စစ်သင်္ဘော ( 6 ) စီး ထွက်ခွာသွားသည်နှင့် အခြားကျင့်ကြံသူများ၏ စိတ်ထဲ၌ ဆိုးယုတ်သော အတွေးများက ဝင်ရောက်လာကြ၏။ ရဲ့ဟိုင်က သူ၏စစ်တပ်နှင့် အင်အားစုအကုန်လုံးကို ခေါ်ဆောင်သွားခြင်းဖြစ်သဖြင့် ဘူရီမြို့နှင့် ကျိယန်မြို့နှစ်ခုလုံးတွင် အစောင့်အကြပ်က အလွန်ပင် နည်းပါးသွားပြီဖြစ်သည်။ လက်ရှိအချိန်က ဤမြို့နှစ်မြို့လုံးကို မွှေနှောက်ရန်အတွက် အကောင်းဆုံးအချိန်ပင်။
ထိုအချိန်တွင် ကျောက်စိမ်းအင်မော်တယ်အဆင့်တွင်ရှိသော မြို့စောင့်တပ်တပ်သား ( 3000 ) ခန့်စီက ဘူရီမြို့နှင့် ကျိယန်မြို့တွင် ထွက်ပေါ်လာပြီး မြို့အား တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေလေ၏။
သူတို့တစ်ယောက်ချင်းစီမှ လှံတစ်စင်း မတ်မတ်ထောင်ထားသကဲ့သို့ ထက်ရှသောအရှိန်အဝါနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါများကို ပေါင်းစပ်ကာ ထုတ်လွှတ်နေသည်။
တစ်ချိန်တည်းမှာပင် အလွန်ကြောက်စရာကောင်းသော နတ်ဝိညာဥ်အာရုံတစ်ခုကလဲ မြို့တစ်ခုလုံးကို အဆက်မပြတ် လှည့်ပတ်ကာ စစ်ဆေးနေ၏။
" သောက်ချီး မြို့နှစ်မြို့လုံးကို အထွတ်အထိပ်အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်စီက စောင့်ကြပ်နေတာလား "
" ( 10 ) နှစ်အတွင်း ဒီမြို့နှစ်မြို့က ဘာဖြစ်လို့ အဲ့လောက်တောင်မှ တိုးတက်လာနိုင်တာလဲ "
" အရှေ့နတ်နန်းတော်မှာတောင်မှ ဒီလိုမျိုး သန်မာတဲ့ အထွတ်အထိပ် အင်မော်တယ်သခင်အဆင့် ကျင့်ကြံသူတွေ အများကြီးမရှိမှာကို ငါကြောက်မိသား "
" နေဦး အခုမှသတိထားမိတယ် .. အရှေ့နတ်နန်းတော်က ဒီကိစ္စကို လုံးဝဝင်မစွက်ဖက်ခဲ့ဘူး "
" ကြည့်ရတာ အရှေ့နတ်နန်းတော်က ရဲ့ဟိုင်ကို တန်ဖိုးမရှိတော့ဘူးလို့ ထင်နေတာဖြစ်မယ်၊ အဲ့တာကြောင့် သူတို့တပ်တွေ မစေလွှတ်ခဲ့တာ "
" သေချာပေါက် ဒီတစ်ခေါက်တော့ အရှေ့နတ်နန်းတော်က ကြီးကြီးမားမားဆုံးရှုံးမှုကို ခံစားရပြီပဲ "
" ရဲ့ဟိုင်အစတည်းက သူ့ဘာသာ နယ်မြေဒေသတွေကိုသိမ်းပိုက်ပြီး စိုးမိုးဖို့ ရည်ရွယ်ချက်မရှိဘူး၊ အကုန်လုံးကို အရှေ့နတ်နန်းတော်အတွက်ပဲ လုပ်ဆောင်ပေးခဲ့တာ၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူလုံးဝနှုတ်ဆိတ်ပြီး အနောက်မှာ နေမှာမဟုတ်တော့ဘူး၊ သူ့ရဲ့လက်ရှိ စွမ်းအားနဲ့ဆိုရင် နယ်မြေတစ်ခုကို သေချာပေါက် သိမ်းပိုက်ပြီးတော့ အင်အားစုကို ထူထောင်နိုင်နေပြီ "
