ဘန်လေနှင့် မန်ယူပွဲစဉ် ပြီးဆုံးသွားသည်နှင့်အမျှ ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) လည်း အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ မန်ယူ ပရိသတ်များ စိတ်ပျက်ရသည်မှာ လီဗာပူးက လက်စတာစီးတီးကို ၃-၁ ဖြင့် လည်းကောင်း၊ မန်စီးတီးက နယူးကာဆယ်ကို ၂-၁ ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသွားခဲ့ကြခြင်းပင်။
ချန်ပီယံဆု အတွက် ယှဉ်ပြိုင်မှုတွင် သူတို့၏ အကြီးမားဆုံး ပြိုင်ဘက် နှစ်သင်းစလုံးက စွမ်းဆောင်ရည် ကျဆင်းမသွားခဲ့ကြချေ။
အကယ်၍ အသင်းသုံးသင်းစလုံးက ထိပ်တိုက်တွေ့ဆုံမည့် ပွဲစဉ်များမှအပ ကျန်ရှိသော ပွဲစဉ်များ အားလုံးကို အနိုင်ရမည်ဆိုပါက ချန်ပီယံ ပြိုင်ပွဲမှာ အလွန်အမင်း ရှုပ်ထွေးသွားလိမ့်မည် ဖြစ်သည်။
ချူဖုန်းက ကျန်ရှိနေသော ပွဲစဉ်ဇယားကို တစ်ချက် ကြည့်လိုက်သည်။
မန်ယူသည် မတ်လလယ်တွင် လီဗာပူးနှင့် လည်းကောင်း၊ ဧပြီလကုန်တွင် မန်စီးတီးနှင့် လည်းကောင်း ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
"လီဗာပူး ကစားသမားတွေက သူတို့ ဖလားရဖို့ မျှော်လင့်ချက် မရှိတော့ရင် မန်စီးတီး ကို အရှုံးပေးလိုက်မလား မသိဘူးနော်..."
လူကာကူက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"သူတို့ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကို ယုံကြည်လိုက်ပါ... ငါတို့ အနေနဲ့ ငါတို့ အစွမ်းကုန် ကြိုးစားဖို့ပဲ လိုတယ်..."
ချူဖုန်းက စကားလမ်းကြောင်းကို ဖြတ်လိုက်သည်။ တချို့ မေးခွန်းတွေက မမေးဘဲ နေတာက အကောင်းဆုံးပင်...။
ပြင်ပ မီဒီယာတွေသာ ဒီမေးခွန်းတွေ အကြောင်း သိသွားခဲ့ရင် မီဒီယာ တိုက်ပွဲများ ဖြစ်လာနိုင်သည် မဟုတ်ပါလား...။ ထို့အပြင် မန်ယူနှင့် လီဗာပူးတို့သည် သေမင်းတမန် ပြိုင်ဘက်များ ဖြစ်ကြသော်လည်း လီဗာပူး ကစားသမားများက ထိုသို့ လုပ်လိမ့်မည် မဟုတ်ဟု သူ ခံစားမိသည်။
"အား... အဲဒီကိစ္စတွေက အရမ်း ဝေးပါသေးတယ်ကွာ... မနက်ဖြန် ဘာစားရမလဲ ဆိုတာကိုပဲ စဉ်းစားကြရအောင်..."
မက်တော်မီနေးက ကြက်ရင်အုပ်သားကင် အတုံးကြီး တစ်တုံးကို ပါးစပ်ထဲ အတင်း ထိုးထည့်လိုက်သည်။
မကြာသေးမီက မန်ယူအသင်းသည် စားဖိုမှူး အသစ်တစ်ဦးကို ငှားရမ်းခဲ့ပြီး ထိုစားဖိုမှူးမှာ ယခင်က အင်္ဂလန် အမျိုးသား အသင်းအတွက် အလုပ်လုပ်ပေးခဲ့သူဟု သိရသည်။
"မာ့ခ်ရဲ့ အရသာ စပ်တာက တကယ်ကို ကောင်းတာပဲ..."
