ဘောလုံးက ဂန်ဒိုဂန်၏ ခြေထောက်ဆီသို့ ရောက်သွား၏။
ဂျာမန် ကစားသမားလေးက ပင်နယ်တီ ဧရိယာ ထောင့်စွန်းဆီသို့ အချိန်ကိုက် ထောင့်ဖြတ် ဘောလုံး ပေးပို့လိုက်ရာ အဂူရိုက အံကြိတ်ကာ မက်ဂွိုင်းယားကို ခုခံတားဆီးရင်း ညာဘက်ရှိ ဘာနာဒို ဆေးလ်ဗားဆီသို့ ဘောလုံး ထပ်ပေးလိုက်သည်။
ထိုအခိုက် အက်ရှလေယန်းက အခွင့်အရေးကို အရယူကာ မြေပြင်ပေါ်သို့ လျှောတိုက် ဝင်ရောက်လာလေသည်။
ဝုန်း...
"ဝိုး... ဘောလုံးရော လူကိုပါ တစ်ခါတည်း ရိတ်သိမ်းသွားတာပဲ... ပရော်ဖက်ဆာယန်းကတော့ ကြမ်းတုန်း ရမ်းတုန်းပါလားဗျာ..."
"ပြီးတော့ ရှင်းထုတ်သွားတာ တော်တော် သပ်ရပ်တယ်..."
ဘာနာဒိုဆေးလ်ဗား တစ်ယောက် ခြေထောက်ကို ကိုင်ကာ နာကျင်စွာ ညည်းတွားနေချိန်တွင် အက်ရှလေယန်းကတော့ ဘောလုံးကို ဆွဲကာ အမြန် ရှေ့တက်သွားလေပြီ။
ချူဖုန်းက ကိုင်လီဝေါ်ကာကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ဘေးစည်းတစ်လျှောက် အရှိန်ပြင်းပြင်း ပြေးထွက်သွားကာ အက်ရှလေယန်း ကို လှမ်းအော်လိုက်သည်။ "ငါ့ဆီ ပေး..."
ကိုင်လီဝေါ်ကာ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။
အက်ရှလေယန်း ကလည်း ထိုအသံကို ကြားသည်နှင့် တစ်ချက်မှ မတုံ့ဆိုင်းတော့ဘဲ အဝေးဘော လှမ်းတင်ပေးရန် ပြင်လိုက်သော်လည်း ထိုစဥ်မှာပင် ဒီဘရိုင်း တစ်ယောက် ပြေးဝင်လာသည်ကို မြင်လိုက်ရ၏။
ဒီဘရိုင်းက ဘာစကားမှ မပြောတော့ဘဲ သူ့ကို ဆွဲချလိုက်တော့သည်။
တီ…
"ဒီဘရိုင်းကတော့ မန်ယူအသင်းရဲ့ တန်ပြန်တိုက်စစ်ကို တားဆီးဖို့အတွက် အဝါကတ် တစ်ကတ်နဲ့ ပေးဆပ်လိုက်ရပြီ..."
"ခင်ဗျားတို့လည်း သိတဲ့အတိုင်း သူက ဒီလိုမျိုး လုပ်လေ့လုပ်ထ သိပ်မရှိဘူးလေ..."
ကျန်းကျွင်းက သက်ပြင်းချကာ မှတ်ချက်ပေးလိုက်သည်။
ကျန်းလုကလည်း ဝင်ပြောလိုက်၏။ "သူ့အနေနဲ့ ကန့်သတ်ချက်ကို ရောက်သွားလို့ ဖြစ်မှာပါ... မော်ရင်ညိုက ချူဖုန်းလေးကို ဘယ်တောင်ပံမှာ ထားလိုက်တာက တော်တော်လေး လည်တဲ့ အကွက်ပဲဗျ..."
ကျန်းလု ပြောသကဲ့သို့ပင် မန်စီးတီး အနေဖြင့် နောက်ဆက်တွဲ အကျိုးဆက်များကို ကြောက်ရွံ့နေရသဖြင့် ပိုမို အားကောင်းသော တိုက်စစ်ဆင်မှုများ ပြုလုပ်ရန် ခက်ခဲနေလိမ့်မည် ဖြစ်သည်။
သို့သော် မန်ယူအသင်းတွင်လည်း အလားတူ ပြဿနာ ရှိနေသည်။
နောက်ထပ် ပွဲကစားချိန်များတွင်...
