ထိုလှိုင်းဂယက်က ဝူယွမ်၏ အကြည့်လမ်းကြောင်းအတိုင်း လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။
ပြတင်းပေါက်တွင် ပျံဝဲနေသော လိပ်ပြာစုံတွဲသည် တောင်ပံများခတ်နေရင်းမှ ရုတ်တရက် ရပ်တန့်သွားခဲ့ကြသည်။
ဤအခိုက်အတန့်တွင် သူတို့၏ တစ်ကိုယ်လုံးသည် အချိန်နှင့် ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်း မြုပ်နှံခံလိုက်ရသကဲ့သို့ အလွန် ထူးဆန်းလှသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေခဲ့၏။
သို့သော် ဤအစွမ်းသက်ရောက်မှုမှာ အချိန်အကြာကြီး မခံလိုက်ဘဲ ပြိုကွဲသွားခဲ့ပြီး လိပ်ပြာနှစ်ကောင်မှာ လန့်ဖြန့်သွားကာ တောင်ပံများခတ်၍ အရပ်မျက်နှာနှစ်ခုဆီသို့ လျင်မြန်စွာ ထွက်ပြေးသွားကြလေတော့သည်။
“သူက သုံးစက္ကန့်လောက်တောင် ထိန်းချုပ်ထားနိုင်တာပါလား...” ယင်းရွှမ်းဇီ ဝူယွမ်ကို အံ့ဩတကြီး ကြည့်လိုက်လေသည်။
လိပ်ပြာများမှာ အားနည်းလွန်းသော်လည်း ၎င်းတို့ကို သုံးစက္ကန့်ခန့်ကြာအောင် ထိန်းချုပ်ထားနိုင်ခြင်းမှာ အလွန် အထင်ကြီးစရာ ကောင်းလှပေသည်။
သူကိုယ်တိုင် တိတ်ဆိတ်ခြင်းကျောက်တိုင်ကို အသက်သွင်းမည်ဆိုလျှင်တောင်မှ ထိုသို့ လုပ်နိုင်မည်မဟုတ်ပေ။
သူ ပေးလိုက်သော သစ်သားပြားက မူလ သစ်သားပြားနှင့် မတူညီတော့သကဲ့သို့ပင် ဖြစ်နေခဲ့၏။
သူက တစ်စက္ကန့်စာ သစ်သားပြားကို ပေးလိုက်သည်မှာ သေချာသော်ငြား ဝူယွမ်၏ လက်ထဲရောက်သည်နှင့် ပိုပြီး ရှည်ကြာသွားကာ သုံးစက္ကန့်စာ သစ်သားပြားအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
တိတ်ဆိတ်ခြင်းကျောက်တိုင်ကို သူ မြင်ပင် မမြင်လိုက်ရပေ။ ဝူယွမ်က သူ၏ နီ၀မ်နယ်ပယ်အတွင်းမှနေ၍ တိုက်ရိုက်ပင် အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
“ဒီကောင်လေးရဲ့ လျှို့ဝှက်ချက်တွေက သာမန်မဟုတ်ဘူးပဲ...”
“အရမ်းကောင်းတယ်၊ မင်း ဒီလောက်မြန်မြန် ထိန်းချုပ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး၊ ကြည့်ရတာ ဒီတိတ်ဆိတ်ခြင်းကျောက်တိုင်က မင်းနဲ့ အရမ်းကို ကိုက်ညီပုံရတယ်...” ယင်းရွှမ်းဇီက ရှက်ကိုးရှက်ကန်း ပြုံးရင်း ပြောလိုက်လေသည်။
“ဂိုဏ်းပြိုင်ပွဲရောက်ဖို့ ခြောက်လကျော်လောက် လိုပါသေးတယ်၊ အဲ့ဒီအချိန်ကျရင် မင်းတို့အားလုံး အရမ်း သတိထားကြရမယ်နော်၊ ငါတို့က ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်မျိုး ပြသဖို့ မတောင်းဆိုပါဘူး...”
“တပည့်တွေကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာပေးဖို့ပဲ လိုတယ်...”
