ဂျင်ချန်က အံ့ဩသွားပြီး အတွေးထဲ နစ်သွားသည်။ သူက ပြောလိုက်၏။
" အကြီးအကဲ နုန်၊ သေချာ ပြန်တွေးကြည့်ပါဦး။ သူမက တစ်ချိန်က ခရမ်းကောင်းကင် ဓားဂိုဏ်းရဲ့ တပည့်ဂိုဏ်းသူ ဖြစ်ခဲ့တာ သေချာတယ်။ ဘာလို့လဲဆိုတော့ သူမဆီကနေ ရင်းနှီး ကျွမ်းဝင်တဲ့ အငွေ့အသက်မျိုးကို ရတယ်။ အဲ့ဒီ အငွေ့အသက်က ခရမ်းကောင်းကင် ဓားဂိုဏ်းရဲ့ ကျင့်စဉ်တွေကို အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်ခဲ့ပြီးမှ ဖြစ်လာတာမျိုးပဲ။ "
အကြီးအကဲနုန်က အတွေးနက်သွားသည်။ သူသည်လည်း ရှည်ကြာသော ကာလကို ပြန်လည်တွေးတောကြည့်သည်။ တစ်နာရီနီးပါးခန့် ကြာပြီးမှ မသေချာသလို ပြောလာသည်။
" မိစ္ဆာနက်နန်းတော်က အကြီးအကဲ ရွှယ်နဲ့ ကိုက်ညီတဲ့ တစ်ယောက်တော့ ရှိတယ်။ သူမပဲ ဖြစ်လိမ့်မယ်။ "
" သူမက ဘယ်သူလဲ။ "
ဂျင်ချန်က အကြီးအကဲ နုန်ကို စိတ်ဝင်တစား မေးသည်။
" နာမည်က ရွှယ်ကျိတဲ့။ ခရမ်းကောင်းကင် ဓားဂိုဏ်းမှာ လွန်ခဲ့တဲ့ နှစ် တစ်သန်းခွဲ ဝန်းကျင်လောက်ကပေါ့။ တော်တော်လေး ပါရမီကြီးတဲ့ တပည့်ဂိုဏ်းသားတွေထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ ရွှယ်ကျိအကြောင်းကိုတော့ သိပ်မသိဘူး။ အဲ့ဒီခေတ်ကာလတုန်းက ဂိုဏ်းက အရမ်းကို အင်အားကြီးခဲ့တာလေ။ ငါတို့မှာ ထာဝရ ရှင်သန်ခြင်း ဧကရာဇ်ပေါင်း များစွာလည်း ရှိတယ်။ နောက်ပြီး အဲ့ဒီတုန်းက ငါ့ရဲ့ ကျင့်စဉ်အဆင့်က ထာဝရ ရှင်သန်ခြင်း ဘုရင်အဆင့်မှာတောင် ရှိတာ မဟုတ်ဘူး။ ငါက အောက်ခြေသိမ်း အလုပ်တွေ လုပ်ရတဲ့ တပည့်ဂိုဏ်းသားအဆင့် မဟုတ်တော့ပေမဲ့လည်း ငါ့ရဲ့ အဆင့်အတန်းကတော့ မမြင့်သေးတာ အမှန်ပဲ။ ဆိုတော့ ငါ ရနိုင်တဲ့ အချက်အလက်က အရမ်းကို အကန့်အသတ်ရှိနေတယ်။ "
အကြီးအကဲ နုန်က ပြောသည်။
" ရွှယ်ကျိ ဟုတ်လား။ "
ဂျင်ချန်က ရေရွတ်လိုက်သည်။ သိပ်မကြာခင်မှာပဲ သူ၏ နှုတ်ခမ်းက ကော့တက်ကာ ဖျော့တော့စွာ ပြုံးလိုက်သည်။
ရိုသေလေးစားလိုက်နာခြင်း ကောင်းကင်ဘုံ (လျန်ကျန်းယုံ) အပြင်ဘက် အာကာသပြင်ကျယ်တွင် မျက်လုံးကိုမှိတ်ပြီး လေဟာနယ်တွင် ထိုင်နေသည့် ပန်းထိုးထားသော ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ရှိနေသည်။ သူသည် ရုပ်တုနှင့် တူလှသည်။ သူ၏ ခန္ဓာကိုယ်မှ မည်သည့်အငွေ့အသက်ကိုမှ မလွှတ်ထုတ်ထားပေ။ သူဟာ အငွေ့အဝါကို လုံးဝ ဖုံးကွယ်ထားသဖြင့် သေမျိုးတစ်ယောက်နှင့်ပင် တူနေသည်။ ထို့ကြောင့် သူ့ကို သတိမထားမိဘဲ ကျော်ကြည့်မိရန် လွယ်ကူသည်။
