ဖော်ယွမ်အင်ပါယာရှိ အစွမ်းအထက်ဆုံး ဂိုဏ်းနှစ်ခုထဲမှတစ်ခုဖြစ်သော ယင်လေဂိုဏ်းသည် ခန့်ညားထည်ဝါသောဗိသုကာလက်ရာများ၊ မရေမတွက်နိုင်သောနန်းတော်များနှင့် တောင်ထိပ် များဖြင့် ပြည့်နှက်နေပြီး တပည့်များမှာလည်း အဆက်မပြတ်ကင်းလှည့်နေကြလေသည်။
ချီဟွေ့ ပြန်လာသည်ကိုမြင်သောအခါ ထိုတပည့်များမှာဦးညွှတ်ကာနှုတ်ဆက်ကြလေသည်။
ယင်လေဂိုဏ်း၏ အဓိကတပည့်ဖြစ်ပြီး ယင်လေဂိုဏ်းချုပ်၏တိုက်ရိုက်တပည့်ဖြစ်သူ ချီဟွေ့မှာ ယင်လေဂိုဏ်းတပည့်များကြားတွင် အလွန်တရာရိုသေလေးစားခြင်းခံရသူလည်းဖြစ်လေ သည်။
"အစ်ကိုကြီး"
ထိုအချိန်တွင် လှပသောအမျိုးသမီးလေးတစ်ဦးသည်အဝေးမှပျံသန်းလာပြီး အံ့အားသင့်စွာ ခေါ်လိုက်လေသည်။
ထိုအမျိုးသမီးလေးမှာ ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏မျက်နှာမှာ အနည်းငယ် ဝိုင်းစက်လို့နေကာ ချစ်စဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရှိနေလေသည်။
ချီဟွေ့က ထိုအမျိုးသမီးလေးကိုမြင်သောအခါပြုံးလိုက်ပြီး
"ညီမလေးရန်"ဟုခေါ်လိုက်လေသည်။
ထို့နောက် သူက ရန်ရှောက်ထျန်းကိုကြည့်ကာ ပြုံးလျက်
"ဒါက ကျွန်တော့်ရဲ့ ညီမလေးပါ" ဟု ပြောလိုက်လေသည်။
ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။ ချီဟွေ့က လမ်းတွင်တစ်လျောက်တွင် သူ၏ဆရာ့သမီးဖြစ်သူ ရန်ချင်းအကြောင်းကို ပြောပြခဲ့ဖူးလေသည်။
ရန်ချင်းလေးက သူတို့ရှေ့သို့ရောက်ရှိလာပြီး ရန်ရှောက်ထျန်းကို စပ်စုသောအကြည့်လေး ဖြင့်ကြည့်ကာ
"အစ်ကိုကြီး... ဒီကအစ်ကိုက ဘယ်သူလဲဟင်" ဟု မေးလိုက်သည်။
၎င်းကို ကြားသောအခါ ချီဟွေ့၏ နှလုံးသားမှာ ထိတ်လန့်သွားတော့သည်။
ရန်ရှောက်ထျန်းသည်မှာလည်း အနည်းငယ်တော့ ဆွံ့အသွားတော့သည်။
"ညီမလေး... ဒီသခင်လေးရန်က ဂိုဏ်းရဲ့ အထူးဧည့်သည်ပါ၊ နင် ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ရ ဘူးနော်" ဟု ချီဟွေ့က အမြန်ပြောလိုက်သည်။
အထူးဧည့်သည် ဟုတ်လား။
ရန်ချင်းသည် သူမ၏ပျာယာခတ်နေသောအစ်ကိုကြီးကိုကြည့်ကာဝေခွဲမရဖြစ်သွား တော့ သည်။
