" အစွန်းအထင်းမဲ့ ချီက ဝိညာဉ်ကို သန့်စင်ပေးနိုင်တယ်။ စိတ်ကို ရှင်းလင်းစေတယ်ပေါ့။ အဓိကအားဖြင့် စိတ် မိစ္ဆာကို ဖယ်ထုတ်ပေးနိုင်တာ။ အဲ့ဒါတွေအပြင် အစွန်းအထင်းမဲ့ ချီ ကို စုပ်ယူပြီး အချို့သော ကျင့်စဉ်အဆင့်အတန်းတွေကို ကျော်ဖြတ်မယ်ဆိုရင် ပိုပြီး လွယ်ကူတဲ့ ပုံစံမျိုးနဲ့ ကျော်ဖြတ်နိုင်လိမ့်မယ်။ ခရမ်းကောင်းကင် ဓားဂိုဏ်းက ကြောက်စရာကောင်းလောက်တဲ့ အန္တရာယ်ကြီးကို ရင်ဆိုင်နေရတာ။ ဒီလို ဂရုစိုက်ရမယ့် အခြေအနေမျိုးမှာတောင် မင်းက ခရမ်းကောင်းကင် ဓားဂိုဏ်း ထဲက ထွက်လာပြီး ရိုသေလေးစားလိုက်နာခြင်း ကောင်းကင်ဘုံမြို့ကို လာတယ်ဆိုတော့၊ ကြည့်ရတာ ဒီချီက မင်းအတွက် အရမ်း အရေးပါတာ ဖြစ်လောက်မယ်။ အရေးပါလွန်းလို့ မင်းမှာ ဒါရှိနေတာနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်ပေါ့။ "
ကျောင်းဆောင်သခင်၏ မြင်နိုင်စွမ်းကတော့ မှတ်သားလောက်ပါပေသည်။
" ဟုတ်တယ်၊ ငါက အစွန်းအထင်းမဲ့ ချီ နည်းနည်းလောက် ရပြီဆိုတာနဲ့ ခရမ်းကောင်းကင် ဓားဂိုဏ်း က ရင်ဆိုင်နေရတာတွေကို အေးအေးဆေးဆေး ဖြေရှင်းလို့ ရလိမ့်မယ်။ "
ဂျင်ချန်က ဂါရဝပြုရင်း ဖြေလိုက်သည်။
ကျောင်းဆောင်သခင်က တစ်ခဏခန့် စဉ်းစားပြီး ဖြေသည်။
" ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ ရဲ့ ရာထူးတွေက နှစ်တစ်သောင်းမှ တစ်ကြိမ်ပဲ အသစ်ပြန်လည် ခန့်အပ်တာဆိုပေမဲ့လည်း အချို့ရာထူးတွေက လစ်လပ်နေတာမျိုး ရှိရင် ဝင်ရောက်လျှောက်ထားလို့ ရတယ်။ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ မှာ အဆင့် ၅ ဆင့် ခွဲထားတာ။ အမြင့်ဆုံးကတော့ မြို့အရှင်ပေါ့။ သူက မြို့ထဲက ဗိုလ်ချုပ်တွေနဲ့ တခြား အာဏာရှိသူအားလုံးကို စီမံခန့်ခွဲနိုင်တယ်။ မြို့အရှင်ရဲ့ လက်အောက်မှာတော့ ဒု မြို့အရှင် နှစ်ယောက် ရှိသေးတယ်။ အဲ့ဒီအောက်မှာ ဗိုလ်ချုပ် ၅ ယောက် ရှိတယ်။ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ ရဲ့ သမိုင်းထဲမှာတော့ ဒီဗိုလ်ချုပ်တွေနဲ့ ဒု မြို့အရှင်တွေ အားလုံးက ထာဝရ ရှင်သန်ခြင်း မဟာဘုရင် တွေချည်းပဲ။ "
