" ရဲ့ဟိုင် "
ရဲ့ဟိုင်သည် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်နှင့် ထွက်ခွာတော့မည်ကို မြင်သောအခါ လုရန်ရန်က သူမဤအချိန်တွင် မနှုတ်ဆက်လျှင် အချိန်အကြာကြီး မတွေ့ရတော့ဘူးဆိုတာ ခံစားမိသောကြောင့် အရဲကိုးကာ ရဲ့ဟိုင်ကို တားမြစ်လိုက်ခြင်းဖြစ်၏။
တစ်ဖက်တွင် ရဲ့ဟိုင်ကလဲ လုရန်ရန်ကို ပြုံးကာကြည့်လိုက်ပြီး...
" လုရန်ရန် ဘာလို့လဲ "
" နင် .. နင် ဘယ်သွားမလို့လဲ "
" အနောက်ဘက်နယ်မြေ "
" အဲ့တာဆို ငါ့ကိုနင်နဲ့အတူ ခေါ်သွားလို့ရမလား "
လုရန်ရန် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်ကို မဝံ့မရဲကြည့်လိုက်ပြီး ရဲ့ဟိုင်အား တီးတိုးပြောလိုက်သည်။
" မဟုတ်ဘူး .. နင်လိုက်လို့မရဘူး၊ ဘာလို့လဲဆိုတော့ ငါက အနောက်ဘက်နယ်မြေကိုသွားပြီးရင် အခြားနေရာကို ထွက်သွားတော့မှာမို့လို့ပဲ "
ရဲ့ဟိုင် ခေါင်းခါယမ်းကာ ပြောလိုက်၏။
" အခြားနေရာဟုတ်လား ဘယ်နေရာကိုသွားမလို့လဲ "
လုရန်ရန် တအံ့တဩဖြင့် ပြန်မေးလိုက်သည်။
" အရမ်းဝေးတဲ့ နေရာပေါ့ "
" ဘယ်လောက်ဝေးလဲ "
" အဲ့တာက အင်မော်တယ်ဘုံပဲ "
" အင်မော်တယ်ဘုံ ဟုတ်လား "
လုရန်ရန် မျက်လုံးပြူးကျယ်သွားပြီး ရဲ့ဟိုင်ကိုကြည့်ကာ...
" ဒါဆိုနင်က ကောင်းကင်ဘုံက မဟုတ်ဘူးပေါ့ "
" ဟုတ်တယ် "
" အဲ့တာဆို ငါအနာဂါတ်မှာ နင့်ကိုဘယ်လိုလာရှာရမလဲ "
လုရန်ရန် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
" နင့်စွမ်းအားက အထွတ်အထိပ်ကို ရောက်တဲ့အချိန်ကျရင် အင်မော်တယ်ဘုံကိုသာ ဆင်းလာခဲ့၊ အဲ့ဒီအချိန်ကျရင် ငါကလဲ အင်မော်တယ်ဘုံမှာ လူမသိသူမသိတစ်ယောက် ဖြစ်နေမှာမဟုတ်ဘူးလို့ ယုံကြည်တယ် "
" ကောင်းပြီ ငါသွားတော့မယ် "
ရဲ့ဟိုင် ထိုသို့ပြောပြီးသည်နှင့် လုရန်ရန်အား နှုတ်ဆက်လိုက်သည်။
" နင်ငါနဲ့ တကယ်ပဲ စကားမပြောချင်ဘူးလား "
လုရန်ရန်၏ ထိုစကားက ရဲ့ဟိုင်ကို အံ့အားသင့်သွားစေ၏။
" မဟုတ်ပါဘူး .. ဘာလို့လဲ "
" နင်အခု စကားနည်းနည်းလေးပဲ ပြောရသေးတယ် ဘာလို့အသည်းအသန် ထွက်သွားဖို့အတွက် ကြိုးစားနေတာလဲ "
" အဲ့လိုမဟုတ်ဘူး .. ငါ .. "
ရဲ့ဟိုင် အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်ကို လှမ်းကာကြည့်လိုက်သည်။ သူတကယ်တော့ အမြန်ထွက်သွားဖို့ ကြိုးစားခဲ့ခြင်းမှာ အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်၏ အချိန်များကို ဖြုန်းတီးသလိုဖြစ်သွားမှာ စိုးရိမ်၍ပင်။
" ကောင်လေး စိတ်မပူနဲ့ .. မင်းတို့နှစ်ယောက် ကြိုက်သလောက်စကားပြောကြ၊ ငါအေးအေးဆေးဆေး စောင့်နေလို့ရတယ် "
အစွန်းနှစ်ဖက် အင်မော်တယ်ဘုရင် ပြုံးကာပြောလိုက်ပြီး...
