မိစ္ဆာဝံပုလွေ၏ တုံ့ပြန်မှုကလည်း အလွန်လျင်မြန်လွန်းလှပြီး ခေါင်းကို ဘေးသို့ ရုတ်တရက် လှည့်လိုက်သည်။
လေဓားသွားသည် သူ၏ ဦးခေါင်းခွံကို ပွတ်တိုက်ရုံသာ ပွတ်တိုက်သွားခဲ့ပြီး ခြစ်ရာတစ်ခု ချန်ရစ်ခဲ့သော်လည်း ပြင်းထန်သော ဒဏ်ရာမျိုး မပေးနိုင်ခဲ့ပေ။
ကနဦး အပြန်အလှန် တိုက်ခိုက်မှုတွင် စစ်သူကြီးသုံးဦးလုံး ဖိအားကြီးကြီးမားမား ခံစားလိုက်ရသည်။
ဤနှင်းခဲအရိုးစုမိစ္ဆာဝံပုလွေမှာ တိုက်စစ်နှင့် ခံစစ် နှစ်မျိုးစလုံး ပေါင်းစပ်ထားပြီး အထူးသဖြင့် ထို မာကြောသောအရိုးများနှင့် မဟာခြောက်သွေ့သက်ပြင်း စွမ်းရည်တို့မှာ ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲလှပေသည်။
လင်းထျန်းလုံကတော့ တိုက်ပွဲကို တိတ်တဆိတ်သာ ကြည့်ရှုနေပြီး သူ၏ မိုးပြာနက်နဲဘုရင်မျက်ဝန်းများဖြင့် အခြေအနေ တစ်ရပ်လုံးကို လေ့လာဆန်းစစ်နေခဲ့သည်။။
တစ်ခါတစ်ရံတွင် အလယ်အလတ် စိတ်ချင်းဆက်သွယ်ခြင်းမှတစ်ဆင့် တိုတောင်းသော စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုများ ပေးပို့တတ်သေးသည်။
“ရန့်မြဲ့၊ သူ့ရဲ့ သက်ပြင်းစွမ်းရည် တိုက်စားနိုင်စွမ်းက အဪမ်းအားကောင်းလွန်းတယ် အကြာကြီး မခုခံနဲ့၊ တုန်ခါမှု အင်အားကို သုံးပြီး လမ်းကြောင်းလွှဲပစ်...”
“ထျန်းပင်း၊ အရိုးအဆစ်နေရာတွေကို တိုက်ခိုက်၊ အားကောင်းလွန်းပါတယ်ဆိုတဲ့ အရိုးမှာတောင် အားနည်းချက်တွေ ရှိတယ်...”
“ယင်းဖုန်း၊ ထျန်းပင်း အတွက် အခွင့်အရေးရအောင် ဟိုကောင်ကြီးရဲ့ အာရုံခံနိုင်စွမ်းကို နှောင့်ယှက်ထားပေး...”
