"ဂုဏ်ပုဒ်တစ်ခု ပေးရမယ် ဟုတ်လား... ဒါပေါ့... ဒီတစ်ခေါက် တော်ဝင်ဝိညာဥ် ပြိုင်ပွဲမှာ ငါ နိုင်တာနဲ့ မင်း လိုချင်တာ အကုန် ရစေရမယ်..." မူရှန်း ရယ်မောလိုက်ပြီး နောက်ထပ် အချက်အနည်းငယ် ဆောင့်ထည့်လိုက်ပြီးနောက် တစ်ကိုယ်လုံး တုန်ယင်သွားကာ ဆန္ဒ ပြည့်ဝသွား၏။
"ရှင် ချန်ပီယံ ဖြစ်သွားရင် စံအိမ်သခင် နေရာက သေချာပေါက် ရှင့်အတွက်ပဲလေ... အဲဒီအခါကျရင် ကျွန်မက စံအိမ်သခင်ရဲ့ ကတော် ဖြစ်လာပြီး ဂုဏ်ကျက်သရေနဲ့ စည်းစိမ်ချမ်းသာတွေ အားလုံးကို ရမှာပေါ့..." ထိုအမျိုးသမီးကလည်း ပြုံးလိုက်ပြီး သူမ၏ မျက်လုံးများမှာ ပိုးသားကဲ့သို့ ဆွဲဆောင်မှု ရှိနေပေသည်။
“ဒီလိုပဲ ဖြစ်ရမှာပေါ့... မင်းက ငါ့မိန်းမလို့ ဘယ်သူ ပြောလဲ..." သူမ၏ အလွန်အမင်း ဆွဲဆောင်မှု ရှိသော အသံကို ကြားသောအခါ မူရှန်း ရယ်မောလိုက်ပြီး ထိုအမျိုးသမီး၏ နူးညံ့ပြီး လုံးဝန်းသော ရင်သားများကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ အားရပါးရ နယ်ချေလိုက်သည်။
မူရှန်း စိတ်ကြိုက်နယ်ချေသည်ကို ခေတ္တမျှ ခံလိုက်ရပြီးနောက် ထိုအမျိုးသမီး ရမ္မက်များ ပြန်ကြွလာကာ မျက်လုံးများ အရောင်လက်လာ၏။ "ကျွန်မ နောက်တစ်ခါ..."
"ဟဲဟဲ... မင်း ဒီလို တဏှာရူးတဲ့ ပုံစံလေးကို ငါ အရမ်း သဘောကျတာ... မင်းရဲ့ ယောက်ျား လာပြီ..." သူ့အောက်ရှိ အမျိုးသမီးက ထိုမျှ ဆွဲဆောင်မှု ရှိနေသည်ကို မြင်သောအခါ မူရှန်း ရမ္မက်ဆန်စွာ ရယ်မောလိုက်ပြီး အပေါ်မှ တက်ခွလိုက်သည်။
"စံအိမ်သခင် ဟုတ်လား... စံအိမ်သခင် ကတော် ဟုတ်လား... မင်းတို့ နှစ်ယောက်အတွက် မျှော်လင့်ချက် မရှိတော့ပါဘူး..."
သူတို့ နှစ်ယောက် နောက်တစ်ကြိမ် ခါးလှုပ်တိုက်ပွဲအတွက် ပြင်ဆင် အာရုံစိုက်နေကြစဉ် အခန်းထဲတွင် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ တိတ်ဆိတ်နေသော အခန်းထဲတွင် မျက်နှာဖုံးစွပ် လူတစ်ယောက် မည်သို့မည်ပုံ ရောက်လာမှန်းမသိ ပေါ်လာခြင်း ဖြစ်၏။
"မင်း ဘယ်သူလဲ... ဒီမှာ ဘာလာလုပ်တာလဲ... သေလမ်းရှာနေတာလား..."
အခန်းထဲတွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ မူရှန်း လန့်သွားပြီး မာန်သွင်း အော်ဟစ်လိုက်သည်။ သူ လက်ဝါးများကို လှန်ကာ မျက်နှာဖုံးစွပ် လူကို ရိုက်ချလိုက်၏။
"အသေးအဖွဲ လှည့်ကွက်တွေ... သေလိုက်စမ်း..."
