နဂါးတစ်ကောင်ကဲ့သို့ ကံကြမ္မာ၏ အကျိုးသက်ရောက်မှုက မည်သည်ကို မသေချာသော်လည်း ဤအသိပေးချက်က ကျန်းကျောက်ရှားအနေနှင့် ချက်ချင်း အန္တရာယ် မရှိတော့ကြောင်း သက်သေပြနေသည်။
ကျန်းကျောက်ရှား ဤအခက်အခဲနှင့် ကြုံတွေ့ခဲ့ရခြင်းက တွေ့ကြုံနေရသော အကျပ်အတည်းက ရိုးရှင်းမှု မရှိကြောင်း ပြသနေသည်။ ထို့အပြင် ကျန်းကျောက်ရှားက ကျောက်ကျိန်းကို ကယ်တင်ရန် သွားခဲ့ခြင်း ဖြစ်သဖြင့် ကျောက်ကျိန်း၏ ဘေးဒုက္ခနှင့် အမှတ်မထင် ဆုံတွေ့သွားခဲ့ခြင်း ဖြစ်နိုင်သည်။
လီချင်းချိုးစိတ်ထဲ၌ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေချေပြီ…
ဤဘေးဒုက္ခမှာ ကျန်းကျောက်ရှား၏ ဘေးဒုက္ခလား၊ သို့မဟုတ် ၎င်းတို့၏ ဘေးဒုက္ခများ တိုက်ဆိုင်သွားပြီး ၎င်းတို့ နှစ်ဦးစလုံး ဘေးဒုက္ခကို ဖြတ်ကျော်နေကြခြင်းလား ဆိုသည်မှာ မသေချာပေ။
သူ ဆက်လက် စောင့်ဆိုင်းနေရန်သာ တတ်နိုင်တော့သည်။
ဤအသိပေးချက်ကြောင့် လီချင်းချိုး၏ စိတ်နေစိတ်ထား တိုးတက်လာခဲ့သည်။
ချင်းရှောင်ဂိုဏ်း၏ ခွန်အားကို တစ်ဦးချင်း စွမ်းအားဖြင့်သာ အကဲဖြတ်၍ မရနိုင်ကြောင်း အမြဲတမ်း ခံစားခဲ့ရသည်။ အကယ်၍ ဂိုဏ်း၏ တပည့်များက သူ ဝင်ရောက် စွက်ဖက်စရာမလိုဘဲ အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဆိုလျှင် ချင်းရှောင်ဂိုဏ်းမှာ အမှန်တကယ် အစွမ်းထက်သည်ဟု ယူဆရမည် ဖြစ်သည်။
ကျန်းကျောက်ရှားက ဤအကျပ်အတည်းကို တစ်ကိုယ်တော် ဖြေရှင်းနိုင်ခဲ့ခြင်းက သူသည် ယုံကြည်စိတ်ချရကြောင်း သက်သေပြနေပေသည်။
ထင်ထားသည့်အတိုင်းပင် သူနှင့် ရွှီနင်းတို့ အတူတကွ လှုပ်ရှား၍ မရနိုင်ပေ။
လီချင်းချိုးက ဝန်ထုပ်ဝန်ပိုးများကို ဖယ်ချလိုက်ပြီး တောင်ရွှေ့နတ်ဘုရားဖိနှိပ်ခြင်းကို ကျင့်ကြံခြင်းအပေါ် စတင် အာရုံစိုက်လိုက်တော့သည်။ သူသည် ဤနတ်ဘုရားစွမ်းပကားကို ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်ပြီး အကြိမ်ကြိမ် လေ့ကျင့်ခြင်းဖြင့် ပိုမို တိုးတက်လာစေရန် ကြိုးစားနေခြင်းသာ ဖြစ်၏။
အကြိမ်တစ်ထောင် သန့်စင်ခြင်း ကံကြမ္မာ ရှိနေသဖြင့် လီချင်းချိုး၏ ကြိုးပမ်းအားထုတ်မှုများက အချည်းနှီး ဖြစ်သွားမည် မဟုတ်ပေ။
...
ကျောက်ကျိန်း အိပ်မက်ဆိုးတစ်ခု မက်ခဲ့ပြီး ထိုအိပ်မက်ထဲတွင် ကျန်းကျောက်ရှားသည် စုရှင်းဘိုးဘေး၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရကာ ဆရာသခင်က သူ့ကို အပြစ်တင်နေကြောင်း အိပ်မက်မက်ခဲ့သဖြင့် လန့်ဖျပ်ကာ ရုတ်တရက် နိုးလာခဲ့သည်။
သူ မျက်လုံးဖွင့်လိုက်ပြီး ပြင်းထန်စွာ မောဟိုက်နေပြီး သူ မြင်လိုက်ရသည်မှာ အနီးအနားတွင် မီးရောင်များ ဖျတ်ခနဲ လင်းလက်နေသော မှောင်မိုက်နေသည့် ဂူနံရံပင် ဖြစ်၏။
"စီနီယာအစ်ကို ကျောက်ကျိန်း... အဆင်ပြေရဲ့လား..."