ချူဖုန်းက အမဲနံရိုး တစ်ချောင်းကို ကိုက်ဖြတ်ရင်း ပြောလိုက်သည်။ "မနက်ဖြန် ငါ ပွဲတစ်ပွဲ သွားရဦးမယ်... မင်းတို့ ဘာများ မေးစရာ ရှိသေးလဲ..."
——
နေ့နှင့်ည တစ်လှည့်စီ ပြောင်းလဲသွား၏။
လန်ဒန်၊ ပူးမား၏ ထုတ်ကုန်သစ် မိတ်ဆက်ပွဲ အခမ်းအနားသို့ အားကစား ကြယ်ပွင့်များစွာ တက်ရောက်ခဲ့ကြသည်။
ထိုနေရာရှိ မန်စီးတီး ကစားသမားများကို ကြည့်ကာ လူကာကူ တစ်ယောက် တံတွေး တစ်ချက် မျိုချလိုက်သည်။ "ချူ... ငါတို့ အရိုက်ခံရမယ်လို့ မင်း ထင်လား..."
လွန်ခဲ့သော ရက်အနည်းငယ်က မန်စီးတီး၏ စပွန်ဆာများ ပြောင်းလဲသွားကြောင်း သတင်း ထွက်ပေါ်ခဲ့ပြီး လာမည့်ရာသီတွင် ပူးမားသည် နိုင်ကီကို အစားထိုးကာ မန်စီးတီး ဘောလုံးအုပ်စု၏ စပွန်ဆာ ဖြစ်လာမည် ဖြစ်သည်။
ပူးမားသည် မန်စီးတီး၊ မဲလ်ဘုန်း ဗစ်ထရီနှင့် စီချွမ်-ချုံချင့် ကျိုးနယူး အပါအဝင် အသင်းငါးသင်းကို ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။
စျေးနှုန်းမှာလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားလှပြီး စာချုပ်သက်တမ်း ၁၀ နှစ်အထိ ရှိကာ စပွန်ဆာပေးမည့် ပမာဏမှာ ပေါင်သန်း ၆၅၀ အထိ ရှိသည်။
ချူဖုန်းက သူ၏ မျက်လုံးများကို လှန်ပြလိုက်ပြီး လူကာကူ၏ မေးခွန်းကိုပင် ဖြေဆိုရန် ပျင်းရိနေလေသည်။
"ချူ... မင်းက ပူးမား ရဲ့ စပွန်ဆာ ရထားတာဆိုတော့ တစ်နှစ်ကို ဒီလောက် ရတယ်ဆို..."
လူကာကူက လက်နှစ်ချောင်း ထောင်ပြလိုက်သည်။
"အဲဒီလောက် ဝန်းကျင်ပါပဲ..." ချူဖုန်း မှာ လူကာကူက သန်းနှစ်ဆယ်ကို ဆိုလိုခြင်းလား သို့မဟုတ် နှစ်သန်းကို ဆိုလိုခြင်းလား မသိသဖြင့် ဝေဝါးသော အဖြေတစ်ခုကိုသာ ပေးလိုက်သည်။
မကြာမီ သတင်းစာ ရှင်းလင်းပွဲကို တရားဝင် စတင်လိုက်သည်။
"ပထမဆုံး အနေနဲ့ ကျွန်တော်တို့ရဲ့ 'လေပြင်း-၁’ အမြန်နှုန်း အခြေပြု တိုက်ပွဲဝင် ဖိနပ်တွေကို မတ်လကုန်မှာ တရားဝင် စတင် ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်"
ပူးမား၏ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ ပက်ထရစ်က ကျယ်လောင်စွာ ကြေညာလိုက်ပြီးနောက် ချူဖုန်းကို အင်တာဗျူးရန် စင်ပေါ်သို့ တက်လာရန် အချက်ပြလိုက်သည်။
ဖြောင်း ဖြောင်း ဖြောင်း
အခမ်းအနား ကျင်းပရာ နေရာ တစ်ခုလုံးတွင် စိတ်အားထက်သန်သော လက်ခုပ်သံများ ဟိန်းထွက်သွား၏။ လက်ရှိ ဘောလုံးလောကတွင် သူတို့၏ အမည်များဖြင့် ဖိနပ်များ ထုတ်လုပ်ခွင့် ရရှိထားသော ဘောလုံးကြယ်ပွင့် လေးဦးသာ ရှိသည်။
သူတို့မှာ ခရစ္စတီယာနို ရော်နယ်ဒို၊ လီယွန်နယ် မက်ဆီ၊ လူကာ မိုဒရစ်နှင့် ကီလီယန် အမ်ဘာပေတို့ ဖြစ်ကြသည်။
သို့သော် ယနေ့မှစ၍ နောက်ထပ် တစ်ဦး တိုးလာတော့မည် ဖြစ်သည်။
"ပထမဆုံး..."
