ရန်ရှောက်ထျန်း၏ ရင်းနှီးနေသော "ဆေးနံ့သာအိုး" ဟူသော အော်ဟစ်သံကိုကြားလိုက်ရ သောအခါ မသေနိုင်သော သေမင်းနတ်ဘုရားနှင့် ငရဲနတ်ဘုရား၏သားတော်တို့မှာ တုန်လှုပ်သွားကြ ပြီး သူတို့၏နတ်ဘုရားစွမ်းအားများကို ဗီဇအရအသက်သွင်းလိုက်ကာ မြေအောက်အဝင်ဝဆီသို့ ရူးသွပ်စွာ ပျံသန်းထွက်ပြေးကြတော့သည်။
မသေနိုင်သော သေမင်းနတ်ဘုရားနှင့် ငရဲနတ်ဘုရား၏သားတော်တို့မှာ လျှပ်စီးတန်းများ အလား အလွန်တရာမြန်ဆန်လှသော်လည်း ဆေးနံ့သာအိုးမှာမူ ပို၍ပင်မြန်ဆန်လှပေသည်။
သူတို့ မြေအောက်အဝင်ဝသို့ ရောက်ရှိသည်နှင့် ဆေးနံ့သာအိုး၏လိုက်မှီခြင်းကို ခံလိုက်ရ လေသည်။
“ဘုန်း...”
မသေနိုင်သော သေမင်းနတ်ဘုရားနှင့် ငရဲနတ်ဘုရား၏သားတော်တို့မှာ သူတို့၏ ခန္ဓာကိုယ် များ ရုတ်တရက်တောင့်တင်းသွားသလိုခံစားလိုက်ရပြီးနောက် လွင့်ထွက်သွားကြတော့သည်။
သူတို့သည် ဟွန်ချွမ်မိစ္ဆာဂိုဏ်းတားမြစ်နယ်မြေရှိ တောင်ထိပ်အမြောက်အမြားကို တိုက်မိ သွားကြလေသည်။
သို့သော် သူတို့မှာ ခဏမျှပင်ရပ်တန့်ခြင်းမပြုရဲဘဲ သူတို့၏ ပါးစပ်ထောင့်မှ သွေးများကိုပင် သုတ်ရန် အချိန်မပေးနိုင်ဘဲ ဆက်လက်ထွက်ပြေးနေကြတော့သည်။
အမှောင်နဂါးမှာ ထွက်ပြေးသွားကြသော မသေနိုင်သောသေမင်းနတ်ဘုရားနှင့် တခြားသူများ ကို ကြည့်ကာ ဆွံ့အသွားတော့သည်။
ရှေးယခင်ကတည်းက ချန်ဆန်းတိုက်ကြီးပေါ်တွင်ကြောက်ရွံ့မှုကို ပေးစွမ်းနိုင်ခဲ့သော မသေနိုင်သော သေမင်းနတ်ဘုရားမှာ အမှန်တကယ်ပင် ထွက်ပြေးသွားသည်တဲ့လား။
ထို့အပြင် သူ၏သခင်လေးက
"ဆေးနံ့သာအိုး" ဟု အော်ဟစ်လိုက်သောအခါ မသေနိုင်သောသေမင်းနတ်ဘုရားနှင့် ငရဲနတ်ဘုရား၏သားတော် ယန်ဖျင်တို့၏ မျက်နှာပေါ်ရှိထိတ်လန့်နေသော အမူအရာများကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။
မသေနိုင်သော သေမင်းနတ်ဘုရားနှင့် တခြားသူများမှာ ဆေးနံ့သာအိုး၏ရိုက်နှက်မှုကို ခံရသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပုံရလေသည်။
မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသော မသေနိုင်သောသေမင်းနတ်ဘုရားကို ကြည့်ကာ ရန်ရှောက်ထျန်း၏မျက်လုံးများမှာ အေးစက်နေတော့သည်၊ တစ်နေ့ကျလျှင် သူသည် ထိုသူများကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပေလိမ့်မည်။
"သွားကြစို့" ဟု ရန်ရှောက်ထျန်းကပြောလိုက်ပြီး အပြင်ဘက်သို့ ပျံသန်းထွက်ခွာခဲ့လေ သည်။