" ဗိုလ်ချုပ်ကြီးတွေရဲ့ အောက်မှာတော့ နောက်ထပ် ဗိုလ်ချုပ်တွေ ရှိမယ်၊ သူတို့ကလည်း ထာဝရ ရှင်သန်ခြင်း ဧကရာဇ် တွေပဲ။ ဗိုလ်ချုပ်တွေရဲ့ အောက်မှာတော့ ဗိုလ်မှူးလေးတွေ ရှိမယ်၊ ဒါက ထာဝရ ရှင်သန်ခြင်း ဘုရင်တွေ ယူထားတဲ့ ရာထူးတွေပေါ့။ ထာဝရ ရှင်သန်ခြင်း ဧကရာဇ် တွေကတောင် ဝင်ရောက် နှောင့်ယှက်ခွင့် မရှိဘူး။ "
ကောင်းကင်ဘုံ လျှို့ဝှက်ချက် ကျောင်းဆောင် သခင်က ဂျင်ချန်ကို ရှင်းပြသည်။
" ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ က နေရာတစ်ခုကို ဖယ်ပေးလို့ ရတယ်၊ ဒါပေမဲ့ မင်းကိုတော့ တိုက်ရိုက်ပေးလို့ မရဘူး။ "
" ထာဝရ ရှင်သန်ခြင်းလောက က လူတိုင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရှိရမယ်။ နောက်ဆုံး အနိုင်ရတဲ့သူက အဲ့ဒီရာထူးကို ရမယ်ပေါ့။ မင်းမှာ ယုံကြည်မှု ရှိလား။ "
" ငါ့ရဲ့ ပြိုင်ဘက်တွေက ထာဝရ ရှင်သန်ခြင်း ဧကရာဇ် အဆင့်မှာ ရှိသမျှတော့ ငါ့မှာ အဲ့ဒီ ယုံကြည်မှု ရှိပါတယ်။ "
ဂျင်ချန်က အားမာန်အပြည့်ဖြင့် ပြောသည်။
" ပုံမှန် ထာဝရ ရှင်သန်ခြင်း ဧကရာဇ်တွေ ဖြစ်မှာ မဟုတ်ဘူးနော်။ ကောင်းကင်လွှာ အဆင့် ၉ က အနိမ့်ဆုံး အနေအထားမျိုးမှာ ရှိလိမ့်မယ်။ တကယ်လို့ မှင်သက်ဖွယ်ကောင်းတဲ့ လက်နက်ကို ပိုင်ဆိုင်ထားတဲ့ မွေးရာပါ ပါရမီရှင်လေးတွေနဲ့ တိုးရင် တိုးနိုင်တယ်။ သူတို့ရဲ့ အင်အားက ထာဝရ ရှင်သန်ခြင်း မဟာဘုရင် တွေကိုတောင် ယှဉ်နိုင်တယ်။ "
ကျောင်းဆောင်သခင်က ပြောသည်။
" ထာဝရ ရှင်သန်ခြင်း ဧကရာဇ် တွေထဲမှာဆိုရင် ငါ ဘယ်သူ့ကိုမှ မကြောက်ဘူး။ "
ဂျင်ချန်ကလည်း ယုံကြည်မှု အပြည့်ဖြင့် ပြောသည်။
" ဒီလိုဆိုမှတော့ ငါ မင်းအတွက် စီစဉ်ပေးမယ်။ ဒါပေမဲ့ အရာရာတိုင်းက တန်ဖိုးပေးရတယ်။ အဆင့်မြင့် နတ်ဘုရားအဆင့် လက်နက်တစ်ခုပေါ့။ "
ကောင်းကင်ဘုံလျှို့ဝှက်ချက် ကျောင်းဆောင် သခင်က ပြောသည်။
" အဆင့်မြင့် နတ်ဘုရားအဆင့် လက်နက်လား။ "
ဂျင်ချန်က အံ့အားသင့်ကာ မျက်လုံးပြူးသွားသည်။ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ တွင် ထိုနေရာတစ်ခု ဖွင့်ခိုင်းရုံနှင့် အဆင့်မြင့် နတ်ဘုရားအဆင့် လက်နက်တစ်ခု ပေးလိုက်ရသည်။
" တန်ဖိုးက မြင့်လွန်းတယ်။ "
