" ဒုက္ခ ဟုတ်လား "
ဂျင်ချန်က ပြောပြီး ခေါင်းခါသည်။
" မဟာအကြီးအကဲရှုံက ဒါတွေအားလုံးကို ဒုက္ခလို့ မြင်တာကတော့ ငါ သဘောမတူဘူး။ ငါတို့ရဲ့ ခရမ်းကောင်းကင် ဓားဂိုဏ်းက ဘယ်တော့မှ ဒုက္ခကို သွားမရှာဘူး။ တခြား အဖွဲ့အစည်းတွေကသာ အနှောင့်အယှက် လာပေးနေလို့ ငါတို့က ကိုယ့်ကိုယ်ကိုယ် ခုခံတဲ့အနေနဲ့ ပြန်ပြီး တိုက်ခိုက်ရုံပဲ။ ဥပမာအနေနဲ့ ဓား ထိန်းချုပ်မှု အမတ ဂိုဏ်း၊ မိုးပြာရောင် မြေခွေး အမတ ဂိုဏ်း၊ ဆန်းရန် အမတ ဂိုဏ်း၊ သွေးနီရောင် နေဝင်ချိန် အမတ ဂိုဏ်းတွေကစပြီး အေးစက် ကောင်းကင် မင်သက် မိုးကြိုး ဓားဂိုဏ်းဆိုတဲ့ နောက်ပိုင်းအထိ ဘယ်တစ်ခုကများ ခရမ်းကောင်းကင် ဓားဂိုဏ်းက စခဲ့ဖူးလို့လဲ။ ဟင်။ သူတို့အားလုံးက ခရမ်းကောင်းကင် ဓားဂိုဏ်းကို နှစ်ပေါင်းများစွာ အနှောင့်အယှက် ပေးနေခဲ့တာ မဟုတ်လား။ ဆမ်ဆာရ ထာဝရရှင်သန်ခြင်း မဟာအဆင့်မြင့် ဘုရင်ရဲ့ အမိန့်ကြောင့်သာ မဟုတ်ရင် ခရမ်းကောင်းကင် ဓားဂိုဏ်းကို သူတို့ ဝါးမြိုပြီးသွားလောက်ပြီ။ ဆိုတော့ ငါတို့ရဲ့ ခရမ်းကောင်းကင် ဓားဂိုဏ်းက သူတို့ကို ဖျက်ဆီးတာ ဖြစ်သင့်တယ်။ "
" ထွားကြိုင်း ဆင် အမတ ဂိုဏ်း အတွက်ကတော့ သူတို့ရဲ့ ထာဝရ ရှင်သန်ခြင်း ဧကရာဇ် ၁၀ ယောက်နဲ့ ထာဝရ ရှင်သန်ခြင်း ဘုရင် ၈၁ ယောက် သေဆုံးသွားခဲ့တာကို မဟာအကြီးအကဲရှုံက ဘယ်လိုထင်ချင်တာလဲ။ သူတို့က တက်တက်ကြွကြွနဲ့ စီနီယာ မိစ္ဆာသစ်ခွပန်းကို ထောင်ချောက်ဆင်ပြီး တိုက်ခိုက်တဲ့အတွက်ကြောင့် မဟုတ်ရင် ဒီလိုဖြစ်သွားမှာလား။ စီနီယာ မိစ္ဆာသစ်ခွပန်းက မဟာ အကြီးအကဲရှုံရဲ့ အသက်ကို ကယ်တင်ဖူးတယ်ဆို။ ဆိုတော့ စီနီယာ မိစ္ဆာသစ်ခွပန်းကသာ ချုံခိုတိုက်ခိုက်ခံရတဲ့အချိန်မှာ ပြန်လည်ပြီး မတိုက်ခိုက်ခဲ့ဘူးဆိုရင် ဘာတွေဖြစ်သွားမယ်ထင်လဲ။ "
ဂျင်ချန်က ထာဝရ ဝါးမြိုခြင်း သစ်ခွပန်း အကြောင်း ထည့်ပြောသံကို ကြားလိုက်ရသဖြင့် မဟာ အကြီးအကဲရှုံ၏ မျက်နှာက သုန်မှုန်လာသည်။ ထာဝရ ဝါးမြိုခြင်း သစ်ခွပန်းဟာ ကောင်းကင်လွှာ အဆင့်မှ ထာဝရ ရှင်သန်ခြင်း ဧကရာဇ် အဆင့်သို့ ရောက်ရှိနေကြောင်း သိနေသော်လည်း ထိုပန်းက ထိုထောင်ချောက်တွေထဲတွင် ရှင်သန်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။
