ရန်ရှောက်ထျန်း၏ ဝိညာဉ်ကွင်းဆက်သည်မှာနှစ်တစ်သိန်းတစ်သောင်း၊ နှစ်နှစ်သိန်း သို့မဟုတ် နှစ်သုံးသိန်းချီဝိညာဉ်ကွင်းဆက်တောင်မဟုတ်ပေ။
၎င်းအစား ထိုကွင်းဆက်သည် နှစ်သန်းချီနေလေပြီဖြစ်သောဝိညာဉ်ကွင်းဆက်သာလျင်ဖြစ် နေလေတော့သည်။
ထို့တွင်လည်းမကသေးပေ... ထိုအရာသည်မှာခက်မှန်းရပင်ခက်သည့် နှစ်သန်းချီဝိညာဉ် ကွင်း ဆက်ကိုပင်ကျော်လွန်လို့နေကာ နှစ်နှစ်သန်းနီးပါးခန့်ရှိနေလေပြီဖြစ်သော တွင်းနက်ကြီး အရှင်သခင်၏ ဝိညာဉ်ကွင်းဆက်ပင်ဖြစ်နေပြန်တော့သည်။
မုန့်ပိုင်မှာမူ အဆုံးအစမဲ့သော ကြောက်ရွံ့မှုများတို့ဖြင့် ဖုံးလွှမ်းသွားတော့သည်။
သူသည် သတ်ဖြတ်ခြင်းနတ်ဘုရား၏အမွေအနှစ်ကိုဆက်ခံထားလေပြီး၊ သတ်ဖြတ်ခြင်း တာအိုကိုလည်းကျင့်ကြံထားကာ သတ်ဖြတ်ခြင်းနတ်ဘုရား၏နှလုံးသားကိုပိုင်ဆိုင်ထားသူဖြစ်ရာ ကြောက်ရွံ့ ခြင်းဆိုသည်ကို မည်သည့်အခါမျှမသိခဲ့ဖူးပေ။
သို့သော် ယခုအချိန်တွင်မူ သူ၏သတ်ဖြတ်ခြင်းနတ်ဘုရားနှလုံးသားပင်လျှင် ကြောက်ရွံ့မှု များဖြင့် အပြည့်အဝဖုံးလွှမ်းသွားခဲ့လေပြီသာဖြစ်သည်။
အလွန်အမင်း ကြောက်လန့်သွားသောကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်ပေသည်၊ မုန့်ပိုင်တစ် ယောက်အရူးတစ်ယောက်ကဲ့သို့ပင်ဖြစ်သွားခဲ့ပြီး "ငါ့ကို မသတ်ပါနဲ့... ငါ့ကို မသတ်ပါနဲ့" ဟုသာ အော်ဟစ်နေလေတော့သည်။
နောက်ဆုံးအချိန်တွင် ရန်ရှောက်ထျန်းသည် သူ၏စွမ်းအားအများစုကို အတင်းအကျပ် ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း မုန့်ပိုင်အတွက်တွင်မှာတော့ ထိုစွမ်းအား၏အရှိန်အဝါရယ် ကြောင့်လေထဲသို့ပင်လွင့်ထွက်လို့သွားကာ တောင်တန်းအမြောက်အမြားတို့ဖြင့်ပင် ဖြတ်သန်းတိုက် ခက်လို့သွားတော့သည်။
နောက်ဆုံးတွင် သူသည် ကမ္ဘာဦးအစွန်အဖျားတစ်နေရာသို့ ပြုတ်ကျသွားတော့သည်။
ထိုအခိုက်ရန်ရှောက်ထျန်း သူ၏ရှေ့သို့ရောက်လာသောအခါ မုန့်ပိုင်၏တစ်ကိုယ်လုံးမှာ သွေးချင်းချင်းနီနေပြီး သူ၏သတ်ဖြတ်ခြင်းနတ်ဘုရားနှလုံးသားရှိ သတ်ဖြတ်ခြင်းချီစွမ်းအင်များမှာ လည်းလုံးဝပျောက်ကွယ်သွားသည်ကိုသာတွေ့လိုက်ရသည်။
