ကျူးကျားယီ ပြန်မဖြေရသေးခင်မှာပင် နျူယွဲအော်က စားပွဲကို ရိုက်ချလိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။
"ဘာတွေ မေးနေတာလဲ။ ငါ့ခွက်ထဲမှာ ရေမရှိတော့တာ နင် မမြင်ဘူးလား။ ရေမြန်မြန် ထည့်ပေးစမ်း”
"ဟုတ်... ဟုတ်ကဲ့။ အခုချက်ချင်း ထည့်ပေးပါ့မယ်”
လျိုကွေဖုန်းသည် ဘာမှ ပြန်မပြောရဲဘဲ သူမရှေ့ရှိ ခွက်ထဲသို့ ရေအလျင်အမြန် ထည့်ပေးလိုက်သည်။ ဤကဲ့သို့ အနိုင်ကျင့်ခံရခြင်းကို သူမ ကျင့်သားရနေပြီ ဖြစ်ပုံရသည်။
နျူယွဲအော်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ကျူးကျားယီဘက်သို့ လှည့်ကာ မေးလိုက်သည်။ "နင် ဘာလို့ ပြန်လာတာလဲ။ ရှောင်ချန်ရော ဘယ်မှာလဲ”
စကားပြောနေရင်း သူမက ကျူးကျားယီ၏ ဘေးတွင် ရပ်နေသော ယဲ့ပုဖန်ကို မြင်လိုက်ရရာ သူမ၏ မျက်နှာအမူအရာမှာ ပို၍ ဆိုးရွားသွားသည်။ ရုပ်ရည်အရ ကြည့်လျှင် ဤလူငယ်က သူမ၏ သားထက် အဆပေါင်းများစွာ ပို၍ ခန့်ညားနေသည် မဟုတ်ပါလား။
သူမက အေးစက်သော လေသံဖြင့် မေးလိုက်သည်။
"ဒီလူက ဘယ်သူလဲ။ ဒီမှာ ဘာလာလုပ်တာလဲ”
ကျူးကျားယီက အလျင်အမြန် ဖြေလိုက်သည်။
"အန်တီနျူ... ရှောင်ချန်က ကိစ္စရှိလို့ ခရီးထွက်သွားတယ်။ ပြန်မရောက်သေးဘူး။ ဒါက သမီး သူငယ်ချင်းရဲ့ အစ်ကို ယဲ့ပုဖန်ပါ။ သူက အရမ်းတော်တဲ့ ဆရာဝန် တစ်ယောက်မို့လို့ ဦးလေးတုန်းရဲ့ ရောဂါကို လာကြည့်ပေးဖို့ သမီး ခေါ်လာတာပါ”
သူမ၏ ခင်ပွန်းကို ဆေးလာကုပေးမည်ဟု ကြားလိုက်ရသဖြင့် နျူယွဲအော်၏ မျက်နှာအမူအရာ အနည်းငယ် ပျော့ပျောင်းသွားသော်လည်း သံသယဖြင့် မေးလိုက်သေးသည်။ "ဒီလောက် ငယ်ရွယ်တဲ့ ဆရာဝန်က တကယ်ပဲ ရောဂါကုတတ်လို့လား”
ကျူးကျားယီက ယဲ့ပုဖန်ကို အားနာစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ "အန်တီနျူ... အစ်ကိုယဲ့ရဲ့ ဆေးပညာက အရမ်း အစွမ်းထက်ပါတယ်”
နျူယွဲအော်က ပခုံးတွန့်ကာ ပြောလိုက်သည်။
"ရောက်နေမှတော့လည်း ကြည့်ချင်ကြည့်ပါစေလေ။ ဘာပဲဖြစ်ဖြစ် နင်တို့ မိသားစု ပိုက်ဆံပဲဟာ”
သူမ သဘောတူလိုက်သည်နှင့် တစ်ပြိုင်နက် တုန်းလီကျူးက မာကျောက်တုံးများကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီး တင်းမာသော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။
"ဘယ်ရမလဲ။ ငါက စမ်းသပ်ခံ ကြွက်မှ မဟုတ်တာ။ ဘယ်သူမဆို ငါ့ကို လာကုလို့ ရမယ် ထင်နေလား။ ငါ့ကို ကုရင်း သေသွားရင် ဘယ်လိုလုပ်မလဲ”
ကျူးကျားယီက ဝင်ပြောလိုက်သည်။
"ဦးလေးတုန်း... စိတ်မပူပါနဲ့။ ရောဂါ မပျောက်ရင်တောင် အခြေအနေ ပိုဆိုးသွားအောင်တော့ မလုပ်ဘူးလို့ အစ်ကိုယဲ့က ပြောထားပါတယ်”
"မရဘူး... ငါ သူ့ကို မယုံဘူး။ ငါ့ကို ပေးမကုနိုင်ဘူး”
"ဒါက..."
