အမှောင်နဂါး၏အမြင်တွင် သူ့ရှေ့ရှိလူငယ်လေးမှာအိုးကြီးတစ်လုံးကိုအားကိုးပြီး သူ့ကို ဒဏ်ရာရအောင်လုပ်နိုင်ခဲ့ခြင်းသာဖြစ်လေသည်။ အကယ်၍ဤအိုးကြီးသာမရှိပါက ဤလူငယ် လေးမှာ သူ၏ဖိနပ်ကိုသယ်ပေးရန်ပင် မထိုက်တန်ဟု ယူဆထားလေသည်။
အမှောင်နဂါး၏ ရယ်မောသံများကြားမှာပင် သူ၏တစ်ကိုယ်လုံးရှိ အမှောင်ချီစွမ်းအင်များ မှာ ရန်ရှောက်ထျန်းဆီသို့မုန်တိုင်းတစ်ခုကဲ့သို့လိမ့်တက်သွားပြီး တစ်ချိန်တည်းမှာပင် သူသည် လေထဲသို့ ပျံတက်ကာ နောက်တစ်ကြိမ် ရူးသွပ်စွာထွက်ပြေးရန် ကြိုးစားတော့သည်။
၎င်းကို မြင်သောအခါ ရန်ရှောက်ထျန်းကအေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ကို ဆန့်ထုတ်ကာ ရိုက်ချလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ဆေးနံ့သာအိုးမှာလည်းအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ်ဖက်လူ၏အမှောင်ချီစွမ်းအင်များကို ဖောက်ခွဲပစ်လိုက်ကာတစ်ဖက်လူဆီသို့ တိုက်ရိုက်ရိုက်ချ လိုက်တော့သည်။
အမှောင်နဂါး၏အရှိန်မှာ အလွန်တရာမြန်ဆန်လှပြီး ယခင်ကထက်ပင်ပို၍မြန်နေသေး သည်။ သူ၏တစ်ကိုယ်လုံးမှာ အမှောင်နဂါးမီးလျှံများဖြင့်ဖုံးလွှမ်းနေပြီး မိုးကုတ်စက်ဝိုင်းဆီသို့ လွတ်မြောက်တော့မည့်ဆဲဆဲ ဖြစ်လေသည်။
သို့သော် ဆေးနံ့သာအိုး၏အရှိန်မှာ ပို၍မြန်ဆန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မှီသွားခဲ့ လေသည်။
“ဘုန်း...”
ဆေးနံ့သာအိုးက အမှောင်နဂါးကို ရိုက်ချလိုက်သဖြင့် သူသည် လွင့်ထွက်သွားတော့သည်။
အမှောင်နဂါးမှာ တောင်တန်းများကိုဖြတ်သန်းကာမြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်နှင့် တစ်ပြိုင်နက် ဆေးနံ့သာအိုးမှာအံ့အားသင့်ဖွယ်ကောင်းသော ရွှေရောင်မီးလျှံများကို ထုတ်လွှတ်ကာ ဖျက်ဆီးခြင်းစွမ်းအားများဖြင့် အမှောင်နဂါးကိုမြေကြီးထဲသို့ ပို၍နက်ရှိုင်းစွာအရှိန်အဝါဖြင့် ရိုက် သွင်းလိုက်ပြန်လေသည်။