ဒီ အသက်တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက်နှစ်အရွယ်လူငယ်လေးက ဘယ်လိုနောက်ခံမျိုး ရှိနေလို့များပါလဲ။
"ဒါနဲ့ဒီကအစ်ကိုကလည်း မျိုးရိုးအမည်က ရန် ပဲလား" ဟု ရန်ချင်းက သူမ၏မျက်လုံးအစုံဖြင့် ရန်ရှောက်ထျန်းကို ကြည့်ကာ မေးလိုက်လေသည်။
ထိုအခိုက်ရန်ရှောက်ထျန်းက ပြုံးလိုက်ပြီး
"ဟုတ်ပါတယ်... အစ်ကို့ရဲ့ မျိုးရိုးအမည်က ရန် ပါပဲ"
"အစ်ကိုက ညီမတို့ဖော်ယွမ်အင်ပါယာကတော့ မဟုတ်လောက်ပါဘူးနော်" ဟု ရန်ချင်းက မေးလိုက်လေသည်။
"မဟုတ်ပါဘူး"
ရန်ရှောက်ထျန်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။
ထိုသို့ပြောနေရင်းကြားမှပင်ချီဟွေ့သည်ရန်ရှောက်ထျန်းကိုယင်လေဂိုဏ်း၏ပင်မခန်းမဆောင်ဆီသို့ ခေါ်ဆောင်သွားလေသည်။
လမ်းတောက်လျှောက်တွင် ရန်ချင်းဆိုသောမိန်းကလေးသည် ရန်ရှောက်ထျန်းအပေါ် စပ်စုလိုစိတ်ကြောင့် မေးခွန်းများစွာကို မရပ်မနား မေးနေလေတော့သည်။ ချီဟွေ့မှာ စကားများ လွန်းသော သူ၏ညီမလေးကိုကြည့်ကာ အားကိုးရာမဲ့နေတော့သည်။
ရန်ချင်းက စကားများနေသော်လည်း ရန်ရှောက်ထျန်းမှာမူ သူမကိုစိတ်မပျက်မိပေ၊ သူမက သူ၏ညီမလေးရန်လင်အာ ကို သတိရစေသောကြောင့်ပင် ဖြစ်လေသည်။
ခဏအကြာတွင် ချီဟွေ့သည် ရန်ရှောက်ထျန်းကို ပင်မခန်းမဆောင်သို့ ခေါ်ဆောင် လာခဲ့လေ သည်။
ပင်မခန်းမဆောင်အဝင်ဝတွင်တော့ အစောင့်များက ရှိနေလေသည်။
ထိုအခိုက်ချီဟွေ့က အစောင့်များကို "ဂိုဏ်းချုပ် ဘယ်မှာလဲ" ဟု မေးလိုက်သည်။
"ဂိုဏ်းချုပ်နဲ့ ရှေးဟောင်းဘိုးဘေးကြီးတွေက ခန်းမထဲမှာအဆိပ်နဂါးနန်းတော်ရဲ့ ကိစ္စတွေ ကို ဆွေးနွေးနေကြပါတယ်" ဟု အစောင့်ဖြစ်သူက အမြန်ပြန်ဖြေလိုက်လေသည်။
ထိုအချင်းအရာကို ကြားသောအခါ ချီဟွေ့မှာ ရန်ရှောက်ထျန်းကို ရိုသေလေးစားစွာဖြင့်
"သခင်လေးရန်... ကျွန်တော်အရင်ဝင်ပြီး ဆရာ့ကိုသတင်းပို့လိုက်ပါ့မယ်။ သခင်လေး ဒီမှာ ခဏလောက် စောင့်ပေးလို့ ရမလားဟင်" ဟု မေးလိုက်သည်။
"ကောင်းပါပြီ"
ရန်ရှောက်ထျန်းက ပြုံးလျက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ချီဟွေ့သည် ရန်ရှောက်ထျန်းကိုဦးညွှတ်နှုတ်ဆက်ပြီးနောက် ခန်းမထဲသို့ဝင်သွားခဲ့လေ သည်။
