"ငါ့ကို သခင်လေး ဧကရာဇ်သုံးထောင် ရန်နတ်ဘုရားနဲ့ တွေ့ဖို့ ခေါ်သွားစမ်း"
သူတို့၏ ရှေးဟောင်းဘိုးဘေးကြီးမှာ ဤမျှလောက်အထိ ထူးထူးခြားခြား စိတ်လှုပ်ရှားနေ သည်ကို မြင်ရသဖြင့် ရန်ရှီမှာအလွန်တရာ အံ့အားသင့်သွားတော့သည်။
ရန်ရှောက်ထျန်းသည် နောင်တွင် ချန်ဆန်းစံအိမ်တော်ကိုအုပ်ချုပ်မည့်သူ ဖြစ်လာနိုင်သော် လည်း သူတို့၏ရှေးဟောင်းဘိုးဘေးကြီးအနေဖြင့် ဤမျှလောက်အထိ စိတ်လှုပ်ရှားစရာ မလိုဟု သူ ထင်မိလေသည်။
ထို့အပြင် သူတို့၏ရှေးဟောင်းဘိုးဘေးကြီးက "တွေ့ဖို့" ဟု ပြောလိုက်သည် မဟုတ်ပါ လော။
ဦးညွှတ်ဂါရဝပြုဖို့ ဖြစ်လေသည်။
တွေ့ဆုံရုံသက်သက် မဟုတ်ပေ။
သူတို့၏ ရှေးဟောင်းဘိုးဘေးကြီး၏အဆင့်အတန်းအရဆိုလျှင် ချန်ဆန်းစံအိမ်တော် အရှင်သခင်ကိုယ်တိုင် ရောက်လာလျှင်ပင် ဦးညွှတ်ဂါရဝပြုရန် မလိုပေ။
"ရှေးဟောင်းဘိုးဘေးကြီး... သခင်လေးရန်နတ်ဘုရားကို တကယ်ပဲဦးညွှတ်ဂါရဝပြုချင် တာလား"
ရန်ရှီက ဆွံ့အစွာ မေးလိုက်သည်။
သို့သော် သူ၏စကားမဆုံးသေးခင်မှာပင် တိန့်ဖုန်းမှာလေထဲသို့ပျံတက်သွားပြီး ယင်လေ ဂိုဏ်း ပင်မခန်းမဆောင်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။
ရန်ရှီမှာ နောက်ထပ်စကားတစ်လုံးမျှ မပြောရဲတော့ဘဲ သူ၏နောက်ကနေ အမြန်လိုက်သွား တော့သည်။
"သွား... ထန်ကျဲနဲ့ တခြားသူတွေကို အမြန်သွားအကြောင်းကြားလိုက်စမ်း"
တိန့်ဖုန်းက ရုတ်တရက်အမည်ပေါင်းတစ်ဒါဇင်ကျော်ကို ရွတ်ဆိုလိုက်သည်၊ ထိုသူများမှာ ယင်လေဂိုဏ်း၏ အစွမ်းအထက်ဆုံး ရှေးဟောင်းဘိုးဘေးကြီးများ ဖြစ်ကြလေသည်။
ထိုသူများမှာ လွန်ခဲ့သောနှစ်နှစ်က သူနှင့်အတူထာဝရကောင်းကင်သင်္ချိုင်းသို့ ဝင်ရောက်ခဲ့ သော ရှေးဟောင်းဘိုးဘေးကြီးများလည်း ဖြစ်ကြလေသည်။
"အားလုံးကို အကြောင်းကြားရမှာလား"
ရန်ရှီမှာ ဆွံ့အသွားတော့သည်။
"အားလုံးကို အကြောင်းကြားရမယ်၊ မြန်မြန်လုပ်"
တိန့်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
"သူတို့အားလုံးကို ပင်မခန်းမဆောင်ဆီအမြန်ဆုံးလာပြီး ငါနဲ့အတူသခင်လေးရန်နတ် ဘုရားကို ဦးညွှတ်ဂါရဝပြုခိုင်းလိုက်"
ရန်ရှီမှာ ဇဝေဇဝါ ဖြစ်နေတော့သည်။
တိန့်ဖုန်း ရှေးဟောင်းဘိုးဘေးကြီးက ရန်နတ်ဘုရားကို တစ်ယောက်တည်း သွားတွေ့ဖို့ မလုံလောက်ဘဲ သူတို့ဂိုဏ်းရဲ့အစွမ်းအထက်ဆုံး ရှေးဟောင်းဘိုးဘေးတွေ အားလုံးကိုပါ ခေါ်ပြီး အတူတူ ဦးညွှတ်ဂါရဝပြုခိုင်းနေသည်တဲ့လား။
