သူတို့ရှေ့က နေရာလွတ်ကြီးက ဟာလာဟင်းလင်း ဖြစ်နေပေမဲ့ ရှောက်ချင်းရဲ့ ခေါင်းနဲ့ မြေပြင် ဆောင့်မိသွားတဲ့ အသံကတော့ ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသည်။
ဒီအသံက လုချန်အတွက် တည်းခိုခန်းမှာ သူခံခဲ့ရတဲ့ ဧရာမသံတူကြီး ပြစ်ဒဏ်ထက် အဆတစ်ရာလောက် ပိုဆိုးရွားနေသလို ခံစားလိုက်ရစေ၏။
သူက ရှောက်ချင်းကို မျက်စိရှေ့မှာတင် ကြည့်နေရတာဖြစ်သည်။
"မင်းအမေ..."
လုချန်က မြေပြင်ပေါ်မှ ကုန်းရုန်းထကာ ယင်စံအိမ်တံခါးဝဆီသို့ နောက်တစ်ကြိမ် ပြေးဝင်သွားပြန်သည်။
"ရိုင်းစိုင်းလှတဲ့ အရပ်သား..."
ယင်ချင်ချင်၏ ဒုတိယဦးလေးက တိုးတိုးလေး ပြောလိုက်ရာ လုချန်မှာ မခုခံနိုင်ဘဲ နောက်တစ်ကြိမ် လွင့်ထွက်သွားရပြန်သည်။
"အမှိုက်ကောင်ကများ ငါ့ရဲ့ အမတ်ချုပ်စံအိမ်မှာ ရိုင်းရိုင်းစိုင်းစိုင်း လာလုပ်ရဲတယ်ပေါ့... မင်းတို့က ပုရွက်ဆိတ်လေးတွေပဲ..."
ယင်ချင်ချင်က မင်းသမီးတစ်ပါးအလား ဟန်ပန်ဖြင့် ဖြည်းညင်းစွာ လျှောက်လာသည်။
"လု မျိုးရိုးနာမည်နဲ့လူ... ငါ့ကို ဆန့်ကျင်ဖို့ ရွေးချယ်လိုက်ကတည်းက ဒီနေ့ဒီရက်ကို ရောက်လာမယ်ဆိုတာ နင် ကြိုတွေးထားသင့်တာ... ဒီဖာသည်မ သေရုံတင်မကဘူး... နင်လည်း ဒီလမ်းကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး... ကဲ... အခု နင့်ကို ပြဇာတ်တစ်ခု ကြည့်ခိုင်းရသေးတာပေါ့... ဟားဟား..."
ယင်ချင်ချင်၏ ရယ်မောသံကြားတွင် အင်္ကျီချွတ်ထားသော အမျိုးသား အကျဉ်းသားငါးယောက်ကို ခေါ်ဆောင်လာခဲ့ကြသည်။
ဒီနေ့ သူတို့ ဘာလုပ်ရမလဲဆိုတာကို သူတို့ ကြိုသိထားပြီးဖြစ်သည်။ လောလောဆယ်တွင် ရှောက်ချင်း၏ ပုံစံက သနားစရာကောင်းနေသော်လည်း သူမက သိသိသာသာကို လှပသူဖြစ်ပြီး ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်က ဒီသေဒဏ်ကျ အကျဉ်းသားငါးယောက်ကို ချက်ချင်း စိတ်ကြွလာစေသည်။
ယင်ချင်ချင်က လှည့်လိုက်ပြီး အကျဉ်းသားငါးယောက်အနားမှ ဖြတ်သွားရင်း ပြောလိုက်သည်။
"သူမ သေတဲ့အထိ ကစားကြ... ဒါဆို နင်တို့ငါးယောက် အသက်ရှင်ရမယ်..."