အမှောင်နဂါးမှာ အသိပြန်ဝင်လာပြီးနောက် နောက်ကနေ လိုက်ပါသွားတော့သည်။
"နဂါးအိုကြီး... ခင်ဗျားဟိုတုန်းက ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ဘဏ္ဍာတိုက် ဘယ်မှာရှိသလဲဆိုတာ သိလား" ဟု ရန်ရှောက်ထျန်းက ရုတ်တရက် မေးလိုက်သည်။
ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးမှာ ဟွန်ချွမ်ဘိုးဘေးကြီး၏ ဂူဗိမာန်အတွင်း၌ မရှိနေသဖြင့် ၎င်းမှာဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ ဘဏ္ဍာတိုက်အတွင်း၌ရှိနေနိုင်ခြေ အလွန်များလှ ပေသည်။
အမှောင်နဂါးမှာ လန့်သွားပြီး
"ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ ဘဏ္ဍာတိုက်က အရမ်းကိုလျှို့ဝှက်စွာ ဖုံးကွယ်ထားတာပါ၊ ဟွန်ချွမ် မိစ္ဆာဂိုဏ်းရဲ့ အဆက်ဆက်သောဂိုဏ်းချုပ်တွေကလွဲရင် ဘယ်သူမှမသိပါဘူး။ ဟိုတုန်းက ပညာရှင် အမြောက်အမြား ဟွန်ချွမ်မိစ္ဆာဂိုဏ်းတစ်ခုလုံးကိုရှာဖွေသော်လည်း ဟွန်ချွမ်ဘဏ္ဍာတိုက်ကို ရှာမတွေ့ခဲ့ကြဘူးလို့ ကျွန်တော် ကြားဖူးပါတယ်" ဟု အမြန်လျှောက်တင်လိုက်သည်။
ဤနေရာတွင် အမှောင်နဂါးက
"ဒါပေမဲ့ ယင်လေဂိုဏ်းကတော့ဟွန်ချွမ်ဘဏ္ဍာတိုက်ရဲ့မြေပုံကိုရထားပုံရပါတယ်" ဟု ပြောလိုက်သည်။
ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
အဆိပ်နဂါးနန်းတော်မှ ရှေးဟောင်းဘိုးဘေးများကို သူ ဖျက်ဆီးခဲ့စဉ်က သူတို့ထဲမှ တစ်ယောက်က ယင်လေဂိုဏ်းတွင်ဟွန်ချွမ်ဘဏ္ဍာတိုက်၏မြေပုံ ရှိနေကြောင်း ပြောခဲ့သည်ကို သူ မှတ်မိလိုက်လေသည်။
သို့သော် နတ်ဘုရားနယ်မြေ မဟာပြိုင်ပွဲမှာနီးကပ်နေပြီဖြစ်ရာ သူသည်ယင်လေဂိုဏ်းသို့ နောက်တစ်ချိန်မှသာ သွားရောက်နိုင်တော့ပေလိမ့်မည်။
ရန်ရှောက်ထျန်းသည် တွင်းနက်ကြီးပျံသန်းရေးအာကာသယာဉ်ကို ဆင့်ခေါ်လိုက်ပြီး အမှောင်နဂါးနှင့်အတူ ထွက်ခွာခဲ့လေသည်။
ဟွန်ချွမ်မိစ္ဆာဂိုဏ်း အပျက်အစီးများမှ ထွက်ခွာပြီးနောက် ရန်ရှောက်ထျန်းသည် တွင်းနက်ကြီးပျံသန်းရေးယာဉ်ကို ချန်ဆန်းစံအိမ်တော်ဆီသို့ ဦးတည်မောင်းနှင်ခဲ့လေသည်။
အကယ်၍ သူသည် ယခုချန်ဆန်းစံအိမ်တော်သို့ပြန်မည်ဆိုပါက နတ်ဘုရားနယ်မြေ မဟာပြိုင်ပွဲအတွက် အချိန်မီရောက်ရှိနိုင်ပေလိမ့်မည်။
ရန်ရှောက်ထျန်း ဟွန်ချွမ်မိစ္ဆာဂိုဏ်းအပျက်အစီးများမှထွက်ခွာပြီး မကြာမီမှာပင် ပျံသန်းထွက်ပြေးနေသောမသေနိုင်သောသေမင်းနတ်ဘုရား၊ ငရဲနတ်ဘုရား၏သားတော်ယန်ဖျင် နှင့် တခြားသူများမှာ လူသူကင်းမဲ့သော တောင်ကုန်းတစ်ခုပေါ်သို့ ပြုတ်ကျသွားကြလေသည်။
