အလကားအဖော်ရှာသည်ထက်မပို။
တာဝန်ယူစရာမလိုဘဲအလကားပျော်ရရင် ကောင်းတာပေါ့။
ဒါပေမဲ့ မိန်းကလေးအများစုက ဒီနိယာမကိုသဘောမပေါက်၊ သံသယကိုမရှောင်လွှဲနိုင်။
ဒီလိုအသောက်အစားပွဲမျိုးကိုသဘောတူလိုက်ရင် ဖိတ်လို့ရသည်၊ပေါ့ပျက်ပျက်ဆန်သည်ဟုထင်ပြီး စစမ်းသပ်ကြလိမ့်မည်။
အရင်ဆုံး ညစ်ညစ်ပတ်ပတ်ဟာသတွေပြောမည်။ ပြောလို့ရရင် နောက်တစ်ဆင့်တက်မည်။ အသားချင်းတောင်ထိရင်ထိမည်။
နောက်ပိုင်း ကောလာဟလတွေထွက်လာမည်။ လူတွေကဖွကြသည့်အပြင် မိန်းကလေးကိုယ်တိုင်ကလည်းတုံ့ပြန်မှုရှိလာမည်။
ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးတွေတစ်ခုတော့မှတ်ထားရမည်။ ယောက်ျားလေးတွေကသောက်ဖို့ခေါ်ရင် မရိုးရှင်း။
သောက်ဖို့သဘောတူလိုက်ရင် ဒီလိုအရှုပ်ထုပ်မျိုးအတွက်ပြင်ဆင်ထားပေတော့။
အစကတည်းကဒီလိုရည်ရွယ်ချက်ရင်တော့ ဖွလည်းဖွပေါ့။
ဒီလိုရည်ရွယ်ချက်မရှိရင် သံသယကင်းအောင် မသွားဘဲနေရမည်။
ဒီတော့ ဒီကိစ္စကိုချင်လုံအထင်လွဲတာဖြစ်နိုင်ပေမဲ့ သူလုံးဝဝင်ပါမည်မဟုတ်။
ကျောက်မိုချင်းကတစ်ခုခုပြောမည်အပြုတွင် သူ့ဖုန်းမြည်လာသည်။ သူကထိုကိစ္စတွင်ဝင်မပါချင်သောကြောင့် ဖုန်းကိုင်ပြီးထွက်လာ၏။
ပြီးရင် ကျောက်မိုချင်းကိုလည်းပြောထားရမည်။ ဒီလိုကိစ္စကို လင်မယားချင်းပဲဖြေရှင်းရမည်။ ဘေးလူတွေဝင်ပါရင် ပြဿနာပိုကြီးလာရုံသာရှိမည်။
ဖုန်းဆက်သူက ချန်ရှန်းဖေ။
လီရှင်းနှင့်မာလဲ့ဝမ်ကိုလည်းဖိတ်ထားသည်။
သူတို့သုံးယောက်မှာ ချင်လင်အပြင်မှာရှိသောမိတ်ဆွေလူနည်းစုထဲမှဖြစ်သည်။
ချင်လင်ကဖုန်းဖြေပြီး အတွင်းဘက်မှထွက်လာကာဧည့်ခံသည်။
ဒီတစ်ခါ ချန်ရှန်းဖေတို့ဇနီးများပါပါလာသည်။ လင်းလျိုတို့မှာ သမီးလေးများချီထားကြသည်။
"ချင်လင်.. ဂုဏ်ယူပါတယ်... မျက်စိတစ်မှိတ်အတွင်း ချင်ဖုန်းလေးတစ်နှစ်ပြည့်သွားပြီ''
ချန်ရှန်းဖေက ဂုဏ်ပြုစကားပြောသည်။
"အင်း.. အချိန်ကုန်မြန်လိုက်တာ''
မာလဲ့ဝမ်ကထောက်ခံသည်။
"ဒီနေ့ချင်ဖုန်းလေးက 'ကျိုး'ဖမ်းရမှာ''
လီရှင်းကပြောသည်_
"ငါသူ့အတွက်ကောင်းကောင်းပြင်ဆင်လာတယ်''