သူမ စကားပြောပြီးသည်နှင့် လက်ဝှေ့ယမ်းလိုက်ရာ သေဒဏ်ကျ အကျဉ်းသားငါးယောက်သည် အစာတွေ့သွားသော ဆာလောင်နေသည့် သားရဲများအလား သတိလစ်နေသော ရှောက်ချင်းဆီသို့ ချက်ချင်း ပြေးဝင်သွားကြသည်။
"နေဦး... သူမကို ရေအရင်ပက်နှိုးလိုက်ဦးမယ်..."
ဒီအတိုင်းဆိုလျှင် ရှောက်ချင်းကို အဆုံးစွန်ထိ နှိပ်စက်ရာမရောက်ကြောင်း အဘွားအိုက ရှင်းရှင်းလင်းလင်း နားလည်ထားရာ အစေခံတစ်ယောက်ကို ရေခဲရေတစ်ပုံး သွားယူခိုင်းထားခဲ့သည်။
ရေခဲရေက အအေးငွေ့များ ထွက်နေဆဲပင်။ ထိုရေခဲရေများ ရှောက်ချင်းအပေါ်သို့ ပက်ခံလိုက်ရသောအခါ သူမက ရေနစ်နေသလိုမျိုး ချက်ချင်း သီးသွားပြီး ချောင်းဆိုးလာလေသည်။
သူမ မျက်လုံးဖွင့်လိုက်သည့် ခဏမှာပင် အင်္ကျီချွတ်ထားသော အကျဉ်းသားငါးယောက် သူမရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရပြီး စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
အကျဉ်းသားငါးယောက်၏ မျက်လုံးများက ယုတ်မာညစ်ညမ်းမှုများဖြင့် ပြည့်နှက်နေပြီး သူတို့၏ ယုတ်မာသော ရယ်မောသံများကြားတွင် မည်းနက်နေသော လက်ကြီးများက ရှောက်ချင်းကိုယ်ပေါ်ရှိ ဂါဝန်ရှည်ကို ဆွဲဆုတ်ရန် လှမ်းလာကြသည်။
"လာစမ်း... လု မျိုးရိုးနာမည်နဲ့လူ... နင့်မျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်ထားစမ်း... နင့်မိန်းမ ဘယ်လို အသေခံရလဲဆိုတာကို သေချာကြည့်ထား..."
ယင်ချင်ချင်က စကားပြောနေစဉ် အားကောင်းသော အင်အားတစ်ခုက လုချန်ကို ချည်နှောင်လိုက်ပြီး သူ့ကို ဘာမှလုပ်မရအောင် တားဆီးထားလိုက်သည်။
"ရွှတ်" ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီး ရှောက်ချင်း၏ ခြေသလုံးလေးများ လေထဲတွင် ပေါ်လာသည်။ သွယ်လျလှပသော ပုံစံလေးကို မြင်လိုက်ရသောအခါ အကျဉ်းသားငါးယောက်မှာ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။
လုချန်၏ မျက်လုံးများက သွေးရောင်လွှမ်းနေပြီဖြစ်သည်။
"သေလိုက်ကြ... မင်းတို့အားလုံး သေရမယ်... ဒီကိစ္စမှာ ပါဝင်ပတ်သက်သူ ဘယ်သူမှ အသက်မရှင်စေရဘူး..."
"အမှိုက်ကောင်ကများ ဒီလောက်တောင် ရူးရူးမိုက်မိုက် ပြောရဲတယ်ပေါ့... ဒီနေ့ မင်း အသက်ရှင်အောင် အရင်နေနိုင်မှ ဆက်ပြောစမ်းပါ..."