ထိုအချိန်တွင် အလင်းတန်းတစ်ခု တောက်ပလာပြီး မိစ္ဆာနက် နန်းတော်မှ အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက သက်လတ်ပိုင်းလူကြီး၏ နံဘေးတွင် ပေါ်လာသည်။ သက်လတ်ပိုင်းလူကြီးက မျက်လုံးကို တဖြည်းဖြည်း ဖွင့်လိုက်သည်။ သူသည် အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုအား ညင်သာသော မျက်ဝန်းများဖြင့် ကြည့်ကာ ခပ်တိုးတိုး ရယ်မောရင်း မေးလိုက်သည်။
" မင်း ပြန်လာတာ မြန်လိုက်တာ။ အချိန်အတော်ကြာမှ ပထမဦးဆုံးအကြိမ် ပြန်ရောက်တာဆိုတော့ ခဏလောက် နေမယ်ထင်တာ။ "
အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက ညင်သာစွာ သက်ပြင်းချပြီး ပြောသည်။
" အချိန်တွေက ကြာသွားပြီ။ အတိတ်က ကိစ္စတွေက အတိတ်မှာတင် ပြီးသွားပါပြီ။ ဘာကို သတိရနေမှာလဲ။ ဒါပေမဲ့ အဲ့ဒီ ဂျင်ချန်လို့ခေါ်တဲ့ ကလေးကတော့ မရိုးရှင်းဘူး။ "
သက်လတ်ပိုင်းလူကြီးက ရယ်သည်။
" သူက သူတို့ရဲ့ တပည့်တွေထဲက တစ်ယောက်ဖြစ်လိမ့်မယ်။ သတ္တိတော့ ရှိသားပဲ။ ကောင်းကင်ဘုံ ကိုးဆင့် ရွှမ် အမတ အဆင့်မှာပဲ ရှိနေသေးတာတောင်မှ ငါ့ရှေ့မှာ တည်ငြိမ်နေနိုင်သေးတယ်။ ဒါက ရှားပါတယ်။ "
မိန်းမပျိုက ပြောသည်။
" မင်းရဲ့ အတွေးက ရိုးရှင်းလွန်းနေတာ ဖြစ်မယ်။ "
သက်လတ်ပိုင်း လူကြီးက ခေါင်းခါပြီး ပြုံးလိုက်သည်။
သူ ထိုင်နေရာမှနေ၍ သူ၏အကြည့်ဟာ ဝေးကွာလွန်းသော နယ်မြေများကို ဖြတ်သန်းကာ ခရမ်းကောင်းကင် ဓားဂိုဏ်းသို့ လှမ်းကြည့်လိုက်သည်။
" မင်း ခရမ်းကောင်းကင် ဓားဂိုဏ်းကို သွားလည်နေတဲ့ အချိန်အတောအတွင်းမှာ ငါ သူ့ကို ကြည့်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူ့ကို ခန့်မှန်းကြည့်တယ်။ ရလဒ်ကို တွက်ချက်ကြည့်တယ်။ "
အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက သက်လတ်ပိုင်းလူကို တိုက်ရိုက် စိုက်ကြည့်သည်။ သို့သော် ဘာမှမပြောလိုက်ပေ။
" ဘာ ရလဒ်မှ မထွက်လာဘူး။ ငါ သူနဲ့ ပတ်သက်ပြီး ဘာမှ မသိရဘူး။ ငါ အားလုံးကို ကြိုးစားကြည့်ပြီးပြီ။ တစ်ခုမှ မသိရသေးဘူး။ သူက မြူလုံးကြီးလိုပဲ။ ငါ့ရဲ့ ကျင့်စဉ်နဲ့တောင် မမြင်နိုင်ဘူး။ "
သက်လတ်ပိုင်းလူကြီး၏ အကြည့်က လေးနက်သွားသည်။
" မဖြစ်နိုင်တာ၊ သူက ကောင်းကင်ဘုံ ကိုးဆင့် ရွှမ် အမတ ပဲလေ။ "
အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက မှင်တက်သွားသည်။ သူမ၏ ဟန်အမူအရာကို ထိန်းရန် ခက်ခဲသွားပြီး မယုံကြည်နိုင် ဖြစ်သွားသည်။
