ဝန်ကြီးလု လုံးဝအံ့ဩသွားသည်။ ရေထဲခဏဆက်နေပြီး နောက်ဆုံးရေပေါ်ပြန်တက်လာ၏။
ရေကန်ထဲမှထွက်ပြီးနောက် ခေါင်းပေါ်မှပူဖောင်းဖြုတ်ကာ ချင်လင်ကိုတန်းမေးသည်_
"သူဌေးချင်.. ဒီပူဖောင်းက အောက်စီဂျင်ဆက်တိုက်ထုတ်ပေးနိုင်တဲ့ပုံပဲ''
ချင်လင်ကပြုံးပြီးရှင်းပြသည်_
"ဝန်ကြီးလု.. အံ့ဩစရာမကောင်းဘူးလား? အဲဒါ ပူဖောင်းထဲကသလင်းကျောက်တွေကြောင့်ပဲ... သလင်းကျောက်က လူတွေရှူထုတ်တဲ့လေကိုစုပ်ပြီး အောက်စီဂျင်ထုတ်ပေးနိုင်တယ်''
"ကျွန်တော်စမ်းသပ်ပြီးအဓိကတွေ့ရတာက ဒီပူဖောင်းမှာ အန္တရာယ်ရှိတဲ့ဓာတ်ငွေ့တွေကိုစစ်ထုတ်ပေးနိုင်တဲ့အရည်အသွေးလည်းရှိနေတယ်... အံ့ဩစရာကောင်းတယ်''
"အန္တရာယ်ရှိတဲ့ဓာတ်ငွေ့ကိုစစ်ထုတ်နိုင်တယ်''
ဝန်ကြီးလု ရေရွတ်လိုက်သည်။ သူ့မျက်လုံးများအရောင်တောက်သွား၏။ အောက်စီဂျင်ထုတ်ပြီး အန္တရာယ်ရှိဓာတ်ငွေ့တွေစစ်ထုတ်ပေးနိုင်တယ်ဆိုတော့ ဘယ်လောက်အသုံးဝင်မလဲ သူစိတ်ကူးမိသည်။
"သူဌေးချင်.. ပူဖောင်းက အောက်စီဂျင်ဘယ်လောက်ကြာကြာထုတ်ပေးနိုင်လဲ?''
သူကတန်းမေးသည်။
"သလင်းကျောက်ကိုဓာတ်ခွဲကြည့်တော့ လူတစ်ယောက်ကိုတနေကုန်သုံးလို့ရတယ်''
ချင်လင်ကရှင်းပြသည်။
"တစ်ယောက်ကို တစ်ရက်!''
ဝန်ကြီးလု အံ့အားသင့်သွားသည်။
နတ်အစွမ်းလိုလို။
ဥပမာ_
မီးသတ်သမားများ။
အချိန်တိုင်းလိုလို မီးသတ်သွားရင် အောက်စီဂျင်အိုးသယ်ရသည်။ ကယ်ဆယ်ရေးကြာရှည်ပါက ၁၀ နာရီစာအောက်စီဂျင်အိုးမှာ မလောက်။ အသစ်လဲရသည်။
ဥပမာ မီးသတ်သမားသယ်ရသောအောက်စီဂျင်အိုးမှာ ပေါင်ချိန်များစွာလေးသည်။
မီးသတ်ရင်း ကျောပေါ်တင်ရသောထိုအလေးချိန်က ဝန်ထုပ်ဝန်ပိုးဖြစ်သည်။
ဒီပူဖောင်းရှိရင် လွယ်သွားပြီ။ တစ်ရက်စာအောက်စီဂျင်က ဝန်ထုပ်ဝန်ပိုးများကိုလျှော့ချပေးနိုင်သည်။
အထူးသဖြင့် ပူဖောင်းကအန္တရာယ်ရှိဓာတ်ငွေ့များစစ်ယူနိုင်သောကြောင့် မီးလောင်သောနေရာအတွက်အစွမ်းထက်လက်နက်တစ်ခုဖြစ်မည်။
အရောင်ပြောင်းပင်နှင့်ယှဉ်လျှင် ပူဖောင်းမြက်အာနိသင်က အတိုင်းအတာတစ်ခုအထိပိုကောင်းသည်။
ဒါကိုကျယ်ကျယ်ပြန့်ပြန့်စိုက်ပြီး လူတိုင်းအသုံးချနိုင်သည်။
တခြားမပြောနှင့်၊ မိသားစုတိုင်းတစ်ပင်နှစ်ပင်စိုက်ထားပါက မီးလောင်ရင်ချက်ချင်းခူးတပ်နိုင်သည်။
တချို့ကလေးတွေရေထဲကစားချင်ရင်တောင် အန္တရာယ်ဘယ်လောက်ကင်းလိုက်မလဲ?