ယင်ချင်ချင်၏ ဒုတိယဦးလေး မျက်လုံးများက အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
အကျဉ်းသားတစ်ယောက်က သူ၏ ရင်ဘတ်ထဲမှ သားရဲဆန်ဆန် ဆန္ဒကို ဆက်မထိန်းထားနိုင်တော့ဘဲ သူ၏ မည်းနက်နေသော လက်ကြီးများက ရှောက်ချင်း၏ ပြည့်ဖြိုးနေသော ရင်သားများဆီသို့ လှမ်းသွားလေသည်။
ရှောက်ချင်းမှာ အရပ်မျက်နှာအသီးသီးမှ ပြင်းထန်စွာ ဖိချခံထားရပြီး သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှုများသာ ပြည့်နှက်နေတော့၏။
ယင်ချင်ချင်၏ ရယ်မောသံက ပိုမိုကျယ်လောင်လာသည်။
"သူမကို ကစားကြ... အကြမ်းပတမ်း ကစားကြ... ငါ ယင်ချင်ချင်ကို ဆန့်ကျင်တဲ့ အကျိုးဆက်က ဘာလဲဆိုတာ လူတိုင်း သိပါစေ..."
သို့သော် ယင်ချင်ချင်၏ ရယ်မောသံ မဆုံးမီမှာပင် အကျဉ်းသားငါးယောက်၏ မျက်လုံးများက ရုတ်တရက် လွတ်ဟာသွားသည်။
နောက်တစ်စက္ကန့်တွင် သူတို့ငါးယောက်လုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားပြီး သွေးမြူခိုးများအဖြစ် ပြန့်ကျဲသွားလေသည်။
ယင်စံအိမ်အထက်ရှိ ကောင်းကင်ကြီးက ချက်ချင်းဆိုသလို အမှောင်အတိ ကျဆင်းသွားတော့သည်။
တစ်ချိန်တည်းမှာပင် ကပ်ဘေးကျော်ဖြတ်ခြင်း ဒုတိယအဆင့် ပညာရှင်ဖြစ်သော ယင်ချင်ချင်၏ ဒုတိယဦးလေးမှာ သွေးစိမ်းများ တစ်လုတ် အန်ချလိုက်ရပြီး တစ်ဖက်သို့ လွင့်စင်သွားကာ ယင်စံအိမ်၏ မြင့်မားလှသော ခြံစည်းရိုးတံတိုင်းကြီးနှင့် ဝင်ဆောင့်မိသွားရာ တံတိုင်းကြီးမှာ ချက်ချင်း ပြိုကျသွားလေသည်။
သူရပ်နေခဲ့သော နေရာတွင် ယခုအခါ ငွေရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းတစ်ယောက် ရပ်နေ၏။
"သူဌေးလု... ကျုပ်တို့ ရောက်လာတာ နောက်ကျသွားတယ်..."
လုချန်က ချည်နှောင်ထားမှုမှ လွတ်ကင်းသွားပြီး ရှောက်ချင်းအနားသို့ အပြေးအလွှား သွားလိုက်သည်။
သူ မြင်လိုက်ရသည်က ကောင်မလေး၏ မျက်ဝန်းများထဲတွင် လုံးလုံးလျားလျား သေဆုံးနေသော အရိပ်အယောင်များ ပြည့်နှက်နေခြင်းပင်။
"ငါ တောင်းပန်ပါတယ်..."
သူက ရှောက်ချင်းကို ပွေ့ချီလိုက်ပြီး နောက်တစ်စက္ကန့်မှာပင် တည်းခိုခန်းဆီသို့ ပြေးထွက်သွားလေသည်။
"သူဌေးလု..."
တုကူးဖူကွေ့၏ ဝတုတ်ကြီး ခန္ဓာကိုယ်ကြီးက သူ၏ရှေ့တွင် ပေါ်လာသည်။ တုကူးဖူကွေ့နောက်တွင် လူအများအပြား လိုက်ပါလာကြပြီး လုချန်ကို ကြည့်နေသော သူတို့၏ အကြည့်များက ဖော်ပြ၍မရနိုင်လောက်အောင် ရှုပ်ထွေးနေကြသည်။
လုချန်က သူတို့အနားမှ ဖြတ်လျှောက်သွားစဉ် ခဏတာ ရပ်တန့်လိုက်သည်။
"သူတို့ကို သတ်ပစ်လိုက်... ဒါဆို မဟာယာနအဆင့်ကို ဝင်ရောက်နိုင်မယ့် အခွင့်အရေးကို ခင်ဗျားတို့ကို ကျုပ် ပြောပြမယ်..."
