ထို့နောက် ရန်ရှောက်ထျန်းသည် ယင်လေဂိုဏ်းတွင် အကြာကြီးမနေတော့ပေ။ တိန့်ဖုန်း၊ ထန်ကျဲနှင့် တခြားသူများနှင့် စကားပြောပြီးနောက် ယင်လေဂိုဏ်းမှ ထွက်ခွာခဲ့လေသည်။
ရန်ရှောက်ထျန်း ထွက်ခွာသွားသောအခါ တိန့်ဖုန်း၊ ထန်ကျဲနှင့် တခြားသူများမှာ သူ့ကို အတင်းအကျပ်မတားရဲကြပေ။ သူတို့သည်ရန်ရှောက်ထျန်းကို ယင်လေဂိုဏ်း အပြင်ဘက်အထိ ရိုသေစွာ လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး နောက်တစ်ကြိမ်လာရောက်လည်ပတ်လျှင် ရက်အနည်း ငယ်ကြာအောင် နေပေးရန်အတွက် ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ခဲ့ကြလေသည်။
"ကောင်းပါပြီ"
ရန်ရှောက်ထျန်းက တိန့်ဖုန်းနှင့် တခြားသူများ၏ ဖိတ်ခေါ်မှုကို ပြုံးပြလိုက်ပြီး
"နောက်တစ်ခါကျရင် စီနီယာတို့ကို ထပ်ပြီး နှောင့်ယှက်ပါဦးမယ်" ဟု ပြောလိုက်သည်။
တိန့်ဖုန်းက အမြန်ပင်
"မနှောင့်ယှက်ပါဘူး၊ မနှောင့်ယှက်ပါဘူး။ သခင်လေးသာ လာချင်တယ်ဆိုရင် ယင်လေဂိုဏ်း တစ်ခုလုံးက သခင်လေးကို ကြိုဆိုဖို့အတွက် အမြဲတမ်း အသင့်ရှိနေမှာပါ" ဟု ပြန်ပြောလိုက်သည်။
ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် အားလုံးကိုလက်အုပ်ချီနှုတ်ဆက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
ယင်လေဂိုဏ်းမှ ထွက်ခွာပြီးနောက် ရန်ရှောက်ထျန်းသည် အဆိပ်နဂါးနန်းတော်ဆီသို့ တိုက်ရိုက် ပျံသန်းသွားလေသည်။
အဆိပ်နဂါးနန်းတော်မှာ ယင်လေဂိုဏ်းနှင့်သိပ်မဝေးလှပေ။ သူ၏အရှိန်ဖြင့်ဆိုလျှင် အားကုန် သုံးပြီး သွားမည်ဆိုပါက ညမမှောင်မီတွင် အဆိပ်နဂါးနန်းတော်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။
ခရီးစဉ်မှာ အေးအေးဆေးဆေးပင် ဖြစ်လေသည်။
ရန်ရှောက်ထျန်း အဆိပ်နဂါးနန်းတော်သို့ရောက်ရှိသွားသောအခါ ကောင်းကင်မှာ လုံးဝ မှောင်မိုက်နေပြီ ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် သူ၏ ကံကြမ္မာဝိညာဉ်စွမ်းရည်ဖြစ်သော အာကာသကိုယ်ပျောက် ခြင်းကိုအသုံးပြုကာ အဆိပ်နဂါးနန်းတော်၏တောင်တံခါးရှိ တပည့်ကင်းလှည့်အဖွဲ့များကို ကျော်ဖြတ်ပြီး အဆိပ်နဂါးနန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့ရာ ၎င်းမှာ အလွန်တရာစည်ကားနေ သည်ကို တွေ့လိုက်ရသည်။
အမှောင်နဂါး ပြန်ရောက်လာခြင်းကြောင့် အဆိပ်နဂါးနန်းတော်ရှိ တပည့်သန်းပေါင်းများစွာ မှာ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေကြပုံရလေသည်။
