သူမ၏ အသံတိတ်သွားသည်နှင့်၊ ဂိုဏ်းချုပ်ကျိ သည် ထိုနေရာမှ တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယွီတောင်၏ နဂါးကြင်ယာတော်သည် သူမ၏ လက်ကိုရုပ်သိမ်းလိုက်ရင်း ငေးမောကြည့်နေခဲ့ပြီး၊ ထို့နောက်အစောင့်ဖြစ်သူအား ဒေါသတကြီး ကြည့်လိုက်၏။
“…”
“နဂါးကြင်ယာတော်… ကျွန်တော် အမြန်ဆုံး အကြောင်းပြန်ပေးပါ့မယ်၊”
အစောင့်၏ ခန္ဓာကိုယ်မှာ လန့်ဖြတ်တုန်ရီသွားပြီး၊ ထိုအကြည့်အောက်တွင် သူ၏ကြီးမားလှသော အင်အားဖြင့်ပင် အသက်ရှူကျပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
နဂါးကြင်ယာတော်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့သော်လည်း၊ သူမ ဤကဲ့သို့ တည်ငြိမ်မှုပျက်ပြားသွားသည်ကို တစ်ခါမျှမမြင်ခဲ့ဖူးပေ။
ဤတစ်ကြိမ်တွင် နဂါးကြင်ယာတော် အမှန်တကယ် ဒေါသထွက်နေသည်မှာ ထင်ရှားလှ၏။
“ပိုမြန်လေ ပိုကောင်းလေပဲ။”
မည်သို့ပင်ဆိုစေကာမူ၊ သူမသည် အနောက်ပိုင်း နဂါးနန်းတော်တစ်ခုလုံးကို ကြံစည်ရဲလောက်အောင် ရဲတင်းသူဖြစ်ပြီး၊ ကျိကျင့်ရှီးမရှိသည့်အချိန်တွင်၊ ကျစ်ရှန်း သည် သူမ၏ စိတ်ခံစားမှုများကို လျင်မြန်စွာပြန်လည် ထိန်းချုပ်နိုင်ခဲ့၏။
ချင်းယွဲ့ဂိုဏ်းချုပ်၏ ရှေ့တွင် တစ်ကြိမ်တစ်ခါမျှကလေးပင် မျက်နှာအပျက်ခံ၍ မရနိုင်ပေ။
သူမ၏ အစီအစဉ်များကို မည်သူက အတိအကျ ဖျက်ဆီးခဲ့သည်ကို သူမသာ သိလိုက်ရပါက...
ကျစ်ရှန်းသည် အံများကို တင်းတင်းကြိတ်လိုက်ပြီး၊သူမ၏ မျက်လုံးများတွင် ကြက်သီးမွေးညင်းထမတတ်သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ပေါ်လွင်နေလေသည်။
“မရီး၊ ကျုပ် ဘယ်တော့လောက် ပြန်လို့ရပြီလဲ။”
တံခါးအပြင်ဘက်မှမူးယစ်နေသော အော်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
“နင် အခု ထွက်သွားလို့ရပြီ။”
အေးစက်စက် စကားလုံးများနှင့်အတူ၊ အားကောင်းသောအရှိန်အဝါတစ်ခု တိုက်ခတ်လာပြီး၊ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ချီ သတ္တမကို ယွီတောင်ပေါ်မှ တိုက်ရိုက် လွင့်စင်သွားစေသည်။
“ခင်ဗျား”
ချီ သတ္တမသည် လေထဲတွင် ယိမ်းယိုင်သွားပြီးနောက် မိမိကိုယ်ကို ပြန်လည်ထိန်းကျောင်းလိုက်ကာ၊မယုံနိုင်စွာဖြင့် မော့ကြည့်လိုက်၏။
