"တကယ်တူတယ်''
ချင်လင်က ဆက်ဟန်ဆောင်နေဆဲ။
"သူဌေးချင်.. ဒီအပင်ကိုနာမည်ပေးရတော့မယ်''
ရုတ်တရက် ဝန်ကြီးလုကပြောသည်။
ဒီလိုအမည်မသိသီးနှံမျိုးကို အပင်စိုက်သူကနာမည်ပေးရလေ့ရှိသည်။ အထူးအခြေအနေမှာတောင် ဟွားယွမ်ကအပင်စိုက်သူနှင့်တိုင်ပင်ရသည်။
"ပူဖောင်းထွက်လာမှတော့ ပူဖောင်းမြက်လို့ခေါ်မယ်!''
ချင်လင်ကပြောသည်။
ဘာနာမည်ကြီးလဲ?
ဒီအတိုင်း ဂိမ်းနာမည်သက်သက်သာ။
"ဟုတ်ပါပြီ.. ဒါဆို ပူဖောင်းမြက်ပေါ့''
ဝန်ကြီးလု ခေါင်းညိမ့်လိုက်သည်။
ရက်ပိုင်းအကြာ_
ပူဖောင်းမြက်ပင် လုံးလုံးကြီးလာသည်။
သို့သော် ဝန်ကြီးလုမှာအပင်နားလျှောက်သွားပြီး ဘာအတွက်မှန်းမသိသေး။
"သူဌေးချင်''
ဝန်ကြီးလုကမျက်မှောင်ကြုတ်ပြီးမေးသည်_
"ပူဖောင်းမြက်ပင်က ကြီးပြီထင်လား? ဘာလို့ဒီလိုထူးခြားတာလဲ?''
ချင်လင် သိသည်။
ဒါပေမဲ့ ပူဖောင်းမြက်ကိုခေါင်းမှာစွပ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အောက်စီဂျင်အဖြစ်ပြောင်းနိုင်တယ်လို့ပြောမဖြစ်ဘူးမလား?
"ဝန်ကြီးလု.. ပူဖောင်းတစ်လုံးခူးပြီးစမ်းကြည့်ပါလား?''
ဒီလိုသာ ချင်လင်ပြောနိုင်သည်။
"ဒါဆို သူဌေးချင်ကိုဒုက္ခပေးရမှာပေါ့''
ဝန်ကြီးလုကတန်းပြောသည်။ သူဌေးချင်လှုပ်ရှားမှာကို သူမစောင့်နိုင်။ ဘာပဲဖြစ်ဖြစ် သူဌေးချင်စိုက်ထားသောအပင်ဖြစ်၍ သူကိုယ်တိုင်စမ်းသပ်တာပိုကောင်းသည်။
ချင်လင်လည်းဟန်ဆောင်ပြီး ပူဖောင်းခူးလိုက်သည်။ ထို့နောက် အဆစ်ကိုတအံ့တဩကြည့်ပြီး_
"အာ.. ဒါမျိုးစေ့တွေပဲ?''
မျိုးစေ့တွေပေါ့။
သူကိုယ်တိုင်ခူးပြီး မသိဘဲနေမလား?
သို့သော် ဝန်ကြီးလုရှေ့တွင် သူ့သရုပ်ဆောင်ကအဆင့်မီနေဆဲ။
"အာ?''
ဝန်ကြီးလု အံ့ဩသွားသည်_
"ဘာလို့ပူဖောင်းမြက်မျိုးစေ့က ဒီမှာဖြစ်တာလဲ? အံ့ဩစရာကောင်းလိုက်တာ... ကမ္ဘာပေါ်ကမျိုးစေ့တွေနဲ့ကွာတယ်''
"ဝန်ကြီးလု.. ဒီမျိုးစေ့အရောင်နဲ့အရွယ်အစားက ဝန်ကြီးယူလာတဲ့မျိုးစေ့နဲ့မတူဘူးထင်တယ်''
ချင်လင်ကမေးပြန်သည်။
"အဲဒါပုံမှန်ပဲမဟုတ်ဘူးလား သူဌေးချင်?''
