ဝန်ကြီးလုလည်း မီးသတ်ဌာနမှအထူးပူဖောင်းစမ်းသပ်ချက်ကိုရသည်။
မီးသတ်သမားအားလုံး ပူဖောင်းနှင့်ကယ်ဆယ်ရေးလေ့ကျင့်ခန်းဆင်းပြီး မူလအချိန်ထက်သုံးပုံနှစ်ပုံလျော့သွားသောကြောင့် သူအပျော်လွန်သွား၏။
အရေးကြုံရင်အသက်ကယ်နိုင်ပြီး မီးကြောင့်ပျက်စီးဆုံးရှုံးမှုကိုလျှော့ချပေးနိုင်သည်။
အထူးသဖြင့် ပူဖောင်းကြောင့် မီးသတ်သမားများသွက်သွက်လက်လက်လှုပ်ရှားနိုင်၍ အန္တရာယ်လည်းပိုကင်းသည်။
နောက်ပြီး မီးလောင်နေရာတွင်ပူဖောင်းကအကြမ်းခံနိုင်ပြီး အပူဒဏ်ခံနိုင်ရည်က လုံးဝအဆင့်မီသည်။
ရလဒ်ထွက်ထွက်ချင်း ဝန်ကြီးလုက ခေါင်းဆောင်ကိုအစီရင်ခံသည်_
"ခေါင်းဆောင်.. ရလဒ်တွေထွက်ပါပြီ... ဒီပူဖောင်းအပူဒဏ်ခံနိုင်ပုံက မယုံနိုင်စရာပါပဲ... ကြည့်ပါဦး.. ဒါမီးသတ်ဌာနကအစီရင်ခံစာပါ''
ခေါင်းဆောင်က ဒီရက်ပိုင်း ဒီကိစ္စကိုစိတ်အဝင်စားဆုံးဖြစ်နေသည်။ သူကချက်ချင်းမတ်တပ်ထရပ်ပြီး အစီရင်ခံစာယူလိုက်၏။
ပူဖောင်းအပူဒဏ်ခံနိုင်ပုံကြောင့် သူလည်းအံ့ဩသွားပြီး_
"မီးသတ်တဲ့နေရာမှာအသုံးဝင်မှန်းသိပေမဲ့ ဒီလောက်အသုံးတည့်မယ်မထင်မိဘူး''
ထိုအချိန်_
တံခါးခေါက်သံကြားရသည်။
"ခေါင်းဆောင်.. ဝန်ကြီးလု.. ကျုပ်ဘာလုပ်ပေးရမလဲ?''
တော်ဝင်ပညာရှင်ဟောင် ဝင်လာသည်။
ခေါင်းဆောင်က တော်ဝင်ပညာရှင်ဟောင်ကိုခေါ်ထားမည်ဟုမထင်သော်လည်း အကြောင်းရင်းကိုသူခန့်မှန်းမိသည်။
"လုပ်ပေးရမှာပေါ့''
ခေါင်းဆောင်ကပြောသည်_
"တော်ဝင်ပညာရှင်ဟောင်.. ခင်ဗျားဒုံးပျံရှာဖွေရေးအဖွဲ့ကပြန်ယူလာတဲ့မျိုးစေ့နှစ်စေ့ကို အောင်အောင်မြင်မြင်ပျိုးထောင်ပြီးပြီ... ဒီအပင်နှစ်ပင်မှာ မယုံနိုင်စရာအာနိသင်တွေရှိတယ်... အထူးသဖြင့် ဒီနှစ်ပင်ရဲ့အာနိသင်တွေက တိုက်ဆိုင်လွန်းတာပဲ... ဒီအချက်အလက်တွေကြည့်လိုက်ပါဦး''
ခေါင်းဆောင်ကပြောရင်းဆိုရင်း အချက်အလက်များယူပြီး တော်ဝင်ပညာရှင်ဟောင်ကိုပေးသည်။
တော်ဝင်ပညာရှင်ဟောင်က ယူဖတ်လိုက်၏။ ပူဖောင်းမြက်နှင့်အရောင်ပြောင်းပင်၏အချက်အလက်များဖတ်ပြီး သူအံ့ဩသွားကာ_
"ဒီနှစ်မျိုးမှာ ပူဖောင်းမြက်ကထွက်တဲ့ပူဖောင်းက ဘယ်လောက်စွမ်းလဲ? အာကာသအကာအကွယ်လို အောက်စီဂျင်စက်လိုသုံးနိုင်တာလား? ပြီးတော့ အရောင်ပြောင်းပင်ရဲ့အရောင်ပြောင်းဓာတ်ကရော အာကာသဝတ်စုံလုပ်လို့ရတာလား?''