ချူဖုန်းက စကားအများကြီး မပြောဘဲ ဒီလူ့ကို ကျေးဇူးတင်တယ်၊ ဟိုလူ့ကို ကျေးဇူးတင်တယ် ဟုသာ ပြောခဲ့သည်။
ထို့နောက် ပူးမားက မန်စီးတီး အသင်းနှင့် ပူးပေါင်းမှုနှင့် ဆွာရက်ဇ်၊ အိုဘလက်ခ် ကဲ့သို့သော ကြယ်ပွင့် ကစားသမားသစ်များ ခေါ်ယူမှုများကို ကြေညာခဲ့သည်။
ပက်ထရစ်က ချူဖုန်းကို ညစာစားပွဲသို့ ဖိတ်ကြားချင်ခဲ့သော်လည်း ချူဖုန်းက နောက်နေ့တွင် ပွဲစဉ်ရှိကြောင်း အကြောင်းပြကာ ငြင်းဆိုခဲ့သည်။ ထို့နောက် သူသည် ညတွင်းချင်းပင် မန်ချက်စတာသို့ ပြန်လာခဲ့သည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) စတင်ခဲ့လေသည်။ ဤသည်က ပရီးမီးယားလိဂ်၏ ဇာတ်ရှိန်အမြင့်ဆုံး အပိုင်းလည်း ဖြစ်ပေသည်။
ပြိုင်ပွဲ၏ ချန်ပီယံ မည်သူဖြစ်မည်နည်း ဆိုသည်ကို နောက်ဆုံး ပွဲစဉ် (၁၀) ပွဲတွင် ဆုံးဖြတ်သွားမည် ဖြစ်သည်။
အိုးထရက်ဖို့ဒ် ကွင်းကြီး...
ရက်အနည်းငယ် အနားယူပြီးနောက် မန်ယူအသင်း၏ ဒဏ်ရာရ အခြေအနေများမှာ သိသိသာသာ ပြန်လည် ကောင်းမွန်လာခဲ့ပြီး ပေါ့ဘာနှင့် လင်ဂတ်တို့ကလည်း မော်ရင်ညိုထံသို့ ကိုယ်တိုင် သွားရောက် တောင်းပန်ခဲ့ကြသည်။
သူတို့နှစ်ဦး တကယ် ရိုးသားမှု ရှိ ၊ မရှိကိုတော့ သူတို့ကိုယ်တိုင်သာ သိကြပေလိမ့်မည်။ ထို့ကြောင့် ယနေ့ပွဲစဉ်တွင် မော်ရင်ညိုက ပထမအသင်း တစ်ဝက်ခန့် ပါဝင်သော လူစာရင်းကိုသာ အသုံးပြုခဲ့ပြီး သုံးပွဲဆက်တိုက် ဝင်ကစားထားရသော ချူဖုန်းကို အနားပေးခဲ့သည်။
ပွဲချိန် (၄) မိနစ်တွင် မန်ယူအသင်း ပြိုင်ဘက်ဧရိယာ အတွင်း အခွင့်အရေးကောင်း တစ်ခု ရရှိခဲ့သော်လည်း လူကာကူ၏ အနီးကပ် ကန်ချက်ကို ပြိုင်ဘက် ဂိုးသမားက ကာကွယ်သွားနိုင်ခဲ့သည်။
ယင်းက ကွင်းအတွင်းရှိ မန်ယူ ပရိသတ်များထံမှ လှောင်ပြောင်သံများကို ဆွဲဆောင်သွားခဲ့သည်။ တကယ်တော့ မန်ယူအသင်းတွင် ချူဖုန်းသာ မရှိခဲ့လျှင် လူကာကူ၏ အားနည်းချက်များကို သူတို့သည်းခံနိုင်ကောင်း သည်းခံနိုင်ကြပေလိမ့်မည်။
ဒါပေမဲ့ လူတွေ ဆိုတာ နှိုင်းယှဉ်ခံရတာပဲလေ။