" ကောင်လေး ဒီကောင်မလေးက မဆိုးဘူး မင်းသူ့ကို စဥ်းစားလို့ရတယ်နော် "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင်၏ ထိုကဲ့သို့ တည့်တိုးပြောလိုက်သောစကားက ရဲ့ဟိုင်ကို ရှက်ရွံ့သွားစေ၏။ တစ်ဖက်တွင် လုရန်ရန်၏ မျက်နှာတစ်ခုလုံးကလည်း နီရဲတောက်သွားသည်။
တစ်ခဏစဥ်းစားပြီးနောက် လုရန်ရန် သူမ၏လည်ပင်းမှ ကျောက်စိမ်းဆွဲကြိုးလေးကို ဖြုတ်လိုက်ပြီး ရဲ့ဟိုင်အားပေးလိုက်၏။
" ဒါက ငါ့အမေပေးထားခဲ့တဲ့ နောက်ဆုံးအမွေအနှစ်ပဲ နင့်ကိုပေးလိုက်မယ် "
" မဟုတ်ဘူး အဲ့တာကို ငါလက်မခံဘူး "
ရဲ့ဟိုင် အလန့်တကြားဖြင့် ငြင်းဆန်လိုက်သည်။
" နင်လက်မခံဘူးဆိုရင် ငါအခုချက်ချင်း ဖျက်ဆီးပစ်မယ် "
လုရန်ရန်က ၎င်းကျောက်စိမ်းဆွဲကြိုးကို ဖျက်ဆီးရန်ကြိုးစားသည်မြင်သောအခါ ရဲ့ဟိုင် သူမကို အလျင်အမြန် တားလိုက်၏။
" ကောင်းပြီ ငါယူလိုက်မယ် ရပြီလား "
" မဟုတ်ဘူး နင်အခုချက်ချင်းဝတ်ရမယ် "
" စိတ်မပူနဲ့ ငါအိမ်ပြန်ရောက်တာနဲ့ ဝတ်လိုက်မယ် "
" မဟုတ်ဘူး နင်ငါ့ကိုလိမ်ဖို့ ကြိုးစားနေတာ "
လုရန်ရန်ချက်ချင်းပင် ရဲ့ဟိုင်၏အနောက်သို့လျှောက်သွားပြီး ကျောက်စိမ်းဆွဲကြိုးလေးအား သူ၏လည်ပင်းတွင် သေချာဝတ်ပေးလိုက်သည်။
ရဲ့ဟိုင်သည် ချက်ချင်းပင် ၎င်းကျောက်စိမ်းဆွဲသီးမှ လက်ဆတ်လှသော အပျိုစင်မွှေးရနံ့ကို ရရှိလိုက်လေ၏။
ထိုအချိန်တွင် လုရန်ရန်၏ မက်မွန်ရောင်နှုတ်ခမ်းဖူးဖူးလေးက ရဲ့ဟိုင်၏ နား သို့ကပ်ကာ...