သို့သော် သူသည် တိန့်ဖုန်း၏စကားကိုမလွန်ဆန်ရဲသဖြင့် ထန်ကျဲနှင့် တခြား ရှေးဟောင်း ဘိုးဘေး တစ်ဒါဇင်ကျော်ကို အမြန်သွားရောက်အကြောင်းကြားလိုက်လေသည်။
တိန့်ဖုန်း အံ့သြသွားသည်မှာ ရန်ရှောက်ထျန်းနှင့်တိန့်ဖုန်း ရှေးဟောင်းဘိုးဘေးကြီးတို့ ထာဝရ ကောင်းကင်သင်္ချိုင်းတွင်ဆုံခဲ့ဖူးပြီး နဂါးနန်းတော်က သူငယ်ချင်းဟောင်း ဖြစ်ကြောင်း ပြောလိုက် သောအခါ ထန်ကျဲနှင့် ရှေးဟောင်းဘိုးဘေးများအားလုံးမှာ တိန့်ဖုန်းကဲ့သို့ပင် အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး ပင်မခန်းမဆောင်ဆီသို့ အပြေးအလွှား ရောက်ရှိလာကြခြင်း ဖြစ်လေသည်။
၎င်းကို မြင်သောအခါ ရန်ရှီမှာအလွန်အမင်းအံ့သြပြီး သံသယများဖြင့် ပြည့်နှက်နေတော့ သည်။
ခဏမျှအတွင်းမှာပင် သူ ဘာဖြစ်နေသလဲဆိုတာကို လုံးဝစဉ်းစားလို့မရနိုင်အောင် ဖြစ်နေ တော့သည်။
မကြာမီ တိန့်ဖုန်းနှင့် တခြားသူများအားလုံး ပင်မခန်းမဆောင်သို့ ရောက်ရှိလာကြသည်။
ပင်မခန်းမဆောင်အတွင်း၌ ချီဟွေ့၊ ရန်ချင်းနှင့် ရှေးဟောင်းဘိုးဘေး အဖွဲ့တစ်ဖွဲ့မှာ ရန်ရှောက်ထျန်းနှင့် စကားပြောနေကြစဉ်မှာပင် ရုတ်တရက်တိန့်ဖုန်း၊ ထန်ကျဲနှင့် တခြားဆယ် ယောက်ကျော်တို့ စိတ်လှုပ်ရှားစွာဖြင့် ခန်းမအပြင်ဘက်မှ တိုးဝင်လာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားကြတော့သည်။
ရန်နတ်ဘုရားက သူတို့၏ရှေးဟောင်းဘိုးဘေးကြီးကိုပဲတွေ့ချင်သည်ဟု ပြောခဲ့သည် မဟုတ် ပါလော။ ဘာဖြစ်လို့ ထန်ကျဲ တို့လို ရှေးဟောင်းဘိုးဘေးကြီးတွေ အားလုံး ရောက်လာကြတာလဲ။
တိန့်ဖုန်း၊ ထန်ကျဲနှင့် တခြားသူများ ခန်းမထဲသို့ဝင်လာသည်နှင့် ရန်ရှောက်ထျန်းမှာ ဂုဏ်ထူးဆောင်နေရာ၏ အောက်ခြေတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ထိုရင်းနှီးနေသော မိုးပြာရောင်ပုံရိပ်လေးကို မြင်လိုက်ရသောအခါ တိန့်ဖုန်း၊ ထန်ကျဲနှင့် တခြားသူများမှာ အကြီးအကျယ်တုန်လှုပ်သွားကြတော့သည်။
လွန်ခဲ့သော နှစ်နှစ်ကဖြစ်သော်လည်း ထာဝရကောင်းကင်သင်္ချိုင်းရှိ နဂါးနန်းတော်ရှေ့မှ ထိုမိုးပြာရောင် ပုံရိပ်လေးမှာ သူတို့၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေခဲ့လေသည်။
လွန်ခဲ့သော နှစ်နှစ်လုံးလုံးမသေနိုင်သောသေမင်းနတ်ဘုရားမှာရိုက်နှက်ခံရပြီး သွေးများ အန်ထုတ်နေသည့် ကြောက်မက်ဖွယ်မြင်ကွင်းမှာ သူတို့၏စိတ်ထဲတွင် အမြဲတစေပြန်လည် ပေါ်ထွက်နေခဲ့လေသည်။
