ဘိုးဘေးက ထိုသို့ ပြောသောအခါ ကျန်းရှောင်ရီကလည်း ဘာမှ ထပ်မပြောတော့ပေ။ သူ၏ အရာရှိ တံဆိပ်ပြားကိုသာ ကျန်းဖိန်ထျန်းထံ ပေးလိုက်သည်။
သူ၏ လက်ထဲမှ လက်မခန့် အရွယ်အစားရှိသော တံဆိပ်ပြားလေးတစ်ခု ပေါ်လာသည်။
တစ်ခုလုံးက ရွှေရောင်ဖြစ်ပြီး ထိန်လင်းစွာ တောက်ပနေသည်မှာ ရွှေဖြင့် လုပ်ထားသည်နှင့် တူသည်။
ထိုသေးငယ်သော တံဆိပ်ပြားလေးဟာ ကျောက်သားစားပွဲပေါ်သို့ သက်ဆင်းသွားသည်။ ထိုအားတစ်ခုတည်းနှင့်တင် ဒီမြို့မှာ ရှိသည့်အတွက် အဆင့်မြင့် နတ်ဘုရား လက်နက်ကြီးနှင့် နီးကပ်သော ဆက်စပ်မှုမျိုး ရှိနေလေသည်။
သူတို့ဟာ ဒီတံဆိပ်ကို ပိုင်ထားသမျှ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့၏ အသီးသီးသော ရာထူးမျိုးကိုလည်း ပိုင်ဆိုင်ထားနိုင်သည့်အပြင် မြို့၏ အင်အားကိုလည်း တစ်စုံတစ်ရာအထိ ချိတ်ဆက်ယူ၍ အသုံးပြု၍ ရသည်ဟု ပြောရမည်။
ကျန်းရှောင်ရီက တံဆိပ်ပြားကို လွှဲပေးလိုက်သောအခါ ကျန်းဖိန်ထျန်းသည် မြို့အရှင် တစ်ယောက်အနေနှင့် တံဆိပ်ပြားကို ယူလိုက်သည်။
ကျန်းဖိန်ထျန်း၏ တံဆိပ်ပြားမှာ ကျန်းရှောင်ရီနှင့် ခြားနားသည်။
ရွှေရောင်လေးဖြင့် တလက်လက် တောက်ပနေသော်လည်း အပြင်ပန်း ပုံစံက အနည်းငယ် ခြားနားနေသည်။ အနည်းငယ် ပို၍ အသေးစိတ်ကျသည်။
ကျန်းဖိန်ထျန်းက လက်ဖြင့် စည်းတံဆိပ် တစ်ခုကို လုပ်လိုက်သောအခါ ရွှေရောင် အလင်းတန်းက မြို့အရှင် တံဆိပ်ပြားလေးမှ ဖြာထွက်ပြီး ကျန်းရှောင်ရီ၏ တံဆိပ်ပြားကို လွှမ်းခြုံလိုက်သည်။ ထို့နောက် တစ်ခဏချင်းတွင် ကျန်းရှောင်ရီအပိုင် အရှိန်အဝါကို လုံးဝ ဖြတ်တောက်ဖယ်ထုတ်လိုက်သည်။ သိပ်မကြာခင်မှာလည်း ကျန်းရှောင်ရီ၏ အရှိန်အဝါဟာ တံဆိပ်ပြားထဲမှ လုံးဝ ပျောက်ကွယ်သွားသည်။
ထို့နောက် ထိုတံဆိပ်ပြားသည် ကျန်းရှောင်ရီအပိုင် မဟုတ်တော့ပေ။ သူသည် ဒီမြို့မှာ ရာထူးကို စွန့်လွှတ်လိုက်ရပြီ ဖြစ်သည်။
ကျန်းရှောင်ရီ၏ တံဆိပ်ပြားက အဝေးသို့ လျင်မြန်စွာ ရွေ့လျား ပျောက်ကွယ်သွားပြီး ခဏချင်းအတွင်းမှာပင် မြို့၏ အာကာသပြင်ထဲသို့ ဝင်ရောက်ကာ ပျောက်သွားသည်။
"ဘိုးဘေး။ ဒါဆိုရင်လည်း ငါ ကလန်ကို ပြန်တော့မယ်။"
