ယွမ်ဂိုဏ်းမှ သုံးယောက် ရောက်ရှိလာသည်နှင့် ကျူးကျော်ဝင်ရောက်ခံထားရသော မိစ္ဆာအသံတောင်တန်းကြီးကို ချက်ချင်းပင် မြင်တွေ့လိုက်ကြလေသည်။
ဤအချိန်တွင် ဝူယွမ်နှင့် သူ၏ ညီအစ်ကို သုံးယောက်လုံးသည် မိစ္ဆာအသံတောင်တန်းကြီး တစ်ခုလုံးကို အပြတ်အသတ် ရှင်းလင်းနေခဲ့ကြ၏။
ရှောင်တျောင်းသည် ရွှေတစ္ဆေဇီးကွက်အား ရင်ဆိုင်တိုက်ခိုက်နေပြီး လင်းတုန်နှင့် ရှောင်ယန်တို့မှာတော့ နိဗ္ဗာန်အဆင့် ၉ ရှိ စစ်သူကြီး နှစ်ကောင်ကို ကိုင်တွယ်နေကြလေသည်။
ဝူယွမ်ကမူ လက်အောက်ငယ်သားများကို ရှင်းလင်းရန်သာ သွားရောက်ခဲ့၏။
သူသည် ချိတ်ပိတ်ခြင်းရူန်းစာလုံး တစ်ခုကို အသုံးပြုကာ မိစ္ဆာအသံတောင်တန်းကြီး တစ်ခုလုံးကို ဖုံးလွှမ်းပိတ်ဆို့လိုက်ပြီး မည်သူ့ကိုမျှ ထွက်ပြေးခွင့် မပြုခဲ့ပေ။
ထို့နောက် သူ၏ သတ်ဖြတ်မှုများကို စတင်လေတော့သည်။ နတ်ဆိုးနတ်ဘုရားတစ်ပါးအလား သူ၏ လက်ထဲရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားသည် လျှပ်စီးများ လင်းလက်နေကာ ဓားတစ်ချက် ခုတ်ပိုင်းလိုက်တိုင်း လူတစ်စုကို ခေါင်းဖြတ်သတ်ပစ်နေခဲ့၏။
သူ့ကို မည်သူကမျှ မတားဆီးနိုင်ခဲ့ပေ။
မိစ္ဆာအသံတောင်တန်းကြီးအပေါ်ရှိ သောင်းနှင့်ချီသော မိစ္ဆာကျင့်ကြံသူများ အားလုံးမှာ ဟင်းသီးဟင်းရွက်များအလား ခုတ်ပိုင်းခံလိုက်ရပြီး အပြတ်အသတ် ရှင်းလင်းခံလိုက်ရလေသည်။
“ဟား...ဟား… ကြည့်ရတာ မိစ္ဆာအသံ တောင်တန်းကြီးက ကျူးကျော်ခံလိုက်ရပြီပဲ... အဲဒီသားရဲက တကယ်ကို အသုံးမကျတာပဲ၊ ဒီလောက် အချိန်လေးနည်းနည်းတောင် ကြံ့ကြံ့မခံနိုင်ဘူး...”
အဝေးမှာရပ်နေသည့် ယွမ်ဂိုဏ်းမှ ကျင့်ကြံသူသုံးဦးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကြပြီး မိစ္ဆာအသံတောင်တန်းကြီးပေါ်ရှိ ပရမ်းပတာ ဖြစ်နေသော ယွမ်စွမ်းအင် လှိုင်းဂယက်များကို ကြည့်ကာ ခပ်ဖွဖွ လှောင်ပြောင်လိုက်ကြလေသည်။
သူတို့သည် ယွမ်ဂိုဏ်းမှဖြစ်သဖြင့် သဘာဝကျကျပင် ရွှေတစ္ဆေဇီးကွက်ကို အထင်သေးကြလေသည်။
ရွှေတစ္ဆေဇီးကွက်ကို ကူညီရန် သဘောတူခဲ့ခြင်းမှာ သူ၏ စွမ်းအားက မနိမ့်ကျသောကြောင့်သာမက အဓိကအားဖြင့် သူ့ထံတွင် မြေကမ္ဘာအူတိုင် သန့်စင်အရည် ရှိနေသောကြောင့်ပင် ဖြစ်သည်။
“အကြီးအကဲကျန်း... အခု ငါတို့ သွားကူညီသင့်ပြီလား...” အဖြူရောင်ဝတ်စုံနှင့် လူငယ်က သွေးများဖြင့် ညစ်ပတ်ပြန့်ကျဲနေသော မိစ္ဆာအသံတောင်တန်းကြီးကို ကြည့်ကာ မေးလိုက်လေသည်။
အညိုရောင်ဝတ်ရုံနှင့် လူကြီးက ခေါင်းခါယမ်းပြီး ပြောလိုက်လေသည်။“လောစရာ မလိုဘူး... သူတို့ထဲက တချို့ကို အရင် ပေးသေးလိုက်ပါ...”
