ကျူးယွမ်ယွမ်ရော ဝမ်လီလီပါစိတ်ပျက်သွားသည်။
ဘာလဲဟ?
ဘာမှမရဘဲနှိုးစက်တွေအများကြီးပေးခဲ့တာ၊ ဘာမှမရဘဲမျှော်လင့်နေခဲ့တာပေါ့။
သူတို့ဝင်ရုံရှိသေး၊ ခဏရပ်ပြီး ပြီးသွားပြီတဲ့။
နှစ်ယောက်သားစိတ်ပျက်လက်ပျက်နှင့် သတို့သမီးခန်းထဲမှထွက်လာသည်။
နတ်သမီးပုံပြင်တောင်လက်မှတ်မရသောကြောင့် ချင်းလင်စံအိမ်ထဲမှာသာလျှောက်လည်ရမည်။
အရင်ဆုံး စျေးဝယ်စင်တာသွားကြသည်။
လည်ပတ်မည်ဖြစ်သောကြောင့် မုန့်၊ အသီးနှင့် ချင်းလင်အားဖြည့်လက်ဖက်ရည်နှစ်ပုလင်းဝယ်ရမည်။
မုန့်နှင့်အသီးက ဗိုက်ပြည့်ပြီး ချင်းလင်အားဖြည့်လက်ဖက်ရည်က အားပြည့်နိုင်သည်။ ခရီးသွားရင် ဒါတွေကမရှိမဖြစ်။ သူတို့ပိုက်ဆံရှင်းမည်အပြုတွင် ကောင်တာမှာလူအများကြီးပြည့်နေသည်ကိုတွေ့ရသည်။
နောက်ပြီး ခပ်ဝဝလူတစ်ယောက်ခြေထောက်နားတွင် ပစ္စည်းတချို့တောင်လိုပုံနေသည်ကိုသတိထားမိသည်။
အမျိုးသမီးနှစ်ယောက် ကြောင်သွားသည်။
ဒီလူက ခရီးသွားမှာလား၊ လက္ကားဝယ်မှာလား?
ဒီလိုလူတွေလည်း အများကြီးရှိသည်။ တစ်ယောက်က စျေးအကြီးဆုံးပစ္စည်းတွေရွေးဝယ်သည်။ ငွေရှင်းချိန်တွင် ကောင်တာမှာကတ်နှင့်ရှင်းသည်။
ကျူးယွမ်ယွမ် ချက်ချင်းသိချင်စိတ်ဖြစ်သွားသည်။ သူမဘေးနားတွင်လည်း အိတ်ကြီးအိတ်ငယ်ဆွဲထားသောလူငယ်လေးတစ်ယောက်ရှိ၍_
"မောင်လေး.. သူတို့ဘာတွေလုပ်နေတာလဲ? ဘာလို့ဒီလောက်အများကြီးဝယ်ကြတာလဲ?''
ကျူးယွမ်ယွမ်ကိုမြင်ပြီး လူငယ်လေးမျက်လုံးကျယ်သွားသည်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းနှင့်ကြည့်ကောင်းသောမျက်နှာပိုင်ရှင်မျိုးက ဓာတ်ပုံမော်ဒယ်ဖြစ်နိုင်သည်။ လူအများစုမျက်လုံးထဲတွင် အလှလေးပင်။
အလှလေးက လာမေးသောကြောင့် လူငယ်ကအားတက်သရောရှင်းပြသည်_
"ချင်းလင်ရှုမျှော်ခင်းထဲမှာ နတ်သမီးပုံပြင်တောင်ပရောဂျက်ဖွင့်လိုက်ပြီမလား?''