မုန့်ပိုင်၏အသက်ရှူသံမှာအားနည်းလို့နေပြီး လဲလျောင်းနေရင်းမှ အရူးတစ်ယောက်ကဲ့သို့ "ငါ့ကို မသတ်ပါနဲ့... ငါ့ကို မသတ်ပါနဲ့" ဟုသာ တိုးတိုးလေး ရေရွတ်နေဆဲ ဖြစ်လေသည်။
"ဒီကောင်လေးကတော့ ကြောက်လွန်းလို့ကြောင်သွားပြီပဲ" ဟု ဆေးနံ့သာအိုးဘိုးဘေးက အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
လူတစ်ယောက်သည် အလွန်အမင်း ထိတ်လန့်သွားပါက ကြောင်အသွားတတ်လေသည်။
သိုင်းပညာရှင်များလည်း ချွင်းချက်မဟုတ်ပေ။
သိုင်းပညာရှင်တစ်ဦး၏ဝိညာဉ်မှာ ခိုင်မာသော်လည်း အလွန်အမင်းထိတ်လန့်ပါက ကြောင် အသွားနိုင်သည်မှာအမှန်သာလျင်ဖြစ်ချေသည်။
ရန်ရှောက်ထျန်းသည် တွင်းနက်ကြီးအရှင်သခင်၏ဝိညာဉ်ကွင်းဆက်ကို ဆင့်ခေါ်လိုက်ရုံမျှ ဖြင့် ပြိုင်ဘက်ကို တိုက်ရိုက်ကြောင်အသွားစေလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။
သို့သော် ဆေးနံ့သာအိုးက ပြိုင်ဘက်မှာကြောင်သွားပြီဟု ပြောလိုက်သဖြင့် ၎င်းမှာအမှန်ပင် ဖြစ်ပေလိမ့်မည်။
ထိုအချိန်မှာပင် လေကိုခွဲလာသော အသံအမြောက်အမြား ထွက်ပေါ်လာတော့သည်။
ရန်ရှောက်ထျန်း၏ နှစ်သန်းချီဝိညာဉ်ကွင်းဆက်၏စွမ်းအားကြောင့် ချန်ဆန်းစံအိမ်တော်မှ တပည့်များမှာလည်း လန့်နိုးသွားကြခြင်းဖြစ်လေသည်။
ရန်ရှောက်ထျန်းမှာ တုံ့ဆိုင်းမနေဘဲလေထဲသို့ ပျံတက်ကာ ထိုနေရာမှထွက်ခွာသွားတော့ သည်။
ရန်ရှောက်ထျန်းထွက်ခွာသွားပြီးမကြာမီမှာပင် ချန်ဆန်းစံအိမ်တော်မှတပည့်အဖွဲ့များထိုနေ ရာ သို့ ပျံသန်းရောက်ရှိလာကြသည်။
ရောက်လာသူများထဲတွင် အမာခံတပည့်အမြောက်အမြားလည်း ပါဝင်လေသည်။
ချန်ဆန်းစံအိမ်တော်မှ အမာခံတပည့်များစွာမှာအခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး လုံးဝ ပျက်စီးသွားသောမြေပြင်နှင့်သတ်ဖြတ်ခြင်းသားတော်မုန့်ပိုင်မှာလုံးဝ ကြောင်အကာ လဲလျောင်းနေသည်ကိုသာ မြင်လိုက်ရသဖြင့် အလွန်အမင်းတုန်လှုပ်သွားကြတော့သည်။