ဤအကြောင်းအရာကို ပြောဆိုချိန်တွင် ယင်းရွှမ်းဇီ၏ ကျောက်စိမ်းကဲ့သို့ မျက်နှာပေါ်တွင် အေးစက်ညို့မှိုင်းနေသော အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။
“အားလုံးကို ကာကွယ်ပေးနိုင်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ...”
ဝူယွမ်က လေးနက်စွာ ကတိပေးလိုက်လေသည်။
“မင်းကို ငါယုံကြည်ပါတယ်၊ ဒါပေမယ့် ယွမ်ဂိုဏ်းကိုလည်း မင်းသတိထားရမယ်၊ ဒီတစ်ကြိမ်မှာ ယွမ်ဂိုဏ်းကလည်း ပါရမီရှင်တွေ အများကြီးကို မွေးထုတ်ပေးထားတယ် ကြားတယ်...”
“သူတို့ရဲ့ အားအကောင်းဆုံး တပည့်တွေကို လူငယ်ဘုရင် သုံးပါးနဲ့ ဝိညာဉ်စစ်သူကြီး ရှစ်ပါးလို့ ခေါ်တယ်... အဲ့ဒီအထဲက ဝိညာဉ်စစ်သူကြီး ရှစ်ပါးက ယွမ်ဂိုဏ်းရဲ့ ဌာနခွဲ ရှစ်ခုက ထိပ်တန်း တပည့်တွေဖြစ်ပြီး အဲ့ထဲက ဘယ်သူကမှ ချင်းယိ ဒါမှမဟုတ် မုလီတို့ထက် မနိမ့်ကျကြဘူး...”
“ပြီးတော့ လူငယ်ဘုရင်သုံးပါးက ပိုပြီးတော့တောင် အားကောင်းသေးတယ်... သူတို့အားလုံးကို ယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးသုံးပါးက ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးထားတာ”
“တစ်ယောက်ချင်းစီက ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီတွေကို ပိုင်ဆိုင်ထားကြတယ်၊ အရှေ့ဘက် ရွှမ်းဒေသရဲ့ လူငယ်မျိုးဆက်တွေထဲမှာ သူတို့က ထိပ်တန်းစာရင်းဝင်တွေပဲ၊ တစ်ယောက်ချင်းစီက ရှောင်ရှောင်နဲ့ ဝမ်ယန်တို့ထက် ပိုပြီး အားကောင်းလောက်တယ်...”
“ဂိုဏ်းပြိုင်ပွဲမှာ သူတို့နဲ့ တွေ့ရင် မင်း းသတိထားရမယ်နော်...”
“ဒီနှစ်တွေတစ်လျှောက်လုံး ငါတို့တောင်ဂိုဏ်းက အတော်လေးကို နစ်နာခဲ့ရတယ်၊ ကျိုးထုံ ရှိခဲ့တဲ့ ဂိုဏ်းပြိုင်ပွဲတုန်းကမှ ငါတို့ တောင်ဂိုဏ်းက အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့တာ...”
“သူက သူငယ်ချင်းတစ်စုကို စုစည်းပြီး ယွမ်ဂိုဏ်းရဲ့ လူငယ်ဘုရင် သုံးပါးထဲက တစ်ယောက်ကို သတ်ပစ်ခဲ့တယ်၊ နောက်တစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့ပြီး တတိယမြောက် တစ်ယောက်ကို ထွက်ပြေးရအောင် ဖိအားပေးနိုင်ခဲ့တယ်...”
ကျိုးထုံအကြောင်းကို ပြောဆိုချိန်တွင် ယင်းရွှမ်းဇီသည်လည်း ဂုဏ်ယူမှုနှင့်အတူ နောင်တရမှု အချို့ကိုပါ ခံစားနေရလေသည်။ ဤတပည့်သည် သူ ဂုဏ်ယူရဆုံးသော တပည့်တစ်ဦးပင် ဖြစ်ခဲ့သည်။
“ဒီတပည့် သင့်တော်သလို လှုပ်ရှားလိုက်ပါ့မယ်...” ဝူယွမ်က ထပ်မံ၍ ကတိပေးလိုက်လေသည်။
“အင်း...”