" အင်မော်တယ်အရှင်အဆင့်ကတော့ .. ရဲ့ဟိုင် အဲ့ဒီအဆင့်ကို မရောက်နိုင်ရင်တောင်မှ ခွန်ယင်းအာ အဲ့ဒီအဆင့်ကိုရောက်နိုင်မှာ အသေအချာပဲ၊ ပြီးတော့ ကျိုးဒူအာဆိုတာလည်းရှိသေးတယ်၊ ရဲ့ဟိုင်က ကျိုးဒူအာအတွက် ကျိန်စာအားလုံးကို ဝန်ခံခဲ့ပြီးပြီဆိုတော့ ကျိုးဒူအာက အရှိန်အဟုန်နဲ့ တိုးတက်လာတော့မှာပဲ၊ သူမသာ အင်မော်တယ်အရှင်အဆင့်ကိုရောက်သွားရင် ရဲ့ဟိုင်ကိုကျိန်းသေပေါက် တစ်ဘဝလုံးပြန်ပြီး ပေးဆပ်လိမ့်မယ် "
" သေချာတာပေါ့ .. ကျိုးဒူအာအနေနဲ့ အင်မော်တယ်ဘုရင်အဆင့်ကို ရောက်နိုင်မရောက်နိုင်ဆိုတာ မသိပေမဲ့ အင်မော်တယ်အရှင်အဆင့်ကို ရောက်ဖို့ကတော့ ဘာမှအခက်အခဲ ရှိမှာမဟုတ်ဘူး "
" ဒီတစ်ခါ အရှေ့နတ်နန်းတော်က ဘာဖြစ်သွားကြတာလဲ "
" အရှေ့နတ်နန်းတော် ရဲ့ ခေါင်းဆောင်တွေ အားလုံး အမြင်အာရုံကန်းသွားကြပုံပဲ "
လျင်မြန်စွာ အပြေးလာခဲ့သော ချူဂျောင်ဂျောင်သည် ထိုသူများ၏ စကားကိုနားထောင်ရင်း သူမ၏ လှပသော မျက်နှာထက်၌ ထိတ်လန့်မှုနှင့် တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
အထူးသဖြင့် စစ်သင်္ဘောတွေ ထွက်ခွာသွားတာ ကြာပြီဖြစ်၏။
သူမအနေဖြင့် ဘာမှလုပ်နိုင်တာ မရှိတော့ချေ။
အရှေ့နတ်နန်းတော်တွင်လဲ စစ်သင်္ဘော ဆယ်စင်းပိုင်ဆိုင်ထားသည်။ သို့သော် နယ်မြေများကို တပ်ဖြန့်ထားရသဖြင့် ထိုစစ်သင်္ဘောများကို အလွယ်တကူပြန်မစုနိုင်ချေ။
သို့သော် ရဲ့ဟိုင်ကတော့ ၎င်း စစ်သင်္ဘော ခြောက်စီးကို ရှောင်တခင် ဆွဲထုတ်ခဲ့၏။
ချူဂျောင်ဂျောင် သူမက ရွှေအင်မော်တယ်အဆင့်သို့ ရောက်နေပြီဖြစ်သော်လဲ ၎င်း စစ်သင်္ဘောတွေကိုတော့ အမှီမလိုက်နိုင်ဘူးဖြစ်သည်။
အင်မော်တယ် သခင်အဆင့် စစ်သင်္ဘောတစ်စင်းသည် အင်မော်တယ် သခင်အဆင့် အမြန်နှုန်းကို ကိုယ်စားပြုလေ၏။
စစ်သင်္ဘောက စွမ်းအားအပြည့် မထုတ်ဘဲ သွားနေရင်တောင် သူမ လိုက်မမီနိုင်ချေ။
ချူဂျောင်ဂျောင် စိတ်ပျက်စွာပြန်လှည့်လိုက်ပြီး တယ်လီပို့အစီရင်မှာ တစ်ဆင့် ဂိုဏ်းဆီသို့ ပြန်လိုက်၏။
တစ်ချိန်တည်းတွင် .. အရှေ့နတ်နန်းတော်သည် နယ်မြေခွဲဝေမှုနှင့် အရင်းအမြစ်များပိုင်ဆိုင်မှုကို အုပ်စုလိုက် ဆွေးနွေးနေချိန် ထောက်လှမ်းရေးခန်းမမှ လူငယ်တစ်ဦးက အလျှင်မြန်ပြေးဝင်လာလေသည်။
" ဘာဖြစ်တာလဲ "
