"ဘာတွေ အပိုပြောနေတာလဲ "
"ဒီအမျိုးသမီးအလောင်း ရှိနေလို့ မင်းကိုယ်မင်း သတ္တိတွေ တက်နေတာလား"
လီယန်ချူက အေးစက်စက် လှောင်ပြောင်လိုက်သည်။
လယ်သမားအိုကြီး၏ နှုတ်ခမ်းများမှာ တဆတ်ဆတ် တုန်ရီသွားပြီး မျက်ဝန်းအစုံတွင် ဒေါသအဟုန်များ ပေါ်ပေါက်လာ၏ သူ သတိမထားမိလိုက်သည်မှာ... သူ၏ရှေ့တွင်ရှိသော အသိစိတ်ကင်းမဲ့နေရမည့် ထိုကြောက်မက်ဖွယ် အမျိုးသမီးအလောင်း၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ကွေးညွတ်သွားပြီး ပြုံးနေသကဲ့သို့ ဖြစ်သွားခြင်းပင်။
အကယ်၍ လယ်သမားအိုကြီးသာ မြင်လိုက်လျှင် ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည် ထိုအလောင်းမှာ သာမန်ဖုတ်ကောင် သို့မဟုတ် လမ်းလျှောက်အလောင်း မဟုတ်ပေ၊ အသိစိတ် ရှိနေရန်မှာ လုံးဝ မဖြစ်နိုင်သလို၊ ရှိလည်း မရှိသင့်ပေ သို့မဟုတ်ပါက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အခြင်းအရာများ ဖြစ်ပျက်လာနိုင်ပေသည်။
နှမြောစရာကောင်းသည်မှာ ထိုထောင့်မှနေ၍ လီယန်ချူတစ်ယောက်သာ မြင်လိုက်ရသဖြင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီအမျိုးသမီးအလောင်းမှာ အသိစိတ် ရှိနေတာလား
"ငါက လူလာရှာတာ၊ သံမဏိဓားတစ်လက် ကိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်ကို မင်း မြင်မိသေးလား "
လီယန်ချူက လေးနက်သော အသံဖြင့် မေးလိုက်သည်။
လယ်သမားအိုကြီးသည် မျက်လုံးကို အသာစေ့လိုက်ပြီး မျက်နှာမှာ ချက်ချင်းဆိုသလို မည်းမှောင်သွားတော့သည်။
"မင်းက အဲ့ဒီမိန်းမနဲ့ တစ်ဖွဲ့တည်းလား "
သူသည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မျက်ဝန်းအစုံမှ ဒေါသများမှာ အပြင်သို့ ပန်းထွက်လာတော့မည့်အလား ရှိနေသည်။
"ဟင်"
လီယန်ချူ ခဏမျှ ကြောင်သွားသည်။
ထိုမြေခွေးအိုကြီးက ဖန့်ချင်းလန်အပေါ် ထားရှိသော နာကျည်းမှုမှာ မိမိထက်ပင် ပိုကြီးမားနေသလို ခံစားနေရသောကြောင့် ဖြစ်၏။
လယ်သမားအိုကြီး၏ မျက်နှာထားမှာ မကောင်းလှပေ။
လီယန်ချူအနေဖြင့် မည်သည့် အသုံးဝင်သော သတင်းအချက်အလက်မှ ရတော့မည်မဟုတ်ဟု ထင်မှတ်နေစဉ်မှာပင်၊ လယ်သမားအိုကြီးက ရုတ်တရက် အေးစက်စက် ပြုံးလိုက်သည်။
"အဲ့ဒီ မိန်းမယုတ်လား... သူက တစ်ယောက်တည်း ဖုန်းတူး ကို သွားတိုက်နေပြီ၊ မင်း သူ့ကို ရှာချင်ရင် ဖုန်းတူးကို သွားလို့ရတယ် "
"ဘယ်လိုလဲ... ငါပြောတာကို မင်း ယုံရဲ့လား "
သူ၏ အကြည့်များမှာ လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသည်။
ဖုန်းတူးဆိုသည်မှာ လူရှင်များအတွက် တားမြစ်နယ်မြေ ဖြစ်သည်။
အကယ်၍ တစ်ဖက်လူက ယုံကြည်ပြီး ဖုန်းတူးသို့ သွားမည်ဆိုလျှင် မိမိကိုယ်မိမိ သေတွင်းထဲ ဆင်းသွားခြင်းပင် ဖြစ်လိမ့်မည်။
အကယ်၍ မသွားလျှင်လည်း စိတ်ဝိညာဉ်တွင် ဟာကွက်ဖြစ်ပေါ်လာပြီး မကြာမီ စိတ်မိစ္ဆာ များ၏ ဝါးမြိုခြင်းကို ခံရပေလိမ့်မည်။
"ဖုန်းတူး "
လီယန်ချူ မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့ဒါ ဘယ်လိုနေရာမျိုးလဲ "
လယ်သမားအိုကြီးမှာ - "..."