မျက်နှာဖုံးစွပ် လူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ဝါးကို ရုတ်တရက် ရှေ့သို့ ရိုက်ထုတ်လိုက်၏။
သူ၏ တိုက်ခိုက်မှုက အသံမထွက်သော်လည်း တားဆီး၍ မရနိုင်သော စွမ်းအားနှင့် အာဏာစက်ကို သယ်ဆောင်လာပေသည်။
"ယွမ်ရှန်းအဆင့် ပညာရှင် တစ်ယောက်လား... မင်း ဘယ်သူလဲ..." ထိုစွမ်းအားကို ခံစားလိုက်ရသဖြင့် မူရှန်း၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသော်လည်း သူ စကားမဆုံးမီမှာပင် ခေါင်းက ခန္ဓာကိုယ်မှ ကွဲကွာသွားပြီး အလောင်းက မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေသည်။
"ရှင်... ရှင် မူရှန်းကို တကယ် သတ်လိုက်တာလား... ကျွန်မကို မသတ်ပါနဲ့... ရှင် ကျွန်မကို မသတ်သ၍ ကျွန်မ ရှင့်မိန်းမ လုပ်ပေးနိုင်ပါတယ်... ရှင် လိုချင်တာ အကုန် လုပ်လို့ ရပါတယ်... ကျွန်မ အရမ်း တော်ပါတယ်... ရှင် စိတ်ကျေနပ်စေရမယ်လို့ အာမခံပါတယ်..."
မူရှန်းကို တစ်ဖက်လူက တစ်ကွက်တည်းဖြင့် သတ်လိုက်သည်ကို မြင်သောအခါ ခါးသွယ်သွယ်နှင့် အမျိုးသမီး၏ မျက်နှာမှာ ကြောက်လန့်မှုကြောင့် ဖြူဆုတ်သွား၏။ သူမ အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး စောင်များကို ဖယ်ရှားကာ သူမ၏ ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ်ကို ဖော်ပြလိုက်သည်။
"ဟမ့်..."
မျက်နှာဖုံးစွပ် လူက သူမ၏ ဖြားယောင်းမှုကို လျစ်လျူရှုလိုက်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်၏။
ဘုတ်
ထိုအမျိုးသမီးသည်လည်း မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး အသက်ရှူ ရပ်တန့်သွားပေသည်။
"သွားမယ်..."
အခန်းထဲသို့ ဝင်လာသည်မှစ၍ ထိုနှစ်ယောက်ကို သတ်သည်အထိ မျက်နှာဖုံးစွပ် လူ၏ အမြန်နှုန်းက အလွန် လျင်မြန်လှပြီး မည်သည့် တွေဝေမှု သို့မဟုတ် ကြန့်ကြာမှုမျှ မရှိခဲ့ချေ။
သို့တိုင်အောင် မူအန်းစံအိမ်မှ ချီလှိုင်းလုံး တစ်ခု ကောင်းကင်သို့ တိုက်ရိုက် ထိုးတက်သွားပြီး တစ်ချိန်တည်းမှာပင် ဒေါသတကြီး ကျုံးဝါးသံ တစ်သံ ထွက်ပေါ်လာ၏။ မျက်နှာဖုံးစွပ် လူ၏ လုပ်ရပ်များကို ရှာတွေ့သွားပြီ ဖြစ်သည်။
"ငါ့မြေးကို ဘယ်သူ သတ်ရဲတာလဲ... မင်း သေလမ်းရှာနေတာပဲ..." ထိုအသံက အက်ကွဲနေပြီး ကောင်းကင်နှင့် မြေကြီးကို ဆွဲဖြဲပစ်တော့မည့်အလား ဧရာမ ဒေါသများဖြင့် ပြည့်နှက်နေပေသည်။
"ဟားဟား..." မျက်နှာဖုံးစွပ် လူက နိုင်းယွမ်၏ ကိုယ်ပွား ဖြစ်ပြီး ထိုသည်မှာ သူ၏ ရည်ရွယ်ချက် အတိအကျပင်။ တစ်ဖက်လူ ရှာတွေ့သွားပြီ ဖြစ်ကြောင်း မြင်သောအခါ သူ အသာအယာ ပြုံးလိုက်ပြီး ခန္ဓာကိုယ် ယိမ်းယိုင်သွားကာ ဆက်လက် မဖုံးကွယ်တော့ဘဲ လိပ်ပြာတောင်ပံစံအိမ် သို့ အလျင်အမြန် ပျံသန်းသွားလိုက်၏။
"လူယုတ်မာ... မင်း ထွက်မပြေးနဲ့... ဒီနေ့ မင်းကို မသတ်ရရင် ငါ မူချီ မဟုတ်ဘူး..."
