ပွဲ ပြန်လည် စတင်သွားလေပြီ။
ဝင်ဘလေ ကွင်းကြီးတွင် နှစ်သင်းစလုံး၏ အားပေးသံများ ပိုမို ကျယ်လောင်လာသော်လည်း မန်စီးတီး ပရိသတ်များက သိသိသာသာ အသာစီး ရနေပေသည်။
သူတို့ မန်ယူကို မနိုင်ခဲ့သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်ရာ မန်စီးတီး ပရိသတ်များမှာ ယနေ့ပွဲတွင် မန်ယူကို အနိုင်ရဖို့ မျှော်လင့်ထားကြလေသည်။
၂၀၁၃-၁၄ ရာသီမှ စတင်၍ မန်စီးတီးက လိဂ်ဖလားကို (၃) ကြိမ်တိုင်တိုင် ဗိုလ်စွဲခဲ့ပြီး မန်ယူနှင့် ချယ်လ်ဆီးတို့က (၂) ကြိမ်စီ ဗိုလ်စွဲထားကြသည်။
ယနေ့တွင် သူတို့က မန်စီးတီး အနေဖြင့် ဆူညံသော အိမ်နီးချင်းများ မဟုတ်တော့ကြောင်း လိဂ်ဖလား ချန်ပီယံဆုဖြင့် သက်သေပြချင်နေကြသည်။
"Glory, Glory, Man United"
နှစ်သင်းစလုံးမှ ပရိသတ်များ၏ စိတ်အားထက်သန်သော အော်ဟစ်သံများ ကြားတွင်။
မန်စီးတီး အသင်းက အံ့သြစရာ ကောင်းလောက်အောင် ခံစစ်ကို စွန့်လွှတ်လိုက်ပြီး တိုက်စစ်မှ တစ်ဆင့် မန်ယူ၏ ဘယ်ဘက် တောင်ပံကို ဖိအားပေးရန် ရည်ရွယ်၍ ပိုမို ပြင်းထန်သော တိုက်စစ်ကို ဖွင့်လာကြသည်။
ရာသီ အနည်းငယ်ကြာ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် ဂွာဒီယိုလာက ဘောလုံး လက်ဝယ် ထိန်းချုပ်မှု အခြေပြု ကစားဟန်ကို စွန့်လွှတ်လိုက်ပုံ ရသော်လည်း သူ၏ ချဉ်းကပ်မှု အနှစ်သာရကတော့ မပြောင်းလဲသေးပေ။
သူက အမြဲတမ်း အသာစီး ရယူလိုသော သူမျိုး ဖြစ်နေဆဲပင်။
ကွင်းလယ်ခံစစ်နှင့် ဗဟို ကွင်းလယ်ခံစစ် နေရာ နှစ်ခုစလုံးမှာ သူ၏ နည်းဗျူဟာပိုင်း ဆိုင်ရာ ဒဿနမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဒေးဗစ် ဆေးလ်ဗားနှင့် ဒီဘရိုင်းတို့ကို အဓိက ထားကာ သေချာ စောင့်ကြည့်ပါက တောင်ပံ နှစ်ဖက်စလုံးသို့ ဘောလုံး ပေးပို့မှုများ အဆက်မပြတ် ပြုလုပ်နေသည်ကို တွေ့ရပေလိမ့်မည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဂွာဒီယိုလာက ဘောလုံး လက်ဝယ် ထိန်းချုပ်မှု နည်းဗျူဟာကို ကစားသမားများ၏ လှုပ်ရှားမှုများနှင့် ပေါင်းစပ်ပစ်လိုက်ခြင်းပင်။