ချောင်တင်းပေက အနားသို့ တိုးလာပြီး စိုးရိမ်တကြီး မေးလိုက်ခြင်းပင်။
ကျောက်ကျိန်းမှာ ပါးစပ်များ ခြောက်သွေ့နေပြီး ခေါင်းမှာ တဒိတ်ဒိတ် ကိုက်နေသည်ကို ခံစားနေရသဖြင့် မနည်း အားယူ၍ ပြန်မေးလိုက်လေသည်။
"မင်းက ဘယ်သူလဲ... ဒါက ဘယ်နေရာလဲ..."
"ကျွန်တော့် နာမည်က ချောင်တင်းပေပါ... ထိန်းချုပ်ရေးခန်းမက တပည့်ပါ... အရင်က ဒုတိယဂျူနီယာညီမက အစ်ကိုြဆီကို သတင်းစကား လာပို့ခဲ့ပါသေးတယ်... ကျွန်တော် အစ်ကို့နောက်ကို လိုက်နေခဲ့တာပါ... ဒါက ဂူတစ်ခုပါ... အန္တရာယ် မရှိပါဘူး... အစ်ကိုက သွေးထွက်လွန်နေလို့ ခဏလောက် နားဖို့ လိုတယ်..."
ချောင်တင်းပေက ညင်သာစွာ ပြောလိုက်သော်လည်း သူ့ အမူအရာမှာ အနည်းငယ် သဘာဝမကျ ဖြစ်နေသည်။
"ဦးလေးကျန်း ဘယ်လိုနေသေးလဲ..."
ကျောက်ကျိန်းက ခွန်အား အနည်းငယ် ပြန်လည် ရရှိလာပြီးနောက် မေးလိုက်ပြန်သည်။
"သူလည်း သက်သာနေပါပြီ...အစ်ကိုတို့ နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြတယ်... စကားမပြောပါနဲ့ဦး... ကုသဖို့ကိုသာ အရင် အာရုံစိုက်ပါ...အစ်ကိုက သွေးထွက်လွန်ထားပြီး တစ်ကိုယ်လုံးမှာ ပြတ်ရှဒဏ်ရာတွေနဲ့ ပွန်းပဲ့ဒဏ်ရာတွေ ပြည့်နေတာ... စကားပြောတာက ဒဏ်ရာတွေကို ပိုဆိုးသွားစေနိုင်တယ်..."
ကျန်းကျောက်ရှား သက်သာနေကြောင်း ကြားသောအခါ ကျောက်ကျိန်းမှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်၊ သူ မသေသရွေ့ မျှော်လင့်ချက် ရှိနေသေးသည်။
သူသည် စုရှင်းဘိုးဘေး၏ အခြေအနေကို အလွန် မေးချင်နေသော်လည်း ချောင်တင်းပေ အလွန် ပင်ပန်းနေကြောင်း မြင်တွေ့နိုင်သဖြင့် အောင့်အည်းထားလိုက်ရသည်။
သူက နာကျင်မှုကို သည်းခံရင်း မျက်လုံးများ မှိတ်ထားလိုက်ပြီးဤသည်ခံနိုင်စွမ်းမှာ သုံးရက်တိတိ ကြာမြင့်ခဲ့သည်။
သုံးရက်အကြာတွင် ဒဏ်ရာများအားလုံး အနာဖေး တက်သွားပြီ ဖြစ်ပြီး ဤအခက်အခဲကို ကျော်ဖြတ်နိုင်ရန် ဆေးလုံး အမြောက်အမြား သောက်ခဲ့ရသည်။
ဤနေ့တွင် သူ မနေနိုင်တော့ဘဲ မေးလိုက်လေတော့သည်။
" ဆရာသခင်ရဲ့ လင်းယုန်ကြီး ရောက်မလာဘူးလား... သူ ဘယ်မှာလဲ..."
ထိုအခါ တရားထိုင်နေသော ချောင်တင်းပေက မျက်လုံးဖွင့်၍ ပြန်ဖြေလိုက်သည်။
"အစကတော့ သူ့ကို ပြန်ခေါ်သွားခိုင်းဖို့ စီစဉ်ထားတာပါ... ဒါပေမဲ့ လမ်းမှာ အစ်ကို သွေးတွေ အများကြီး ထွက်လာလို့ အရှင်ကျင်းက အနားယူဖို့ နေရာတစ်ခု အရင်ရှာဖို့ အကြံပြုခဲ့တာ... ဒါကြောင့် ကျွန်တော်တို့ ဒီကို ရောက်လာတာပါ..."
အရှင်ကျင်း ရှိနေသေးကြောင်း ကြားသောအခါ ကျောက်ကျိန်း လုံးဝ စိတ်အေးသွားတော့သည်.
ချောင်တင်းပေက တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် …
"စီနီယာအစ်ကို ကျောက်ကျိန်း... အစ်ကို့ကို ကျွန်တော် ပြောပြစရာ တစ်ခု ရှိတယ်... စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပါ..."
"ငါ့အမေ တစ်ခုခု ဖြစ်သွားတာလား..."
