" ဘာတွေ ဖြစ်နေတာလဲ "
ရွှီလိန်ကျန်း အပြင်ဘက်ကို စိုက်ကြည့်ပြီး မျက်မှောင်ကုတ်ကာ မေးလိုက်သည်။
ရွှီဟိုင် တုန့်ဆိုင်းနေသည်အားမြင်လျှင် အကြီးအကဲတစ်ယောက်က ချက်ချင်းပင် ဝင်ပြောလိုက်၏။ " ဘိုးဘေး ရဲ့ဟိုင် သေသွားပြီထင်ပြီး ရွှီဖန်က ရဲ့ဟိုင် အစေခံကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်၊ ဒါကို ရဲ့ဟိုင်က ဒေါသတကြီးနဲ့ သူ့စစ်တပ်ကိုခေါ် ပြီး ရွှီမိသားစုကို လာတိုက်ခိုက်တာပါ၊ ရွှီဖန်ကိုလဲ သူဖမ်းထားပါတယ် "
" ရဲ့ဟိုင် … "
ရွှီလိန်ကျန်းသည် တစ်ခဏစဉ်းစားပြီးနောက် ရဲ့ဟိုင် မည်သူလဲ ဆိုတာကို ပြန်မှတ်မိသွား၏။
အရှေ့တိုင်း၏ လူငယ်မျိုးဆက် နံပတ်တစ် ပါရမီရှင် …
သို့သော် သူ အေးစက်စက်ဖြင့် …
" ရွှီဖန်က သူ့အစေခံကို လိုချင်တော့ကော ဘာဖြစ်လဲ "
ရွှီလိန်ကျန်း စစ်သင်္ဘောတစ်စင်းပေါ်ရှိ လူငယ်တစ်ယောက်ကို ကြည့်လိုက်ပြီး …
" မင်းက ရဲ့ဟိုင်လား"
" ဟုတ်တယ် "
" ရွှီဖန်ကို လွှတ်ပြီး တောင်းပန်လိုက် .. ပြီးရင် စစ်သင်္ဘောခြောက်စင်းကို ဒီမှာထားခဲ့၊ အဲ့ဒါဆို မင်းအသက်ကို ငါချမ်းသာပေးမယ် "
ရွှီလိန်ကျန်း ရဲ့ဟိုင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
" ဟား .. ဟား .. တော်တော် ရယ်ရတဲ့ ကောင်တွေပဲ၊ ငါက တောင်းပန်ဖို့ အတွက် စစ်တပ်ကို ဦးဆောင်ပြီး လာတယ်လို့ ထင်နေတာလား "
ရဲ့ဟိုင် ရယ်မောကာပြောလိုက်၏။ ထိုကောင်တွေ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် မောက်မာမှုက တော်တော်လေး ထူးခြားလှလေသည်။
" ကောင်လေး အင်မော်တယ်အရှင် တစ်ယောက်ရဲ့ တိုက်ခိုက်ရေး စွမ်းအားက မင်းစိတ်ကူးယှဉ်နိုင်တာထက် အများကြီးကျော်လွန်တယ် "
ရွှီလိန်ကျန်း ယုံကြည်ချက် အပြည့်ဖြင့် လက်နောက်ပစ်လိုက်ပြီး …
" မင်းခေါ်လာတဲ့ အင်အားက တော်တော်လေး သန်မာပေမဲ့ သူတို့ကို ရှင်းပစ်ဖို့က ငါ့ အတွက် သိပ်ကြာမှာ မဟုတ်ဘူး။"
ထိုစကားကြားလျှင် ရဲ့ဟိုင် ပြုံးလိုက်မိသည်။
" အင်မော်တယ်အရှင် တစ်ယောက်ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ငါ စိတ်ကူးယဉ်နိုင်တာထက် ကျော်လွန်နေတယ်ဆိုရင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကကော မင်းတို့ စိတ်ကူးယဉ်နိုင်တာထက် ကျော်နေမလား "