ရန်ချင်းသည် သူမ၏အစ်ကိုကြီးက ရန်ရှောက်ထျန်းအပေါ် ဤမျှလောက်အထိ ရိုသေလေး စားနေသည်ကိုမြင်သောအခါ ပို၍ပင်အံ့သြပြီးစပ်စုချင်လာတော့သည်။ သူမသည် သူမ၏ အစ်ကိုကြီးအကြောင်းကို ကောင်းကောင်းသိထားပေသည်၊ သူသည်စိန့်အဆင့်ရှေးဟောင်းဘိုးဘေး ကြီးတစ်ဦးကိုပင် ဤမျှလောက်အထိ ရိုသေလေးစားတတ်သူ မဟုတ်ပေ။
ဒီလူငယ်လေးက ဘာဖြစ်လို့ သူမ၏အစ်ကိုကြီးရဲ့ လေးစားမှုကို ရနေရတာလဲ။
ထိုအချိန်တွင် ပင်မခန်းမဆောင်အတွင်း၌ ယင်လေဂိုဏ်းချုပ်ရန်ရှီက ရှေးဟောင်းဘိုးဘေး ကြီးများနှင့်အတူ အမှောင်နဂါးပြန်ရောက်လာသည့်ကိစ္စကိုဆွေးနွေးနေကြလေသည်။ ခန်းမအတွင်း ရှိ လေထုမှာ အလွန်တရာလေးလံနေသည်၊ အဆိပ်နဂါးနန်းတော်မှအမှောင်နဂါးပြန်ရောက်လာ သည့် သတင်းမှာ ယင်လေဂိုဏ်းရှိ လူတိုင်းကို အသက်ရှူကျပ်စေခဲ့လေသည်။
ချီဟွေ့ ခန်းမထဲသို့ ဝင်လာသောအခါ လေးလံသော လေထုကို ချက်ချင်း ခံစားလိုက်ရသည်။
ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသဖြင့် သူ၏ခြေလှမ်းများကို လျှော့ချ လိုက်ကာ ခန်းမအလယ်သို့လျှောက်သွားလေပြီးရန်ရှီကို
"ဆရာ" ဟု လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။
ရန်ရှီမှာ အမှောင်နဂါးကိစ္စကြောင့်စိတ်ရှုပ်နေသဖြင့် ချီဟွေ့ကိုလက်ဝှေ့ယမ်းပြကာ စောင့်နေ ရန် အချက်ပြလိုက်သည်။
ချီဟွေ့မှာ စကားများဆို့သွားပြီးပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင်ဘေးသို့ဆုတ် သွားခဲ့လေသည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်နေဆဲ ဖြစ်လေသည်။
ရန်ရှီနှင့် ယင်လေဂိုဏ်း၏ရှေးဟောင်းဘိုးဘေးကြီးများမှာ သူတို့၏မျက်ခုံးများကို တွန့်ချိုး ထားကြပြီး မည်သူမျှစကားမပြောကြပေ။
၎င်းမှာ ချီဟွေ့ကို အလွန်အမင်း စိတ်ပူသွားစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဧကရာဇ်သုံးထောင်ရန်နတ်ဘုရားမှာ ခန်းမအပြင်ဘက်တွင် စောင့်နေဆဲ ဖြစ်သောကြောင့်ပင်။
ချီဟွေ့ ခဏမျှ စောင့်ကြည့်သော်လည်း စိတ်မရှည်နိုင်တော့ပေ။ သူသည် အံကြိတ်ကာ ရှေ့သို့ တက်သွားလိုက်ပြီး