ချန်ဆန်းစံအိမ်တော်တပည့်များ၏ ကုသမှုအောက်တွင် မုန့်ပိုင်၏ဒဏ်ရာများမှာ အတော် အတန် ပြန်လည်သက်သာလာခဲ့ပေသည်။
သူသည် ချန်ဆန်းစံအိမ်တော်တပည့်များကိုကြည့်ကာ တစ်ကိုယ်လုံးတွန့်လိမ်နေပြီး ထိတ် လန့်နေသော မျက်နှာအမူအရာဖြင့် "ငါ့ကို မသတ်ပါနဲ့... ငါ့ကို မသတ်ပါနဲ့" ဟုသာ အမြဲတစေ အော်ဟစ်နေလေသည်။
ဤစကားအပြင် တစ်ခါတစ်ရံတွင်ဝယ် "သိုင်းဝိညာဉ်ပေါ်ထွက်လာပြီဆိုလျင် ဘယ်သူက ယှဉ်ပြိုင် နိုင်တော့မှာလဲ" ဟုလည်း အော်ဟစ်တတ်လေပြန်တော့သည်။
သတ်ဖြတ်ခြင်းသားတော်မုန့်ပိုင်၏ပုံစံကိုမြင်သောအခါ ချန်ဆန်းစံအိမ်တော်တပည့်အား လုံး တို့မှာလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဆွံ့အသွားကြတော့သည်။
ရန်ထျန်းရဲ၊ ကျန်းမင်နှင့် လော့ကျိုးတို့မှာ အခင်းဖြစ်ပွားရာနေရာတွင် မရှိကြသော်လည်း မုန့်ပိုင်၏ အခြေအနေကို အလျင်အမြန် သိရှိသွားခဲ့ကြသည်။
"ဘာ... ကြောက်ပြီး ကြောင်သွားတယ် ဟုတ်လား"
မုန့်ပိုင် ကြောက်ပြီးကြောင်သွားကြောင်း သိလိုက်ရသောအခါ ရန်ထျန်းရဲနှင့် အခြားသူများ မှာ အကြီးအကျယ်တုန်လှုပ်သွားပြီး သူတို့၏မျက်နှာများမှာမယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွား တော့သည်။
ခန့်ညားထည်ဝါသော သတ်ဖြတ်ခြင်းသားတော်၊ ချန်ဆန်းခြောက်ပါးထဲမှ တစ်ဦးဖြစ်သူက ကြောက်ပြီး ကြောင်သွားသည်တဲ့လား။ ဤသည်မှာအလွန်တရာ အဓိပ္ပာယ်မရှိလှပေ။
"သူ ကြောက်ပြီးကြောင်သွားတာပါ" ဟု သတင်းပို့သော တပည့်ဖြစ်သူကလည်း ထူးဆန်း သောမျက်နှာအမူအရာဖြင့်ပြောလိုက်လေသည်။
"အခင်းဖြစ်ပွားရာနေရာက တပည့်တွေရဲ့အဆိုအရအစ်ကိုကြီးမုန့်ပိုင်က အဲဒီမှာ 'ငါ့ကို မသတ်ပါနဲ့' လို့ပဲ အော်နေခဲ့တာပါ"
"ဪ... ပြီးတော့တစ်ခါတစ်ရံမှာ 'သိုင်းဝိညာဉ်ပေါ်ထွက်လာပြီဆိုလျင် ဘယ်သူကယှဉ်ပြိုင် နိုင်မှာလဲ' လို့လည်း ပြောနေပြန်ပါတယ်"
သိုင်းဝိညာဉ် ပေါ်ထွက်လာပြီဆိုလျင် ဘယ်သူက ယှဉ်ပြိုင်နိုင်မှာလဲ။
ရန်ထျန်းရဲနှင့် ကျန်းမင်တို့မှာ အကြီးအကျယ်တုန်လှုပ်သွားကြတော့သည်။