ဒီမိန်းမက သူ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့။
သို့သော် သူ၏ မျက်နှာအမူအရာမှာ လျင်မြန်စွာ ပြောင်းလဲသွားသည်။
ရုတ်တရက် အငိုက်မိသွားသော်လည်း၊ သူမ၏ အင်အားမှာအထင်ကြီးလောက်စရာပင်။
အရှေ့ပိုင်း နဂါးနန်းတော်မှ လာသူတစ်ဦးအနေနှင့် အမှန်တကယ်ပင် ထိုက်တန်ပေသည်။ အနာဂတ်တွင် လှေမှောက်မသွားစေရန် ဤကိစ္စကို သူ၏ အစ်ကိုကြီးထံ သတင်းပို့ရပေမည်။
“နဂါးကြင်ယာတော်…” ကျောနက်ရေနဂါး
အစောင့်သည် ချွေးများရွှဲနစ်စွာဖြင့် ဒူးထောက်ချလိုက်၏။
“ငါ သိတယ်။”
ကျစ်ရှန်း သည် သူမ၏ မျက်လုံးများကို မှိတ်လိုက်ပြီး၊သူမ၏ စိတ်ခံစားမှု အတက်အကျများကို နောက်တစ်ကြိမ် ဖိနှိပ်လိုက်ပြန်သည်။
ကျိကျင့်ရှီး၏ ယခင်စကားများနှင့် သူမ၏ မျက်နှာပေါ်ရှိ အပြုံးတို့ကို ပြန်လည် သတိရမိရင်း၊ ဂိုဏ်းချုပ် ရှန်းယီအကြောင်းကို သူမ လုံလုံလောက်လောက် သိထားပြီဟု ထင်ခဲ့သည်။
တကယ်တမ်းကျတော့ သူမက သူ့ကို အထင်သေးမိနေဆဲပင်။
ထားလိုက်ပါတော့၊ ဒီလိုကိစ္စတွေက ဘာပဲဖြစ်ဖြစ် စွမ်းရည် ယှဉ်ပြိုင်မှုတစ်ခုပဲလေ။
အနည်းဆုံးတော့ အနောက်ပိုင်းဟုန်နယ်မြေမှာ၊ ဒီကိစ္စတစ်ခုလုံးမှာ သူမက အများကြီး လုပ်နိုင်စွမ်းရှိတယ်။
ဟိုလူငယ်လေးအတွက်ကတော့ သူမရဲ့ အကာအကွယ်ကို လိုအပ်နေဆဲပါပဲ။
အင်အားကွာဟချက်က ရှင်းလင်းလှပါတယ်။
ဘာပဲဖြစ်ဖြစ်၊ ကျင့်ရှီးက မျက်ကန်းမှ မဟုတ်တာ၊ မလိုအပ်တဲ့ ပြဿနာတွေနဲ့ ဘာလို့ ခေါင်းရှုပ်ခံနေမှာလဲ။
…
ကျယ်ပြောလှသော ရေပြင်နှင့် ကုန်းမြေပြင်ကျယ်ကြီးထဲတွင်
ရှန်းယီ သည် တင်ပျဉ်ခွေထိုင်နေပြီး၊ သူ၏ ရှေ့တွင် ခယ်ရှစ်စန်း၏ အသိစိတ်မှာ တဖြည်းဖြည်း ပြန်လည် နိုးကြားလာခဲ့၏။
သူ၏ မျက်လုံးများထဲသို့ အလင်းရောင်များ နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ၊ရှန်းယီသည် နတ်ဆိုးမူလ များ စုဆောင်းနေခြင်းကို ရပ်တန့်လိုက်လေသည်။
စုစုပေါင်း နတ်ဆိုး မူလ နှစ်ဆယ့်ခုနစ်ခုက နောက်ဆုံးတွင် သူ၏ နတ်ဆိုးဝိညာဉ်ကို စိတ်ဝိညာဉ်အဆင့်သို့ မြှင့်တင်ပေးလိုက်၏။
[လက်ကျန် နတ်ဆိုးသက်တမ်း : ၂၄၀၀၀၀၀]
နောက်ပိုင်းအဆင့်တက်ရန် ပြင်ဆင်ခြင်းများအပြင်၊တစ်ဖက်လူက မူလစွမ်းအင်ကို အစာချေဖျက်ရန်ယူရသောအချိန်ကို အသုံးပြု၍ အနားယူရန်လည်းအခွင့်အရေး ယူလိုက်သည်။