" ငါ ရှာမတွေ့နိုင်တဲ့ ဖြစ်ရပ် ၃ ခုပဲ ရှိတယ်။ ပထမတစ်ခုကတော့ သူနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ဖုံးကွယ်ထားနိုင်တဲ့ ရတနာ ရှိနေလို့။ ဒါကြောင့် ငါ ဘာမှ မသိရတာ။ ဒုတိယတစ်ခုကတော့ သူ့နောက်ကွယ်မှာ ကာကွယ်ပေးထားတဲ့ ကျွမ်းကျင်ပညာရှင် ရှိနေလို့။ ဒါပေမဲ့ ငါ့ကို ဘာမှ ရှာမတွေ့စေဖို့ဆိုရင် အဲ့ဒီလူရဲ့ ကျင့်စဉ်အဆင့်က သိသာနေပြီ။ တတိယတစ်ခုကတော့ ဂျင်ချန်ကိုယ်တိုင်က ငါ့ထက် အားမနည်းတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေလို့။ ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးလေ။ "
အနက်ရောင်ဝတ်စုံနှင့် မိန်းမပျို၏ မျက်နှာက ပြောင်းသွားသည်။
" နင် ဆိုလိုတာက ဂျင်ချန်နောက်က ကျွမ်းကျင်ပညာရှင်ရဲ့ အဆင့်က နင့်ထက် ကျော်နေတာပေါ့ ဟုတ်လား။ "
သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်သည်။
" ငါ့ထက် ကျော်တယ်။ ဒါပေမဲ့ မင်း ထင်ထားတဲ့ သူတွေ ဖြစ်ချင်မှ ဖြစ်မှာ။ ထာဝရ ရှင်သန်ခြင်း မဟာဘုရင် အဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ခြေတစ်လှမ်းတိုင်းက ကြောက်စရာကောင်းတဲ့ အခက်အခဲတွေ အပြည့်ပဲ။ တစ်လှမ်းချင်းစီတိုင်းက ဆန့်ကျင်မှုတွေကို ကျော်ဖြတ်ရတယ်။ ဆိုတော့ သူတို့အနေနဲ့ ဒီလောက် တိုတောင်းတဲ့ ကာလအတွင်းမှာ ဒီအဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် လူတိုင်းက မဟာ တောက်ပမှု ကောင်းကင်ဘုံ နန်းတော်က မင်းသမီးကြီး မဟုတ်ဘူးလေ။ "
" ဒါပေမဲ့လည်း ဂျင်ချန် လာတဲ့ အဖွဲ့အစည်းကတော့ ခရမ်းကောင်းကင် ဓားဂိုဏ်း ပြန်လည်အင်အားကြီးမားလာအောင် လုပ်ပေးဖို့ ဖြစ်နိုင်တယ်။ ဒါကြောင့်ပဲ သူက အဖွဲ့အစည်းပေါင်းများစွာ မလုပ်ရဲတာကို လုပ်နေတာ။ သူက အခြားသူတွေ လုပ်ချင်ပေမဲ့ သတ္တိမရှိတာမျိုးကို လုပ်ပြီး အသက်ကို ရင်းထားတာ။ "
သက်လတ်ပိုင်းအရွယ် လူကြီးက အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုကို ပြန်ကြည့်သည်။ သူ၏ အကြည့်က အလွန်မင်း ညင်သာသွားပြီး ချိုသာစွာ ပြောလိုက်သည်။
" ရွှယ်အာ ..။ တစ်နေ့မှာ ခရမ်းကောင်းကင် ဓားဂိုဏ်းက တစ်ဖန်ပြန်ပြီး ရပ်တည်နိုင်တဲ့ နေ့ရက်ရောက်ရင် မင်း ပြန်ဦးမှာလား။ "
" ငါ မသိဘူး။ "
အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက ချက်ချင်း လှည့်ထွက်သွားသည်။ သက်လတ်ပိုင်းလူကြီးက မတ်တတ်ထရပ်လိုက်ပြီး သူမ၏အရှေ့သို့ တဖြည်းဖြည်း ရောက်လာသည်။ သူက သူမကို သူ၏ ရင်ခွင်ထဲသို့ ညင်သာစွာ ဆွဲသွင်းလိုက်ပြီး ချိုသာစွာ ပြောသည်။
" မင်းသာ ခရမ်းကောင်းကင် ဓားဂိုဏ်းကို ပြန်ချင်ခဲ့ရင် ငါ မတားပါဘူး။ ဒါပေမဲ့ မင်း ငါ့ကို ကတိပေးရမယ်။ ခရမ်းကောင်းကင် ဓားဂိုဏ်းက ထာဝရ ရှင်သန်ခြင်း ဧကရာဇ် အဆင့်လို ကျွမ်းကျင်ပညာရှင်တွေကို ရင်ဆိုင်နိုင်တဲ့ အခြေအနေ မရောက်ခင်အထိ မင်းရဲ့ နောက်ခံကို ထုတ်မပြရဘူး။ မင်းအကြောင်း ပေါ်သွားတာနဲ့ ငါတောင်မှ ကာကွယ်ပေးနိုင်ချင်မှ ပေးနိုင်မှာ။ ခရမ်းကောင်းကင် ဓားဂိုဏ်းမှာ ရန်သူများလွန်းတယ်။ တစ်ယောက်စီတိုင်းက အရင်တစ်ယောက်ထက် အင်အားပိုကြီးနေတာပဲ။ အခြားသူတွေ မပြောနဲ့။ အဓိပတိ ၄ ပါးကတင် ငါတို့ကို နေရာအနှံ့ ထွက်ပြေးစေဖို့ လုံလောက်နေပြီ။ "
အကြီးအကဲ ၄ ပါးအကြောင်း ပြောချိန်တွင် သက်လတ်ပိုင်းလူကြီး၏ မျက်နှာထား ချက်ချင်း တင်းမာသွားသည်။
" ငါ နားလည်ပါတယ်။ ငါ တုံးအတာမျိုးတွေ မလုပ်ပါဘူး။ ငါ ကိုယ့်ကိုယ်ကိုယ် မစဉ်းစားဘူးဆိုရင်တောင်မှ ငါတို့ သမီးလေးကို စဉ်းစားရမယ်။ "
အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက ခပ်တိုးတိုး ပြောသည်။ သက်လတ်ပိုင်းလူကြီး၏ စိတ်က အေးချမ်းသွားပြီး ပြုံးလိုက်ပြန်သည်။
" လာ...။ ငါတို့တွေ မိစ္ဆာနက်နန်းတော်ကို ပြန်မယ်။ "
ခရမ်းကောင်းကင် ဓားဂိုဏ်းအတွင်းမှာ ပလ္လင်ပေါ်တွင် ထိုင်နေသော ဂျင်ချန်ဟာ ခေါင်းကို မော့ကြည့်လိုက်သည်။ သူ၏ အရှေ့တွင် များပြားလှသော ကျောက်စိမ်းပြားများ ပုံနေသည်။ ထိုကျောက်စိမ်းပြားများသည် ထွားကြိုင်း ဆင် အမတ ဂိုဏ်း ၏ သေဆုံးသွားသော ကျွမ်းကျင်ပညာရှင်များထံမှ ရရှိခြင်းဖြစ်သည်။ ထိုအရာများထဲတွင် မြောက်မြားလှသော ကျင့်စဉ်များ၊ စွမ်းရည်များ၊ လျှို့ဝှက်နည်းလမ်းများ ပါဝင်သလို ကောလာဟလများနှင့် သတင်းများပင် ပါဝင်သေးသည်။ အမျိုးမျိုးသော ရတနာများနှင့် အဆင့်မြင့် လျှို့ဝှက်ချက်များလည်း ပါဝင်သည်။
သူ၏ ရည်ရွယ်ချက်ကို စိတ်ပျက်စေသည်မှာ ကျောက်စိမ်းပြားအားလုံးကို ရှာဖွေပြီး ရှေးဟောင်းမှတ်တမ်းအားလုံးကို ဖတ်ပြီးသည့်တိုင်အောင် ရှေးမူလ နတ်ဘုရားခန်းမ ကို ပြန်လည် သက်သာအောင် လုပ်ပေးနိုင်မည့် နည်းလမ်းကို ရှာမတွေ့သေးပေ။