တချို့နေရာအကျယ်ကြီးများတွင် မီးကင်းလုံခြုံရေးလည်းထည့်ရသည်။ ဘာပဲဖြစ်ဖြစ် သူတို့ပူဖောင်းမြက်စိုက်နိုင်သည်။
ကူးစက်ရောဂါနှင့်အသက်ရှူလမ်းကြောင်းဌာနများတွင် မူလစျေးကြီးသောကိရိယာများအစား ပူဖောင်းမြက်သုံးနိုင်သည်။
ယေဘူယျအားဖြင့် လူ့အဖွဲ့အစည်းတွင်အဘက်ဘက်မှသုံးနိုင်သည်။
"သူဌေးချင်.. ပူဖောင်းက ဘယ်လောက်အကြမ်းခံလဲ?''
ဝန်ကြီးလုကမေးသည်။
"ဒီအပိုင်းတော့ကိစ္စမရှိပါဘူး... အရမ်းအကြမ်းခံပါတယ်''
ချင်လင်ကပြုံးပြုံးနှင့်ပြန်ဖြေသည်။ အချက်အလက်နှင့်မစမ်းသပ်ရသေးသော်လည်း ခံနိုင်ရည် +၂ ရှိမှန်း သူသိသည်။
ပူဖောင်းအာနိသင်ကိုသိပြီးနောက် ဝန်ကြီးလုက ချင်လင်အား_
"သူဌေးချင်.. မင်းပျိုးထောင်လိုက်တဲ့အာကာသပင်က အံ့ဩစရာကောင်းပြီးရင်းကောင်းပဲ''
ဝန်ကြီးလုမှာစိတ်လှုပ်ရှားစွာနှင့် ဘေးနားသွားပြီးခေါင်းဆောင်ဆီဖုန်းဆက်သည်။ ဒီသတင်းကောင်းကို သူလည်းတင်ပြချင်သည်။
ဖုန်းဝင်ဝင်ချင်း ခေါင်းဆောင်အသံထွက်လာ၏_
"ရှောင်လု.. တော်ဝင်ပညာရှင်ရန်က အရောင်းပြောင်းဓာတ်ကိုစမ်းသပ်လိုက်ပြန်ပြီ... အရောင်ပြောင်းဓာတ်လုံလောက်ရင် အာနိသင်ဆန်းစစ်ပြီးပိုထက်နိုင်တယ်တဲ့''
"အတွင်းရေးအရ အရောင်ပြောင်းပင်ကိုအမြန်ဆုံးပြန်ယူလာရမယ်... အနီးကပ်စောင့်ရှောက်ရမယ်''
"ခေါင်းဆောင်.. အရောင်ပြောင်းပင်ကို ကျွန်တော်ချက်ချင်းပြန်ယူလာပါမယ်''
ဝန်ကြီးလုကဆက်ပြီး_
"ခေါင်းဆောင်.. ကျွန်တော်အစီရင်ခံစရာရှိသေးတယ်... သူဌေးချင်ပျိုးထောင်တဲ့အပင်သုံးပင်မှာ ထူးထူးခြားခြားအာနိသင်ရှိနေတယ်... အံ့ဩစရာကောင်းတဲ့အကြောင်း ကျွန်တော်အတည်ပြုပြီးပြီ''
"ဘယ်လိုထူးခြားတာလဲ?''