ရန်ရှောက်ထျန်းသည် အဆိပ်နဂါးနန်းတော်ရှိ နန်းတော်အမျိုးမျိုးကို ဖြတ်ကျော်ကာ အဆိပ်နဂါးနန်းတော်၏ ဘဏ္ဍာတိုက်ရှိရာသို့ ဦးတည်သွားလေသည်။
သူ၏ လက်ရှိ အစွမ်းနှင့် အဆင့်အရ အာကာသကိုယ်ပျောက်ခြင်းကို သုံးမည်ဆိုပါက သာမန် စိန့်အဆင့် ပညာရှင်တစ်ဦးပင်လျှင် သူ၏ အရှိန်အဝါကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
သို့သော် ပို၍ သေချာစေရန်အတွက် ရန်ရှောက်ထျန်းသည်ဆေးနံ့သာအိုးကို သူ၏ အရှိန်အဝါအား ဖုံးကွယ်ထားခိုင်းလိုက်လေသည်။
ရန်ရှောက်ထျန်းသည် အဆိပ်နဂါးနန်းတော်၏ဘဏ္ဍာတိုက်ဆီသို့ ဦးတည်သွားနေစဉ်မှာပင် အဆိပ်နဂါးနန်းတော်ရှိ နန်းတော်တစ်ခုကိုဖြတ်ကျော်သွားရာ ရင်းနှီးနေသော ပုံရိပ်အချို့ကို တွေ့လိုက် ရသည်။
ထိုရင်းနှီးနေသောပုံရိပ်များမှာ ကြယ်တာရာပင်လယ်တွင် သူ ဆုံတွေ့ခဲ့ဖူးသော အလောင်း မိစ္ဆာဂိုဏ်းချုပ် လျန်ရွှမ်း၊ မိစ္ဆာဗုဒ္ဓဂိုဏ်းချုပ်နှင့် သွေးမိစ္ဆာဂိုဏ်းချုပ် တို့ ဖြစ်ကြလေသည်။
လျန်ရွှမ်းနှင့် တခြားနှစ်ယောက်တို့ အဆိပ်နဂါးနန်းတော်တွင်ပေါ်လာလိမ့်မည်ဟု ရန်ရှောက် ထျန်း မမျှော်လင့်ထားခဲ့ပေ။
ထိုအချိန်တွင် အဆိပ်နဂါးနန်းတော်နန်းတော်သခင်သည် လျန်ရွှမ်းနှင့်တခြားနှစ်ယောက်ကို ပင်မခန်းမဆောင်အတွင်းသို့ ဖိတ်ခေါ်ပြီးနောက်ခန်းမတံခါးကြီးများကို ပိတ်လိုက်လေသည်။
ရန်ရှောက်ထျန်း၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီး ပင်မခန်းမဆောင်၏ အပြင်ဘက်သို့ ပျံသန်းသွားကာ အမိုးစွန်းမှတစ်ဆင့် ခန်းမအတွင်းရှိ အခြေအနေကို ကြည့်လိုက်လေသည်။
ပင်မခန်းမဆောင်ရှိပလ္လင်ပေါ်တွင် ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော အရပ်ရှည်ရှည် အဘိုးအိုတစ်ဦးထိုင်နေသည်ကိုတွေ့လိုက်ရသည်။ ထိုအဘိုးအိုမှာအမှောင်ချီစွမ်းအင်များနှင့် စစ်မှန် သော နဂါးချီစွမ်းအင်များကိုပိုင်ဆိုင်ထားပြီး သူ၏အရှိန်အဝါမှာ နှလုံးတုန်စရာကောင်း လောက် အောင် ပြင်းထန်လှပေသည်။
လျန်ရွှမ်းနှင့် တခြားနှစ်ယောက်မှာ ထိုအဘိုးအို၏ရှေ့တွင် အလွန်တရာရိုသေလေးစားနေ ကြလေသည်။
အဆိပ်နဂါးနန်းတော် နန်းတော်သခင်မှာ ထိုအဘိုးအို၏ နောက်တွင် ရိုသေစွာ မတ်တပ်ရပ်နေ လေသည်။
ထိုခရမ်းရောင်ဝတ်စုံနှင့် အဘိုးအိုမှာ အခြားသူမဟုတ်ဘဲ အမှောင်နဂါးပင် ဖြစ်လေသည်။
ရန်ရှောက်ထျန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။