ကျန်းရှောင်ရီက ကျန်းဖိန်ထျန်းကို ဦးညွှတ်ကာ နှုတ်ဆက်ပြီးမှသာ တိုက်ရိုက် ထွက်ခွာသွားသည်။
ကျန်းဖိန်ထျန်းဟာ ကျန်းရှောင်ရီ ထွက်ခွာမှုအပေါ် မစိုးရိမ်ပေ။
သူဟာ မြို့အရှင် ပလ္လင်ပေါ်၌ ထိုင်ပြီး အဆင့်မြင့် အဆင့် နတ်ဘုရားအဆင့် လက်နက် ဓားကိုသာ ဆုပ်ကိုင်ထားသည်။
သူ၏ အဆင့်နှင့် သူ၏ အင်အားမျိုးကြောင့် ထိုလက်နက်ဟာ သူ့အတွက် စိတ်ဝင်စားစရာ ဖြစ်ရန် အလွန် ခက်ခဲသော်လည်း သူဟာ လက်နက်ကိုသာ စိုက်ကြည့်နေပြီး မျက်နှာက တည်မာလာသည်။
"ထွားကြိုင်းဆင် အမတဂိုဏ်းက ဘိုးဘေး ပိုင်ဆိုင်တဲ့ ဒီအရည်အသွေးမြင့် နတ်ဘုရားအဆင့် လက်နက်က ကံကြမ္မာ အများကြီး ရှိနေတာပဲ။ ယူဖို့ မလွယ်ဘူး။"
ကျန်းဖိန်ထျန်းက ခပ်တိုးတိုး ပြောသည်။
သူ၏ အကြည့်က နက်ရှိုင်းသွားပြန်ကာ နဂါးငွေ့တန်း တစ်ခုလုံးက မျက်လုံးထဲသို့ ရောက်ရှိသွားသကဲ့သို့ ပုံရိပ်ပေါင်း များစွာကို ဆင့်ခေါ် ဖန်တီးသည်။ လမ်းစဉ်များ အတူတကွ ယှက်လိမ်ပြီး သူဟာ တစ်စုံတစ်ရာကို ခြုံငုံကြည့်ရှုရန် ကြိုးစား၏။
ခဏခန့် ကြာပြီးနောက် ကျန်းဖိန်ထျန်းဟာ ကြည့်ရှုမှုကို ရပ်တန့်လိုက်သည်။
ခေါင်းကို အနည်းငယ် မော့၍ မြို့အရှင် စံအိမ် အပြင်ဘက်သို့ ကြည့်သည်။ လက်ထဲက လက်နက်ကလည်း ပျောက်သွားသည်။
"ဟားဟား၊ အစ်ကိုကျန်း၊ ဒါကတော့ လုံးဝကို ရှားပါးတာပဲ ငါ ပြောမယ်။ ငါ မင်းနဲ့ အပြင်မှာ တိုးတယ်ပေါ့။"
ထိုအချိန်တွင် အနီရဲရဲ တောက်ပသည့် ဝတ်စုံနီကို ဝတ်ဆင်ထားသော အဘိုးကြီး တစ်ယောက်က အပြင်ဘက်မှ ဝင်လာရင်း အော်ရယ်ကာ ပြောနေသည်။
အဘိုးကြီး ဝတ်စုံက နီရဲနေခြင်း မဟုတ်ပေ။ ဆံပင်၊ မျက်ခုံး၊ မျက်လုံးများကပင် အနီရင့်ရင့် ဖြစ်သည်။
ပြောရမည်ဆိုလျှင် သူ၏ မျက်လုံး သူငယ်အိမ်များကပင် နတ်မီးတောက်လုံးများနှင့် တူသည်။
ဟုန်းဟုန်း တောက်လောင်နေကာ အလွန်ပင် ကြမ်းတမ်းစွာ ခုန်လှုပ်နေသည်။
ထိုလူကြီးက သူ့ကိုယ်သူ မီးတောက် သတ္တိသခင်ဟု ခေါ်သည်။
သူဟာ သန့်စင်လောကမှ အထွတ်အထိပ် အဖွဲ့အစည်း တစ်ခု၏ ဘိုးဘေးလည်း ဖြစ်ပြီး နှောင်းပိုင်း ထာဝရ ရှင်သန်ခြင်း မဟာဘုရင် ဖြစ်သည်။
သူသည်လည်း ကျန်းဖိန်ထျန်းထက် မလျော့သော အင်အားမျိုးကို ပိုင်ဆိုင်ထားသည်။