မည်သို့ပင် ဆိုစေကာမူ ထွားကြိုင်း ဆင် အမ ဂိုဏ်း၏ စီမံမှုဟာ အင်အားကြီးမားလွန်းသဖြင့် ကောင်းကင်လွှာ အဆင့် ထာဝရ ရှင်သန်ခြင်း မဟာဘုရင်ပင် သေနိုင်သည်။ ကောင်းကင်လွှာ အဆင့်ရှိ ထာဝရ ရှင်သန်ခြင်း ဧကရာဇ် ဆိုလျှင် မပြောသင့်တော့ပေ။
ထိုအခြေအနေဟာလည်း ထာဝရ ဝါးမြိုခြင်း သစ်ခွပန်းနှင့် ပတ်သက်လောက်သည်။ သို့သော် မဟာ အကြီးအကဲရှုံဟာ ထပ် မတွေးချင်တော့ချေ။ ထိုအတွေးကို ခဏ ဖယ်ထုတ်လိုက်သည်။ သူဟာ ခရမ်းကောင်းကင် ဓားဂိုဏ်းမှ မထွက်သွားမီအထိ ထာဝရ ဝါးမြိုခြင်း သစ်ခွပန်းဆီ ထပ်သွားကာ တွေ့ခဲ့သေးသည်။ သူက မျက်နှာတွင် ဖုံးကွယ်ထားရန် ခက်ခဲသည့် ရိုသေလေးစားမှုများ ပြည့်နှက်နေသည်။ သူဟာ ထိုပန်းကို နက်ရှိုင်းစွာ ဦးညွှတ်ပေးပြီးနောက် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြောသည်။
" စီနီယာ မိစ္ဆာပန်း၊ ငါသွားတော့မယ်။ ငါတို့ နောက်တစ်ခေါက် ဘယ်အချိန်မှ တွေ့နိုင်မလဲ မသိဘူး။ စီနီယာ မိစ္ဆာပန်း၊ အတိတ်မှာ မင်းက ငါ့ရဲ့ အသက်ကို ကယ်တင်ခဲ့ဖူးတယ်၊ ငါ့ကို အခွင့်အရေးတစ်ခု ပေးခဲ့တယ်၊ ငါ့ကို ကောင်းကင်လွှာ အဆင့် ရွှမ် အမတ အဆင့်မှာတင် အဆင့် နှစ် အရည်အသွေးရှိတဲ့ နတ်ဘုရားလက်နက်ကို ပိုင်ဆိုင်စေခဲ့တယ်။ အဲ့ဒီလက်နက်ကြောင့်ပဲ ငါက ခရမ်းကောင်းကင် ဓားဂိုဏ်းက ထွက်ခွာပြီးတဲ့နောက်မှာ ကြုံတွေ့ရတဲ့ မြောက်မြားလှစွာသော အန္တရာယ်ရှိတဲ့ တိုက်ပွဲတွေထဲကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့တာပါ။ ကျေးဇူးကြွေးတစ်ခုက ဘယ်လောက်သေးသေး သေချာပေါက် ပြန်ပေးဆပ်သင့်တယ်။ ငါ အတိတ်က စီနီယာ မိစ္ဆာပန်းရဲ့ ကျေးဇူးကြွေးကို ပြန်မပေးဆပ်နိုင်ခဲ့တာကို အမြဲတမ်း စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခု ငါတို့ ထပ်တွေ့ပြီ။ ဒါပေမဲ့ ငါလည်း စီနီယာကို ပြန်ပြီး မပေးဆပ်နိုင်သေးတာကို သိလိုက်ရတယ်။ "
ထိုအချိန်ထိ ပြောပြီးနောက် မဟာ အကြီးအကဲရှုံက သူ၏ စွမ်းရည်နိမ့်ကျမှုကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သော နောင်တရမှုမျိုးဖြင့် တရှုံ့ရှုံ့ ငိုကြွေးသည်။