မန်စီးတီးက ဧရာမ ပိုက်ကွန်ကြီး တစ်ခုကို ယက်လုပ်ထားသလိုပင် မန်ယူ၏ ခံစစ် နေရာလွတ်များကို အဆက်မပြတ် ကျုံ့ဝင်သွားစေသည်။
ဘောလုံး ဆိုသည်မှာ အနှစ်သာရ အားဖြင့် နေရာလွတ် အတွက် တိုက်ပွဲဝင်ရခြင်း ဖြစ်သည်။
ကွင်းထဲရှိ လေထုက ရုတ်တရက် တင်းမာသွားပြီး ရှင်းပြ၍ မရနိုင်သော မသက်မသာ ဖြစ်မှုနှင့် အသက်ရှူ ကျပ်လာသလို ခံစားချက်မျိုးကိုပင် ဖြစ်ပေါ်စေသည်။
"မန်စီးတီးရဲ့ ဘောလုံး ပိုင်ဆိုင်မှုက လျင်မြန်စွာ မြင့်တက်လာနေပြီး မကြာခင် မန်ယူအသင်းရဲ့ ခံစစ် ဧရိယာထဲကို ဝင်လာပါတော့မယ်”
"သူတို့ရဲ့ ရှေ့တန်း သုံးယောက်စလုံးက လျင်မြန် ဖျတ်လတ်ကြပြီး သူတို့ရဲ့ စွမ်းရည်တွေနဲ့ နေရာလွတ်တွေကို အလွယ်တကူ ဖန်တီးနိုင်ကြတယ်...ဒါက မန်ယူ ကစားသမားတွေ ဖောင်းဘော လုပ်လာအောင် ဖိအားပေးဖို့ ဖြစ်နိုင်တယ်..."
"မန်ယူ အနေနဲ့ ဘယ်လိုများ တုံ့ပြန်မလဲ မသိဘူးနော်..."
အမှန်တကယ်တော့ မန်ယူအသင်းတွင် ရွေးချယ်စရာ နည်းလမ်း နှစ်ခု ရှိသည်။
ပထမ အချက်မှာ ခံစစ် နေရာလွတ်ကို တက်ကြွစွာ ချုံ့ပစ်ပြီး ခံစစ်လိုင်းကို ပိုမို သိပ်သည်းသွားစေကာ မန်စီးတီး အနေဖြင့် သူတို့၏ ဘောလုံး ပေးပို့မှုနှင့် ထိန်းချုပ် ကစားခြင်းများကို မပြုလုပ်နိုင်အောင် တားဆီးခြင်း ဖြစ်သည်။
သို့သော်…
မန်စီးတီး အသင်းက သတ်မှတ်ထားသော ခံစစ်လိုင်းကို ကျော်လွန်လာသည်နှင့် ချူဖုန်းက အော်ဟစ်ကာ ချက်ချင်းပင် ခုန်အုပ်လိုက်လေသည်။ "လုဟေ့"
မန်ယူအသင်း၏ အလျှော့မပေးသော ဖိအားပေးမှုနှင့် ကွင်းလယ်ရှိ ဟန်ချက်ညီသော ကစားဟန်က လီဗာပူးနှင့် အက်သလက်တီကို မက်ဒရစ်တို့၏ ကစားဟန်နှင့်ပင် ဆင်တူနေပေသည်။
ဤသည်မှာ မန်ယူအသင်း၏ မကြာသေးမီက လေ့ကျင့်မှု ရလဒ်များပင် ဖြစ်သည်။
"ဆရာကျန်းရေ..."
ကျန်းကျွင်းက နားမလည်စွာဖြင့် မေးလိုက်သည်။
"မန်ယူက ဘာလို့ ရှေ့တက် ဖိအားပေး မကစားတာလဲ... မန်စီးတီးရဲ့ နောက်တန်းမှာတင် မန်စီးတီးရဲ့ ကစားကွက်ကို ဖျက်ဆီးပစ်တာက ပိုပြီး ထိရောက်မယ် မဟုတ်ဘူးလား..."