ရန်ရှောက်ထျန်းသည် အမှောင်နဂါး၏အထက်သို့ ပျံသန်းရောက်ရှိလာသောအခါ အမှောင် နဂါးမှာမြေအောက်အနက်ရှိုင်းဆုံးနေရာတွင်အသက်ငင်နေပြီး သူ၏အသားများနှင့်သွေးများမှာ ရောထွေးနေကာ သူ၏လက်များကိုပင် မလှုပ်ရှားနိုင်တော့သည်ကို တွေ့လိုက်ရသည်။
သေလုမြောပါးဖြစ်နေသောအမှောင်နဂါးကိုကြည့်ကာ ရန်ရှောက်ထျန်းသည် သူ၏ထာဝရ နတ်ဘုရားခန္ဓာကိုယ်စွမ်းအားကိုအသက်သွင်းလိုက်ပြီး သူ၏လက်သီးများဖြင့် ပြင်းထန်စွာထိုးချ လိုက်လေသည်။
အမှောင်နဂါးမှာ ပို၍ပင် မြေအောက်ထဲသို့ နက်ဝင်သွားပြန်တော့သည်။
ထာဝရနတ်ဘုရားခန္ဓာကိုယ်၏ အချိန်စွမ်းအားများမှာ သူ၏သက်စောင့်အားကို ရူးသွပ်စွာ ဖျက်ဆီးနေတော့သည်။
အသက်ငင်နေသော အမှောင်နဂါးမှာသွေးများကို ပို၍အန်ထုတ်လိုက်ပြီး ရန်ရှောက်ထျန်းကို ထိတ်လန့်စွာကြည့်ကာ
"မင်း... ဒါက ထာဝရနတ်ဘုရားခန္ဓာကိုယ်ပဲ" ဟု ရေရွတ်လိုက်သည်။
ဤလူငယ်လေးသည် အမှန်တကယ်ပင်ထာဝရနတ်ဘုရားခန္ဓာကိုယ်ကို ကျင့်ကြံထားသည် တဲ့လား။
သူသည် ရှေးဟောင်းမိစ္ဆာစစ်မြေပြင်ကနေပြန်လာခါစဖြစ်သဖြင့် အဆိပ်နဂါးနန်းတော်မှ လူများမှာ ရန်ရှောက်ထျန်းအကြောင်းကို သူ့အားမပြောပြရသေးပေ၊ ထို့ကြောင့် သူသည် ထာဝရနတ် ဘုရားခန္ဓာကိုယ် ပေါ်ထွက်လာသည့်အကြောင်းကို မသိသေးခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် သူ၏ဓားနှလုံးသားတစ်ဆယ့်ငါးခု၏စွမ်းအားကို အသက်သွင်း လိုက်ရာ သူ၏အတွင်း၌ဓားနှလုံးသားတစ်ဆယ့်ငါးခု၏ အလင်းရောင်များ လွင့်မျောလာတော့သည်။ သူသည် ပြင်းထန်စွာထပ်မံထိုးလိုက်ပြန်ရာ ဓားနှလုံးသားတစ်ဆယ့်ငါးခုနှင့် ထာဝရနတ်ဘုရားခန္ဓာ ကိုယ်တို့၏ပေါင်းစပ်စွမ်းအားကြောင့် အမှောင်နဂါးမှာမြေအောက်ထဲသို့ ပို၍ပင်နက်ဝင်သွား ပြန်လေသည်။
ဓားနှလုံးသားတစ်ဆယ့်ငါးခုနှင့် ထာဝရနတ်ဘုရားခန္ဓာကိုယ်တို့၏ဖျက်ဆီးခြင်း စွမ်းအား အောက်တွင် အမှောင်နဂါး၏တစ်ကိုယ်လုံးမှာ ပို၍ပင်တုန်ယင်လာတော့သည်။
မြေအောက်အနက်ရှိုင်းဆုံးနေရာတွင် လဲလျောင်းနေရင်း သူသည်သူ့ရှေ့ရှိ လူငယ်လေးကို ပို၍ပင် ကြောက်လန့်သောအကြည့်များဖြင့် ကြည့်လိုက်မိသည်
"ဓားနှလုံးသား တစ်ဆယ့်ငါးခု"
ဘုရားရေ...