ခေါင်းဆောင်နှင့်ဝန်ကြီးလု အချင်းချင်းကြည့်လိုက်ကြသည်။
တော်ဝင်ပညာရှင်ဟောင်ထောက်ပြတဲ့အချက်ကြောင့် သူတို့ပိုစိုးရိမ်မိသည်။
ဘာပဲဖြစ်ဖြစ် ဒီနှစ်ပင်ကိုသဘာဝအလျောက်တိုက်ဆိုင်မှုမဟုတ်ကြောင်း သူတို့သံသယရှိထားသည်။
တော်ဝင်ပညာရှင်ဆက်စပ်ပြလိုက်တာ အားလုံးရှင်းသွားသလိုပင်။
သူတို့မျက်နှာထူးဆန်းနေသောကြောင့် တော်ဝင်ပညာရှင်ဟောင်က_
"ခေါင်းဆောင်တို့.. ဒီနှစ်ပင်မှာအထူးအာနိသင်ရှိတာ ဖန်တီးထားတယ်လို့ထင်တာလား?''
ခေါင်းဆောင်နှင့်ဝန်ကြီးလုကမငြင်းဘဲ ခေါင်းညိမ့်လိုက်သည်။
တော်ဝင်ပညာရှင်ဟောင် မျက်နှာထားတည်သွား၏။ ဒီလိုဆိုရင် ဘာအဓိပ္ပါယ်လဲသူသိသည်။
"တော်ဝင်ပညာရှင်ဟောင်''
ခေါင်းဆောင်က တန်းပြောသည်_
"နောက်အာကာသဒုံးပျံစူးစမ်းရှာဖွေရေးလုပ်ရင် ဒီကိစ္စကိုအာရုံစိုက်ရမယ်''
မှန်းဆချက်သာဖြစ်သော်လည်း သတိထားရမည်။ အကယ်၍များ?
"အင်း!''
တော်ဝင်ပညာရှင်ဟောင် ခေါင်းညိမ့်လိုက်သည်။ သူသဘောပေါက်သည်။ သူကချက်ချင်း သူ့သုတေသနအဖွဲ့ဆီပြန်ပြီး အာကာသဒုံးပျံစူးစမ်းရှာဖွေရေးအစီအစဉ်ကိုချိန်ညှိသည်။
လဝက်အကြာ_
နတ်ဘုရားမတောင်_
ချင်လင်ကတောလမ်းအတိုင်း ပူဖောင်းမြက်တောရှိသောရေကန်ဆီရောက်လာပြန်သည်။ ရောက်သည်နှင့် ပူဖောင်းမျိုးစေ့လိုက်ကောက်၏။
ဝန်ကြီးလုက ပူဖောင်းမြက်နည်းပညာမျှဝေရန်စာပို့သည်။
အခုပူဖောင်းမြက်ကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ရတော့မည်။
တရုတ်သိပ္ပံအကယ်ဒမီသို့ ပူဖောင်းမြက်မျိုးစေ့ပထမအသုတ်ပို့ပေးရန်လိုလာသည်။
ထို့ကြောင့် ချင်လင်စလှုပ်ရှား၏။
ပူဖောင်းမြက်အာနိသင်က အလွန်တရာအကျိုးရှိသောကြောင့် သူအမြန်ဆုံးစိုက်ပျိုးချင်သည်။
ပူဖောင်းမြက်ပင်သုံးပင်တည်းကိုအားကိုးနေရင် အရှိန်ရမည်မဟုတ်။ သူအရှိန်တင်ရမည်။
ဘယ်လိုပဲဖြစ်ဖြစ် ဝန်ကြီးလုအလောတကြီးထွက်သွား၍ ပူဖောင်းမြက်ပင်ကမျိုးစေ့ဘယ်နှစ်စေ့ရမည်မသိနိုင်။ သူ့အပေါ်သာမူတည်သည်။