"အွန်လိုင်းလက်မှတ်ပြည့်သွားပေမဲ့ ချင်းလင်စံအိမ်မှာလည်း နတ်သမီးပုံပြင်တောင်လက်မှတ်မဲနှိုက်ပေးတယ်''
"မဲနှိုက်ပေးတာ သိတယ်မလား? အရင်တုန်းကချင်းလင်စံအိမ်မှာလုပ်ဖူးတယ်လေ... ယွမ် ၁၀၀ သုံးရင် မဲနှိုက်ခွင့်ရပြီး နတ်သမီးပုံပြင်တောင်လက်မှတ်အလကားရမယ်''
"ဒါပေမဲ့ မဲပေါက်နိုင်ခြေရှိတယ်... သီအိုရီအရတော့ မဲများများနှိုက်လေလေ ပေါက်နိုင်ခြေများလေလေပဲ... ပိုက်ဆံမရှားရင်ပေါ့... မဲပေါက်ရင် ဝယ်ထားသမျှတွေမကြည့်ဘဲ ထွက်ရင်ထွက်သွားနိုင်တယ်''
"အဲဒါကြောင့် အများကြီးဝယ်ကြတာ... လျှောက်လည်ချင်လို့လေ''
ကျူးယွမ်ယွမ်နှင့်ဝမ်လီလီ မျက်စိကျယ်သွားပြန်သည်။
နတ်သမီးပုံပြင်တောင်နှင့်လုံးလုံးလွဲပြီဟု သူတို့ထင်ခဲ့သည်။ ဒီလိုနည်းရှိမှန်းမသိ။
"သော*က်.. နောက်နေတာလား? မဲနှိုက်တာ အကြိမ် ၃၀၀ ကျော်ပြီ... မပေါက်သေးဘူးလား?''
ဝတုတ်က စိတ်ပျက်လက်ပျက်အော်သည်။
ထို့နောက် ပစ္စည်းဝယ်ရန်စျေးဝယ်စင်တာထဲဝင်သွားပြန်သည်။ မဲမပေါက်မချင်း သူမရပ်။
သူဘာလို့ဒီလောက်ကံဆိုးမှန်းမသိ။ အရင်တစ်ခါအကြီးအကဲစားပွဲမဲနှိုက်တုန်းကလည်း ဆုတစ်ဆုတောင်မရခဲ့။
ကမ္ဘာ့နံပါတ်တစ်ဖရဲသီးဘုရင်မဲနှိုက်တုန်းကတောင် အကြိမ်ကြိမ်ဆက်နှိုက်ပြီးမပေါက်ခဲ့။
ဝတုတ်စကားကြောင့် ကျူးယွမ်ယွမ်နှင့်ဝမ်လီလီက စိတ်လှုပ်ရှားစွာနှင့်ငွေရှင်းလိုက်သည်။ သူတို့ဝယ်ထားတာ သိပ်မများသောကြောင့်ပင်။
ကောင်တာမှ_
"စုစုပေါင်း ၂၀၄ ယွမ်ကျပါတယ် အလှလေး... မဲနှစ်ကြိမ်နှိုက်လို့ရပါတယ်... မဲပေါက်ရင် နတ်သမီးပုံပြင်တောင်လက်မှတ်အလကားရမှာပါ''
ကောင်တာမှညွှန်ကြားချက်အတိုင်း ကျူးယွမ်ယွမ်က QR ကုဒ်စကင်န်ဖတ်လိုက်သည်။
စောစောကလူငယ်ကကြည့်ပြီးရယ်ကာ_
"အလှလေးတို့.. မဲနှစ်ခုတည်းပေါက်ဖို့ခက်တယ်... ပြီးရင် ကျွန်တော်အများကြီးနှိုက်ပြီး မဲတစ်ခုပေးမယ်''
သူက ကိုယ်ရည်သွေးပြခြင်းပင်။ မိန်းကလေးတစ်ယောက်ကလာပတ်သက်ရင် ယောက်ျားတိုင်းညစ်ညစ်ပတ်ပတ်အတွေးရှိတတ်သည်။
"ဂုဏ်ယူပါတယ်.. နတ်သမီးပုံပြင်တောင်လက်မှတ်ရပါတယ်!''