ထိုသုံးရက်အတွင်း မိခင်၏ အသံကို လုံးဝ မကြားရသဖြင့် တစ်ခုခု ဖြစ်သွားကြောင်း သူ သိနေခဲ့သည်။
သူ မည်မျှ ဝမ်းနည်းကြောင်းကို သေချာ မဖော်ပြနိုင်သော်လည်း ထူးဆန်းသော အထီးကျန်မှု ခံစားချက်တစ်ခုက နှလုံးသားထဲတွင် ပေါ်ပေါက်လာသည်။
သူသည် မိခင်၏ စွန့်ပစ်ခြင်းကို မခံခဲ့ရသော်လည်း သူမနှင့် အချိန်များစွာ အတူမနေခဲ့ရသဖြင့် ၎င်းတို့၏ ဆက်ဆံရေးမှာ အလွန် နက်ရှိုင်းမှု မရှိခဲ့ပေ။ သို့သော်လည်း မိခင်မှာ လောကတွင် သူ့ရဲ့ တစ်ဦးတည်းသော မိသားစုဝင် ဖြစ်ရာ နှလုံးသားက ဘယ်လိုလုပ် မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
"မိစ္ဆာခေါင်းဆောင် သေသွားပြီးနောက် အစ်ကို့ရဲ့ မိခင်လည်း သေသွားတယ်... သူ့ပါးစပ်ထဲကနေ ကင်းခြေများကြီး တစ်ကောင် ထွက်လာတာကို ကျွန်တော် မြင်လိုက်ရတယ်... ကျွန်တော်တို့ သူ့ကို မြှုပ်နှံတော့ သူ့ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘဲ ခြောက်သွေ့နေတာကို တွေ့လိုက်ရတယ်... သူ့အရိုးတွေက..."
ဤအမှန်တရားမှာ ရက်စက်လှသော်လည်း ချောင်တင်းပေက ကျောက်ကျိန်းကို ရှင်းရှင်းလင်းလင်း ပြောပြရန် လိုအပ်သည်ဟု ခံစားနေရသည်။
ထိုစကားကို ကြားသောအခါ ကျောက်ကျိန်း၏ အမူအရာ ပြောင်းလဲမသွားပေ။ သူက ညင်သာစွာ
"ငါ့ကိုယ်စား သူ့ကို မြှုပ်နှံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ငါ့ရဲ့အစေခံ နှစ်ယောက်ကိုရော..."
"သူတို့ကိုလည်း ကျွန်တော် မြှုပ်နှံပေးခဲ့ပါတယ်... ဒါပေမဲ့ သူတို့အတွက် အုတ်ဂူတော့ မလုပ်ပေးခဲ့ဘူး... ဘာပဲဖြစ်ဖြစ် ချန်းကျိုးက မြောက်ပိုင်းလူရိုင်းတွေရဲ့ ဖျက်ဆီးမှုကို ခံထားရတာဆိုတော့ နောက်မှပဲ သူတို့အတွက် အုတ်ဂူ လုပ်ပေးတော့မယ်လို့ စဉ်းစားလိုက်တာ..."
"မင်း လုပ်တာ မှန်ပါတယ်..."
ကျောက်ကျိန်းက မျက်လုံးများ မှိတ်ထားလိုက်သည်။ ယခင်က ခုယီနှင့် ခုအာတို့ကိုကြောင့် အလွန် စိတ်အနှောင့်အယှက် ဖြစ်မိပြီး ၎င်းတို့သည် သူ့ကို အင်ပါယာ ဖြစ်လာစေရန် အတင်းအကျပ် ပြုလုပ်ရန် ကျောက်မိသားစုကို အမြဲတမ်း အသုံးပြုခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့ သေဆုံးသွားသောအခါ သူ အနည်းငယ် ဝမ်းနည်းမိပေသည်။
မည်သို့ပင်ဆိုစေ ဤနှစ်ဦးမှာ သူ့အနားတွင် အကြာဆုံး နေထိုင်ခဲ့သူများ ဖြစ်ပြီး သူ နားလည်တတ်စအရွယ်ကတည်းက သူနှင့်အတူ ရှိနေခဲ့ကြခြင်း ဖြစ်သည်။
ယွီမီ၏ သေဆုံးမှုအတွက် သူ မည်သည့် အပြစ်ရှိစိတ်မျှ မခံစားရသော်လည်း ခုယီနှင့် ခုအာတို့၏ သေဆုံးမှုများအတွက်မူ သူ အပြစ်ရှိသလို ခံစားနေရသည်။
မူလအားဖြည့်နယ်ပယ် သတ္တမအဆင့်ဆိုတာ တကယ်ပဲ မလုံလောက်သေးဘူး...
ကျောက်ကျိန်း မျက်လုံးမှိတ်ထားသည်ကို မြင်သောအခါ သူ အလွန် နာကျင်နေကြောင်း ချောင်တင်းပေ သိလိုက်ပြီး မနှောင့်ယှက်ရဲတော့ချေ။
ကိုယ်ချင်းစာကြည့်မည်ဆိုလျှင် သူ့ရဲ့ ဂျူနီယာညီလေး သို့မဟုတ် ဂျူနီယာညီမ သေဆုံးသွားပါက သူလည်း ဝမ်းနည်းနေမည် ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုပင် ဖြစ်သွားနိုင်ပေသည်။
"ချောင်တင်းပေ... ဒီအထဲကို ဝင်ခဲ့..."