ဤလူငယ်လေးမှာ အမှန်တကယ်ပင်ဓားနှလုံးသားတစ်ဆယ့်ငါးခုကို ပိုင်ဆိုင်ထားသည်တဲ့ လား။
သမိုင်းတစ်လျှောက် မရှိဖူးသေးသော ဓားနှလုံးသား တစ်ဆယ့်ငါးခု။
သူသည် ဓားနှလုံးသားတစ်ဆယ့်ငါးခုကို အမှန်တကယ်မြင်တွေ့လိုက်ရပြီ ဖြစ်လေသည်။
ထို့နောက် ချက်ချင်းပင်ရန်ရှောက်ထျန်း၏ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအဆင့်ရွှေအမြုတေ ဆေးလုံး နှစ်လုံးထွက်ပေါ်လာပြီး မြေပြင်ကြီးကို တုန်ခါသွားစေတော့သည်။
နတ်ဘုရားအဆင့် ရွှေအမြုတေဆေးလုံးနှစ်လုံး၏စွမ်းအားကြောင့် အမှောင်နဂါးမှာ မျက်စိ ပင် ကျိန်းသွားတော့သည်။
ရန်ရှောက်ထျန်းသည် နတ်ဘုရားအဆင့်ရွှေအမြုတေဆေးလုံးနှစ်လုံး၊ ဓားနှလုံးသား တစ်ဆယ့်ငါးခုနှင့် ထာဝရနတ်ဘုရားခန္ဓာကိုယ်တို့၏စွမ်းအားများကို တစ်ပြိုင်နက်တည်း အသက် သွင်းလိုက်ပြီး ထပ်မံ ထိုးနှက်လိုက်ပြန်သည်။
အမှောင်နဂါးမှာ ထိုတိုက်ခိုက်မှုကြောင့် ထပ်မံ တုန်ခါသွားရပြန်သည်။
၎င်းမှာ မြေပြင်ပေါ်ရှိအင်အားကြီးမားသော အလောင်းတစ်ခုကိုပြင်းထန်စွာ လှုပ်ခါလိုက် သည့်အလား ဖြစ်နေလေသည်။
အမှောင်နဂါးမှာလဲလျောင်းနေရင်း ကောင်းကင်ယံတွင်ရွှေရောင်နေမင်းကြီးများကဲ့သို့ တောက်ပနေသော နတ်ဘုရားအဆင့် ရွှေအမြုတေဆေးလုံး နှစ်လုံးကို စိုက်ကြည့်နေတော့သည်။
"နတ်ဘုရားအဆင့် ရွှေအမြုတေဆေးလုံးတွေ"
"နတ်ဘုရားအဆင့် ရွှေအမြုတေဆေးလုံး နှစ်လုံးတောင်"
သူသည် စကားများပင်ထစ်အကုန်ပြီး မျက်နှာမှာထိတ်လန့်မှုများဖြင့် ပြည့်နှက်နေတော့ သည်။
ဒီလူငယ်က ဘယ်သူများလဲ။ ပထမကထာဝရနတ်ဘုရားခန္ဓာကိုယ်၊ နောက်တော့ ဓားနှလုံး သား တစ်ဆယ့်ငါးခု၊ အခုကျတော့ နတ်ဘုရားအဆင့် ရွှေအမြုတေဆေးလုံး နှစ်လုံးတောင်တဲ့လား။
အကယ်၍ ဒါတွေဆက်ဖြစ်နေမယ်ဆိုရင် သူဟာတိုက်ခိုက်ခံရလို့ သေသွားတာမျိုး မဟုတ်ဘဲ ကြောက်လန့်ပြီးပင် သေသွားနိုင်လေသည်။
ဤကမ္ဘာပေါ်တွင် ဤကဲ့သို့သော ပါရမီရှင်မျိုး ရှိနိုင်ပါ့မလား။
အလောင်းကောင်တစ်ခုကဲ့သို့ လဲလျောင်းနေသော အမှောင်နဂါးကို ကြည့်ကာ ရန်ရှောက်ထျန်းသည် သူ၏ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ သို့မဟုတ်သူ၏နှစ်သန်းချီဝိညာဉ် ကွင်းဆက်နှစ်ခုကိုပင် ဆင့်ခေါ်ခြင်းမပြုသေးပေ။ သူသည်အမှောင်နဂါး၏ရှေ့သို့ရောက်လာပြီး သူ၏ဘယ်ဘက်လက်တွင် မိုးပြာရောင်နဂါးဓားပေါ်ထွက်လာခဲ့လေသည်။