" ဈေးကြီးတယ်လို့ မထင်နဲ့၊ ဒါက စိတ်ကြိုက် ချရေးလို့ ရတဲ့ အနေအထားမျိုးလည်း မဟုတ်ဘူး။ နောက်ပြီး ပုံမှန် လူတစ်ယောက်ကလည်း ကိုင်တွယ်နိုင်တာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ရိုသေလေးစားလိုက်နာခြင်း ကောင်းကင်ဘုံမြို့ က ရာထူးတစ်ခုကို ထုတ်ပေးဖို့အတွက် မြို့အရှင်ရဲ့ ခွင့်ပြုချက် လိုသေးတယ်။ မြို့အရှင်က ငြင်းလိုက်ပြီဆိုရင် မင်းက အဲ့ဒီရာထူးကို လက်ရှိ ကိုင်ဆောင်ထားသူနဲ့ သဘောတူညီမှု ရထားတာတောင်မှ တရားဝင် ရာထူး ဝင်ရောက်ယူပိုင်ခွင့် မရှိဘူး။ "
" ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ ရဲ့ မြို့အရှင်တိုင်းက အထွတ်အမြတ်မြေမှာ ကျင့်ကြံနေကြတာ များတယ်။ ဆိုတော့ ပုံမှန်အားဖြင့် ဒီလို အခြေအနေကို ဂရုမစိုက်ဘူး။ သူတို့နဲ့ တွေ့ဖို့ အချိန်ယူရတာ အရမ်းခက်တယ်။ ဒါကြောင့် အဲ့ဒီ အဆင့်မြင့် နတ်ဘုရားအဆင့် လက်နက်က တောင်းဆိုတာ မဟုတ်ဘူးလို့ ပြောတာ။ ဒါပေမဲ့ ဒီကိစ္စက မင်းအတွက်တော့ အဆင့်တက်စရာ အခွင့်အရေးတစ်ခု ဖြစ်လာမှာပါ။ "
" ဒါဆိုလည်း ကျောင်းဆောင်သခင်ကို ဒုက္ခပေးရတော့မယ်။ "
ဂျင်ချန်က အဆင့်မြင့် နတ်ဘုရားအဆင့် လက်နက်တစ်ခုကို ပေးလိုက်သည်။ ထိုအရာမှာ သွေးနီရောင် နေဝင်ချိန် အမတ ဂိုဏ်း မှ မဟာအကြီးအကဲ တစ်ယောက်၏ ပစ္စည်းဖြစ်သည်။
" ဒါဆိုရင် မင်း ပြန်ပြီး သတင်းကို စောင့်နေတော့။ မှတ်ထားနော်၊ မင်း အဲ့ဒီနေရာအတွက် ယှဉ်ပြိုင်တဲ့အချိန်မှာ ထာဝရ ဝါးမြိုခြင်း သစ်ခွပန်းကို ခေါ်လာလို့ မရဘူး။ ဒါက စည်းမျဉ်းကို ဖောက်ဖျက်ရာ ရောက်တယ်။ "
ကျောင်းဆောင်သခင်က ထိုသို့ပြောသည်။
ပတ်ဝန်းကျင်မှ မြင်ကွင်းဟာ ချက်ချင်း ပြောင်းလဲသွားပြီး ဂျင်ချန်သည် မြို့ထဲသို့ ပြန်ရောက်သွားသည်။ သူသည် မြို့ထဲတွင် အကြာကြီး မနေဘဲ တိုက်ရိုက် ထွက်ခွာပြီးနောက် ခရမ်းကောင်းကင် ဓားဂိုဏ်း သို့ ပြန်ခဲ့သည်။ ဂျင်ချန် ထွက်သွားပြီးနောက် ကျောင်းဆောင်သခင်သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ ကျောက်သားစားပွဲပေါ်တွင် ဂျင်ချန် ပေးသွားသော အဆင့်မြင့် နတ်ဘုရားအဆင့် လက်နက်က တိတ်ဆိတ်စွာ ရှိနေသည်။ ကျောင်းဆောင်သခင်ဟာ ထိုလက်နက်ကို တစ်ချက်မှ မကြည့်ဘဲ လက်ထဲမှ စာအုပ်ကိုသာ အသာငုံ့ဖတ်ပြီး ညင်သာစွာ ပြောလိုက်သည်။