ထိုစဉ် အမှောင်ထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏၊ ၎င်းမှာ ကျန်းကျောက်ရှား၏ အသံ ဖြစ်သည်။
ထိုအသံကို ကြားမှသာ ကျောက်ကျိန်းမှာ လုံးဝ စိတ်အေးသွားတော့၏။
တတိယဦးလေး အဆင်ပြေနေပုံပဲ….
ချောင်တင်းပေ မတ်တပ်ရပ်၍ ဂူအတွင်းပိုင်းသို့ လျှောက်သွားလိုက်တော့ ကွေ့ကောက်နေသော ဂူတစ်ခုကို ဖြတ်သန်းသွားပြီးနောက် ပိုမို ကျယ်ဝန်းသော ဂူခန်းတစ်ခုသို့ ရောက်ရှိလာရာ ထိုနေရာတွင် သူ့ရှေ့ရှိ ဂူနံရံများပေါ်မှ စမ်းရေများ စီးကျနေပြီး တောင်စောင်း ဧရိယာကြီး တစ်ခုကို ဖုံးလွှမ်းထားသော ရေကန့်လန့်ကာ တစ်ခုကဲ့သို့ ဖြစ်နေသည်ကိုမြင်လိုက်ရသည်။
ကျန်းကျောက်ရှားက တောင်နံရံရှေ့တွင် ရပ်နေပြီး သူ့ ဘေးတွင် ကောင်းကင်သက်တံဓားကလေထဲတွင်ပေါလောပေါ်နေသည်။
ချောင်တင်းပေ၏ ကျင့်ကြံမှုအဆင့်ဖြင့် ချူကျင်း၏ ဝိညာဉ်ကို မမြင်နိုင်သော်လည်း ချူကျင်း ဒီမှာ ရှိနေကြောင်း သူ သိနေသည်။
သူက ကျန်းကျောက်ရှားအနားသို့ ချဉ်းကပ်၍ ဦးညွှတ်လိုက်ပြီး…
"အကြီးအကဲကျန်း... ဘာအမိန့်များ ရှိပါသလဲ..."
ကျန်းကျောက်ရှားမှာ ဖရိုဖရဲ ဖြစ်နေပြီး အင်္ကျီမပါဘဲ ညာဘက် လက်မောင်းကို အဝတ်ဖြူ တစ်ခုဖြင့် ပတ်ထားကာ ၎င်းမှာ သွေးများဖြင့် နီရဲနေ၏။ သူ့မျက်နှာမှာ ဖြူလျော့နေပြီး အလွန်အမင်း အားနည်းနေပုံ ရသည်။
"ငါ့ရဲ့ မူလချီ ကုန်ခန်းသွားပြီ... ပြီးတော့ ငါ့ရဲ့ ဝိညာဉ်အသိအာရုံလည်း အားနည်းနေတယ်... မင်းရဲ့ မူလချီကို ဒီဂူနံရံထဲ ထည့်ပေးပါ..."
ချူကျင်းကတော့ သူ့ ဘေးတွင် ပေါလောပေါ်နေပြီး ဂူနံရံကို မျှော်လင့်ချက်နှင့် စိုးရိမ်မှုများ ရောနှောလျက် ကြည့်နေသည်။
ဤဂူနံရံမှာ မိစ္ဆာဝိညာဉ်များကို နှိမ်နင်းနိုင်သော အာနိသင် အမှန်တကယ် ရှိနေသည်။ သူ ထိလိုက်သည်နှင့် သူ့ရဲ့ ဝိညာဉ် မီးလောင်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်ယ ဤအချက်ကြောင့် ဤဂူနံရံတွင် ကြီးမားသော လျှို့ဝှက်ချက် တစ်ခု ရှိနေကြောင်း သူ သေချာသွားသဖြင့် ချောင်တင်းပေကို ခေါ်ရန် ကျန်းကျောက်ရှားကို သူ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ချောင်တင်းပေက ချက်ချင်း လှည့်၍ လက်ကို မြှောက်က မူလချီကို ဂူနံရံသို့ ပစ်လွှတ်လိုက်ရာ သူ့ရှေ့ရှိ ရေကန့်လန့်ကာမှာ စက်ဝိုင်းပုံစံ ဖြန့်ကျက်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် ချောင်တင်းပေမှာ တုန်ယင်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ အေးခဲသွားလေ၏။
ချောင်တင်းပေကို ကြည့်ရင်း ကျန်းကျောက်ရှား မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ သို့သော်လည်း ချောင်တင်းပေ၏ အသွေးအသား သိပ်မလှုပ်ရှားကြောင်း သူ ခံစားနိုင်သဖြင့် ချောင်တင်းပေသည် ထင်ယောင်ထင်မှား တစ်ခုခု၏ အောက်သို့ ရောက်နေသကဲ့သို့ ဖြစ်နေသည်။
အတန်ကြာပြီးနောက် ချောင်တင်းပေက အိပ်မက်တစ်ခုမှ နိုးလာသကဲ့သို့ နိုးထလာကာ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ကျန်းကျောက်ရှားကို လှည့်ကြည့်လိုက်သည်။
"အကြီးအကဲကျန်း... ဒီဂူနံရံက ထူးဆန်းတယ်... သူ့မှာ နတ်ဘုရားစွမ်းပကားကို မှတ်တမ်းတင်ထားတယ်... နတ်ဘုရားစွမ်းပကားက ပိုပြီး အဆင့်မြင့်တဲ့ မှော်ပညာရပ် တစ်ခုလိုပဲ အရမ်း နက်ရှိုင်းလွန်းလို့ ကျွန်တော် နားမလည်နိုင်ဘူး..."