ဝန်ကြီးလုကနားထောင်ရင်း ရယ်လိုက်သည်_
"ငါယူလာတဲ့မျိုးစေ့က လတ်လတ်ဆတ်ဆတ်မှမဟုတ်တာ... ပယင်းလိုဟာနဲ့အုပ်နေတာ... ဘယ်လောက်ကြာပြီမှန်းမသိတော့ အရောင်ဘယ်တူပါ့မလဲ''
"ဟုတ်သားပဲ ဝန်ကြီးလု''
ချင်လင်ကပြုံးပြုံးနှင့်ဝန်ခံလိုက်သည်။
ကောင်းလိုက်တာ။
ဒီအပင်မျိုးစေ့နဲ့ဝန်ကြီးလုယူလာတာ ကွာမှာပေါ့။ အထူးသဖြင့်က အရောင်။ ဝန်ကြီးလုကဒီလိုပြောမှတော့ ဒါအမှန်ပေါ့။
ရှင်းပြချက်ကောင်းပဲ။
ချင်လင်ကပူဖောင်းနှင့် အတွင်းဘက်အလုပ်ခန်းထဲပြန်လာသည်။ အခန်းတံခါးလော့ချကာ အတွေးနှင့်ဂိမ်းထဲဝင်လိုက်၏။ သူ့လက်ထဲမှပူဖောင်းမှတ်ချက်ကိုကြည့်လိုက်သည်:
(အထူးကာကွယ်ရေးပူဖောင်း: အထူး!)
(အထူးအပင်မှဖြစ်လာသောပူဖောင်းဖြစ်သည်။ ကိုယ်တိုင်မခူးကြည့်ပါက ဒီလိုထူးထူးဆန်းဆန်းဖြစ်လာကြောင်းယုံရခက်မည်။ ပူဖောင်းထွက်လာလျှင် အထူးအာနိသင်ရှိသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အထဲမှသလင်းကျောက်နှင့်ဓာတ်ပြုပြီး လူ့ခန္ဓာကိုယ်အတွက်လိုအပ်သောအောက်စီဂျင်ထုတ်ပေးသည်။ အန္တရာယ်မရှိ:
အောက်စီဂျင်ဖြည့်ဆည်းချိန်: တစ်ရက်၊ အန္တရာယ်ရှိပစ္စည်းစစ်ယူခြင်း +၂၊ ခံနိုင်ရည် +၂!)
ဒီပူဖောင်းက အပြည့်အဝကြီးပြီ။
အရည်အသွေးမပြောင်းလဲသောကြောင့် စိုက်ပျိုးပြီးကျဆင်းသွားခြင်းမရှိပေ။
ပူဖောင်းစမ်းသပ်ရမယ်ဆိုမှတော့ သူစမ်းသပ်ပြီးကြောင်း၊ ပူဖောင်းအာနိသင်ကိုသူသိကြောင်း ဝန်ကြီးလုကိုထွက်ပြောလို့မဖြစ်။
ထို့ကြောင့် ထင်းများသိုလှောင်ထားသောတင်းကုပ်ထဲသွားပြီး တရုတ်တိုင်းရင်းဆေးပင်တချို့ရှာသည်။ ထို့နောက် စိုက်ပျိုးရေးခြံအိမ်ထဲဝင်ပြီး မီးစမွှေးသည်။
ထို့နောက် ငါးကန်သွားပြီး ပိုင်ရွှင်တစ်ကောင်ထုတ်လာသည်။
ပိုင်ရွှင်အသားက အရမ်းကောင်းသည်။ အထူးသဖြင့် ဝမ်းဗိုက်သားပင်။ အလွန်လတ်ဆတ်ပြီးအရသာရှိသည်။ သူ့ငါးချက်လက်ရာနှင့်ပေါင်းလိုက်သောအခါ ပြောမပြတတ်အောင်ပင်။
နောက်ပြီး တရုတ်ဆေးပင်များနှင့် ငါးကိုအထူးအနံ့အရသာစွက်လိုက်သည်။
မကြာမီ ပိုင်ရွှင်စွပ်ပြုတ်အိုးရလာသည်။
ချင်လင်က တစ်ပန်းကန်ခပ်ပြီး အားရပါးရစား၏။
ချင်းလင်အပန်းဖြေစံအိမ်ဧည့်ခန်းထဲ၌ ဝန်ကြီးလုမှာချင်လင်ဆီကသတင်းစောင့်ရင်း ပူဖောင်းမြက်ရှေ့တွင်ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။