ကျူးကျားယီသည် အခက်တွေ့နေသော အမူအရာဖြင့် ယဲ့ပုဖန်ကို လှမ်းကြည့်လိုက်သည်။ သူမ မူလက မျှော်လင့်ချက် အနည်းငယ် ထားရှိခဲ့သော်လည်း ယခုကဲ့သို့ တုန်းလီကျူး ကိုယ်တိုင်က ဆေးကုသမှု ခံယူရန် ငြင်းဆန်နေပါက အမှန်တကယ်ပင် မျှော်လင့်ချက် လုံးဝ ရှိတော့မည် မဟုတ်ပေ။
ယဲ့ပုဖန်က "စိတ်မပူပါနဲ့။ ငါ ရှင်းလိုက်ပါ့မယ်။ ငါတို့ ကြိုပြောထားတဲ့အတိုင်းပဲ လုပ်ပါ” ဟု ဖြေသိမ့်လိုက်သည်။
ယဲ့ပုဖန်သည် ကျူးကျားယီကို စကားအနည်းငယ် မှာကြားလိုက်ပြီးနောက် တုန်းလီကျူးထံသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ၏ ဘယ်ဘက်လက်ဖြင့် တောက်ပြောင်နေသော ယွမ်ငွေ သုံးထပ် ၊ ညာဘက်လက်ဖြင့် နောက်ထပ် ယွမ်ငွေ သုံးထပ်ကို ထုတ်ယူကာ မာကျောက်စားပွဲပေါ်သို့ ဘန်းခနဲ ပစ်ချလိုက်သည်။
လူအားလုံး၏ အံ့အားသင့်နေသော အကြည့်များကြားတွင် သူက ပြတ်သားစွာ ပြောလိုက်သည်။ "ကျုပ် ခင်ဗျားရောဂါကို ပျောက်အောင် ကုပေးရင် တစ်ပြားမှ မယူဘူး။ ကုရင်း သေသွားရင် ကျုပ်အသက်နဲ့ လဲပေးမယ်။ တကယ်လို့ မပျောက်ဘူးဆိုရင်တော့ ဒီပိုက်ဆံတွေ အားလုံးက ခင်ဗျားအတွက်ပဲ”
"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီလေ”
တုန်းလီကျူးမှာ နဂိုကတည်းက ငွေမက်သူ ဖြစ်ရာ သပ်ရပ်စွာ ထပ်ထားသော ယွမ်ငွေ ငါးထပ်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ အရောင်လက်သွားတော့သည်။ သူက လက်လှမ်းကာ ငွေများကို သူ၏ ရင်ခွင်ထဲသို့ ဆွဲယူလိုက်ပြီး ပြောလိုက်သည်။
"မင်း ကိုယ်တိုင် ပြောတာနော်။ အားလုံးလည်း အသိပဲ။ အချိန်တန်ရင် မင်း စကားပြန်ရုပ်သိမ်းလို့ မရဘူးနော်”
ယဲ့ပုဖန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ကျုပ်က ကတိတည်တယ်။ ခင်ဗျားရောဂါကို မကုပေးနိုင်ရင် ဒီငွေတွေ အားလုံးက ခင်ဗျားဟာပဲ”
"ကောင်းပြီ။ ဒါဆို လာ... မြန်မြန် ကုပေးစမ်း”
တုန်းလီကျူးသည် ဤနှစ်များအတွင်း ဆရာဝန် မြောက်မြားစွာနှင့် ပြသခဲ့ပြီး သူ၏ ရောဂါအတွက် လုံးဝ မျှော်လင့်ချက် မဲ့နေပြီ ဖြစ်သည်။ သူ၏ အမြင်တွင် ဤငွေများသည် သူ၏ လက်ထဲသို့ ရောက်နေပြီ ဟုပင် မှတ်ယူထားလေသည်။
ယဲ့ပုဖန်က မာကျောက်စားပွဲပေါ်မှ အခင်းကို ဆွဲယူကာ မြေပြင်ပေါ်တွင် ခင်းလိုက်သည်။ ထို့နောက် တုန်းလီကျူးကို ပွေ့ချီကာ အခင်းပေါ်တွင် မှောက်လျက် အနေအထားဖြင့် ချထားလိုက်သည်။
လျိုကွေဖုန်းမှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားသည်။ နှစ်ပေါင်းများစွာ ဆရာဝန်များနှင့် ပြသခဲ့သော်လည်း ဤကဲ့သို့ လူနာကို ကုသပေးသော ဆရာဝန်မျိုးကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူမက သမီးဖြစ်သူ၏ လက်မောင်းကို ဆုပ်ကိုင်ကာ မေးလိုက်သည်။