နတ်ဘုရားစွမ်းပကားလား….
ကျန်းကျောက်ရှားနှင့် ချူကျင်း နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။
"ကျွတ် ကျွတ်... ဘေးဒုက္ခကြားက မသေမျိုး... ဘယ်ဂူထဲ ဝင်ဝင် နတ်ဘုရားစွမ်းပကား အမွေအနှစ်နဲ့ ဆုံနေတာပဲ... ကျန်းကျောက်ရှား... မင်းရဲ့ ကံကြမ္မာက ကောင်းကင်ကို အံတုလွန်းနေတာ မဟုတ်ဘူးလား..."ဟု ချူကျင်းက အံ့သြတကြီး ရေရွတ်လိုက်သည်။
ကျန်းကျောက်ရှားက ၎င်းတို့ကို ဤဂူသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ရာ ဂူ၏ အခွင့်အရေးမှာ အခြေခံအားဖြင့် ကျန်းကျောက်ရှား ရှာဖွေတွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။
"ဒီကို လာရာလမ်းမှာ ဒီဂူက အရမ်း နက်ပြီး တစ်ခုခုကို ဖုံးကွယ်ထားနိုင်တယ်ဆိုတာ သတိထားမိလို့ မှတ်သားထားလိုက်တာ... ဒီလို အခွင့်အရေးမျိုး ရှိနေလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..."
ကျန်းကျောက်ရှားက ပါးစပ်ဟလိုက်ပြီး လေသံထဲတွင် သက်ပြင်းချသံများ ရောယှက်နေပေသည်။
ချောင်တင်းပေက ကျန်းကျောက်ရှား အရှင်ကျင်းနှင့် စကားပြောနေကြောင်း သိနိုင်သဖြင့် သူ့ကို မနှောင့်ယှက်ခဲ့ပေ။
ကျန်းကျောက်ရှားက ချောင်တင်းပေကို လှည့်ကြည့်ပြီး…
"ဂိုဏ်းကို အရင် ပြန်သွားပြီး ဒီအကြောင်းကို ဂိုဏ်းချုပ်ကို သီးသန့် ပြောပြလိုက်ပါ... ရွှီနင်း ဒါမှမဟုတ် ရှန်ယွဲ့ကို မင်းနဲ့ လာတွေ့ဖို့ လွှတ်ပေးဖို့ သူ့ကို တောင်းဆိုလိုက်ပါ... မင်းလည်း ပြန်လိုက်ခဲ့ပြီး နတ်ဘုရားစွမ်းပကားကို အတူတူ လေ့လာလို့ ရပါတယ်..."
ချောင်တင်းပေမှာ အံ့အားသင့် ဝမ်းသာသွားပြီး အလျင်အမြန် သဘောတူလိုက်ပြီး ကျန်းကျောက်ရှားကို ဦးညွှတ်၍ ထွက်ခွာသွားတော့သည်။
သူ ထွက်သွားပြီးနောက် ချူကျင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။
"ဒီနှစ်ယောက်ကို ခေါ်လာချင်တာ သေချာလို့လား... မင်း သူတို့နဲ့၊ အထူးသဖြင့် ရွှီနင်းနဲ့ ပြိုင်ဆိုင်နေတာ မဟုတ်ဘူးလား..."
ဂိုဏ်းရှိ လူတိုင်းက ထိုသုံးဦး၊ အထူးသဖြင့် ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့သည် တစ်ဦးကိုတစ်ဦး လုံးဝ အရှုံးမပေးလိုကြကြောင်းနှင့် ၎င်းတို့သည် ကျင့်ကြံမှုပိုင်းတွင် အဆက်မပြတ် အပြိုင်အဆိုင် ဖြစ်နေကြကြောင်း သိကြသည်။
ကျန်းကျောက်ရှားကတော့ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"ကျွန်တော် သူတို့ကို တကယ် မရှုံးချင်ပါဘူး... ဒါပေမဲ့ ကျွန်တော်နဲ့ ကျောက်ကျိန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး ကုသဖို့ အချိန်လိုတယ်... ပြီးတော့ သူတို့ကို နတ်ဘုရားစွမ်းပကားကို လေ့လာခွင့် ပေးတာက တရားမျှတပါတယ်... သေချာတာကတော့ အရေးအကြီးဆုံးက သူတို့ ပိုပိုပြီး အစွမ်းထက်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်... ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အားလုံးက ချင်းရှောင်ဂိုဏ်းက ဖြစ်နေလို့ပါပဲ... ကျွန်တော်တို့ ဘယ်လိုပဲ ပြိုင်ဆိုင်နေပါစေ ဂိုဏ်းရဲ့ အကျိုးစီးပွားက အရေးအကြီးဆုံးပါ..."