အမှန်တကယ်ပင်။ ကျင့်ကြံခြင်းနည်းစနစ် ဖော်ထုန်ခြင်း အစီအစဉ်၏ နှိပ်စက်ညှဉ်းပန်းမှုနှင့် ယှဉ်လိုက်လျှင်၊ နတ်ဆိုးဝိညာဉ်ကိုအပြစ်ပေးရန် အသုံးပြုသော မူလစွမ်းအင်သည် ခယ်ရှစ်စန်း အတွက်မူ ကုသပေးခြင်းတစ်ခုသဖွယ် ဖြစ်နေလေပြီ။
“သက်တောင့်သက်သာ ရှိသေးရဲ့လား။”
ရှန်းယီသည် အနည်းငယ်နာကျင်မှုကို ခံစားလိုက်ရရင်း လှမ်းကြည့်လိုက်၏။
“ရွှမ်ကျန့်က သခင်ရဲ့ရက်ရောတဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်…” (ခယ်ရှစ်စန်းရဲ့နာမည်က ခယ်ရွှမ်ကျန့်ပါ ရှစ်စန်းဆိုတာ ဆယ့်သုံး)
အိုမင်းနေသောရွှေနဂါးကြီးက အသံသြသြဖြင့် ပြောလိုက်ပြီး၊ ၎င်း၏ မျက်လုံးများတွင် ကျေးဇူးတင်မှုများ ပြည့်လျှံနေလေသည်။
သခင်၏ ကပ်စေးနဲတတ်သော သဘာဝက ဤမျှ ကြီးမားသောကုန်ကျစရိတ်ကို ကျခံခဲလှ၏။ အခြားသူတစ်ဦးကို အသိစိတ်ပြန်လည်ရရှိစေရန် ကူညီပေးရုံသက်သက်ဖြင့် ဤသည်မှာအမှန်တကယ်ပင် အလွန်ရှားပါးလှသော ကျေးဇူးတော်တစ်ခု ဖြစ်ပေသည်။
“ဒါဆိုလည်း စကြတာပေါ့။”
ရှန်းယီသည် လက်စွပ်ထဲမှ နတ်ဆိုးအလောင်း နှစ်ဆယ်ကျော်ကို ထုတ်ယူလိုက်၏။ ဤသွေးနှောအုပ်စုသည် လက်ရှိကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိရန်အတွက် မိုးမြေရတနာများနှင့် သူတို့၏ ရှည်လျားသော သက်တမ်းများကိုသာ အားကိုးခဲ့ကြခြင်း ဖြစ်သည်။
သူတို့အတွက် သီးသန့် နတ်ဆိုးကျောက်တုံးတစ်ခု ဖန်တီးပေးခြင်းက သိပ်တော့ မထူးခြားလှပေ။ မည်သို့ပင်ဆိုစေ၊ သာမန် ကျောက်စိမ်းဖြူမြို့တော် မှ မဟာနတ်ဆိုးကြီးများမှာ ယခုအခါ ရှန်းယီအတွက် အကူအညီသိပ်မပေးနိုင်တော့ပေ။
သူတို့ထံမှ နဂါးမျိုးနွယ် သွေးမျိုးဆက်ကို ထုတ်ယူခြင်းသည်၊အလဟဿဖြစ်ပုံရသော်လည်း၊ လုပ်ဆောင်ရမည့် မရှိမဖြစ်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေသည်။
အနောက်ပိုင်းဟုန်တွင် ရှန်းယီ စိတ်ကြိုက် လုပ်ကိုင်နိုင်စွမ်းရှိခြင်းမှာ ဒေသခံအင်အားစုများက သူ့ကိုရင်းနှီးကျွမ်းဝင်မှု မရှိခြင်းကြောင့်ပင်။
ယွီတောင် နဂါးကြင်ယာတော်က သိကောင်း သိနိုင်မည်၊ သို့သော် လောလောဆယ် အနောက်ပိုင်း နဂါးနန်းတော်ကို သူ မလွှမ်းမိုးနိုင်သေးသဖြင့် ၎င်းကို သည်းခံနိုင်သေးသည်။
