေး၏။ “အမှောင်အင်ပါယာရဲ့ အင်အားတွေ စပြီး ပျံ့နှံ့လာပြီလား။”
ကျိုးရှီက ပြောလိုက်သည်။ “အရှင် ထင်တဲ့အတိုင်းပါပဲ။”
“အမှောင်ဧကရာဇ်ကြီး ကျန်းလီက လောကရဲ့စွမ်းအင်တွေကို စုပ်ယူပြီး ငရဲသလင်းကျောက် အမိုးခုံး စွမ်းအင်ဒိုင်းကို တည်ဆောက်နေပါတယ်။၊ ငရဲကျောက်တိုင်တွေ စိုက်ထူတဲ့နေရာတိုင်းမှာ စွမ်းအင်ဒိုင်းတွေ ပေါ်လာပြီး သူ့ရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်ရှိသွားပါတယ်။”
ထိုအရာက အမှန်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် ရှမ့်လန်သည် သူ့ကို သစ္စာရှိသူများ များပြားသော်လည်း ကျန်းအင်ပါယာအတွင်း၌ သူ့အင်အားကို တည်ဆောက်ရန် မစဉ်းစားခဲ့ခြင်း ဖြစ်သည်။ ထျန်းနန်မြို့၏ လက်အောက်ငယ်သား ၁,၀၀၀ တို့သည် ရှမ့်လန်ကို မမြင်ဖူးသော်လည်း လောက၏ အမှန်တရားကို သိရှိပြီးနောက် ရှမ့်လန်အတွက် အသေခံခဲ့ကြ၏။
ထို့ကြောင့် ရှမ့်လန်သာ သူ့ကိုယ်သူ သက်သေပြနိုင်ပြီး အမှန်တရားကို ဖော်ထုတ်နိုင်ပါက ကျန်းအင်ပါယာမှ လူထု၏ သစ္စာရှိမှုကို ပြန်လည်ရယူနိုင်လိမ့်မည်ဟု ထင်ရသည်။ သို့သော်ငြား ထိုသို့ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းအင်ပါယာ တစ်ခုလုံးသည် ကျန်းလီ၏ လက်အောက်ခံ ရှေးဟောင်းလူသားများ လက်ထဲတွင် အပြည့်အဝ ရောက်ရှိနေသောကြောင့် ဖြစ်သည်။ စွမ်းအင်ဒိုင်းအတွင်း၌ ရှိနေသမျှ ကာလပတ်လုံး ထိုနေရာသည် သူ့အတွက် အားသာချက် ဖြစ်နေပေလိမ့်မည်။ ထိုဧရိယာအတွင်း၌ ကျန်းလီသည် နတ်ဘုရားသဖွယ် ဖြစ်ပြီး မည်သူမှ သူ့ကို မယှဉ်နိုင်ပေ။
မြောက်ဝင်ရိုးစွန်းတွင် ရှိစဉ်က သူသည် မြောက်ဝင်ရိုးစွန်းတစ်ခုလုံး၏ စွမ်းအားကို ထိန်းချုပ်ထားသဖြင့် အလွန် စွမ်းအားကြီးမားခဲ့သည်။ ကျောက်စိမ်းဖြူမြို့တော် ဧကရီအဆင့်ရှိသူပင်လျှင် သူ့လက်ချက်ဖြင့် ပျက်စီးခဲ့ရသည်။ ယခု သူသည် လောက၏ ထက်ဝက်ခန့်ကို အုပ်စိုးထားပြီဖြစ်ရာ ပို၍ပင် ပြိုင်ဘက်ကင်းနေပြီ ဖြစ်သည်။
မူလက ကျန်းလီသည် ဂြိုလ်အူတိုင်ကို လျင်မြန်တိကျစွာ ဝါးမျိုခဲ့ပြီး စွမ်းအင်များကို အလေအလွင့် မရှိစေခဲ့ပေ။ သူသည် နယ်မြေချဲ့ထွင်ရန်လည်း မလောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဟန်ချက်ညီမှု လိုအပ်သောကြောင့် ဖြစ်၏။
စွမ်းအင်ဒိုင်း တည်ဆောက်ရန် စွမ်းအင်လိုအပ်ပြီး ဒိုင်းအတွင်းရှိ ဂေဟစနစ်ကို ထိန်းသိမ်းရန်လည်း စွမ်းအင် လိုအပ်သည်။ ထို့ကြောင့် အမိုးခုံးမြို့တော်တစ်ခု တည်ဆောက်ပြီးပါက ရရှိလာမည့် အကျိုးအမြတ်သည် ကုန်ကျစရိတ်ထက် များပြားရမည်။