" တောင်းပန်ပါတယ် စီနီယာ မိစ္ဆာသစ်ခွ၊ တောင်းပန်ပါတယ်၊ ငါ တကယ်ကို တောင်းပန်တာပါ။ ရှောင်ရှုံက အသုံးမကျပါဘူး။ ရှောင်ရှုံက အတိတ်မှာ စီနီယာ ပေးအပ်ခဲ့ဖူးတဲ့ ကြင်နာမှုကို စိတ်ပျက်စေမိပြီ။ ရှင်းရှင်းလေးကိုပဲ စီနီယာက ဒုက္ခရောက်နေတာ၊ ဒါပေမဲ့ ငါကတော့ စီနီယာရဲ့ ပြဿနာတွေကို မကူညီပေးနိုင်သေးဘူး။ "
ထိုအချိန်တွင် မဟာ အကြီးအကဲရှုံဟာ သူ၏ ဒဏ္ဍာရီ အမတ ဓားဂိုဏ်းမှ မဟာအကြီးအကဲ ဆိုသည့် နောက်ခံကို မေ့သွားခဲ့ပုံရသည်။ သူဟာ အတိတ်သို့ ပြန်ရောက်သွားသကဲ့သို့ ကောင်းကင်ဘုံ ကိုးဆင့် ရွှမ် အမတ အဆင့်တွင်သာ ရှိနေသေးသူကဲ့သို့ ထိုပန်း၏ အခြေတွင် ဒူးထောက်ပြီး ကိုးကြိမ်တိုင်တိုင် ဦးတိုက်သည်။ ကိုးကြိမ် ဆက်တိုက် ဦးတိုက်ခဲ့ပြီးနောက် မဟာအကြီးအကဲရှုံဟာ ရုတ်တရက် ထွက်ခွာကာ အဝေးသို့ ပျံသန်းသွားလေသည်။ သူဟာ နောက်လှည့်မကြည့်တော့ချေ။ သူကိုယ်တိုင်က အလင်းတန်းအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားသည်။
သူသည် ထာဝရ ဝါးမြိုခြင်း သစ်ခွပန်းကို အသက်ကယ်ခဲ့သည့် ကျေးဇူးကြွေးကို ပြန်မပေးဆပ်နိုင်ခဲ့သလို ထွားကြိုင်း ဆင် အမတ ဂိုဏ်းနှင့် ထာဝရ ဝါးမြိုခြင်း သစ်ခွပန်းအကြားမှ ပြဿနာကိုလည်း ဖြေရှင်းမပေးနိုင်ခဲ့ပေ။ ရလဒ်အနေဖြင့် သူဟာ ကိုးကြိမ်တိုင်တိုင် ဦးတိုက်ခဲ့ခြင်းအားဖြင့် တစ်ဖက်လူက ပေးအပ်ခဲ့သော ကြင်နာမှုကို ပြန်လည် ပေးဆပ်ရန် ရည်ရွယ်သည်။ ဂျင်ချန်ဟာ ခရမ်းကောင်းကင် နတ်ဘုရားခန်းမ၏ ထိပ်တွင် ရပ်ပြီး အရာအားလုံးကို ကြည့်ရှုနေခဲ့သည်။ တဖြည်းဖြည်း ဝေးကွာသွားသော အကြီးအကဲရှုံကိုလည်း မြင်သည်။ သူသည်ပင် မနေနိုင်ဘဲ ခေါင်းငုံ့ကာ အလေးပြုလိုက်မိသည်။
" ဒီ မဟာ အကြီးအကဲရှုံက အဆက်အသွယ်တွေကို တန်ဖိုးထားတဲ့သူပဲ။ ကံဆိုးစွာနဲ့ ခရမ်းကောင်းကင် ဓားဂိုဏ်းနဲ့ ထွားကြိုင်း ဆင် အမတ ဂိုဏ်း အကြားက ရန်ငြိုးက တစ်ဖက်ကပဲ အသက်ရှင်လျက် ကျန်ရစ်နိုင်မယ့် အခြေအနေမျိုး ဖြစ်သွားတယ်။ ဒဏ္ဍာရီ ဓားဂိုဏ်းက မဟာအကြီးအကဲ တစ်ယောက်အနေနဲ့တောင် သူက ဝင်ရောက်စွက်ဖက်လို့ မရဘူး။ ဆိုတော့ သူ့အနေနဲ့ ထာဝရ ဝါးမြိုခြင်း သစ်ခွပန်းကို မကယ်နိုင်ဘူး။ "
ထိုစဉ် ဂျင်ချန်၏ အမူအရာက ထူးဆန်းသွားသည်။ သူက တွေးသည်။