မသေနိုင်သော သေမင်းနတ်ဘုရားသည် သူ၏ပါးစပ်ထောင့်မှသွေးများကို သုတ်လိုက်ပြီး သူ၏ နှလုံးသားမှာအဆုံးအစမဲ့သောဒေါသများဖြင့် ပြည့်နှက်နေကာ
"ပညာရှင်တွေ အားလုံးကိုစုစည်းပြီးနတ်အိမ်တော်ကိုဖျက်ဆီးပစ်ကြစမ်း" ဟု အော်ဟစ် လုမတတ် ပြောလိုက်သည်။
"ဘယ်လို အဖိုးအခပဲပေးရပေးရ၊ နတ်အိမ်တော်ထဲမှာရှိနေတဲ့ ရန်မိသားစုဝင်တွေ အားလုံး ကို သတ်ပစ်ရမယ်"
ငရဲနတ်ဘုရား၏သားတော်ယန်ဖျင် ၏ မျက်လုံးများတွင်လည်း အဆုံးအစမဲ့သော သတ်ဖြတ် လိုစိတ်များ ပြည့်နှက်နေတော့သည်။ သူသည် နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာ မြို့တော်ကို တိုက်ခိုက်ရန်အတွက် ဟွန်ချွမ်ဂိတ်မှပညာရှင်များကို ချက်ချင်းဆက်သွယ်ကာ အရာအားလုံးကို စီစဉ်ခိုင်းလိုက်တော့သည်။
သူတို့သာ နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာ မြို့တော်ကို ဖောက်ထွက်နိုင်မည်ဆိုပါက သူတို့ ပထမဆုံး သတ်မည့်သူများမှာ နတ်အိမ်တော်ရှိ လူတိုင်းပင် ဖြစ်ရပေမည်။
ရန်ရှောက်ထျန်းမှာမူ ဤအရာအားလုံးကို မသိရှိသေးပေ။
ချန်ဆန်းစံအိမ်တော်သို့ ပြန်လာသည့်လမ်းတွင် ရန်ရှောက်ထျန်းသည် ဟွန်ချွမ် အလောင်းမြစ် အိုးကြီးကို သန့်စင်ရန်မလောသေးပေ။ ၎င်းအစား သူသည်ဟွန်ချွမ်ဘိုးဘေးကြီး ချန်ထားခဲ့သော မှတ်စုများကို သေချာစွာ ဖတ်ရှုနေတော့သည်။
ရန်ရှောက်ထျန်း၏ လက်ရှိဝိညာဉ်စွမ်းအားဖြင့်ဆိုလျှင် သူသည် စာမျက်နှာများကို အလွန်လျင်မြန်စွာ ဖတ်ရှုနိုင်လေသည်။ ရက်အနည်းငယ်အတွင်းမှာပင် သူသည် ဟွန်ချွမ်ဘိုးဘေး ကြီး၏ မှတ်စုများအားလုံးနှင့် ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ ကျင့်စဉ်လျှို့ဝှက်ကျမ်းများစွာကို ဖတ်ရှုပြီးသွား ခဲ့လေသည်။
ညချမ်းအချိန်မှာ အေးချမ်းလှပေသည်။
ရန်ရှောက်ထျန်းသည် သင်္ဘောဦးတွင်မတ်တပ်ရပ်ကာ ထာဝရကောင်းကင်ခေါင်းတလား အကြောင်းကို စဉ်းစားနေတော့သည်။
ဟွန်ချွမ်ဘိုးဘေးကြီး၏ မှတ်စုများကိုဖတ်ပြီးနောက် သူသည်ထာဝရကောင်းကင်ခေါင်း တလားကို သန့်စင်သည့်နည်းလမ်းကို ရှာတွေ့ခဲ့လေပြီ။
ထာဝရကောင်းကင်ခေါင်းတလားကို သန့်စင်ရန်အတွက် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံရပေမည်။
"ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်" ဟု ရန်ရှောက်ထျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
သို့သော် ဟွန်ချွမ်ဘိုးဘေးကြီးချန်ထားခဲ့သောကျင့်စဉ်စာအုပ်များထဲတွင် ဟွန်ချွမ် နတ်ဘုရားကျင့်စဉ် မပါဝင်ခဲ့ပေ။
ထို့ကြောင့် သူသည် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်ကို ဆက်လက် ရှာဖွေရဦးမည် ဖြစ်လေသည်။
ရန်ရှောက်ထျန်းမှာ အနည်းငယ် ခေါင်းခဲသွားတော့သည်။
ဟွန်ချွမ်ဘဏ္ဍာတိုက်အတွင်း၌ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ် ရှိနေမလားဆိုတာကို သူ မသိပေ။
သူသည် လောလောဆယ်တွင် ထာဝရကောင်းကင်ခေါင်းတလားကို မသန့်စင်နိုင်သေးသဖြင့် ရန်ရှောက်ထျန်းသည် ပထမဦးစွာ ဟွန်ချွမ်အလောင်းမြစ်အိုးကြီးကိုသာ သန့်စင်ရန် ဆုံးဖြတ်လိုက် လေသည်။
ဟွန်ချွမ်ဘိုးဘေးကြီး၏ မှတ်စုများထဲတွင် ဟွန်ချွမ်အလောင်းမြစ်အိုးကြီးကို သန့်စင်သည့် နည်းလမ်းပါရှိလေသည်။ ဟွန်ချွမ်အလောင်းမြစ်အိုးကြီးကိုသန့်စင်ရန်မှာ မခက်ခဲလှပေ၊ ရန်ရှောက် ထျန်းသည် ထိုနည်းလမ်းအတိုင်းလုပ်ဆောင်ခဲ့ရာ နာရီအနည်းငယ်အတွင်းမှာပင် ဟွန်ချွမ် အလောင်းမြစ် အိုးကြီးကို အကြမ်းဖျင်းသန့်စင်ပြီးသွားခဲ့လေသည်။
ရန်ရှောက်ထျန်းသည် ဟွန်ချွမ် အလောင်းမြစ် အိုးကြီးကို ဖွင့်ကြည့်လိုက်သည်။
အိုးအတွင်း၌ အလောင်းမြစ်၏ အရောင်ကဲ့သို့ ရွှေရောင်တောက်နေသော နတ်ဘုရားဆေး လုံးတစ်လုံးရှိနေပြီး ထိုနတ်ဘုရားဆေးလုံးအတွင်း၌ သေမင်းချီစွမ်းအင်များမှာ အလွန်တရာ ကြီးမား လှပေသည်။
"ဟွန်ချွမ်နတ်ဘုရားဆေးလုံး"
ရန်ရှောက်ထျန်းသည် လွန်ခဲ့သောရက်များက ဟွန်ချွမ်ဘိုးဘေးကြီး၏ မှတ်စုများကို ဖတ်ရှုခဲ့ ရာမှ သူတို့ရှေ့ရှိဆေးလုံးမှာ ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏အမြင့်မြတ်ဆုံးရတနာဖြစ်သော ဟွန်ချွမ်နတ် ဘုရားဆေးလုံး ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် ကံမကောင်းစွာဖြင့်သေမင်းနတ်ဘုရားအသီးကဲ့သို့ပင် ရန်ရှောက်ထျန်းသည် ဤဟွန်ချွမ်နတ်ဘုရားဆေးလုံးကို လုံးဝ မျိုချသန့်စင်နိုင်ခြင်း မရှိသေးပေ။
ထို့ကြောင့် သူသည်ဤဟွန်ချွမ်နတ်ဘုရားဆေးလုံးနှင့် သေမင်းနတ်ဘုရားအသီးတို့ကို လောလောဆယ် သိမ်းဆည်းထားရန်သာ တတ်နိုင်တော့သည်။
အချိန်များ ကုန်ဆုံးလို့သွားခဲ့သည်။