ဆရာကျန်းလုက လည်ချောင်း တစ်ချက် ရှင်းလိုက်သည်။ "မက်ဂွိုင်းယားကြောင့်ပါ...တကယ်လို့ သူ့အနောက်မှာ ကြီးမားတဲ့ ဟာကွက်ကြီး ရှိနေရင် ပြိုင်ဘက်တွေက သူတို့ရဲ့ အမြန်နှုန်းကို သုံးပြီး အလွယ်တကူ ဖောက်ထွက်သွားနိုင်လို့ပါ..."
"ဒါကြောင့် မော်ရင်ညိုက ခံစစ်ပိုင်း အပြစ်ကင်းစင်ဖို့ အတွက် ထိရောက်မှု အချို့ကို စတေးဖို့ ဆန္ဒရှိနေတာပါ..."
"ဒီလို ရိုးရှင်းပုံရတဲ့ နောက်တန်း ဖိအားပေးမှုကို အထင်မသေးပါနဲ့...အဲဒီထဲမှာ အသေးစိတ် အချက်အလက်တွေ မရေမတွက်နိုင်အောင် ပါဝင်နေပါတယ်"
မန်ယူ ကစားသမားများ၏ ဟန်ချက်ညီလှသော အသင်းလိုက် လုပ်ဆောင်မှုကို ကြည့်ရင်း ဆရာကျန်းလုက မနေနိုင်ဘဲ အံ့သြချီးကျူးစွာ သက်ပြင်းချလိုက်မိသည်။
မန်စီးတီးက အတင်းအဓမ္မ မထိုးဖောက်တော့ဘဲ သူတို့၏ ကွင်းဘက်ခြမ်းသို့ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကာ မန်ယူ ကစားသမားများကို သူတို့၏ ကွင်းဘက်ခြမ်းမှ ထွက်လာအောင် ဆွဲထုတ်ရန် ကြိုးစားနေသည်။
အကယ်၍ မန်ယူ ကစားသမားများက နောက်တန်းတွင်သာ ကုပ်ဝပ်နေမည် ဆိုလျှင် မန်စီးတီး အနေဖြင့် ထိုသို့ ဖြစ်လာသည်ကို မြင်တွေ့ရသည်မှာ ဝမ်းသာစရာပင် ဖြစ်သည်။
လောလောဆယ် သူတို့က ဦးဆောင်နေသည် မဟုတ်ပါလား…။ အဆိုးဆုံး အခြေအနေတွင် ပွဲပြီးဆုံးသည် အထိ ဘောလုံးကို ဆက်လက် ထိန်းချုပ်ထားရုံသာ ရှိသည်။
လက်ပိုက် ကြည့်ပြီး သေမည့် အချိန်ကို စောင့်နေခြင်းက မန်ယူအသင်း၏ အစဉ်အလာ ဘယ်သော အခါမှ မဟုတ်ခဲ့ပေ။ သေရမည် ဆိုလျှင်တောင် မတ်တတ်ရပ်လျက် သေရမည်။ မန်ယူ၏ အလုံးစုံ ကစားကွက်ကြီးက ဖိအားများ ဆက်လက် ပေးနိုင်ရန် ရှေ့သို့ တိုးလာခဲ့သည်။
သို့သော် ကန်တေ၏ နေရာယူမှုက အတော်လေး စနစ်ကျနေသည်။ မက်ဂွိုင်းယားနှင့် အလွန် နီးကပ်စွာ နေခြင်း ဖြစ်သည်။
မန်ယူ ကစားသမားများ ရှေ့သို့ တက်လာသည်နှင့် တပြိုင်နက် မန်စီးတီးတို့ သူတို့၏ ဘောလုံး ပေးပို့မှု ရစ်သမ်ကို ထပ်မံ ပြောင်းလဲလိုက်ပြီး အကျိုးသက်ရောက်မှု မရှိသော အလျားလိုက် ပေးပို့မှုများကို လျှော့ချပစ်လိုက်သည်။
အဆက်မပြတ် ပေးပို့မှုများ ပြုလုပ်ပြီးနောက် ဘောလုံးက ဂန်ဒိုဂန်၏ ခြေအောက်သို့ ရောက်ရှိသွား၏။