" ရိုသေလေးစားလိုက်နာခြင်း ကောင်းကင်ဘုံမြို့ မြို့အရှင်ကို ငါ တွေ့ချင်တယ်။ "
" သဘောပဲ။ "
ခံစားချက်ကင်းမဲ့သော အသံတစ်သံ ထွက်ပေါ်လာသည်။ ဒါဟာ ရိုသေလေးစားလိုက်နာခြင်း ကောင်းကင်ဘုံမြို့ ၏ လက်နက်ဝိညာဉ်ဖြစ်သည်။ ဆယ်စက္ကန့် အနည်းငယ်ခန့် ကြာပြီးနောက် ရွှေရောင် အမှတ်အသားများပါသည့် ဝတ်ရုံကြီးကို ဝတ်ဆင်ကာ သရဖူ ဆောင်းထားသော အဘိုးကြီးတစ်ယောက် တိတ်ဆိတ်စွာ ပေါ်လာသည်။ သူသည် အသက် ၆၀ အရွယ်နှင့် တူပြီး ထွားကျိုင်းသန်မာကာ စွမ်းအင်များနှင့် ပြည့်နှက်နေ၏။
ထိုနေရာတွင် ရပ်နေရုံနှင့် လောကနှင့် ပေါင်းစပ်နေသည်ဟု ထင်ရသည်။ သူဟာ လောက၏ စွမ်းအားများကို လှုပ်ရှားစေနိုင်ပြီး ဖျက်ဆီးခြင်း စွမ်းအားကို ထိန်းချုပ်ထားသော အုပ်ချုပ်သူကြီးနှင့် တူသည်။
ထိုလူအိုကြီးသည် ရိုသေလေးစားလိုက်နာခြင်း ကောင်းကင်ဘုံမြို့ ၏ လက်ရှိ မြို့အရှင် ကျန်းဖိန်ထျန်း ဖြစ်သည်။ ကျန်းဖိန်ထျန်းမှာ မြို့အရှင်ဖြစ်ရုံသာမက ပိုလာကျောက်စိမ်း ကောင်းကင်ဘုံမှ အကြီးမြတ်ဆုံးသော ကျွမ်းကျင်ပညာရှင်ကြီးလည်း ဖြစ်သည်။ သူသည် ထာဝရ ရှင်သန်ခြင်း မဟာဘုရင် အဆင့်သို့ ရောက်နေသော အဆင့် ကိုး ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
သူ၏ ရာထူးမှာ မြင့်မားသော်လည်း ကျောင်းဆောင်သခင်ကို မြင်သောအခါ မာနကို ဘေးဖယ်ထားပြီး ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
" ဂျူနီယာ ကျန်းဖိန်ထျန်းက ကျောင်းဆောင်သခင်ကို ဂါရဝပြုပါတယ်။ "
ကျောင်းဆောင်သခင်က ကျန်းဖိန်ထျန်းကို ကြည့်ပြီး ညင်သာစွာ ပြုံးသည်။
" ညီနောင်ကျန်း... မင်းကို လာခိုင်းရတာက မင်းကို အကူအညီတောင်းစရာ အသေးအဖွဲ ကိစ္စလေး ရှိနေလို့ပါ။ "
" ကျောင်းဆောင်သခင်ကို အလုပ်အကျွေးပြုရတာ ဂုဏ်ယူစရာပါ။ ကျောင်းဆောင်သခင်က ငါ့ကို ဘာများ အကူအညီ ပေးစေချင်လို့ပါလဲ "
ကျန်းဖိန်ထျန်းက မေးသည်။
" ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ ရဲ့ ဗိုလ်ချုပ်ရာထူးတွေထဲက နေရာတစ်ခုလောက် အားအောင် လုပ်ပေးပါဦး။ "
ကျောင်းဆောင်သခင်က ပြောလိုက်ရာ ကျန်းဖိန်ထျန်း၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ပေါ်လာသည်။ သို့သော် အများကြီး မမေးဘဲ သူက ပြတ်သားစွာ သဘောတူလိုက်သည်။
