" ခင်းဗျားသာ ဂိုဏ်းရဲ့ စည်းမျည်း ဥပဒေတွေကို တကယ်သိတယ်ဆိုရင် .. ခင်ဗျား တူဆိုတဲ့ကောင် ဂိုဏ်းက အတွင်းစည်းတပည့် အမျိုးသမီးကို မုဒိမ်းကျင့်ခဲ့တာ ဘာလို့ အလုပ်ကြမ်းနဲ့ အချုပ်တစ်နှစ်ပဲ ချမှတ်ခဲ့တာလဲဆိုတာ ပြောပြပေးနိုင်မလား "
" ခင်ဗျားကြီးက ဂိုဏ်းရဲ့ စည်းမျည်း ဥပဒေတွေကို သိရင် ခင်ဗျားရဲ့ နောက်ထပ်တူတစ်ယောက် တရားဥပဒေခန်းမထဲကို ဝင်လိုက်တာနဲ့ ဘာလို့ လက်ထောက်တန်းဖြစ်လာနိုင်တာလဲ၊ ကျောက်စိမ်းအင်မော်တယ် အဆင့် ( 12 ) မှာရှိတဲ့ သူ့ရဲ့ အားကိုးလောက်စရာ မဟာကျင့်ကြံဆင့်ကြီးကြောင့်လား "
ကျန်းစန်းဖုန်း၏ အသံက အားမာန်အပြည့်ဖြင့် အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားလေ၏။
ကျန်းဆန်းဖုန်းသည် တိတ်တဆိတ် ကျင့်ကြံနေခြင်းပင်။ သူသည် မဟာအကြီးအကဲချင် ဂိုဏ်း၏ ရှေးဟောင်းခေါင်းလောင်းကို တီးခတ်လိုက်သည့် အချိန်၌ နိုးထလာခြင်းဖြစ်သည်။
ထို့နောက် ဂိုဏ်းမှအကြီးအကဲများနှင့် ခေါင်းဆောင်များ၏လုပ်ရပ်ကို ကြားသောအခါ ကျန်းဆန်းဖုန်း ဒေါသတကြီးဖြင့် ဤနေရာသို့ ချက်ချင်းပြေးလာခြင်းပင်။
အိုးရန်ဟု၏ မျက်နှာက မဲသဲသွား၏။
" မင်းဘာတွေပြောနေလဲဆိုတာ ငါနားမလည်ဘူး "
" ငါပြောတာကို မင်းနားမလည်တာလား .. မကြားချင်တာလား "
ကျန်းဆန်းဖုန်း အိုးရန်ဟုကို အေးစက်စက်စိုက်ကြည့်လိုက်ပြီး...
" မင်း ရဲ့ဟိုင်ပြောတဲ့ တိုက်ပွဲကို ဘာလို့စစ်တပ်ကို မစေလွှတ်ခဲ့တာလဲ၊ အကြောင်းပြချက်က ဘယ်သူ့ထက်မဆို မင်းက ပိုသိမယ်လို့ထင်တယ်၊ ရဲ့ဟိုင်က တရားဥပဒေခန်းမကို အကြိမ်ကြိမ်စော်ကားခဲ့လို့ မင်းဒီအခွင့်အရေး ရတဲ့အချိန်မှာ ဘယ်လိုလုပ် ထိုင်ကြည့်နေနိုင်မှာလဲ "
" ကျန်းဆန်းဖုန်း မင်းငါ့ကို ဒီလိုမျိုးလာပြီး စွပ်စွဲနေတာ မင်းကိုအပြစ်ပေးမှ ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ "
အိုးရန်ဟွ ဒေါသတကြီး ပြန်ပြောလိုက်သည်။
ကျန်းဆန်းဖုန်း၏ အဆင့်အတန်းကြောင့်သာမဟုတ်လျှင် အိုးရန်ဟွ ယခုနကတည်းက ထိုကောင့်ကို အပြစ်ပေးပြီး ဖမ်းဆီးလိုက်ပြီဖြစ်၏။
သို့သော် ကျန်းဆန်းဖုန်းဆိုသည်မှာ မည်သူဖြစ်သနည်း။
လက်ရှိအချိန်တွင် ကျောက်စိမ်းအင်မော်တယ်အဆင့် ( 30 ) သို့ ရောက်ရှိနေသောသူဖြစ်သည်။
အိုးရန်ဟွသည် တရားဥပဒေခန်းမ၏ သခင်ဆိုရင်တောင်မှ ကျန်းဆန်းဖုန်းကိုတော့ ဘာမှမလုပ်ရဲချေ။
ကျန်းဆန်းဖုန်းက အနာဂါတ်တွင် အင်မော်တယ်အရှင်အဆင့်ကိုရောက်ရန် ( 100 ) ရာခိုင်နှုန်းသေချာသော ပုဂ္ဂိုလ်ဖြစ်၏။
ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်အား အငြိုးအတေးများဖွဲ့ရန်အတွက် မသင့်တော်ချေ။
ထို့အပြင် ကျန်းဆန်းဖုန်းသည် ဆက်တိုက်မြင့်တက်လာနေသော ပါရမီရှင်တစ်ဦးလည်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ရွှေအင်မော်တယ်အဆင့် ( 25 ) သို့ ရောက်ရှိနေပြီဖြစ်သည်။ နှစ်အနည်းငယ်အတွင်း ကျန်းဆန်းဖုန်းက အင်မော်တယ်သခင်အဆင့်ကို ရောက်မည်ဟု လူတိုင်းယုံကြည်ထားကြလေ၏။
" မင်းဘယ်လို သူတို့ကို အပြစ်ပေးမယ်ဆိုတာကို ငါကြည့်ချင်သေးတယ် "
ထိုအချိန်တွင် ဩဇာအာဏာပြည့်ဝသော အသံတစ်ခုက လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး ဟင်းလင်းပြင်ကိုဆုတ်ဖြဲ၍ လူအိုကြီးတစ်ယောက်က ထွက်ပေါ်လာသည်။ သူ၏ဘေးနားတွင် အမျိုးသမီးတစ်ယောက်က ရှိနေ၏။
" ဘိုးဘေး "
အိုးရန်ဟွ ဘိုးဘေးကူယန်ကို တွေ့သောအခါ အလန့်တကြားဖြစ်သွားသည်။
" ငါတိတ်တဆိတ်ကျင့်ကြံနေတဲ့အချိန်မှာ ဒီလိုအဖြစ်အပျက်မျိုးတွေ ရှိလာမယ်လို့ လုံးဝမမျှော်လင့်ထားဘူး "
ဘိုးဘေးကူယန်၏ မျက်နှာတွင် ဒေါသတရားများနှင့် စိတ်ပျက်မှုများ ပြည့်နှက်နေပြီး...
" အိုးရန်ဟွ မင်းက လက်စားချေဖို့အတွက် ဂိုဏ်းရဲ့အာဏာကို အသုံးချရဲတယ်ပေါ့ .. အခုကစပြီး မင်းတရားဥပဒေခန်းမရဲ့ ခန်းမသခင်မဟုတ်တော့ဘူး "
" ဘိုးဘေး မင်းကငါ့ကို ရာထူးချပိုင်ခွင့်မရှိဘူး "
အိုးရန်ဟွ မျက်မှောင်ကုပ်ကာ ပြန်ပြောလိုက်၏။
" ဒီနေ့ငါမင်းကို ရာထူးဖြုတ်ချရုံတင်မကဘူး မင်းရဲ့အတိတ်ကလုပ်ရပ်တွေကိုလည်း သေချာစုံစမ်းစစ်ဆေးဦးမှာ "
ထိုသို့ပြောပြီးသည်နှင့် ဘိုးဘေးကူယန် လူတစ်ယောက်ကိုကြည့်လိုက်ပြီး...
" လျူကျင်းဖန် အိုးရန်ဟွလုပ်ခဲ့တဲ့ အပြစ်တွေကို စုံစမ်းဖို့အတွက် မင်းကိုငါ အချိန်တစ်ရက်ပေးမယ် " " ဘိုးဘေးအချိန်တစ်ရက်မဟုတ်ပါဘူး နေ့တစ်ဝက်ဆိုရပါပြီ "
လျူကျင်းဖန်၏ ပြန်ပြောစကားက လူတိုင်းကို အံ့အားသင့်သွားစေသည်။
" လျူ .. ကျင်း .. ဖန် "
တစ်ဖက်တွင် အိုးရန်ဟွက လျူကျင်းဖန်နာမည်ကို အံကြိတ်ကာ တစ်လုံးချင်းစီခေါ်ပြီး ဒေါသတကြီး စိုက်ကြည့်လိုက်၏။
ထိုလျူကျင်းဖန်ဆိုသောကောင်မှာ သူအိုးရန်ဟွကိုယ်တိုင်က ရာထူးတိုးပေးခဲ့သောသူဖြစ်သည်။ လက်ရှိအချိန်တွင် လျူကျင်းဖန်က သူ့ကိုနောက်ကျောကနေ ဓားဖြင့်ထိုးလာမည်ဟု မမျှော်လင့်ထားချေ။
လျူကျင်းဖန်သည် အိုးရန်ဟွကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ လူအုပ်ကြီးထဲမှ လူငယ်လေးတစ်ယောက်ကို စိုက်ကြည့်လိုက်ကာ...