လမ်းညွှန်မှု ရရှိပြီးနောက် ဝံပုလွေသုံးကောင်မှာ ချက်ချင်း နည်းဗျူဟာ ပြောင်းလဲလိုက်ကြသည်။
ရန့်မြဲ့သည် အသက်ရှူငွေ့အား ထိပ်တိုက် မခုခံတော့ဘဲ လမ်းကြောင်းလွှဲရန် အင်အားကို ပါးနပ်စွာ အသုံးပြုလိုက်သည်။
ထျန်းပင်း မိစ္ဆာဝံပုလွေ၏ ခြေလက်အဆစ်များနှင့် လည်ပင်းရိုးများကို အာရုံစိုက်လိုက်သည်။
ယင်းဖုန်းသည်တော့ အရိုးမိစ္ဆာဝံပုလွေကို နှောက်ယှက်ဖို့ရာအတွက် လေဓားသွားများ ထုတ်လွှတ်ရန် သူ၏ အမြန်နှုန်း အားသာချက်ကို အဆက်မပြတ် အသုံးပြုနေပြီး အစွမ်းထက် သဘာ၀အာရုံ ခြေရာခံခြင်းဖြင့် မိစ္ဆာဝံပုလွေ၏ စွမ်းအင်စီးဆင်းမှု အချက်အချာနေရာများကိုသာ ပစ်မှတ်ထားရန် ကြိုးစားလိုက်တော့သည်။
တိုက်ပွဲသည် ပိုမိုပြင်းထန်လာပြီး အလွန်အန္တရာယ်များလာခဲ့သည်။
ရန့်မြဲ့၏ ကြေးခွံများပေါ်တွင် တိုက်စားခံထားရသော ဒဏ်ရာများ ပေါ်လာပြီး ထျန်းပင်း၏ ခန္ဓာကိုယ်တွင်လည်း အရိုးပေါ်သည်အထိ နက်ရှိုင်းသော လက်သည်းရာ အနည်းငယ် ထပ်တိုးလာကာ ယင်းဖုန်းမှာလည်း မိစ္ဆာဝံပုလွေ၏ သေမင်းအားလှိုင်းမှ သီသီလေး လွတ်မြောက်အောင် ရှောင်တိမ်းနေခဲ့ရတယ်
သို့သော် ကြီးမားသော ဖိအားအောက်တွင် သူတို့၏ စွမ်းအားအသစ်များအပေါ် အသုံးချမှုမှာ ပိုမိုကျွမ်းကျင်လာခဲ့သည်။
ရန့်မြဲ့၏ ခုခံမှုသည် အစပိုင်းကလောက် တောင့်တင်းမနေတော့ဘဲ ပိုမိုပြောင်းလွယ်ပြင်လွယ် ရှိလာပြီး ထျန်းပင်း၏ တိုက်ခိုက်မှုများက ပိုမို ပါးနပ်လာကာ ယင်းဖုန်း၏ အလစ်အငိုက် တိုက်ခိုက်မှုများမှာ ပိုမိုအားကောင်းလာခဲ့သည်။
ရှောင်လန်နှင့် ရှောင်ယင်းတို့သည် အနောက်ဘက်မှနေ၍ စိုးရိမ်တကြီး ကြည့်နေကြပြီး သူတို့၏ လက်သေးသေးလေးများကို ဆုပ်ထားကြသည်။
ရှောင်ယင်းသည် တစ်ခါတစ်ရံ တိုးတိုးလေး အော်ဟစ်တတ်ပြီး ရှောင်လန်၏ အကြည့်များကမူ ထက်မြက်နေကာ သူမ၏ စိတ်ထဲတွင်တော့ အလျင်အမြန် ပိုင်းခြားစိတ်ဖြာနေခဲ့သည်။
“ဒီရှေးဟောင်းဝံပုလွေရဲ့ တိုက်ခိုက်ရေးပုံစံက အရမ်းကို ရှေးကျတယ်၊ ဒါပေမယ့် တိုက်ခိုက်မှုတိုင်းက အသက်အန္တရာယ်ရှိတဲ့ နေရာတွေကို တည့်တည့်ဦးတည်ထားတာ၊ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ စွမ်းအင်အသုံးပြုမှုက အလိုအလျောက် ဗီဇလိုပဲ...”
“ဝံပုလွေဦးဦး သုံးယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း ပိုပိုကောင်းလာတယ်၊ ထင်တဲ့အတိုင်းပဲ အစစ်အမှန် တိုက်ပွဲက အကောင်းဆုံး သင်ဆရာပဲ...”