မာရက်ဇ်မှာ လူနှစ်ယောက် ညှပ်ဖျက်ခံရပြီး မြေပြင်ပေါ် လဲကျသွားကာ စတာလင်းးမှာလည်း လေပေါ်ပျံ လျှောတိုက် ဖျက်ထုတ်မှုဖြင့် အလှဲခံလိုက်ရသည်။ လူကာကူကလည်း ဘောလုံးလုရင်း အော်တာမန်ဒီကို တွန်းချလိုက်ပြန်သည်။
ဒိုင်လူကြီးက ပထမပိုင်း ပြီးဆုံးကြောင်း ခရာမှုတ်လိုက်သောအခါမှသာ ကွင်းအတွင်းရှိ လူအားလုံး သက်ပြင်းချနိုင်တော့သည်။
ပထမပိုင်း၏ နောက်ဆုံး အချိန်ပိုင်းလေးအတွင်း တိုက်စစ်နှင့် ခံစစ် အရှိန်အဟုန်မှာ အလွန် မြန်ဆန်လွန်းလှပြီး စက္ကန့်ပိုင်းအတွင်း ဘောလုံး ပိုင်ဆိုင်မှုက အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ ထိပ်တိုက်တွေ့ဆုံမှုများက မြက်ခင်းပြင်၏ နေရာတိုင်းတွင် ဖြစ်ပွားနေသကဲ့သို့ပင်…။
ချူဖုန်း၏ ခြေထောက်များပင် အနည်းငယ် ညောင်းညာနေပြီ ဖြစ်သည်။ သူသည် တိုက်စစ်တွင် ပါဝင်ရုံသာမက အသင်းဖော်များကို ခံစစ်တွင်ပါ ကူညီပေးရသဖြင့် ရှေ့နှင့် နောက် အဆက်မပြတ် ပြေးလွှားနေရခြင်းကြောင့်ပင်တည်း။
"မြန်မြန်... အဝတ်လဲခန်းထဲ သွားနားကြ... ဒုတိယပိုင်းက ဒီထက်ပိုပြီး ပြင်းထန်လာမှာ သေချာတယ်..."
ချူဖုန်းက ဖာရီယာထံမှ ရေသန့်ဘူးကို ယူကာ ပလုတ်ကျင်းလိုက်ပြီးနောက် ရေတစ်ငုံ သောက်လိုက်သည်။
မှောင်မိုက်နေသော ကစားသမား ဥမင်လမ်းကြောင်းမှတစ်ဆင့် အဝတ်လဲခန်းဆီသို့ ပြန်လာချိန်တွင် မော်ရင်ညိုက တံခါးဝတွင် စောင့်နေပြီး ကစားသမား တစ်ဦးချင်းစီကို လက်ဝါးချင်းရိုက်ကာ ချီးကျူးစကား အနည်းငယ်စီ ပြောနေလေသည်။
"ပထမပိုင်းမှာ ငါတို့ ကစားတာ တော်တော် ကောင်းပါတယ်... အဲဒီ တစ်ဂိုး ပေးလိုက်ရတာကတော့ ရှောင်လွှဲလို့ မရခဲ့လို့ပါ..."
ကစားသမား အားလုံး ပြန်ရောက်လာပြီးနောက်မှသာ မော်ရင်ညိုက ပွဲကို စတင် သုံးသပ်လေတော့သည်။
မော်ရင်ညိုက စကားလမ်းကြောင်း စလိုက်သည်။ "မန်စီးတီး တိုက်စစ်ရဲ့ ဆန့်ကျင်ဘက် ဦးတည်ချက်ကို ဂရုစိုက်ကြ... ကီဗင်ရော ဒေးဗစ်ရော နှစ်ယောက်လုံးက အဝေးကနေ ဘောလုံး ပေးပို့တာ ကောင်းကြတယ်..."
"ပြီးတော့ ဟယ်ရီ... မင်းက နောက်ဆုံးခံစစ်မှူး ဆိုတာ သတိရ... ဒါကြောင့် မင်းနဲ့ ဂိုးသမားကြားက အကွာအဝေးကို တတ်နိုင်သမျှ နီးအောင် ကပ်ထား..."