ဟောင်ဖုဂျန် မျက်မှောင်ကုတ်ကာ မေးလိုက်၏။
" နန်းတော်သခင် လွန်ခဲ့တဲ့ တစ်နာရီ လေးပုံ တစ်ပုံလောက်က ဘူယွီမြို့နဲ့ ကျိယန်မြို့မှာ ရဲ့ဟိုင်ပိုင်တဲ့ တပ်ဖွဲ့ဝင် 60,000 စီ စုရုံးခဲ့ပါတယ်။ ဒီတပ်ဖွဲ့ဝင် 60,000 ထဲမှာ အအားနည်းဆုံးက ကောင်းကင်အမတ အဆင့်ရဲ့ အစောပိုင်းကို ရောက်နေပါပြီ။ ပြီးတော့ တပ်စုတစ်ခုစီရဲ့ တပ်ဗိုလ်တိုင်းက ကျောက်စိမ်းအင်မော်တယ် အဆင့်ရှိပြီး တပ်မှူးခြောက်ယောက်က ရွှေအင်မော်တယ် အဆင့်တွေပါ “
ထိုလူအင်အားကို ကြားလိုက်ရသည်နှင့် အခန်းထဲရှိ လူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
ထိုမြို့နှစ်မြို့၏ စွမ်းအားက ဤအဆင့်သို့ ရောက်ရှိနေမည်ဟု ဘယ်သူမှ မမျှော်လင့်ထားကြပေ။
" ဆက်ပြော "
" နန်းတော်သခင် .. သိပ်မကြာခင်မှာပဲ အထွတ်အထိပ် အင်မော်တယ် သခင်အဆင့်ရှိတဲ လူငါးယောက် ပေါ်လာခဲ့ပြီး ရဲ့ဟိုင်ကို တလေးတစား သခင်လို့ ဉီးညွှတ်ခဲ့ပါတယ်"
" အထွတ်အထိပ် အင်မော်တယ် သခင်အဆင့် ငါးယောက် "
ဟောင်ဖုဂျန် မတ်တပ်ထရပ်လိုက်ပြီး ...
" မင်းပြောတာ သေချာလား "
" ဘူယွီမြို့မှာ အင်မော်တယ် သခင်အဆင့် အများအပြား ရှိနေပြီး .. သူတို့ကျင့်ကြံဆင့်တွေကိုလဲ သူလျိုတွေကနေ အထပ်ထပ် အခါခါ စစ်ဆေး အတည်ပြုပြီးပါပြီ၊ သတင်းက သေချာပါတယ် .. နန်းတော်သခင် "
ထောက်လှမ်းရေး လူငယ် ပင့်သက်ရှိုက်လိုက်ပြီး ...
" ဒါ့အပြင် ရဲ့ဟိုင်မှာ အင်မော်တယ်သခင်အဆင့် စစ်သင်္ဘောခြောက်စင်းလဲ ရှိနေပါသေးတယ်"
" အင်မော်တယ်သခင်အဆင့် စစ်သင်္ဘောခြောက်စင်း "
" ရဲ့ဟိုင်မှာ အဲ့ဒီအဆင့် စစ်သင်္ဘောတွေ ဘယ်လိုလုပ် ရှိနေတာလဲ "
" အဓိက အရေးကြီးဆုံးက အင်မော်တယ်သခင် အဆင့် စစ်သင်္ဘောတွေရဲ့ တည်ဆောက်မှု နည်းပညာဆိုတာ ရှေးခေတ်မှာထဲက ပျောက်ကွယ်နေခဲ့တာ မဟုတ်ဘူးလား "
" ရဲ့ဟိုင် ဒီ စစ်သင်္ဘောတွေ ဘယ်ကရလာတာလဲ "
အရှေ့နတ် နန်းတော်မှ အကြီးကဲများ အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။
" ဒါ့အပြင် ရဲ့ဟိုင် နဲ့ သူ့ရဲ့ တပ်သား 60,000 နဲ့ ထွက်ခွာပြီးပြီးချင်းမှာပဲ .. အထွတ်ထိပ်အဆင့် အင်မော်တယ်သခင် နှစ်ယောက်က အဓိကမြို့ကြီးနှစ်ခုကို ကင်းလှည့် စောင့်ရှောက်နေခဲ့ပါတယ် "
ဟောင်ဖုဂျန်၏ မျက်နှာက သိသိသာသာ ပျက်ယွင်းသွားသည်။
အထွတ်ထိပ်အဆင့် အင်မော်တယ်သခင် ခုနစ်ပါး ...