ပျံသန်းရေးယာဉ်ပေါ်တွင် ရန်ရှောက်ထျန်းသည် ဟွန်ချွမ်ဘိုးဘေးကြီး ချန်ထားခဲ့သော စာအုပ်များကို ဖတ်ရှုရုံသာမက သူ၏နတ်ဘုရားပင်လယ်ကမ္ဘာကို ခိုင်မာအောင်လုပ်ရန် အတွက် လည်း ဆက်တိုက်ကျင့်ကြံနေတော့သည်။
အမှောင်နဂါးမှာလည်း သူ၏ဒဏ်ရာများ ပြန်လည်သက်သာရန်အတွက် ခြောက်ဆင့်မိုးကြိုး နတ်ဘုရား လျှပ်စီးရေကို မျိုချကာ ကျင့်ကြံနေလေသည်။
ချန်ဆန်းစံအိမ်တော်အတွင်းသို့ ပြင်ပလူများဝင်ရောက်ခွင့်မရှိသဖြင့် ရန်ရှောက်ထျန်းနှင့် အမှောင်နဂါးတို့မှာ ချန်ဆန်းစံအိမ်တော်သို့ ပြန်ရောက်သောအခါ လမ်းခွဲခဲ့ကြလေသည်။
ချန်ဆန်းစံအိမ်တော်သို့ ပြန်ရောက်သောအခါ ရန်ရှောက်ထျန်းသည် ချန်ဆန်းစံအိမ်တော် တပည့်များအားလုံးမှာ မကြာမီကျင်းပတော့မည့် နတ်ဘုရားနယ်မြေမဟာပြိုင်ပွဲအကြောင်းကို ဆွေးနွေးနေကြသည်ကို တွေ့ရှိလိုက်ရသည်။
သူ ပြန်မလာမီနှစ်ရက်အလိုတွင် စံအိမ်တော်အရှင်သခင် ကျန်းယုံကျန်းက ဤနတ်ဘုရား နယ်မြေ မဟာပြိုင်ပွဲအတွက်ဆုလာဘ်များကို သိသိသာသာတိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ ထိပ်သီး ဆယ်ယောက်မှာ ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးများအပြင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများနှင့် ဧကရာဇ်အဆင့်ဆေးလုံး အမြောက်အမြားကိုလည်း ဆုအဖြစ် ရရှိကြမည် ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် သူ၏ ဂူဗိမာန်ဆီသို့ ပျံသန်းပြန်လာခဲ့လေသည်။
သို့သော် သူ သူ၏ဂူဗိမာန်ဆီသို့ ပျံသန်းပြန်လာစဉ်မှာပင် ရုတ်တရက်ကောင်းကင်ယံတွင် မိုးကြိုးများဟိန်းဟောက်လာပြီး လျှပ်စီးများလက်လာကာ မိုးကြိုးတိမ်တိုက်အလွှာများ စုစည်းလာ တော့သည်။
ရန်ရှောက်ထျန်းမှာ လန့်သွားတော့သည်။
ဒါ တစ်စုံတစ်ယောက်က ကောင်းကင်ကံကြမ္မာ မိုးကြိုးဘေးဒုက္ခကို ခံယူတော့မှာလား။
ဘယ်သူက ကောင်းကင်ကံကြမ္မာကို စုစည်းတော့မှာလဲ။
"ဒါ အစ်ကိုကြီးပဲ၊ အစ်ကိုကြီးက မိုးကောင်းကင်ကိုးလွှာ ဟင်းလင်းပြင်ကို လှုပ်ခတ်အောင် လုပ်နိုင်ခဲ့ပြီး မိုးကောင်းကင်ကိုးလွှာ ကံကြမ္မာ မိုးကြိုးဘေးဒုက္ခကို ခံယူတော့မှာ"
"ဘာ... အစ်ကိုကြီးက မိုးကောင်းကင်ကိုးလွှာကံကြမ္မာ ဆယ်ခုကို ကျင့်ကြံပြီးသားလေ။ အခုသာ ဒီမိုးကောင်းကင်ကိုးလွှာကံကြမ္မာမိုးကြိုးဘေးဒုက္ခကို ကျော်ဖြတ်နိုင်ရင် သူက မိုးကောင်းကင်ကိုးလွှာကံကြမ္မာ တစ်ဆယ့်တစ်ခု ရှိသွားမှာ မဟုတ်လား"