ထို့ကြောင့် မန်ယူ ပရိသတ်များက လူကာကူ တစ်ယောက် အခွင့်အရေးများကို ဖြုန်းတီးနေသည်ကို မြင်သောအခါ ဒီငတုံးကြီးကိုသာ ရောင်းပစ်လိုက်ချင်ကြတော့သည်။ ထို့ပြင် လင်ဂတ်နှင့် ပေါ့ဘာတို့ကလည်း ပျင်းရိနေကြပုံရသည်။
ဆောက်သမ်တန် အသင်းမှာ ရမှတ် ၂၇ မှတ်သာ ရှိသေးသည်ကို သတိရပါ။ သူတို့က သေချာပေါက် တန်းဆင်းဇုန်က အသင်းတစ်သင်းပါ။ ဒီလိုအသင်းမျိုးကိုတောင် မန်ယူအသင်းက အနိုင်မယူနိုင်ဘူး ဆိုရင်တော့ စောစောစီးစီးသာ ဖျက်သိမ်းလိုက်တာ အကောင်းဆုံးပါပဲ။ သူတို့က ဖလားကို ဘာနဲ့သွားလုမှာလဲ။
သို့ရာတွင် ပွဲချိန် ၂၆ မိနစ်တွင် ဗလယ်ရီက ဒီဂီယာပင် မကာကွယ်နိုင်သော ရင်သပ်ရှုမောဖွယ် အဝေးကန်ချက် တစ်ချက်ဖြင့် ဆောက်သမ်တန် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးလိုက်၏။
"သူတို့က ခုံတန်းပေါ်မှာပဲ ဆက်ထိုင်ချင်နေကြသေးတာလား..." မာရက်ဇ်က မကျေမနပ် ညည်းတွားလိုက်သည်။
ချူဖုန်းက ထိုနှစ်ယောက်ကို ကာကွယ်မပြောပေးပါ။ ရိုးရိုးသားသား ပြောရလျှင် သူလည်း အနည်းငယ် ဒေါသထွက်နေမိသည်။
ကွင်းပြင်ပတွင် မည်သို့ပင် ပဋိပက္ခများ ရှိနေပါစေ၊ ကွင်းထဲသို့ ယူမလာသင့်ပေ။
ဤသည်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးလောက၏ စည်းမျဉ်းတစ်ခု ဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဦး၏ ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်တစ်ခု ဖြစ်သည်။
ဆောက်သမ်တန်က ဂိုးရပြီးနောက် သူတို့၏ အားသာချက်ကို ဆက်လက် ဖိအားပေးလာကြသည်။
သူတို့သည် လီဗာပူး၏ ညီလေးများ ဖြစ်ကြပြီး သူတို့၏ အစ်ကိုကြီး ပြိုင်ဘက်ကို တားဆီးနိုင်ရန် ကူညီပေးချင်စိတ် တထောင်းထောင်း ထနေကြောင်း သင် နားလည်ထားရမည်။ ယနေ့တွင် သူတို့သည် အခွင့်အရေး တစ်ခု ရသွားခဲ့ပြီး အက်သလက်တီကို မက်ဒရစ် အသင်းနီးပါး ရူးသွပ်သော စွမ်းအင်များဖြင့် ကစားနေလေသည်။
ပထမပိုင်း ပြီးဆုံးသည်အထိ မန်ယူအသင်းသည် ၁-၀ဖြင့် ရှုံးနိမ့်နေခဲ့ပြီး ဒိုင်လူကြီး ခရာ မှုတ်လိုက်သည်နှင့် မော်ရင်ညို က လှည့်ပင်မကြည့်ဘဲ ထွက်ခွာသွားလေသည်။
"ချူ... အဝတ်လဲခန်းကို လာခဲ့..."
