တချိန်တည်းမှာ မာဟုန်တို့ကိုလည်းအသင့်ပြင်ခိုင်းထားပြီး အစောင့်အကြပ်နှင့်ပြန်သွားသည်။ ချင်းလင်ဓာတ်ခွဲခန်းကိုလည်း သူ့အတွက်အစောင့်အကြပ်ယာဉ်စီစဉ်ခိုင်းသည်။
မကြာမီ ဝန်ကြီးလုကပစ္စည်းများနှင့်အတူ မြို့တော်ပြန်သွားသည်။
အရင်ဆုံး တရုတ်သိပ္ပံအကယ်ဒမီမှတော်ဝင်ပညာရှင်ရန်တို့အဖွဲ့ဆီ အရောင်ပြောင်းပင်သွားပို့သည်။
ခေါင်းဆောင်အတွက်ပူဖောင်းနှစ်လုံးပါ တပါတည်းယူသွား၏။
"ခေါင်းဆောင်.. ဒါအာကာသပင်ကထွက်တဲ့ပူဖောင်းပါ''
ဝန်ကြီးလုကခေါင်းဆောင်ကိုမြင်မြင်ချင်းအစီရင်ခံပြီး ပူဖောင်းပေးလိုက်သည်။
ခေါင်းဆောင်ကပူဖောင်းကိုမြင်ပြီး ဝန်ကြီးလုစကားကိုကြားယောင်ကာ အံ့ဩသွားသည်။
ဒီလိုလုပ်ဆောင်ချက်ရှိတဲ့သိပ္ပံနည်းကျကာကွယ်ရေးပစ္စည်းမျိုးဖန်တီးရင် အကုန်အကျများမည်မှန်းသိကြသည်။ သာမန်လူတွေမတတ်နိုင်။
အခုအပင်ကထွက်တဲ့ပူဖောင်းက ဒီလိုလုပ်နိုင်သတဲ့။ ဘယ်လောက်အံ့ဩဖို့ကောင်းလိုက်လဲ?
ခေါင်းဆောင်သက်ပြင်းချလိုက်သည်_
"တကယ်တွေးရခက်လိုက်တာ... လူမလုပ်ဘဲနဲ့... အပင်ကဘယ်လိုလုပ်ဒါမျိုးဖြစ်နိုင်လဲ? နေဦး.. လူမလုပ်ဘဲနဲ့?''
ခေါင်းဆောင်ကမျက်မှောင်ကြုတ်ပြီး မျက်နှာထားတည်သွားသည်။ သူကဝန်ကြီးလုအား_
"ရှောင်လု.. ဒီပူဖောင်းနဲ့အရောင်းပြောင်းပင်ကိုတွေးကြည့်စမ်း... အဲဒီနှစ်ခုပေါင်းရင် ဘယ်လိုဖြစ်မယ်ထင်လဲ?''
ဝန်ကြီးလုကနားထောင်ရင်း ခဏတွေးကြည့်ပြီးကြောင်သွားသည်။
ကာကွယ်ရေးဦးထုပ်၊ ကာကွယ်ရေးဝတ်စုံ?
"အင်း!''
ခေါင်းဆောင်က တည်တည်ငြိမ်ငြိမ်ခေါင်းညိမ့်ပြသည်။
အရောင်ပြောင်းပင်အာနိသင်နဲ့ အရောင်ပြောင်းအဝတ်အစားဖန်တီးဖို့လည်းတွေးမိသည်။
အာနိသင်က သိသိသာသာ၊ ထိုအရောင်ပြောင်းခြင်းက မမြင်ရသလောက်ပင်။
အရောင်ပြောင်းပင်ကိုကာကွယ်ရေးဝတ်စုံအဖြစ်သုံးရင် ပူဖောင်းကရော? ကာကွယ်ရေးဦးထုပ်သက်သက်ပဲလား?