ဂန်ဒိုဂန်က ဘောလုံး ပေးပို့မည့် လမ်းကြောင်းကို ရှာဖွေနေစဉ် မာရက်ဇ်၊ ပေါ့ဂ်ဘာနှင့် ချူဖုန်းတို့က သူ့ကို ဝိုင်းရံလိုက်ကြပြီး အိတ်ကပ် တစ်ခုသဖွယ် ပိတ်ဆို့ထားလိုက်ကြသည်။
"လှပတဲ့ နေရာယူမှုပဲ။ ဒီကောင်လေး အကြောင်း ငါ ထင်ထားတာ မမှားဘူးပဲ"
ဂွာဒီယိုလာက သူ၏ လက်မောင်းကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။
ဇင်ချန်ကိုက အချိန်ကိုက် တိကျစွာ ရှေ့သို့ ပြေးတက်လာပြီး လူလွတ် အနေအထားဖြင့် နေရာယူလိုက်ရာ ဂန်ဒိုဂန်က သူ့ထံသို့ ဘောလုံးကို ပေးပို့လိုက်လေသည်။
လူငယ်များတွင် အမြဲတမ်း သူရဲကောင်း တစ်ယောက် ဖြစ်လာရန် အိပ်မက်တစ်ခု ရှိတတ်ကြသည်။
ဇင်ချန်ကိုလည်း ချွင်းချက် မဟုတ်ပေ။ သူက ရှေ့သို့ ပြေးတက်သွားသော အဂူရိုကို ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် ရဲတင်းသော အကြံအစည် တစ်ခု ပေါ်လာလေသည်။
အဲဒါကတော့ အဝေးဘော တစ်လုံးနဲ့ မန်ယူရဲ့ ခံစစ်ကို ဖျက်ဆီးပစ်ဖို့ပဲ။
ဝှစ်…
"မြန်မြန် ပြေးစမ်း"
ဇင်ချန်ကိုက လေထဲတွင် လည်ထွက်နေသော ဘောလုံးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး သူ၏ နှလုံးသားက ထိန်းချုပ်မရအောင် ခုန်ပေါက်နေလေသည်။
အဂူရိုက သူ့အသင်းဖော်၏ အတွေးများကို ကြားလိုက်ရသလိုပင် သူ၏ အမြန်နှုန်းက ရုတ်တရက် မြင့်တက်သွားတော့သည်။
မက်ဂွိုင်းယားက နောက်သို့ လှည့်ကာ လိုက်ပါရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်က လေယာဉ်တင် သင်္ဘောကြီး တစ်စင်းအလား သံချေးတက်နေပြီး အလွန် နှေးကွေးလွန်းလှသည်။
သူက အနီကတ် အပြခံရမည့် အရေးကိုပင် ဂရုမစိုက်တော့ဘဲ နည်းဗျူဟာမြောက် ပြစ်ဒဏ် လုပ်ရန်ပင် ပြင်ဆင်ထားပြီး ဖြစ်သည်။ နောက်တစ်စက္ကန့်တွင်တော့ ပြုတ်ထားသော ကြက်ဥလေး တစ်လုံး ပေါ်ထွက်လာသည်ကို သူ မြင်လိုက်ရသည်။
ဇင်ချန်ကို အဝေးဘော မပေးပို့မီ ကတည်းက ကန်တေက ဘောလုံး၏ လမ်းကြောင်းကို ကြိုတင် သိရှိနေပြီး အဂူရိုထံ အချိန်မီ ရောက်ရှိရန် ကြိုတင် ပြေးထွက်သွားခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ အံ့မခန်း ကြိုတင် ခန့်မှန်းနိုင်စွမ်းပင် ဖြစ်သည်။