ခေါင်းဆောင်ကစိတ်ဝင်စားပြီး တန်းမေးသည်။
အာကာသမျိုးစေ့နှစ်မျိုးမှာ တစ်မျိုးကအရောင်ပြောင်းဓာတ်လိုအံ့ဖွယ်အရာထုတ်နိုင်သည်။ နောက်တစ်မျိုးကို မမျှော်လင့်ဘဲမနေနိုင်။
ဝန်ကြီးလုကအစီရင်ခံသည်_
"ခေါင်းဆောင်ယုံနိုင်မှာမဟုတ်ဘူး... အပင်ကပူဖောင်းထွက်လာတယ်... ပူဖောင်းက အောက်စီဂျင်တစ်ရက်ထုတ်ပေးနိုင်ပြီး အန္တရာယ်ရှိတဲ့ဓာတ်ငွေ့တွေကိုတောင်စစ်ထုတ်ပေးနိုင်တယ်''
"ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးပြီ... ရေထဲမှာပူဖောင်းနဲ့အကြာကြီးနေခဲ့တာ... ကောင်းကောင်းအသက်ရှူလို့ရတယ်''
"ပူဖောင်း? ဘယ်လို?''
ဝန်ကြီးလုစကားကြောင့် ခေါင်းဆောင်နည်းနည်းစိတ်ထွေသွားသည်။
ဖုန်းထဲကနားထောင်ရုံနှင့် ယုံရခက်သည်။
ဝန်ကြီးလုကသဘောပေါက်သောကြောင့် ချက်ချင်းပင်_
"ခေါင်းဆောင်.. ကျွန်တော်အခုချက်ချင်းပြန်ယူလာခဲ့မယ်... အဲဒီကျရင် သိပါလိမ့်မယ်''
ဖုန်းချပြီးနောက် ဝန်ကြီးလုက ချင်လင်အား_
"သူဌေးချင်.. အထက်လူတွေက လုံခြုံရေးတင်းကြပ်ဖို့အတွက် အရောင်ပြောင်းပင်ကိုမြို့တော်ပြန်ယူလာခိုင်းတယ်... ပြီးတော့ ဒီပူဖောင်းတွေလည်း ခူးယူသွားဖို့စီစဉ်ထားတယ်''
"ပူဖောင်းမြက်ပင်နဲ့မျိုးစေ့ကိုတော့ ချင်းလင်အပန်းဖြေစံအိမ်မှာပဲထားခဲ့မယ်... အထက်လူတွေကိုပဟေဠိထားလိုက်မယ်... အချိန်ကျရင် အထက်လူတွေက ချင်းလင်ဓာတ်ခွဲခန်းနဲ့နည်းပညာမျှသုံးလိမ့်မယ်''
ဒါမျက်နှာသာပြန်ပေးခြင်းဖြစ်မည်။
ချင်းလင်ဓာတ်ခွဲခန်းကနှစ်ယောက်ကြောင့်မဟုတ်ရင် ဒီအံ့ဖွယ်အာကာသပင်နှစ်ပင်ကို သူတို့ပျိုးထောင်နိုင်မည်မဟုတ်။
ပူဖောင်းမြက်ကိုကျယ်ကျယ်ပြန့်ပြန့်စိုက်နိုင်မှတော့ ချင်းလင်ဓာတ်ခွဲခန်းနဲ့နည်းပညာမျှသုံးတာ ပြန်ပေးဆပ်ခြင်းတစ်မျိုးပင်။
ချင်လင်က ကန့်ကွက်ခြင်းမရှိ။
အမှန်အတိုင်းပြောရရင် သူ့မှာဂိမ်းရှိနေသရွေ့ တစ်ခုလောက်အတိုးအလျော့ဖြစ်တာ ဘာမှမထူးပေ။
အခုပိုက်ဆံအလုံအလောက်ရှိပြီဖြစ်၍ ပိုက်ဆံကနံပါတ်တစ်ခုထက်မပို။
ထို့ကြောင့် ကင်ဆာလက်တွေ့စမ်းသပ်ချက်မှရသောပိုင်ဆိုင်မှု ၁၀% ကို စ*စ်ဘေးရံပုံငွေအဖြစ်လှူဒါန်းနိုင်သည်။
ဝန်ကြီးလုလည်း ချင်လင်နှင့်ဆွေးနွေးပြီးနောက် ပူဖောင်းများစခူးသည်။ အပင်သုံးပင်မှထွက်သောပူဖောင်း နည်းနည်းများသည်။
***