စတုရန်းကီလိုမီတာ ၁၃၀ သန်း ကျယ်ဝန်းသော သဲကန္တာရကြီးသည် သေဆုံးနေသော နယ်မြေတစ်ခု ဖြစ်သည်။ မြေအောက်စွမ်းအင်များ ခန်းခြောက်နေပြီ ဖြစ်သဖြင့် ဤနေရာတွင် စွမ်းအင်ဝါးမျိုခြင်းက တွက်ခြေ မကိုက်ပေ။ မြေကြီးထဲသို့ ငရဲကျောက်တိုင်များ စိုက်ထူမည့်အစား ပင်လယ်ထဲတွင် အမိုးခုံးမြို့တော် တည်ဆောက်ပြီး ပင်လယ်ရေနက်ပိုင်းသို့ ငရဲကျောက်တိုင်များ စိုက်ထူခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ကျိုးရှီက ပြောလိုက်သည်။ “အရင်တုန်းက အမှောင်အင်ပါယာက လူတွေလွှတ်ပြီး မိုကျင်းကို စုံစမ်း လေ့လာခဲ့ပေမဲ့ အကြီးစား တိုက်ခိုက်ဖို့ အစီအစဉ် မရှိခဲ့ပါဘူး။၊ ဒါပေမဲ့ ဒီတစ်ခါမှာတော့ အမှောင်အင်ပါယာက ကျုပ်တို့ကို ဝိုင်းရံလာပြီ ဆိုတာ သတိထားမိတယ်။
မြောက်ဘက်မှာ ကြီးမားတဲ့ ကျောက်တိုင်တွေကို သဲကန္တာရ မြေကြီးထဲကို ထိုးစိုက်နေပါပြီ။၊ ငရဲကျောက်တိုင် ရောက်တဲ့ နေရာတိုင်းမှာ ငရဲသလင်းကျောက်တွေ လွှမ်းခြုံသွားပြီး ကျန်းလီက သူ့ရဲ့ နတ်ဘုရားအာဏာကို အသုံးပြုလို့ ရသွားပါလိမ့်မယ်။”
ရှင်းနေသည်မှာ ရှမ့်လန် ပေါ်ထွက်လာခြင်းက ကျန်းလီ၏ မိုကျင်း ဖျက်ဆီးရေးအစီအစဉ်ကို အရှိန်မြင့်စေခဲ့ခြင်း ဖြစ်၏။
နန်းဆောင်သခင် ကျိုးရှီက ဆက်ပြောလိုက်သည်။ “ကောင်းကင်ပင်လယ်နန်းဆောင်က ဒီရှေးဟောင်း သုတေသန နယ်မြေကို တွေ့ရှိခဲ့တုန်းက လက်နက်တွေ အများကြီး ရရှိခဲ့ပါတယ်။၊ အထူးသဖြင့် သွေးမျိုးဆက် ပြောင်းလဲခြင်းနဲ့ သက်ရှိပုံသဏ္ဍာန် ပြောင်းလဲခြင်းတွေမှာပေါ့။ အားလုံးက တစ်ဟုန်ထိုး တိုးတက်ခဲ့တယ်။
ဒါကြောင့် ကောင်းကင်ပင်လယ်နန်းဆောင် လက်အောက်က စစ်သည်တော်တွေ အားလုံးဟာ တိုက်ခိုက်ရေး စွမ်းရည်တွေ အံ့မခန်း တိုးတက်လာခဲ့ပါတယ်။၊ ဒါပေမဲ့ တစ်ချက်တော့ ရှိပါတယ်။ အဲဒီ ရှေးဟောင်း လက်နက်တွေကို ကျုပ်တို့ အသုံးပြုခွင့် အာဏာမရှိလို့ မသုံးနိုင်ခဲ့ပါဘူး။”
နင်ဟန်က ပြောလိုက်၏။ “ဒါကြောင့် အရှင်ရှမ့်လန် ပြန်လာမှာကို ကျွန်မတို့ မျှော်လင့်နေခဲ့ကြတာပါ။ အရှင်ဆီမှာ လုပ်ပိုင်ခွင့်အာဏာ ရှိမယ်လို့ ယုံကြည်ပါတယ်။”
ရှမ့်လန် ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ “ကျုပ် ပိရမစ်ကြီးထဲကို နောက်တစ်ခေါက် ဝင်ရမယ်။”
“ကောင်းပါပြီ။” ကျိုးရှီက ပြောလိုက်၏။
မင်းသမီး နင်ဟန်က သတိပေးလိုက်သည်။ “အရှင်... နောက်တစ်နာရီကြာရင် ကျင်းပမဲ့ ညီလာခံမှာ တရားဝင် နန်းတက်ရမယ် ဆိုတာကို မမေ့ပါနဲ့နော်။ အရှင် မလုပ်ချင်ဘူးဆိုတာ သိပေမဲ့ ဒါက အရမ်း အရေးကြီးပါတယ်။”
..........