"မိုးပြာရောင်နဂါးဓား"
ရန်ရှောက်ထျန်း၏ လက်ထဲရှိ မိုးပြာရောင်နဂါးဓားကို မြင်လိုက်ရသောအခါ အမှောင်နဂါး၏ ပါးစပ်မှ သွေးများသည်ရေပန်းတစ်ခုကဲ့သို့ ကောင်းကင်ယံဆီသို့ ပန်းထွက်သွားတော့သည်။ ၎င်းမှာ ကြောက်လန့်သွားခြင်းကြောင့်လား သို့မဟုတ်ယခုလေးတင်ရရှိခဲ့သော ဒဏ်ရာများကြောင့်လား ဆိုသည်ကို မသိနိုင်ပေ။
သူသည် ရန်ရှောက်ထျန်း၏မိုးပြာရောင်နဂါးဓားကိုကြည့်ကာ တစ်ကိုယ်လုံးတုန်ယင်နေ တော့သည်။ ၎င်းမှာ အမှန်ပင်မိုးပြာရောင်နဂါးဓားဖြစ်နေပြီး မိုးပြာရောင်နဂါးဓားမှာ အမှန်တကယ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်လေသည်။
နှစ်ပေါင်း တစ်သန်း ကုန်ဆုံးသွားခဲ့ပြီ။
ချန်ဆန်းအရှင်သခင်၏ မိုးပြာရောင်နဂါးဓားပြန်လည်ပေါ်ထွက်လာခဲ့ပြီ။
၎င်းမှာလည်း ဤကြောက်မက်ဖွယ်ကောင်းသောလူငယ်လေး၏လက်ထဲတွင် ဖြစ်လေ သည်။
ဤလူငယ်လေးမှာ သူတို့ ချန်ဆန်းတိုက်ကြီး၏ အနာဂတ်အရှင်သခင်ပင် ဖြစ်ရပေမည်။
အမှောင်နဂါး၏မျက်လုံးများတွင် မျက်ရည်များပင်ဝဲလာခဲ့သည်၊ ၎င်းမှာစိတ်လှုပ်ရှားခြင်း ကြောင့်လား သို့မဟုတ်ချန်ဆန်းတိုက်ကြီးအတွက် စိတ်အေးသွားခြင်းကြောင့်လား ဆိုသည်ကို မသိနိုင်ပေ။
ထိုအချိန်မှာပင် ရန်ရှောက်ထျန်း၏ညာဘက်လက်တွင်ထုံထျန်းနတ်ဘုရားဓားတစ်လက် ထက်၍ ပေါ်ထွက်လာခဲ့ပြန်လေသည်။
"ထုံထျန်းနတ်ဘုရားဓား"
အမှောင်နဂါးသည် ရန်ရှောက်ထျန်း၏ညာဘက်လက်ရှိ ထုံထျန်းနတ်ဘုရားဓားကိုကြည့် ကာ ဆွံ့အသွားတော့သည်။
ဒါ ဘယ်လို ကဲကြမ္မာမျိုးကြီးလဲ။
ဒါက အမှန်တကယ်ပင် ဟုန်ဖုန်းနတ်ဘုရားစီမံသူ၏ ထုံထျန်းနတ်ဘုရားဓား မဟုတ်ပါလော။
နတ်ဘုရားစီမံသူ ။
ဤလူငယ်လေးသည် သူတို့သိုင်းဝိညာဉ်လောက၏ အနာဂတ်နတ်ဘုရားစီမံသူ ဖြစ်လာ တော့မည်လား။
ရန်ရှောက်ထျန်းသည် တခြားသောနတ်ဘုရားဓားများကိုဆင့်ခေါ်ခြင်း မပြုတော့ပေ။ နတ်ဘုရားဓားနှစ်လက်ကိုကိုင်ဆောင်ကာ သူသည်အမှောင်နဂါး၏ရှေ့သို့ ရောက်လာခဲ့ပြီး မိုးပြာရောင် နဂါးဓားနှင့် ထုံထျန်းနတ်ဘုရားဓားတို့မှာတစ်ဖက်လူ၏နှလုံးသားကို ထိုးဖောက်တော့ မည့်ဆဲဆဲ ဖြစ်နေလေသည်။
ထိုအခိုက်….