အလွန်ပြင်းထန်သည့် တိုက်ပွဲကြီးသည် နာရီ၀က်နီးပါး ကြာမြင့်လာခဲ့ပြီးနောက် မိစ္ဆာဝံပုလွေမှာ အချိန်အတော်ကြာသည်အထိ အနိုင်မရနိုင်သဖြင့် သူ၏ အရှိန်အဝါထဲတွင် မတည်ငြိမ်မှု အရိပ်အယောင်တစ်ခု ပြသလာသည်။
ထိုအခိုက်အတန့်ကို စစ်သူကြီးသုံးဦးလုံးကလည်း အမိအရ ဖမ်းဆုပ်နိုင်ခဲ့လေသည်။
ယင်းဖုန်းထံမှ တိကျသော လေဓားသွားတစ်ခု ထွက်ပေါ်လာကာ မိစ္ဆာဝံပုလွေ၏ အမြင်အာရုံကို နှောင့်ယှက်လိုက်ပြီး ရန့်မြဲ့က သူ၏ နှင်းခဲဝိညာဉ်မသေမျိုးကို အပြည့်အဝ ထုတ်လွှတ်လိုက်ရာ အအေးဓာတ်က မိစ္ဆာဝံပုလွေ၏ လှုပ်ရှားမှုများကို ခေတ္တ နှေးကွေးသွားစေခဲ့သည်။
ထျန်းပင်းသည် ဤတိုတောင်းလှသော အခွင့်အရေးကို ဆုပ်ကိုင်၍ ပြင်းထန်ရေခဲဝါးမြိုခြင်းဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခံထားရပြီး အက်ကွဲကြောင်းများ ပေါ်နေပြီဖြစ်သော မိစ္ဆာဝံပုလွေ၏ နောက်ခြေထောက် အဆစ်ကို ပြင်းထန်စွာ ကိုက်ချလိုက်တော့သည်။
“ဂျွတ်...”
နှလုံးသား ဆွဲဆုတ်ခံလိုက်ရသကဲ့သို့ အရိုးကျိုးသံကြီးတစ်ခု ထွက်ပေါ်လာသည်။
နှင်းခဲအရိုးစု မိစ္ဆာဝံပုလွေမှာ စူးရှစွာ အော်ဟစ်လိုက်ရပြီး ဟူ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ချက်ချင်း ဟန်ချက်ပျက်သွားသည်။
ထို့ နောက် ရန့်မြဲ့နှင့် ယင်းဖုန်းတို့၏ တိုက်ခိုက်မှုများက မုန်တိုင်းတစ်ခုအလား လိုက်ပါလာတော့သည်။
နောက်ဆုံးတွင် ဤအစွမ်းထက်သော ရှေးဟောင်းရုပ်ကြွင်းကြီးမှာ စစ်သူကြီးသုံးဦး၏ ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှုအောက်တွင် မြေပြင်ပေါ်သို့ လဲကျသွားပြီး မျက်လုံးများထဲရှိ ဝိညာဉ်မီးတောက်များမှာလည်း တဖြည်းဖြည်း ငြိမ်သတ်သွားတော့သည်။
တိုက်ပွဲပြီးဆုံးသွားလေပြီ။ ဝံပုလွေသုံးကောင်လုံး ပြင်းထန်သော ဒဏ်ရာများ ရရှိထားကြကာ အမောတကော အသက်ရှူနေကြရသော်လည်း သူတို့၏ မျက်လုံးများမှာတော့ မယုံနိုင်လောက်အောင် တောက်ပနေခဲ့ကြသည်။
ဤတိုက်ပွဲတွင် သူတို့သည် အဆင့်တက်ပြီးနောက် ရရှိထားသော စွမ်းအားအသစ်များကို အမှန်တကယ် ပေါင်းစပ်နိုင်ခဲ့ပြီး သူတို့ကြားရှိ အပြန်အလှန် နားလည်မှုကလည်း အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