စကားပြောပြီးနောက် လုချန်က လေထဲသို့ ပျံတက်သွားလေသည်။
စောစောက ခဏတာ ရပ်တန့်သွားချိန်အတွင်း လူတိုင်းက လုချန်၏ ရင်ခွင်ထဲရှိ ကောင်မလေး၏ ပုံစံကို မြင်တွေ့လိုက်ရသည်။ မည်မျှလောက်တောင် ရက်စက်ယုတ်မာသော သူကများ မိန်းကလေးတစ်ယောက်ကို ဤအခြေအနေထိရောက်အောင် နှိပ်စက်ရက်သနည်းဆိုသည်ကို သူတို့ တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။ သူမ၏ မျက်ဝန်းထဲမှ သေဆုံးနေသော အရိပ်အယောင်က သူတို့အားလုံးကိုပါ နာကျင်လာစေသည်။
"သူဌေးလုက သတ်ဖို့ပြောမှတော့ သူတို့အားလုံးကို သတ်ပစ်လိုက်ကြတာပေါ့..."
ယင်ချင်ချင်က ကောင်းကင်ထက်တွင် ရုတ်တရက် ပေါ်လာသော များပြားလှသည့် ပညာရှင်များကို မြင်လိုက်ရသောအခါ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"ဒုတိယဦးလေး..."
သူမက ကာကွယ်မှုရယူရန် ကြိုးစားလိုက်သည်။
သို့သော် ကပ်ဘေးကျော်ဖြတ်ခြင်း ဒုတိယအဆင့်မျှသာရှိသော သူမ၏ ဒုတိယဦးလေးက ဤမျှများပြားလှသော ကပ်ဘေးကျော်ဖြတ်ခြင်း စတုတ္ထအဆင့် ပညာရှင်များရှေ့တွင် ဘာလုပ်နိုင်ပါမည်နည်း။ အသက်အနည်းငယ် ရှူသွင်းရှူထုတ် အချိန်လေးအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ရိုက်ချိုးခံလိုက်ရလေသည်။
ဝုန်းကနဲ မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး ယင်စံအိမ်၏ တံတိုင်းများ ပြိုလဲသွားကာ အဆောက်အအုံများအားလုံး လုံးဝ ပျက်စီးသွားလေသည်။ ယင်စံအိမ်တစ်ခုလုံးတွင် အော်ဟစ်သံများ ပဲ့တင်ထပ်သွားသည်။
"အမေ... သားကို ကယ်ပါဦး..."
လေထဲတွင် မျက်နှာပျက်ယွင်းနေသော လူငယ်တစ်ယောက်ကို တစ်စုံတစ်ယောက်က ကြီးမားလှသော မှော်စွမ်းအားကို အသုံးပြု၍ ဖမ်းဆုပ်ထားလိုက်သည်။
"ကျန်းအာ..."
ယင်ချင်ချင်က သူ့ဆီသို့ ပြေးသွားလိုက်သည်။
"ဘုန်း..."
သွေးမြူခိုးများ ပေါက်ကွဲထွက်လာပြီး ယင်ကျန်းတစ်ယောက် အစအနပင်မကျန်အောင် ဖျက်ဆီးခံလိုက်ရလေသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘာလို့ ဒီလိုဖြစ်ရတာလဲ..."
