ချူဖုန်းက အသင်းဖော်များဘက်သို့ လှည့်ကြည့်ကာ "တွေ့လား... ရိုးရှင်းပါတယ်ကွာ... ငါလုပ်သလိုသာ လုပ်ကြ" ဟု ပြောသည့်အလား မျက်ခုံးတစ်ချက် ပင့်ပြလိုက်သည်။
လူတွေက ဒီလိုပါပဲ။ ရှေ့ဆောင်လမ်းပြပြီး စံနမူနာ ပြမည့်သူ တစ်ယောက် ရှိနေပါက လူတစ်ယောက်၏ စိတ်က ယိမ်းယိုင်သွားမည် မဟုတ်ချေ။
ထို့အပြင် မန်ယူအသင်းရဲ့ ပင်နယ်တီ ကန်မည့်သူတွေထဲမှာ ဘယ်သူက ဝါရင့် ကစားသမား မဟုတ်လို့လဲ။ သူတို့အားလုံးမှာ မယုံနိုင်လောက်အောင် ခိုင်မာသော စိတ်ဓာတ် ကြံ့ခိုင်မှုများ ရှိကြလေသည်။
"ဒေးဗစ်ဆေးလ်ဗားက မန်စီးတီးရဲ့ ပထမဆုံး ပင်နယ်တီ ကန်တဲ့သူပါ... သူက ဂိုးသမားကို လှည့်စားပြီး ဘောလုံးကို ပိုက်ကွန် ဘယ်ဘက်ခြမ်းထဲ ထည့်သွားနိုင်ခဲ့တယ်"
"မာရက်ဇ်၊ အဂူရို၊ ကန်တေ၊ ဖာနန်ဒင်ဟို... သူတို့အားလုံးက ပြစ်ဒဏ်ဘော ကန်ရာမှာ အရမ်း တော်ကြပြီး သူတို့အားလုံး ဘောလုံးကို ဂိုးထဲ ထည့်သွားနိုင်ခဲ့ကြတယ်"
"နောက်ဆုံး နှစ်ကျော့ကို ဆက်ကြည့်ကြရအောင်ဗျာ"
ဒေးဗစ်လူးဝစ်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး အလယ်တည့်တည့်သို့ ကန်သွင်းကာ နောက်ထပ် ဂိုးတစ်ဂိုး ထပ်ရသွားသည်။ သူက အောင်ပွဲခံသည့် အနေဖြင့် လက်သီးကို ဆုပ်လိုက်ပြီး ကွင်းလယ်စက်ဝိုင်းရှိ အသင်းဖော်များထံ လျှောက်သွားလေသည်။
မကြာမီ ဒီဂီယာက သူ၏ အရှေ့ရှိ ဒီဘရိုင်း ကို ကြည့်လိုက်ရာ သူ၏ ခေါင်းထဲတွင် ချူဖုန်း ၏ စကားများသာ ပြည့်နှက်နေ၏။
“ဒီတစ်ခါတော့ ငါ အရူးအဖြစ် ခံလိုက်မယ်ကွာ”
ထို့နောက် ဒီဘရိုင်းက ပန်နင်ကာကန်ချက် ပုံစံဖြင့် ကန်သွင်းလိုက်သည်ကို သူ မြင်လိုက်ရသည်။
ဒီဂီယာ ဘောလုံးကို သူ၏ ရင်ခွင်ထဲသို့ ဖမ်းပိုက်လိုက်ချိန်တွင် နားကွဲမတတ် အောင်ပွဲခံ အော်ဟစ်သံကြီးကို ကြားလိုက်ရလေတော့သည်
"လှပလိုက်တာ ဒီဂီယာ..."
"မာတစ်သာ ဂိုးဝင်ရင် မန်ယူအသင်း လိဂ်ဖလားကို ရပြီဗျ..."
"အရှိန်ယူလိုက်ပြီ ကန်သွင်းလိုက်ပြီ ဂိုး..."