ထိုမိုးပြာရောင် ပုံရိပ်လေးနှင့်ကောင်းကင်ကြီးကိုပင်ခွဲထုတ်နိုင်သည့်အလား ထင်ရသော ဧရာမအိုးကြီးမှာ သူတို့၏ စိတ်ထဲတွင် မကြာခဏ ပေါ်လာတတ်လေသည်။
ယခုအခါ သူတို့အိပ်မက်ထဲတွင်ပင်တွေ့နေရသော ထိုမိုးပြာရောင်ပုံရိပ်လေးမှာ သူတို့၏ မျက်စိရှေ့သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
လွန်ခဲ့သော နှစ်နှစ်ကဖြစ်သော်လည်း ရန်ရှောက်ထျန်းမှာ ထိုစဉ်ကနဂါးနန်းတော်ရှေ့ရှိ လူငယ်လေးဖြစ်ကြောင်း သူတို့ တစ်ချက်တည်းနှင့် သိလိုက်ကြလေသည်။
အကြီးအကျယ်တုန်လှုပ်နေကြစဉ်မှာပင် တိန့်ဖုန်း၊ ထန်ကျဲနှင့် တခြားသူများမှာစိတ်လှုပ် ရှားပြီး ကြောက်ရွံ့နေသောမျက်နှာအမူအရာများဖြင့် ရန်ရှောက်ထျန်း၏ရှေ့သို့ ရောက်လာကာ ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြပြီးနောက် မြေပြင်ပေါ်သို့ ဝပ်စင်လိုက်ကြတော့သည်။
"ယင်လေဂိုဏ်းက တိန့်ဖုန်း၊ ထန်ကျဲ တို့က သခင်လေးကို ဦးညွှတ်ဂါရဝပြုပါတယ်"
ရန်ရှီ၊ ချီဟွေ့၊ ရန်ချင်းနှင့် ခန်းမအတွင်းရှိ ရှေးဟောင်းဘိုးဘေး အားလုံးမှာ ဆွံ့အသွားကြပြီး သူတို့၏ ရှေးဟောင်းဘိုးဘေးကြီးများနှင့် ရှေးဟောင်းဘိုးဘေးအုပ်စုကြီးကို မယုံကြည်နိုင်စွာ ကြည့် နေကြတော့သည်။
ဒါ တကယ်ကြီး ဦးညွှတ်ဂါရဝပြုနေတာပဲ။
ရန်ရှီ၏ စိတ်ထဲတွင် စစ်မြင်းပေါင်းထောင်သောင်းချီ ကုန်ပတ်ပြေးနေသကဲ့သို့ ခံစားလိုက်ရ သည်။
ရန်ရှောက်ထျန်းနှင့်အတူခရီးသွားခဲ့သော ချီဟွေ့မှာမူ သူ၏နှလုံးသားမှာ ပို၍ပင် ဗရုတ်ဗရက် ဖြစ်နေတော့သည်။
ရန်ရှောက်ထျန်းမှာ အမြန်ပင်ရှေ့သို့တက်သွားကာ တိန့်ဖုန်း၊ ထန်ကျဲနှင့် တခြားသူများကို ထူပေးလိုက်ပြီး
"ကျွန်တော်က ဂျူနီယာ တစ်ယောက်ပါ၊ စီနီယာတို့ ဒီလောက်အထိ ကြီးကျယ်တဲ့ ဂါရဝပြုမှု မျိုး မလုပ်ပါနဲ့" ဟု ပြောလိုက်သည်။
သို့သော် တိန့်ဖုန်း၊ ထန်ကျဲနှင့် တခြားသူများမှာမူ ဂုဏ်ယူဝမ်းမြောက်နေကြတော့သည်။
"ဒါက သင့်တော်ပါတယ်၊ သင့်တော်ပါတယ်" ဟု တိန့်ဖုန်းက စိတ်လှုပ်ရှားနေဆဲ ဖြစ်ကာ အမြန်ပြောလိုက်သည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက မသေနိုင်သောသေမင်းနတ်ဘုရားပင်လျှင် ဤလူငယ် လေးရှေ့တွင်အရှုံးပေးကာထွက်ပြေးခဲ့ရသည်၊ သူတို့အနေဖြင့်ဦးညွှတ်ဂါရဝပြုခြင်းမှာ သူတို့၏ အမြင်တွင် အမှန်ပင် သင့်တော်လှပေသည်။
"စီနီယာတို့ ထိုင်ကြပါဦး"
ရန်ရှောက်ထျန်းက ပြောလိုက်သည်။