ယင်းရွှမ်းဇီက ခေါင်းညိတ်ပြလိုက်၏။ ဤတစ်ကြိမ်တွင် သူသည် ဝူယွမ်အပေါ် မျှော်လင့်ချက်အချို့ ထားရှိနေခဲ့ပြီး ဝူယွမ်က ယွမ်ဂိုဏ်းကို ကြီးကြီးမားမား အထိနာသွားစေရန် လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့လေသည်။
... ဝူယွမ်သည် ယင်းရွှမ်းဇီ၏ စံအိမ်မှ ထွက်ခွာလာခဲ့ပြီး မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ထံသို့ ရောက်ရှိလာချိန်တွင် လင်းတုန်မှာ ထိုနေရာတွင် စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်သည်။
“အစ်ကိုကြီး၊ ရှောင်ယန်အတိုက်ခံလိုက်ရတယ်...”
ဝူယွမ်ကို မြင်သည်နှင့် လင်းတုန်က လျင်မြန်စွာ ပြေးလာပြီး ပြောလိုက်လေသည်။
“ဘာဖြစ်တာလဲ... ငါ့ကို အသေးစိတ်ပြောပြစမ်း...”
ဝူယွမ်သည်လည်း လေးနက်သွားခဲ့၏။ ရှောင်ယန်မှာ သူ၏ ကျားညီလေးပင် ဖြစ်သည် မဟုတ်လော။
လင်းတုန်က ရှင်းပြလိုက်သည်။ “ရှောင်တျောင်းက နတ်ဆိုးဝိညာဉ် အမှတ်အသားကနေတစ်ဆင့် ကျွန်တော့်ကို အခုလေးတင် ဆက်သွယ်လာတယ်...”
“သူနဲ့ ရှောင်ယန်က သားရဲတစ်သောင်း တောင်တန်းကြီးမှာ လေ့ကျင့်နေကြတာတဲ့၊ ရှောင်တျောင်းက ရှောင်ယန်ဘေးမှာ မရှိနေတဲ့ အချိန်တိုလေးမှာ ရှောင်ယန်က ရတနာတစ်ခုကို တွေ့သွားပြီး အားကောင်းတဲ့ သားရဲကြီး တစ်ကောင်ရဲ့ နယ်မြေထဲကို တစ်ယောက်တည်း ဝင်သွားခဲ့တယ်တဲ့၊”
“အဲ့ဒီမှာ သူ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံလိုက်ရတယ်... တကယ်လို့ ရှောင်တျောင်းသာ အချိန်မီ ရောက်မလာခဲ့ဘူးဆိုရင် ရှောင်ယန် အသက်အန္တရာယ်ပါရှိသွားနိုင်တယ်...”
“ရှောင်ယန်ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ သားရဲကြီးက အရမ်းအားကောင်းပြီး အထူးစွမ်းရည် တချို့လည်း ရှိပုံရတယ်... ရှောင်တျောင်းက သူ့ကို ရင်ဆိုင်ရတာ အတော်လေး ခက်ခဲနေလို့ ကျွန်တော်တို့ကို အကူအညီလှမ်းတောင်းတာ”
“တောင်ဂိုဏ်းရဲ့ ကောင်းကင်ခန်းမက သန့်စင်ယွမ်ရတနာဖြစ်တဲ့ ကောင်းကင်ဖီးနစ်စောင်းကို ငှားပြီး အဲဒီသားရဲကြီးကို ရင်ဆိုင်ဖို့ ကူညီပေးစေချင်နေတာ...”
“ရှောင်ယန်တွေ့ခဲ့တဲ့ ရတနာက ကျွန်တော်တို့အားလုံးအတွက် အကျိုးရှိစေလိမ့်မယ်လို့လည်း သူက ပြောတယ်... အဲ့ဒီ သားရဲကြီးကို သတ်နိုင်တာနဲ့ ကျွန်တော်တို့ အဲ့ဒါကို ရနိုင်တယ်တဲ့...”