စံအိမ်သခင် မူချီ မာန်သွင်း ကျုံးဝါးလိုက်ရာ ပတ်ဝန်းကျင်ပင် တုန်ဟည်းသွား၏။ တစ်ချိန်တည်းမှာပင် သူ၏ ယွမ်ရှန်းအဆင့် စွမ်းအားများ အကန့်အသတ်ထိ လည်ပတ်သွားပြီး အလျင်အမြန် လိုက်လံ ဖမ်းဆီးလိုက်၏။
"အောင်မြင်ပြီ..."
ကျိဟွာဂူစံအိမ် တွင် ပုန်းကွယ်နေသော နိုင်းယွမ်နှင့် သူ၏ ကိုယ်ပွားတို့က ဝိညာဉ် တစ်ခုတည်းပင်။ အစီအစဉ် အောင်မြင်သွားသည်ကို မြင်သောအခါ သူ အသာအယာ ပြုံးလိုက်ပြီး လိုဏ်ဂူထဲမှ ထွက်လာလိုက်၏။ ထို့နောက် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး စံအိမ်သခင်၏ နေအိမ်ထဲသို့ မောက်မာစွာ ဝင်ရောက်သွားလိုက်သည်။
ထိုနေရာတွင် စည်းတံဆိပ်များ ရှိသော်လည်း ကောင်းကင်မျက်လုံးကို ပိုင်ဆိုင်ထားသော သူ့အတွက်မူ ယင်းတို့က ပြဿနာ လုံးဝ မဟုတ်ချေ။ မကြာမီမှာပင် သူ လျှို့ဝှက်ခန်း၏ ရှေ့သို့ ရောက်ရှိသွား၏။
တကယ်ဆိုလျှင် လျှို့ဝှက်ခန်း၏ စက်ယန္တရားကို မသိသူ တစ်ယောက်က အချိန်အကြာကြီး ရှာဖွေရမည် ဖြစ်သော်လည်း ကောင်းကင်မျက်လုံး၏ အလင်းရောင်အောက်တွင် အသေးစိတ် အချက်အလက် တိုင်းကို ရှင်းလင်းစွာ မြင်တွေ့နေရပေသည်။ နိုင်းယွမ် ပန်းအိုး တစ်လုံးနားသို့ သွားပြီး ယင်းကို ညင်သာစွာ လှည့်လိုက်၏။
ကျွီ ကျွီ...
လျှို့ဝှက်ခန်း ပွင့်သွား၏။
အတွင်းသို့ ပြေးဝင်သွားလိုက်သည်နှင့် ကြွက်သားများကို လှုပ်ရှားလာစေသော အရှိန်အဝါ တစ်ခု သူ့ထံသို့ ပြေးဝင်လာသည်ကို နိုင်းယွမ် ချက်ချင်း ခံစားလိုက်ရပြီး သူ့ စိတ်ဝိညာဉ် လန်းဆန်းတက်ကြွသွားသည်ကို ခံစားလိုက်ရသည်။
"ဒါ... ဒါက လင်ရှီးစမ်းရေများ ဖြစ်နိုင်မလား..."
သူ့ ခန္ဓာကိုယ်ထဲ သက်တောင့်သက်သာ ဖြစ်သွားသည်ကို ခံစားရင်း နိုင်းယွမ် အာရုံစိုက်လိုက်ရာ သူ့ရှေ့တွင် အလျားလိုက် တည်ရှိနေသော လက်ဝါးအရွယ်အစားခန့် ဘူးသီးခြောက် တစ်လုံးကို တွေ့လိုက်ရသည်။ ယင်းထံမှ အားတိုးဆေး တစ်ခု သောက်လိုက်ရသည့်အလား စိတ်လှုပ်ရှားဖွယ်ရာ အရှိန်အဝါ တစ်ခုမှာ အဆက်မပြတ် ထုတ်လွှတ်နေပေသည်။
သေချာပေါက် ထိုအရာကား လင်ရှီးစမ်းရေ ဖြစ်ရပေမည်။
"သိမ်းစမ်း..."