" ဂွန်ဂျီယန် မင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို အားလုံးသိအောင် ပြောပြလိုက် "
တစ်ဖက်တွင် ဂွန်ဂျီယန်သည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လူအုပ်ထဲတွင် အလွန်ထင်ရှားစွာ ရှိနေ၏။
လူတိုင်းသိကြသည့်အတိုင်းပင် ကျင့်ကြံသူများဆိုသည်မှာ မသန်မစွမ်းတစ်ဦးဖြစ်ဖို့ တော်တော်လေးခက်ခဲသည်။ ယနေ့ခေတ်တွင်ရှိသော မှော်ဆေးလုံးအမျိုးမျိုးက မည်သည့်ရောဂါမျိုးကိုမဆို ပျောက်ကင်းစေနိုင်စွမ်းရှိလေ၏။
တစ်ဖက်တွင် ဂွန်ဂျီယန်က လူတိုင်းက သူ့ကို ဝိုင်း၍ကြည့်နေသည်ကို မြင်သောအခါ တုန်လှုပ်ကြောက်ရွံ့လာသည်။ ထို့နောက် ဂွန်ဂျီယန် စိုးရိမ်ပူပန်သောမျက်လုံးများဖြင့် အိုးရန်ဟွကို လှမ်းကာကြည့်လိုက်၏။
ဘိုးဘေးကူယန်က ဂွန်ဂျီယန်၏ ထိုအမူအရာကိုမြင်လျှင် မျက်မှောင်ကြုတ်သွားပြီး...
" ဂွန်ဂျီယန် မင်းနစ်နာခဲ့တဲ့ အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်တယ် စိတ်မပူနဲ့ ငါကိုယ်တိုင် မင်းကို လုံခြုံအောင်ထားပေးမှာ "
ဘိုးဘေးကူယန်၏ ထိုကတိပေးစကားကို ကြားသောအခါ ဂွန်ဂျီယန်အံကြိတ်ပြီး လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
" အကုန်လုံးပဲ လွန်ခဲ့တဲ့ ( 10 ) နှစ်လောက်က ငါ အိုးရန်ဟွရဲ့ အစေခံတစ်ယောက်ကို လမ်းမှာဝင်တိုက်မိတယ်၊ အဲ့ဒီကိစ္စကြောင့် အိုးရန်ဟွက ငါ့ကိုချက်ချင်းဖမ်းဆီးခဲ့ပြီး သူ့အစေခံကိုယ်တိုင် တရားဥပဒေခန်းမမှာ ငါ့ကို လူမဆန်တဲ့နှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ်လေ "
ထိုသို့ပြောပြီးသည်နှင့် ဂွန်ဂျီယန်၏မျက်လုံးက ရဲရဲတောက်နီရဲလာပြီး...
" နောက်ပိုင်းမှာ အကြီးအကဲလျူကျင်းဖန်ကသာ ဝင်ရောက်မတားဆီးခဲ့ဘူးဆိုရင် ငါက အဲ့အစေခံရဲ့ မီးရှိူ့သတ်ဖြတ်ခြင်းကို ခံနေရလောက်ပြီ "
" ဒါပေမဲ့ အကြီးအကဲလျူ ဝင်တားခဲ့တာတောင်မှ ငါ့ရဲ့ခြေလက်တွေ ရိုက်ချိုးခံရပြီး ကုသဆေးတွေ မသုံးဖို့အတွက် အမိန့်ပေးခံထားရတယ်၊ မဟုတ်ရင် ငါ့ကိုချက်ချင်းသတ်မှာတဲ့ "
ထိုစကားက ရှိနေသောလူများအားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။
" သောက်ချီး အစေခံတစ်ယောက်မှာ ဒီလိုအခွင့်အရေးမျိုး ဘယ်လိုလုပ်ရှိနေတာလဲ .. ဂွန်ဂျီယန်က အတွင်းစည်းတပည့်တစ်ယောက်ဖြစ်နေပြီလေ "
" အတွင်းစည်းတပည့်တစ်ယောက်က အစေခံတစ်ယောက်ရဲ့ ဒီလိုလုပ်ခြင်းကို ခံခဲ့ရတာလား "
" အစေခံတစ်ယောက်က ဒီလိုမျိုးအခွင့်အရေး မရှိဘူးဆိုတာ လုံးဝအသေအချာပဲ၊ ဒါပေမဲ့ သူ့ရဲ့သခင်က ဘယ်သူလဲဆိုတာကိုတော့ ကြည့်ရမယ်လေ "
လူအုပ်ကြီးက ထိုသို့ဆွေးနွေးနေသည့်အချိန်တွင် လျူကျင်းဖန် အိုးရန်ဟွကိုကြည့်လိုက်ပြီး...
" ဂွန်ဂျီယန် ကိစ္စကို မင်းဝန်မခံဘူးဆိုတာ ငါသိတယ်၊ အဲ့တာကြောင့် ငါနောက်ထပ် သက်သေအနည်းငယ်ကို ရှာဖွေထားဆဲပဲ၊ ကျူဇီ၊ ဝမ်ချန် ငါမှတ်မိသလောက်ဆိုရင် ဂွန်ဂျီယန်ကို ဖမ်းဆီးခဲ့တာ မင်းတို့နှစ်ယောက်မဟုတ်လား "
ထိုစကားကြားသောအခါ ကျူဇီနှင့်ဝမ်ချန် ဆိုသော တပည့်နှစ်ယောက်၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားကြလေသည်။
***