ရှမ့်လန်သည် ပိရမစ်ကြီး အတွင်းသို့ တစ်ဖန် ပြန်လည်ဝင်ရောက်ခဲ့သည်။ ယခုတစ်ကြိမ်တွင် “နဂါး” ဟူသော စာလုံးကို ရေးသားရန် မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် လုပ်ပိုင်ခွင့်အာဏာကို ရယူပြီး ဖြစ်သောကြောင့်ပင်။
သူသည် အလင်းနံရံအတွင်းသို့ တိုက်ရိုက် ဝင်ရောက်လိုက်သည်။ မှန်ပေသည်။ ဤနံရံသည် ရုပ်ဝတ္ထု မဟုတ်ဘဲ အထူးစွမ်းအင် အလင်းရိပ်တစ်ခုသာ ဖြစ်၏။
“ကြိုဆိုပါတယ်။ လေးစားအပ်တဲ့ အလယ်အလတ်အဆင့် တပ်မှူး...” ရှမ့်လန်၏ နားထဲတွင် အသံတစ်ခု ပေါ်ထွက်လာသည်။ ၎င်းသည် လူသံမဟုတ်ဘဲ စွမ်းအင်သက်ရှိတစ်ခုနှင့် ပို၍ တူညီသည်။ သူမက ရှင်းလင်းစွာ ပြောလိုက်သည်။ အလယ်အလတ်အဆင့် တပ်မှူး ဟူ၍ပင်။
ရှမ့်လန် မျက်လုံးများကိုမှိတ်ကာ ဝိညာဉ်အာရုံ အားလုံးကို လွှတ်ထုတ်ပြီး နဂါးဉာဏ်အလင်း နယ်ပယ်ထဲသို့ ဝင်ရောက်လိုက်သည်။ သက်တောင့်သက်သာ ရှိလွန်းလှ၏။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ အဆုံးအစမဲ့သော ဝိညာဉ်စွမ်းအားများ သူ့ဦးနှောက်ထဲသို့ စီးဝင်လာပြီး ယခင်က ကုန်ဆုံးသွားသော စွမ်းအားများ ပြန်လည်ပြည့်ဖြိုးလာခဲ့သည်။
“ကျုပ်မှာ ဘာလုပ်ပိုင်ခွင့် အာဏာတွေ ရှိပါသလဲ။” ရှမ့်လန်က မေးလိုက်၏။
စွမ်းအင်သက်ရှိက ပြန်ဖြေသည်။ “အရှင်က အလယ်အလတ်အဆင့် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု နေတာပါ။၊ ဒီမြို့ပြနိုင်ငံရဲ့ ထိန်းချုပ်ရေး စင်တာမှာ စုစုပေါင်း လုပ်ပိုင်ခွင့်အာဏာ ၁၉၉၉၉ ခု ရှိပြီး အရှင်က ၁၉၉၀၀ ကို ပိုင်ဆိုင်ပါတယ်။”
ကြားရသည်မှာ ထိတ်လန့်ဖွယ်ရာပင်။ အလယ်အလတ်အဆင့် တပ်မှူး တစ်ယောက် အနေဖြင့် သူ မပိုင်ဆိုင်နိုင်သော အာဏာ ၉၉ ခုသာ ကျန်ရှိတော့သည်။ သို့သော်ငြား ထိုကျန်ရှိသော အာဏာများသည် မဟာဗျူဟာမြောက် အရေးပါဆုံး အာဏာများ ဖြစ်ကြောင်း ရှမ့်လန် သိရှိနေ၏။
ရှမ့်လန်က မေးလိုက်သည်။ “နဂါးအမြင်ထဲကို ဝင်လို့ရမလား။ သဲကန္တာရကြီး တစ်ခုလုံးကို စစ်ဆေးချင်လို့ပါ။”
စွမ်းအင်သက်ရှိက ပြောလိုက်၏။ “ကျွန်မတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာက နံပါတ် ၉ မြို့ပြနိုင်ငံအတွင်းမှာပဲ ရှိပါတယ်။ စုစုပေါင်း ၁.၃ သန်း စတုရန်းကီလိုမီတာ ဖြစ်ပါတယ်။၊ ဒါပေမဲ့ ကျန်တဲ့ မြို့ပြနိုင်ငံတွေ ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် အင်ပါယာတစ်ခုလုံးကို စစ်ဆေးခွင့်အာဏာ အလိုအလျောက် ရရှိပြီး ဖြစ်ပါတယ်။၊ ဒါပေမဲ့ စွမ်းအင် အတိုင်းအတာတစ်ခု လိုအပ်ပါတယ်။ ဆက်လုပ်ချင်ပါသလား။”