ထိုသည်မှာ ပစ္စည်းကောင်း တစ်ခု ဖြစ်ကြောင်း သိသောကြောင့် နိုင်းယွမ် တွေဝေမနေချေ။ သူ လက်ကို ဝှေ့ယမ်းပြီး ဘူးသီးခြောက်ကို လှမ်းဆွဲလိုက်၏။ သို့သော် သူ ထိလိုက်သည်နှင့် ဘူးသီးခြောက်က တောင်တစ်လုံးကဲ့သို့ လေးလံနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ သူ ယိုင်နဲ့သွားပြီး မြေကြီးပေါ်သို့ ချက်ခြင်း လဲကျသွား၏။
"ဘာ..."
လက်တစ်ဖက်ဖြင့် လှမ်းဆွဲလိုက်ရာ ဘူးသီးခြောက်ကို မ,မနိုင်ရုံသာမက မြေကြီးပေါ်သို့ပါ လဲကျသွားသဖြင့် နိုင်းယွမ် အလွန်အမင်း အံ့အားသင့်သွားရပေသည်။
သူ၏ အစစ်အမှန်ချီ တစ်ခုတည်းကပင် ဆင်ခွန်အား ၉၉၉၉ ရှိပြီး မဟာခွန်အားဒန်တျန် နှင့် ဝိညာဉ် ခွန်အားတို့ ပေါင်းစပ်လိုက်ပါက... သီးသန့် ခွန်အား အနေဖြင့် သာမန် ယွမ်ရှန်းအဆင့် ပညာရှင် တစ်ယောက်ပင် ထိုမျှလောက် ပိုင်ဆိုင်နိုင်မည် မဟုတ်ချေ။ ထိုကဲ့သို့သော ခွန်အားဖြင့် တောင်တစ်လုံးကို ဆွဲမ,မည် ဆိုပါက လီတစ်ထောင် ကျယ်ဝန်းသော ဧရာမ တောင်ထွတ်ကြီး တစ်ခုကိုပင် တစ်ချက်တည်းဖြင့် မ,တင်နိုင်ပေသည်။ ယခုအခါ သူ လက်ဝါးအရွယ်အစားခန့် ဘူးသီးခြောက် တစ်လုံးကိုတောင် မ,မနိုင် ဖြစ်နေ၏။
‘ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’
‘ဒီဘူးသီးခြောက်က ဘယ်လိုလုပ် ဒီလောက် လေးနေရတာလဲ...’
"ငါ မယုံဘူး..."
အံကြိတ်လိုက်ပြီးနောက် နိုင်းယွမ် ခွန်အား အပြည့်အဝဖြင့် ထပ်မံ လှမ်းဆွဲလိုက်သည်။
ထိုတစ်ကြိမ်တွင် ယခင်ကထက် ပိုဆိုးသွား၏။ သူ ခွန်အား အလွန်အကျွံ သုံးလိုက်မိသဖြင့် ထပ်မံ ယိုင်နဲ့သွားပြီး အတွင်းဒဏ်ရာပင် ရရှိသွားပေသည်။
သို့သော် ထိုအတွင်းဒဏ်ရာများက ကုစားချီကြောင့် အသက်ရှိုက်စာ နှစ်ကြိမ်မျှပင် မကြာလိုက်ဘဲ လုံးဝ ပျောက်ကင်းသွား၏။
"ဘာလို့ ဒီလောက် လေးနေရတာလဲ... ဘာတွေ ဖြစ်နေတာလဲ... မူရှာ... ထွက်လာခဲ့..."