"ခဏ... ခဏလေး"
"ခဏစောင့်ပါ... ခဏလေးပါ"
အမှောင်နဂါးက အရေးတကြီးဟိန်းဟောက်အသနားခံလိုက်သည်
"ကျွန်တော် ဝန်ခံပါတယ်... ကျွန်တော် ဝန်ခံပါတယ်"
သူသည် သွေးများအန်ထုတ်ရင်း အသက်ရှူမှားမတတ် အော်ဟစ်နေတော့သည်။
သူ ဘာကို ဝန်ခံသလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပေ။
အမှောင်နဂါး၏ အလွန်အမင်းစိတ်လှုပ်ရှားနေသော ပုံစံကို မြင်သောအခါ ရန်ရှောက်ထျန်း၏ နတ်ဘုရားဓား နှစ်လက်မှာ အမှောင်နဂါး၏ နှလုံးသားရှေ့တွင် မနေနိုင်ဘဲ ရပ်တန့်သွားခဲ့သည်။
အကယ်၍ သူသာလက်မဝက်ခန့်ထပ်တိုးလိုက်မည်ဆိုပါက နတ်ဘုရားဓားနှစ်လက်မှာ တစ်ဖက်လူ၏ နှလုံးသားကို ထိုးဖောက်သွားပေလိမ့်မည်။
"သခင်... ကျွန်တော်သခင့်ရဲ့အစီးအနင်းဖြစ်ဖို့ဝန်ခံပါတယ်။ ကျွန်တော့်ကို စီးနင်းနိုင်ပါတယ်" ဟု အမှောင်နဂါးက အလွန်တရာ ခက်ခဲစွာပြောလိုက်သည်။
“မင်းကို စီးရမယ် ဟုတ်လား။”
အမှောင်နဂါး၏မျက်လုံးများတွင် အမြဲတစေရှိနေတတ်သော တင်းမာမှုများနေရာတွင် ရိုကျိုးခယနေတတ်သောအမူအရာများ အစားထိုးဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ရန်ရှောက်ထျန်းမှာ ကျောချမ်းသွားသလိုတောင် ခံစားလိုက်ရသည်။
ဘာဖြစ်လို့ အဲဒီစကားက နားဝင်ရတာအရမ်း ခက်နေရတာလဲ။
“ငါက ယောက်ျားတစ်ယောက်လေ၊ မင်းလို အဘိုးကြီးအမှောင်နဂါးကြီးကို ဘာလို့ စီးချင်ရ မှာလဲ။”
"သခင်... ကျွန်တော် သခင့်ကို စီးခွင့်ပြုဖို့ ဝန်ခံပါတယ်။ သခင် ဘယ်လိုပဲ စီးချင်စီးချင်ပါ" ဟု အမှောင်နဂါးက ဆက်ပြောလိုက်သည်။
ရန်ရှောက်ထျန်းမှာ ရွံရှာမှုကိုခံစားလိုက်ရပြီး တစ်ဖက်လူ၏ ဝမ်းဗိုက်ကို မနေနိုင်ဘဲ တစ်ချက် ထိုးလိုက်မိသည်။
"ခင်ဗျားပါးစပ်ပိတ်ထားစမ်း"
ထိုအခါမှသာ အမှောင်နဂါးမှာ အလိုက်တသိ ပါးစပ်ပိတ်သွားတော့သည်။
ခဏမျှ စဉ်းစားပြီးနောက် ရန်ရှောက်ထျန်းသည်နောက်ဆုံးတွင် ထိန်းချုပ်ဆေးလုံးတစ်လုံး ကို တစ်ဖက်လူဆီသို့ ပစ်ပေးလိုက်သည်။
အမှောင်နဂါးမှာ ၎င်းကို မငြင်းဆန်သာတော့ပဲမျိုချလိုက်ရလေတော့သည်။