ရှမ့်လန်က ပြောလိုက်သည်။ “ဆက်လုပ်မယ်။”
“ကောင်းပါပြီ ... နဂါးအမြင်ထဲ ဝင်ရောက်ပါတော့မယ်။”
တစ်ခဏချင်းမှာပင် ရှမ့်လန်၏ မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူသည် မိုးကောင်းကင်ထက်၌ ပျံသန်းနေသော နဂါးကြီးတစ်ကောင် အလား သဲကန္တာရကြီး တစ်ခုလုံးကို စီးမိုးကြည့်ရှုနိုင်ခဲ့ပြီ ဖြစ်သည်။ ဤအရာအားလုံးကို ကောင်းကင်မျှော်ရုပ်တုကြီး၏ မျက်လုံးနှစ်လုံးမှတစ်ဆင့် မြင်တွေ့နေရခြင်း ဖြစ်ကြောင်း ရှမ့်လန် သိရှိထားသည်။ သို့သော်ငြား ထိုခံစားချက်မှာ အလွန်တရာ အံ့သြဖွယ် ကောင်းလှ၏။
ရှမ့်လန်၏ ဝိညာဉ်သည် ကိုးလွှာသော ကောင်းကင်ထက်သို့ ပျံတက်သွားပြီး သဲကန္တာရကြီးတစ်ခုလုံးကို ငုံ့ကြည့်နေသကဲ့သို့ ခံစားရသည်။ သို့သော်ငြား ဝမ်းနည်းစရာ ကောင်းသည်မှာ ထူးခြားသော ရှုခင်းများကို မတွေ့ရခြင်းပင်။ အသက်ဓာတ် ကင်းမဲ့နေသော အဆုံးအစမဲ့ သဲကန္တာရကြီးကိုသာ ထပ်တလဲလဲ တွေ့မြင်နေရသည်။
စတုရန်းကီလိုမီတာ ၁.၃ သန်း ကျယ်ဝန်းသော ဤသဲကန္တာရကြီးသည် တစ်ချိန်က အင်အားကြီးမားသော ရှေးဟောင်းအင်ပါယာကြီး တစ်ခု ဖြစ်ခဲ့သော်လည်း ကြီးမားသော နိဗ္ဗာန ပျက်သုဉ်းခြင်းကပ်ဘေးကြီး အတွင်း၌ ပျက်စီးသွားခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ပျက်သုဉ်းခြင်း ခေတ်ကာလ နှစ်ခုကို ဖြတ်သန်းခဲ့ရပြီး ဖြစ်၏။
အသက်ရှင်ကျန်ရစ်သော ဤကံကောင်းသည့် မိုကျင်းမြို့တော်ကို နဝမမြောက် မြို့ပြနိုင်ငံဟု ခေါ်ဆိုခဲ့ကြပြီး စတုရန်းကီလိုမီတာ စုစုပေါင်း ၁.၃ သန်း ကျယ်ဝန်းသည်။ သေချာသည်မှာ ၎င်း၏ အစိတ်အပိုင်း အများစု သည် အပျက်အစီးများ ဖြစ်သွားခဲ့ပြီဖြစ်ပြီး စတုရန်းကီလိုမီတာ ၃၀,၀၀၀ အောက်လျော့နည်းသော မျက်နှာပြင်ဧရိယာသာ ကျန်ရှိတော့သည်။
သို့သော်ငြား ဤအရာက လုံးဝ မလွယ်ကူခဲ့ပေ။ ယနေ့အချိန်ထိ မည်သည့်အရာကို မှီခို၍ အသက် ရှင်သန်ခဲ့ကြောင်း မသိရှိရပေ။ အခြားသော မြို့ပြနိုင်ငံများသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကတည်းက ပျက်စီးသွားခဲ့ကြပြီ ဖြစ်၏။
ရှမ့်လန်၏ အမြင်အာရုံသည် မြောက်ဘက်အရပ်သို့သာ ဆက်လက် ကြည့်ရှုနေမိသည်။
မိုင် ၁၀,၀၀၀... မိုင် ၂၀,၀၀၀...
