လွန်ခဲ့သည့် ဆယ်စုနှစ်ပိုင်းက ဘူရီမြို့အကြောင်း ပြန်ပြောပြရမည်ဆိုလျှင်...
ဘူရီမြို့ကို ထိန်းချုပ်ထားသူမှာ ခွန်ယင်းအာမှန်း လူတိုင်းသိရှိသွားသည့်အချိန် အရှေ့တိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် ရဲ့ဟိုင်က ဘူရီမြို့၏ နောက်ကွယ်မှ သခင်ဖြစ်ကြောင်းကိုလည်း သိရှိလိုက်ကြ၏။
သို့သော် ကျိုးဒူအာအတွက် ရဲ့ဟိုင် ကျိန်စာကိုဝင်ပြီးတော့ ကြားခံလိုက်ကတည်းက ရဲ့ဟိုင်အားဝေဖန်နေသော အသံများမှာ အရှေ့ပိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် နေရာအနှံ့ ပျံ့နှံ့နေသည်။
ရဲ့ဟိုင်သည် ( 7 ) နှစ်ကြာပြီးနောက် ဖရိုဖရဲတောင်တန်းတွင်ပေါ်လာပြီး ကျင့်ကြံအဆင့်က ကျောက်စိမ်းအင်မော်တယ်အဆင့်တွင်သာ ဆက်ရှိနေသော အဖြစ်အပျက်ကလဲ လူများကိုပို၍ပင် ဝေဖန်မှု ဖြစ်ပေါ်သွားစေ၏။
ထို့အပြင် ရဲ့ဟိုင်မှာ ဖရိုဖရဲတောင်ပေါ်၌ လေဟာနယ်အက်ကွဲကြောင်းထဲ ကျရောက်သွားခဲ့သည်။
ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်း သုံးနှစ်ထပ်ကြာသွားသောအခါ သတင်းမကြားတော့သဖြင့် ကျင့်ကြံသူတော်တော်များများသည် ရဲ့ဟိုင် ထိုလေဟာနယ်အက်ကွဲကြောင်းထဲတွင် သေဆုံးသွားပြီဟု သံသယရှိလာကြလေ၏။
" ငါအခုထိစဥ်းစားမရတာက ရဲ့ဟိုင်ဆိုတဲ့ကောင် ဘယ်လိုဦးနှောက်မျိုးနဲ့ လူလဲဆိုတာပဲ၊ အစေခံတစ်ယောက်ဖြစ်တဲ့ ကျိုးဒူအာလိုလူအတွက် သူ့ကိုယ်သူစတေးလိုက်တာက ထိုက်တန်တယ်လို့ မင်းတို့ထင်လား "
ဘူရီမြို့၏ ခြံဝန်းတစ်ခုထဲတွင် လူငယ်အမျိုးသား၊ အမျိုးသမီး တစ်ဒါဇင်ကျော်က ဝိုင်းထိုင်ကာ စကားပြောနေကြ၏။
" အသေအချာပဲ အဲ့ကောင်ဘယ်လို ဦးနှောက်နဲ့ စဥ်းစားတွေးခေါ်လဲဆိုတာ ငါလဲနားမလည်ဘူး၊ သူ့ရဲ့ကံတရားအရဆိုရင် လက်ရှိအချိန်လောက်ဆိုသူက ရွှေအင်မော်တယ်အဆင့် ( 26 ) ဒါမှမဟုတ် ( 27 ) လောက်ကို ရောက်နေလောက်ပြီ "
" ငါကတော့ သူအဆင့် ( 30 ) အထက်တောင်မှ ဖြစ်နေနိုင်တယ်လို့ထင်တယ် "
" တော်လိုက်ကြတော့ .. အဲ့ကောင်အကြောင်း စဥ်းစားမနေနဲ့၊ ကျရှုံးသွားတဲ့ ပါရမီရှင်ဆိုတာက ပါရမီရှင်မဟုတ်တော့ဘူး၊ ဒီခေတ်ကြီးမှာ ရှင်သန်နိုင်တဲ့သူတွေကပဲ အစစ်အမှန် ပါရမီရှင်တွေ "
ပန်းနုရောင်နှုတ်ခမ်းနှင့် ဖြူဖွေးသောသွားများကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ယောက်က အေးစက်စက် ဝင်ပြောလိုက်သည်။
" နင်ပြောတာအမှန်ပဲ ရဲ့ဟိုင်က ဘယ်လောက်ပဲ အံ့ဩစရာကောင်းနေပါစေ ဒါကအတိတ်တုန်းက ဖြစ်ရပ်တွေ .. အခုအချိန်မှာတော့ သူက သမိုင်းထဲမှာ အသုံးမကျတဲ့ ပါရမီရှင်ဖြစ်သွားပြီ "