အတိတ်တွင် သူဟာ ကျန်းဖိန်ထျန်းနှင့်ပင် ယှဉ်ပြီး မြို့အရှင် ရာထူးကို လုခဲ့သေးသည်။
သူ ရှုံးသွားသော အခါ၌ ဒု မြို့အရှင် ဖြစ်သွားသည်။
"အစ်ကိုကျန်း၊ မင်း မြို့အရှင်ဖြစ်တဲ့ နေ့ကတည်းက မင်းက အထွတ်အထိပ် နယ်မြေထဲမှာပဲ နေပြီး တောက်လျှောက် ကျင့်ကြံနေခဲ့တာ။ မင်းနဲ့ တွေ့ရတာ ခက်လိုက်တာ။ ငါတောင်မှ ငါ ဒီနှစ် နှစ်သောင်းအတွင်း မင်းနဲ့ မတွေ့ရလောက်တော့ဘူး ထင်နေတာ။"
မီးတောက် သတ္တိသခင်က ရယ်သည်။
သူက ဒုမြို့အရှင် ဖြစ်နေသည့်တိုင်အောင် မည်သူ့ကိုမှ ဒီရာထူး အဆင့်အတန်းဖြင့် သူတို့၏ နောက်ခံကို ပိုင်းခြား၍ မရပေ။
လက်တွေ့ အနေဖြင့် မီးတောက် သတ္တိသခင်ကလည်း ကျန်းဖိန်ထျန်းကို အဆင့်တူ ပုဂ္ဂိုလ်တစ်ယောက် ကဲ့သို့သာ ပြောသည်။
"ဆိုတော့ မီးတောက် သတ္တိသခင်ကိုး။ မီးတောက် သတ္တိသခင် ဘာလို့များ ဒီနှစ် နှစ်သောင်းပဲ ရထားတဲ့ အချိန်မျိုးကို တန်ဖိုးထားပြီး အထွတ်အထိပ် နယ်မြေထဲမှာ မနေဘဲနဲ့ အပြင်ထွက်လာရတာလဲ။ "
ကျန်းဖိန်ထျန်းက ပြောသည်။
"အား၊ ငါတို့ရဲ့ ကျင့်စဉ် အဆင့်ကို ရောက်ရှိသွားတဲ့ အချိန်မှာ အဆင့်တက်ဖို့က အချိန်နဲ့ မဆိုင်တော့ဘူးလေ။ ပိုကြီးတဲ့ အခွင့်အရေးတွေ၊ အံ့သြစရာကောင်းတဲ့ တွေ့ကြုံမှုတွေက လိုအပ်လာတယ်။ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ရဲ့ အထွတ်အထိပ် နယ်မြေက ငါတို့ရဲ့ အခွင့်အရေးကို အပုံတစ်သန်းထက် ပိုလျော့သွားအောင် ငါတို့ရဲ့ ကျင့်ကြံချိန်ကို တစ်သန်းမှာ တစ်ဆလောက် လျော့သွားအောင် လုပ်ပေးနိုင်တယ် ဆိုပေမဲ့လည်း ငါ ဒီတစ်ခေါက်တော့ အချိန်ကို နည်းနည်းပါးပါး ဖြုန်းဖို့ ဖြစ်လာတယ်။"
မီးတောက် သတ္တိသခင်ဟာ ထိုင်ခုံကို ကောင်းစွာ ရှာပြီး ထိုင်လိုက်သည်။
သူသည် ကျန်းဖိန်ထျန်းကို ကြည့်ပြီး ပြောသည်။
"ဟုတ်သားပဲ အစ်ကိုကျန်း၊ မင်း ငါ့ကို ကူညီပေးမယ်လို့ မျှော်လင့်တဲ့ ကိစ္စ သေးသေးလေး ရှိတယ်။"
"ခင်ဗျား လက်ဗလာနဲ့ လာမှာ မဟုတ်မှန်း သိတယ်၊ ပြောပါဦး။"
ကျန်းဖိန်ထျန်းက တည်ငြိမ်စွာ ပြောကာ ခေါင်းငြိမ့်သည်။
"ငါ့ မိတ်ဆွေ တစ်ယောက်ရဲ့ ဆက်ခံသူ တစ်ယောက်က ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ကို သူ့ရဲ့ ကလန်သား တစ်ယောက် စေလွှတ်ပြီး အမတ ဗိုလ်ချုပ်ရာထူးကို လိုချင်နေတာ။ သူက ရာထူးရစေမယ့် လူကို ရှာပြီး သွားပြီဆိုတော့ မင်းက အသိအမှတ်ပြုပေးဖို့ပဲ လိုအပ်တော့တယ် အစ်ကိုကျန်း။"