" ဟမ်၊ ထာဝရ ဝါးမြိုခြင်း သစ်ခွပန်းက အတိတ်က သူ့ကို ကယ်ဖူးတဲ့ပန်း မဟုတ်တာ သူ သိသွားရင် ဘယ်လိုဖြစ်မလဲ။ ငါ့ကို မုန်းမှာလား။ "
နောက်အချိန်ကာလအတွင်းတွင် ထွားကြိုင်း ဆင် အမတ ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များအားလုံး သေဆုံးသွားသည့် သတင်းက ဒီကောင်းကင်ဘုံကိုပင် ကျော်လွန်ကာ ပျံ့နှံ့သွားလေသည်။ အစပိုင်းတွင်မူ ထာဝရ ရှင်သန်ခြင်း မဟာဘုရင်များကို ပိုင်ဆိုင်ထားသော ထိပ်တန်းအဖွဲ့အစည်းများကသာ သိကြသည်။ သို့သော် အချိန်ကြာလာသောအခါ ထာဝရ ရှင်သန်ခြင်း ဧကရာဇ်များ သို့မဟုတ် ထာဝရ ရှင်သန်ခြင်း ဘုရင်များကို ပိုင်ဆိုင်ထားသော အဖွဲ့အစည်းများကပါ သိသွားကြလေသည်။
ထိုအခိုက်အတန့်တွင် ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံ ရှိသမျှ လူတိုင်းက ခရမ်းကောင်းကင် ဓားဂိုဏ်းနှင့် ထွားကြိုင်း ဆင် အမတ ဂိုဏ်းတို့ကို မတူညီသော အကြည့်မျိုးဖြင့် ကြည့်ကြသည်။
" ထာဝရ ရှင်သန်ခြင်း ဘုရင် ၈၁ ယောက်၊ ထာဝရ ရှင်သန်ခြင်း ဧကရာဇ် ၁၀ ယောက်၊ ခရမ်းကောင်းကင် ဓားဂိုဏ်းက ထွားကြိုင်း ဆင် အမတ ဂိုဏ်းကို ဒီလောက်ထိ နစ်နာသွားအောင် လုပ်နိုင်တာ ဒီအင်အားက ကြီးလှပေစွ။ ဘိုးဘေးရဲ့ ပြောပုံအတိုင်းဆိုရင် ခရမ်းကောင်းကင် ဓားဂိုဏ်းရဲ့ နောက်ကွယ်က အဖွဲ့အစည်းက လှုပ်ရှားလိုက်တာတဲ့။ သူတို့က ထွားကြိုင်း ဆင် အမတ ဂိုဏ်းကို ရင်ဆိုင်ချင်တယ် ထင်တယ်။ ကြည့်ရတာ ထွားကြိုင်း ဆင် အမတ ဂိုဏ်းက သိသိသာသာ နောက်ဆုတ်သွားတယ်ဆိုတော့ သူတို့က ကြောက်သွားတာများလား။ "
" ဟမ်။ ထွားကြိုင်း ဆင် အမတ ဂိုဏ်းက ဘယ်လိုတည်ရှိမှုလို့ မင်းတို့က ထင်နေတာလဲ။ သူတို့က ဂျင်ချန်နောက်က အဖွဲ့အစည်းကို ကြောက်မယ်ထင်လား။ မုန်တိုင်း မလာခင် တိတ်ဆိတ်နေတာ။ "
အဖွဲ့အစည်းပေါင်းများစွာက ထိုကိစ္စကြောင့် ဆွေးနွေးကြသည်။ ခရမ်းကောင်းကင် ဓားဂိုဏ်းမှ အဖွဲ့သားပေါင်းများစွာကလည်း ထိုအကြောင်းအရာကို သိသွားကြကာ အားလုံးကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားစေသည်။ မြောက်မြားလှစွာသော တပည့်ဂိုဏ်းသားများသည်လည်း သူတို့၏ တစ်နေ့တာ အဆုံးသတ်တော့မည် ထင်နေကြပြီး ဖြစ်လာနိုင်သမျှ အခြေအနေတိုင်းအတွက် စိုးရိမ်ကြောင့်ကြနေကြသည်။