ရဲ့ဟိုင် စကားဆုံးသည်နှင့် စစ်သင်္ဘောပေါ်မှ ရိပ်ခနဲ ပျောက်ကွယ်သွားပြီး ရွှီလိန်ကျန်း ရှေ့တွင် ချက်ချင်း ပြန်ပေါ်လာသည်။
ရွှီလိန်ကျန်း၏ မျက်နှာသည် ထိတ်လန့်မှုဖြင့် ပြည့်နှက်သွား၏။
ရဲ့ဟိုင် သူ့ရှေ့ဘယ်လိုရောက်လာလဲ လုံးဝမသိလိုက်ချေ။
အထူးသဖြင့် သူတို့ နှစ်ဦးကြားတွင် အကာကွယ်အစီရင် ရှိနေသေးသည်။ ဒါကို ရဲ့ဟိုင်က ဘယ်လိုလုပ် သူ့အရှေ့ရောက်လာရသနည်း။
ထိုအချိန်တွင် ရွှီ မိသားစုတစ်ခုလုံးကို ကာကွယ်ပေးထားသည့် အကာကွယ်အစီရင်မှ ‘ ခရက် ‘ ဆိုသောမည်သံနှင့်အတူ အက်ကွဲကြောင်းများ ပြည့်နှက်လာပြီး ဝုန်းခနဲ ပြိုကြသွားလေ၏။
ထိုမြင်ကွင်းက တကယ့်ကို ထိတ်လန့်စရာ မြင်ကွင်းတစ်ခုပင်။
ရွှီ မိသားစု၏ အကာကွယ်အစီရင်သည် နှစ်ပေါင်းများစွာ အရင်းမြစ်များ၏ အားဖြည့်ပေးမှုအောက်တွင် အင်မော်တယ် အရှင်အဆင့် မဟုတ်သော်လဲ ထိုအဆင့်ကို နီးကပ်နေပြီဖြစ်၏။ ရွှီလိန်ကျန်း ကိုယ်တိုင်တောင်မှ အစီရင်ကို အစွမ်းကုန် အသက်သွင်းထားလျှင် မချိုးဖြတ်နိုင်ချေ။
လူတိုင်းထိုသို့ ကြောင်အနေချိန်တွင် …
ရဲ့ဟိုင်က ရွှီလိန်ကျန်းရှေ့တွင် ပေါ်လာသည်ကို မြင်သောအခါ တိမ်ကျားသစ်သည် သခင်ကို ကာကွယ်ရန်အတွက် လက်ကိုမြောက်ပြီး ရဲ့ဟိုင်အားရိုက်ချလိုက်သည်။
“ ဝုန်း “
အင်မော်တယ် အရှင်အဆင့် သားရဲတစ်ကောင် ဖြစ်သဖြင့် ထိုရိုက်ချက်အောက်တွင် မိုးနှင့်မြေကို ဖြိုခွဲနိုင်သော စွမ်းအားများပါဝင်နေ၏။
သို့သော် မည်သူမျှ မမျှော်လင့်ထားသည်မှာ ရဲ့ဟိုင်သည် လက်သီးဖြင့် တိုက်ရိုက် တိမ်တိုက်ကျားသစ်၏ လက်ကို ပြန်ထိုးချလိုက်ခြင်းပင်။
ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ လေဟာနယ်ပြိုကျ၍ မြေပြင်က အလွှာတစ်ခုလောက် ကြေမွသွား၏။ ထို့နောက် နာကျင်နေသော သားရဲအော်သံကြီးက ထွက်ပေါ်လာပြီး တိမ်ကျားသစ် အဝေးတစ်နေရာသို့ အမြောက်စံတစ်ခုလို လွင့်ထွက်သွားသည်။ သူကျဆင်းသွားသော နေရာ၏ မြေပြင်ကလဲ တွင်းနက်ကြီးအဖြစ် ပြောင်းလဲသွားလေ၏။
အကုန်လုံး တွင်းထဲရှိ တိမ်ကျားသစ်ကို အပြူးပြဲကြည့်လိုက်ကြလျှင် တိမ်ကျားသစ်မှာ လက်သည်းများ ကျိုးပဲသွားရုံသာမက လက်ချောင်းများကလဲ လိမ်ကွေးသွားသည်ကို တွေ့လိုက်ကြရသည်။ သူ၏ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာလေ၏။