"ဆရာ... ချန်ဆန်းစံအိမ်တော်ကသခင်လေးဧကရာဇ်သုံးထောင်ရန်နတ်ဘုရား လာရောက် လည်ပတ်ပါတယ်၊ သူ အခု ခန်းမအပြင်ဘက်မှာ ရောက်နေပါတယ်" ဟု ပြောလိုက်လေသည်။
ခန်းမအတွင်းရှိ လက်ဖက်ရည်သောက်နေသော ရှေးဟောင်းဘိုးဘေးအမြောက်အမြားမှာ ၎င်း၏တင်လျောက်သံကိုကြားလိုက်ရသောအခါ "ဖွတ်" ဟူသော အသံနှင့်အတူသောက်လက်စ လက်ဖက်ရည်များပင် ပန်းထွက်ကုန်တော့သည်။
"မင်း ဘာပြောလိုက်တယ်။ ချန်ဆန်းစံအိမ်တော်ကသခင်လေးဧကရာဇ်သုံးထောင် ရန်နတ် ဘုရား ဟုတ်လား" ဟု ရန်ရှီက သူများနားကြားမှားလိုက်သလားဟုထင်မှတ်ကာ မျက်နှာအမူအရာ အကြီး အကျယ် ပြောင်းလဲသွားတော့သည်။
"ဟုတ်ပါတယ်၊ သခင်လေးရန်နတ်ဘုရားပါ၊ သူ ဆွေးနွေးစရာရှိလို့ လာရောက်လည် ပတ် တာပါ" ဟု ချီဟွေ့က အမြန်ပြန်ဖြေလိုက်သည်။
"မင်း... မင်း... ဘာဖြစ်လို့ စောစောကမပြောတာလဲ" ဟု ရန်ရှီက ဆူပူလိုက်ပြီးနောက် ခန်းမအပြင်ဘက်ဆီသို့ အမြန် လျှောက်သွားလေတော့သည်။
ချီဟွေ့မှာ ခါးသက်စွာ ပြုံးလိုက်မိသည်။
ကျွန်တော် ပြောဖို့ လုပ်နေတာပဲ၊ ဆရာကမှ စကားပြောခွင့် မပေးတာပဲကို။
ဒါ ကျွန်တော့်ရဲ့အပြစ်လား။
သူသည် ရန်ရှီ၏ နောက်ကနေ အမြန်လိုက်သွားခဲ့သည်။
ယင်လေဂိုဏ်း၏ ရှေးဟောင်းဘိုးဘေးများအားလုံးမှာလည်း ခန်းမအပြင်ဘက်သို့ အပြေး အလွှား ထွက်လာကြတော့သည်၊ အချို့မှာလက်ထဲတွင်လက်ဖက်ရည်ခွက်များ ကိုင်ထားဆဲဖြစ် သည်ကိုပင် မေ့နေကြလေသည်။
ရန်ရှီ ခန်းမအပြင်ဘက်သို့ ထွက်လာလေသောအခါ ခန်းမအဝင်ဝတွင်မတ်တပ်ရပ်နေသော မိုးပြာရောင် ပုံရိပ်လေးကို မြင်လိုက်ရသည်။
ရန်ရှောက်ထျန်းကို မြင်သောအခါ ရန်ရှီမှာတုန်လှုပ်သွားပြီး ရှေ့သို့အမြန်တက်သွားကာ အဝေးမှပင် လက်အုပ်ချီလျက်
"သခင်လေးဧကရာဇ်သုံးထောင်ရန်နတ်ဘုရား ယင်လေဂိုဏ်းကို ကြွရောက်လာတာ ကျွန်တော်တို့အတွက်ဂုဏ်ယူစရာပါပဲ။ ကျွန်တော်ရန်ရှီကြိုဆိုဖို့ပျက်ကွက်ခဲ့ပါတယ်" ဟု စိတ်လှုပ် ရှားစွာ ပြောလိုက်သည်။
ရန်ရှောက်ထျန်းနှင့် ပေါ့ပေါ့ပါးပါး စကားပြောနေသောရန်ချင်းဆိုသောမိန်းကလေးမှာ ခန်းမ ထဲမှရှေးဟောင်းဘိုးဘေးများတစ်ပြိုင်နက်တည်း ထွက်လာသည်ကိုမြင်လိုက်ရသဖြင့် ဆွံ့အသွား တော့သည်။