သူက အေးအေးဆေးဆေးပင် ပြောဆိုနေခဲ့ပြီး ရွှေတစ္ဆေဇီးကွက်၏ အသက်ကိုပင် လျစ်လျူရှုကာ ဆက်ပြောလိုက်၏။
“ဒီမိစ္ဆာအသံတောင်တန်းကြီးထဲမှာ မြေကမ္ဘာအူတိုင် သန့်စင်အရည်ကို ဖုံးကွယ်ထားတယ်... အဲ့ဒီအရူးက ဘယ်သူမှ မသိဘူးလို့ ထင်နေတာ”
“ငါ့ဆီက အကူအညီတောင်းတဲ့အချိန်မှာတောင် အဲဒီအကြောင်းကို မပြောဘဲ သူ့ဘာသာ သိမ်းထားချင်နေသေးတယ်...”
“ဟမ့်၊ ငါကိုယ်တိုင် ရောက်လာပြီဆိုမှတော့ ဒီလို ကောင်းကင်၊ မြေကြီး ရတနာမျိုးကို သူ့ကို ဆက်ပြီး စောင့်ရှောက်ခွင့် ဘယ်လိုလုပ် ပေးနိုင်တော့မှာလဲ...”
“ရှာယန်၊ ရှန်ယွမ်... မင်းတို့နှစ်ယောက်က ခဏနေရင် လုပ်ကြံတိုက်ခိုက်လိုက်ကြ...”
“အဲဒီ မိန်းမနဲ့ ယောကျ်ားကို အရင် ရှင်းပစ်လိုက်၊ အထူးသဖြင့် အဲဒီ မိန်းမလက်ထဲက စောင်းကိုပဲ..."
“ကြည့်ရတာ သန့်စင်ယွမ်ရတနာ တစ်ခု ဖြစ်ပုံရတယ်၊ အဲ့ဒါကို အရင်ဆုံး လုယူရမယ်၊ မဟုတ်ရင် ငါတို့အတွက် အခြေအနေ မကောင်းဖြစ်သွားနိုင်တယ်...”
အညိုရောင်ဝတ်ရုံနှင့် အကြီးအကဲသည် လူငယ်နှစ်ဦးကို ညွှန်ကြားလိုက်လေသည်။
“ဟားဟား... ဒီနေရာမှာ သန့်စင်ယွမ်ရတနာ တစ်ခုကို မြင်ရလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့မိဘူး၊ ကြည့်ရတာ ကောင်းကင်ဘုံကတောင် ငါ့ရဲ့ ယွမ်ဂိုဏ်းကို ကူညီနေပုံရတယ်... အဲ့ဒါကို ပြန်ယူသွားနိုင်ရင် ဂိုဏ်းကို ကာကွယ်ပေးနိုငါမယ့် နောက်ထပ် ရတနာတစ်ခု ဖြစ်လာလိမ့်မယ်...”
“ဟုတ်ကဲ့ပါ အကြီးအကဲကျန်း... အဲဒါကို ကျနော့်ဆီမှာသာ ထားခဲ့လိုက်ပါ၊ အဲဒီ ခွေးလိုစုံတွဲက သာမန် လက်အောက်ငယ်သားလေးတွေကို သတ်တာတောင်မှ တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်ထားကြသေးတယ်၊ သူတို့ကို ကြည့်ရင်း ကျနော် မျက်စိနောက်နေတာ ကြာပြီ...”