ချူကျင်းက ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာတွင် လေးစားမှုများ ပေါ်လွင်နေသည်။ ရိုးရိုးသားသား ပြောရလျှင် ဤသည်မှာ ကျန်းကျောက်ရှားနှင့် သူ နှစ်ယောက်တည်း အတူရှိနေဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ယခင်က ကျန်းကျောက်ရှားအကြောင်း သူ သေချာ မသိခဲ့ပေ။
ယခုကြည့်ရသည်မှာ လီချင်းချိုးက ဂျူနီယာညီအစ်ကိုများနှင့် ဂျူနီယာညီမများကို အလွန် ကောင်းမွန်စွာ သင်ကြားပေးခဲ့ပုံ ရသည်။ ၎င်းတို့အနက် မည်သူမျှ တစ်ကိုယ်ကောင်း မဆန်ကြဘဲ အားလုံးက အလုံးစုံ အခြေအနေကို အမြဲတမ်း ထည့်တွက်စဉ်းစားတတ်ကြသည်။
"ခင်ဗျား မသိနိုင်တဲ့ အရာတစ်ခု ရှိတယ်... တကယ်တော့ ကျွန်တော်က ချင်းရှောင်ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ပဲ...အစ်ကိုကြီးက ကျွန်တော့်ကို ခန့်အပ်ထားတာဆိုတော့ သဘာဝကျကျပဲ ဂိုဏ်းတစ်ခုလုံးရဲ့ ရှုထောင့်ကနေ ကိစ္စတွေကို ကျွန်တော် စဉ်းစားရမှာပေါ့..."
ကျန်းကျောက်ရှားက နတ်ဘုရားစွမ်းပကား နံရံကို စိုက်ကြည့်ရင်း အမူအရာမဲ့စွာဖြင့်တွေးမိလိုက်လေသည်။
ဒုဂိုဏ်းချုပ်လား….
ချူကျင်း၏ အမူအရာ ထူးဆန်းသွား၏။ လီချင်းချိုးက ကျန်းယွီချွန်း၏ ထိရောက်သော အလုပ်များကို ချီးကျူးခဲ့ပြီး ကျန်းယွီချွန်းသည် သူ ရွေးချယ်ထားသော ဒုဂိုဏ်းချုပ် အမှန်တကယ် ဖြစ်ကြောင်း ပြောခဲ့သည်ကို သူ ဝိုးတဝါး မှတ်မိနေသေးသည်။
သူ့ အမြင်တွင် လီချင်းချိုးသည် သူ့ကိုယ်သူ ဒုဂိုဏ်းချုပ်အဖြစ် တည်ထောင်ရန် လုံးဝ ရည်ရွယ်ချက် မရှိပေ။ သူသည် လီချင်းချိုးက တပည့်တိုင်းကို ဂိုဏ်း၏ အနာဂတ် နံပါတ်တစ်အဖြစ် ချီးကျူးသကဲ့သို့ ပတ်ဝန်းကျင်ရှိ လူများကို လှည့်စားနေခြင်းသာ ဖြစ်သည်။
ဒီလို ကြွားလုံးထုတ်တာက လက်အောက်ငယ်သားတွေကို စီမံခန့်ခွဲတာလို့ သတ်မှတ်လို့ ရလား….
ကျန်းကျောက်ရှားက ချူကျင်း ဘာတွေးနေသည်ကို မသိသော်လည်း သူ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
သူ စောစောက ထိန်းချုပ်မှု လွတ်သွားအောင် ဘယ်သူက ပြောလိုက်လို့လဲ….
သူသည် ချူကျင်းကို ကြည့်ရန် တမင်တကာ ရှောင်ရှားလိုက်ပြီး နတ်ဘုရားစွမ်းပကား နံရံပေါ်ကိုသာ အာရုံ စူးစိုက်ထားလိုက်သည်။
ရုတ်တရက်!
ကျန်းကျောက်ရှား၏ အသိစိတ်မှာ တောက်ပပြီး အိပ်မက်ဆန်သော ကမ္ဘာတစ်ခုဆီသို့ ရုတ်တရက် ဆွဲခေါ်ခံလိုက်ရ၏။ သူသည် တောင်ကြောတစ်ခုပေါ်တွင် ရပ်နေပြီး သူ့ရှေ့တွင် တဆက်တည်းသွယ်တန်းနေသော တောင်တန်းကြီး တစ်ခု ရှိနေသည်။ တောင်တန်းကြီး၏ အဆုံးတွင် တောင်ထက်ပင် ကြီးမားသော ဓားတစ်လက် ရှိနေပြီး ရှေးဟောင်း နတ်ဘုရားတစ်ပါး၏ လက်နက် မြေကြီးထဲတွင် စိုက်ထားသကဲ့သို့ ကြီးမားကျယ်ပြန့်ပြီး ခြောက်ကပ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
"အဲ့ဒါက..."
ကျန်းကျောက်ရှား၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထူးဆန်းသော အလင်းရောင်တစ်ခု ဖျတ်ခနဲ လင်းလက်သွားတော့သည်။
…………..