လီရှင်းလျှို့ဝှက်နေပုံကြောင့် တစ်ခုခုရှိသလိုချင်လင်ခံစားရသည်။
သို့သော် သူကစဉ်းစားမနေ။ ဒါကလေးအတွက်သက်သက်ဖြစ်သည်။
သူလည်းကောင်းယောင်ယောင်ကိုဖုန်းဆက်ပြီး ချန်ရှန်းဖေတို့အတွက်အခန်းစီစဉ်ခိုင်းသည်။ ဒီည သူတို့လုံးဝပြန်နိုင်မည်မဟုတ်။
မြန်မြန်ဆန်ဆန်ပင် ဆရာလင်းကလည်း စားကောင်းသောက်ဖွယ်များလာချသည်။ ဟင်းပွဲတစ်ပွဲစီနှင့်နှစ်ချို့ဖန်းကျိုဝိုင်ကို စားပွဲပေါ်လိုက်ချသည်။
ပထမဆုံးမွေးနေ့စားသောက်ပွဲကို အားလုံးနှစ်ခြိုက်ကြသည်။
စားသောက်ပြီးသောအခါ ချင်ဖုန်းလေးဖမ်းချိန်ကျပြီဖြစ်သည်။
စံအိမ်အတွင်းပိုင်းတွင်'ကျိုး'ဖမ်းမည်ဖြစ်၍ ဖိတ်ကြားထားသူများအားလုံးကို အတွင်းဘက်ခေါ်လိုက်သည်။
အတွင်းဘက်ဧည့်ခန်းထဲ၌ ပျော့ပျော့အိအိများခင်းထားသောကူရှင်အခင်းပေါ်တွင် ချင်ဖုန်းလေးကိုတင်ထားသည်။
လင်းဖန်နှင့်ကျောက်မိုချင်းက စားပွဲပေါ်ပစ္စည်းမျိုးစုံတင်ထားသည်။
ပေသီး၊ဂဏန်းပေါင်းစက်၊စာအုပ်၊ပေတံ၊ဒင်္ဂါး၊ဘောပင်၊တံဆိပ်၊အရုပ်ဓား စသည်ဖြင့်...
ဒါတွေကို ချင်လင်သဘောပေါက်သည်။
သို့သော် အသား၊နံနံ၊ကြက်သွန်များကို သူနားမလည်နိုင်။
ကျိုးဖမ်းသည့်အချိန်တွင် ဧည့်သည်များကလည်း ကျိုးကန်ထဲပစ္စည်းများသယ်လာကြသည်။
ထို့ကြောင့် အချိန်တိုအတွင်း ကူရှင်ပေါ်တွင် အကြွေးဝယ်ကတ်၊ဘဏ်ကတ်၊အဝတ်လျှော်ပြား၊ဒူးရင်း၊ဘဏ်မှတ်ချက်များပြည့်သွား၏။
အားလုံး အမျိုးစုံသည်။
ရှေးအခါက 'ကျိုး'ဖမ်းခြင်းမှာ ထူးထူးခြားခြားအဓိပ္ပါယ်ရှိသည်။ 'ကျိုး'မင်းဆက်ဖမ်းနေစဉ်အတောအတွင်း အလွန်သတိထားရသည်။ သို့သော် မော်ဒန်ခေတ်တွင်မူ ဘယ်သူမှမယုံကြဘဲ အပျော်သက်သက်သာဖြစ်နေ၏။
ချင်ဖုန်းလေးက သူ့ရှေ့မှပစ္စည်းများကိုစိတ်မဝင်စား။ တခြားကလေးများလို ပစ္စည်းမြင်ပြီးလိုက်ကိုင်ကြည့်ခြင်းမရှိပေ။
တခြားသူများပစ္စည်းချနေသောကြောင့် လီရှင်းလည်းပုန်းလျှိုးကွယ်လျှိုးသွားပြီး တစ်ခုခုထုတ်ကာကူရှင်ပေါ်ချလိုက်သည်။
သူချလိုက်သောပစ္စည်းကြောင့် အားလုံးကြောင်သွား၏။
အဲလိုလုပ်လို့ရလား?
***