အနက်ရောင်ဝတ်စုံနှင့် လူငယ် ရှာယန်က အေးစက်စွာ ပြောလိုက်လေသည်။
ယင်းဟွမ်ဟွမ်၏ အလှတရားကြောင့် သူ မှင်တက်သွားခဲ့ပြီး သူ၏ မျက်ဝန်းများထဲတွင် ရမ္မက်ကြီးသော အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့၏။
မကောင်းဆိုးဝါးဆန်သော အတွေးတစ်ခုက သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ထိုယောကျ်ားကို အရင်ဆုံး ဒုက္ခိတဖြစ်အောင် လုပ်ပစ်ပြီးနောက် သူ့ရှေ့မှာတင် ထိုမိန်းမကို ဖျက်ဆီးပစ်မည်ဟု သူ တွေးလိုက်လေသည်။
အဖြူရောင်ဝတ်စုံနှင့် လူငယ် ရှန်ယွမ်သည်လည်း သူ၏ နှုတ်ခမ်းများကို သပ်လိုက်ပြီး ယင်းဟွမ်ဟွမ်ကို စိုက်ကြည့်ကာ ပြောဆိုလိုက်၏။ “ဒီလို မိန်းမလှလေးကိုက စွမ်းဆောင်ရည်ရှိတဲ့ ယောကျ်ားတွေပဲ ပိုင်ဆိုင်သင့်တာပေါ့...”
သူတို့၏ အမြင်တွင် သာမန် လက်အောက်ငယ်သားများကို ကိုင်တွယ်နေသော ဝူယွမ်သည် ယောကျ်ားလေးဦးထဲတွင် အားအနည်းဆုံးသူ ဖြစ်ရမည်ဟု ထင်မှတ်နေခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် အပြင်လူများ၏ အမြင်တွင် ဝူယွမ်သည် သူ၏ လက်ထဲရှိ ကောင်းကင်အဆင့် ရတနာဓားကို အားကိုးကာ လူသားပုံစံ မိစ္ဆာများကို လွတ်လပ်စွာ ခုတ်ပိုင်းနေခြင်း ဖြစ်သည်ဟု ထင်ရသောကြောင့်ပင်။
သို့သော် အညိုရောင်ဝတ်ရုံနှင့် အကြီးအကဲမှာမူ ရှောင်တျောင်းကို အနည်းငယ် လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေခဲ့လေသည်။ “ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်... သူက ကိုင်တွယ်ရ နည်းနည်း ခက်ခဲလိမ့်မယ်...”
ထိုသုံးဦးသည် အပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြပြီး လှုပ်ရှားရန် အလျင်စလို မလုပ်ခဲ့ကြပေ။
တောင်ကြားတွင်မူ ဝူယွမ်သည် လက်အောက်ငယ်သားများ အားလုံးကို ရှင်းလင်း၍ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူသည် ယင်းဟွမ်ဟွမ်ကို ပွေ့ချီလျက် ကောင်းကင်ယံသို့ ပျံတက်သွားပြီး တောင်ပေါ်ရှိ ရှောင်တျောင်းနှင့် အခြားသူများ၏ တိုက်ပွဲကို စောင့်ကြည့်နေခဲ့လေသည်။
ဤအချိန်တွင် လင်းတုန်နှင့် ရှောင်ယန်တို့၏ တိုက်ပွဲမှာလည်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူတို့ နှစ်ဦးစလုံး၏ စွမ်းအားမှာ နိဗ္ဗာန်အဆင့် ၉ ကျင့်ကြံသူများကို ချေမှုန်းပစ်နိုင်စွမ်း ရှိနေကြပြီဖြစ်သည်။
အထူးသဖြင့် လင်းတုန်သည် ကျားသစ်သားရေ ဝတ်ဆင်ထားသော လူကို ဆန်းကြယ်သော ရေစွမ်းအင် လှံချက် တစ်ချက်တည်းဖြင့်ပင် ထိုးဖောက်သတ်ပစ်လိုက်လေသည်။