သခင်လေး ဧကရာဇ်သုံးထောင် ရန်နတ်ဘုရား ဟုတ်လား။
သူမသည် သူမ၏ဘေးရှိ အသက်တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေးကို ကြည့်လိုက်မိသည်။
ဒီ အစ်ကိုက ရန်နတ်ဘုရား လား။
ချက်ချင်းပင် သူမ တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။
အကယ်၍ ယခုအချိန်တွင် သူမအားကျဆုံးသူကိုပြောပါဆိုလျှင် ၎င်းမှာသေချာပေါက် ရန်နတ်ဘုရားပင် ဖြစ်လေသည်။
ယခုအခါတွင်မူ သူမ၏ဘေးတွင် ရပ်နေသူမှာ ရန်နတ်ဘုရား ဖြစ်နေလေသည်။
ရန်ရှီနှင့် ယင်လေဂိုဏ်းရှေးဟောင်းဘိုးဘေးများက သူ့ကိုလာရောက်ကြိုဆိုကြသည်ကို မြင်သောအခါ ရန်ရှောက်ထျန်းမှာလည်းမပေါ့ဆရဲပေ။ သူကရှေ့သို့ တက်သွားကာ လက်အုပ်ချီလျက်
"ဂိုဏ်းချုပ်ရန်က အရမ်းအားနာစရာကောင်းနေပါပြီ။ ကျွန်တော် ရန်ရှောက်ထျန်းကမှ ရုတ်တရက် ရောက်လာပြီး နှောင့်ယှက်မိတာပါ" ဟု ပြောလိုက်သည်။
ရန်ရှီက ရန်ရှောက်ထျန်း၏ရှေ့သို့ရောက်လာပြီး အလွန်အမင်းစိတ်လှုပ်ရှားစွာဖြင့်
"သခင်လေး ရန်နတ်ဘုရား ယင်လေဂိုဏ်းကိုကြွလာတာ ကျွန်တော်တို့ ဂိုဏ်းအတွက် အလွန် တရာဂုဏ်ယူစရာပါပဲ။ ဒါပေမဲ့ ကျွန်တော် ရန်ရှီကသခင်လေးကို ခန်းမအပြင်ဘက်မှာ အကြာကြီး စောင့်ခိုင်းမိခဲ့တယ်၊ ကျွန်တော် တကယ်ကို ရှက်လှပါတယ်" ဟု ပြောလိုက်သည်။
ရန်ရှောက်ထျန်းက လက်ဝှေ့ယမ်းပြကာ
"ဂိုဏ်းချုပ်ရန်က အရမ်း အားနာတတ်တာပဲ" ဟု ပြုံးလျက် ပြောလိုက်သည်။
ထို့ကြောင့် ရန်ရှီနှင့်ယင်လေဂိုဏ်း ရှေးဟောင်းဘိုးဘေးများ၏ စိတ်လှုပ်ရှားမှုများကြားတွင် ရန်ရှောက်ထျန်းကို ခန်းမအတွင်းသို့ ဖိတ်ခေါ်ခဲ့ကြလေသည်။
ရန်ရှောက်ထျန်းသည် နတ်ဘုရားအဆင့်ရွှေဆေးလုံးနှစ်လုံးကိုစုစည်းထားပြီး သူ၏ သွေးကြောဆုံမှတ်အားလုံးကို ဖွင့်ထားကာ ထာဝရနတ်ဘုရားခန္ဓာကိုယ်မှာလည်း စတင်ဖြစ်ပေါ်နေပြီ ဖြစ်လေသည်။ ချန်ဆန်းတိုက်ကြီးပေါ်ရှိ ပညာရှင်အများအပြားက ရန်ရှောက်ထျန်းသည် နောက်ဆုံးတွင် ချန်ဆန်းစံအိမ်တော်ကိုအုပ်ချုပ်မည့်သူဖြစ်လာလိမ့်မည်ဟု ယုံကြည်နေကြလေ သည်။