မီးတောက် သတ္တိသခင်က ပြောသည်။
"နောက်ထပ် ရွေးချယ်မှု ရဖို့ နှစ် ခြောက်ထောင်ကျော်ပဲ လိုအပ်တော့တာလေ၊ မစောင့်နိုင်တော့ဘူးလား။ "
ကျန်းဖိန်ထျန်းက မျက်မှောင်ကြုတ်သည်။
မီးတောက် သတ္တိသခင်ကလည်း ခေါင်းခါသည်
"အချို့ အကြောင်းပြချက်တွေကြောင့် သူ မစောင့်နိုင်တော့ဘူး။ နောက်ပြီး ဒါကလည်း သူတို့အတွက် အရမ်း အရေးကြီးနေတာ။"
ထိုမျှ အထိ ပြောပြီးနောက် မီးတောက် သတ္တိသခင်က သက်ပြင်းချသည်
"ငါ့ရဲ့ အဲဒီ မိတ်ဆွေဟောင်းက ထာဝရ ရှင်သန်ခြင်း လောကမှာ ငါနဲ့အတူ အတူ လှည့်လည် သွားလာခဲ့ဖူးတဲ့သူပဲ။ အေးအတူပူအမျှ ကျော်ဖြတ်ခဲ့ဖူးတဲ့သူ ဆိုပါတော့။ ငါတို့ အရာအားလုံးကို အတူ လုပ်ဆောင်ခဲ့ဖူးတာ။ ကံဆိုးစွာနဲ့ အဆုံးသတ်နားမှာ သူက မကျော်ဖြတ်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ လွန်ခဲ့တဲ့ နှစ်ဆယ်ဂဏန်းက သေဆုံးသွားခဲ့တယ်။"
"ရလဒ်အနေနဲ့ ဒီမိတ်ဆွေရဲ့ လက်အောက်ခံ သားတော်တော်များများကို ငါ တော်တော်လေး ဂရုစိုက်ပေးခဲ့တယ်၊ အခု အဲဒီလူတွေထဲက တစ်ယောက်က ငါ့ကို အကူအညီ တောင်းလာတယ်၊ ငါ မပယ်ချရက်ဘူး။ "
မီးတောက် သတ္တိသခင်ဟာ မတ်တတ်ရပ်လိုက်ပြီးနောက် ကျန်းဖိန်ထျန်းကိုပင် ဂါရဝပြုသည်။
"အစ်ကိုကျန်း၊ ငါ မင်းကို ဒုက္ခပေးရတော့မယ်။ "
ကျန်းဖိန်ထျန်းက ပြောလိုက်သည်။
"ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့ရဲ့ စည်းမျဉ်းတွေကိုလည်း မင်းသိတာပဲ။ နေရာတစ်ခု အားသွားရင်တောင်မှ ငါက ကြိုက်ရာ လူကို ကြိုက်သလို ဝင်ယူလို့ ပြောလို့ မရဘူး။ အားလုံးက အင်အားကတစ်ဆင့် ယှဉ်ပြိုင်ရတာ။ "
"ငါ သိတာပေါ့။ အချိန်ကျလာတဲ့ အချိန်မှာ သူက အဲဒီနေရာကို မယူနိုင်ဘူးဆိုရင် သူ့ရဲ့ အသုံးမကျမှုကိုပဲ အပြစ်တင်ရမှာပေါ့လေ။ "
မီးတောက် သတ္တိသခင်ကလည်း ပြောသည်။
"တကယ်တော့ မင်းဒီအတွက် ငါ့ဆီ လာစရာ မလိုဘူး။ ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့က အမတ ဗိုလ်ချုပ်ရာထူး တစ်ခု လွတ်သွားပြီ။ သူတို့ လိုချင်ရင် ပြိုင်ခိုင်းလိုက်။ "