ရှောင်တျောင်း ဘက်တွင်တော့ အနည်းငယ် နှေးကွေးနေခဲ့၏။ သူ၏ စွမ်းအားမှာ ရွှေတစ္ဆေဇီးကွက်ထက် သာလွန်နေသော်လည်း ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော ကျင့်ကြံသူတစ်ဦးသည် အဆုံးမဲ့ ယွမ်စွမ်းအင်များကို ပိုင်ဆိုင်ထားသဖြင့် သူတို့ကို သတ်ဖြတ်ရန်မှာ ခက်ခဲပြီး အနည်းငယ် အားစိုက်ထုတ်ရန် လိုအပ်ပေသည်။
ဝူယွမ်သည် ရှောင်တျောင်း၏ တိုက်ပွဲကို စောင့်ကြည့်နေသည့်အပြင် ပတ်ဝန်းကျင်ကို စူးစမ်းရန်အတွက် သူ၏ ဝိညာဉ်စွမ်းအင်ကိုလည်း ဖြန့်ကျက်ထားခဲ့၏။ အမည်မသိ ဧည့်သည် သုံးဦး ရောက်ရှိနေကြောင်းကိုလည်း သူ တွေ့ရှိထားပြီး ဖြစ်လေသည်။
ထို့ကြောင့် သူသည် ယင်းဟွမ်ဟွမ်ကို ပွေ့ချီထားစဉ်မှာပင် အလွန်အမင်း သတိထားနေခဲ့ခြင်း ဖြစ်သည်။
သူ မလှုပ်ရှားရခြင်း အကြောင်းရင်းမှာ ရှောင်တျောင်းက ရွှေရောင် တစ္ဆေဇီးကွက်ကို အရင်ဆုံး ရှင်းလင်းပြီးသည်အထိ သူ စောင့်ဆိုင်းလိုသောကြောင့်ပင် ဖြစ်သည်။
ပြိုင်ဘက် သုံးဦးအနက် တစ်ဦးမှာ ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်တွင် ရှိနေသဖြင့် သူ့အတွက် ဖိအားအချို့ ရှိနေခဲ့လေသည်။
သို့သော် ပြိုင်ဘက်များက ဆက်လက်၍ စောင့်ဆိုင်းလိုပုံ မရတော့ပေ။
သူသူ လက်အောက်ငယ်သားများကို ရှင်းလင်းပြီးသည်နှင့်တစ်ပြိုင်နက် အနက်ရောင် ဝတ်စုံနှင့် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်နှစ်ဦးသည် သူနှင့် ယင်းဟွမ်ဟွမ်ထံသို့ ပြေးဝင်လာကြလေသည်။
“အခု ငါ့ကို လွှတ်ပေးလို့ရပြီလား...” ယင်းဟွမ်ဟွမ်က ရုန်းကန်ရင်း မေးလိုက်လေသည်။ ဝူယွမ်က သူမကို တမင်တကာ အခွင့်ကောင်း ယူနေသည်ဟု သူမ ခံစားနေခဲ့ရ၏။
“မရသေးဘူး... ရန်သူတွေ ချဉ်းကပ်လာနေသေးတယ်...”
ဝူယွမ်က ယင်းဟွမ်ဟွမ်ကို ခေါင်းခါပြလိုက်လေသည်။ သူ၏ လက်ထဲရှိ မိုးကြိုးဝိညာဉ် ကောင်းကင်ဓားမှာလည်း တုန်ခါနေပြီး ဓားပေါ်ရှိ မိုးကြိုးရူန်းစာလုံးများက လင်းလက်နေခဲ့၏။
“ရွှစ်... ရွှစ်...”
လေထုကို ခွင်းလာသော အသံနှစ်သံ ထွက်ပေါ်လာခဲ့သည်။ အနက်နှင့် အဖြူ လူရိပ်နှစ်ခုသည် ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ကို ဘယ်နှင့် ညာမှ ညှပ်၍ တိုက်ခိုက်လာကြလေသည်။
တစ်ဦးက ယင်းဟွမ်ဟွမ်ကို လှမ်းဖမ်းရန် ကြိုးစားပြီး အခြားတစ်ဦးက သူမ၏ လက်ထဲရှိ ကောင်းကင်ဖီးနစ် စောင်းကို လုယူရန် ကြိုးစားလာကြ၏။
သူတို့၏ အမြင်တွင် ဝူယွမ်မှာ အလှပြသက်သက်သာ ဖြစ်ပြီး မည်သည့် ခြိမ်းခြောက်မှုမျှ မပေးနိုင်ဟု ထင်မှတ်ထားသကဲ့သို့ ဝူယွမ်ကို လုံးဝ လျစ်လျူရှုထားပုံရသည်။
“လင်းယွမ်... ခုတ်ပိုင်းလိုက်...”