" ငါ တကယ် ရွေးချယ်စရာ မရှိတော့ဘူးဆိုရင် မဟာ တောက်ပမှု ကောင်းကင်ဘုံ နန်းတော်က အကြီး အကဲ မင်းသမီးကိုပဲ သွားရှာရတော့မယ် ထင်တယ်။ အကြီးအကဲ မင်းသမီးရဲ့ ကျင့်စဉ်အဆင့်နဲ့ဆိုရင် သူမက ရှေးမူလ နတ်ဘုရားခန်းမ ရဲ့ လက်နက်ဝိညာဉ်ကို နှိုးပေးနိုင်မှာပဲလေ။ သူမမှာတော့ အကြံအစည်တွေ ရှိလောက်ပါတယ်။ "
ဂျင်ချန်က ရေရွတ်ပြီးနောက် သက်ပြင်းချလိုက်ပြန်သည်။
" ဒါပေမဲ့ ငါနဲ့ အကြီးအကဲ မင်းသမီး အကန့်အသတ်မဲ့ ပင်လယ်ပြင်ကို ကျော်ဖြတ်ပြီး ထာဝရ ရှင်သန်ခြင်းလောကကို ရောက်လာတဲ့ အချိန်မှာ သူမက ဒဏ်ရာ အရမ်း ပြင်းနေခဲ့တာ။ နောက်ပြီး စွမ်းအင်တွေ အားလုံးနီးပါးလည်း ကုန်ခမ်းနေသေးတယ်။ ဆိုတော့ အရင် နှစ်အနည်းငယ်အတွင်းမှာ ပြန်လည်သက်သာပါဦးမလား မသိဘူး။ တကယ်လို့ မသက်သာသေးဘူးဆိုရင် ငါ သွားခဲ့ရင်တောင် တွေ့နိုင်ချင်မှ တွေ့နိုင်မှာ။ "
" အကြီးအကဲ မင်းသမီးက လွဲပြီး ထာဝရ ရှင်သန်ခြင်းလောကက အခြား ကျွမ်းကျင်ပညာရှင်တွေထဲမှာ ငါ့အတွက် ဒီကိစ္စကို ဖြေရှင်းပေးနိုင်လောက်တာက ကောင်းကင်ဘုံ လျှို့ဝှက်ချက် ကျောင်းဆောင်က ကျောင်းဆောင်သခင်ပဲ ရှိတယ်။ ဒါပေမဲ့ ဒီလိုဆိုရင် ငါ့မှာ အမှန်တကယ် နတ်ဘုရားအဆင့် လက်နက်တွေ ရှိနေတယ်ဆိုတဲ့ သတင်းကို လူတွေ သိသွားနိုင်သေးတယ်။ "
ဂျင်ချန်က စဉ်းစားပြီးနောက် ခရမ်းကောင်းကင် ဓားဂိုဏ်းမှ ထွက်ခွာတော့မည့် အချိန်တွင် ဖြစ်သည်။
" သခင်။ အဲ့အကြောင်းကို ကျမတို့ သိပါတယ်။ "
ဂျင်ချန်က အံ့ဩသွားပြီး စိတ်ရှုပ်သွားသည်။
" မင်းတို့ သိထားတာလား။ "
သူက မေးလိုက်၏။
" ဟုတ်ကဲ့၊ သိပါတယ်။ "
ဓားဝိညာဥ်က ဖြေကြားကြသည်။
" မင်းတို့ သိတယ်ဆို ဘာလို့ ငါ့ကို စောစောက မပြောပြတာလဲ။ ငါ ဒီရက်တွေထဲမှာ ဘယ်လောက် ဒုက္ခများလိုက်သလဲ။ "
ကျောက်စိမ်းဝိညာဉ်နှစ်ပါးက အလွန်အမင်း အခက်တွေ့သွားကြသည်။ ဂျင်ချန်ဟာ ထိုသူများအား မေးလိုက်သည်။
" မင်းတို့ သိထားတဲ့ နည်းလမ်းက အရမ်းခက်ခဲလို့လား ဒါမှမဟုတ် ငါ့အသက်ကို ခြိမ်းခြောက်နိုင်လို့လား။ "
သူတို့နှစ်ဦးက အချိန်အတော်ကြာ တိတ်ဆိတ်ပြီးမှ ပြောလာသည်။
" သခင်...။ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံ မြို့ထဲမှာ အထွတ်အမြတ် မြေ ရှိတယ်။ အဲ့ဒီမြေက အစွန်းအထင်း မရှိဘူး။ နောက်ပြီး အစွန်းအထင်းမဲ့ ချီ ကို ထုတ်ပေးတယ်။ အစွန်းအထင်းမဲ့ ချီ ဆိုတာက ရှေးမူလ နတ်ဘုရားခန်းမ ကို ပြန်လည်နိုးကြားအောင် လုပ်နိုင်တယ်။ "