ထိုမြင်ကွင်းက အကုန်လုံးကို တုန်လှုပ်သွားစေသည်။
အင်မော်တယ်အရှင်ဆင့် တိမ်တိုက်ကျားသစ်က တစ်ချက်ထဲဖြင့် ထိုအနေထားရောက်သွားသည်လား။
ရဲ့ဟိုင်တွင် ဘယ်လို တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသနည်း။
" ရဲ့ဟိုင်က ကျိန်စာမိပြီး အဆင့်မတက်နိုင်တော့ဘူးလို့ ဘယ်ခွေးကောင် သတင်းဖြန့်ခဲ့တာလဲကွ “
" မင်းတို့ ပထွေးက ဆယ်နှစ်ကြာပြီးတဲ့အချိန်မှာ သူ့ကို အင်မောတယ်အရှင်ဆင့် တိမ်ကျားသစ်တောင် မယှဉ်နိုင်တော့ဘူး "
" သောက်ချီးကွာ .. လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ရဲ့ဟိုင်က ဘယ်လို ကံကြမ္မာတွေများ ရခဲ့တာလဲ "
" အရှေ့ပိုင်း ကုန်းမြေတိုက်ကြီးရဲ့ နံပတ်တစ်ဘွဲ့နဲ့ တကယ် ထိုက်တန်တယ် "
ရဲ့ဟိုင်၏ စစ်တပ် နှင်းတောင်တန်းဒေသကို မရောက်ခင်ထဲက နှင်းတောင်တန်းဒေသ တွင်ရှိသော ဂိုဏ်းအဖွဲ့စည်းများစွာ၏ ထောက်လှမ်းရေး သူလျိုများက ကြိုတင်ရောက်ရှိနေကာ ပွဲကြည့်ဖို့ ဖျာခင်းစောင့်နေကြခြင်းပင်။
ယခု ရဲ့ဟိုင်ထုတ်ပြလာသော အင်အားက သူတို့ အကုန်လုံးကို တကယ်တုန်လှုပ် ကျောချမ်းစေလေ၏။
" ဟား .. ဟား ကံကောင်းလိုက်တာ အဲ့ဒီမြင်ကွင်းကို ငါက မှတ်တမ်းတင်ကျောက်တုံးနဲ့ မှတ်တမ်းတင်ထားနိုင်ခဲ့တယ် "
လူငယ်တစ်ဦးက ရယ်မောကာ ပြောလိုက်သည်။
" ဟုတ်လား အဲ့တာဆိုရင် ငါ့ကို မိတ္တူတစ်ခုလောက် ပွားပေးစမ်းပါ "
" ဟုတ်တယ် ငါ့ကိုလဲ မိတ္တူတစ်ခုလောက်ပွားပေး "
" ငါလဲပွားပေးတာလိုချင်တယ် "
" မရတာတော့မဟုတ်ဘူး ဒါပေမဲ့ မိတ္တူတစ်ခုအတွက် အလယ်အလတ်အဆင့် တာအိုကျောက်တုံးတစ်ထောင်ပဲ "
ပတ်ပတ်လည်မှ ထောက်လှမ်းရေးသူလျှိုများ အနားကိုဝိုင်းဖွဲ့လာသည်ကို တွေ့သောအခါ လူငယ် အပြုံးနှင့်အတူ ပြောလိုက်၏။
" မင်းက ဓားပြတိုက်နေတာလား "
" ဟုတ်တယ် ဘာလို့အဲ့လောက်တောင်ဈေးကြီးတာလဲ၊ ဒါက ပုံရိပ်ယောင်ကျောက်တုံးရဲ့ မိတ္တူလေးတစ်ခုပဲလေ "
" ဈေးကြီးတယ် .. ဟုတ်လား "
" မင်းတို့အားလုံး လက်ရှိ ကိုယ်ဘာလာလုပ်နေရလဲဆိုတာကို မေ့နေပုံပဲ၊ ဒီလိုမျိုးဖြစ်ရပ်ကို မှတ်တမ်းတင်ထားနိုင်တဲ့ သူက ရာထူးတိုးနိုင်တယ်နော် .. မလိုချင်ရင်လဲ မယူနဲ့ပေါ့ "