သူ ဆဲပင် ဆဲလိုက်ချင်တော့သည်။
တစ်ဖက်လူမှာ ယူမင်တောင် ကိုတောင် မကြားဖူးသည့် လူရိုင်းတစ်ယောက် ဖြစ်နေသည်ကို သူ မေ့သွားခဲ့သည်။
"တာအိုဘာသာမှာ မင်္ဂလာရှိတဲ့ နယ်မြေ ခုနစ်ဆယ် ရှိသလို၊ သရဲလမ်းစဉ် မှာလည်း ရှိတာပေါ့ "
"ဖုန်းတူးဆိုတာ သရဲနယ်မြေ တစ်ခုပဲ၊ ရှေးဟောင်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဖြစ်တည်မှုတွေ ကိန်းအောင်းနေတဲ့ နေရာပေါ့၊ အဲ့ဒီမိန်းမက အဘိုးကြီးရဲ့ ယင်ကုသိုလ်ဒင်္ဂါး ကို လုယူပြီး တစ်စုံတစ်ရာသော ရတနာကို ရှာဖို့ ဖုန်းတူးကို သွားပြီ "
လယ်သမားအိုကြီးက ရှင်းပြလိုက်သည်။
သူ၏ အသံမှာ အက်ရှရှနှင့် နိမ့်ဆင်းနေ၏။
"ဘယ်လိုလဲ... မင်း သွားချင်ရင် ငါ လမ်းညွှန်ပေးနိုင်တယ်၊ ဒါမှမဟုတ် မင်း မယုံဘူးဆိုရင်လည်း အဲ့ဒီမိန်းမကို သူ့ဘာသာသူ အသေခံခိုင်းလိုက်ပေါ့ "
လယ်သမားအိုကြီး၏ အသံမှာ အလွန်ပင် ဆွဲဆောင်ဖြားယောင်းမှု ရှိနေပြီး လီယန်ချူကို လှောင်ကြည့်ကြည့်နေသည်။
သူသည် လူ့သဘာဝကို ကစားရသည်ကို အနှစ်သက်ဆုံး မဟုတ်ပါလား
"မိစ္ဆာလမ်းစဉ်ကကောင်... ငါ့ရဲ့ တာအိုစိတ်ဓာတ်ကို ရှုပ်ထွေးအောင် လုပ်ချင်နေတာလား "
"မင်းပြောတာ အမှန်ပဲဖြစ်ဖြစ်၊ အမှားပဲဖြစ်ဖြစ်... ငါက မိစ္ဆာတွေနဲ့ ဘယ်တော့မှ အပေးအယူ မလုပ်ဘူး "
လီယန်ချူ၏ အကြည့်မှာ အေးစက်လှသည်။
သူ အရင်က ရုပ်ရှင်တွေကြည့်လျှင် အမုန်းဆုံး ဇာတ်ကွက်မှာ ဗီလိန်က မင်းသမီးကို ဖမ်းပြီး ခြိမ်းခြောက်ကာ မင်းသားကို လက်နက်ချခိုင်းသည့် အခန်းများ ဖြစ်သည်။
ရလဒ်အနေဖြင့် နုံးချိဖွယ်ရာ ဇာတ်ကွက်များသာ ဖြစ်လာတတ်သည်။
ထိုသို့ မြင်ရတိုင်း လီယန်ချူမှာ တီဗီကိုပင် ရိုက်ခွဲပစ်ချင်စိတ် ပေါက်ခဲ့သည်။
ယခု သူပေးလိုက်သော အဖြေမှာ အလွန်ပင် ရိုးရှင်းပါသည်။
ချွင်
တောက်ပလှသော ဓားအလင်းတန်း တစ်ခု ပေါ်ထွက်လာကာ လေထုကိုပင် ဆွဲဖြတ်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် လယ်သမားအိုကြီး၏ ရှေ့သို့ ရောက်ရှိလာသည်။
ဒေါင်