သပ်ရပ်စွာဝတ်စားထားသည့် မိန်းကလေးတစ်ယောက်ကလဲ ခေါင်းညိတ်ကာ ဝင်ရောက်ထောက်ခံ၏။
" ဟမ့် .. ရဲ့ဟိုင် အတိတ်က ပါရမီရှင် ဟုတ်မဟုတ်ဆိုတာကို ငါမသိဘူး၊ ဒါပေမဲ့ နင့်လိုလူတစ်ယောက်ကတော့ ရဲ့ဟိုင်အကြောင်းကို ဆွေးနွေးနိုင်တဲ့သူ မဟုတ်ဘူးဆိုတာ ငါသိတယ် "
ထိုကောင်မလေး၏ စကားဆုံးသွားလျှင် ခါး၌၏ဓားတစ်ချောင်းကို ချိတ်ဆွဲထားသော လူငယ်တစ်ယောက်က အေးစက်စက်ဖြင့် ထပြီးပြောလိုက်သည်။
" ယင်မင်း နင်ဘယ်တုန်းက ရဲ့ဟိုင်ရဲ့ လက်ပါးစေ ဖြစ်လာတာလဲ "
ထိုအမျိုးသမီးငယ်မှာ ခါး၌ဓားချိတ်ဆွဲထားသော လူငယ်ကိုကြည့်ပြီး အေးစက်စက်ဖြင့် ပြန်ပြောလိုက်၏။
ထိုလူငယ်မှာ ထိုက်လျံနယ်မြေ၏ သွေးသောက်ဓားရူး ယင်မင်းမှလွဲ၍ အခြားလူမဟုတ်ချေ။
" နင်ဘာစကားပြောလိုက်တာလဲ "
ယင်မင်းချက်ချင်းပင် ဒေါသတကြီးဖြင့် အရှေ့မှစားပွဲအားဆောင့်ကန်လိုက်သည်။
" ယင်မင်း မင်းဘာလုပ်ချင်နေတာလဲ "
ပန်းနုရောင်နှုတ်ခမ်းနှင့် အဖြူရောင်သွားများကို ပိုင်ဆိုင်ထားသော လူငယ်မှာ မတ်တပ်ထရပ်လိုက်ပြီး...
" ဒါက သခင်လေးရွှီဖန်ရဲ့ လက်ဖက်ရည် သောက်ပွဲတော်နော် .. ဘာလဲမင်းက အနှောင့်အယှက်ပေးဖို့ ကြိုးစားနေတာလား "
" ဟမ့် .. ကျင်းမင် မင်းရဲ့အစ်ကို ကျင်းဟိုင်တောင်မှ ရဲ့ဟိုင်နဲ့မယှဥ်နိုင်ဘူး မင်းက သူ့အရှက်ကိုခွဲဖို့အတွက် အခွင့်အရေးရှိတယ်ထင်လား "
ယင်မင်း ၎င်းလူငယ်အား ဒေါသတကြီးဖြင့် လက်ညှိုးထိုးကာ ပြောလိုက်၏။
" အဲ့ကောင် ရဲ့ဟိုင်ဆိုတဲ့ကောင် ဒီမှာမရှိလို့ပေါ့ ရှိရင် ငါအခုသူ့ကို ခွေးတစ်ကောင်လို အလွယ်တကူ သတ်ပစ်နိုင်စွမ်းရှိတယ် "
ကျင်းမင် ပြန်လည်အော်ဟစ်လိုက်သည်။
" အိုး .. ဟုတ်သား ငါ့ကိုခွေးတစ်ကောင်လို သတ်မယ်ပေါ့ "
ထိုအချိန်တွင် တည်ငြိမ်နေသော အသံတစ်ခုက လေထုထဲတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ ထို့နောက် ရုပ်ရည်ချောမောကာ သန်မာသော အရှိန်အဝါများ ထွက်ပေါ်နေသည့် လူငယ်တစ်ယောက်ကို ခွန်ယင်းအာ လက်မောင်းဖက်၍ လျှောက်လာသည်အား တွေ့လိုက်ရသည်။
ထိုလူငယ်မှာ ရဲ့ဟိုင်မှ လွဲ၍ အခြားလူမဟုတ်ပေ။
ရဲ့ဟိုင်ထွက်ပေါ်လာသည်နှင့် စားပွဲ၏ ထိပ်ဆုံးတွင်ထိုင်နေသော လူငယ်လေး၏ မျက်လုံးထဲတွင် အေးစက်မှုများ ဖြစ်ပေါ်လာ၏။
တစ်ဖက်တွင်တော့ ကျင်းမင်က ပျာယာခတ်သွားသည်။
ဆိုရိုးစကားအတိုင်း လူတစ်ယောက်၏အမည်က သစ်ပင်အရိပ်နှင့် တူညီ၏။ ထိုလူက မည်မျှပင် နိမ့်ကျသွားပါစေ သူ၏အရိပ်ကတော့ အနီးအနားတွင်ရှိသောလူများကို ဖုံးအုပ်နိုင်စွမ်း ရှိနေဆဲပင်။