" ပြဿနာ မရှိပါဘူး။ ငါ အခုချက်ချင်း သွားပြီး စီစဉ်လိုက်မယ်။ "
" နေဦး။ "
ကျောင်းဆောင်သခင်က သူ့ကို တားလိုက်သည်။ ကျောက်သားစားပွဲပေါ်မှ အဆင့်မြင့် နတ်ဘုရားအဆင့် လက်နက်က ကျန်းဖိန်ထျန်းထံသို့ တဖြည်းဖြည်း ရွေ့သွားသည်။
" ဒါကို ယူသွားလိုက်၊ တန်ဖိုးအဖြစ် သတ်မှတ်လိုက်ပါ။ "
" အရေးမကြီးတဲ့ ကိစ္စလေးပါ။ ဘယ်လိုကြောင့်များ လက်ဆောင်ကို ယူရပါ့မလဲ။ ဒီလိုလုပ်လို့ မရဘူးလေ ကျောင်းဆောင်သခင် "
ကျန်းဖိန်ထျန်းက လက်ကို ရမ်းပြီး ငြင်းသည်။
" ဒါက ငါ့ဆီက မဟုတ်ဘူး။ အဲ့ဒီနေရာကို လိုချင်တဲ့ ကလေးလေးက မင်းအတွက် ထားပေးခဲ့တာ။ ငါက အဲ့ဒီနေရာကို လိုတာ မဟုတ်ဘူး။ ဒါကို ယူသွား... အဲ့ဒီကလေးမှာ လိုအပ်နေတဲ့ နာမည်လေး ရှိလာတဲ့အခါ သူ့ကို နည်းနည်း ဂရုစိုက်ပေးလိုက်ပါ။ "
ကျောင်းဆောင်သခင်က ထိုသို့သာ ပြောသည်။
ထိုစကားကြောင့် ကျန်းဖိန်ထျန်းကလည်း ထိုလက်နက်ကို ယူလိုက်သည်။
" ကောင်းပြီ၊ ဒီလိုဆိုမှတော့ ငါ စီစဉ်ပေးမယ်။ "
ထိုအထိ ပြောပြီးနောက် ကျန်းဖိန်ထျန်းသည် ရိုသေလေးစားလိုက်နာခြင်း ကောင်းကင်ဘုံမြို့ မြို့အရှင်စံအိမ်သို့ ပြန်လာခဲ့သည်။ သူသည် မြို့အရှင် ပလ္လင်ပေါ်တွင် ထိုင်ရင်း ထိုအဆင့်မြင့် နတ်ဘုရားအဆင့် လက်နက်ကို အသေအချာ လေ့လာနေသည်။
" ဒီလက်နက်က သွေးနီရောင် နေဝင်ချိန် အမတ ဂိုဏ်း က ကျွမ်းကျင်ပညာရှင်ရဲ့ အဆင့်မြင့် နတ်ဘုရားအဆင့် လက်နက်ပဲ။ ဒါပေမဲ့ ဒီလက်နက်က ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံ လျှို့ဝှက်ချက် ကျောင်းဆောင် သခင်ရဲ့ လက်ထဲ ရောက်နေရတာလဲ။ အဲ့ဒီလူက ကျောင်းဆောင်သခင်နဲ့ အဆက်အသွယ် ရှိတာများလား။ "
ကျန်းဖိန်ထျန်းက တွေးပြီး သက်ပြင်းချလိုက်သည်။
" ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ ရဲ့ ဗိုလ်ချုပ်ရာထူးတစ်ခုကို တောင်းဆိုလာတာ၊ ကျောင်းဆောင်သခင် ကိုယ်တိုင် စကားပြောပေးတာဆိုတော့ သူက ကျောင်းဆောင်သခင်နဲ့ အဆက်အသွယ် ရှိနေလို့ပဲ။ "
ထိုအရာကို တွေးပြီးနောက် ကျန်းဖိန်ထျန်းက မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။
" ဒါဆိုရင် ကျောင်းဆောင်သခင်က ဘာလို့ ဒီလက်နက်ကို ငါ့ကို ပေးရတာလဲ။ ဗိုလ်ချုပ်ရာထူးတစ်ခုက ဒီလောက်တောင် အရေးကြီးနေလို့လား။ "