မုန့်ပိုင် ဘာလုပ်ဖို့သွားခဲ့သလဲဆိုတာကို သူတို့သိထားကြလေသည်။ မုန့်ပိုင်သည် ရန်ရှောက်ထျန်း ၏ ဝိညာဉ်ကွင်းဆက်စွမ်းအားကို စမ်းသပ်ရန်အတွက် ယခုအကြိမ်ထွက်သွားခဲ့ခြင်း ဖြစ်လေသည်။
"ကောင်းပြီ... မင်း အရင်ထွက်သွားလို့ရပြီ" ဟု ရန်ထျန်းရဲက ထိုတပည့်ကို ပြောလိုက်သည်။
ထိုတပည့်မှာ ပြန်လည်ဖြေကြားပြီးနောက် ထွက်ခွာသွားတော့သည်။
"ရန်ရှောက်ထျန်းရဲ့ သိုင်းဝိညာဉ်နဲ့ဝိညာဉ်ကွင်းဆက်က တကယ်ပဲမုန့်ပိုင်ကို ကြောင်သွားစေ လောက်အောင် ကြောက်စရာကောင်းနေတာလား" ဟု လော့ကျိုးက သံသယများစွာဖြင့် ပြောလိုက် သည်။
ကျန်းမင်က ခေါင်းခါပြကာ
"ငါတို့ ဒါကို ကိုယ်တိုင်မမြင်ခဲ့ရဘူး၊ ဒါကြောင့် အဲဒီအချိန်မှာ ဘာဖြစ်ခဲ့သလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ရန်ရှောက်ထျန်း ကိုယ်တိုင်လုပ်တာမဟုတ်ဘဲ သူ့ဘေးမှာရှိနေတဲ့ဝိညာဉ်ကို ထိတ် လန့်စေသောနည်းလမ်းတစ်ခုခုသုံးနိုင်တဲ့ ပြိုင်ဘက်ကင်းပညာရှင်တစ်ယောက်ရှိနေလို့ မုန့်ပိုင်ဒီလို ဖြစ်သွားတာလည်းဖြစ်နိုင်တာပဲ" ဟု ပြောလိုက်သည်။
ရန်ရှောက်ထျန်းက မုန့်ပိုင်ကိုဤကဲ့သို့အခြေအနေဖြစ်အောင် လုပ်ခဲ့သူဖြစ်သည်ဟု သူမ မယုံ ကြည်ပေ။
ဧကရာဇ်အဆင့် ပထမအလွှာဖြစ်သောရန်ရှောက်ထျန်းက မုန့်ပိုင်ကို ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကြောက်သွားအောင် လုပ်နိုင်မှာလဲ။
ရန်ထျန်းရဲသည်မှာလည်း ၎င်းကို မယုံကြည်ပေ။
ရန်ရှောက်ထျန်းသည် အခင်းဖြစ်ပွားရာနေရာမှထွက်ခွာလာခဲ့ပြီးနောက် ချက်ချင်းပင် တွင်းနက်ကြီး ပျံသန်းရေးယာဉ်ကိုစီးနင်းကာ ဖော်ယွမ်အင်ပါယာဆီသို့ ဦးတည်သွားလေတော့သည်။
ခရီးစဉ်မှာ အေးအေးဆေးဆေးပင် ဖြစ်လေသည်။
မကြာမီ နှစ်ရက်ဆိုသောအချိန်သည် ကုန်ဆုံးသွားခဲ့ပြန်လေသည်။
နတ်ဘုရားဆေးလုံး အကြွင်းအကျန်များကို မျိုချပြီးနောက် သက်စောင့်နတ်ဘုရားအသီးပင် တွင် နောက်ဆုံး၌ သက်စောင့်နတ်ဘုရားအသီး လေးလုံး သီးလာခဲ့လေသည်။
လတ်ဆတ်ပြီး နုပျိုသောသက်စောင့်နတ်ဘုရားအသီးကိုကြည့်ကာ ရန်ရှောက်ထျန်းမှာ တုံ့ဆိုင်းမနေတော့ပါဘဲ ကျင့်ကြံရန်အတွက် သစ်သီးတစ်လုံးကိုချက်ချင်း မျိုချလိုက်လေသည်။