ဘောလုံးက ဂိုးပေါက်ထဲသို့ ပျံသန်းသွားပြီး ဖြူလွှလွှ ပိုက်ကွန်များနှင့် တိုးဝှေ့သွားသည်ကို ကြည့်လိုက်ရချိန်တွင် လှိုင်းဖြူကြီးများ ရိုက်ခတ်သွားသကဲ့သို့ ထင်မှတ်ရလေသည်။
ချူဖုန်းက အသင်းဖော်များကို လှမ်းကာ ဟိန်းဟောက်လိုက်၏။ "ညီအစ်ကိုတို့... ချီတက်ကြ... နောက်ဆုံးမှ ရောက်တဲ့ကောင် ဒီည အကုန်လုံးကို ဒကာခံရမယ်ကွ"
ထိုသို့ပြောပြီးနောက် သူက အရိပ်အယောင်ပင် မကျန်ရစ်စေဘဲ ရှေ့ဆုံးမှ ပြေးထွက်သွားလေတော့သည်
"လူလည်ကျတယ်ဟေ့"
မာရက်ဇ်၊ မက်တော်မီနေးနှင့် လူကာကူတို့ကလည်း သူ၏နောက်သို့ အပြေးအလွှား လိုက်ပါသွားကြသည်။
စိမ်းလန်းသော မြက်ခင်းပြင်ကြီးထက်တွင် အနီရောင် ကြယ်ပျံ ကိုးစင်း ဖြတ်သန်းသွားသကဲ့သို့ ထင်ရ၏။ မက်ဂွိုင်းယား တစ်ယောက်သာ ခရုတစ်ကောင်ပမာ နှေးကွေးစွာဖြင့် အနောက်တွင် ကျန်ရစ်ခဲ့ပြီး အမောတကော ပန်းလျရင်း အသံကုန် အော်ဟစ် ညည်းတွားနေလေသည်။
"ဒါက မတရားဘူးကွ"
တစ်ချိန်တည်းမှာပင် ကွင်းလယ်စက်ဝိုင်းအတွင်းရှိ မန်စီးတီး ကစားသမားများမှာ တိုက်ပွဲဝင်လိုစိတ်များ အားလုံး ကုန်ဆုံးသွားကြပြီး အေးစက်နေသော မြက်ခင်းပြင်ပေါ်တွင် ပက်လက်လှန်ချလိုက်ကြလေပြီ။
သူတို့ မန်ယူအသင်းကို ထပ်မံ ရှုံးနိမ့်သွားခဲ့ပြန်သည်။
ရိုးရိုးသားသား ပြောရလျှင် သူတို့အနေဖြင့် မျှော်လင့်ချက် ကင်းမဲ့သွားသော ခံစားချက်ကြီးကို မလွန်ဆန်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တစ်ကြိမ် နှစ်ကြိမ် မကတော့ဘဲ အပြည့်အဝ လေးကြိမ်တိုင်တိုင် ရှိနေပြီ ဖြစ်သောကြောင့်တည်း။
ပြီးတော့ အကြိမ်တိုင်းက နည်းနည်းလေးစီသာ လိုအပ်သွားခဲ့ခြင်း ဖြစ်သည်။
သူတို့တွင် ချမ်းသာသော ပိုင်ရှင်တစ်ဦး၊ အတွေ့အကြုံရင့် နည်းပြချုပ် တစ်ဦးနှင့် ဥရောပ တစ်ခွင်ရှိ ထိပ်တန်း ကစားသမားများကို ပိုင်ဆိုင်ထားသည်။
ဒါပေမဲ့ ဘာလို့ မန်ယူအသင်းကို အနိုင်မယူနိုင်ရတာလဲ။ ဒါကပဲ မန်စီးတီးရဲ့ ကံကြမ္မာလား။
ဒီဘရိုင်းက ကွင်းကြီး၏ အထက်ရှိ ကောင်းကင်ယံကို ငေးမောကြည့်နေမိပြီး မျက်စိကျိန်းမတတ် လင်းထိန်နေသော မီးမောင်းများကြောင့် မသိစိတ်အရ မျက်လုံးကို မှေးထားလိုက်ရသည်။
ချက်ချင်းပင် သူက မြက်ခင်းပြင်ပေါ်မှ မတ်တတ်ရပ်လိုက်ပြီး အသင်းဖော် တစ်ဦးချင်းစီ၏ ပခုံးများကို လိုက်လံ ပုတ်ပေးလိုက်သည်။
လုပ်ငန်းစဉ် တစ်ခုလုံးမှာ တိတ်ဆိတ်စွာပင် ပြီးဆုံးသွား၏။
သူသည် ငယ်စဉ်ကတည်းက စကားနည်းပြီး အတွင်းစိတ်ကို မျိုသိပ်တတ်သူ ဖြစ်ရာ သူ၏ တောင်းပန်မှုကို မည်သို့ ဖော်ပြရမည်ကို မသိသောကြောင့် ဤကဲ့သို့ ရိုးအသော နည်းလမ်းကိုသာ အသုံးပြုနိုင်တော့သည်။
"ကီဗင်... ငါတို့ ပရီးမီးယားလိဂ် ဖလားကို ရနိုင်မယ်လို့ မင်း ထင်လား..."