အတွေးတစ်ချက်နှင့် နိုင်းယွမ် မူရှာကို ကျိဟွာဂူစံအိမ် ထဲမှ ထုတ်ယူလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ... ငါ ဘာလို့ အဲဒါကို မ,လို့ မရတာလဲ..." နိုင်းယွမ် စကားများများ မပြောတော့ဘဲ သူ့ရှေ့ရှိ ဘူးသီးခြောက်ကို လက်ညှိုးထိုးပြလိုက်၏။
"ဒါက... ဒါက လင်ရှီးစမ်းရေလား..." မူရှာသည်လည်း ယင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး သူမ၏ မျက်နှာတွင် အံ့သြသွားသည့် အမူအရာ တစ်ခု လက်ခနဲ ဖြစ်သွားသည်။ ထို့နောက် သူမ တစ်ခုခုကို သတိရသွား၏။
"လင်ရှီးစမ်းရေက ကောင်းကင်နဲ့ မြေကြီးကနေ ဖြစ်ပေါ်လာတဲ့ ရတနာ တစ်ခုလေ... သူက 'နှလုံးသား နှစ်ခု တစ်ခုတည်း ခုန်လှုပ်သလို' ပြီးပြည့်စုံတဲ့ ကိုက်ညီမှုကို အလေးထားတယ်... ရှင်က စမ်းရေနဲ့ ပြီးပြည့်စုံစွာ ကိုက်ညီနိုင်မယ် ဆိုရင် အဲဒါက ငှက်မွေးလေး တစ်ခုလို ပေါ့ပါးနေလိမ့်မယ်... မကိုက်ညီဘူး ဆိုရင်တော့ တောင်တစ်လုံးထက်တောင် ပိုလေးနေလိမ့်မယ်..."
"နှလုံးသား နှစ်ခု တစ်ခုတည်း ခုန်လှုပ်သလို ဟုတ်လား... အဲဒါကို ဘယ်လို လုပ်ရမှာလဲ..."
နိုင်းယွမ်၏ ဝိညာဉ်စွမ်းအားက ယင်းကို အာရုံခံကြည့်လိုက်သော်လည်း ထိုစမ်းရေမှာ လူများ၏ ကြွက်သားများကို စိတ်လှုပ်ရှားစေခြင်းမှလွဲ၍ အခြားအရာများနှင့် မကွဲပြားကြောင်း သူ တွေ့ရှိလိုက်ရသည်။
‘ဝိညာဉ် မရှိတဲ့ ရေကို ပြီးပြည့်စုံတဲ့ ကိုက်ညီမှု ရအောင် လုပ်ရမယ် ဟုတ်လား... ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’
"ကျွန်မလည်း မသိဘူး... ကျွန်မ ဒီအကြောင်းတွေကို ကြားပဲ ကြားဖူးတာ... တကယ်တမ်း ဘာတွေ ဖြစ်နေလဲ ဆိုတာကို အတိအကျ မသိဘူး..." လူငယ်လေး၏ ဇဝေဇဝါ ဖြစ်နေမှုကို မြင်သောအခါ မူရှာ အလျင်အမြန် ရှင်းပြလိုက်သည်။
"မင်း အရင် ပြန်ဝင်သွားလိုက်... ငါ ထပ်လေ့လာကြည့်ဦးမယ်..."
မူရှာကို ကျိဟွာဂူစံအိမ် ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် နိုင်းယွမ် မျက်မှောင်ကြုတ်သွားပြီး မျက်နှာတွင် သံသယများ ပြည့်နှက်နေ၏။
"ပြီးပြည့်စုံတဲ့ ကိုက်ညီမှု ဟုတ်လား... ငါ ဘယ်လိုလုပ် ပြီးပြည့်စုံတဲ့ ကိုက်ညီမှု ရအောင် လုပ်နိုင်မှာလဲ..." သူ၏ ဝိညာဉ်က ဘူးသီးခြောက်ကို အကြိမ်အနည်းငယ် ဝိုင်းပတ်ကြည့်လိုက်သော်လည်း နိုင်းယွမ်၏ မျက်မှောင်များ ပိုမို နက်ရှိုင်းစွာ ကြုတ်သွားသည်။ ဝိညာဉ် မရှိသော ရေနှင့် မည်သို့ ဆက်သွယ်ရမည်ကို သူ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေပေသည်။
"ဟုတ်သားပဲ... ဒီစမ်းရေတွေက ဒီမှာ ရှိနေတယ် ဆိုကတည်းက မူအန်းစံအိမ်သခင် ထားခဲ့တာ ဖြစ်ရမယ်... ဆိုလိုတာက သူက ဒီအရာနဲ့ ဆက်သွယ်နိုင်တယ် ဆိုတဲ့ သဘောပဲ... ဟဲဟဲ... သူ ဘယ်လိုပဲ ဆက်သွယ်ဆက်သွယ်... ငါ သူ့ပုံစံ အရင် ရုပ်ဖျက်လိုက်မယ်..."