ကျန်းဖိန်ထျန်းက အတွေးထဲ နစ်နေဆဲ ဖြစ်သည်။ သူသည် ကျောင်းဆောင်သခင်၏ စကားကို ပြန်လည် စဉ်းစားနေသည်။
အဲ့ဒီကလေးမှာ လိုအပ်နေတဲ့ နာမည်လေး ရှိလာတဲ့အခါ သူ့ကို နည်းနည်း ဂရုစိုက်ပေးလိုက်ပါ။
ကျန်းဖိန်ထျန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
" ငါသိပြီ "
သူ ရေရွတ်လိုက်သည်။
" သူက ငါ့ကို အဲ့ဒီကလေးကို ကာကွယ်ပေးဖို့ ပြောတာပဲ။ "
ထိုသို့ စဉ်းစားပြီးနောက် ကျန်းဖိန်ထျန်းသည် မတ်တတ်ထရပ်လိုက်ပြီး အပြင်ရှိ လူတစ်ယောက်ကို ခေါ်လိုက်သည်။
" ကျွမ်းရီ... ငါ့ဆီ လာခဲ့။ "
မကြာခင်မှာပင် လူငယ်တစ်ယောက် ဝင်လာသည်။
" သခင်... ကျွန်တော့်ကို ခေါ်တာလား။ "
ကျွမ်းရီက မေးသည်။
" မင်းကို ငါ တာဝန်တစ်ခု ပေးစရာရှိတယ်။ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ မှာ ဗိုလ်ချုပ်ရာထူးတစ်ခု လစ်လပ်နေတယ်ဆိုတာကို ကြေညာလိုက်။ ပြီးတော့ အဲ့ဒီရာထူးအတွက် ယှဉ်ပြိုင်ဖို့ လူတွေကို ဖိတ်ခေါ်လိုက်။ "
ကျွမ်းရီက အံ့အားသင့်သွားပြီး ပြော၏။
" ဒါပေမဲ့ သခင်... ဗိုလ်ချုပ်ရာထူးက... "
" မမေးနဲ့၊ ငါပြောတဲ့အတိုင်း လုပ်။ "
ကျန်းဖိန်ထျန်းက အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့ပါ သခင် "
ကျွမ်းရီက ဦးညွှတ်ပြီး ထွက်သွားသည်။ ကျန်းဖိန်ထျန်းသည် ပြတင်းပေါက်မှ အပြင်ဘက်သို့ ကြည့်ကာ တီးတိုးရေရွတ်နေသည်။
" ဒီကလေးက ဘယ်သူလဲ... ကျောင်းဆောင်သခင်ကတောင် သူ့ကို ဒီလောက် ဂရုစိုက်ရအောင်။ ငါ သူ့ကို တွေ့ချင်နေပြီ။ "
ကျန်းဖိန်ထျန်းက ပြုံးလိုက်သည်။
ထိုအချိန်တွင် ဂျင်ချန်သည် ခရမ်းကောင်းကင် ဓားဂိုဏ်းသို့ ပြန်ရောက်နေပြီး ဂိုဏ်း၏ အဓိကခန်းမထဲတွင် ထိုင်နေသည်။ သူသည် ရိုသေလေးစားလိုက်နာခြင်း ကောင်းကင်ဘုံမြို့ ၏ ရာထူးအတွက် ပြင်ဆင်နေသည်။ သူသည် ထာဝရ ရှင်သန်ခြင်း ဧကရာဇ် များ အားလုံးကို အနိုင်ယူရမည်ဖြစ်ရာ ထိုအရာက မလွယ်ကူပေ။
" ငါ အနိုင်ရမှ ဖြစ်မယ် "
ဂျင်ချန်က သန္နိဋ္ဌာန်ချထားသည်။ သူသည် အစွန်းအထင်းမဲ့ ချီ ကို ရရှိမှသာ ခရမ်းကောင်းကင် ဓားဂိုဏ်း၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
" ငါ လုပ်နိုင်ရမယ်။ "