ဝူယွမ်က သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။ “ဒီလိုဆိုမှတော့ ငါတို့ မြန်မြန် လှုပ်ရှားကြတာပေါ့... အဲနှစ်ကောင်လည်း အပြင်မှာ ဒုက္ခရောက်နေကြရှာမှာပဲ...”
“အစ်ကိုကြီး၊ သန့်စင်ယွမ်ရတနာဆိုတာ ကောင်းကင်ခန်းမရဲ့ အဖိုးတန်ဆုံး ရတနာလေ... ငါတို့လို တောင်ဂိုဏ်းက တပည့်နှစ်ယောက်ကို သူတို့က ငှားပေးချင်မှ ငှားပေးမှာ...” လင်းတုန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် အကြံပြုလိုက်လေသည်။
“အစ်ကိုကြီးက ညီမလေးဟွမ်ဟွမ်နဲ့ ဆက်ဆံရေး ကောင်းတယ်မလား... သူမဆီကနေ ကောင်းကင်ဖီးနစ်စောင်းကို ငှားလို့ရမလားမသိဘူး... သွားပြီး ချဉ်းကပ်ကြည့်ပါလား...”
“မင်းနဲ့ ဂိုဏ်းတူအစ်မကြီးရှောင်ရှောင်လည်း တစ်ခုခု ဖြစ်နေပုံရတယ်နော်... သူမဆီက သွားငှားဖို့ကိုရော မင်း မတွေးမိဘူးလား...” ဝူယွမ်က လင်းတုန်ကို ကြည့်ကာ ပြန်လည် ချေပလိုက်လေသည်။
“မဖြစ်နိုင်တာ၊ ဂိုဏ်းတူအစ်မကြီးရှောင်ရှောင်နဲ့ ကျွန်တော်က ဘာမှ မဖြစ်ပါဘူး... အစ်ကိုကြီးနဲ့ ညီမလေးဟွမ်ဟွမ်တို့လို မကြာခဏ တိတ်တဆိတ် သီးသန့် တွေ့နေကြတာမှ မဟုတ်တာ...” လင်းတုန်ကလည်း ပြန်လည် ငြင်းခုံလိုက်လေသည်။
အမှန်တော့ ခန်းမစစ်ဆေးပွဲ ပြီးဆုံးပြီးနောက်တွင် သူသည် ဂိုဏ်းတူအစ်မကြီးရှောင်ရှောင်နှင့် သီးသန့် တစ်ကြိမ် တိတ်တဆိတ် တွေ့ဆုံခဲ့ဖူးပြီး သူတို့နှစ်ဦး သိုင်းပညာများ ဖလှယ်ခဲ့ကြလေသည်။
“ဟွန့်၊ ငါမသိဘူးလို့မထင်နဲ့နော်... ခန်းမစစ်ဆေးပွဲတုန်းက မင်းတို့ရဲ့ပြိုင်ပွဲမှာ မင်းက သူမရဲ့ ဟန်ဆောင်မှုအောက်မှာ ပူးပေါင်းပါဝင်ပေးခဲ့တယ်မလား...”
“ဟဲဟဲ၊ ဒုတိယညီလေး၊ မင်းပြောင်းလဲသွားပြီပဲ၊ အရင်ကဆို မင်းက တိုက်ပွဲမှာ ဘယ်တော့မှ တုံ့ဆိုင်းမနေတတ်ဘူး... အခုတော့ မင်းက မိန်းမတွေကြောင့် လွှမ်းမိုးခံနေရပြီ၊ မင်းရဲ့ လှုပ်ရှားမှုတွေ နှေးကွေးသွားပြီပဲ...” ဝူယွမ်က လေးနက်စွာ ပြောလိုက်လေသည်။
“ဒါဆိုရင် အစ်ကိုကြီးကော ဘယ်လိုလုပ်မလဲ... အစ်ကိုကြီးမှာ ကိုင်တွယ်ဖြေရှင်းရမယ့် မိန်းမတွေ အများကြီး ရှိနေတာကိုး၊ အစ်ကိုကြီးရဲ့ သိုင်းပညာရပ်တွေကို ထိခိုက်လာမှာ မကြောက်ဘူးလား...”