မက်ဂွိုင်းယားသည် တစ်ယောက်ချင်း ခံစစ်တွင် အလွန် အားကောင်းသော်လည်း သူ၏ လှည့်ပတ်မှု အမြန်နှုန်းက ကြီးမားသော ပြဿနာ တစ်ခု ဖြစ်နေပြီး တစ်ဖက်၌ အဂူရိုက ပထမဆုံး ခြေလှမ်း အနည်းငယ် အတွင်း ပေါက်ကွဲထွက်လောက်သော အရှိန်တင်ရာတွင် အလွန် ကျွမ်းကျင်လှသည်။ ထို့ကြောင့် မက်ဂွိုင်းယားအနေဖြင့် အဂူရိုကို အကောင်းဆုံး ထိန်းချုပ်နိုင်ရန် ဂိုးသမားနှင့် တတ်နိုင်သမျှ နီးနီး နေရာယူထားဖို့ လိုပေသည်။
အနီးအနားရှိ အဝတ်လဲခန်းတွင်လည်း အခြေအနေက ဆင်တူနေသည်။
ဂွါဒီယိုလာ က နည်းဗျူဟာ သင်ပုန်းပေါ်တွင် မြားအစီအရီကို ထူပိန်းနေအောင် ဆွဲထားပြီး သူ၏ အသံတွင် ညှို့ဓာတ်တစ်ခု ပါဝင်နေသကဲ့သို့ မန်စီးတီး ကစားသမားများကို ပထမပိုင်း သရေကျနေသည် ဆိုသော အချက်ကို မသိမသာ မေ့သွားအောင် စကားများကို အဆက်မပြတ် ပြောနေ၏။
"မန်ယူက ကြောက်စရာ ဘာမှမရှိပါဘူး... ငါတို့က နည်းဗျူဟာ အရလည်း သာတယ်။ ကစားသမား အင်အားအရဆိုရင် ပိုတောင် သာသေးတယ်..."
"ဒုတိယပိုင်းမှာ ငါတို့ အရင်နည်းဗျူဟာ အတိုင်းပဲ ဆက်ကစားမယ်... ဒါပေမဲ့ ဂန်ဒိုဂန်... မင်း အရှေ့ကို ပြေးထွက်တဲ့ အကြိမ်ရေ ပိုများဖို့ လိုတယ်... မင်းအတွက် နေရာလွတ် ရအောင်လို့ အသင်းဖော်တွေက ဘေးဘက်တွေကို ပြေးထွက်ပေးလိမ့်မယ်..."
ဂွါဒီယိုလာသည် တောင်ပံများကိုသာ အသုံးပြု၍ ခံစစ်ကို ထိုးဖောက်ရန် ခက်ခဲမည်ကို သိထားလေသည်။
မကြာမီ ကစားသမားများ ကွင်းထဲသို့ ပြန်လည် ဝင်ရောက်လာပြီး ဝင်ဘလေကွင်းကြီး တစ်ခုလုံး ပြန်လည် ဆူညံလာပြန်သည်။
ပထမပိုင်းတွင် နှစ်ဂိုးသာ သွင်းနိုင်ခဲ့သော်လည်း ပွဲမှာ အလွန် ကြည့်ကောင်းနေခဲ့သည်။
ရှေးလူကြီးများ ပြောခဲ့ဖူးသော စကားတစ်ခွန်း ရှိသည် မဟုတ်ပါလား။ "ပြိုင်ဘက်တွေ အင်အားချင်း မျှနေတဲ့ တိုက်ပွဲက အပြင်းထန်ဆုံးပဲ" ဟူ၍။
ယခု အခြေအနေတွင် မည်သူ အနိုင်ရမည်ကို မည်သူကမျှ ကြိုတင် မခန့်မှန်းနိုင်ကြဘဲ မသေချာ မရေရာသော ခံစားချက်ကြီး တစ်ခုက ကွင်းကြီး တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။
ဒုတိယပိုင်း စတင်ပြီးနောက် မန်ယူအသင်းက ဘောလုံးကို တောင်ပံဘက်သို့ ပြောင်းပို့လိုက်သည်။
လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု…
ဟုတ်ပေသည်... မန်ယူအသင်း၏ နည်းဗျူဟာမှာ ရိုးရှင်းပြီး နားလည်ရ လွယ်ကူသည်။ သူတို့သည် သူတို့၏ အရပ်အမောင်း အားသာချက်ကို အသုံးပြု၍ အတင်းအကျပ် ထိုးဖောက်ရန်သာ လိုအပ်သည်။
ဤသည်မှာ မော်ရင်ညို ၏ ဝိသေသလက္ခဏာ တစ်ခုလည်း ဖြစ်သည်။
အသင်းတွင် ရှင်းလင်းသော နည်းဗျူဟာ ချဉ်းကပ်မှု ရှိပြီး တစ်သင်းလုံး ခံစစ်ကို အာရုံစိုက်ကာ ထိရောက်သော တိုက်စစ်ဖြင့် ပြိုင်ဘက်များကို ခြိမ်းခြောက်ခြင်းပင် ဖြစ်သည်။
ဂွါဒီယိုလာကရော…
သူကတော့ အကောင်းဆုံးသော နည်းစနစ်နှင့် နည်းဗျူဟာ ပြည့်စုံမှုကို လိုက်စားပြီး ပြိုင်ဘက်၏ ခံစစ်ကို ဖြိုခွဲရန် တိကျသော ပေးပို့မှုများနှင့် နေရာယူမှုများကို အသုံးပြုသည်။
"ဒီနည်းပြ နှစ်ယောက်က ယနေ့ခေတ် ဘောလုံးလောကရဲ့ နည်းဗျူဟာ အထွတ်အထိပ်လို့ ပြောလို့ရတယ်ဗျ..."