ဝူယွမ်က သူ၏ လက်ထဲရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားကို လှည့်ပတ်လိုက်လေသည်။ အတော်လေး ဉာဏ်ရည်မြင့်မားနေပြီဖြစ်သော လင်းယွမ်သည် ဝူယွမ်၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားခဲ့၏။
ဓားသွားမှ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး လခြမ်းပုံသဏ္ဍာန် ဓားအရှိန်အဝါ တစ်ခု ထွက်ပေါ်လာခဲ့သည်။
ရှာယန်နှင့် ရှန်ယွမ်တို့မှာ လန့်သွားကြ၏။ ဓားသွားအတွင်းရှိဓားသွားအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားလိုက်ရသဖြင့် သူတို့သည် လျင်မြန်စွာ ပြန်လည်ဆုတ်ခွာသွားကြလေသည်။
သို့သော် သူတို့ ဆုတ်ခွာသွားခဲ့သော်ငြား ဓားအရှိန်အဝါ၏ အမြန်နှုန်းက မြန်ဆန်လွန်းလှပေသည်။ အရင်ဆုံး ဓားချက် ထိမှန်ခံလိုက်ရသော ရှန်ယွမ်မှာ လက်တစ်ဖက် တိုက်ရိုက်ပင် ပြတ်ထွက်သွားခဲ့လေတော့သည်။
သူ၏ အဖြူရောင်ဝတ်ရုံမှာ ချက်ချင်းပင် သွေးများဖြင့် နီရဲသွားခဲ့၏။
အနက်ရောင်ဝတ်စုံနှင့် ရှာယန်မှာမူ လက်မပြတ်သွားခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်ကို ဓားချက် တစ်ချက် ထိမှန်သွားခဲ့လေသည်။
“သူတို့က...”
ယင်းဟွမ်ဟွမ်မှာ ထိတ်လန့်သွားခဲ့၏။ အမှောင်ထဲတွင် ရန်သူများ ပုန်းအောင်းနေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့မိပေ။ ယခုလေးတင် တိုက်ခိုက်လာသော ထိုနှစ်ဦး၏ လုပ်ကြံတိုက်ခိုက်မှုကို သူမ တုံ့ပြန်နိုင်ခဲ့ခြင်း မရှိချေ။
သူမက ဝူယွမ်ကို ဆွံ့အစွာဖြင့် စိုက်ကြည့်နေမိလေသည်။
“ဒါကြောင့်မို့လို့ သူက စောစောက သူမကို မလွှတ်ပေးဘဲ ရင်ခွင်ထဲမှာ တင်းကျပ်စွာ ပွေ့ဖက်ထားခဲ့တာကိုး... သူက သူတို့ ပတ်ဝန်းကျင်က အန္တရာယ်ကို ကြိုတင် အာရုံခံမိနေခဲ့တာပဲ...” သူမ တွေးလိုက်မိ၏။
“နင်တို့တွေက ဘယ်သူတွေလဲ... ငါတို့ကို ချောင်းမြောင်း တိုက်ခိုက်ရဲတယ်ပေါ့လေ၊ နင်တို့ကလည်း မိစ္ဆာအသံတောင်တန်းကြီးက သားရဲတွေပဲလား...”
ယင်းဟွမ်ဟွမ်၏ မျက်နှာပေါ်တွင် ဒေါသများ ပြည့်နှက်နေပြီး အေးစက်စွာ မေးလိုက်လေသည်။
“မင်းတို့ကို ငါ လျော့တွက်မိသွားခဲ့ပြီ၊ ဒီလိုဖြစ်လာမယ်လို့ မထင်ထားခဲ့မိဘူး... မင်းက ငါတို့ နှစ်ယောက်စလုံးကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာပဲ၊ ဒါပေမယ့် ခုနက ငါတို့က ပေါ့ဆသွားလို့ပါ...”