ဧကရာဇ်အဆင့်သို့ အောင်မြင်စွာတက်လှမ်းပြီးနောက် ရန်ရှောက်ထျန်း၏ သက်စောင့် နတ်ဘုရားသစ်သီးကိုသန့်စင်သည့်အရှိန်မှာ အများကြီးတိုးတက်လာခဲ့သည်သာဖြစ်သည်။
ယခင်ကမဟာအရှင်အဆင့်တွင် သက်စောင့်နတ်ဘုရားသစ်သီးတစ်လုံးကိုသန့်စင်ရန် ရက်ပေါင်းနှစ်ဆယ်ကြာမြင့်ခဲ့သော်လည်း ယခုအခါတွင်မူတစ်လုံးကိုသန့်စင်ရန် ဆယ်ရက်ပင် မကြာတော့ပေ။
ထို့ကြောင့် တစ်လခန့်အတွင်းမှာပင် ရန်ရှောက်ထျန်းသည် သက်စောင့်နတ်ဘုရားသစ်သီး လေးလုံးစလုံးကို အပြည့်အဝသန့်စင်ပြီးသွားခဲ့လေသည်။
သက်စောင့်နတ်ဘုရားသစ်သီးလေးလုံးကို သန့်စင်ပြီးနောက် ရန်ရှောက်ထျန်း၏ သွေးလေစွမ်းအားမှာ အံ့မခန်းဖွယ်အတိုင်းအတာအထိတစ်ဖန်တိုးတက်လာခဲ့သည်။ သို့သော် သူ၏သွေးလေစွမ်းအားမှာ အံ့မခန်းတိုးတက်လာခဲ့သော်လည်း သူ၏ကျင့်ကြံမှုအဆင့်မှာမူ ဧကရာဇ် အဆင့် ဒုတိယအလွှာ အလယ်ပိုင်းသို့သာ မသီမတင်ရောက်ရှိခဲ့လေသည်။
သက်စောင့်နတ်ဘုရားသစ်သီးလေးလုံးကိုမျိုချပြီးနောက် ဧကရာဇ်အဆင့်ဒုတိယအလွှာ အလယ်ပိုင်းသို့သာရောက်ရှိသွားသည်ကိုမြင်သောအခါ ရန်ရှောက်ထျန်းမှာအမှန်တကယ်ပင် ဆွံ့အ သွားတော့သည်။
သူ၏ အခြေခံမှာအလွန်တရာနက်ရှိုင်းလှပေသည်။ ကျင့်ကြံမှုအဆင့်မြင့်မားလာလေလေ နောက်ထပ် အဆင့်တက်ရန်အတွက် အရင်းအမြစ်များပိုမိုလိုအပ်လေလေဖြစ်ပေလိမ့်မည်။
နောင်တွင် သူဤမျှလောက်များပြားသောအရင်းအမြစ်များကို မည်သည့်နေရာမှရနိုင်မည် နည်း။
ယခုရရှိခဲ့သော နတ်ဘုရားဆေးလုံးအကြွင်းအကျန်များမှာ ချန်ဆန်းစံအိမ်တော်က အားစိုက် ထုတ်ကာ စုဆောင်းထားခဲ့ခြင်းဖြစ်လေသည်။
နောက်တစ်ကြိမ်တွင် ဤမျှလောက်များပြားသော နတ်ဘုရားဆေးလုံးအကြွင်းအကျန် များ ကို စုဆောင်းရန်ခက်ခဲပေလိမ့်မည်။
မိုးပြာရောင်နတ်ဘုရားဂူဗိမာန်၏ စတုတ္ထမြောက်နန်းတော်တွင် ချန်ဆန်းဆေးလုံးများ ရှိနေသော်လည်း ၎င်းကိုအစွမ်းထက်ဆုံးဟွန်ယွမ်ကောင်းကင်ကံကြမ္မာဆယ့်လေးခုကို စုစည်းပြီး မှသာ ဖွင့်နိုင်မည်ဖြစ်လေသည်။