ထို့ကြောင့်ပင် ရန်ရှောက်ထျန်းရောက်လာမှုမှာ ရန်ရှီနှင့် ယင်လေဂိုဏ်းရှေးဟောင်းဘိုးဘေး များကို ဤမျှလောက်အထိ စိတ်လှုပ်ရှားစေပြီး ဂရုတစိုက်ဆက်ဆံစေခဲ့ခြင်း ဖြစ်လေသည်။
ရန်ချင်းသည်လည်း နောက်ကနေလိုက်လာခဲ့သည်။ ယခုအခါတွင်မူ သူမ၏အစ်ကိုကြီးက ဘာဖြစ်လို့ ဒီလူငယ်လေးကိုဤမျှလောက်အထိ ရိုသေလေးစားနေရသလဲဆိုတာကို သူမ နောက်ဆုံး တွင် နားလည်သွားခဲ့လေပြီ။
ဒါဆို သူက ရန်နတ်ဘုရားပေါ့။
ရန်ချင်းသည် ရန်နတ်ဘုရား၏ပုံရိပ်ကိုကြည့်ကာ သူမ၏နှလုံးသားမှာ ဒိတ်ဒိတ်တုန်အောင် ခုန်နေတော့သည်။
ခန်းမထဲသို့ ရောက်ပြီးနောက် ရန်ရှီကရန်ရှောက်ထျန်းကို ဂုဏ်ထူးဆောင်နေရာတွင် ထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ ရန်ရှောက်ထျန်းမှာ အမှန်တကယ်မငြင်းဆန်နိုင်သဖြင့် ရန်ရှီ၏ဘယ်ဘက် အောက်ခြေတွင် ထိုင်လိုက်လေသည်။ ရန်ရှီကထို့နောက် သူ၏လက်အောက်ငယ်သားများကို ယင်လေဂိုဏ်း၏ အကောင်းဆုံး လက်ဖက်ရည်ကို တည်ခင်းရန် ညွှန်ကြားလိုက်လေသည်။
ရန်ရှောက်ထျန်း ရောက်ရှိလာမှုကြောင့် ခန်းမအတွင်းယခင်ကရှိနေခဲ့သော လေးလံသော လေထုမှာ လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။
ခန်းမအတွင်း ပျော်ရွှင်စရာ အသံများဖြင့် ပြည့်နှက်နေတော့သည်။
စကားစမြည်ပြောပြီးနောက် ရန်ရှီက
"ချီဟွေ့က သခင်လေးရန်နတ်ဘုရားမှာဆွေးနွေးစရာရှိတယ်လို့ပြောပါတယ်။ အဲဒါ ဘာများ ဖြစ်မလဲဆိုတာ သိပါရစေ" ဟု မေးလိုက်သည်။
ရန်ရှောက်ထျန်းက ဖုံးကွယ်မထားဘဲ
"ကျွန်တော် ခင်ဗျားတို့ရဲ့ရှေးဟောင်းဘိုးဘေးကြီးတိန့်ဖုန်းကို မေးစရာလေး ရှိလို့ပါ" ဟု ပြောလိုက်သည်။
ရန်ရှောက်ထျန်းက သူတို့၏ရှေးဟောင်းဘိုးဘေးကြီးတိန့်ဖုန်းကို တွေ့ချင်သည်ဟု ကြား လိုက်ရသဖြင့် ရန်ရှီမှာခဏမျှရပ်တန့်သွားပြီး
"သခင်လေး ရန်နတ်ဘုရားမသိသေးတာဖြစ်နိုင်ပါတယ်၊ ကျွန်တော်တို့ ရှေးဟောင်းဘိုး ဘေးကြီးက တံခါးပိတ် ကျင့်ကြံနေတာ အခုဆို နှစ်နှစ် ရှိပါပြီ" ဟု ပြောလိုက်သည်။
"ကျွန်တော် သိပါတယ်"