ချင်လင်မှာတော့ ဂိမ်းထဲစိတ်ရှိလက်ရှိစားသောက်နေ၏။ သူကပိုင်ရွှင်အိုးကိုကြည့်ပြီး ပန်းကန်ကြီးနှင့်ခပ်ကာ ဂိမ်းအပြင်ထွက်လာသည်။ ထို့နောက် အလုပ်ခန်းအပြင်ထွက်ပြီး စားသောက်ခန်းထဲယူလာသည်။
ကျောက်မိုချင်းနှင့်ကလေးချီထားသောလင်းဖန်ကိုတွေ့သောအခါ_
"လာ.. အမေ မိုချင်း.. ကျွန်တော် ငါးစွပ်ပြုတ်လုပ်ထားတယ်... လာမြည်းကြည့်''
ဒီစွပ်ပြုတ်သောက်ပြီး အပ်ချုပ်စက်စာမိနိုင်သော်လည်း ထူးထူးခြားခြားအစိတ်အပိုင်းမပါဘဲဂိမ်းထဲမှထုတ်လာသောကြောင့် ဘယ်သူမှမသိနိုင်။
ဒါမျိုးကို သူ့အမေနဲ့မိန်းမစားစေချင်သည်။
သူတို့ဘာမှန်းမသိရင်တောင်မှပေါ့။
ကျောက်မိုချင်းနှင့်လင်းဖန်က ချင်လင်၏ငါးစွပ်ပြုတ်ကိုအလွန်ကြိုက်သည်။ ချင်လင်လက်ရာကို သူတို့နှစ်ယောက်လုံးသိသည်။
နှစ်ယောက်သား ငါးစွပ်ပြုတ်သောက်ပြီး ချီးကျူးမဆုံးနိုင်။
"ယောက်ျား.. ဒါဘာငါးလဲ? အသားက ကောင်းလိုက်တာ''
"အင်း.. ဒီငါးစွပ်ပြုတ်က အရင်ထက်ပိုကောင်းတယ်''
အမျိုးသမီးနှစ်ဦးက အားရပါးရစား၏။
စံအိမ်ထဲ၌_
ဝန်ကြီးလုမှာ ချင်လင်၏စမ်းသပ်ချက်စောင့်ရင်း ပူဖောင်းမြက်ကိုလေ့လာနေဆဲ။
စမ်းသပ်ချက်ကမြန်မြန်ထွက်မည်မဟုတ်မှန်းသိသော်လည်း ပူဖောင်းမြက်၏ထူးခြားချက်ကိုသူလေ့လာထားသည်။ သုတေသနတာဝန်ခံဖြစ်၍ မစောင့်မျှော်ဘဲမနေနိုင်။
ချင်လင်၏စမ်းသပ်ချက်က အမှန်ပင်အဲလောက်မမြန်။
စားလိုက်သောက်လိုက်၊ ပျော်လိုက်ပါးလိုက်နှင့် သုံးရက်အချိန်ဖြုန်းပြီးမှ ခွက်တစ်လုံးယူပြီး ဝန်ကြီးလုဆီရောက်လာသည်။
ဝန်ကြီးလုကတန်းမေးသည်_
"သူဌေးချင်.. စမ်းသပ်ချက်က ဘယ်လိုလဲ? ဒီပူဖောင်းက ဘယ်လိုအသုံးဝင်လဲ? အဲဒါထက် မြက်ပင်ကရော?''
"ဝန်ကြီးလု.. ပူဖောင်းက အရမ်းအသုံးတည့်ပါတယ်... ကျွန်တော်နဲ့လိုက်ခဲ့ပါ!''
ချင်လင်က ပဟေဠိဆန်ဆန်ပြောသည်။
ဝန်ကြီးလု ဇဝေဇဝါဖြစ်သွား၏။ ချင်လင်ကလမ်းလျှောက်ထွက်သွားသောကြောင့် သူကချက်ချင်းလိုက်သွားသည်။
သို့သော် ချင်လင်ကရေကူးကန်ခေါ်လာမည်ဟုမထင်မိ။
ချင်လင်ကကောင်းယောင်ယောင်ကိုခေါ်ပြီး ညွှန်ကြားသည်_
"ယောင်ယောင်.. ဝန်ကြီးလုကို ရေကူးဝတ်စုံတစ်စုံပေးလိုက်ပါ''
"သူဌေးချင်.. ရေကူးဝတ်စုံက ဘာလုပ်ဖို့လဲ?''