ချူဖုန်းမှာ သူ ဝင်ကစားရတော့မည်ကို ချက်ချင်း သိလိုက်ပြီး “ဒဏ်ရာ ကင်းလွတ်ခွင့် မော်ဂျူး ရထားတာ ကံကောင်းလို့။ မဟုတ်ရင် သံမဏိလူသားတောင် ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး” ဟု တွေးလိုက်မိသည်။
"ဒုတိယပိုင်းမှာ လူစားလဲမှု နှစ်ခု လုပ်မယ်... ရိုမီလူ နေရာမှာ ချူ ဝင်မယ်... ဂျက်စီ နေရာမှာ ရီယတ် ဝင်မယ်..."
မော်ရင်ညိုက မည်သည့် ညှာတာမှုမှ မရှိဘဲ တည့်တိုးပင် ပြောချလိုက်သည်။
မာတစ်နှင့် ဟာရဲရားတို့သာ ဒဏ်ရာ မရထားခဲ့ပါက သူ ပေါ့ဘာကိုပါ လူစားလဲပစ်လိုက်မည် ဖြစ်သည်။
မန်ယူ ကစားသမားများမှာ တိတ်ဆိတ်နေကြပြီး နောက်ဆုံးတွင် ချူဖုန်းကသာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ "ဘော့စ်... ဆောက်သမ်တန်ရဲ့ အမြင့်ဘော ခံစစ်က သိပ်မကောင်းဘူး... ဒုတိယပိုင်းမှာ အဲဒါကို ပစ်မှတ်ထားပြီး စကစားလို့ ရပါတယ်..."
"ဟုတ်တယ်... အဲဒါ နောက်ထပ် နည်းဗျူဟာ အပြောင်းအလဲပဲ..."
မော်ရင်ညိုက ချူဖုန်းကို ကျေနပ်စွာ ကြည့်လိုက်သည်။ အကယ်၍ သူ၏ လက်ထဲတွင် ချူဖုန်းကဲ့သို့ တိုက်စစ်မှူးကောင်း တစ်ယောက်သာ မရှိခဲ့လျှင် လူကာကူအား လူစားလဲမှုကို သူ ပြုလုပ်ရဲမည် မဟုတ်ပေ။
ကွင်းထဲ မဝင်မီ ချူဖုန်းက မာရက်ဇ်ထံသို့ သွားကာ ပြောလိုက်သည်။ "အခွင့်အရေး ရတာနဲ့ ပယ်နယ်တီ ဧရိယာ ထောင့်စွန်းဆီကိုသာ ဘောလုံး ပင့်ကျော်ပေးလိုက်..."
"ပြဿနာ မရှိဘူး" မာရက်ဇ်က လွယ်ကူစွာပင် သဘောတူလိုက်သည်။
ချူဖုန်း ကွင်းထဲသို့ ဝင်လာချိန်တွင် ဆောက်သမ်တန် အသင်းရှိ အထက်မှ အောက်ခြေအထိ လူတိုင်း၏ စိတ်ထဲဝယ် အကြောက်တရား တစ်ခု လွှမ်းမိုးလာလေသည်။
လူတစ်ယောက်ရဲ့ အရိပ်၊ သစ်ပင်တစ်ပင်ရဲ့ နာမည် လို့ပဲ ဆိုရမလား။
ဘယ် ပရီးမီးယားလိဂ်အသင်းကများ မန်ယူအသင်းရဲ့ နံပါတ် (၇) ကို လျစ်လျူရှုရဲမှာလဲ။
***