အတွေးတစ်ခုနှင့်အတူ နိုင်းယွမ်၏ ရုပ်လွဲချီများ လှိုင်းထလာပြီး ရုပ်သွင် တစ်ခုလုံး ချက်ချင်း ပြောင်းလဲသွား၏။
ရုပ်လွဲချီ၏ ပြောင်းလဲမှုနှင့်အတူ သူ၏ ဝိညာဥ် အရှိန်အဝါပင်လျှင် ပြောင်းလဲသွားမည် ဖြစ်ပေသည်။ ထို့ကြောင့် နိုင်းယွမ် ယခုအခါ မူချီ နှင့် အတိအကျ တူညီနေပြီ ဖြစ်ပြီး စိတ်ဝိညာဥ်အလယ်အဆင့် ပညာရှင် တစ်ယောက်ပင်လျှင် ကွာခြားချက်ကို ပြောပြနိုင်မည် မဟုတ်ချေ။
"ကြွလာစမ်း..."
မူချီ၏ ရုပ်သွင်သို့ ပြောင်းလဲပြီးနောက် နိုင်းယွမ် လက်ဝါးကြီးဖြင့် ဘူးသီးခြောက်ဆီသို့ ထပ်မံ လှမ်းဆွဲလိုက်သော်လည်း ယခင်ကအတိုင်းပင် ယိုင်နဲ့သွားပြီး ထပ်မံ လဲကျသွားပြန်သည်။
သူကိုယ်တိုင် ဆွဲယူရန် ကြိုးစားစဉ်ကနှင့် ဘာမှ မကွာခြားချေ။
"ဒီနည်းလမ်းက အလုပ်မဖြစ်ဘူး... ဒါဆို ငါ ဘာလုပ်ရမလဲ... ဒီလောက် အဝေးကြီး လာပြီးမှ လက်ဗလာနဲ့တော့ ပြန်မသွားနိုင်ဘူးလေ..." နိုင်းယွမ် စိတ်ပျက်သွားမိသည်။
အကြံအစည် အများအပြားနှင့် သူ၏ ရုပ်လွဲစွမ်းရည်ကို ပေါင်းစပ်ပြီးနောက် နောက်ဆုံးတွင် မူချီကို လှည့်စားနိုင်ခဲ့ပြီ ဖြစ်၏။ အကယ်၍ သူသာ လက်ဗလာဖြင့် ပြန်သွားရပါက တကယ်ကို စိတ်ဓာတ်ကျသွားရတော့ပေမည်။
"ဝီ..." နိုင်းယွမ် အတွေးနက်နေစဉ်မှာပင် သူ၏ ရင်ခွင်ထဲရှိ ထိုက်ရီစံအိမ်သခင် ပေးထားသော ကျောက်စိမ်းပြားက အနည်းငယ် တုန်ခါသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
"ဟင်... ဒါက အလုပ်ဖြစ်နိုင်မလား..."