ထို့နောက်တွင်မူ ရန်ရှောက်ထျန်းသည်သွေးကတိသစ္စာတည်ခြင်းနည်းလမ်းကို အသုံးပြုကာ တစ်ဖက်လူကို သိမ်းသွင်းလိုက်လေသည်။
ထိုအခါမှသာ ရန်ရှောက်ထျန်းကတစ်ဖက်လူကို ကောင်းကင်ခြောက်ဆင့်မိုးကြိုးနတ်ဘုရား လျှပ်စီးရေတစ်ငုံကိုတိုက်လိုက်လေသည်။
ကောင်းကင်ခြောက်ဆင့်မိုးကြိုးနတ်ဘုရား လျှပ်စီးရေတစ်ငုံကိုမျိုချပြီးနောက် အသက်ဆယ် ပုံ တစ်ပုံသာကျန်တော့သော အမှောင်နဂါးမှာ နောက်ဆုံးတွင် ပုံမှန်အသက်ရှူနိုင်လာခဲ့လေသည်။
ရန်ရှောက်ထျန်းက တစ်ဖက်လူကိုကောင်းကင်ခြောက်ဆင့်မိုးကြိုးနတ်ဘုရားလျှပ်စီးရေ နောက်ထပ် တစ်ငုံ ထပ်တိုက်လိုက်ပြန်သည်။
ဒုတိယမြောက် တစ်ငုံကိုမျိုချပြီးနောက် အမှောင်နဂါးမှာနောက်ဆုံး၌ မတ်တပ်ရပ်နိုင်လာ ခဲ့လေသည်။
အသက်ပြန်ရှင်လာသော အမှောင်နဂါးကိုကြည့်ကာ ရန်ရှောက်ထျန်းမှာ အနည်းငယ်ဒေါသ ထွက်နေမိသည်။ အကြောင်းမှာဤအဘိုးကြီးအမှောင်နဂါးကြောင့် သူ၏မိုးကြိုးကိုးလွှားနတ် ဘုရား လျှပ်စီးရေ နှစ်ငုံ ဆုံးရှုံးသွားရသောကြောင့် ဖြစ်လေသည်။
အမှောင်နဂါးသည် ရန်ရှောက်ထျန်း၏ဒေါသကိုအာရုံခံမိသဖြင့် စကားတစ်လုံးမျှ မပြော ရဲပေ။
ထိုအချိန်မှာပင် အဝေးမှလေကိုခွဲလာသော အသံများထွက်ပေါ်လာသည်၊ ၎င်းမှာ အဆိပ်နဂါး နန်းတော်မှ ကျန်ရှိနေသော တပည့်များက သူတို့ကိုဝိုင်းရံလာခြင်း ဖြစ်လေသည်။
"သွားကြစို့"
ရန်ရှောက်ထျန်းက လေထဲသို့ပျံတက်သွားပြီး အမှောင်နဂါးမှာလည်း တုံ့ဆိုင်းမနေပါဘဲ ရန်ရှောက်ထျန်း၏ နောက်ကနေထပ်ချပ်မကွာလိုက်ပါသွားတော့သည်။
သူတို့နှစ်ဦးမှာ မျက်စိတစ်မှိတ်အတွင်းကောင်းကင်ယံဆီသို့ ပျောက်ကွယ်သွားကြတော့ သည်။
အဆိပ်နဂါးနန်းတော်မှ ထွက်ခွာလာပြီးနောက် သူတို့နှစ်ဦးမှာ လူသူကင်းမဲ့သော နေရာတစ်ခု သို့ ရောက်ရှိလာပြီးမှ ရပ်တန့်လိုက်ကြသည်။