ချောင်တင်းပေ ဂူထဲမှ ထွက်လာပြီး မကြာမီမှာပင် ပြင်းထန်သော လေပြင်းတစ်ခုကို ခံစားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ရှောင်ပါး ကောင်းကင်ယံတွင် ဝဲပျံနေသည်ကို မြင်လိုက်ရသည်။
"အကြီးအကဲကျန်းက ကျွန်တော့်ကို ဂိုဏ်းကို ပြန်လွှတ်လိုက်တယ်... ကျွန်တော့်ကို လိုက်ပို့ပေးလို့ ရမလား..."
ဤသည်မှာ အမြန်ဆုံး နည်းလမ်းဟု သူ ခံစားမိသောကြောင့်ပင်။
ထိုစကားကို ကြားသောအခါ ရှောင်ပါးက သူ့ထံသို့ ထိုးဆင်းလာသဖြင့် သူက ချက်ချင်း ခုန်တက်၍ ရှောင်ပါး၏ ခြေသည်းများပေါ်တွင် ဆင်းသက်လိုက်သည်။ လင်းယုန်၏ ကျောပေါ်တွင်တော့ သူ မရပ်ရဲချေ။
ရှောင်ပါးမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။ အမှောင်ကျလာသည်နှင့် တစ်ပြိုင်နက် ချောင်တင်းပေ ချင်းရှောင်ဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။
သူသည် လင်းရှောင်ခြံဝင်းသို့ အလျင်အမြန် ရောက်ရှိလာပြီး တာဝန်ကျနေသော အစောင့်နှစ်ဦးကို….
"အကြီးအကဲကျန်းရဲ့ အမိန့်အရ ဂိုဏ်းချုပ်ကို တွေ့ဖို့ ကျွန်တော့်ကို စေလွှတ်လိုက်တာပါ..."
တပည့်တစ်ဦးက ချက်ချင်းပင် ခြံဝင်းအတွင်းသို့ ဝင်သွားပြီး လီချင်းချိုးကို သတင်းပို့လိုက်သည်။
သူ ခြေလှမ်း အနည်းငယ်သာ လှမ်းရသေးချိန်တွင် လီချင်းချိုး၏ အသံ ထွက်ပေါ်လာသည်။
"သူ့ကို ဝင်ခွင့်ပေးလိုက်..."
လီချင်းချိုး၏ အသံကို ကြားသောအခါ ချောင်တင်းပေ လင်းရှောင်ခြံဝင်းအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ချက်ချင်း ဝင်သွားတော့၏။
အမွှေးတိုင် တစ်တိုင်စာခန့် ကြာပြီးနောက်...
ရွှီနင်းနှင့် ရှန်ယွဲ့တို့ လင်းရှောင်ခြံဝင်းသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။
လီချင်းချိုးက ၎င်းတို့ နှစ်ဦးစလုံးကို အတူတကွ ခေါ်လိုက်သဖြင့် ချောင်တင်းပေ အံ့အားသင့်သွားသည်။
"ကျန်းကျောက်ရှားနဲ့ ကျောက်ကျိန်းတို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြတယ်... သွားပြီး သူတို့နဲ့ တွေ့လိုက်ပါ..."ဟု လီချင်းချိုးက တိုက်ရိုက် ညွှန်ကြားလိုက်သည်။
ရွှီနင်းနှင့် ရှန်ယွဲ့တို့ မျက်မှောင်ကြုတ်သွားကြသော်လည်း မဆိုင်းမတွ ခေါင်းညိတ်လိုက်ကြ၏။ ထို့နောက် လီချင်းချိုးက ရှောင်ပါးကို ၎င်းတို့ သုံးဦးအား ဂူသို့ ထပ်မံ ပို့ဆောင်ခိုင်းလိုက်သည်။
ညကောင်းကင်ယံတွင် လနှင့် ကြယ်များ လင်းလက်နေစဉ် ရှောင်ပါး ထွက်ခွာသွားသော အရပ်ကို ကြည့်ရင်း လီချင်းချိုး၏ စိတ်အခြေအနေ ငြိမ်သက်သွားသည်။
ကျန်းကျောက်ရှားနှင့် ကျောက်ကျိန်းတို့ နှစ်ဦးစလုံး အဆင်ပြေကြောင်း သိလိုက်ရပြီးနောက် သူ သက်ပြင်းတစ်ချက် ချနိုင်ခဲ့ပြီ။
"ဒါဆို တကယ်ပဲ ဝင်ပူးတာပေါ့... မင်းရဲ့ နောက်ခံက ဘာလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."ဟု လီချင်းချိုးက တီးတိုး ရေရွတ်လိုက်သည်။ သူသည် ကျောက်ကျိန်းကို ဝင်ပူးခြင်းမှ ကာကွယ်ရန်သာမက တစ်ဖက်လူ၏ ဝိညာဉ်ကို ဖမ်းဆီးပြီး ရှာဖွေရန် ပြန်လည် ခေါ်ဆောင်လာစေရန်ပါ ချူကျင်းကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
အရာအားလုံး အဆင်ပြေချောမွေ့သွားခဲ့ပြီ…..
ခုယီနှင့် ခုအာတို့ သေဆုံးသွားရသည်ကတော့ နှမြောစရာပင်…..