ကျင်းမင်သည် ရဲ့ဟိုင်က သူရှေ့တည့်တည့် တကယ်ပေါ်လာသောအခါ ဘာပြောရမှန်း မသိတော့ချေ။
" ရဲ့ဟိုင် "
တစ်ဖက်တွင် ယင်မင်းကလဲ ရဲ့ဟိုင်ကိုတွေ့သောအခါ အလွန်အံ့အားသင့်သွားသည်။
" မင်း ဘယ်တုန်းက ဘူရီမြို့ကို ရောက်နေတာလဲ "
ယင်မင်းကိုမြင်သောအခါ ရဲ့ဟိုင်ကလဲ ပြုံး၍ပြန်ပြီး နှုတ်ဆက်လိုက်၏။
" ငါဘူရီမြို့ကိုရောက်တာ နှစ်ရက်ပဲရှိသေးတယ် .. မင်းတကယ် ဒီမှာရှိနေမယ်လို့တော့ လုံးဝမမျှော်လင့်ထားဘူး "
ယင်မင်းသည် ရဲ့ဟိုင်၏ကျင့်ကြံအဆင့်ကို အကဲဖြတ်ရင်း ပြောလိုက်သည်။ သို့သော် ချက်ချင်းပင် သူ၏မျက်နှာအမူအရာက ပျက်ယွင်းသွား၏။
ရဲ့ဟိုင်၏ ကျင့်ကြံအဆင့်က ယခုအချိန်အထိ ကျောက်စိမ်းအင်မော်တယ်အဆင့်တွင်သာရှိသေးကြောင်း သူကောင်းကောင်းသတိပြုမိလေသည်။
ဆိုလိုသည်မှာ ရဲ့ဟိုင်က လွန်ခဲ့သည့် ( 10 ) နှစ်တာကာလအတွင်း ဘာတိုးတက်မှုမှ မရှိခဲ့ချေ။
ရဲ့ဟိုင်က အမှန်တကယ်ပင် လူအများပြောနေကြသလို ကျိန်စာမိသွားသောကြောင့် ဆက်မတိုးတက်နိုင်တော့ဘူးလား။
သို့သော်လည်း ယင်မင်းမှာ ရဲ့ဟိုင်ကို နှိမ့်ချပြီးဆက်ဆံရန် ဘယ်တော့မှ စိတ်ကူးမရှိဘူးဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ရဲ့ဟိုင်က ကျောက်စိမ်းအင်မော်တယ်အဆင့် ( 33 ) တွင် ရှိနေတုန်းကပင် ကျောက်စိမ်းအင်မော်တယ်အဆင့် ( 27 ) တွင်သာရှိသောသူ့ကို ဘယ်တုန်းကမှ မထီမဲ့မြင် အထင်သေးစွာ ဆက်ဆံခဲ့ခြင်းမရှိပေ။ ရိုသေလေးစားစွာ ဆက်ဆံခဲ့သည်။
ထို့ကြောင့် တစ်ဖက်လူက နိမ့်ကျသွားသည့်မချိန်တွင် သူက ကျေးဇူးကန်းသည့်အရာကို အဘယ့်ကြောင့် ပြုလုပ်ရမည်နည်း။
" ဟား .. ဟား .. ဟား "
ယင်မင်းက ရဲ့ဟိုင်၏ ကျင့်ကြံအဆင့်ကိုမြင်သလို ကျင်းမင်ကလဲ ကောင်းစွာမြင်နေရ၏။
" ကျောက်စိမ်းအင်မော်တယ်အဆင့်၊ ( 10 ) နှစ်ကျော်သွားပြီ မင်းက ကျောက်စိမ်းအင်မော်တယ်အဆင့်မှာ ရှိနေတုန်းပဲလား "
" ( 10 ) နှစ်အတွင်း တစ်လက်မလေးတောင် မတိုးတက်လာဘူးပေါ့ "
" ရဲ့ဟိုင် မင်းရဲ့ခေတ်က အဆုံးသတ်သွားပြီ "
" ဒီမျိုးဆက်ရဲ့ နံပါတ်တစ်ပါရမီရှင်တဲ့ ဘယ်လောက်တောင်မှ ရှက်စရာကောင်းလိုက်တဲ့ အနေအထားလဲ "
အခန်းထဲရှိ လူငယ်ယောကျ်ားလေး၊ မိန်းကလေး တစ်ဒါဇင်ခန့်က ထိုကဲ့သို့ ဆွေးနွေးနေကြသည့်အချိန်တွင် တစ်ဖက်၌ ခွန်ယင်းအာ၏ မျက်လုံးထဲတွင် ဒေါသများက တလက်လက် တောက်ပလာသည်။
" ပါးစပ်ပိတ်ထားစမ်း "
" နင်ဘာပြောလိုက်တာလဲ "
ကျင်းမင် ထိုကဲ့သို့ ပြန်ပြောလိုက်ရင်း ခွန်ယင်းအာ၏ မျက်လုံးထဲမှ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းဆန္ဒများကိုလဲ သတိထားမိလိုက်လေ၏။
***