ရန်ရှောက်ထျန်းကပြုံးလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်က ခင်ဗျားတို့ရဲ့ရှေးဟောင်းဘိုးဘေးကြီးနဲ့ကျွန်တော် ထာဝရကောင်း ကင်သင်္ချိုင်းမှာဆုံခဲ့ဖူးပါတယ်။ နဂါးနန်းတော်က သူငယ်ချင်းဟောင်းတစ်ယောက် ရောက်လာတယ် လို့ပဲ သူ့ကိုသွားပြောပေးပါ၊ သူ ကျွန်တော့်ကို တွေ့ပါလိမ့်မယ်"
နဂါးနန်းတော်က သူငယ်ချင်းဟောင်း ဟုတ်လား။
ရန်ရှီမှာ ဇဝေဇဝါဖြစ်သွားသော်လည်း ရန်ရှောက်ထျန်းကထိုသို့ ပြောလာသဖြင့် သူမငြင်း ဆန်ရဲပေ။ သူသည်ရန်ရှောက်ထျန်းကိုခဏစောင့်ရန်ပြောခဲ့ပြီးနောက် သူကိုယ်တိုင်ပင်တားမြစ်နယ် မြေသို့ သွားရောက်ကာ တိန့်ဖုန်း၏ဂူဗိမာန်တံခါးကို ခေါက်လိုက်လေသည်။
"သူက သူနဲ့ ကျွန်တော် ထာဝရကောင်းကင်သင်္ချိုင်းမှာ ဆုံခဲ့ဖူးတယ်လို့ ပြောတယ် ဟုတ်လား။ နဂါးနန်းတော်က သူငယ်ချင်းဟောင်းတဲ့လား"
တိန့်ဖုန်းမှာ အံ့အားသင့်ပြီးသံသယဖြစ်သွားသည်။ ရုတ်တရက် သူ၏စိတ်ထဲတွင် ကြောက် မက်ဖွယ်ပုံရိပ်တစ်ခုဖြတ်ပြေးသွားခဲ့သည် - မသေနိုင်သော သေမင်းနတ်ဘုရားမှာ ပေပေါင်းသောင်း ချီ မြင့်မားသောအိုးကြီးတစ်လုံး၏ရိုက်နှက်မှုကိုခံရပြီး သွေးများအန်ထုတ်နေသည့် ပုံရိပ်ဖြစ်လေ သည်။
ဒါ... ဟို အထွတ်အထိပ်ဘုရင် လူငယ်လေးလား။
"သူက အသက်ဘယ်လောက်ရှိပြီလဲ"
တိန့်ဖုန်းက တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
သူသည် လွန်ခဲ့သောနှစ်နှစ်လုံးလုံးတံခါးပိတ်ကျင့်ကြံနေခဲ့သဖြင့် ရန်နတ်ဘုရား၏ ကိစ္စများ ကို မသိခဲ့ပေ။
"သခင်လေး ရန်နတ်ဘုရားကအသက်တစ်ဆယ့်ငါးနှစ်ပါ" ဟု ရန်ရှီက သူ၏ ရှေးဟောင်း ဘိုးဘေးကြီး၏ မျက်နှာအမူအရာကို စပ်စုစွာကြည့်ရင်း ရိုသေစွာ ဖြေကြားလိုက်သည်။
တစ်ဆယ့်ငါးနှစ်။ တိန့်ဖုန်းတစ်ကိုယ်လုံးတုန်ယင်သွားတော့သည်။ လွန်ခဲ့သော နှစ်နှစ်က မသေနိုင်သော သေမင်းနတ်ဘုရားကို အိုးကြီးတစ်လုံးနှင့် ရိုက်နှက်ခဲ့သော လူငယ်လေးမှာ အသက် တစ်ဆယ့်သုံး၊ တစ်ဆယ့်လေးနှစ်သာ ရှိသေးသည်။ နှစ်နှစ်ကြာပြီးနောက်တွင် သူသည် အတိအကျ တစ်ဆယ့်ငါးနှစ် မဟုတ်ပါလော။
"မြန်မြန်... ငါ့ကို သခင်လေးရန်နဲ့ တွေ့ဖို့ ခေါ်သွားစမ်း"
***