အဂူရိုက တိုးညှင်းစွာ မေးခွန်းထုတ်လိုက်ပြီးနောက် တီးတိုး ပြန်လည် ရေရွတ်လိုက်သည်။ "အရင်က ငါတို့ မန်ယူကို တစ်ဂိုး အသာနဲ့ ရှုံးခဲ့ဖူးတယ်... ဒါပေမဲ့ ဒီနေ့သာ ငါတို့ ရလဒ်ကို အဆုံးထိ ထိန်းထားနိုင်ခဲ့ရင် နောက်တစ်ကြိမ်ကျ သူတို့ကို သေချာပေါက် အနိုင်ယူနိုင်မှာပဲ"
"ဒါပေါ့ နောက်တစ်ကြိမ်ကျရင် ငါတို့ မန်ယူကို သေချာပေါက် အနိုင်ယူနိုင်မှာပါ" ဒေးဗစ်ဆေးလ်ဗားက ဝင်ပြောလိုက်သည်။
နောက်ဆုံးတွင် သူက အသင်းဖော်များဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်၏။ "ဒါက ငါ့ရဲ့ နောက်ဆုံး ရာသီပဲကွ... ဒါကြောင့် မင်းတို့ကောင်တွေ ငါ့အတွက် အစွမ်းကုန် ကြိုးစားပေးကြရမယ်"
မန်စီးတီး ကစားသမားများ အားလုံး မတ်တတ်ရပ်လိုက်ကြပြီး ပြန်လည် စုစည်းလိုက်ကြလေသည်။
ကွင်းဘေးမှနေ၍ ဂွါဒီယိုလာ ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူ၏ ဒေါသများမှာ ရှင်းပြမရနိုင်လောက်အောင်ပင် လွင့်စင်ပျောက်ကွယ်သွားခဲ့ရသည်။
မန်စီးတီး အသင်းကို နည်းပြရန် သူ ရွေးချယ်ခဲ့ရသည့် အဓိက တွန်းအားမှာ အိပ်မက်အသင်းကြီး ဘာစီလိုနာထက် မလျော့ကျသော တကယ့် အားကောင်းသည့် အသင်းတစ်သင်းကို ပြန်လည် တည်ဆောက်ရန်ပင် ဖြစ်သည်။
ဤသည်မှာ သူ၏ ရည်မှန်းချက် ဖြစ်သည်။
"ဘော့စ်... အရမ်းကြီး စိတ်ခံစားမှု မဝင်ပါနဲ့ဗျာ။ လိဂ်ဖလားက ကျွန်တော်တို့အတွက် မလိုအပ်ပါဘူး။ ကျွန်တော်တို့က အကြီးကြီးတွေပဲ ယူမှာ"
အာတီတာက တင်းမာနေသော လေထုကို ပြေလျော့စေရန် ရည်ရွယ်၍ နောက်ပြောင်လိုက်သည်။
"သွားရအောင်... ပြိုင်ဘက်တွေကို သွားပြီး ဂုဏ်ပြုပေးကြမယ်... ဒီချန်ပီယံဆုက သူတို့နဲ့ ထိုက်တန်ပါတယ်"
ဂွါဒီယိုလာက သူ၏ တည်ငြိမ်မှုကို လျင်မြန်စွာ ပြန်လည် ရယူလိုက်သည်။
ထို့နောက် သူသည် မော်ရင်ညိုထံသို့ ဖြည်းညင်းစွာ လျှောက်သွားကာ အေးစက်ပြီး ခံစားချက်မဲ့နေသော လေသံဖြင့် ပြောလိုက်သည်။ "ခင်ဗျားတို့ စွမ်းဆောင်ရည် ကောင်းပါတယ်... ဂုဏ်ပြုပါတယ်..."