"မိုးကောင်းကင်ကိုးလွှာကံကြမ္မာတစ်ဆယ့်တစ်ခုတောင်လား။ ကောင်းကင်နဲ့မြေကြီး နတ်ဘုရားခန္ဓာကိုယ်ပဲ။ ဒါက အရမ်းကိုပြိုင်ဘက်ကင်းလွန်းတယ်။ ဒီနတ်ဘုရားနယ်မြေ မဟာပြိုင် ပွဲမှာ အစ်ကိုကြီးကို ဘယ်သူတားနိုင်မှာလဲ။ အစ်ကိုကြီးကဒီမဟာပြိုင်ပွဲမှာ အပြတ်အသတ် နိုင်တော့ မှာပဲ"
လူတိုင်း၏ အာမေဍိတ်သံများကြားမှာပင် မိုးကြိုးဘေးဒုက္ခအလွှာများမှာ ရန်ထျန်းရဲ၏ ဂူဗိမာန်ဆီသို့ ရိုက်ချလိုက်လေသည်။
ရန်ထျန်းရဲသည် ပြိုင်ဘက်ကင်းသောအနေအထားဖြင့် မိုးကောင်းကင်ကိုးလွှာ မိုးကြိုးများကို အဆက်မပြတ် ရိုက်ခွဲပစ်လိုက်ပြီးနောက် သူ၏ တစ်ဆယ့်တစ်ခုမြောက် မိုးကောင်းကင်ကိုးလွှာကံ ကြမ္မာကို စုစည်းလိုက်လေသည်။
၎င်းကို မြင်သောအခါ ရန်ရှောက်ထျန်း၏မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေလေ သည်။ သူသည် သူ၏ဂူဗိမာန်သို့ပြန်သွားပြီး သူ၏နတ်ဘုရားပင်လယ်ကမ္ဘာကို ဆက်လက် ခိုင်မာအောင် လုပ်နေတော့သည်။
ကျန်းယုံကျန်း၊ ဓားနတ်ဘုရား ရှီးလုံ နှင့် တခြားသူများမှာလည်း ရန်ထျန်းရဲ တစ်ဆယ့်တစ် ခုမြောက် မိုးကောင်းကင်ကိုးလွှာကံကြမ္မာကိုအောင်မြင်စွာစုစည်းနိုင်သည်ကို မြင်သောအခါ အံ့အားသင့်သွားကြတော့သည်။
"အရှင်ချန်ရှုံး က ထျန်းရဲဆိုတဲ့ ကောင်လေးကို ဘာဖြစ်လို့ ဒီလောက်အထိ တန်ဖိုးထားရသလဲ ဆိုတာမဆန်းတော့ပါဘူး။ မိုးကောင်းကင်ကိုးလွှာကံကြမ္မာ တစ်ဆယ့်တစ်ခုတောင်တဲ့လား။ သမိုင်းတစ်လျှောက်မှာ မရှိဖူးသေးဘူး" ဟု ဓားနတ်ဘုရား ရှီးလုံ ကလည်း ချီးကျူးလိုက်သည်။
"နောင်တစ်ချိန်မှာ ဒီကောင်လေးက တစ်ဆယ့်နှစ်ခုမြောက် မိုးကောင်းကင်ကိုးလွှာကံ ကြမ္မာ ကိုတောင် စုစည်းနိုင်ဦးမှာလား မသိဘူး"
ကျန်းယုံကျန်းမှာမူ ရန်ရှောက်ထျန်းကို မနေနိုင်ဘဲ သတိရသွားသည်။
"ရှောက်ထျန်း ဒီနေ့ နေ့လယ်ကပဲပြန်ရောက်လာတာ။ ရှောက်ထျန်းက နောင်တစ်ချိန်မှာ ကံကြမ္မာ ဘယ်နှစ်ခုကို ကျင့်ကြံနိုင်မလဲဆိုတာ ကျုပ်သိချင်မိတယ်"
ရန်ရှောက်ထျန်းအကြောင်းကို ပြောလိုက်သောအခါ ရှီးလုံက ရယ်မောလိုက်သည်။
"ဒီတစ်ကြိမ်မှာ ဒီကောင်လေးကထိပ်သီးဆယ်ယောက်ထဲဝင်နိုင်ပါ့မလားဆိုတာ ကျုပ် စိတ်ပူနေမိတယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့သိုင်းဝိညာဉ်နဲ့ဝိညာဉ်ကွင်းဆက်ကို မြင်ခွင့်ရမလား သိချင်မိတယ်"
"အဲဒီ မုန့်ပိုင်ဆိုတဲ့ကောင်လေးက ဘာကိုမြင်လို့ ဒီလောက်အထိကြောက်ပြီး ကြောင်သွားရ တာလဲဆိုတာ ကျုပ် တကယ်ကို စပ်စုချင်နေမိတယ်"
***