လူငယ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" ဒီသတင်းက အရှေ့တိုင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးမဟုတ်ဘူး အင်မော်တယ်ကမ္ဘာတစ်ခုလုံးကိုတောင်မှ သက်ရောက်သွားမှုရှိစေမှာအမှန်ပဲ၊ ရဲ့ဟိုင်က လွန်ခဲ့တဲ့ ( 10 ) နှစ်ကထက်တောင်မှ ပိုပြီးအားကောင်းလာခဲ့တယ်၊ ဒါတောင်မှ သူက ရွှေအင်မော်တယ်အဆင့်ကို မတက်သေးဘူး ကျောက်စိမ်းအင်မော်တယ်အဆင့်နဲ့ အင်မော်တယ်အရှင်အဆင့်စွမ်းအားကို ပိုင်ဆိုင်နိုင်နေတာ "
" ကောင်းပြီ ဒီမှာအလယ်အလတ်အဆင့် တာအိုကျောက်တုံးတစ်ထောင် ငါ့အတွက်မိတ္တူတစ်ခုပွားပေး "
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ထိုလူငယ်အား သိုလှောင်အိတ်တစ်အိတ်ကိုပစ်ပေး၏။
လူငယ်တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး...
" ကောင်းပြီ နောက်ထပ် ဘယ်သူလိုချင်သေးလဲ "
သူအကုန်လုံးကိုပတ်ကြည့်ကာ ဆက်ပြောလိုက်သည်။
ထိုလူငယ်သည် ဉာဏ်နည်းသောသူတစ်ယောက်မဟုတ်ချေ။
သက်လတ်ပိုင်းအရွယ်လူကိုသူ မိတ္တူတစ်ခု ပွားပေးလိုက်သည်နှင့် ထိုလူက သူ၏လုပ်ငန်းကို ခိုးယူလိုက်လျှင် မည်ကဲ့သို့ဖြစ်သွားမည်နည်း။ ထို့ကြောင့် အကုန်လုံးဆီကနေ အရေအတွက်ကိုကောက်ပြီး ရသလောက်ညှိယူပြီးမှ မိတ္တူပွားပေးသည်က သူ့အတွက်ပို၍အဆင်ပြေလေ၏။
" ငါကောပဲ "
" ငါ့ကိုပေး "
" ငါလဲယူမယ် "
ထောက်လှမ်းရေးသူလျှိုများအကုန်လုံးက လူငယ်၏ရည်ရွယ်ချက်ကို သတိပြုမိကြသော်လည်း သူတို့တွင် အလယ်အလတ်အဆင့် တာအိုကျောက်တုံးတစ်ထောင်ကို လွှဲပေးရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။
လူငယ်သည် သိုလှောင်အိတ်ပေါင်း မြောက်များစွာကို သိမ်းပြီးနောက် ထိုလူများအတွက် မှတ်တမ်းတင်ကျောက်တုံးအာဒ မိတ္တူပွားပေးလိုက်သည်။
တစ်ဖက်တွင် ရဲ့ဟိုင်နှင့် အနီးကပ်ရှိနေသော ရွှီလိန်ကျန်း၏ နဖူးတွင် ချွေးစေးများက ဖြစ်ပေါ်လာ၏။
" ကြည့်ရတာ အင်မော်တယ်အရှင်အဆင့် ရောက်တည်းကိုက မင်း တော်တော်လေး မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မြင့်မားလာတဲ့ပုံပဲ "
ရဲ့ဟိုင် ရွှီလိန်ကျန်းကိုကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်လေ၏။
***