အတိတ်က နာကြည်းမှုများကို သူ တကယ်ပင် ဘေးဖယ်ထားချင်ခဲ့သော်လည်း ယင်းသို့ ပြုလုပ်ရန်မှာ သူ့အတွက် အလွန် ခက်ခဲနေဆဲပင်။
ထို့ကြောင့် သူတို့၏ ဆက်ဆံရေးကို ဤအတိုင်းသာ ထားလိုက်ခြင်းက အကောင်းဆုံးပင်။ မည်သို့ပင်ဆိုစေ သူတို့က ပြိုင်ဘက်တွေအဖြစ် နေသားကျနေခဲ့ပြီ မဟုတ်ပါလား။
"ကျေးဇူးပဲ..." မော်ရင်ညိုကလည်း သူ၏ လျှာစောင်းထက်ချင်သော ရည်ရွယ်ချက်များကို ဖယ်ရှားထားကာ မျက်ခုံးတစ်ချက်ကို အနည်းငယ် ပင့်လိုက်ရင်း တုံ့ပြန်လိုက်သည်။
ကွင်း၏ အခြားတစ်ဖက်တွင်တော့ ဒီဂီယာသည် အသင်းဖော်များ၏ ဝိုင်းဝန်း အောင်ပွဲခံခြင်းကို ခံနေရသော်လည်း သူက ချူဖုန်းထံသို့ ချဉ်းကပ်သွားကာ သူ၏ လက်အိတ်များကို ချွတ်၍ ကမ်းပေးလိုက်သည်။
"ချူ... မင်းပြောခဲ့တာက တော်တော်လေး အမြင်ကျယ်တာပဲကွ... ငါက စမ်းကြည့်ရုံလေး စမ်းကြည့်လိုက်တာ။ တကယ် အလုပ်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
"ရော့... ဒီလက်အိတ်တွေ ယူထားလိုက်"
"အိုး... ဗိုလ်လုပွဲ အက်ဒီရှင်ကြီးပါလား။ ငါ သေသေချာချာ သိမ်းထားမှပဲ"
ချူဖုန်းက ပေါ့ပေါ့ပါးပါးပင် လှမ်းယူလိုက်ပြီး အထက်သို့ မြှောက်ကာ အော်လိုက်သည်။ "ဒီည ဟယ်ရီ မက်ဂွိုင်းယား ဒကာခံမယ်လို့ ငါ ကြေညာတယ်ကွ"
"မိုက်တယ်ဟေ့"
မန်ယူ ကစားသမား အားလုံးက ဝိုင်းဝန်း ဟစ်အော် ထောက်ခံလိုက်ကြသော်လည်း မက်ဂွိုင်းယား တစ်ယောက်သာ လူကို အကြွေးလာတောင်းနေသည့်အလား နှုတ်ခမ်းကြီး ဆူထော်ထားလေသည်။
မကြာမီမှာပင်…
ပွဲကြည့်စင်ပေါ်ရှိ မန်ယူ ပရိသတ်များမှာ ပခုံးချင်းယှဉ်ကာ မတ်တတ်ရပ်လိုက်ကြပြီး ကြိုတင် ပြင်ဆင်ထားသော မီးရှူးမီးပန်းများကို ပစ်ဖောက်လိုက်ကြကာ မီတာ ဒါဇင်နှင့်ချီ ရှည်လျားသော ပိုစတာကြီးများကို ဖြန့်ချလိုက်ကြသည်။
ကွင်းအတွင်းရှိ ဒီဂျေကလည်း အခြေအနေကို ကောင်းစွာ သဘောပေါက်စွာဖြင့် "Glory Glory Man United" သီချင်းကို ဖွင့်ပေးလိုက်လေသည်။
ချူဖုန်းက ခေါင်းကို မော့ကြည့်လိုက်ရာ သူ၏ မြင်ကွင်းထဲတွင်...