ဂျင်ချန်က အကြီးအကဲနုန်၊ ချန်ရှုကျစ်တို့ကို လွှတ်ကာ အားလုံးကို နှစ်သိမ့်ခိုင်းသည်။ ထိုအချိန်တွင် သူကိုယ်တိုင်ကလည်း ဂိုဏ်းအချို့မှ ရရှိထားသည့် ရှေးဟောင်းမှတ်တမ်းများကို လှန်လှောနေပြီး ရှေးမူလနတ်ဘုရားခန်းမ၏ လက်နက်ဝိညာဉ်ကို ပြန်လည်နိုးထလာအောင် ကြိုးစားနေသည်။
ထာဝရ ရှင်သန်ခြင်း ဧကရာဇ် တစ်ယောက်အနေနှင့် သူသည်လည်း ကောင်းကင်ဘုံ လျှို့ဝှက်ချက်များကို ကြည့်ရှုလေ့လာနိုင်စွမ်းကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။ သူဟာ လောကမှ အချို့သော လျှို့ဝှက်ချက်များကို အတန်အသင့်တစ်ခုထိ ကြည့်ရှုနားလည်သော်လည်း ရှေးမူလ နတ်ဘုရားခန်းမမှ လက်နက်ဝိညာဉ်ကို ပြန်လည် သက်သာလာစေအောင် လုပ်နိုင်သော ပစ္စည်းများကလည်း သာမန်ပစ္စည်းများ မဟုတ်ပေ။
ထိုကဲ့သို့သော အဆင့်မြင့် အချက်အလက်များကလည်း သူ လက်ရှိ ကြည့်ရှုနိုင်သော အတိုင်းအတာကို ကျော်လွန်နေသည်။ လောကကို ရှာဖွေကြည့်ရှုခြင်းနှင့် ပတ်သက်သောအခါ အင်အားကြီးသူက အင်အားနည်းသူထက် ပို၍ အခွင့်ကောင်းရှိသည်။ အချက်အလက်များသည်လည်း တူညီသည်။
တစ်နေ့တွင် ဂျင်ချန် ခေါင်းကို မော့လာသည်။ သူဟာ ခရမ်းကောင်းကင် ဓားဂိုဏ်း၏ ဝင်ပေါက်သို့ ကြည့်ပြီး သက်ပြင်းကြီးကို ချလိုက်သည်။
" ဂိုဏ်းဝင်ပေါက်က အားနည်းလွန်းတာ မကောင်းဘူး။ နောက်ပိုင်း ထာဝရ ရှင်သန်ခြင်း ဧကရာဇ်တွေချည်းပဲ စိတ်တိုင်းကျ ဝင်ထွက်လုပ်နေတာ။ "
ဂျင်ချန်က သက်ပြင်းချပြီး မကြာခင် ခရမ်းကောင်းကင် ဓားဂိုဏ်းမှ အပြင်စည်းတပည့် ဂိုဏ်းသား ချင်းယောင်က ဂျင်ချန်ကို လာရှာသည်။ သူမ၏ အမူအရာက ရှုပ်ထွေးနေပြီး နှုတ်ခမ်းကို ညင်သာစွာ ကိုက်ကာ ခပ်တိုးတိုး ပြောသည်။
" ဂိုဏ်းချုပ်၊ ငါ့ဆရာ ရောက်လာတယ်၊ မင်းနဲ့ တွေ့ချင်နေတယ်။ "
" မင်း ဆရာ ဟုတ်လား။ မိစ္ဆာနန်းတော်က ကာကွယ်ရေး နန်းတော်ကလား။ "
ဂျင်ချန်၏ အပြုံးက တောက်ပသွားသည်။ ခရမ်းကောင်းကင် ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာခဲ့ပြီးနောက်တွင် သူသည်လည်း ခရမ်းကောင်းကင် ဓားဂိုဏ်းနှင့် လျှို့ဝှက်ပြီး အဆက်အသွယ်ရှိကာ ကူညီပေးခဲ့သော အဖွဲ့အစည်းများကို သိထားသည်။