ရန်ရှောက်ထျန်းသည်အမှောင်နဂါး၏ ဖြူရော်နေသောမျက်နှာကို မြင်လိုက်ရသဖြင့် တစ်ဖက်လူ၏ ဒဏ်ရာများမှာအလွန်ပြင်းထန်နေဆဲဖြစ်ကြောင်းသိလိုက်ရသည်။ သူသည် တစ်ဖက် လူအတွက် ခြောက်ဆင့်မိုးကြိုးနတ်ဘုရားလျှပ်စီးရေနောက်ထပ်တစ်ငုံ ထုတ်ပေးတော့မည့်ဆဲဆဲ တွင် အမှောင်နဂါးက သူ၏လက်ကို အမြန်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။
"သခင်လေး... ကျွန်တော့်မှာ မိုးကြိုးကိုးလွှာနတ်ဘုရား လျှပ်စီးရေရှိပါတယ်"
ရန်ရှောက်ထျန်းမှာ အံ့အားသင့်သွားသည် ။
"ခင်ဗျားမှာ မိုးကြိုးကိုးလွှာနတ်ဘုရား လျှပ်စီးရေ ရှိတယ် ဟုတ်လား"
အမှောင်နဂါးက ခေါင်းညိတ်ပြလိုက်ပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူကာ ရန်ရှောက်ထျန်းကို ကမ်းပေးလိုက်လေသည်။
ရန်ရှောက်ထျန်း ၎င်းကိုဖွင့်ကြည့်လိုက်ရာအတွင်း၌မိုးကြိုးကိုးလွှာနတ်ဘုရား လျှပ်စီးရေ ဆယ်ငုံခန့် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားတော့သည်။
"ခင်ဗျားမှာ ဘယ်လိုလုပ်ပြီး မိုးကြိုးကိုးလွှာနတ်ဘုရားလျှပ်စီးရေတွေ အများကြီး ရှိနေရတာ လဲ" ဟု ရန်ရှောက်ထျန်းက ဝမ်းသာအားရမေးလိုက်သည်၊ မိုးကြိုးကိုးလွှာနတ်ဘုရား လျှပ်စီးရေ နှစ်ငုံဆုံးရှုံးသွားသောကြောင့်ဖြစ်ပေါ်နေသော စိတ်အနှောင့်အယှက်များမှာ လုံးဝပျောက်ကွယ်သွား ခဲ့လေပြီ။
"ဒီအစေခံက လွန်ခဲ့တဲ့နှစ်တွေက ရှေးဟောင်းမိစ္ဆာစစ်မြေပြင်မှာနေခဲ့တုန်းက အနည်းငယ် စုဆောင်းထားခဲ့တာပါ" ဟု အမှောင်နဂါးက အမြန်လျှောက်တင်လိုက်သည်။
"ရှေးဟောင်းမိစ္ဆာစစ်မြေပြင် ဟုတ်လား" ဟု ရန်ရှောက်ထျန်းက ပြောလိုက်သည်။
ရှေးဟောင်းမိစ္ဆာစစ်မြေပြင်တွင် မိုးကြိုးကိုးလွှာနတ်ဘုရားလျှပ်စီးရေရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အမှောင်နဂါးက ခေါင်းညိတ်ပြလိုက်သည်။
"ရှေးဟောင်းမိစ္ဆာစစ်မြေပြင်က အန္တရာယ်များပေမယ့် ရတနာတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ မိုးကြိုးကိုးလွှာနတ်ဘုရားလျှပ်စီးရေကတော့သိပ်မများပါဘူး၊ ကျွန်တော် ဒီလောက်အထိ စုဆောင်းနိုင်ဖို့ နှစ်ပေါင်းများစွာ ကြာခဲ့ရပါတယ်"
***