ယင်ချင်ချင်က အရာအားလုံးကို မယုံနိုင်စွာဖြင့် ကြည့်နေမိသည်။ ပညာရှင်များက များပြားလွန်းလှပြီး နှစ်ဆယ်ကျော်ခန့်က ကပ်ဘေးကျော်ဖြတ်ခြင်း စတုတ္ထအဆင့်နှင့် ၎င်းအထက်တွင် ရှိနေကြသည်။ သူတို့၏ ယင်မိသားစုက လုံးဝ မခုခံနိုင်ပေ။ ဒါက လူသတ်ပွဲသက်သက်ပင် ဖြစ်သည်။
ရှအင်ပါယာ၏ အမတ်ချုပ်စံအိမ်ကြီး ဒီလိုမျိုးပဲ ပျက်စီးသွားခဲ့လေပြီ။
နန်းတော်အတွင်း၌ အမတ်ချုပ်စံအိမ်ကြီး အစအနပင်မကျန် ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း သတင်းရရှိသွားသည်။
နန်းတွင်းစာကြည့်ဆောင်အတွင်း၌ အရှင်မင်းကြီး၏ မျက်နှာမှာ တင်းမာနေသည်။ ဤတစ်ကြိမ်တွင်တော့ သူ တကယ်ကို ဆုံးဖြတ်ချက်အမှားကြီးချမိသွားပြီဆိုတာကို သူ သိလိုက်သည်။
"အဝတ်အစားတွေ သွားပြင်ထားလိုက်... ဘိုးဘေးကြီးကို တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာဖို့ ပင့်ဖိတ်ရမယ့် အချိန်ရောက်ပြီ..."
"အရှင်မင်းမြတ်... ဒါက..."
မိန်းမစိုးက ပါးစပ်ဟလိုက်သည်။ ရှအင်ပါယာ၏ ဘိုးဘေးကြီးဆိုသည်မှာ ကပ်ဘေးကျော်ဖြတ်ခြင်း အဋ္ဌမအဆင့်ရှိ အားကောင်းလှသော တည်ရှိမှုတစ်ခုဖြစ်ပြီး သေမင်းတံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ တံခါးပိတ်ကျင့်ကြံခြင်း မဝင်မီက ရှအင်ပါယာ လုံးလုံးလျားလျား ပျက်စီးမည့်အန္တရာယ်နှင့် မရင်ဆိုင်ရပါက မည်သူမျှ သူ့ကို မပင့်ဖိတ်ရန် မိန့်ကြားခဲ့ဖူးသည်။
"သွားပြင်ထားလိုက်..."
အရှင်မင်းကြီးက လက်ယမ်းလိုက်သည်။
မြို့တော်ထဲတွင် စွန်းဝမ်သည် အမတ်ချုပ်စံအိမ်မှ ထွက်ပေါ်လာသော လှုပ်ရှားမှုများကို အာရုံခံမိနေပြီဖြစ်ပြီး သူ၏ ပထမတပည့်ကိုလည်း ရှာတွေ့သွားခဲ့ပြီဖြစ်သည်။
"ဆရာ..."
ကျန်းယိက စွန်းဝမ်ကို မြင်သည်နှင့် အော်ဟစ်ကာ ပြေးထွက်လာသည်။
"ဆရာ့တပည့်အတွက် တရားမျှတမှု ရှာပေးရမယ်... အဲဒီ အမတ်ချုပ်စံအိမ်က သူတို့အာဏာကိုသုံးပြီး အနိုင်ကျင့်တယ်... ပြီးတော့ ခိုးယူ..."
"ယုတ်မာတဲ့ တပည့်မိုက်..."
စွန်းဝမ်က သူ့ကို ကျယ်လောင်သော ပါးရိုက်သံတစ်ခုနှင့်အတူ တုံ့ပြန်လိုက်သည်။ ထိုရိုက်ချက်က အလွန်ပြင်းထန်လှသဖြင့် ကျန်းယိကို မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားစေသည်။
ရှောက်မိသားစု စံအိမ်အတွင်း၌။
ရှောက်ချင်း၏ ဒေါ်လေးမှာ ထိုကျောက်စိမ်းလက်ကောက်များကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပွတ်သပ်နေဆဲဖြစ်သည်။
ထိုစဉ် ဝုန်းကနဲ အသံနှင့်အတူ ကြီးမားသော ကျောက်တုံးကြီးအချို့ တံခါးအပြင်ဘက်မှ လွင့်စင်ဝင်လာသည်။
"ရှောက်မိသားစု... သေဖို့သာ ပြင်ထားလိုက်တော့..."
ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်နှစ်ဦးက ရှောက်မိသားစုအထက်သို့ ရောက်ရှိလာသည်။
ရှောက်ချင်း၏ ဖခင်၊ ရှောက်မိသားစုခေါင်းဆောင်က ထိတ်လန့်တကြား ထွက်ပေါ်လာသည်။ ထိုသို့သော ပညာရှင်များကို မြင်လိုက်ရသောအခါ သူက မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်ချလိုက်သည်။
"ဘယ်သူက ချင်စီ လဲ..."
ဒီ ချင်စီ ဆိုသည်မှာ ရှောက်ချင်း၏ ဒေါ်လေးပင်ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ရှောက်မိသားစုခေါင်းဆောင်က ဒီမိန်းမ ပြဿနာရှာပြန်ပြီဆိုတာကို ချက်ချင်း ခန့်မှန်းမိသွားပြီး ချင်စီကို အပြင်သို့ ခေါ်ထုတ်လာရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
"ငါ့ကို လာမထိနဲ့..."
ရှောက်ချင်း၏ ဒေါ်လေးက မကျေမနပ်ဖြစ်နေပုံဖြင့် ရှောက်မိသားစုခေါင်းဆောင် လွှတ်လိုက်သော အစေခံများကို ဆဲဆိုကြိမ်းမောင်းနေသည်။ သူမ ပင်မခြံဝင်းထဲသို့ ရောက်လာပြီး မော့ကြည့်ကာ မေးလိုက်သည်။
"ငါ့ကို ဘယ်သူရှာနေတာလဲ..."
"ငါ မေးမယ်... သခင်မလေးရှောက်ချင်းနဲ့ ဓာတ်ကြီးငါးပါးခန်းမက ပထမတပည့်တို့ကြားမှာ အရင်ကတည်းက စေ့စပ်ထားတယ်ဆိုပြီး တော်ဝင်နန်းတွင်း ကိုယ်ရံတော်တွေကို မင်း ပြောလိုက်တာလား..."
ရှောက်မိသားစုခေါင်းဆောင်၏ မျက်နှာက ပြောင်းလဲသွားသည်။
"ဒါကို ငါ ဘာလို့ မသိရတာလဲ..."
ရှောက်ချင်း၏ ဒေါ်လေးက သူ့ကို တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် ကောင်းကင်ယံသို့ ပြန်ဖြေလိုက်သည်။
"ကျွန်မ ပြောလိုက်တာ... ရှင်တို့က ကျွန်မကို အပြစ်ပေးဖို့ လာတာလား... ကျွန်မ သတိပေးလိုက်မယ်နော်... ဓာတ်ကြီးငါးပါးခန်းမက ပထမအဆင့်ဂိုဏ်းပဲ... ရှင်တို့သာ ကျွန်မကို စော်ကားမိရင် ဓာတ်ကြီးငါးပါးခန်းမရဲ့ လက်စားချေမှုကို ရင်ဆိုင်ဖို့ ပြင်ထားလိုက်တော့..."
"ငတုံးမ..."
ရှောက်မိသားစုခေါင်းဆောင်က မတ်တပ်ရပ်လိုက်ပြီး ရှောက်ချင်း၏ ဒေါ်လေးကို ပါးဖြတ်ရိုက်လိုက်သည်။
"သေချာကြည့်စမ်း... အပေါ်ကလူတွေက ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်တွေကွ..."
"မင်း ဝန်ခံတာနဲ့တင် လုံလောက်ပြီ... ရှောက်မိသားစု... မျိုးပြုတ်ဖို့သာ ပြင်ထားလိုက်တော့..."
လျှပ်စီးကြောင်းတစ်ခု ပစ်ချလိုက်ပြီး ရှောက်မိသားစု စံအိမ်တစ်ခုလုံးတွင် အော်ဟစ်သံများ ပဲ့တင်ထပ်သွားတော့သည်။
*