မိစ္ဆာနက်နန်းတော်က ထိုက်ကြီး ကောင်းကင်ဘုံမှာ ဖြစ်လိမ့်မည်။ ခရမ်းကောင်းကင် ဓားဂိုဏ်းက ဆုတ်ယုတ်နေချိန်ကတည်းက ကြုံတွေ့ခဲ့ရသော ရိက္ခာပြတ်တောက်မှုဒဏ်နှင့် ကုန်လွန်ခဲ့သော နှစ်တစ်သိန်းကျော်အတွင်းမှာ မိစ္ဆာနက်နန်းတော်ဟာ ခရမ်းကောင်းကင် ဓားဂိုဏ်းအား လျှို့ဝှက် ကူညီပေးရာတွင် မရပ်တန့်ခဲ့ဖူးချေ။
ထိုအကူအညီသည် ထင်သလောက် မကြီးမားသော်လည်း ခရမ်းကောင်းကင် ဓားဂိုဏ်းထဲသို့ တပည့်ဂိုဏ်းသားများကို စေလွှတ်ပြီး အချိန်ကြာမြင့်စွာ ကူညီပေးခြင်းအားဖြင့် ခရမ်းကောင်းကင် ဓားဂိုဏ်း၏ စွမ်းအားနှင့် အသက်ဓာတ်ကို ဆက်လက် ရှင်သန်နေအောင် ထောက်ပံ့ပေးခြင်းဖြစ်သည်။
ထို့အပြင် အချို့သော အဆင့်မြင့် နတ်ဘုရား သလင်းကျောက်များကိုလည်း ပို့ပေးတတ်သည်။ သို့သော် သိပ်မများသည့်တိုင် အမြဲတစေ ရောက်လာတတ်သည်။ သို့ရာတွင် ရည်ရွယ်ချက်နှင့် ကျေးဇူးကြွေးကလည်း သိသာထင်ရှားသည်။ ကျောက်တုံးကို ရွှေဖြစ်အောင် မလုပ်နိုင်သော်လည်း တန်ဖိုးရှိလှသည်။
" ဟုတ်ပါတယ်။ "
ချင်းယောင်က ဖြေသည်။
" ကျေးဇူးပြုပြီး ဝင်ခွင့်ပေးလိုက်ပါ။ "
ဂျင်ချန်က ချက်ချင်း မတ်တတ်ထရပ်သည်။ ဂျင်ချန်ဟာ မိစ္ဆာနက်နန်းတော်အပေါ် ထင်မြင်ချက်ကောင်း ရှိနေသည်။ ထို့ကြောင့် ခရမ်းကောင်းကင် ဓားဂိုဏ်း ဆုတ်ယုတ်နေသည့်တိုင် လျှို့ဝှက်ကူညီခဲ့သည့် ကိစ္စကိုလည်း သိချင်နေသည်။
" မလိုဘူး၊ ငါ ရောက်နေပြီ။ "
ဂျင်ချန်က ပြောပြီးသည်နှင့် ခရမ်းကောင်းကင် နတ်ဘုရားခန်းမထဲမှ အေးစက်သောအသံ ထွက်လာသည်။ သူတို့ မသိလိုက်မီမှာပင် ချင်းယောင်၏ ဘေးတွင် အနက်ရောင် ဝတ်စုံနှင့် မိန်းမပျိုတစ်ယောက် ပေါ်လာသည်။ သူမသည် အသက် ၄၀ အရွယ်ဟု ထင်ရသည်။ သက်လတ်ပိုင်းအရွယ် ဖြစ်သည့်တိုင်အောင် ငယ်ရွယ်ခြင်း၏ ကြီးမြတ်သော အလှတရားကို သူမ၏ နူးညံ့သော ရုပ်သွင်နှင့် လှပသော ပါးချိုင့်များမှတစ်ဆင့် မြင်တွေ့နိုင်သည်။
အတိတ်တွင် သူမသည်လည်း အပြစ်ကင်းစင်သော အလှတရားမျိုးဖြင့် ဖြူစင်စွာပင် အရှိန်အဟုန်အပြည့် ထွန်းလင်းနေသော နတ်မိမယ်တစ်ပါး ဖြစ်ခဲ့လေသည်။
အပိုင်း ၃၅၈၇ ပြီး၏။
***