ပစ္စည်းအစုံလိုက်လုပ်ရန်အသုံးချနိုင်ပြီး အထူးအစုံလိုက်ပစ္စည်းဖြစ်လာမည်ထင်သည်။
တိုက်ဆိုင်မှုသက်သက်ဆိုရင် ဒီပစ္စည်းနှစ်ခုကိုဖန်တီးပေးတဲ့သဘာဝရဲ့အံ့ဖွယ်ဖြစ်နိုင်သည်။
ဒါပေမဲ့ တိုက်ဆိုင်တာမဟုတ်ဘဲဝင်ပါလိုက်ရင် ဒါမှမဟုတ် ဒီလိုအသုံးချဖို့ပျိုးထောင်တာဆိုရင် အခြေအနေကပြင်းထန်သွားမည်။
ဒါတစ်ခုခုကိုရည်ညွှန်းနေသလိုလို။
ဝန်ကြီးလုနှင့်ခေါင်းဆောင်က ဒီနှစ်ခု၊ တစ်ခုနှင့်တစ်ခုဘာမှမဆိုင်မှန်းမသိကြ။ တိုက်ဆိုင်မှုတောင်မဟုတ်။ အလိမ်အညာသက်သက်ပင်။
ချင်လင်မှာ သူလုပ်ထားသောအကွက်က ဝန်ကြီးလုနှင့်ခေါင်းဆောင်ထင်နေသလို တခြားမျိုးစေ့နှင့်ဒီလောက်တိုက်ဆိုင်နေမည်ဟု လုံးဝမတွေးမိပါချေ။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီပူဖောင်းအာနိသင်ကိုအရင်စမ်းသပ်ရမယ်... မြို့တော်မီးသတ်ဌာနကိုပို့လိုက်!''
နောက်ဆုံး ခေါင်းဆောင်က ဝန်ကြီးလုကိုညွှန်ကြားလိုက်သည်။
ဝန်ကြီးလုခေါင်းညိမ့်လိုက်၏။
ဒီနှစ်ခုအဆက်အစပ်ရှိမရှိက သက်သေမပြနိုင်သေး။
အခုပူဖောင်းအာနိသင်ကို အရင်စမ်းသပ်ရမည်။ ဒါအရေးအကြီးဆုံးပင်။
မီးသတ်ဌာနမှာ မြို့တော်တွင်အရေးအကြီးဆုံးဌာနတစ်ခုဖြစ်သည်။
အထူးသဖြင့် ပေကျင်းလိုလူစည်ကားသောနိုင်ငံတကာမြို့တော်တွင် ကပ်ဘေးဒုက္ခတစ်ခုဖြစ်သည်။
ထို့ကြောင့် မီးသတ်ဌာနက အရေးအကြီးဆုံးဖြစ်၍ ဌာနတိုင်းတွင်ကိရိယာများကောင်းကောင်းတပ်ဆင်ထားသည်။
ဗဟိုမီးသတ်ဌာန၊ကိရိယာဌာနတွင်ပစ္စည်းအသစ်ရောက်ကြောင်းသတင်းရသည်။ ဒီနေ့ ကျန်းခယ့်ကမီးသတ်သမားတချို့နှင့် ပစ္စည်းအသစ်ကိုစစ်ဆေးရမည်။
မီးသတ်သမားတစ်ယောက်က ပစ္စည်းယူဆင်ကြည့်သည်။ ကာကွယ်ရေးဝတ်စုံနှင့်အောက်စီဂျင်အိုးဖြစ်၏။
မီးသတ်သမားက အောက်စီဂျင်အိုးမပြီး လက်ထဲတွင်ချိန်ဆကြည့်ကာညည်းတွားသည်_
"အောက်စီဂျင်အိုးကိုအဆင့်မြင့်အောင်လုပ်လို့ရမလား သိချင်လိုက်တာ''
"အင်း.. ပေါင် ၁၀၀ သယ်ရတာ တကယ်ပင်ပန်းတယ်''
"ဟေး.. ဒီအောက်စီဂျင်အိုးတွေက ပိုလေးလာသလိုပဲ... ငါအထင်မှားတာလား?''
ကျန်းခယ့်က မီးသတ်သမားသမားများကိုကိရိယာဝေပေးရင်း ညည်းတွားသံများကြောင့် စိတ်ပျက်လက်ပျက်ခေါင်းညိမ့်လိုက်သည်။
ဒါနဲ့ပတ်သက်ပြီး သူဘာမှမတတ်နိုင်။ အထက်လူများဝယ်ခြင်းဖြစ်သည်။
ထိုအချိန်တွင်_
ရုတ်တရက် ဒါရိုက်တာတစ်ဦးက လေးလေးလံလံသေတ္တာတစ်လုံးဆွဲလာသောလူနှင့်အတူရောက်လာသည်။
ဌာနအကြီးအကဲကဝင်လာပြီး ကျန်းခယ့်ကိုလက်ယပ်ခေါ်ကာ_
"ကျန်းခယ့်.. ခဏလာပါဦး... ဒီသေတ္တာထဲကပစ္စည်းတွေရဲ့အစွမ်းကိုစမ်းသပ်ကြည့်''
"ခေါင်းဆောင်.. ဒါကဘာလဲ?''