နေရာအနှံ့ လွင့်ပျံနေသော အနီရောင် အလံများက တစ်ခုနှင့်တစ်ခု ယှက်နွှယ်နေပြီး ညချမ်း ကောင်းကင်ယံကို ဧရာမ အနီရောင် သမုဒ္ဒရာကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
စိတ်အားထက်သန်ဖွယ် ကောင်းလှသော သံစဉ်များ တဖြည်းဖြည်း ပျံ့လွင့်လာသည်နှင့်အမျှ…
ချူဖုန်းသည် သူ၏ အသင်းဖော်များ၏ ပခုံးများကို ဖက်တွယ်လိုက်ပြီး ထိုရင်းနှီးကျွမ်းဝင်နေသော သီချင်းကို စတင် သီဆိုလေတော့သည်။
"သရဲနီတို့ အလံတော် တလူလူ လွင့်ပျံနေစေရမယ်"
"ငါတို့ရဲ့ ကြီးမားခိုင်မာတဲ့ ပုံရိပ်တွေကို နေရာတိုင်းမှာ မြင်တွေ့စေရမယ်"
"ပရိသတ်တွေရဲ့ ဂုဏ်ယူဝင့်ကြွားစွာ သီဆိုသံတွေကို မင်းတို့ ကြားရလိမ့်မယ်"
"ယူနိုက်တက်… မန်ချက်စတာ ယူနိုက်တက်"
“…”
ကမ္ဘာတစ်ဝှမ်းရှိ မန်ယူ ပရိသတ်များ အားလုံးက ထိုသီဆိုသံများတွင် ပူးပေါင်းပါဝင်လာကြပြီး အဓိက အားကစား မီဒီယာများရှိ မှတ်ချက်များမှာလည်း အံ့မခန်း မြန်ဆန်သော နှုန်းထားဖြင့် တက်လာတော့သည်။
【ရိုးရိုးသားသား ပြောရရင် မန်စီးတီးနဲ့ မန်ယူတို့ရဲ့ လိဂ်ဖလားပွဲက မကြာသေးခင် နှစ်တွေအတွင်း အကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲ ဖြစ်လောက်တယ်】
【ဘာပဲဖြစ်ဖြစ် အသင်းနှစ်သင်းလုံးရဲ့ ကစားသမားတွေက တကယ့်ကို ထိပ်တန်းတွေချည်းပဲလေ... ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ တစ်ပွဲရဲ့ ပြင်းထန်မှုမျိုးကို ခံစားလိုက်ရတယ်】
【ရှောင်ချူ က တစ်ဂိုးသွင်း၊ ဖန်တီးမှု တစ်ကြိမ်ပဲ လုပ်နိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်က ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းကလောက် မကောင်းခဲ့ပေမဲ့ သူ တကယ်ကို ရင့်ကျက်လာပြီလို့ ကျွန်တော် ခံစားရတယ်】
【ဘယ်သူမှ ပွဲတိုင်း ဟက်ထရစ် သွင်းနိုင်မှာ မဟုတ်ဘူးလေ။ ဒါ့အပြင် ရှောင်ချူကို ဘယ်တောင်ပံမှာ ထားလိုက်တာက အသင်းအတွက် စွန့်လွှတ်အနစ်နာခံမှု တစ်ခုပဲ】
【ရှောင်ချူ ရဲ့ ဒီနေ့ စွမ်းဆောင်ရည်က တကယ့်ကို ပြောင်မြောက်ပါတယ်။ ပထမဆုံးအနေနဲ့ သူက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာနောက်ခံလူ ကိုင်လီဝေါ်ကာနဲ့ ထိပ်တိုက် တွေ့ခဲ့တာတောင် ရှောင်ချူက သူ့ကို လွှမ်းမိုးထားနိုင်ရုံမက အသင်းဖော်တွေအတွက်ပါ အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့တယ်။ ပရီးမီးယားလိဂ်မှာ တခြား ဘယ်သူကများ အဲဒီလို လုပ်နိုင်မယ်လို့ မင်းတို့ ထင်လဲ】
【ဒါနဲ့... ယူအီးအက်ဖ်အေ စူပါဖလား၊ ဖီဖာ ကလပ်ကမ္ဘာ့ဖလားနဲ့ လိဂ်ဖလား သုံးခုရတာကို ဖလားသုံးလုံး ရတယ်လို့ သတ်မှတ်လို့ ရမလား】
【ရပါတယ်... ဘာစီလိုနာရဲ့ ဖလားခြောက်လုံးထဲမှာ ပြည်တွင်း အဆင့်မြင့်လိဂ် ဖလား၊ ပြည်တွင်း ရှုံးထွက်ဖလား၊ တိုက်ကြီးများဆိုင်ရာ ဖလား၊ ပြည်တွင်း စူပါဖလား၊ တိုက်ကြီးများဆိုင်ရာ စူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ ပါတယ်လေ】
***