လင်းတုန်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
“သေချာပေါက် မကြောက်ဘူးပေါ့၊ သူတို့က ငါ့ရဲ့ သိုင်းပညာ တိုးတက်မှုအတွက် အထောက်အကူတောင် ဖြစ်စေဦးမှာ... ငါက အစ်ကိုကြီးလေ၊ ဒါတွေကို ငါ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်...”
“ကောင်းပြီ၊ ငါ စောင်းသွားငှားဖို့ ဟွမ်ဟွမ်ကို သွားရှာလိုက်ဦးမယ်... ငါ့ကိုစောင့်နေ...”
စကားပြောပြီးနောက် ဝူယွမ်သည် ပျံသန်းထွက်ခွာသွားခဲ့လေသည်။
လင်းတုန်မှာ ငြိမ်သက်စွာ ရပ်နေခဲ့ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ လက်သီးများကို ဆုပ်ထားရင်း တီးတိုးရေရွတ်လိုက်လေသည်။ “ဒါဆိုရင် ငါလည်း ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်...”
... “မနက်စောကြီး ကျွန်မကို လာရှာတာ ဘာကိစ္စရှိလို့လဲ...”
ယင်းဟွမ်ဟွမ်က ဝူယွမ်ကို သတိထားမှုရော သိချင်စိတ်ဖြင့်ပါ ကြည့်ရင်း မေးလိုက်လေသည်။
“ကိစ္စတစ်ခုပေါ်လာလို့ပါ... နေ့လယ်ဘက်ဆိုရင်ကျ အဆင်မပြေဘူးလေ၊ ငါတို့ တိတ်တိတ်လေး ဆွေးနွေးကြတာပေါ့...” ဝူယွမ်က တံခါးပေါက်၏ ဘယ်ညာကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် တံခါးကို ပိတ်ကာ ပြောလိုက်လေသည်။
“ရှင့်မှာ ပြောစရာရှိရင်လည်း ပြောလေ... ရှေ့မတိုးလာနဲ့...”
ယင်းဟွမ်ဟွမ်သည် ခုတင်ဘေးသို့ဆုတ်သွားပြီး ဝူယွမ်နှင့် အကွာအဝေး တစ်ခုကို ထိန်းသိမ်းထားလိုက်လေသည်။
ယခုအခါ သူတို့၏ ဆက်ဆံရေး ပုံစံမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဝူယွမ်သည် သူမကို အခွင့်ကောင်းယူရန် အခွင့်အရေးကို အမြဲတစေ ရှာဖွေနေတတ်သည်။
သူ၏ လုပ်ရပ်များမှာ အလွန်အမင်း ပေါ်ပေါ်ထင်ထင် မရှိသော်ငြား သူမကို အမြဲတစေ အမှတ်တမဲ့ ဖြစ်သွားစေသဖြင့် သူမအနေဖြင့် သတိထားနေရလေသည်။
သေချာသည်ကတော့ သတိထားနေစဉ်မှာပင် ယင်းဟွမ်ဟွမ်သည် ဝူယွမ်လှုပ်ရှားလာမည်ကို အနည်းငယ် မျှော်လင့်နေမိသေး၏။
၎င်းမှာ ဆန့်ကျင်ဘက်ဖြစ်နေသော ခံစားချက်လေးတစ်ခုပင် ဖြစ်သည်။ မလာမှာကိုကြောက်သလို လာပြီး ရှုပ်ပွသွားမှာကိုလည်း ကြောက်နေမိလေသည်။
“မင်းက ငါ့ကို နေ့တိုင်း ဝံပုလွေတစ်ကောင်လို သတိထားနေတာပဲ... ငါက မင်းဆီကနေ စောင်းလေး လာငှားတာပါဟာ၊ အများကြီး မတွေးပါနဲ့...”