"အမှောင်နဂါး စီနီယာ... ကျွန်တော်တို့ ရှေးဟောင်းဘိုးဘေးကြီးက ပြောပါတယ်၊ အကယ်၍ စီနီယာတို့ အဆိပ်နဂါးနန်းတော်က ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့မယ်ဆိုရင် ကျွန်တော်တို့ ရှေးဟောင်း ဘိုးဘေးကြီးက စီနီယာ့ကိုရှေးဟောင်းနတ်ဘုရားနဂါးပညာကျင့်စဉ်ကိုပေးပါလိမ့်မယ်" ဟု လျန်ရွှမ်း က ရိုသေစွာ ပြောလိုက်သည်။
"ဪ... ရှေးဟောင်းနတ်ဘုရား နဂါးပညာ ဟုတ်လား"
အမှောင်နဂါး၏ မှောင်မည်းနေသောမျက်လုံးများမှာ လျန်ရွှမ်းကို စိုက်ကြည့်လိုက်ရာ သူသည် အနည်းငယ် စိတ်လှုပ်ရှားသွားပုံရလေသည်။
သူသည် အမှောင်နဂါးတစ်ကောင်ဖြစ်ရာ သာမန်နဂါးမျိုးနွယ်စုကျင့်စဉ်များမှာ သူ့ကို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။
သို့သော် ရှေးဟောင်းနတ်ဘုရား နဂါးပညာမှာမူ ကွာခြားလှပေသည်။
ရှေးဟောင်းနတ်ဘုရားနဂါးပညာမှာ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ထိပ်တန်းကျင့်စဉ်များထဲ မှ တစ်ခုဖြစ်လေသည်။
အကယ်၍ သူသာရှေးဟောင်းနတ်ဘုရားနဂါးပညာကိုရရှိမည်ဆိုပါက သူ၏အမှောင်နဂါး ခန္ဓာကိုယ်ကို ပို၍မြင့်မားသောအဆင့်သို့ တက်လှမ်းစေနိုင်မည်ဖြစ်လေသည်။
"ဟုတ်ပါတယ်၊ စီနီယာကကျွန်တော်တို့နဲ့မဟာမိတ်ဖွဲ့မယ်ဆိုရင် ကျွန်တော်တို့က စီနီယာ့ကို ရှေးဟောင်းနတ်ဘုရားနဂါးပညာပေးမယ့်အပြင်၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော်တို့ ရှေးဟောင်းဘိုးဘေးကြီးရရှိခဲ့တဲ့အနက်ရောင်နဂါးနတ်ဘုရားဆေးလုံးကိုလည်း စီနီယာ့ကိုပေးပါ လိမ့်မယ်" ဟု လျန်ရွှမ်းက ဆက်ပြောလိုက်ပြီး
"ဒါ့အပြင် မသေနိုင်သောသေမင်းနတ်ဘုရားသခင်ကြီးကလည်း စီနီယာ့ကို မသေနိုင်သော နတ်ဘုရားကျမ်းစာကိုတောင် သင်ပေးနိုင်တယ်လို့ပြောပါတယ်"
"ဘာ... မသေနိုင်သောနတ်ဘုရားကျမ်းစာဟုတ်လား"
အမှောင်နဂါး၏မျက်လုံးများမှာ ပြင်းထန်သောတပ်မက်မှုများဖြင့် တောက်ပလာတော့ သည်။
ရှေးဟောင်းနတ်ဘုရားနဂါးပညာနှင့် အနက်ရောင်နဂါးနတ်ဘုရားဆေးလုံးတို့က သူ့ကို စိတ်လှုပ်ရှားစေသော်လည်း ၎င်းမှာအနည်းငယ်မျှသာဖြစ်လေသည်။ သို့သော်မသေနိုင်သော နတ်ဘုရားကျမ်းစာကမူ သူ၏နှလုံးသားကို အမှန်တကယ်လှုပ်ခတ်သွားစေခဲ့သည်။
မသေနိုင်သော နတ်ဘုရားကျမ်းစာ ရှေ့တွင် မည်သူမျှ စိတ်မလှုပ်ရှားဘဲ နေနိုင်မည် မဟုတ်ဟု ခန့်မှန်းရလေသည်။
သူ၏ အစွမ်းဖြင့်ဆိုလျှင် အကယ်၍သူသာမသေနိုင်သော နတ်ဘုရားကျမ်းစာ ကို ကျင့်ကြံနိုင် မည်ဆိုပါက သူသည် ကမ္ဘာကြီးကို သေချာပေါက် စိုးမိုးနိုင်မည် ဖြစ်လေသည်။