ထိုအခါမှသာ တိန့်ဖုန်း၊ ထန်ကျဲနှင့် တခြားသူများမှာ ဂရုတစိုက်နှင့် ထိုင်လိုက်ကြတော့သည်။
"ကျွန်တော် စီနီယာတို့ကို တိုင်ပင်စရာ ကိစ္စလေးတွေ ရှိလို့ပါ"
ရန်ရှောက်ထျန်းက ခဏရပ်လိုက်ပြီး ရန်ရှီနှင့် တခြားသူများကို ကြည့်လိုက်သည်။
တိန့်ဖုန်းက နားလည်သွားသဖြင့် ရန်ရှီနှင့်တခြားသူများကို အရင်ထွက်သွားရန် အချက်ပြ လိုက်သည်။
ရန်ရှီနှင့် တခြားသူများထွက်သွားပြီးနောက်တွင် ရန်ရှောက်ထျန်းက
"စီနီယာတို့ကို ပွင့်ပွင့်လင်းလင်း ပြောရရင် ထာဝရကောင်းကင်ခေါင်းတလားကို ကျွန်တော် ရရှိခဲ့ပါတယ်" ဟု ပြောလိုက်သည်။
၎င်းကို ကြားလိုက်ရသောအခါ တိန့်ဖုန်း၊ ထန်ကျဲနှင့် တခြားသူများမှာ အလွန်တရာ အံ့အားသင့်သွားကြပြီး တစ်ချိန်တည်းမှာပင် သူတို့၏ရင်ထဲမှ အလေးကြီးတစ်ခုကို ဖယ်ရှားလိုက် သကဲ့သို့ ခံစားလိုက်ရသည်။
လွန်ခဲ့သော ရက်များကထာဝရကောင်းကင်ခေါင်းတလားမှာ မသေနိုင်သော သေမင်းနတ် ဘုရား၏လက်ထဲသို့ရောက်သွားမည်ကို သူတို့စိုးရိမ်နေခဲ့ကြခြင်းဖြစ်လေသည်။ ယခုအခါထာဝရ ကောင်းကင်ခေါင်းတလားကို ရန်ရှောက်ထျန်းရရှိသွားပြီဖြစ်ရာ ၎င်းမှာသူတို့အတွက် သတင်း ကောင်းပင် ဖြစ်လေသည်။
"ဒါပေမဲ့ ကျွန်တော်ထာဝရကောင်းကင်ခေါင်းတလားကိုရခဲ့ပေမယ့် အဲဒါကို ဘယ်လို သန့်စင်ရမလဲဆိုတဲ့ နည်းလမ်းကိုတော့ မသိသေးဘူး" ဟု ရန်ရှောက်ထျန်းက ပြောလိုက်သည်။
တိန့်ဖုန်း၊ ထန်ကျဲနှင့် တခြားသူများမှာ ရန်ရှောက်ထျန်း ဘာဖြစ်လို့ သူတို့ကို လာတွေ့ချင် ရသလဲဆိုတာကို နောက်ဆုံးတွင် နားလည်သွားခဲ့ကြသည်။
"သခင်လေးကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့လည်း ထာဝရကောင်းကင်ခေါင်း တလားကို သန့်စင်တဲ့ နည်းလမ်းကို မသိပါဘူး" ဟု တိန့်ဖုန်းက စဉ်းစားပြီး ပြောလိုက်သည်။
"ဒါပေမဲ့ ထာဝရကောင်းကင်ခေါင်းတလားက ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းစောင့်ရတနာ ဖြစ်ခဲ့တာပါ၊ ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ အပျက်အစီးတွေထဲမှာ အဲဒီ သန့်စင်နည်း ရှိနေနိုင်ပါတယ်"
"ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ အပျက်အစီးတွေ"
ရန်ရှောက်ထျန်း၏ မျက်လုံးများ လင်းလက်သွားတော့သည်။
"ဟုတ်ပါတယ်" ဟု ထန်ကျဲကလည်း ရိုသေစွာ ပြောလိုက်သည်။