"ဘာ၊ နေရာတစ်ခု လွတ်သွားတယ် ဟုတ်လား။ "
မီးတောက် သတ္တိသခင်ကပင် အံ့သြသွားလေသည်၊ ထို့နောက် တစ်စုံတစ်ရာကို အာရုံခံကြည့်ပြီးနောက် အံ့သြသွားပြန်သည်။
"အဲဒီကလေး ကျန်းရှောင်ရီပဲ။ ဘာလို့ သူက ရုတ်တရက် နှုတ်ထွက်သွားတာလဲ။ ဒီရာထူးကို ရဖို့ လွယ်တာမှ မဟုတ်ခဲ့တာ။"
"ရှောင်ရီက အရေးကြီး ကိစ္စတစ်ခု ရှိလို့ သွားပြီး ကိုင်တွယ်နေရတာ။ ဆိုတော့ သူ ဒီမှာ ဆက်နေလို့ မရဘူး။ "
ကျန်းဖိန်ထျန်းက ထိုသို့သာ ပြောလိုက်သည်။
ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့အတွင်းတွင် ဒု မြို့အရှင် စံအိမ် ရှိသည်။ ထိုစံအိမ်အတွင်းမှ မီးတောက် သတ္တိသခင်က ကျောဘက်သို့ လက်ပစ်ပြီး ရပ်နေချိန်တွင် ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အရှိန်အဝါက ဖြာထွက်နေလေသည်။ သူ၏ အနောက်တွင်လည်း အနီရောင် ဝတ်စုံ ဝတ်ထားသော လူကြီးတစ်ယောက် ရှိသည်။ ထိုအချိန်တွင် အဆိုပါ လူကြီးက ကျောကို ကုန်းကာ ဦးညွှတ်ပြီး ဂါရဝပြုနေသည်။
ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့မှ ရာထူးများထဲတွင် မြို့ အရှင်ရာထူး တစ်ခုနှင့် ဒု မြို့အရှင်ရာထူး နှစ်ခု ရှိသည်။ ဒု မြို့အရှင် နှစ်ယောက်၏ အောက်တွင် ဗိုလ်ချုပ်ကြီး ငါးဦး ရှိသေးသည်။
ယခုတစ်ခေါက်တွင် ထိုဗိုလ်ချုပ်ကြီး ငါးဦးလုံးက ထာဝရ ရှင်သန်ခြင်း မဟာဘုရင်များ ဖြစ်သည်။
မီးတောက် သတ္တိ သခင်၏ အနောက်ဘက်တွင် ရပ်နေသော လူကြီးက ဗိုလ်ချုပ်ကြီး ငါးဦးထဲမှ တစ်ဦးဖြစ်သော ယဲ့ပေဖုန်း ဖြစ်သည်။
"ရိုသေလေးစား လိုက်နာခြင်း ကောင်းကင်ဘုံမြို့က အမတ ဗိုလ်ချုပ် တစ်နေရာ လွတ်သွားတယ်။ သူတို့ သိပ်မကြာခင် ဒီရာထူးအတွက် လိုက်ပြိုင်ကြလိမ့်မယ်။ မင်းရဲ့ ကလန်က အဲဒီဂျူနီယာကို ကိုယ်တိုင် ပြင်ဆင်ထားလို့ ပြောလိုက်၊ သူ ဒီရာထူးကို ရတာ မရတာက သူ့ရဲ့ အရည်အချင်းနဲ့ပဲ ဆိုင်တယ်။ "
မီးတောက် သတ္တိသခင်က ယဲ့ပေဖုန်းကို ကျောပေးကာ ရပ်လျက် ဂရုမစိုက်သလို ပြောလိုက်သည်။
"ဟုတ်ကဲ့ စီနီယာ။ "
ယဲ့ပေဖုန်း၏ မျက်နှာက ပျော်ရွှင်မှုဖြင့် တောက်ပသွားပြီး ထပ်မံ၍ လေးနက်စွာ ဦးညွှတ်ပြန်သည်။
အပိုင်း ၃၅၉၂ ပြီး၏။
***