"ကျားယီ... ဘာတွေ ဖြစ်နေတာလဲ”
ကျူးကျားယီက သူမ၏ မိခင်ကို စကားမပြောဘဲ ငြိမ်ငြိမ်လေးသာ ကြည့်နေရန် အချက်ပြလိုက်သည်။
ယဲ့ပုဖန်သည် တုန်းလီကျူး၏ ဒဏ်ရာများကို စတင် စစ်ဆေးလေသည်။ သုံးဘီးဆိုင်ကယ်ပေါ်မှ ပြုတ်ကျခဲ့သော အမြင့်မှာ သိပ်မမြင့်လှသလို ဒဏ်ရာမှာလည်း အလွန်အမင်း မဆိုးရွားလှပေ။ ကံဆိုးချင်တော့ ဒီလူက ကံမကောင်းခဲ့ပေ။
သူ၏ ကျောရိုးမှာ မြေပြင်ရှိ ကျောက်စရစ်ခဲလေး တစ်ခုနှင့် သွားရိုက်မိပြီး အရိုးစလေး တစ်ခု ကျိုးကြေကာ ကျောရိုးအတွင်းရှိ အာရုံကြောများကို ပြတ်တောက်သွားစေခဲ့ခြင်း ဖြစ်သည်။
ခေတ်ပေါ် ဆေးပညာတွင် ဤအခြေအနေကို ကုသရန် နည်းလမ်းမရှိပေ။ ဆရာဝန်များကလည်း သူ့ကို ခွဲစိတ်ရန် မဝံ့ရဲကြချေ။ အဘယ်ကြောင့်ဆိုသော် ကျိုးပဲ့နေသော အရိုးစများကို ဖယ်ရှားလိုက်လျှင်ပင် တစ်သက်လုံး မသန်မစွမ်း ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ယဲ့ပုဖန်အတွက်မူ လုံးဝ ကွာခြားလေသည်။ သူ့ထံတွင် ချီစွမ်းအင်များနှင့် ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်း ပညာရပ် ရှိနေသဖြင့် ဤကဲ့သို့သော ဒဏ်ရာမျိုးကို ကုသရန်မှာ ခက်ခဲသော ကိစ္စ တစ်ခု မဟုတ်ပေ။
သူက ဒဏ်ရာရနေသော ကျောရိုးအနီးသို့ လက်ကို တင်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်အာရုံ စကန်ဖတ်မှု အောက်တွင် ချီစွမ်းအင်များကို အသုံးပြုကာ ကျိုးကြေနေသော အရိုးများကို ပြန်လည် ဆက်စပ်ပေးလိုက်သည်။ ထို့နောက် ပျံသန်းနေသော ကြိုးကြာနတ်အပ်ကို ထုတ်ယူကာ ဝိညာဉ်ပြန်ခေါ် အပ်ကိုးချောင်း နည်းစနစ်ကို အသုံးပြု၍ ကျောရိုးရှိ ပြတ်တောက်နေသော အာရုံကြောများကို ပြန်လည် ပြုပြင် ကုသပေးလိုက်လေသည်။
ဘေးဘက်မှ လူအတော်များများက စောင့်ကြည့်နေကြသော်လည်း တုန်းလီကျူး တစ်ယောက် နှစ်ပေါင်းများစွာ လေဖြတ်နေခဲ့သည်ဖြစ်ရာ ယဲ့ပုဖန်က ဤဒဏ်ရာများကို ကုသပေးနိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြပေ။ သူ၏ ဇနီးဖြစ်သူ နျူယွဲအော် ကိုယ်တိုင်ပင်လျှင် ယွမ်ငွေ ငါးထပ်ဆီသို့သာ မျက်စိကျနေခဲ့သည်။ သူမ၏ အမြင်တွင် ဤငွေများသည် နတ်ဘုရားက သူမထံသို့ တိုက်ရိုက် ပို့ပေးလိုက်သည့် ငွေများအလား ထင်မှတ်နေလေသည်။
မိနစ် ၂၀ ခန့် အကြာတွင် ယဲ့ပုဖန်က ကုသမှုကို အဆုံးသတ်လိုက်ပြီး ပျံသန်းနေသော ကြိုးကြာနတ်အပ် အားလုံးကို ပြန်လည် သိမ်းဆည်းလိုက်သည်။ ထို့နောက် တုန်းလီကျူး၏ ကျောကို ပုတ်ကာ ပြောလိုက်သည်။