ကန်တေက ဖျက်ထုတ်ရန် မကြိုးစားတော့ဘဲ ဘောလုံးကို ခြေဖျားဖြင့် အသာလေး ပုတ်ကာ ဂိုးပေါက်ရှေ့ရှိ ဒီဂီယာထံသို့ ပို့ပေးလိုက်လေသည်။
မန်ယူ ပရိသတ်များမှာ ချက်ချင်းပင် ထိတ်လန့်သွားကြတော့သည်။
အကယ်၍ ထိုဘောလုံးကို သေချာ မကိုင်တွယ်နိုင်ပါက ကိုယ့်ဂိုးကိုယ် သွင်းမိခြင်း သေချာပေါက် ဖြစ်သွားနိုင်ပေသည်။
ကံကောင်းစွာဖြင့် ဒီဂီယာက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ကာ တုံ့ဆိုင်းမနေဘဲ အဝေးသို့ ကန်ထုတ် ရှင်းလင်းလိုက်လေသည်။ ဘောလုံးက ကွင်းတစ်ဝက်ကို ဖြတ်ကျော်ကာ ကွင်းလယ် စက်ဝိုင်းဆီသို့ ကျဆင်းသွား၏။
"ကန်တေ ရှိနေလို့ တော်သေးတာပေါ့... တော်မီနေးသာ ဆိုရင် သူ့ရဲ့ နံရိုးတွေ အကုန် ကျိုးကုန်လောက်ပြီ..."
ချူဖုန်းက သူ၏ ခံစစ် လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ချက်ချင်း နောက်သို့ လှည့်ကာ ရှေ့သို့ အပြေးအလွှား တက်သွားလေသည်။
ကိုင်လီ ဝေါ်ကာကလည်း အမြန် လိုက်ပါလာသည်။
မန်စီးတီး အသင်းမှာ တိုက်စစ်မှ ခံစစ်သို့ အကူးအပြောင်း ကာလတွင် ရှိနေပြီး သူတို့၏ ကွင်းလယ်လူများနှင့် နောက်ခံလူများ၏ နေရာယူမှုမှာ အတော်လေး ဖရိုဖရဲ ဖြစ်နေသဖြင့် လူကာကူ အနေဖြင့် ဂန်ဒိုဂန်ကို အလွယ်တကူ ကျောပေး ကာကွယ်ထားနိုင်ပြီး ဘောလုံးကို နောက်သို့ ခေါင်းတိုက် ချပေးလိုက်လေသည်။
ပေါ့ဂ်ဘာက ဘေးမှ ဒေးဗစ် ဆေးလ်ဗားကို ရင်ဆိုင်ရချိန်တွင် သူ၏ ညာဘက် ခြေထောက်ဖြင့် ဘောလုံးကို ဆွဲယူကာ အလွန် ပြေပြစ်စွာ ရှောင်တိမ်းသွားလေသည်။
ထို့နောက် သူက ချူဖုန်းထံသို့ ဘောလုံး ပေးပို့မည့် အကြံကို ရပ်တန့်လိုက်သည်။ အဘယ်ကြောင့် ဆိုသော် ဇင်ချန်ကို၏ စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့သော အဝေးဘော ပေးပို့မှုက မည်သည့် အကျိုးသက်ရောက်မှုမှ မရှိခဲ့သည့် အပြင် သူတို့၏ ဘယ်ဘက် တောင်ပံကိုပါ ဟာလာဟင်းလင်း ဖြစ်သွားစေသောကြောင့်ပင်။
"မာရက်ဇ်ဆီကို အဝေးဘော ပေးပို့လိုက်တယ်...ဘောလုံးက ပြီးပြည့်စုံစွာ ကျဆင်းလာပါတယ်"
"မန်ယူအသင်းက ပြိုင်ဘက်ရဲ့ ပင်နယ်တီ ဧရိယာထိပ်မှာ သုံးယောက် သုံးယောက် ဆိုတဲ့ အသာစီး ရတဲ့ အနေအထား တစ်ခုကို ဖန်တီးလိုက်နိုင်ပါပြီ"
"သူ ဘယ်လိုများ ကိုင်တွယ် ဖြေရှင်းမလဲ ကြည့်ရအောင်..."