"မာရက်ဇ် ဘောလုံးဆွဲဝင်ပြီးနောက် ပင်နယ်တီ ဧရိယာထဲကို အဝေးကနေ ဖြတ်တင်ပေးတာက သူ မကြာသေးခင်ကမှ လေ့ကျင့်ထားတဲ့ ကျွမ်းကျင်မှု အသစ်တစ်ခုပဲ... ပြီးတော့ ဒါက မန်ယူအသင်းလို လူသန်ကြီးများ စုဖွဲ့ထားတဲ့ ကစားကွက်နဲ့ဆို ပိုပြီး လိုက်ဖက်နေသေးတယ်..."
ကိုင်လီဝေါ်ကာ၏ အကြည့်များက တစ်ချက်မျှ တုန်လှုပ်မသွားချေ။ ချူဖုန်း၏ လှုပ်ရှားမှုကို သတိပြုမိသည်နှင့် သူ ချက်ချင်း နောက်မှ လိုက်သွားခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် မြင်လိုက်ရသော မြင်ကွင်းက သူ့ကို ခံစားရ ခက်သွားစေသည်။
မာရက်ဇ် ၏ ဖြတ်တင်ဘောက ဘယ်ဘက်သို့ အနည်းငယ် ယိမ်းနေသောကြောင့် အော်တာမန်ဒီ အနေဖြင့် အချိန်မီ ခေါင်းတိုက် ဖျက်ထုတ်နိုင်ရန် မဖြစ်နိုင်တော့ပေ။
ထိုအခိုက်အတန့်လေးက ချူဖုန်းအတွက် အခွင့်အရေး ရသွားခြင်းပင်…။
သူသည် ဘောလုံး ကျလာမည့် နေရာကို တိကျစွာ ခန့်မှန်းလိုက်ပြီး သူ၏ ခြေသလုံး ကြွက်သားများ ဖောင်းကြွလာကာ ခွန်အားများ ပေါက်ကွဲထွက်လာရင်း တစ်ကိုယ်လုံး စပရိန်တစ်ခုလို လေပေါ်သို့ ပျံတက်သွားလေသည်
ရွှစ်...
"ဒီကောင်လေးက ခေါင်းတိုက် ကျွမ်းကျင်သူ ဆိုတာကို ငါ မေ့နေခဲ့တာပဲ..."
ကိုင်လီဝေါ်ကာမှာလည်း အောက်မှနေ၍ မသိမသာ နှောင့်ယှက်ရုံသာ တတ်နိုင်တော့သည်။
မည်သို့ပင်ဆိုစေ သူ၏ အရပ်က ၁.၇၈ မီတာသာ ရှိပြီး အရပ်ရှည်ဖိနပ် စီးထားလျှင်တောင် ချူဖုန်းကို မှီနိုင်မည် မဟုတ်ပါချေ။
ပြေးလွှားနိုင်တယ်... ဘောလုံးကို ဆွဲသွားနိုင်တယ်... ခုန်လည်း ခုန်နိုင်သေးတယ်...။
ဒီလောကကြီးထဲမှာ ဒီလို တိုက်စစ်မှူးမျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ။ ကိုင်လီဝေါ်ကာ တစ်ယောက် အလွန်အမင်း စိတ်ပျက်သွားတော့သည်။
"အရှိန်ယူတဲ့ အကွာအဝေးက တော်တော်လေး တိုတော့... ပါဝါက သိပ်များမှာ မဟုတ်ဘူး... လားရာကို သေချာ ခန့်မှန်းနိုင်ရင် ရပြီ..." အီဒါဆန်က လေပေါ်ရောက်နေသော ချူဖုန်းကို မျက်တောင်မခတ်တမ်း ကြည့်ကာ နေရာတွင်ပင် အနည်းငယ် ခုန်ဆွခုန်ဆွ လုပ်နေလိုက်သည်။
"ငါ့ဆီ ပေး... ငါ ကန်မယ်..."
ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာရာ ချူဖုန်းက ဘောလုံးကို ဂိုးပေါက်ဆီ ခေါင်းတိုက်မည့် အစီအစဉ်ကို ပြောင်းလဲလိုက်သည်။ အကြောင်းမှာ ညာဘက်ရှိ လူကာကူက ပို၍ အနေအထား ကောင်းနေသောကြောင့် ဖြစ်သည်။
လာပေါ့တ်အနေဖြင့် ဇင်ချန်ကို၏ အမှားများကို မကြာခဏ လိုက်လံ ရှင်းလင်းပေးနေရသဖြင့် သူသည် ဘယ်တောင်ပံရှိ အခြေအနေကို မသိစိတ်အရ အာရုံစိုက်မိနေတတ်ပြီး သူ၏ အာရုံစိုက်မှုများ လွင့်စင်သွားလေ့ ရှိသည်။
ယင်း၏ ရလဒ်အနေဖြင့် လူကာကူကို လူကပ်မည့်သူ မရှိဘဲ လွတ်ထွက်သွားစေခဲ့သည်။
ဖြောင်း…
ပြတ်သားသော အသံတစ်ခုနှင့်အတူ ဘောလုံးက နောက်သို့ ပြန်ကန်ထွက်သွားပြီး လူကာကူ ဆီသို့ ပျံသန်းသွားလေသည်။
"သူ အားမသုံးလိုက်ဘူးလား..."
"နောက်ပြန် ခေါင်းတိုက်ချပေးတာ... ဒါ ဘာအကွက်ကြီးလဲဗျာ..."
ကျန်းကျွင်း၏ ခေါင်းထဲတွင် ဝေါဟာရ အသစ်တစ်ခု ပေါ်လာခဲ့သည်။
လူကာကူက မမျှော်လင့်ဘဲ ရောက်လာသော လာဘ်ကြီးကို ကြည့်ကာ သူ၏ မည်းနက်နေသော မျက်နှာကြီးပေါ်တွင် အပြုံးများ ဝေဆာသွား၏။
ငါ မန်ယူအသင်းရဲ့ သူရဲကောင်း ဖြစ်တော့မယ်ဟ…
မန်ယူ ပရိသတ်များ အားလုံးက သူ၏ နာမည်ကို အော်ဟစ်သီဆိုနေမည့် နားကွဲမတတ် အောင်ပွဲခံသံများကိုပင် သူ ကြားယောင်နေမိသည်။
သူ့ ညာခြေကို အားကုန် လွှဲကန်လိုက်လေပြီ…
ဘုန်း… ထန်း…
ဘောလုံးက တိုင်ကိုထိပြီး ပင်နယ်တီ ဧရိယာထဲသို့ ပြန်လည် ကန်ထွက်လာသည်။ ချူဖုန်း မြေပြင်ပေါ် ကျကျချင်း ပြေးဝင်ကာ ထပ်မံ ပိတ်သွင်းရန် ကြိုးစားလိုက်သော်လည်း အော်တာမန်ဒီက ဘောလုံးကို ကွင်းပြင်ဘက်သို့ အဝေးကြီး ကန်ထုတ်သွားလေသည်။
"သောက်ကျိုးနည်း ရိုမီလူ... သောက်ခွကောင်..."
ချူဖုန်းမှာ ဒေါသထွက်လေ့ မရှိသော်လည်း လူကာကူ၏ လုပ်ရပ်ကြောင့် သူ အလွန်အမင်း ဒေါသထွက်သွားကာ ပေါက်ကွဲသွားတော့သည်။
အီဒါဆန်က ဂိုးပေါက် အလယ်တည့်တည့်တွင် ရပ်နေဆဲ ဖြစ်ပြီး ဘောလုံးကို ကာကွယ်ရန်ပင် လက်လျှော့ထားခဲ့ပြီး ဖြစ်သည်။
သို့သော် လူကာကူ ၏ ညာခြေ ကန်ချက်က ဂိုးသမားကို သွားမမှန်ဘဲ တိုင်ကို သွားမှန်ခဲ့သည်။ ၎င်းမှာ ဂိုးကန်သွင်းခြင်းထက် သွင်းဂိုးတစ်ဂိုးကို ကာကွယ်လိုက်သည့် အဆင့်မြင့် ဖျက်ထုတ်မှုကြီးနှင့် ပိုတူနေလေသည်။
အီဒါဆန်က ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး မယုံနိုင်စွာဖြင့် ရေရွတ်လိုက်သည်။ "ဒီကောင်က စတာလင်း ထက်တောင် ဆိုးနေသေးတယ်..."