ကြောက်မက်ဖွယ် အမျိုးသမီးအလောင်းမှာ သူမ၏ ရုပ်ခန္ဓာဖြင့် ထိုဓားအလင်းတန်းကို ထပ်မံ ခုခံလိုက်ပြန်သည်။
"မင်း ရူးနေပြီလား "
"အဲ့ဒီမိန်းမက ဖုန်းတူးလျှို့ဝှက်နယ်မြေထဲ တကယ်ဝင်သွားတာ၊ မင်း ငါ့ကို သတ်လိုက်ရင် ဘယ်သူမှ ဖုန်းတူးဝင်ပေါက်ကို ဖွင့်ပေးနိုင်မှာ မဟုတ်ဘူး "
လယ်သမားအိုကြီး၏ အကြည့်မှာ အံ့သြတုန်လှုပ်မှုများ ပြည့်နေသည်။
"ငါက ငါ့ကို လာပြီး ဈေးဆစ်တာကို အမုန်းဆုံးပဲ "
"အထူးသဖြင့် လူသတ်တာကို ဝါသနာပါတဲ့ မင်းလို မိစ္ဆာကောင်မျိုးကိုပေါ့ "
"မင်းမှာ အရည်အချင်း မရှိဘူး "
လီယန်ချူသည် တောက်ပသော ရှေးဟောင်းတံဆိပ်တစ်ခုကို တိုက်ရိုက် ထုတ်သုံးလိုက်သည်။
ကျောက်ထျန်းတံဆိပ်
ပြင်းထန်လှသော အရှိန်အဝါတစ်ခု သူ၏ကိုယ်ပေါ်မှ ပျံ့နှံ့လာသည်။
နတ်ဘုရားမီး အရှိန်အဝါ
လယ်သမားအိုကြီး၏ မျက်နှာမှာ အကြီးအကျယ် ပျက်သွားတော့သည်။
ထိြကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ အသက်ရှူပင် ကျပ်စေသည်။
ဒီတာအိုဆရာလေးက ဘယ်သူလဲ ဘာလို့ ဒီလောက် စွမ်းအားကြီးတဲ့ မှော်လက်နက်တွေ ရှိနေရတာလဲ
ဝူး
ကောင်းကင်အပြည့် နတ်ဘုရားမီးများမှာ ဟုန်းခနဲ တောက်လောင်သွားပြီး လယ်သမားအိုကြီးနှင့် အမျိုးသမီးအလောင်းကို တိုက်ရိုက် လွှမ်းခြုံသွားတော့သည်။
နေမင်းကြီး ကောင်းကင်ကို လောင်ကျွမ်းစေခြင်း
နက်ရှိုင်းပြီး စိမ်းမြနေသော ကန်ရေများပင်လျှင် ထိုနေရာမှ ပြင်းထန်သော အပူရှိန်ကြောင့် အငွေ့ပျံကုန်ကာ လေထုမှာလည်း ကွေးကောက်နေသကဲ့သို့ ရှိသည်။
"အား "
နာကျင်စွာ အော်ဟစ်သံနှင့်အတူ အမျိုးသမီးအလောင်း၏ ကိုယ်ပေါ်မှ အလွန်ပြင်းထန်သော အလောင်းစိမ်းအရှိန်အဝါများ ပွင့်ထွက်လာသည်။
အလွန်အေးစက်လှသော ၎င်းအရှိန်အဝါမှာ ထူးဆန်းပြီး ခိုင်ခံ့သော ကာကွယ်ရေးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လယ်သမားအိုကြီးကို အကာအကွယ် ပေးလိုက်သည်။
သို့သော်လည်း ကျောက်ထျန်းတံဆိပ်၏ နတ်ဘုရားမီးမှာ အလွန်ပင် ရိုင်းစိုင်းပြင်းထန်လှရာ၊ အမျိုးသမီးအလောင်းမှ ထွက်ပေါ်လာသော ထိုအေးစက်သည့် အရှိန်အဝါကို တစ်ခဏအတွင်းမှာပင် ဖျက်ဆီးပစ်လိုက်သည်။