ကျန်းခယ့်က ဇဝေဇဝါနှင့်ရောက်လာပြီးမေးသည်။
ဒါရိုက်တာက ရှင်းပြ၏_
"မပြောတတ်ဘူး... ဟွားယွမ်ခေါင်းဆောင်ကပို့ပြီးစမ်းသပ်ခိုင်းတာ... ကာကွယ်ရေးပူဖောင်းလို့ပြောတယ်... အထဲမှာအသုံးပြုနည်းပါတယ်''
ကျန်းခယ့်ကခေါင်းညိမ့်ပြီး သေတ္တာဖွင့်လိုက်ရာ ပူဖောင်းတချို့ထွက်လာသည်။
တချက်ကြည့်ရုံနှင့် ခေါင်းဆောင်းပုံစံဖြစ်မည်။
ကျန်းခယ့်ကပူဖောင်းကိုင်ကြည့်ကာ နည်းနည်းဇဝေဇဝါဖြစ်သွားပြီး_
"နည်းပညာမြင့်ပစ္စည်းနဲ့မတူဘဲ အပင်နဲ့တူနေတယ်... အနံ့ကထူးခြားတယ်''
နည်းနည်းထူးဆန်းသည်။
ထို့နောက် ကျန်းခယ့်ကသေတ္တာထဲမှအသုံးပြုနည်းယူလိုက်သည်။
အသုံးပြုနည်းဖတ်ပြီး ကျန်းခယ့်ကြောင်သွားသည်။ အသုံးပြုနည်းအားလုံးဖတ်ပြီးသောအခါ ကျန်းခယ့်မယုံနိုင်ပုံပေါက်သွား၏။
ဒါတကယ် အပင်ကဖြစ်လာတာလား?
အထူးသဖြင့် အပင်ကဖြစ်လာတဲ့ပစ္စည်းမှာ ဒီလိုအံ့ဖွယ်အစွမ်းမျိုးရှိတာ မယုံနိုင်စရာ။
ဒါပေမဲ့ ဒီပစ္စည်းဒီလောက်စွမ်းရင် နတ်လက်နက်ဖြစ်နေမှာပေါ့။
မီးသတ်သမားတွေက အောက်စီဂျင်အိုးကိုညည်းတွားနေကြတာမလား?
ဒါနဲ့ဖြေရှင်းနိုင်ပြီ။
နောက်ပြီး အောက်စီဂျင်အိုးပေါ့သွားရင် မီးသတ်ရပိုလွယ်သည်။ အလုပ်ပိုလုပ်နိုင်ပြီး လုံခြုံစိတ်ချရမည်။
ဘာပဲဖြစ်ဖြစ် အောက်စီဂျင်အိုးနဲ့ဆို တကယ်လှုပ်ရှားရခက်သည်။
ထိုအချက်ကိုတွေးမိပြီး ကျန်းခယ့်က မီးသတ်သမားအား_
"အောက်စီဂျင်အိုးချပြီး ဒီပစ္စည်းအသစ်ကိုစမ်းကြည့်ပါ''
မီးသတ်သမားများက ကျောပေါ်အောက်စီဂျင်အိုးထမ်းလျက်သား ပူဖောင်းဟူသောစကားကြောင့်ဇဝေဇဝါဖြစ်သွားသော်လည်း အိုးကိုချကာသေတ္တာဆီလျှောက်လာသည်။ အားလုံး ပူဖောင်းကို ကြောင်တောင်တောင်နှင့်ကြည့်လိုက်ကြသည်။
"ဒါကဘာလဲ?''
"ခေါင်းဆောင်းနဲ့တူတယ်''
"ဒီပစ္စည်းအသစ်က ဘာအတွက်လဲ?''