"ကဲ... ရပြီ။ ထတော့”
"ပြီးပြီလား။ ဒါဆို ဒီငွေတွေ အားလုံးက ငါ့ဟာပဲ”
တုန်းလီကျူး၏ မျက်လုံးများ အရောင်လက်သွားကာ ယွမ်ငွေ ငါးထပ်ကို ဖက်ထားရင်း ထိုင်ရက်သား ဖြစ်သွားသည်။ သူ ဒဏ်ရာရနေပြီး လှုပ်ရှားရန် အကူအညီ လိုအပ်နေသည်ဆိုသည့် အချက်ကိုပင် လုံးဝ မေ့လျော့သွားခဲ့လေသည်။
"ဆောရီးပဲဗျာ။ ဒီငွေတွေက ကျုပ်ဟာတွေပါ။ ခင်ဗျားနဲ့ ဘာမှ မဆိုင်တော့ဘူး”
ယဲ့ပုဖန်က လက်လှမ်းကာ ငွေများ အားလုံးကို ပြန်လည် သိမ်းယူလိုက်သည်။
"မင်း ဘယ်လိုလုပ် ကတိဖျက်ရက်တာလဲ။ ငါ့ကို ပေးမယ်လို့ ပြောပြီးမှတော့ ပြန်ယူသွားလို့ မရဘူးလေ”
ဒဏ်ရာမရခင်ကတည်းက တုန်းလီကျူးသည် နာမည်ကြီး လူဆိုးလူမိုက် တစ်ယောက် ဖြစ်ခဲ့သည်။ သူက ပါးစပ်ထဲ ရောက်နေပြီဖြစ်သော အသားတစ်တစ်တုံးကို ဘယ်သောအခါမှ အလွတ်ခံမည် မဟုတ်ပေ။
သူ၏ ငွေများကို အလုခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူက မြေပြင်ပေါ်မှ ချက်ချင်း ခုန်ထလိုက်ပြီး ယဲ့ပုဖန်၏ ငွေများကို ပြန်လုရန် လက်လှမ်းလိုက်လေသည်။
ယဲ့ပုဖန်က ခြေတစ်လှမ်း နောက်ဆုတ်ကာ သူတို့၏ စားပွဲကို ရှောင်တိမ်းလိုက်ပြီးနောက် မေးလိုက်သည်။
"ကျုပ် ဘာပြောခဲ့လဲ”
တုန်းလီကျူးက အော်ဟစ်လိုက်သည်။
"မင်း ခုနက လူတိုင်းရှေ့မှာ ပြောခဲ့တယ်လေ။ ငါ့ဒဏ်ရာကို မကုနိုင်ရင် ဒီငွေတွေက ငါ့ဟာပဲဆို။ မင်း အခု စကားပြန်ရုပ်သိမ်းလို့ မရဘူးကွ”
ယဲ့ပုဖန်က တည်ငြိမ်စွာ ပြန်မေးလိုက်သည်။
"ဒါဆို ခင်ဗျား ဒဏ်ရာက ပျောက်သွားပြီလား”
"ငါ့ဒဏ်ရာလား... သေချာပေါက်..."
တုန်းလီကျူးသည် သူ၏ ဒဏ်ရာ မပျောက်သေးကြောင်း ပြောရန် ဟန်ပြင်လိုက်သော်လည်း ထိုအခိုက်အတန့်၌ သူသည် မြေပြင်ပေါ်တွင် မတ်မတ်ကြီး ရပ်နေနိုင်ပြီး သူ၏ လှုပ်ရှားမှုများမှာလည်း အနည်းငယ်မျှ ထိခိုက်မှု မရှိဘဲ ဒဏ်ရာမရခင် အချိန်ကဲ့သို့ ဖြစ်နေကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
သူ အလွန်အမင်း အံ့အားသင့်သွားကာ ပါးစပ်ကြီး ဟသွားပြီး မြေပြင်ပေါ်တွင် ဟိုဟိုဒီဒီ ခုန်ပေါက် ကြည့်လိုက်ရာ မည်သည့် သက်သောင့်သက်သာ မရှိမှုမျိုးကိုမျှ မခံစားရကြောင်း တွေ့လိုက်ရသည်။
"ဘုရားရေ... ငါ့ဒဏ်ရာတွေ ပျောက်သွားပြီ။ တကယ်ကို ပျောက်သွားပြီဟေ့”
ဒီလူသည် သုံးနှစ်တိတိ လေဖြတ်နေခဲ့သူ ဖြစ်သည်။ သူ၏ ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ အလွန်အမင်း ဝမ်းသာလုံးဆို့သွားပြီး မြေပြင်ပေါ်တွင် ဝမ်းသာအားရ ခုန်ပေါက် ကခုန်နေတော့သည်။