"အဲဒါ ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ အပျက်အစီးတွေပါပဲ။ လွန်ခဲ့တဲ့ နှစ်တွေက ကျွန်တော်တို့တွေ အဲဒီ အပျက်အစီးတွေထဲကို ဝင်ပြီး ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးကိုရှာဖို့ နည်းလမ်း အမျိုးမျိုး ကြိုးစားခဲ့ကြတယ်"
"ဒါပေမဲ့ ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ အပျက်အစီးတွေက ကြောက်မက်ဖွယ်ကောင်းတဲ့ ဟွန်ချွမ်မိစ္ဆာ ချီစွမ်းအင်တွေနဲ့ ဖုံးအုပ်နေလို့ ကျွန်တော်တို့ ဝင်လို့မရခဲ့ကြဘူး"
ရန်ရှောက်ထျန်းမှာ ၎င်းကိုကြားလိုက်ရသဖြင့်ဝမ်းသာသွားသည်။
"ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ အပျက်အစီးတွေထဲမှာ ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံး ရှိနေတယ်လို့ ခင်ဗျားတို့ ပြောချင်တာလား"
ရန်ရှောက်ထျန်း ဝမ်းသာသွားသည်ကို မြင်သောအခါ တိန့်ဖုန်းနှင့် ထန်ကျဲတို့မှာ အံ့သြသွား ကြသည်။ တိန့်ဖုန်းက အမြန်ပင်
"ဟုတ်ပါတယ်၊ ကျွန်တော်တို့ အထောက်အထား အမြောက်အမြား စုဆောင်းထားပြီး ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ အပျက်အစီးတွေထဲမှာ ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံး ရှိနေတယ် ဆိုတာ အတည်ပြုထားပါတယ်" ဟု ပြောလိုက်သည်။
"ဒါပေမဲ့ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး"
"သခင်လေးကလည်း ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးကို ရှာနေတာလား"
ရန်ရှောက်ထျန်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော့်ရဲ့ နတ်ဘုရားပင်လယ်ကမ္ဘာကို ခိုင်မာအောင်လုပ်ဖို့အတွက် မကြာသေးခင်ကမှ ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးတွေကို အရေးတကြီး လိုအပ်နေတာပါ"
ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ အပျက်အစီးများထဲတွင် ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ၊ ၎င်းမှာ မမျှော်လင့်ထားသော ဝမ်းသာစရာ သတင်းပင် ဖြစ်လေသည်။
"အကယ်၍ သခင်လေးက ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ အပျက်အစီးတွေထဲကို ဝင်ချင်တယ်ဆိုရင် နောက်လမှ ဝင်တာအကောင်းဆုံးပါပဲ" ဟု တိန့်ဖုန်းက အကြံပေးလိုက်သည်။
"ကျွန်တော်တို့ စုံစမ်းကြည့်ထားတာက နှစ်တိုင်းရဲ့ ဒီလမှာဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ မိစ္ဆာချီစွမ်း အင်တွေက အပြင်းထန်ဆုံး အခြေအနေမှာ ရှိနေတာပါ"