ကျောက်စိမ်းပြား၏ လှုပ်ရှားမှုကို ခံစားလိုက်ရသဖြင့် နိုင်းယွမ်၏ မျက်လုံးများ တောက်ပလာပြီး ယင်းကို ချက်ခြင်း ထုတ်ယူလိုက်၏။
ဝီ... ဝီ... ဝီ
ကျောက်စိမ်းပြား ပေါ်လာသည်နှင့် တဝီဝီ မြည်သံများ ထွက်ပေါ်လာသည်။ ယင်းက ဘူးသီးခြောက်ကို ကာလကြာရှည် ကွဲကွာနေသော ညီအစ်ကို တစ်ယောက်ကဲ့သို့ မှတ်မိသွားပုံ ရပြီး ဆင်တူသော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေပေသည်။
ဘူးသီးခြောက်ထဲရှိ အရည်သည်လည်း ယင်း၏ နီးစပ်ရာ ဝိညာဉ်ကို ရှာတွေ့သွားပုံ ရပြီး အဆက်မပြတ် ခုန်လှုပ်နေကာ လှပသော တေးသွား တစ်ခုကို ထုတ်လွှတ်နေ၏။
"အခုပဲ..." တိုးညင်းစွာ အော်ဟစ်လိုက်ပြီးနောက် နိုင်းယွမ် လက်ဝါးကြီးဖြင့် လှမ်းဆွဲကာ သူ့ရှေ့ရှိ ဘူးသီးခြောက်ကို ပြင်းထန်စွာ ဖမ်းဆုပ်လိုက်သည်။
ဘူးသီးခြောက်က ယခင်ကထက် တကယ်ကို ပိုမို ပေါ့ပါးသွားပေသည်။ တောင်တစ်လုံးကဲ့သို့ လေးလံနေသေးသော်လည်း နိုင်းယွမ် ယခုအခါ ယင်းကို မနိုင်သွားပြီ ဖြစ်၏။
ဝှစ်
နိုင်းယွမ် ဘူးသီးခြောက်ကို ကျိဟွာဂူစံအိမ် ထဲသို့ သိမ်းဆည်းလိုက်သည်။
"တခြား ပစ္စည်းတွေ ရှိသေးလား..."
ဘူးသီးခြောက်ကို သိမ်းဆည်းပြီးနောက် နိုင်းယွမ် သက်ပြင်းချလိုက်မိသည်။ သူ လျှို့ဝှက်ခန်း ပတ်လည်ကို ဝေ့ကြည့်လိုက်ရာ ဘူးသီးခြောက်မှလွဲ၍ အခြား မည်သည့်အရာမျှ မရှိတော့ကြောင်း တွေ့လိုက်ရ၏။ ထိုအခါမှသာ သူ ဝန်လေးစွာဖြင့် ပြန်ထွက်လာလိုက်သည။
ထိုသည်မှာ မူအန်းစံအိမ်၏ ယာယီ အခြေစိုက် စခန်း တစ်ခုသာ ဖြစ်ပြီး သူတို့၏ ပင်မ အခြေစိုက် စခန်း မဟုတ်ချေ။ သို့ပေရာ ရတနာ အမျိုးမျိုးကို ထိုနေရာတွင် သိမ်းဆည်းထားမည် မဟုတ်ဘဲ အများဆုံး လင်ရှီးစမ်းရေကိုသာ သိမ်းဆည်းထားမည် ဖြစ်၏။
"ငါ့ရဲ့ ကိုယ်ပွားက အခု မူချီကို လှည့်စားပြီး ခေါ်သွားနေတယ်... ငါ အခု လိပ်ပြာတောင်ပံစံအိမ်ကို ပြန်သွားပြီး ကြည့်ရမယ်..."
သူ၏ ကိုယ်ပွားက ယခုအခါ မူချီကို လှည့်စားပြီး ရှေးဟောင်းမြို့တော်တစ်ဝိုက်တွင် လိုက်လံ ဖမ်းဆီးခိုင်းနေကာ သူတို့ နှစ်ယောက်တို့ တစ်ယောက်နောက် တစ်ယောက် လိုက်ရင်း မည်မျှ ဝေးကွာသော နေရာသို့ ရောက်သွားမှန်း မသိကြောင်း အာရုံခံမိသဖြင့် နိုင်းယွမ် အသာအယာ ပြုံးလိုက်ပြီး မူအန်းစံအိမ်မှ ထွက်လာကာ လိပ်ပြာတောင်ပံစံအိမ် သို့ တိတ်တဆိတ် ပျံသန်းသွားလိုက်သည်။
"ကိုယ်ပွား... မင်း အခု ပြန်လာလို့ ရပြီ..."
လိပ်ပြာတောင်ပံစံအိမ် သို့ ပြန်ရောက်သည်နှင့် နိုင်းယွမ် မိစ္ဆာသူတော်စင် ရှေးဦးအလောင်း ကိုယ်ပွားကို ပြန်လာခဲ့ဖို့ ညွှန်ကြားလိုက်၏။
ဝှစ်...