သို့သော် အကယ်၍ သူသာမိုးကောင်းကင်ကိုးလွှာကံကြမ္မာဆယ့်ငါးခုကို စုစည်းနိုင်ပါက ကောင်းကင်ကံကြမ္မာနတ်ဘုရားခန္ဓာကိုယ်ကိုကျင့်ကြံနိုင်မည်ဖြစ်လေသည်။ အကယ်၍သူက ဟွန် ယွမ်ကောင်းကင်ကံကြမ္မာဆယ့်ငါးခုကိုစုစည်းနိုင်ခဲ့လျှင် သူကျင့်ကြံထားသောကောင်းကင် ကံကြမ္မာ နတ်ဘုရားခန္ဓာကိုယ်ကို မည်သို့ ခေါ်ဆိုရမည်နည်း။
ကောင်းကင်ကံကြမ္မာနတ်ဘုရားခန္ဓာကိုယ်လား။
"မှန်တယ်... အဲဒါကောင်းကင်ကံကြမ္မာနတ်ဘုရားခန္ဓာကိုယ်ပဲ" ဟု ဆေးနံ့သာအိုးဘိုးဘေး၏ အသံ ထွက်ပေါ်လာလေသည်။
ကောင်းကင်ကံကြမ္မာနတ်ဘုရားခန္ဓာကိုယ်မှာ ကမ္ဘာပေါ်တွင် ရှားပါးလှပေသည်။
ကောင်းကင်ကံကြမ္မာနတ်ဘုရားခန္ဓာကိုယ်မှာမူပြောနေစရာပင်မလိုဘဲ ပို၍ပင်ရှားပါးလှပေ လိမ့်မည်။
၎င်းကို တွေးရုံမျှဖြင့် ဆေးနံ့သာအိုးဘိုးဘေး၏ဖြူစင်သောနှလုံးသားမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။
" ကောင်းကင်ကံကြမ္မာနတ်ဘုရားခန္ဓာကိုယ်"
ရန်ရှောက်ထျန်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
အကယ်၍ ထာဝရနတ်ဘုရားခန္ဓာကိုယ်အပေါ်တွင် ကောင်းကင်ကံကြမ္မာနတ်ဘုရားခန္ဓာ ကိုယ်ကိုပါ ထပ်ပေါင်းလိုက်ပါက သူ၏ခန္ဓာကိုယ်မှာ မည်မျှအထိ အစွမ်းထက်လာမည်နည်း။
ဘယ်လိုမှ ယှဉ်ပြိုင်လို့မရနိုင်သည့် စူပါပြိုင်ဘက်ကင်းခန္ဓာကိုယ်ကြီး ဖြစ်လာပေတော့မည်။
သို့သော် ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးကိုတွေးမိသောအခါ ရန်ရှောက်ထျန်း မှာ အနည်းငယ် အားကိုးရာမဲ့သလိုခံစားလိုက်ရသည်။
ယခုအခါ သူသည် ဧကရာဇ်အဆင့် ဒုတိယအလွှာ အလယ်ပိုင်းသို့ အဆင့်တက်သွားပြီဖြစ်ပြီး သူ၏ နတ်ဘုရားပင်လယ် စစ်မှန်သောချီစွမ်းအင်မှာလည်း မိုင်နှစ်သောင်းကျော်ကို ကျော်လွန်နေပြီ ဖြစ်လေသည်။ သူ၏နတ်ဘုရားပင်လယ်ကမ္ဘာကိုခိုင်မာအောင်လုပ်ရန် ကောင်းကင်ကံကြမ္မာနတ် ဘုရားကျောက်တုံး နောက်ထပ်ငါးတုံးသာရှိမည်ဆိုပါက ဒုတိယမြောက်ဟွန်ယွမ်ကောင်းကင် ကံကြမ္မာကို သူ ခံနိုင်ရည် ရှိလာမည်ဖြစ်လေသည်။