"ဒါ့အပြင် ဒီလမှာ ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီးတွေရဲ့ တားမြစ်ချက်စွမ်းအားတွေကလည်း အကြောက်ဆုံး အခြေအနေမှာ ရှိနေပါတယ်"
"ဒီလ ကုန်သွားပြီးရင်တော့ မိစ္ဆာချီစွမ်းအင်တွေနဲ့ တားမြစ်ချက်တွေက သိသိသာသာ အားနည်းသွားပါလိမ့်မယ်"
နောက်လ ဟုတ်လား။ ဒီလ ကုန်ဖို့အတွက် ရက်ပေါင်းနှစ်ဆယ် ကျန်သေးသည်။
ရန်ရှောက်ထျန်းက အချိန်ကိုတွက်ချက်ကြည့်လိုက်ရာ နောက်လအထိ စောင့်မည်ဆိုပါက နတ်ဘုရားနယ်မြေ မဟာပြိုင်ပွဲကို လွဲချော်သွားနိုင်လေသည်။
ထို့ကြောင့် ရန်ရှောက်ထျန်းသည် ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီးများအတွင်းသို့ စုံစမ်းစစ် ဆေးရန်အတွက် မနက်ဖြန်တွင် ဝင်ရောက်ရန် ဆုံးဖြတ်လိုက်လေသည်။
"ဒါပေမဲ့ ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီးတွေအပြင် အဆိပ်နဂါးနန်းတော်မှာလည်း ကောင်း ကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးရှိပါတယ်" ဟု ထန်ကျဲက ရုတ်တရက် ပြောလိုက်သည်။
"ဪ... အဆိပ်နဂါးနန်းတော်မှာလည်း ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံး ရှိတယ် ဟုတ်လား"
ရန်ရှောက်ထျန်းမှာ လန့်သွားတော့သည်။
"ဟုတ်ပါတယ်၊ အဆိပ်နဂါးနန်းတော်က လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကံကြမ္မာနတ်ဘုရားနန်း တော်ကနေ ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးငါးတုံးရရှိခဲ့ပါတယ်" ဟု ထန်ကျဲက ပြောလိုက်သည်။
ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံး ငါးတုံး။
၎င်းကို ကြားလိုက်ရသောအခါ ရန်ရှောက်ထျန်း၏မျက်နှာအမူအရာမှာ အလွန်အမင်း စိတ်ဝင်တစား ဖြစ်သွားတော့သည်။
သူသည် လက်ရှိတွင် ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံး ငါးတုံး လိုအပ်နေခြင်း ဖြစ်သည်၊ အကယ်၍ သူသာနောက်ထပ် ငါးတုံးရရှိမည်ဆိုပါက ဒုတိယမြောက် ဟွန်ယွမ် ကောင်းကင်ကံကြမ္မာကို သူ ခံနိုင်ရည် ရှိလာမည် မဟုတ်ပါလော။
"ဒါပေမဲ့ အဆိပ်နဂါးနန်းတော်က အဲဒီ ငါးတုံးကို သူတို့ရဲ့ ရတနာလို တန်ဖိုးထားထားတာပါ၊ သခင်လေး သွားရင်တောင် သူတို့က ပေးချင်မှ ပေးမှာပါ" ဟု ထန်ကျဲက ပြောလိုက်သည်။
ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
ထို့ကြောင့် သူသည်အဆိပ်နဂါးနန်းတော်သို့ ယနေ့ညတွင် သွားရောက်လည်ပတ်ရန် စီစဉ် လိုက်လေသည်။
***