ကောင်တာတွင် ကျူးယွမ်ယွမ်မဲနှိုက်သည်နှင့်အသံနှစ်သံထွက်လာသည်။
ထိုအသံကြောင့် ပတ်ဝန်းကျင်မှာတိတ်ဆိတ်သွားပြီး လူတိုင်းအသက်ရှူသံကြားရလောက်သည်။
လူငယ် တန်းရှက်သွား၏။
စောစောကပဲ မဲပေါက်ဖို့မဖြစ်နိုင်ဘူးပြောထားတာလေ၊ ဒါကဘာလဲ? နှစ်မဲလုံးပေါက်တာလား?
စျေးဝယ်စင်တာထဲဝင်လာသောဝတုတ်လည်း အသံကြားသည်။ သူကတအံ့တဩရပ်ပြီး ပါးစပ်အဟောင်းသားနှင့်စိုက်ကြည့်နေသည်။
ထိုအချိန်တွင် သူ့မှာကံကြမ္မာနတ်ဘုရားစွန့်ပစ်ထားသလိုခံစားလိုက်ရသည်။ စွန့်ပစ်ခံရရုံသာမက လှောင်ပြောင်ပါခံရသည်။
မဟုတ်ရင် သူများအလွယ်တကူရတဲ့အချိန်မှာ သူကအကြိမ် ၃၀၀ ကျော်ရှုံးနေမလား?
အနားဝန်းကျင်မှခရီးသည်များလည်း အံ့ဩပြီးအားကျကုန်သည်။
ဘယ်လောက်ကောင်းတဲ့ကံလဲ?
မဟုတ်ရင် နှစ်ခါနှိုက် နှစ်ခါပေါက်မလား?
လုပ်ကြံထားသည်ဟု ဘယ်သူမှသံသယမရှိကြ။ ချင်းလင်စံအိမ်အတွက်မလိုအပ်သလို လက်ရှိသူ့အတိုင်းအတာအရ နာမည်ပျက်ခံမည်မဟုတ်ပေ။
အထူးသဖြင့် အလှလေးနှစ်ယောက်ကို နတ်သမီးပုံပြင်တောင်ပေါ်တက်ခွင့်ပေးချင်ရင် ဒီအတိုင်းသီးသန့်ပေးလိုက်ရုံပင်။
သူတို့ဝင်ခွင့်ရမရ ဘယ်သူသိမလဲ?
အလှလေးများကိုကြည့်ပြီး ခရီးသည်များစိတ်ကြည်မည်။
ဒီလိုလူမြင်ကွင်းမှာ အကွက်ရွှေ့စရာမလို။
ဒီအလှလေးများကို နတ်ဘုရားစောင်မသည်ဟုသာပြောရတော့မည်။
ကျူးယွမ်ယွမ်မှာ တအောင့်ကြာမှသတိဝင်ပြီး စိတ်လှုပ်ရှားစွာနှင့် ဝမ်လီလီကိုဖက်ကာ_
"လီလီ.. ငါပေါက်တယ်.. နှစ်မဲတောင်ပေါက်တာ''
"ဒါဆို ပန်းအိမ်အစုအဝေးကိုသွားလို့ရပြီလား?''
ဒီလိုအံ့ဩစရာမျိုးဖြစ်လာမည်ဟု ဝမ်လီလီမထင်မိ။
နှစ်ယောက်သားဝမ်းသာလွန်း၍ လက်ချင်းဆုပ်ကိုင်ကာ ခုန်ပေါက်ကြသည်။ နတ်သမီးပုံပြင်တောင်က ဆွဲဆောင်မှုရှိလွန်းသောကြောင့်ပင်။ ကြော်ငြာဗီဒီယိုကတင် စိတ်ဝင်စားစရာကောင်းလှပြီ။ စိတ်မလှုပ်ရှားဘဲမနေနိုင်။
သို့ရာတွင် ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းနှင့်ခုန်ပေါက်နေသောမိန်းမလှများကြောင့် အနားရှိအမျိုးသားခရီးသည်များအာရုံစိုက်မိနေကြသည်။
အမေးခံရသောလူငယ်မှာ ရေပိုငတ်လာပြီး စကားဝင်ရောချင်စိတ်ပေါက်လာ၏။
***