"သောက်ရူးတွေ... အဲဒီဂိုးမျိုးကို ငါ မျက်စိမှိတ်ကန်ရင်တောင် ဝင်တယ်ကွ..." စတာလင်းက စိတ်တိုတိုဖြင့် ပြန်လည် ချေပလိုက်သည်။
မန်စီးတီး ကစားသမားများ၏ လှောင်ပြောင်သံများကို ကြားနေရသော်လည်း လူကာကူမှာမူ အနေခက်စွာဖြင့် ခေါင်းကိုသာ ကုတ်နေပြီး ဘာလုပ်ရမှန်းမသိဘဲ အချိန်အတော်ကြာ တိတ်ဆိတ်နေလေသည်။
"ထားလိုက်တော့..." ချူဖုန်းက လူကာကူကို ကူကယ်ရာမဲ့စွာဖြင့် တစ်ချက် ထိုးလိုက်သည်။
"အခွင့်အရေးကို ဖြုန်းတီးမိရင် နောက်ထပ် အခွင့်အရေး အသစ်တစ်ခု ပြန်ရှာ... ပွဲပြီးရင် ဘော့စ်ရဲ့ ဒေါသကို မရင်ဆိုင်ချင်ရင် အခု မြန်မြန် စိတ်ပြန်တင်းထားစမ်း..."
"ဘောလုံးကို အမြင့်ကနေ ဆက်ပေးကြမယ်..."
ထိုသို့ပြောပြီးနောက် သူသည် အသင်းဖော်များကို လိုက်လံ လက်ဝါးချင်းရိုက်ကာ မန်ယူအသင်း အခွင့်အရေး လွဲချော်သွားမှု၏ သက်ရောက်မှုကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။
သို့ရာတွင် မန်စီးတီး၏ အပြောင်းအလဲများကလည်း အချိန်ကိုက် ဖြစ်နေခဲ့သည်။
ကွင်းလယ်နှင့် ရှေ့တန်းတွင် ဖိအားပေးမှု အရှိန်ကို မြှင့်တင်ကာ မန်ယူအသင်းကို အဝေးဘော ပေးပို့ရန် အခွင့်အရေး မပေးတော့ဘဲ ပင်နယ်တီ ဧရိယာ အပြင်ဘက်မှ ခြိမ်းခြောက်မှု မှန်သမျှကို ငြိမ်းသတ်ပစ်လိုက်သည်။
မန်ယူအသင်းဘက်ကလည်း အလားတူပင်။
ထို့ကြောင့် အသင်းနှစ်သင်းလုံးမှာ အလွန် သတိထားနေကြပြီး မည်သူကမျှ နောက်ထပ် ဂိုးပေးရမည်ကို အလိုမရှိကြချေ။
ဒါဆို ဗိုလ်လုပွဲတွေမှာ ဂန္ထဝင်ပွဲစဉ် ဆိုတာ မရှိဘူးလို့ ဘာကြောင့် ပြောကြတာလဲ။
အကြောင်းအရင်းက ဒါပါပဲ။ အားလုံးမှာ ရှုံးမှာ ကြောက်တဲ့ စိတ်ကြောင့် စွန့်စားပြီး တိုက်စစ်ဆင်ဖို့ထက် အမှားမလုပ်ဖို့ကိုပဲ အာရုံစိုက်လို့ပေါ့။
ဤသို့ဖြင့် မန်ချက်စတာအသင်း နှစ်သင်း အပြန်အလှန် တိုက်စစ်နှင့် ခံစစ် ကစားနေကြရင်း ပွဲချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
သူတို့ မသိလိုက်ခင်မှာပင် ပွဲချိန် မိနစ် ၇၀ ကြာမြင့်သွားခဲ့ပြီ ဖြစ်ပြီး အသင်းနှစ်သင်းလုံးမှ နည်းပြများက လူစားလဲမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြကာ ပွဲကို တစ်ချက်တည်းဖြင့် အဆုံးအဖြတ်ပေးကာ အနိုင်ယူရန် သန္နိဋ္ဌာန် ချထားကြတော့သည်။
***