ဝူယွမ်က ထိုင်ချလိုက်ပြီး နှုတ်ခမ်းစူကာ ပြောလိုက်လေသည်။
“ညသန်းခေါင်ကြီး စောင်းကို ဘာလုပ်မလို့လဲ... ရှင်က စောင်းမှ မတီးတတ်တာ၊ ရှင့်ပုလွေကိုပဲ သွားမှုတ်နေ...”
ယင်းဟွမ်ဟွမ်က နှုတ်ခမ်းစူကာ ပြန်လည်ချေပလိုက်လေသည်။
“ငါ မင်းရဲ့စောင်းကို ငှားတာ မဟုတ်ဘူး၊ မင်းတို့ ကောင်းကင်ခန်းမရဲ့ သန့်စင်ယွမ်ရတနာဖြစ်တဲ့ ကောင်းကင်ဖီးနစ်စောင်းကို လာငှားတာ... မင်း အဲဒါကို ယူလို့ပေးလို့ရမလား၊ ငါ ရက်နည်းနည်းလောက် ငှားချင်လို့ပါ...”
“ကောင်းကင်ဖီးနစ်စောင်းလား...”
ယင်းဟွမ်ဟွမ်၏ သွယ်လျသော မျက်ခုံးလေးများမှာ ပင့်တက်သွားခဲ့သည်။ ဝူယွမ်၏ တောင်းဆိုမှုကြောင့် သူမ အလွန်အမင်း အံ့ဩသွားခဲ့၏။
သန့်စင်ယွမ်ရတနာ၏ အဖိုးတန်မှုကို သူမ အလွန် ရှင်းလင်းစွာ သိရှိထားသည် မဟုတ်လော။ ကောင်းကင်ခန်းမမှ တပည့်အချို့ဆိုလျှင် ဤပစ္စည်းကိုပင် မြင်တွေ့ခွင့် မရကြချေ။ ယခုအခါ ဝူယွမ်က ၎င်းကို တကယ်ပင် ငှားရမ်းလိုနေသည်လော။
“ငါ အလျင်လိုနေလို့ပါ၊ မင်းမှာ နည်းလမ်းရှိလား...”
ဝူယွမ်က အလျင်စလို မေးလိုက်လေသည်။
“ဦးလေးချီလဲ့က သဘောတူမှာ မဟုတ်ဘူး... ကောင်းကင်ဖီးနစ်စောင်းက ကောင်းကင်ခန်းမရဲ့ အဖိုးတန်ဆုံးရတနာလေ၊ တစ်ခါတလေ ဂိုဏ်းတွင်းက အကြီးအကဲ တစ်ယောက်ယောက်က ငှားချင်ရင်တောင် ဦးလေးချီလဲ့က ခွင့်ပြုမှာ မဟုတ်ဘူး...”
ယင်းဟွမ်ဟွမ်က မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်လေသည်။
“အဲ့ဒါကြောင့်မို့လို့ ငါ မင်းဆီကို လာခဲ့တာပေါ့...”
“ကျွန်မရဲ့ အဆက်အသွယ်တွေကို ရှင့်အတွက် အသုံးချပေးစေချင်တာလား...”
ယင်းဟွမ်ဟွမ်၏ လှပသော မျက်နှာလေးမှာ အနည်းငယ် မော့တက်လာပြီး နေရောင်ခြည်က မျက်နှာအပေါ်သို့ ကျရောက်လာသောအခါ ပျားဖယောင်း အလင်းတန်းလေးတစ်ခုအလား အလင်းဝန်းလေးတစ်ခု ဖြစ်ပေါ်လာကာ ထိုမိန်းမပျိုလေးကို အတော်လေး ဆွဲဆောင်မှုရှိအောင် ပြုလုပ်ပေးနေခဲ့သည်။
ဝူယွမ် ပြန်ဖြေလိုက်လေသည်။ “ကောင်းကင်ခန်းမမှာ ငါ ရင်းနှီးတာဆိုလို့ မင်းတစ်ယောက်တည်းပဲ ရှိတာလေ... အဲ့ဒီတော့ မင်းရဲ့အဆက်အသွယ်တွေကိုပဲ ငါအသုံးချရတော့မှာပေါ့...”
***