"မူလက မသေနိုင်သော သေမင်းနတ်ဘုရားသခင်ကြီးနဲ့ ကျွန်တော်တို့ ရှေးဟောင်းဘိုး ဘေးကြီးကိုယ်တိုင်လာဖို့လုပ်ထားတာပါ၊ ဒါပေမဲ့ သူတို့ကကိစ္စတစ်ခုနဲ့ကြန့်ကြာနေလို့ နောက် ရက်အနည်းငယ်ကြာမှ ရောက်လာနိုင်ပါလိမ့်မယ်" ဟု လျန်ရွှမ်းက ပြောလိုက်သည်။
"မသေနိုင်သော သေမင်းနတ်ဘုရားသခင်ကြီးနဲ့ ကျွန်တော်တို့ရှေးဟောင်းဘိုးဘေးကြီးက စီနီယာအမှောင်နဂါး ရှေးဟောင်းမိစ္ဆာစစ်မြေပြင်ကနေပြန်ရောက်လာပြီဆိုတာသိလို့ စီနီယာ့ အတွက် လက်ဆောင်အနည်းငယ်ပေးဖို့ ကျွန်တော်တို့သုံးယောက်ကို အရင်လွှတ်လိုက်တာပါ"
သူက ပြောပြောဆိုဆိုနှင့် ကျောက်စိမ်းသေတ္တာသုံးလုံးကိုထုတ်ယူကာ အမှောင်နဂါးကို ဆက်သလိုက်လေသည်။
အမှောင်နဂါးက ကျောက်စိမ်းသေတ္တာသုံးလုံးကိုဖွင့်ကြည့်လိုက်ရာ ချက်ချင်းပင်နတ်ဘုရား အလင်းရောင်များ ပေါက်ကွဲထွက်လာတော့သည်။
ကျောက်စိမ်းသေတ္တာ သုံးလုံးအတွင်း၌ရှားပါးလှသောနတ်ဘုရားရတနာများ ရှိနေလေ သည်။
၎င်းတို့အနက် တစ်ခုမှာကျောက်စိမ်းနဂါးနတ်ဘုရားဂျင်ဆင်းဖြစ်နေသဖြင့် အံ့သြစရာ ကောင်းလှပေသည်။
၎င်းမှာ နဂါးမျိုးနွယ်စု၏ ရှားပါးလှသော နတ်ဘုရားဆေးဖက်ဝင်အပင် ဖြစ်လေသည်။
၎င်းသည် သက်စောင့်နတ်ဘုရားအသီး သို့မဟုတ်နဂါးနတ်ဘုရားအသီးနှင့် မနှိုင်းယှဉ်နိုင် သော်လည်း သိပ်တော့မဝေးလှပေ။
မသေနိုင်သောသေမင်းနတ်ဘုရားက အမှောင်နဂါးနှင့်အဆိပ်နဂါးနန်းတော်ကို သူ၏ဘက်သို့ ဆွဲဆောင်ရန်အတွက် ဤမျှလောက်အထိ ကြီးမားသောအဖိုးအခကို ပေးလိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ပေ။
အမှောင်နဂါးသည် ကျောက်စိမ်းသေတ္တာများကိုလက်ခံလိုက်ပြီး လျန်ရွှမ်းနှင့်တခြားနှစ် ယောက်ကို ပို၍မျက်နှာသာပေးသည့်ပုံစံဖြစ်သွားတော့သည်။
"ပစ္စည်းတွေကို ငါ လက်ခံလိုက်ပြီ။ အသေးစိတ်ကိုတော့မသေနိုင်သော သေမင်းမနတ်ဘုရား သခင်ကြီးနဲ့ ခင်ဗျားတို့ရှေးဟောင်းဘိုးဘေးကြီးနောက်တစ်ခါလာမှပဲဆွေးနွေးကြတာပေါ့" ဟု ပြောလိုက်သည်။
"ခင်ဗျားတို့ ရှေးဟောင်းဘိုးဘေးကြီးကိုသွားပြောလိုက်ပါ၊ နောက်တစ်ခါကျရင် ငါက ရှေးဟောင်းနတ်ဘုရားနဂါးပညာ၊ အနက်ရောင်နဂါး နတ်ဘုရားဆေးလုံးနဲ့ မသေနိုင်သောနတ်ဘုရား ကျမ်းစာ တို့ကိုမြင်ချင်တယ် လို့"
အမှောင်နဂါးက ပစ္စည်းများကိုလက်ခံလိုက်သည်ကိုမြင်သောအခါ လျန်ရွှမ်းမှာ အမှောင်နဂါး စိတ်လှုပ်ရှားသွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် တိတ်တဆိတ်ဝမ်းသာသွားတော့သည်။