ရန့်မြဲ့၏ ရေခဲကြေးခွံချပ်ဝတ်တန်ဆာပေါ်တွင် မဟာခြောက်သွေ့သက်ပြင်းကြောင့် တိုက်စားခံထားရသော အစက်အပြောက်များ ဖုံးလွှမ်းနေသော်လည်း ကြေးခွံများအောက်ရှိ ကြွက်သားများမှာ ပိုမိုသိပ်သည်းခိုင်ခံ့လာပုံရသည်။
ထျန်းပင်းတွင် အရိုးပေါ်သည်အထိ နက်ရှိုင်းသော လက်သည်းရာ အနည်းငယ် ရှိနေပြီး သွေးများ ယိုစီးနေသော်လည်း နှင်းမုန်တိုင်းတိုက်ပွဲဝိညာဉ်၏ အကျိုးသက်ရောက်မှုအောက်တွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ လောင်ကျွမ်းနေခဲ့သည်။
သူ၏ ဒဏ်ရာများကို လျှာဖြင့်လျက်ကာ နဂါးသွေးနှင့် ဤသေမင်းတမန် တိုက်ပွဲတို့မှ ယူဆောင်လာပေးသော အကြိုးကျေးဇူးများကို ခံစားနေလေသည်။
ယင်းဖုန်းမှာတော့ ဘေးတစ်ဖက်တွင်လှဲနေပြီး သူ၏ စွမ်းအားများကို တိတ်ဆိတ်စွာ လည်ပတ်နေသည်။
အသစ်ရရှိထားသော သဘာ၀အာရုံ ခြေရာခံခြင်း စွမ်းရည်ကို အဆုံးစွန်အထိ အသုံးပြုခဲ့ပြီးနောက် ပတ်ဝန်းကျင်ရှိ မတူညီသော အနံ့များကို ဖမ်းယူနိုင်စွမ်းမှာ ပိုမိုထက်မြက်လာခဲ့လေသည်။
လင်းထျန်းလုံ ရှေ့သို့ လျှောက်သွားပြီး သူ၏ ချစ်လှစွာသော စစ်သူကြီးသုံးဦးကို ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“သုံးယောက်လုံး တော်ကြတယ်၊ ကောင်းတယ်၊ အခုတိုက်ပွဲက ရလိုက်တဲ့ အကျိုးအမြတ်တွေကို သေချာနားလည်အောင်လုပ်ပြီး ချေဖျက်ဖို့ပြင်ကြ”
“ဟုတ်ကဲ့ ဘုရင်မင်းမြတ်” ရန့်မြဲ့တို့သုံးယောက်လုံး သံပြိုင်အော်ဟစ်လိုက်ကြပြီး တိုက်ပွဲအကျိုးအမြတ်များကို ချေဖြတ်ရန် နေရာယူလိုက်ကြလေသည်။
ရန်မြဲ့သည် စွတ်ဖားလည်းအရှေ့တွင် ၀ပ်ချလိုက်ကာ အစောပိုင်းက တိုက်ပွဲအကြောင်းကို ပြန်နားလည်ဆင်ခြင်နေခဲ့သည်။
ထျန်းပင်းမှာတော့ ထုံးစံအတိုင်း တက်ကြွနေကာ ရေပြာကြေးခွံအစောင့်အရှောက်များနှင့်အတူ စွတ်ဖားလှည့်၏ ဘေးဘက်တွင် နေရာယူကာ လှည်းကို အပြည့်အ၀ ကာကွယ်ပေးနေခဲ့လေသည်။
ယင်းဖုန်းသည် အရိပ်များထဲသို့ပြန်လည်တိုး၀င်သွားပြီး သူအသစ်ရရှိထားသော သဘာ၀အာရုံ ခြေရာခံခြင်း စွမ်းရည်ကို ပိုရင်းနှီးကျွမ်း၀င်အောင်လုပ်ရင်း ပတ်၀န်းကျင်ကို ကင်းထောက်နေခဲ့၏။
စွတ်ဖားလှည်းပေါ်တွင် ရှောင်ယင်းသည် ဝံပုလွေဦးလေး သုံးယောက် တိုက်ပွဲမှရရှိထားများအား ချေဖျက်နေသည်ကို ကြည့်ရင်း ရင်ဘက်လေးအား ခပ်ဖွဖွပုတ်လိုက်လေသည်။
“ခုနက တကယ် ကြောက်စရာကောင်းတာပဲ၊ အဲဒီ အရိုးဝံပုလွေကြီးက အရမ်းစွမ်းတာပဲ။ ဒါပေမယ့် ဝံပုလွေဦးဥိးတွေက ပိုစွမ်းပေလို့ပေါ့...”