" ဒါပေမဲ့လည်း အစွန်းအထင်းမဲ့ ချီ ကို ရဖို့အတွက် ရိုသေလေးစားလိုက်နာခြင်း ကောင်းကင်ဘုံ မြို့ထဲမှာ နေရာတစ်ခုကို ပိုင်ဆိုင်ထားမှ ဖြစ်လိမ့်မယ်။ အဲ့ဒီ နေရာရှိမှပဲ အဲ့ဒီနယ်မြေထဲကို ဝင်ပိုင်ခွင့်ရှိတာ။ "
" အချို့မြေထဲကို ဝင်ရောက်ဖို့ နေရာတစ်ခု လိုတယ် ဟုတ်လား။ ကျောက်စိမ်း ဝိညာဉ်နှစ်ပါး။ မင်းတို့ ငါ့ကို ဒီအကြောင်း မပြောတာက ငါ အဲ့ဒီနေရာကို ယူလိုက်တာနဲ့ မင်းတို့ရဲ့ နောက်ခံကို ထိခိုက်စေမှာ စိုးလို့လား။ ဒါမှမဟုတ် သိက္ခာကျစေလို့လား။ "
ဂျင်ချန်က မေးသည်။
" သခင်...။ ငါတို့ အထွတ်အထိပ် ကာလတုန်းက ရိုသေလေးစားလိုက်နာခြင်း ကောင်းကင်ဘုံ မြို့ရဲ့ လက်နက်ဝိညာဉ်က ငါတို့ကို တွေ့ရင် အမြဲတမ်း ကျိုးနွံတဲ့ ပုံစံမျိုး ပြတတ်တာ။ အရည်အသွေးအားဖြင့်တော့ ရိုသေလေးစားလိုက်နာခြင်း ကောင်းကင်ဘုံ မြို့ရဲ့ လက်နက်ဝိညာဉ်က ငါတို့ထက် အဆင့်မမြင့်ပါဘူး။ ဒါပေမဲ့ သခင်ရဲ့ အဆင့်အတန်း တစ်ခုတည်းနဲ့တင် အဲ့ဒီမြို့ထဲ ဝင်လို့ရနေပါပြီ။ ဒါပေမဲ့ သခင်က အဲ့ဒီနေရာကို သွားမယ်ဆိုရင် လက်နက်ဝိညာဉ်ရဲ့ လက်အောက်ငယ်သားလို ဖြစ်သွားမှာ။ သခင် ဘယ်သွားသွား သူ့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားမှာလေ။ ဆိုတော့ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံ မြို့ရဲ့ စည်းမျဉ်းကို ဖျက်ရင် အပြစ်ပေးခံရဦးမယ်။ ငါတို့က သခင်ကို ဒီလို နောက်ခံမျိုး မယူစေချင်ဘူး။ "
ကျောက်စိမ်းဝိညာဉ်နှစ်ပါးက အလွန်အမင်း ဒုက္ခများသွားသည်။
ဂျင်ချန်ဟာ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံ မြို့မှာ လက်နက်ဝိညာဉ်၏ ခြယ်လှယ်မှုအောက်သို့ ရောက်သွားမည်ဆိုပါက အတိတ်က ခေါင်းဆောင်ကြီးများထက် နိမ့်ကျသွားသလို ဖြစ်ပေလိမ့်မည်။ ထိုအရာကို အရှင်သခင် အစစ်အမှန် လက်နက်များဖြစ်သည့် မာနကြီးလွန်းသော လက်နက်ဝိညာဉ်များက အရှက်ကွဲသည်ဟု ယူဆကာ ခံနိုင်ရည် မရှိကြပေ။
" သခင်...။ သခင်ရဲ့ နောက်ခံနဲ့ဆိုရင် သခင်က ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံ မြို့မှာ နေရာတစ်ခု ယူဖို့ တကယ်ကို မသင့်တော်ပါဘူး။ ဘာပဲဖြစ်ဖြစ် အချို့သောသူတွေက သခင်က ငါတို့ သခင်ဟောင်းရဲ့ ဆက်ခံသူဆိုတာ သိကြတယ်။ ဆိုတော့ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံ မြို့ရဲ့ လက်နက်ဝိညာဉ်က ထိန်းချုပ်သွားပြီဆိုတာ အခြားသူတွေ သိသွားရင် ငါတို့ ဘယ်လို လုပ်ရမလဲ။ "
အပိုင်း ၃၅၈၉ ပြီး၏။
***