ထို့နောက် သူ မြင်လိုက်ရသည်။ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်သည်။ ပြိုင်ဘက်ကင်းသော ကောင်းကင်ထိုးဖောက် ကျောက်တိုင်ကြီးသည် ကမ္ဘာပေါ်ရှိ အမြင့်ဆုံးတောင်ထွတ်ထက်ပင် ပို၍ မြင့်မားနေပြီး အသက်ရှိနေသကဲ့သို့ ဖြစ်နေ၏။
“ဖူး... ဖူး...”
ကျောက်တိုင်ကြီးများသည် တစ်ခုပြီးတစ်ခု သဲကန္တာရကြီးထဲသို့ ထိုးစိုက်ဝင်ရောက်သွားသည်။ ထိုးစိုက် ဝင်ရောက်သွားပြီးနောက် ကျောက်တိုင်ကြီး၏ ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ပတ်လည်ရှိ အရာအားလုံး ပြောင်းလဲသွားခဲ့၏။ မူလက အဝါရောင်နှင့် အနီရောင် သမ်းနေသော သဲကန္တာရကြီးသည် ချက်ချင်းဆိုသလို ထူးဆန်းသော အပြာရောင်သို့ ပြောင်းလဲသွားခဲ့သည်။ မြေပြင်တစ်ခုလုံးမှာ လုံးဝ ရေခဲရိုက်သွားခဲ့သည်။
ထိတ်လန့်ဖွယ်ရာ အေးစက်သောလေထုကြီး ရောက်ရှိလာပြီးနောက် ကောင်းကင်ယံမှ နှင်းများ စတင် ကျဆင်းလာခဲ့သည်။ အင်ပါယာကျန်းလီသည် တောင်ဘက်သို့ ဆက်လက်ပျံ့နှံ့ရန် ဤနည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်သည်။ သူသည် မိစ္ဆာသလင်းကျောက်များကို ဝန်းရံထားခြင်း မဟုတ်ဘဲ ငရဲသလင်းကျောက် လိုဏ်ခေါင်းလမ်းကြောင်းကို တိုက်ရိုက် တည်ဆောက်နေခြင်း ဖြစ်၏။
ဤမြင်ကွင်းသည် World of Warcraft ဂိမ်းထဲမှ Undead များ ပျံ့နှံ့ပုံ ၊ StarCraft ဂိမ်းထဲမှ Zerg များ ပျံ့နှံ့ပုံနှင်ါ တူညီနေသည်။ သို့သော်ငြား ထိုအရာများလောက် ရွံရှာဖွယ် မကောင်းဘဲ အလွန် လှပနေသည်။
အင်ပါယာကျန်းလီ ပျံ့နှံ့ရောက်ရှိသွားသော နေရာတိုင်းတွင် လောကကြီးသည် အပြာရောင် ပြောင်းသွားပြီး ကောင်းကင်မှ နှင်းများကျကာ အပူချိန် ထိုးကျသွားတတ်သည်။ အလွန် လှပသော မြင်ကွင်းတစ်ခု ဖြစ်၏။
ရှမ့်လန် အလျင်အမြန် တွက်ချက်လိုက်သည်။ အင်ပါယာကျန်းလီသည် မိုကျင်းမြို့တော်နှင့် မိုင်ပေါင်း ၂၀,၀၀၀ ခန့် ဝေးကွာနေသေးသော်လည်း ဤအမြန်နှုန်းအတိုင်းဆိုလျှင် မိုကျင်းသို့ ရောက်ရှိရန် အများဆုံး သုံးလသာ ကြာမြင့်ပေလိမ့်မည်။ တစ်ရက်လျှင် မိုင် ၂၀၀ နှုန်းဖြင့် ပျံ့နှံ့နေခြင်း ဖြစ်သည်။
ကျောက်တိုင်ကြီးတစ်ခု စိုက်ဆင်းသွားတိုင်း ခံတပ်တစ်ခု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ကျန်းလီ၏ လက်တံများသည် နေရာတိုင်းသို့ ရောက်ရှိနိုင်သည်ဟု ဆိုလိုခြင်းပင်။
***