“အခု ယွမ်ဂိုဏ်းက ဝိညာဉ်စစ်သူကြီး ရှစ်ပါးရဲ့ စွမ်းအားကို မင်းတို့ကို ပြသပေးရသေးတာပေါ့...” ယွမ်ဂိုဏ်း၏ ဂုဏ်သတင်းက ပြိုင်ဘက်များကို ကြောက်ရွံ့သွားစေလိမ့်မည်ဟု ယုံကြည်ကာ ရှာယန်က သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်းပင် ထုတ်ဖော်ပြောဆိုလိုက်လေသည်။
အကြီးအကဲ တစ်ဦး ပါဝင်နေသဖြင့် ဤလူများထဲမှ မည်သူကမျှ အသက်ရှင်လျက် ထွက်ခွာသွားနိုင်မည် မဟုတ်ဟု သူထင်နေခဲ့သည်။
“ကောင်စုတ်လေး... ငါ့လက်ကို ဖြတ်ပစ်ရဲတယ်ပေါ့လေ... မင်းကို အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ်ပြီး ဖြည်းဖြည်းချင်း သတ်ပစ်မယ်...”
ရှန်ယွမ်က သူ၏ လက်မှ သွေးထွက်နေသည်ကို ချီစွမ်းအင်ဖြင့် တားဆီးလိုက်ပြီး ဝူယွမ်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်လေသည်။ ရှန်ယွမ်၏ အကြည့်များမှာ သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်နေသည့်အလားပင်။
“ဪ... မင်းတို့က ယွမ်ဂိုဏ်းက ခွေးကောင်တွေပဲ... ဒါဆိုရင် ဒီနေ့ မင်းတို့ကို ငါ သေချာပေါက် အလွတ်မပေးနိုင်တော့ဘူး...”
ဝူယွမ်က ခပ်ဖွဖွ လှောင်ပြုံးပြုံးလိုက်ပြီး ထိုနှစ်ဦးကို ကြည့်လိုက်ကာ သူ၏ သတ်ဖြတ်လိုစိတ် အငွေ့အသက်များမှာ အစစ်အမှန် အရာတစ်ခုအလား ပြန့်နှံ့လာခဲ့လေသည်။
“ဝူယွမ်၊ သတိထားနော်... ဝိညာဉ်စစ်သူကြီးရှစ်ပါးဆိုတာ ယွမ်ဂိုဏ်းရဲ့ ထိပ်တန်း တပည့်တွေပဲ၊ ဒီကို သူတို့ နှစ်ယောက်တည်း လာခဲ့တာ လုံးဝ မဖြစ်နိုင်ဘူး... “
”အမှောင်ထဲမှာ သူတို့ကို ကာကွယ်ပေးနေတဲ့ တခြားသူတွေ ရှိနေးလောက်တယ်၊ နင် သတိထားရမယ်နော်...”
ယင်းဟွမ်ဟွမ်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။
ဝိညာဉ်စစ်သူကြီး ရှစ်ပါးထဲမှ တပည့်နှစ်ဦးတည်းဖြင့် ဝူယွမ်ကို ခြိမ်းခြောက်နိုင်ရန် မလုံလောက်သော်လည်း တစ်ဖက်တွင် အကြီးအကဲ အဆင့်ရှိသူများ ပါဝင်နေမည်ဆိုပါက အန္တရာယ် ရှိလာနိုင်ပေသည်။
“စိတ်မပူပါနဲ့... သူတို့ရဲ့ ဂိုဏ်းချုပ်ကြီး ရောက်မလာသရွေ့ ဘယ်သူကမှ သူတို့ကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး...” ဝူယွမ်က ယင်းဟွမ်ဟွမ်ကို သူ၏ အနောက်ဘက်သို့ တွန်းပို့လိုက်လေသည်။ “နင် ဒီမှာပဲနေ... သူတို့ကို ငါ ရှင်းလိုက်မယ်...”
***