ကောင်းကင်အပြည့် တောက်လောင်နေသော နတ်ဘုရားမီးများမှာ လယ်သမားအိုကြီးနှင့် အမျိုးသမီးအလောင်းကို ဝါးမြိုထားဆဲ ဖြစ်သည်။
အလွန်ထူထပ်သော မီးတောက်များကြားတွင် လယ်သမားအိုကြီးမှာ မီးလောင်ဒဏ်ရာများဖြင့် နာကျင်စွာ အော်ဟစ်နေရသည်ကို ရေးရေးမျှ မြင်နေရသည်။
သို့သော်လည်း ထိုအမျိုးသမီးအလောင်းမှာမူ လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်နေဆဲပင်။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ တစ်စုံတစ်ရာသော အစွမ်းက ထိုမီးတောက်များကို တားဆီးထားသည့်အလား ရှိသည်။
နတ်ဘုရားမီးများ ပျောက်ကွယ်သွားပြီးနောက်...
လယ်သမားအိုကြီး၏ အခြေအနေမှာ အလွန်ပင် သနားစဖွယ် ဖြစ်သွားရသည်။
တစ်ကိုယ်လုံးတွင် မီးလောင်ဒဏ်ရာများနှင့် အရည်ကြည်ဖုများ ပြည့်နှက်နေကာ အဝတ်အစားများမှာလည်း စုတ်ပြတ်နေပြီ ဖြစ်သည်။
သူ၏လက်ထဲတွင်မူ ရှေးဟောင်းဒင်္ဂါးပြား တစ်ပြားကို တင်းတင်းဆုပ်ထား၏။
အကယ်၍ ထိုဒင်္ဂါးပြားသာ မရှိလျှင် သူသည် လီယန်ချူ၏ နတ်ဘုရားမီးများအောက်တွင် ပြာအဖြစ် ပြောင်းလဲသွားလောက်ပြီ ဖြစ်သည်။
"သူ့ကို သတ်ပစ်စမ်း "
လယ်သမားအိုကြီးက အမျိုးသမီးအလောင်းကို နာကျင်စွာဖြင့် အော်ဟစ်အမိန့်ပေးလိုက်သည်။
ကရက်
သူ၏ ခန္ဓာကိုယ်အတွင်းမှ အရိုးများ ကျိုးကြေသွားသည့် အသံများ ထွက်ပေါ်လာသည်။
လယ်သမားအိုကြီး၏ မျက်နှာကို ကြည့်ရသည်မှာ ပြောမပြနိုင်လောက်အောင် နာကျင်နေပုံရ၏။
တစ်ချိန်တည်းမှာပင် ဘေးရှိ အမျိုးသမီးအလောင်းမှာ လီယန်ချူဆီသို့ ဝုန်းခနဲ ပြေးဝင်လာတော့သည်။
လေထဲတွင် အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့ပြီး ယခင်ကထက် နှစ်ဆခန့် ပိုမိုမြန်ဆန်လာခြင်း ဖြစ်သည်။
'ဒါက ပူဇော်သက္ကာပြုတဲ့ အတတ် မျိုးလား '
လီယန်ချူ မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် ပြင်းထန်သော အရှိန်အဝါတစ်ခုကို ရှင်းလင်းစွာ ခံစားလိုက်ရသဖြင့် မှော်လက်နက်ကို လှုပ်ရှားလိုက်သည်။