၎င်းတို့ နှစ်ဦးစလုံး သူ့အပေါ် သစ္စာရှိမှု ၉၂ ကျော် ရှိခဲ့သော်လည်း ကံမကောင်းစွာဖြင့် ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များကို သိမ်းဆည်းထားခဲ့ကြသည်။
တစ်စုံတစ်ယောက်က သစ္စာရှိမှု အလွန် မြင့်မားနေလျှင်ပင် လီချင်းချိုး၏ ကွယ်ရာတွင် လှုပ်ရှားနေနိုင်သေးကြောင်း ဤသည်က ပြသနေသည်။ အကြောင်းမှာ ၎င်းတို့၏ အမြင်တွင် သူတို့၏လုပ်ရပ်က လီချင်းချိုးကို အန္တရာယ် ပေးရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ အခြားတစ်ခုခုကို ပြီးမြောက်လိုခြင်းမျှသာ ဖြစ်သောကြောင့်ပင်။
ဤကိစ္စနှင့် ပတ်သက်၍ လီချင်းချိုးအဖို့ အနည်းငယ် သက်ပြင်းချရုံသာ ရှိပြီး လူတိုင်းတွင် ကိုယ်ပိုင် ကံကြမ္မာ ရှိကြကာ ဤသည်မှာ ခုယီနှင့် ခုအာတို့ ကိုယ်တိုင်၏ ရွေးချယ်မှုသာ ဖြစ်သဖြင့် မည်သူ့ကိုမျှ အပြစ်တင်၍ မရပေ။
လီချင်းချိုးက ဤကိစ္စထက် ကျန်းကျောက်ရှား၏လောကီရေးရာ စစ်မှန်သောနဂါး ကံကြမ္မာကို ပို၍ စိတ်ဝင်စားနေသည်။
ဒါက တိုက်ဆိုင်မှုလား၊ ဒါမှမဟုတ် ကံကြမ္မာက အလုပ်လုပ်နေတာလား….
ကံကြမ္မာက နဂါးတစ်ကောင်နဲ့ တူတယ်လို့ ပြောတာက နည်းနည်း လွန်လွန်းနေတာ မဟုတ်ဘူးလား။
ဒီအရာက နတ်ဘုရားစွမ်းပကား အမွေအနှစ်ဆီကိုတောင် ဦးတည်သွားတာလား။
သူ ဆက်လက် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ကျန်းကျောက်ရှားသာ ဤကဲ့သို့ ကံကောင်းနေဦးမည်ဆိုပါက သူ လှုပ်ရှားရတော့မည် ဖြစ်သည်။
"ဂျူနီယာညီလေး... မင်းရဲ့ ကံကြမ္မာက စီနီယာအစ်ကို အကြိုက်ဆုံးဆိုတာ မင်း သိပါတယ်..."
သူ ကူးယူခဲ့သော ပထမဆုံး ကံကြမ္မာမှာ ကျန်းကျောက်ရှား၏ မွေးရာပါ ဓားအပေါ် စွဲလန်းမှု ဖြစ်ကြောင်း လီချင်းချိုး ဝမ်းသာအားရဖြင့် စိတ်ထဲမှ တွေးလိုက်မိသည်။
တစ်ခဏမျှ ဝမ်းသာနေပြီးနောက် ကျန်းယွီချွန်းကို စိတ်ချင်းဆက်သွယ်၍ စကားပြောရန် အပေါ်သို့ လာခဲ့ရန် ဆင့်ခေါ်လိုက်သည်။
ထိန်းချုပ်ရေးခန်းမမှာ လင်းရှောင်ခြံဝင်းနှင့် မဝေးသဖြင့် သူ့ကို ခေါ်ရန် လူလွှတ်နေစရာ မလိုပေ။
မကြာမီမှာပင် ကျန်းယွီချွန်း ခြံဝင်းအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာသည်။
လီချင်းချိုးက ကုလားထိုင်ပေါ်တွင် ဝင်ထိုင်ပြီး သူ့ကိုပါ ထိုင်၍ စကားပြောရန် ဖိတ်ခေါ်လိုက်သည်။
သူ ထိုင်လိုက်ပြီးနောက် လီချင်းချိုးက ကျန်းကျောက်ရှားနှင့် ကျောက်ကျိန်းတို့၏ အခြေအနေကို အကျဉ်းချုံး ပြောပြလိုက်သည်။ ကျန်းကျောက်ရှားမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး အဆိပ်မိလုနီးပါး ဖြစ်ခဲ့ကြောင်း ကြားသောအခါ ကျန်းယွီချွန်း၏ အမူအရာ တည်ကြည်လေးနက်သွားသည်။
"ယွီချွန်း... ကျင့်ကြံရေး အင်အားစုတွေနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားဖို့ လိုအပ်နေပြီ... သူတို့က ချင်းရှောင်ဂိုဏ်းကို သတိမထားမိသေးရင်တောင် ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်..."
လီချင်းချိုးက ထူးဆန်းသော လေသံဖြင့် ပြောလိုက်တော့ ကျန်းယွီချွန်းက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး…
"မှန်ပါတယ်... ကျွန်တော်တို့ ကြိုတင် ကာကွယ်မှုတွေ လုပ်ထားရမယ်..."
***