မိမိကိုယ်ကို အားပေးရင်း မျက်လုံးများကို မှိတ်ကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။ ဂျင်ချန်၏ ကိုယ်မှ အလင်းရောင်များ ဖြာထွက်လာပြီး စွမ်းအင်များ တဖြည်းဖြည်း မြင့်တက်လာသည်။ သူသည် အရာအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်လျက် ရာထူးအတွက် အသင့်ဖြစ်နေပြီဖြစ်သည်။
ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ အရှင် စံအိမ်အတွင်းမှာ ကျန်းဖိန်ထျန်းဟာ မြို့ရှင် ပလ္လင်ပေါ်၌ ထိုင်နေသည်။ သူသည် ဂျင်ချန့်က ထားရစ်ခဲ့သော အဆင့်မြင့် နတ်ဘုရားအဆင့် လက်နက်ကို ဂရုစိုက် လေ့လာနေပြီး မျက်လုံးက နက်ရှိုင်းလာသည်။ သူ့၏ အတွေးကို မည်သူမှ မသိနိုင်ပေ
"ကျန်းရှောင်ရီ က ဘိုးဘေးကို ဂါရဝပြုပါတယ်။"
ထိုအချိန်တွင် လူငယ်လေး တစ်ယောက်က အပြင်ဘက်မှ ဝင်လာပြီး ဒူး တစ်ဖက် ထောက်ချပြီး သူ့ကို ဦးညွှတ်သည်။ ခေါင်းကိုလည်း သပ်သပ်ငုံ့ထား၏။
သူဟာ ကောင်းကင်လွှာ အဆင့် ကိုး ထာဝရ ရှင်သန်ခြင်း ဧကရာဇ် ဖြစ်သည်။ သူသည် ကျန်းမိသားစု၏ မဟာအကြီးကဲ ဖြစ်ရုံသာမကသေးဘဲ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့တွင် ရာထူးတစ်ခု ရှိသည်။
ကျန်းဖိန်ထျန်းက ကျန်းရှောင်ရီကို ကြည့်ပြီး သက်ပြင်းချသည်။
"ကျန်းရီ၊ ရာထူးကနေ နှုတ်ထွက်ပြီး ကျန်းမိသားစုကို ပြန်တော့။ နောက်တစ်ခေါက် ရွေးပွဲမှာမှ မင်း ရာထူးအတွက် ပြန်လည် ယှဉ်ပြိုင်ပေါ့။ "
ကျန်းရှောင်ရီက တုန်ရင်သွားပြီး ရုတ်တရက် ခေါင်းကို မော့လာသည်။ သူက ကျန်းဖိန်ထျန်းကို ကြောင်တောင်တောင် ကြည့်ပြီး နားမလည်သလို မေးသည်။
"ဘိုးဘေး ဘာလို့လဲ။"
"တစ်ယောက်ယောက်က ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့က ဗိုလ်ချုပ်ရာထူး တောင်းဆိုလာတယ်။"
ကျန်းဖိန်ထျန်းက တည်ငြိမ်စွာ ပြောသည်။
ကျန်းရှောင်ရီ မျက်လုံးက မှေးကျင်းသွားသည်။ သူဟာ မယုံကြည်နိုင်စွာ ပြန်မေးသည်။
"ဘိုးဘေး ဘယ်သူလဲ။ ဘယ်သူက ငါတို့ရဲ့ ကျန်းမိသားစုကိုတောင် ကတိပေးရလောက်အောင် လုပ်နိုင်တာလဲ။ "
"ဒါကို လာ မမေးနဲ့။ မင်းရဲ့ ရာထူးကိုသာ အမြန် လွှဲပေးလိုက်။ "
ကျန်းဖိန်ထျန်းက ထိုသို့သာ ပြောသည်။
အပိုင်း ၃၅၉၁ ပြီး၏။
***