ထို့ကြောင့် သူသည်ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးများကို အမြန်ဆုံးရှာဖွေရ မည် ဖြစ်လေသည်။
ဤအချိန်တွင် ပျံသန်းရေးယာဉ်မှာဖော်ယွမ်အင်ပါယာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်လေသည်။
ယင်လေဂိုဏ်းသို့နီးကပ်လာသည်နှင့်အမျှ သိုင်းပညာရှင်များမှာ တဖြည်းဖြည်းများပြား လာသည်။ ရန်ရှောက်ထျန်းသည်ပျံသန်းရေးယာဉ်ကိုသိမ်းဆည်းလိုက်ပြီး သူကိုယ်တိုင်ပျံသန်းကာ ခရီးဆက်ခဲ့လေသည်။ ညရောက်သောအခါ လူသူကင်းမဲ့ပြီးပျက်စီးနေသောတောင်ပေါ်ကျေးရွာ လေးတစ်ရွာကိုတွေ့ရှိခဲ့သဖြင့် ညအိပ်အနားယူရန်နှင့်မနက်ဖြန်မှခရီးဆက်ရန် ဆုံးဖြတ်လိုက် လေသည်။
မကြာမီ မီးပုံတစ်ခုကို ထွန်းလိုက်လေသည်။
ရန်ရှောက်ထျန်းသည် သူ၏ဖခင်ကြိုချက်ထားသောအရက်ကိုထုတ်ယူကာ သောက်တော့ သည်။
ယခုအခါတွင်မူ သူသည် ဖခင်ဖြစ်သူချက်ထားသောအရက်ကို သောက်ရသည်မှာ ကျင့်သား ရနေပြီ ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် မနက်ဖြန်တွင် ယင်လေဂိုဏ်းသို့သွားရောက်ရန် စဉ်းစားနေစဉ်မှာပင် ရုတ်တရက်အဝေးမှပုံရိပ်တစ်ခုလွင့်မျောလာကာ သူ၏အနီးသို့ပျံသန်းလာသည်ကို တွေ့လိုက် ရသည်။ ထို့နောက် ထိုသူမှာမြင့်မားသောနေရာမှပြုတ်ကျလာပြီး အနီးနားရှိနေရာတစ်ခုသို့ လိမ့်ကျ သွားတော့သည်။
ရန်ရှောက်ထျန်းမှာ ထူးဆန်းသွားသဖြင့် သွားရောက်စစ်ဆေးကြည့်လိုက်သည်။ သတိမေ့ နေသော ထိုလူ၏နှုတ်ခမ်းများမှာမည်းမှောင်နေပြီး တစ်ကိုယ်လုံးမှာအေးစက်နေသည်ကို တွေ့လိုက် ရသည်။ သူသည်အလွန်အမင်းပြင်းထန်သောရေခဲအဆိပ်မိနေခြင်းဖြစ်ပြီး အကယ်၍မကယ်တင်ပါ က သေချာပေါက်သေဆုံးသွားပေလိမ့်မည်။
ခဏမျှ စဉ်းစားပြီးနောက် ရန်ရှောက်ထျန်းသည် ထိုလူ၏ကျောပေါ်သို့ သူ၏လက်ဝါးကို တင်လိုက်ကာ ကမ္ဘာမြေမီးလျှံ၏စွမ်းအားကိုအသက်သွင်းလိုက်ရာ ရေခဲအဆိပ်များကို တစ်ခုပြီး တစ်ခု ဖယ်ရှားပေးလိုက်လေသည်။
ထို့နောက် သူသည်အဆိပ်ဖြေဆေးလုံးတစ်လုံးကိုထုတ်ယူကာ ထိုလူကိုတိုက်လိုက်လေ သည်။
ခဏအကြာတွင် ထိုလူမှာ နိုးထလာခဲ့လေသည်။
***