ရှောင်လန်မှာတော့ မိစ္ဆာဝံပုလွေ၏ အသားများနှင့် ဝံပုလွေအုပ်စု၊ အထူးသဖြင့် ထိုထူးခြားသော အရိုးစုကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။
သူမ၏ ရင်ထဲတွင် သံသယ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ “ဒီရှေးဟောင်းဝံပုလွေရဲ့ စွမ်းအား ခံစားချက်က... အရမ်း ထူးဆန်းနေတယ်၊ တချို့စွမ်းရည်တွေမှာ ဝံပုလွေဖေဖေရဲ့ စွမ်းအားနဲ့ ဆင်တူပေမယ့် အတော်လေးလည်း ကွဲပြားနေတယ်"
“အေးစက်ပြီး အသက်ဓာတ်ကင်းမဲ့နေတဲ့ ခံစားချက်မျိုး... ဝံပုလွေဦးဦးတွေ ဒီစွမ်းအားတွေကို စုပ်ယူမယ်ဆိုရင် အဆင်မှပြေပါ့မလား...”
ထိုသေခြင်းအရှိန်အဝါသည် ဝံပုလွေဖေဖေ၏ အသက်စွမ်းအင်များ ပြည့်နှက်နေသော ရေခဲစွမ်းအားနှင့် လုံးဝကွဲပြားနေကြောင်းကို သူမ အလိုအလျောက် ခံစားမိရုံသာဖြစ်သည်။
တိကျသော အကြောင်းရင်းကို မရှင်းပြနိုင်သော်ငြား စိုးရိမ်ပူပန်မှု အနည်းငယ် ဖြစ်ပေါ်လာခြင်းကိုမူ မတားဆီးနိုင်ပေ။
လင်းထျန်းလုံသည် ဝံပုလွေအုပ်စုကို ချက်ချင်း လှုပ်ရှားခိုင်းရန် အလျင်မလိုပေ။
ပုဆိန်သွေးခြင်းသည် ထင်းခုတ်ခြင်းကို မနှောင့်နှေးစေ၊ ဆိုသည့် အခြေခံသဘောတရားကို သူ ကောင်းကောင်းနားလည်လေသည်။
အထူးသဖြင့် ဤထူးဆန်းပြီး ခန့်မှန်းရခက်သော ‘ရှေးဟောင်းအရိုးဝံပုလွေနယ်မြေ’ ကို ရင်ဆိုင်နေရချိန်တွင် ပို၍ပင် အရေးကြီးလေသည်။
ဝံပုလွေအုပ်စုကို ဤအချိန်တွင် သေချာကုသပြီး ၎င်းတို့ ရရှိထားသည်များကို ကြေညက်အောင်လုပ်ရန် အမိန့်ပေးလိုက်လေသည်။
သူကိုယ်တိုင်မှာမူ နှင်းခဲအရိုးစု မိစ္ဆာဝံပုလွေ၏ အကြွင်းအကျန်များဆီသို့ လျှောက်သွားကာ မိုးပြာနက်နဲဘုရင်မျက်ဝန်းများဖြင့် သေချာ စစ်ဆေးနေခဲ့သည်။
ဤမိစ္ဆာဝံပုလွေက အခြား တစ်ခုခုကို စောင့်ကြပ်နေသည်လော။ ၎င်း၏ အပြုအမူက နယ်မြေစောင့်ကြပ်သူ တစ်ဦးနှင့် ပိုတူနေသဖြင့် လင်းထျန်းလုံ စဉ်းစားရခက်နေခဲ့သည်။
“သူ စောင့်ကြပ်နေတဲ့ အဓိကဧရိယာက ဘယ်မှာလဲ”
‘အမည်မသိ သက်ရှိများ’ ၏ ခြေရာများနှင့် အစောပိုင်းက ယင်းဖုန်း ပြောခဲ့သော ‘အညှီနံ့’ အပြင် မိစ္ဆာဝံပုလွေပေါ်တွင် ကျန်ရစ်နေသော အလွန်ပါးလျပြီး တူညီသည့် အရှိန်အဝါကို သူ ပြန်အမှတ်ရလိုက်သည်။