ဝန်ကြီးလု ပိုပြီးဇဝေဇဝါဖြစ်သွားသည်။
ချင်လင်ကပြုံးပြီးဘာမှမပြော။ ပဟေဠိဆက်လုပ်ထားသည်_
"ပြီးရင် ဝန်ကြီးလုသိပါလိမ့်မယ်''
ဝန်ကြီးလု ပိုသိချင်သွားသည်။ ကောင်းယောင်ယောင် ရေကူးဝတ်စုံယူလာသောအခါ ချင်လင်၏တိုက်တွန်းချက်အတိုင်း အဝတ်လဲခန်းထဲသွားလဲသည်။
"သူဌေးချင်.. ဘာတွေဖြစ်နေတာလဲ?''
ဝန်ကြီးလုကမေးပြန်သည်။
ချင်လင်က ဝန်ကြီးလုဆီလျှောက်လာပြီး သူ့ရှေ့တွင်ပူဖောင်းကိုဆွဲဟကာ ခေါင်းတွင်စွပ်ပေးလိုက်သည်။
ဝန်ကြီးလုကြောင်သွားသည်။
သူဘာတွေလုပ်နေတာလဲ?
သို့သော် ပူဖောင်းစွပ်ပြီးမကြာမီ ထူးခြားချက်ကိုသူသတိထားမိသည်။
လုံးဝအသက်ရှူရမခက်။
မဟုတ်သေး။
ဒီလိုခေါင်းမှာစွပ်လိုက်ရင် အောက်စီဂျင်ပြတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်လူဖြစ်သွားမည်။
ဒီလိုဆို တဖြည်းဖြည်းအသက်ရှူကြပ်လာမည်။
မယုံရင် ခေါင်းမှာပလတ်စတစ်အိတ်စွပ်ကြည့်ပါ။
အခုပူဖောင်းစွပ်ပြီး ဒီလိုလုံးဝမခံစားရဘဲ အောက်စီဂျင်ဝနေသည်။
"ဝန်ကြီးလု.. အခုဘယ်လိုနေလဲသိပြီလား?''
ချင်လင်ကပြုံးပြီးမေးသည်။
ဝန်ကြီးလု ချက်ချင်းခေါင်းညိမ့်လိုက်သည်။
"ဝန်ကြီးလု.. ရေကန်ထဲဆင်းငုပ်ကြည့်ပါ''
ဝန်ကြီးလုကဇဝေဇဝါဖြစ်သွားသော်လည်း ချင်လင်ပြောသည့်အတိုင်းလုပ်သည်။
သူကရေကန်ထဲခုန်ချလိုက်၏။
ရေထဲခုန်ချပြီးနောက် ဝန်ကြီးလုက အမှတ်တမဲ့မျက်လုံးမှိတ်လိုက်သည်။ ဒါအသားကျနေသောအလေ့အကျင့်ပင်။ မဟုတ်ရင် မျက်လုံးထဲရေဝင်လိမ့်မည်။
နောက်ခဏတွင် ဝန်ကြီးလုအသိပြန်ဝင်လာသည်။
ခေါင်းပေါ်မှာပူဖောင်းပါမှတော့ ရေဘယ်လိုလုပ်ဝင်မလဲ?
သို့သော် သူမျက်စိဖွင့်ကြည့်ပြီးကြောင်သွားသည်။
ရေထဲတွင် ပူဖောင်းကရေဖိအားကြောင့်ပုံပျက်သွားခြင်းမရှိဘဲ ပူဖောင်းနှင့်ရှောရှောရှူရှူအသက်ရှူနိုင်သည်။ ဘယ်ရေမှပူဖောင်းထဲမဝင်။
အံ့ဩစရာ။
သူကအမှတ်တမဲ့ ရေကန်အောက်ခြေတွင်ထိုင်ချလိုက်သည်။ တခြား သူစမ်းသပ်ချင်သေးသည်။
အချိန်လွန်သည်နှင့်အမျှ သူအံ့ဩလာ၏။
အချိန်ဘယ်လောက်ကုန်သွားသည်မသိသော်လည်း အတော်ကြာမည်။ သူအသက်ရှူရလွယ်နေဆဲဖြစ်ပြီး လုံးဝအသက်ရှူခက်ခြင်းမရှိပေ။
ဒီပူဖောင်းက အောက်စီဂျင်အဆက်မပြတ်ထုတ်နိုင်ပုံရသည်။
ထူးဆန်းလိုက်တာ။
ဒါဒီအတိုင်း အပင်ကထွက်လာတဲ့အရာ။ ခေတ်မီနည်းပညာနဲ့ထုတ်ထားတဲ့အောက်စီဂျင်စက်မဟုတ်။
***