သို့တိုင် ဝမ်ရှန်းစံအိမ်ကလည်း များစွာကြီး သိနေရုံမက၊ သတင်းများကို နေရာအနှံ့လိုက်လံရောင်းချရန်ပင် ကြိုးစားနေသေးရာ၊အကယ်၍ သူသာ ၎င်းကိုထိန်းချုပ်မထားနိုင်ခဲ့လျှင်၊ ရှန်းယီသည် ညဘက် ကောင်းကောင်း အိပ်ပျော်နိုင်မည် မဟုတ်ပေ။
ဤအတွေးဖြင့် သူသည် လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်၏။
မြောက်မြားစွာသော နတ်ဆိုးအလောင်းများ ကြားတွင်၊ရွှေရောင်အလင်းတန်းမြစ်တစ်စင်း ရုတ်တရက် ထွက်ပေါ်လာပြီး၊ အတူတကွ စုစည်းကာ ခယ်ရှစ်စန်း၏ ခန္ဓာကိုယ်အတွင်းသို့ ပြင်းထန်စွာဝင်ရောက်ရိုက်ခတ်သွားလေသည်။
အသက်အန္တရာယ်ရှိသော စမ်းသပ်မှုတစ်ခုကို ခံစားခဲ့ရပြီး သက်တမ်းငါးသိန်းနီးပါး ကုန်ဆုံးသွားပြီးနောက်၊ ခယ်ရှစ်စန်း၏ နတ်ဆိုး ခန္ဓာကိုယ်သည် ၎င်း၏ကြီးထွားမှု အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ကာ၊ ကျင့်ကြံခြင်းအဆင့်သာ လိုအပ်တော့သည်။
လက်ရှိအချိန်တွင်၊ ဤသန့်စင်သော နဂါးမျိုးနွယ် သွေးမျိုးဆက်များသည် ၎င်းအတွက် အကောင်းဆုံးသော ရတနာဆေးလုံးများနှင့် အားဆေးများပင် ဖြစ်ပေသည်။
ဂျွတ် ဂျွတ်
ကျောက်တုံးနှင့်တူသော ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများ အက်ကွဲကာကြွေကျသွားပြီး၊ အောက်ဘက်ရှိ ပိုမိုများပြားလှသော ရွှေရောင်အကြေးခွံများကို ထုတ်ဖော်ပြသလာ၏။
ခယ်ရှစ်စန်းသည် ယခင်ကဲ့သို့ ဟောင်းနွမ်းအိုမင်းနေပုံမပေါ်တော့ဘဲ ရွှေဖြင့်သွန်းလုပ်ထားသည့်အလား ဖြစ်နေကာ၊ ၎င်း၏ ရှည်လျားလိမ်ယှက်နေသောမုတ်ဆိတ်မွေးများက လေထဲတွင် လွင့်ဝဲနေလေသည်။
၎င်း၏ ခေါင်းပေါ်ရှိ သမင်ချိုကဲ့သို့သော ဦးချိုများမှာခမ်းနားထည်ဝါသော သရဖူတစ်ခုနှင့် ပိုမိုတူညီလာကာ၊ ၎င်း၏ တည်ရှိမှုအပေါ် မခန့်မှန်းနိုင်သော ဂုဏ်သိက္ခာများကို ပေါင်းထည့်ပေးနေလေ၏။
“ဂါး”
နက်ရှိုင်းသော နဂါးဟိန်းဟောက်သံနှင့်အတူ၊ အန်းယီသည် နောက်ဆုံးတွင် နေ့ခင်းအိပ်မက်မက်နေခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏ ခေါင်းကို ဖြည်းညင်းစွာမော့ကြည့်လိုက်၏။
အရှေ့ခန်းမသခင်နှင့် အနောက်ခန်းမသခင်တို့သည် ပုံမှန်မဟုတ်သောအငွေ့အသက်များဖြင့် မျက်လုံးချင်းဆုံသွားကြသည်။