ထို ‘အမည်မသိ သက်ရှိများ’ ၏ ပစ်မှတ်သည်လည်း မိစ္ဆာဝံပုလွေစောင့်ကြပ်နေသည့် အရာများ ဖြစ်နေနိုင်မည်လော။ သူတို့ကြားမှာ ပဋိပက္ခ ဖြစ်ခဲ့သည်လော။
မိစ္ဆာဝံပုလွေသည်လည်း သူတို့ကြောင့် အပြင်ထွက်လာသည်လော။ သို့မဟုတ် သူ့အဖွဲ့နှင့် အမှတ်မထင် တွေ့ဆုံခြင်းလော။
လင်းထျန်းလုံ၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ လည်ပတ်နေခဲ့သည်။ သူ ခေါင်းမော့လိုက်ပြီး မိုးပြာနက်နဲဘုရင်မျက်ဝန်းများဖြင့် အရိုးတောအုပ် အနက်ထဲသို့ ကြည့်လိုက်သည်။
ထိုနေရာရှိ ဝိညာဉ်မြူခိုးများသည် ပိုမိုထူထပ်နေပြီး လူသူကင်းမဲ့သော ရှေးဟောင်းအရှိန်အဝါက ပိုမိုလေးလံနေသည်။
ယင်းဖုန်း ခြေရာခံထားသော ခြေရာများကလည်း နောက်ဆုံးတွင် ထိုဦးတည်ရာဆီသို့ ညွှန်ပြနေလေသည်။
“ရန့်မြဲ့၊ ထျန်းပင်း၊ ယင်းဖုန်း...” လင်းထျန်းလုံက ၎င်းတို့ ရရှိထားသည်များကို ချေဖျက်နေသော စစ်သူကြီးသုံးဦးထံသို့ သူ၏ အတွေးများကို ပေးပို့လိုက်သည်။
“အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် လုပ်ထားကြ၊ ရှေ့မှာ ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေနိုင်တယ်၊ ဒါမှမဟုတ် ငါတို့ ခရီးစဉ်ရဲ့ ပစ်မှတ်အစစ် ရှိနေတာလည်း ဖြစ်နိုင်တယ်...”
ဝံပုလွေသုံးကောင် ချက်ချင်း တုံ့ပြန်လိုက်ကြပြီး သူတို့၏ ဝါးမျိုမှုနှင့် ကုသမှု အမြန်နှုန်းက သိသိသာသာ မြင့်တက်လာသည်။
ထို့နောက် လင်းထျန်းလုံသည် သူ၏ အသိစိတ်တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ကာ အသိစိတ်နေရာလွတ် ထဲသို့ ဝင်စေပြီး ထို ချီနဂါးဝိညာဉ်အနှစ်သာရ ကို နောက်တစ်ကြိမ် ထိတွေ့လိုက်သည်။
အနောက်ဘက် ဧရိယာအကြောင်း၊ ဤရှေးဟောင်း ဝံပုလွေမျိုးနွယ်စုအကြောင်း၊ ထို့ပြင် ချီနဂါး၏ မှတ်ဉာဏ်အပိုင်းအစများထဲမှ ထို ‘အမည်မသိ သက်ရှိများ’ အကြောင်း သဲလွန်စများ ပိုမိုရှာဖွေရန် သူ ကြိုးစားလိုက်သည်။
လင်းထျန်းလုံ၏ဦးနှောက်ထဲတွင် အပိုင်းပိုင်းအစစဖြစ်နေသော ပုံရိပ်များ၊ အဆုံးမဲ့ ရေခဲမြစ်များ ဖြတ်ပြေးသွားတော့သည်......
***