" အင်မော်တယ်ဘုံမှာ ငါ့ကိုဆက်ဆက်စောင့်နေ "
လုရန်ရန် ထိုသို့ပြောပြီးသည်နှင့် ချာခနဲလှည့်ကာ ထွက်လာလေသည်။
သို့သော် ရဲ့ဟိုင်က သူမ၏လက်ကို ဖမ်းကာဆွဲပြီး တားမြစ်လိုက်၏။
" နင်ဘယ်သွားမလို့လဲ "
" ငါ .. "
တစ်ဖက်တွင် လုရန်ရန်က ရှက်ရွံ့နေပြီး ဘာပြောရမှန်းမသိတော့ပေ။ သူမ၏ခံစားချက်များကို ယောကျ်ားတစ်ယောက်အား ဘယ်တုန်းကမှ ဝန်မခံဖူးဘူးဖြစ်သည်။
" ငါ့ကိုစောင့်နေ " ဟူသော စကားလုံးအတွက်တောင်မှ လုရန်ရန်က သူမ၏သတ္တိအားလုံးကို ထုတ်သုံးကာ ပြောခဲ့ခြင်းဖြစ်၏။ ထိုစကားကို ပြောပြီးသည့်အချိန်တွင် သူမမှာ ခွန်အားမရှိတော့သလို ခန္ဓာကိုယ်တစ်ခုလုံး အားလျော့သွားခဲ့သည်။
ယခုအချိန်၌ သူမ ရဲ့ဟိုင်အရှေ့ကနေ အဝေးကိုသာ ထွက်ပြေးချင်စိတ်တစ်ခုတည်း ရှိတော့၏။ သို့သော် သူမ မမျှော်လင့်ထားသည့်အရာမှာ ရဲ့ဟိုင်က သူမလက်ကိုဖမ်းဆွဲ၍ တားမြစ်လာခြင်းပင်။
ထိုအချိန်တွင် ရဲ့ဟိုင်၏လက်ထဲ၌ ကျောက်စိမ်းလက်ကောက်တစ်ကွင်းက ထွက်ပေါ်လာသည်။ထိုကျောက်စိမ်းလက်ကောက် ထွက်ပေါ်လာသည်နှင့် ကြောက်စရာကောင်းသော လျှပ်စီးက ဖျတ်ခနဲ လက်သွားခဲ့၏။
ထိုလျှပ်စီးသည် ကောင်းကင်မိုးကြိုးကပ်ဘေး၏ လျှပ်စီးဖြစ်ပြီး မည်သည့်သက်ရှိကိုမဆို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိစေနိုင်သော ကြောက်စရာ အဖျက်စွမ်းအားပါဝင်သည့် လျှပ်စီးဖြစ်သည်။
ပုံမှန်အတိုင်းဆိုလျှင် ရဲ့ဟိုင်သည် ဤကဲ့သို့သော ကြောက်စရာကောင်းသည့် လျှပ်စီးကို ကျောက်စိမ်းလက်ကောက်ထဲတွင် ချိတ်ပိတ်ပြီး သိမ်းဆည်းရန်အတွက် လုံးဝမဖြစ်နိုင်ချေ။ သို့သော်လည်း ထိုအချိန်တွင် သူ၏ဘေးနား၌ ရွှမ်ဟွမ်ဝိညာဥ်ခေါင်းလောင်း ရှိနေခဲ့သောကြောင့် ဤကဲ့သို့ ကျောက်စိမ်းလက်ကောက်ထဲ ကောင်းကင်ကပ်ဘေး မိုးကြိုးလျှပ်စီးများကို ချိတ်ပိတ်ထားနိုင်ခဲ့ခြင်းဖြစ်၏။
" ဒီလိုထူးဆန်းတဲ့ ကျောက်စိမ်းလက်ကောက် "
အစွန်းနှစ်ဖက်အင်မော်တယ်ဘုရင် ရဲ့ဟိုင်ကို အံ့အားသင့်မှုအချို့နှင့် ကြည့်လိုက်ပြီး...