အရှေ့နတ်နန်းတော်၏ များပြားလှသော အရင်းအမြစ်များနှင့်ပင် သူတို့သည် ထိုကဲ့သို့သော အင်အားကို မစုဆောင်းနိုင်ခဲ့ချေ။
အထူးသဖြင့် ဤလူအင်အားက ရဲ့ဟိုင် ပိုင်ဆိုင်ထားသမျှအကုန်ဟု ဘယ်သူ အာမခံနိုင်မည်နည်း။
ထိုချိန်တွင် လူအများအပြား ခန်းမဝင်ပေါက်သို့ ရောက်ရှိလာကြပြီး ၎င်းတို့ထဲမှ အကြီးကဲတစ်ဦးမှာ မျက်နှာတွင် မချိပြုံးများနှင့်အတူ အကုန်လုံးကို လက်ညိုးထိုးလိုက်ပြီး ...
" ရဲ့ဟိုင်ဆိုတာ အမြဲတမ်း အိပ်နေတဲ့ ခြင်္သေ့တစ်ကောင်ပဲ .. အဲ့ဒါကို မင်းတို့လို အရူးတွေက အိပ်ယာကနေ နှိုးလိုက်တဲ့ အပြင် သူ့ရဲ့ အစွယ်တွေကိုပါ ထုတ်ဖော်ခိုင်းခဲ့တယ် "
" မဟာအကြီးကဲ ကျန်း ... မင်း ဘာကိုဆိုလိုချင်နေတာလဲ "
ဝမ်မင်ယန် မျက်မှောင်ကုတ်ကာ ပြန်မေးလိုက်သည်။
" နှင်းတောင်တန်း ဒေသကို ရွှီ မိသားစုက အုပ်ချုပ်နေတာ ... ရဲ့ဟိုင် ရွှီ မိသားစုကို ဖျက်ဆီးပြီးတာနဲ့ နှင်းတောင်တန်း ဒေသတစ်ခုလုံး သူ့ အပိုင်ဖြစ်သွားမှာပဲ "
မဟာအကြီးကဲကျန်း ဝမ်မင်ယန်ကို လှောင်ပြုံးနှင့်အတူ ကြည့်လိုက်ပြီး ..
" ရဲ့ဟိုင်က အဲ့အခွင့်ရေးကို အသုံးချပြီး သူ့အင်အားကို ပိုမတိုးချဲ့ဘူးလို့တော့ မင်းတို့ တွေးမနေဘူးမှလား "
" သေချာတာပေါ့ .. ခွန်ယင်းအာရဲ့ အရည်အချင်းတွေနဲ့ဆိုရင် နှင်းတောင်တန်းဒေသ တစ်ခုလုံးရဲ့ လူအင်အားနဲ့ အရင်းအမြစ်တွေကို ရရှိပြီးချိန်မှာ ငါတို့ရဲ့ အရှေ့နတ်နန်းတော်နဲ့ တန်းတူ ဖြစ်လာဖို့ သိပ်ကြာမှာမဟုတ်ဘူး"
မဟာအကြီးကဲ ကောင်း ... စိတ်ပျက်လက်ပျက် အမူယာဖြင့် ဝင်ပြောလိုက်လေ၏။
" ဟား .. ဟား .. အရှေ့နတ်နန်းတော်က အရှေ့ပိုင်း ကုန်းမြေတိုက်ကြီးရဲ့ ဒေသတိုင်းကို ပေါင်းစည်းပြီး အယင်က ဂုဏ်ကျက်သရေကို ပြန်လည်တည်ဆောက်မယ်ဆိုတာက အခုတော့ အိပ်မက်တစ်ခုဖြစ်သွားပြီပေါ့ "
မဟာအကြီးကဲချင် ရယ်မောကာ ပြောလိုက်သည်။ သို့သော် သူ၏ အသံထဲတွင် ဝမ်းနည်းနာကျင် မုန်းတီးမှုများ ပါဝင်နေလေ၏။
သူတို့ သုံးယောက်လုံး ဂိုဏ်းခေါင်းဆောင်နှင့် ကျန်လူတွေ ဘာကြောင့် ဒီလောက် အမြင်မရှိကန်းနေကြတာလဲ ဆိုတာ တွေးမရချေ။
***