"ကောင်းပါပြီ၊ ကျွန်တော်တို့ပြန်ရောက်ရင် မသေနိုင်သောသေမင်းနတ်ဘုရားသခင်ကြီးနဲ့ ရှေးဟောင်းဘိုးဘေးကြီးကို သတင်းပို့လိုက်ပါ့မယ်" ဟု လျန်ရွှမ်းက ရိုသေစွာ ပြောလိုက်သည်။ စကားပြောပြီးနောက် သူတို့သုံးယောက်မှာ အမှောင်နဂါးကို ဦးညွှတ်နှုတ်ဆက်ကာ ထွက်ခွာသွားကြ တော့သည်။
လျန်ရွှမ်းနှင့် တခြားသုံးယောက် ထွက်သွားပြီးနောက် အဆိပ်နဂါးနန်းတော် နန်းတော်သခင် က အမှောင်နဂါးကို
"ရှေးဟောင်းဘိုးဘေးကြီး... ကျွန်တော်တို့တကယ်ပဲ မသေနိုင်သောသေမင်းနတ်ဘုရားနဲ့ မဟာမိတ်ဖွဲ့မှာလား" ဟု မေးလိုက်သည်။
အမှောင်နဂါးက စဉ်းစားလိုက်ပြီး
"ချန်ဆန်းအရှင်သခင် သေဆုံးသွားတာကြာလှပြီ။ မိုးပြာရောင်ဝက်ဝံတစ်ကောင်တည်းနဲ့ ချန်ဆန်းတိုက်ကြီးကို မစောင့်ရှောက်နိုင်ပါဘူး။ ရှေးဟောင်းနှလုံးသားမိစ္ဆာလည်း ပြန်လည်နိုး ထလာ ပြီလို့ငါကြားတယ်။ အကယ်၍ရှေးဟောင်းနှလုံးသားမိစ္ဆာနဲ့မသေနိုင်သော သေမင်းနတ်ဘုရားတို့ ပူးပေါင်းလိုက်ရင် ချန်ဆန်းစံအိမ်တော် သေချာပေါက် ပျက်စီးသွားလိမ့်မယ်" ဟု ပြောလိုက်သည်။
"ဒါကြောင့် မသေနိုင်သော သေမင်းနတ်ဘုရားတို့နဲ့ မဟာမိတ်ဖွဲ့တာကမဆိုးတဲ့ ကိစ္စတစ်ခု ဖြစ်နိုင်တယ်"
အဓိကအချက်မှာ မသေနိုင်သောသေမင်းနတ်ဘုရားက သူ့ကိုမသေနိုင်သောနတ်ဘုရား ကျမ်းစာ ပေးမည်ဟု ကတိပေးထားခြင်း ဖြစ်လေသည်။
၎င်းအကြောင်းကို ပြောပြီးနောက် သူက
"မင်းတို့ ပြင်ဆင်ထားကြ၊ မနက်ဖြန်ကျရင် ငါတို့ယင်လေဂိုဏ်းကို တိုက်ခိုက်ပြီးဖျက်ဆီးပစ် မယ်" ဟု ဆက်ပြောလိုက်သည်။
ထို့နောက် သူသည်အဆိပ်နဂါးနန်းတော်နန်းတော်သခင်ကို ရှေးဟောင်းဘိုးဘေးများ အားလုံးကိုဆင့်ခေါ်ရန်နှင့် မနက်ဖြန်ယင်လေဂိုဏ်းကိုတိုက်ခိုက်မည့်အကြောင်းကို ဆွေးနွေးရန် ညွှန်ကြားလိုက်လေသည်။
ရန်ရှောက်ထျန်းသည် တိတ်တဆိတ်ဆုတ်ခွာခဲ့ပြီး အဆိပ်နဂါးနန်းတော်၏ဘဏ္ဍာတိုက်ဆီ သို့ ဆက်လက် ပျံသန်းသွားလေသည်။
ယနေ့ည အဆိပ်နဂါးနန်းတော်တွင် ဤကဲ့သို့ အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သို့သော် အမှောင်နဂါးသည် မသေနိုင်သောသေမင်းနတ်ဘုရားနှင့် မဟာမိတ်ဖွဲ့ရန် ဆုံးဖြတ် လိုက်ပြီဖြစ် ရာ ဤအမှောင်နဂါးကို အရှင်ထားလို့ မဖြစ်တော့ပေ။
သေချာပေါက်ပင် သူသည်လှုပ်ရှားရန်အတွက်မလောသေးပေ။ သူသည် ပထမဦးစွာ ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးကို ရှာဖွေရမည် ဖြစ်လေသည်။