" အထဲမှာချိတ်ပိတ်ထားတဲ့ ကပ်ဘေးမိုးကြိုးစွမ်းအားက အင်မော်တယ်သခင်အဆင့် ( 8 ) ကျင့်ကြံသူတွေကိုတောင်မှ သေစေနိုင်တယ် "
တစ်ဖက်တွင် ထိုစကားကြားသောအခါ လုရန်ရန်၏ မျက်လုံးထဲ၌ ထူးခြားသော ပုံရိပ်ယောင်အချို့ကလည်း ဖြစ်ပေါ်လာသည်။
" လုရန်ရန် မင်းဒီကျောက်စိမ်းလက်ကောက်ကို အမြဲတမ်းဝတ်ထားဖို့သတိရ သူ့ရဲ့အပေါ်ယံမျက်နှာပြင်မှာလည်း အတားအဆီးအကာအကွယ်အလွှာ တစ်ခုရှိတယ်၊ အဲ့ဒီအကာအကွယ် အတားအဆီးအလွှာက အင်မော်တယ်သခင် ပထမအဆင့် ဒါမှမဟုတ် ဒုတိယအဆင့်တွေတောင် အဲ့ဒီအကာအကွယ်အလွှာကိုဖြတ်ပြီးတော့ မင်းကိုဘာမှမလုပ်နိုင်ဘူး "
ရဲ့ဟိုင် လုရန်ရန်ကို ကျောက်စိမ်းလက်ကောက်၏ အခြေအနေအား သေချာရှင်းပြလိုက်၏။
" ဒါက ငါ့အတွက်လား "
လုရန်ရန်သည် ဤကျောက်စိမ်းလက်ကောက်က မည်မျှအဖိုးတန်သည်ဆိုတာကို အဘယ့်ကြောင့်မမြင်ဘဲနေမည်နည်း။ ထို့ကြောင့် သူမအလွန်ပင် စိတ်လှုပ်ရှားလာသည်။
ရဲ့ဟိုင်ခေါင်းညိတ်လိုက်၏။
တကယ်တော့ ဤလက်ကောက်က လုရန်ရန်အတွက် မဟုတ်ချေ။ သို့သော် ရဲ့ဟိုင်တွင် လက်ရှိအချိန်၌ လုရန်ရန်ကို ကောင်းမွန်သည့်အရာတစ်ခုပေးရန် ဘာမှမရှိဘူးဖြစ်သည်။ ထို့ကြောင့် ဤကျောက်စိမ်းလက်ကောက်ကိုသာ ပြန်လည်၍ ထုတ်ပေးရခြင်းဖြစ်၏။
" ငါ့ကိုဝတ်ပေး "
လုရန်ရန်က သူမ၏ နုဖက်စိမ်းစိုနေသော ကျောက်စိမ်းရောင်လက်လေးကိုဆန့်ထုတ်ပြီး ပြောလိုက်သည်။
ရဲ့ဟိုင် တစ်ခဏတုံ့ဆိုင်းပြီးနောက် သူမ၏လက်တွင် လက်ကောက်ကို သေချာဝတ်ပေးလိုက်၏။
" အရမ်းကြိုက်တယ် "
တကယ်တော့ လုရန်ရန်သည် ရဲ့ဟိုင်ပေးသောလက်ဆောင်ကို ဂရုစိုက်ခြင်းမရှိပေ။ ရဲ့ဟိုင်စိတ်ထဲတွင် သူမရှိမရှိဆိုတာကိုသာ ဂရုစိုက်ခြင်းဖြစ်သည်။ ယခုရဲ့ဟိုင်က ဤကဲ့သို့ လက်ဆောင်ပြန်ပေးလာသဖြင့် သူ၏စိတ်ထဲတွင် မိမိရှိနေသည်ဆိုတာကို ဖော်ပြနေခဲ့၏။
***