မီးနဂါး ငါးကောင်မှာ ဟိန်းဟောက်လျက် ပျံသန်းလာကာ အမျိုးသမီးအလောင်းကို တိုက်ရိုက် ဝိုင်းရံလိုက်တော့သည်။
မီးနဂါးငါးကောင်စက်ဝန်း ၎င်းမှာ ဒဏ္ဍာရီလာ မှော်လက်နက်ကို အတုယူထားခြင်း ဖြစ်သည်။
မီးနဂါး ငါးကောင်မှာ ဆန်းကြယ်သော အစီအရင်တစ်ခုအဖြစ် ချိတ်ဆက်သွား၏။
အမျိုးသမီးအလောင်း၏ ဆံပင်နက်ရှည်ကြီးများမှာ လေထဲတွင် မြွေဟောက်ကြီးများအလား ကခုန်နေပြီး မီးနဂါးများနှင့် ရင်ဆိုင်တိုက်ခိုက်နေသဖြင့် ဆူညံသံများမှာ ဟိန်းထွက်နေသည်။
လယ်သမားအိုကြီး၏ မျက်နှာမှာ ဖြူလျော်နေပြီး လက်ဖြင့် အဆောင်အယောင်များ ပြုလုပ်ကာ... အေးစက်စက် အလင်းများ ထွက်ပေါ်နေသော ကြေးနီဓားမြှောင် တစ်လက်ကို ရင်ဘတ်ထဲမှ ထုတ်ယူလိုက်သည်။
ဓားအရှိန်အဝါမှာ အလွန်ပင် အေးစက်လှသည်
၎င်းမှာ အမှန်တကယ်ပင် စနစ်တကျ ကျင့်ကြံထားသော ဓားပျံအတတ် ပင် ဖြစ်သည် ကြေးနီဓားမြှောင်ပေါ်မှ နတ်ဘုရားအလင်းများ ထွက်ပေါ်လာကာ လယ်သမားအိုကြီး၏ ဘေးတွင် ငြိမ်သက်စွာ ဝဲပျံနေသည်။
ပတ်ဝန်းကျင်ရှိ လေထုနှင့် မြေပြင်မှာပင် ထိုဓားအရှိန်ကြောင့် ပြတ်တောက်တော့မည့်အလား ရှိနေသည်။
"သွား "
လယ်သမားအိုကြီးက အေးစက်စွာ အော်ဟစ်လိုက်သည်။
ကြေးနီဓားမြှောင်မှာ ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လီယန်ချူ၏ လည်ပင်းဆီသို့ ဦးတည်၍ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
လယ်သမားအိုကြီးမှာ အသက်ပင် မရှူရဲဘဲ စောင့်ကြည့်နေသည်။
သူသည် ယူမင်တောင်မှ ဖြစ်သဖြင့် အတွေ့အကြုံ အလွန်များသူဖြစ်သည်။
ထိုတာအိုဆရာလေးမှာ ပြတ်သားရိုင်းစိုင်းသလို လက်ထဲက မှော်လက်နက်တွေကလည်း ကြောက်စရာကောင်းသည်ကို သူ သိသည်။
အမှားအယွင်း တစ်ခုရှိလျှင် မိမိ သေသွားနိုင်သည်။
ထို့ကြောင့် သူသည် လီယန်ချူ၏ ပြင်းထန်လှသော ရုပ်ခန္ဓာအကာအကွယ်ကို ဖျက်ဆီးရန်အတွက် ထိုကြေးနီဓားမြှောင်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း... လီယန်ချူ၏ ကိုယ်ပေါ်တွင် ငါးရောင်ခြည် နတ်ဘုရားအလင်းများ ပေါ်ထွက်လာသည်။