သူတို့ နှစ်ယောက် ဆုံတွေ့သည်နှင့် နိုင်းယွမ် ကိုယ်ပိုင် ခန္ဓာကိုယ်ထဲသို့ ကိုယ်ပွားကို ပြန်လည် စုပ်ယူလိုက်သည်။
"မင်း အဲဒီမှာ ရပ်လိုက်စမ်း... မူတင်း... အရူး အဘိုးကြီး... မင်းက ငါတို့ အဆက်မပြတ် နိုင်နေတာကို ကြောက်ပြီး ငါ့မြေးကို သတ်ဖို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲတယ်ပေါ့... ဒီနေ့ မင်းကို မသတ်ရရင် ငါ့ရဲ့ အမုန်းတရားတွေ ဘယ်တော့မှ ပြေပျောက်မှာ မဟုတ်ဘူး..."
သူ လိုက်ဖမ်းနေသော လူရိပ်က လိပ်ပြာတောင်ပံစံအိမ်ထဲသို့ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ မူချီ ချက်ချင်းပင် အရာအားလုံးကို နားလည်သွားသည်။ သူ ဆက်လက် တည်ငြိမ်မနေနိုင်တော့ဘဲ အမုန်းတရားများ အပြည့်ဖြင့် အံကြိတ်လိုက်၏။ မာန်သွင်း အော်ဟစ်လိုက်ပြီးနောက် သူ လက်ဝါးများကို လှန်လိုက်ရာ အလွန်အမင်း အားကောင်းသော ခွန်အားကြီး တစ်ခု ထိုက်ရီစံအိမ်သခင် မူတင်း၏ နေအိမ်ပေါ်သို့ ပိကျလာလေသည်။
"ဘာ... မူချီ... မင်း ရူးနေလား... မင်း ဘာတွေ စိတ်ဖောက်ပြန်နေတာလဲ..."
ထိုက်ရီစံအိမ်သခင်မှာမူ အခန်းထဲတွင် ကျင့်ကြံနေစဉ် ကြီးမားသော အရှိန်အဝါ တစ်ခု အောက်သို့ လိမ့်ဆင်းလာသည်ကို ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်ရာ မူချီကို တွေ့လိုက်ရပြီး ဒေါသထွက်လွန်း၍ ပါးစပ်များ ရွဲ့စောင်းသွားကာ ရူးသွပ်စွာ အော်ဟစ်လိုက်၏။
ဂုဏ်သိက္ခာရှိသော စံအိမ်သခင် တစ်ယောက် ဖြစ်သည့်တိုင် တစ်ဖက်လူက စကားတစ်ခွန်းမှ မပြောဘဲ တိုက်ခိုက်လာခြင်း ဖြစ်၏။ သူနှင့် ထိုမျှ နက်ရှိုင်းသော ရန်ငြိုးမျိုးလည်း မရှိခဲ့ဖူးချေ။ ယနေ့ သေမင်းတမန် စမ်းသပ်မှု အကြောင်း ဆွေးနွေးခဲ့လျှင်ပင် သူ သဘောတူခဲ့ပြီး မြို့သခင်က နောက်ဆုံး ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်ပေသည်။ တစ်ဖက်လူ ထိုမျှလောက် ဒေါသတကြီး ဖြစ်နေစရာ အကြောင်း မရှိချေ။
စိတ်ပျက်နေသော်လည်း ထိုအချိန်က အတွေးနက်နေဖို့ အချိန်မဟုတ်ကြောင်း သူ သိထားသောကြောင့် လက်ဝါးများကို မြှောက်ကာ အပေါ်သို့ ပျံတက်သွားလိုက်၏။
ဝုန်း ဝုန်း
စံအိမ်သခင် နှစ်ယောက်၊ ယွမ်ရှန်းအဆင့် အထွတ်အထိပ် ပညာရှင် နှစ်ယောက်တို့ ချက်ချင်းပင် ထိပ်တိုက် တွေ့ဆုံသွားကြသည်။
အခန်း ၃၇၈ ပြီး