ကွင်းထဲရှိ လူတိုင်းက ကစားသမားများ၏ လှုပ်ရှားမှုများကို အနှောင့်အယှက် ဖြစ်သွားမည် စိုး၍ အလိုအလျောက် အသက်ရှူ ရပ်ထားကြလေသည်။
လူကာကူက ပင်နယ်တီ ဧရိယာထဲသို့ တိုက်ရိုက် ပြေးဝင်သွားကာ အော်တာမန်ဒီကို ဆွဲခေါ်သွားပြီး ချူဖုန်းက တောင်ပံတွင် ကိုင်လီ ဝေါ်ကာကို တားဆီးထားသဖြင့် မာရက်ဇ်၏ ရှေ့တွင် လာပေါ့တ် တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။
ဂန္ထဝင် ပခုံးယိမ်း လူလိမ်ခေါက်ကွက်နှင့်အတူ အတွင်းသို့ ချိုးဝင်လိုက်ရာ ကိုယ်တစ်ပိုင်းစာ နေရာလွတ် တစ်ခု ဖန်တီးနိုင်ခဲ့သည်။
"ငါ့ဆီ ပေး"
ချူဖုန်းက ရုတ်တရက် ရပ်တန့်ကာ နောက်သို့ ဆုတ်လိုက်ပြီး မာရက်ဇ်ကို လှမ်းအော်လိုက်သည်။
မာရက်ဇ်က ဘောလုံးကို ပင့်တင် ကန်သွင်းမည့် အကြံကို ပြတ်သားစွာ စွန့်လွှတ်လိုက်လေသည်။
ချူဖုန်းက ထိုသို့ အော်ရဲသည် ဆိုကတည်းက ချူဖုန်းတွင် အပြည့်အဝ ယုံကြည်မှု ရှိနေပြီ ဖြစ်ကြောင်း သူ နားလည်ပြီး သူ လုပ်ရမည့် အလုပ်မှာ ချူဖုန်းကို အကြွင်းမဲ့ ယုံကြည်ပေးရန်သာ ဖြစ်သည်။
ဘောလုံးက မြက်ခင်းပြင် တစ်လျှောက် လျင်မြန်စွာ လိမ့်လာပြီး အနီရောင် ဘောလုံးဖိနပ် တစ်ရံ၏ တားဆီးမှုကို ခံလိုက်ရလေသည်။
ကိုင်လီ ဝေါ်ကာမှာ ချူဖုန်း၏ အငိုက်ဖမ်းမှုကို ခံလိုက်ရသဖြင့် မနည်း လိုက်ပါလာခဲ့ရပြီး ချူဖုန်းက တုံ့ဆိုင်းမနေဘဲ လှုပ်ရှားမှုများ ပြုလုပ်နေသည်ကိုသာ ကြည့်နေရလေသည်။ အဆင့်နိမ့် လူလိမ်ခေါက်ခြင်းက အမြန်နှုန်းအပေါ် အခြေခံပြီး အဆင့်မြင့် လူလိမ်ခေါက်ခြင်းက ရစ်သမ်အပေါ် အခြေခံသည်။
ရစ်သမ် ဟူသော ကစားရှိန်သည်ကား ဝေါ်ကာ အကြောက်ဆုံး အရာပင်…။ ကိုင်လီ ဝေါ်ကာ အပေါ် ချူဖုန်း၏ နားလည်မှုက ဂွာဒီယိုလာထက် မလျော့နည်းပေ။ ချူဖုန်းက ဘောလုံးကို အသာအယာ ထိန်းချုပ်ပြီး ခန္ဓာကိုယ် အပေါ်ပိုင်းအား ချိန်သီးကဲ့သို့ လှုပ်ရှား၍ ကိုင်လီ ဝေါ်ကာကို လှည့်စားလိုက်သည်။ ထိုအခိုက်၌ ကိုင်လီ ဝေါ်ကာက အလိုအလျောက် ညာဘက် ခြေထောက်ကို ဆန့်ထုတ်လိုက်မိသည်။