မီးသတ်သမားတချို့က သူတို့သံသယကိုပြောကြသည်။
ကျန်းခယ့်ကယူပြီးရှင်းပြသည်_
"ဒီပစ္စည်းကိုဟပြီး တပ်လို့ရတယ်... အောက်စီဂျင်အိုးအစားထိုးပစ္စည်းပဲ... ဟွားယွမ်ကလူတွေထုတ်တဲ့ပစ္စည်းအသစ်''
အောက်စီဂျင်အိုးအစားထိုးပစ္စည်းဟုကြားပြီး မီးသတ်သမားများအပျော်လွန်သွားသည်။ ဟွားယွမ်ဟူသောနာမည်ကြောင့် ပိုစမ်းသပ်ချင်ကြသည်။
မြန်မြန်ဆန်ဆန်ပင် မီးသတ်သမားများက သေတ္တာထဲမှပူဖောင်းကိုတပ်လိုက်သည်။
ကျန်းခယ့်က တအံ့တဩကြည့်လိုက်သည်။ ပူဖောင်းဟနေသောနေရာက လည်ပင်းမှာကွက်တိပိတ်သွားသည်။ သို့သော် ပူဖောင်းနှင့်ကာကွယ်ရေးဝတ်စုံက သိပ်မလိုက်။
ဒါကပြဿနာမဟုတ်။ အသုံးပြုနည်းအတိုင်း ပူဖောင်းမှာအာနိသင်ရှိရင် သက်ဆိုင်ရာဌာနတွေက ကာကွယ်ရေးဝတ်စုံနှင့်ပူဖောင်းကိုလိုက်ဖက်အောင် ဒီဇိုင်းပြန်ဆွဲလိမ့်မည်။
မီးသတ်သမားများမှာပူဖောင်းဝတ်ပြီး မျက်နှာကမယုံနိုင်ပုံဖြစ်သွားကြသည်။ လေ့ကျင့်ရေးအတွင်း အောက်စီဂျင်စက်မကြာခဏသုံးသောကြောင့် ထူးခြားမှုကိုခံစားမိသည်။
အောက်စီဂျင်စက်ဆိုရင်တောင် ပုံမှန်အသက်ရှူရင် နည်းနည်းမသက်မသာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အောက်စီဂျင်နဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်က နည်းနည်းရောနေသည်။
ဒီပူဖောင်းက မတူ။ အသက်ရှူရခက်ခြင်းမရှိဘဲ ရှောရှောရှူရှူရှိသည်။
မိနစ်ပိုင်းအကြာ ဒီပစ္စည်းကအောက်စီဂျင်ထုတ်ပေးနိုင်ကြောင်း လုံးဝသေချာသွားသည်။
"ဘယ်လိုနေလဲ?''
ကျန်းခယ့်လည်း စူးစမ်းမေးသည်။
"အောက်စီဂျင်အိုးထက်ပိုကောင်းတယ်!''
မီးသတ်သမားတစ်ယောက်ကဖြေသည်။
တခြားမီးသတ်သမားများက ခေါင်းညိမ့်ထောက်ခံ၏။
ထို့ကြောင့် ကျန်းခယ့်ပိုအံ့ဩသွားသည်။ သူကချက်ချင်းလေ့ကျင့်ရေးကွင်းဖွင့်ခိုင်းပြီး မီးသတ်သမားများကိုပူဖောင်းယူလာခိုင်းကာ လက်တွေ့လေ့ကျင့်ရေးဆင်းစေသည်။
လေ့ကျင့်ရေးကွင်းမှာ မီးလောင်သည့်နေရာပုံစံဆင်ထားခြင်းဖြစ်သည်။ အထဲတွင် အတားအဆီးများ၊မီးခိုးလုံးများ၊ရုပ်တုများရှိသည်။ မီးသတ်သမားများက မီးသတ်ဝတ်စုံနှင့် ရုပ်တုများကိုသယ်ပြီး အတားအဆီးများဖြတ်ရသည်။
မကြာမီလေ့ကျင့်ရေးစသည်။ အချိန်စသည်နှင့် မီးသတ်သမားများက လေ့ကျင့်ရေးကွင်းထဲဆင်းသည်။
ကျန်းခယ့်နှင့်ဒါရိုက်တာက အပြင်မှာစောင့်နေ၏။ အချိန်လွန်သည်နှင့် မီးသတ်သမားများကရုပ်တုများသယ်ပြီး လေ့ကျင့်ရေးကွင်းအပြင်အလျှိုလျှိုထွက်လာကြသည်။ လေ့ကျင့်ရေးပြီးဆုံးသည့်သဘောပင်။
သူတို့ကလည်းထွက်လာသည်နှင့် ချီးကျူးစကားပြောသည်_
"ဒီပစ္စည်းက သုံးရလွယ်လိုက်တာ''
"ဟုတ်တယ်.. လေ့ကျင့်ရေးဒီလောက်လွယ်တယ်လို့ခံစားမိတာ ဒါပထမဆုံးပဲ''
"ရလဒ်က ဘယ်လိုလဲ?''
ဒါရိုက်တာက တန်းမေးသည်။
"YES!''
အချိန်မှတ်သူက ချက်ချင်းအစီရင်ခံသည်_
"ကယ်ဆယ်ရေးအောင်မြင်ဖို့ အချိန်ကသုံးပုံနှစ်ပုံလောက်သက်သာသွားပြီ!''
ထိုရလဒ်ကြောင့် ဒါရိုက်တာရောကျန်းခယ့်ပါ အံ့အားသင့်သွားသည်။
ဒီလောက်အချိန်ကုန်သက်သာတာ ဘာအဓိပ္ပါယ်လဲ သူတို့သိသည်!
***