နျူယွဲအော်နှင့် အခြားသူများလည်း အသိစိတ် ပြန်ဝင်လာကြပြီး အားလုံးမှာ မှင်သက် အံ့သြကာ စကားတစ်ခွန်းမျှပင် မဟနိုင်အောင် ဖြစ်သွားကြသည်။
တုန်းလီကျူးမှာ သုံးနှစ်ကျော် လေဖြတ်နေခဲ့ပြီး ဆရာဝန်ပေါင်း မရေမတွက်နိုင်အောင် ပြသခဲ့ကာ ယွမ်ငွေ တစ်သိန်းကျော် ကုန်ကျခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ဤလူငယ်လေး၏ အပ်စိုက်မှု အနည်းငယ်ဖြင့် သူ လုံးဝ ပြန်လည် ကျန်းမာလာလိမ့်မည်ဟု သူမ တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။ ၎င်းမှာ တကယ်ကို အံ့မခန်းပင် ဖြစ်ပေသည်။
ယဲ့ပုဖန်က တုန်းလီကျူးအား ထပ်မေးလိုက်သည်။
"ဘယ်လိုလဲ။ သက်သာသွားပြီလား”
တုန်းလီကျူးက စိတ်လှုပ်ရှားစွာဖြင့် အလျင်စလို ဖြေလိုက်သည်။
"အားလုံး သက်သာသွားပါပြီ။ ကျုပ် လုံးဝ ပျောက်သွားပါပြီ”
"ခင်ဗျား ဒဏ်ရာ ပျောက်သွားပြီဆိုမှတော့ ဒီငွေတွေက ကျုပ်ဟာတွေပဲ။ ခင်ဗျားနဲ့ ဘာမှ မဆိုင်တော့ဘူး”
ယဲ့ပုဖန်က စကားပြောရင်း ငွေများကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
တုန်းလင်မယား နှစ်ယောက်စလုံးသည် ငွေများကို နှမြောတသစွာဖြင့် ကြည့်နေကြသော်လည်း နောက်ဆုံးတွင် ရောဂါ ပျောက်ကင်းသွားသည့်အတွက် ဝမ်းသာနေကြသဖြင့် ဘာမှ ဆက်မပြောကြတော့ပေ။
ယဲ့ပုဖန်က ဆက်ပြောလိုက်သည်။
"နောက်တစ်ခုက... အခု ခင်ဗျား ဒဏ်ရာ ပျောက်သွားပြီဆိုတော့ ကျူးမိသားစုက ခင်ဗျားတို့ကို ဘာအကြွေးမှ မတင်တော့ဘူး။ အရင် သဘောတူညီချက်တွေ အားလုံး ပျက်ပြယ်သွားပြီ။ ကျူးကျားယီကလည်း ခင်ဗျားသားရဲ့ ရည်းစား မဟုတ်တော့ဘူး”
သူက လျိုကွေဖုန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"အန်တီ... အန်တီတို့က တုန်းမိသားစုနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး။ ဒီကိုလာပြီး သူတို့ရဲ့ အစေခံလို အလုပ်လာလုပ်စရာ မလိုတော့ဘူး”
လျိုကွေဖုန်းမှာ ဝမ်းသာလွန်း၍ မျက်ရည်များ ကျဆင်းလာကာ သားအမိ နှစ်ယောက် ဖက်၍ ရှိုက်ကြီးတငင် ငိုကြွေးကြလေတော့သည်။ ဤနှစ်များအတွင်း ဤယာဉ်တိုက်မှုလေး တစ်ခုကြောင့် သူတို့ မိသားစု မတရားမှုများကို လွန်စွာ ခံစားခဲ့ရပြီး ပေးဆပ်မှု အမြောက်အမြားကို ပေးဆပ်ခဲ့ရသည် မဟုတ်ပါလား။
"ဒါဆို ဘယ်ရမလဲ။ လုံးဝ မရဘူး”
နျူယွဲအော်က ပထမဆုံး အသိစိတ် ပြန်ဝင်လာပြီး ချက်ချင်း အော်ဟစ်လိုက်သည်။ "ကျူးကျားယီက ငါ့သားရဲ့ ရည်းစားပဲ။ အနာဂတ်မှာလည်း ငါတို့ တုန်းမိသားစုရဲ့ ချွေးမ ဖြစ်လာမယ့်သူပဲ။ ဒါက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး”
***