နောက်တစ်စက္ကန့်တွင် ချူဖုန်းက ဘောလုံးကို ပိုမို မြန်ဆန်သော အရှိန်ဖြင့် ပုတ်ထုတ်လိုက်ပြီး ကိုင်လီ ဝေါ်ကာ၏ ဘေးမှ အသာလေး ရှောင်ကွင်းသွားလေသည်။ သူနှင့် မန်စီးတီး ဂိုးပေါက် ကြားတွင် လူတစ်ယောက်သာ ကျန်ရှိတော့သည်။
အီဒါဆန်၏ မျက်နှာက တည်ငြိမ်နေပြီး ချူဖုန်း၏ ရည်ရွယ်ချက်များကို အကဲခတ်ကာ အချိန်မရွေး ခုန်ပျံ ကာကွယ်ရန် အဆင်သင့် ပြင်ထားလေသည်။
သူက ချူဖုန်း၏ အကျင့်များကိုလည်း သိထားသည်။
အဝေးကနေ အရှိန်ယူပြီး အနီးကပ် ဝင်လာမယ်။ ပြီးရင် ဂိုးသမားကို လိမ်ခေါက် ကျော်ဖြတ်မယ်။
သူနှင့် မန်စီးတီးဂိုးနည်းပြတို့သည် ချူဖုန်း အတွက် တစ်ဦးချင်း လေ့ကျင့်ခန်းကိုပင် လုပ်ထား၏။ ထို့ကြောင့် သူက ချူဖုန်းကို တားဆီးနိုင်မည် ဟု ယုံကြည်နေသည်။
ဂွာဒီယိုလာက ဆုတောင်းနေသည့် အလား လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားသော်လည်း နောက်ပိုင်းတွင် ချူဖုန်း၏ ရွေးချယ်မှုကြောင့် သူ၏ မျက်လုံးများ အံ့သြ ထိတ်လန့်စွာ ပြူးကျယ်သွားတော့သည်။
ချူဖုန်းက အီဒါဆန်ကို လိမ်ခေါက်ရန် မစဉ်းစားဘဲ အဝေးထောင့်သို့ တန်းကန်လိုက်သည်။
"ဂိုး"
"အီဒါဆန်ရဲ့ လက်ချောင်းလေးတွေကို ရှပ်ထိပြီး ညာဘက် ဂိုးတိုင် အတွင်းဘက်ကို ထိကာ ဂိုးပေါက်ထဲ ဝင်သွားပါတယ်။ အရမ်းကို ကာကွယ်ရ ခက်ခဲတဲ့ ကန်ချက်ပါပဲ"
"ဂိုးပေါက်ကို ပိုမို ကာကွယ်နိုင်စွမ်း ရှိတဲ့ ဒီဂီယာသာဆိုရင် ဒီကန်ချက်ကို ကာကွယ်နိုင်လောက်တယ်..."
"ဒါပေမဲ့ အီဒါဆန်ရဲ့ ကာကွယ်နိုင်စွမ်းကတော့ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်...သူ့ရဲ့ အကောင်းဆုံး စွမ်းရည်က နောက်တန်းကနေ ရှေ့တန်းကို ဘောလုံး ပေးပို့နိုင်တာ ဖြစ်ပြီး အသင်းရဲ့ တိုက်စစ် ဦးတည်ရာနဲ့ ဘောလုံး ပေးပို့မှု ရစ်သမ်ကိုတောင် နံပါတ် ၆ နေရာက ကွင်းလယ် ခံစစ် ကစားသမား တစ်ယောက်လို စီမံခန့်ခွဲနိုင်စွမ်း ရှိတာပါ..."
"ပထမပိုင်း ၂၇ မိနစ်မှာ မန်ယူအသင်းက အံ့မခန်း ချေပဂိုး တစ်ဂိုး သွင်းယူသွားခဲ့ပါပြီ"
***