ဒီတော့ အဆပေါင်းများစွာအရှိန်တင်လည်း ပြဿနာမရှိ။
အိတ်လေးတစ်အိတ်ရပြီးနောက် ချင်လင်ကတောင်တက်လမ်းပြန်လာကာ ဂိမ်းထဲမှထွက်လိုက်သည်။
ပူဖောင်းမြက်ပင်သုံးပင်မှမျိုးစေ့များပါရောပြီး ဂိမ်းထဲပြန်ထည့်သည်။ ထိုမျိုးစေ့များကိုအထွက်တိုးစေရန် သူ့ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်မျိုးစေ့ထုတ်စက်ထဲသွားထည့်စေသည်။
ပူဖောင်းမြက်မျိုးစေ့ထုတ်ပြီးနောက် ဂိမ်းအပြင်ပြန်ထုတ်သည်။ ရှန်လီကိုလည်း သူ့ရုံးခန်းထဲဖုန်းဆက်ခေါ်လိုက်၏။
"ဥက္ကဌချင်''
ရှန်လီကရောင်ရောက်ချင်းမေးသည်_
"ကျွန်တော့်ကိုခေါ်တာ အရေးကြီးကိစ္စပြောစရာရှိတယ်မလား?''
"ဥက္ကဌရှန်.. အာကာသမျိုးစေ့အကြောင်းသိတယ်မလား?''
ချင်လင်ကတန်းမေးသည်။
ရှန်လီကခေါင်းညိမ့်ပြီး_
"ပါမောက္ခလီခိုင်ပျိုးထောင်တဲ့အရောင်ပြောင်းပင်လေ... ကျွန်တော် အရောင်ပြောင်းပင်ရဲ့အချက်အလက်တွေကြည့်ပြီးပြီ... တကယ်အံ့ဩစရာကောင်းတယ်''
"ဝန်ကြီးလုအရောင်ပြောင်းပင်ပြန်ယူသွားတော့ အစောင့်အကြပ်ယာဉ်တောင် စီစဉ်ပေးရသေးတယ်''
ချင်လင်ကခေါင်းညိမ့်ပြီး ပူဖောင်းမျိုးစေ့အိတ်ကိုရှန်လီဆီပေးကာ_
"ဒါအာကာသမျိုးစေ့နောက်တစ်မျိုးပဲ... အစ်ကိုလီစိုက်တဲ့မျိုးစေ့နဲ့အတူ အာကာသထဲကပြန်ယူလာတဲ့မျိုးစေ့ပဲ... ဒီမျိုးစေ့တွေပြန်ယူသွားပြီး ရုက္ခဗေဒအဖွဲ့ကိုပျိုးထောင်ခိုင်းပါ... သက်ဆိုင်ရာအချက်အလက်တွေကို စီမံရေး app ကနေ ကျွန်တော်အီးမေးလ်ပို့လိုက်မယ်''
ချင်လင်စကားကြောင့် ရှန်လီနည်းနည်းအံ့ဩသွားသည်။ ဘာပဲဖြစ်ဖြစ် အာကာသပင်ဖြစ်နေသည်။
ဒီမတိုင်ခင်က ကမ္ဘာ့အပြင်ဘက်မှာအပင်ရှိမှန်း သူသိတောင်မသိ။ အခု တစ်ပင်ပြီးတစ်ပင် သူ့ရှေ့ရောက်လာသည်။
"ကောင်းပါပြီ ဥက္ကဌချင်''
ရှန်လီကခေါင်းညိမ့်ပြီး မျိုးစေ့ယူကာ ချင်းလင်ဓာတ်ခွဲခန်းပြန်သွားသည်။
သူ့ရုံးခန်းထဲရောက်ရောက်ချင်း အာကာသမျိုးစေ့အချက်အလက်ကိုကြည့်သည်။
ပူဖောင်းမြက်ဆိုပါလား။
သူပိုအံ့ဩရသည်က ပူဖောင်းမြက်အစွမ်းပင်။
***