ဒင်
ထိုကြေးနီဓားမြှောင်မှာ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။
နောက်တစ်စက္ကန့်တွင် ဆန်းကြယ်သော အင်အားတစ်ခု၏ ဆွဲခေါ်မှုကို ခံလိုက်ရကာ ပျောက်ကွယ်သွားတော့သည်။
ကျောက်စိမ်းပေတံ ၊ တာအိုအတတ် အဝေးမှ ပစ္စည်းကို ယူခြင်း
လီယန်ချူ၏ အကြည့်မှာ အေးစက်လှပြီး လယ်သမားအိုကြီး၏ ကြေးနီဓားမြှောင်ကို တစ်ချက်တည်းနှင့် သိမ်းယူလိုက်ခြင်း ဖြစ်သည်။
ယူမင်တောင်မှ လယ်သမားအိုကြီးမှာ အကြီးအကျယ် ထိတ်လန့်သွားတော့သည်။
မှော်လက်နက်တွေကို သိမ်းယူတဲ့ အတတ်လားသူ၏ စိတ်ထဲတွင် ဆဲဆိုလိုက်မိသည်။
ထိုကြေးနီဓားမြှောင်မှာ သူ အမြတ်တနိုး ထားရှိသော ရတနာဖြစ်ပြီး ပြင်းထန်သော ဓားအရှိန်အဝါ ရှိကာ မည်မျှပင် ခိုင်ခံ့သော ရုပ်ခန္ဓာကိုမဆို ဖျက်ဆီးနိုင်စွမ်း ရှိသည်။
သို့သော်လည်း ထုတ်သုံးရုံရှိသေးသည်တွင် တစ်ဖက်လူ၏ သိမ်းယူခြင်းကို ခံလိုက်ရလေပြီ။
သူသည် သက်ပြင်းတစ်ချက်ချကာ လက်ကို လက်သီးအဖြစ် ပြောင်းလဲလိုက်သည်။
ဗြုန်း
သူသည် မိမိ၏ ရင်ညွန့် ကို လက်သီးဖြင့် ထိုးလိုက်ရာ၊ သွေးတစ်လုပ်မှာ ဝေါခနဲ ထွက်လာတော့သည်။
ထိုသွေးများမှာ လေထဲတွင်ပင် ပျောက်ကွယ်သွား၏။
လှပချောမောသော အမျိုးသမီးအလောင်း၏ နှုတ်ခမ်းများမှာ ပိုမို၍ နီရဲကာ ဆွဲဆောင်မှု ရှိလာသည်။
သူမ၏ ကိုယ်ပေါ်မှ အလောင်းစိမ်းအရှိန်အဝါများမှာလည်း ပြန်လည် ပြင်းထန်လာကာ မီးနဂါးများကိုပင် အတင်းအဓမ္မ တွန်းထုတ်ပစ်လိုက်တော့သည်။
"အဆင့်မရှိတဲ့ မိစ္ဆာအတတ်တွေပါလား၊ မင်းမှာ သွေးဘယ်လောက်တောင် စီးထွက်စရာ ကျန်သေးလဲဆိုတာ ငါ ကြည့်ချင်သေးတယ် "
လီယန်ချူက လှောင်ပြောင်လိုက်သည်။
ဤသည်မှာ လူသတ်ရုံသာမက စိတ်ဓာတ်ကိုပါ ချိုးနှိမ်ခြင်း ပင် ဖြစ်သည်။
ငယ်ရွယ်သော တာအိုဆရာလေး တစ်ဦး၏ လှောင်ပြောင်မှုကို ခံလိုက်ရသဖြင့် လယ်သမားအိုကြီး၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေတော့သည်။
***