တိန့်ဖုန်း ပေးထားသော သတင်းအချက်အလက်များကို လိုက်နာကာ အဆိပ်နဂါးနန်းတော်၏ ဘဏ္ဍာတိုက်ကို သူ အလျင်အမြန်ရှာတွေ့ခဲ့လေသည်။
အဆိပ်နဂါးနန်းတော် ဘဏ္ဍာတိုက်၏ဧရာမတံခါးကြီးရှေ့တွင်ရပ်ကာ ရန်ရှောက်ထျန်းသည် သူ၏နည်းဟောင်းကိုအသုံးပြုလိုက်သည်၊ သူ၏လက်ဝါးများကိုဘဏ္ဍာတိုက်တံခါးပေါ်သို့တင် လိုက် ကာ ထာဝရနတ်ဘုရားခန္ဓာကိုယ်၏ စွမ်းအားကိုအသက်သွင်းလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် အချိန်စွမ်းအားများက ဘဏ္ဍာတိုက်တံခါးကိုတိုက်စားသွားပြီး ဧရာမ အပေါက်ကြီးတစ်ခုဖြစ်သွားစေခဲ့ရာ ရန်ရှောက်ထျန်းသည်အဆိပ်နဂါးနန်းတော်၏ ဘဏ္ဍာတိုက် အတွင်းသို့ လမ်းလျှောက်ဝင်သွားခဲ့လေသည်။
ရန်ရှောက်ထျန်းသည် ဟွန်ချွမ်ဂိတ်ဂူဗိမာန်ဘဏ္ဍာတိုက်ကိုမြင်ဖူးသော်လည်း သူ၏မျက်စိ ရှေ့ရှိအဆိပ်နဂါးနန်းတော်ဘဏ္ဍာတိုက်ကို မြင်လိုက်ရသောအခါ မအံ့သြဘဲမနေနိုင်တော့ပေ၊ ၎င်းမှာ ဟွန်ချွမ်ဂိတ်ဂူဗိမာန်ဘဏ္ဍာတိုက်ထက်ပင် ပို၍ကြီးမားနေသောကြောင့်ဖြစ်လေသည်။
အတွင်းတွင် သိမ်းဆည်းထားသောရတနာများမှာ ပို၍ပင်အံ့အားသင့်စရာကောင်း လှပေ သည်။
အဆုံးအစမဲ့သော ဝိညာဉ်ကျောက်တုံးတောင်တန်းများနှင့် ဆေးဖက်ဝင်အပင်တောင်တန်း များမှာ မျက်စိကျိန်းစရာကောင်းလှပေသည်။
ရန်ရှောက်ထျန်းသည် သူ၏ဝိညာဉ်စွမ်းအားကိုထုတ်လွှတ်လိုက်ပြီး ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံး၏ စွမ်းအားကိုအာရုံခံကြည့်လိုက်လေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဘဏ္ဍာတိုက်၏အနက်ရှိုင်းဆုံးနေရာတွင် ကောင်းကင်ကံကြ မ္မာ နတ်ဘုရားကျောက်တုံး၏စွမ်းအားကို သူအာရုံခံမိလိုက်လေသည်။
ရန်ရှောက်ထျန်းမှာ တုံ့ဆိုင်းမနေဘဲဘဏ္ဍာတိုက်၏အနက်ရှိုင်းဆုံးနေရာဆီသို့ ပျံသန်းသွား လေသည်။
မကြာမီ ရန်ရှောက်ထျန်းသည် ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးကို ရှာတွေ့ခဲ့ တော့သည်။
သို့သော် လေးတုံးသာ ရှိနေလေသည်။
ထန်ကျဲ ပြောသကဲ့သို့ ငါးတုံး မဟုတ်ပေ။
ရန်ရှောက်ထျန်းမှာတွေးမိသွားသည်၊ တစ်တုံးကိုအဆိပ်နဂါးနန်းတော်က အသုံးပြုလိုက် ပြီလား။
သူသည် ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးလေးတုံးစလုံးကိုယူလိုက်ပြီး ပတ်ဝန်း ကျင်ကိုရှာဖွေကြည့်သော်လည်း ပဉ္စမမြောက်တစ်တုံးကိုရှာမတွေ့ခဲ့ပေ။
ဘာမှမတတ်နိုင်သဖြင့် ရန်ရှောက်ထျန်းသည်တခြားပစ္စည်းများကို စတင်ရွှေ့ပြောင်းတော့ သည်။
***