တာအိုပေါင်းစည်းခြင်းအဆင့် မဟာနတ်ဆိုးကြီး၏ နတ်ဆိုးကျောက်တိုင်ကို စိန်ခေါ်ခြင်းက ဤရွှေနဂါးရရှိခဲ့သော သိသာထင်ရှားသည့် အင်အား ခုန်ပျံကျော်လွှားမှု၏ သက်သေပင်။
ကံမကောင်းစွာဖြင့်၊ နောက်ဆုံးတွင် ခယ်ရှစ်စန်း သည် ခေါင်းကို အနည်းငယ်ငုံ့ထားလိုက်ရဆဲပင်။
သူတို့၏ အကြည့်များကို ရင်ဆိုင်ရန် အခွင့်အရေး ရရှိခဲ့သော်လည်း၊၎င်း စားသုံးလိုက်သော နတ်ဆိုးမှာ ဂူအစောင့်အရှောက် ကျားနတ်ဆိုးများကဲ့သို့ အစွမ်းမထက်သေးဘဲ၊ ၎င်း စားသုံးလိုက်သည့် အရာမှာလည်း ထိုနတ်ဆိုးများ၏ နဂါးမျိုးနွယ် သွေးမျိုးဆက်တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး မပြည့်စုံသေးပေ။
“မင်း ဆက်ပြီး အိပ်မက်မက်နေလိုက်ဦး။”
ရှန်းယီ သည် သူ၏အရှေ့ခန်းမသခင်အတွက် ဂုဏ်သိက္ခာအချို့ကို ထိန်းသိမ်းပေးရန်၊ အန်းယီ၏ နောက်စေ့ကို ညင်သာစွာ ခေါက်လိုက်၏။
မည်သို့ပင်ဆိုစေ၊ နှင်းကျား မျိုးနွယ်စုတွင် အရေအတွက် အနည်းငယ်သာ ရှိပြီး၊ ခယ်ရှစ်စန်း၏ နောက်ကွယ်တွင် ၎င်းကို ပြုစုပျိုးထောင်ရန်နှင့် ထောက်ပံ့ရန် နဂါးနန်းတော်လေးခုလုံး ရှိနေလေသည်။
၎င်း၏ အနာဂတ် အောင်မြင်မှုများမှာ ခန်းမသခင် လေးဦးထဲတွင် အမြင့်မားဆုံး ဖြစ်လာနိုင်ခြေ အများဆုံးပင်။
ခယ်ရှစ်စန်း သည် ရှန်းယီကို အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်၏။ အမှန်တကယ်ပင်၊ သခင်သည် ၎င်းခံစားခဲ့ရသော နေ့ရက်များတစ်လျှောက်ရှိ အခက်အခဲများနှင့် စွန့်လွှတ်အနစ်နာခံမှု အားလုံးကို သတိထားမိခဲ့ပေသည်။
“ကောင်းပြီ၊ သူတို့ကို ပေးဆပ်ခိုင်းရမယ့် အချိန်ရောက်ပြီ။”
ရှန်းယီ မတ်တပ်ရပ်လိုက်ပြီး သူ၏ ရင်ဘတ်ထဲမှ ရွှေရောင်စာလိပ်တစ်ခုကို ထုတ်ယူလိုက်၏။ ယင်းမှာ ယခင်က ထို တာအိုကလေးငယ်နှစ်ဦးထံမှ ငှားရမ်းခဲ့သော လမ်းကြောင်းမြေပုံတစ်ခုဖြစ်သည်။
ယခုအခါ သူ့ထံတွင် နတ်ဆိုးတစ်သောင်းခန်းမ ရှိနေပြီဖြစ်ရာ၊ ၎င်းကို သူ၏ အသိစိတ် ပင်လယ်ထဲတွင်သာ ဆက်လက် သိမ်းဆည်းထားရန် မဖြစ်နိုင်တော့ပေ။
နှစ်ခုလုံးက ဝမ့်ဆိုသည့် စကားလုံးကို သယ်ဆောင်ထားကြသည့်အတွက်၊သူသည် ဤဝမ်ရှန်းစံအိမ်ကို တောင်ပိုင်းဟုန်ရှိ ဤခန်းမသခင်များအတွက် ပထမဆုံး နေထိုင်ရာအဖြစ် ဖန်တီးလိုက်မည် ဖြစ်သည်။
***