"သေချာတာပေါ့... ချင်းရှောင်ဂိုဏ်းက တပည့်တိုင်းမှာ ရွေးချယ်ခွင့် ရှိပါတယ်..."
ခပ်တိုးတိုး ပြန်ဖြေရှာသော ကြောက်ရွံ့နေသည့် ကျန်းဖိန်ကို ကြည့်ရင်း ချူကျင်းမှာ ဘာမှမတတ်နိုင်သလို ခံစားလိုက်ရပြီး ကျန်းဖိန်မှာ တကယ်ကို မျှော်လင့်ချက် မရှိတော့ဘူးဟု တွေးလိုက်မိသည်။
သူသည် ထူးခြားသော တွေ့ကြုံမှုများစွာကို ရရှိခဲ့သော်လည်း လှုပ်ရှားရန် သတ္တိမရှိချေ။ထို့ကြောင့် ရှေ့ဆက်ရမည့် လမ်းမှာ ခက်ခဲပေလိမ့်မည်။
သူက ကျန်းဖိန်ကို ဟူရှန်းအစောင့်အရှောက်သို့ ဝင်ရန် ဖိတ်ခေါ်ရခြင်းမှာ ကျန်းဖိန်၏ ကျင့်ကြံမှုအဆင့်ကြောင့်သာ မဟုတ်ဘဲ သူ ချင်းရှောင်ဂိုဏ်းသို့ စတင် ဝင်ရောက်လာစဉ်က ကျန်းဖိန်ကပဲ သူ့ကို အမြဲတမ်း အနှောင့်အယှက် ပေးခဲ့ပြီး နှစ်ဦးသား အတော်လေး အဆင်ပြေခဲ့ကြသောကြောင့်ပင်။ ထို့ကြောင့် ဤဂျူနီယာလေးကို လမ်းညွှန်ပေးချင်ခဲ့ခြင်း ဖြစ်သည်။
"ဒါဆို ကျွန်တော် မဝင်တာပဲ ကောင်းမယ် ထင်တယ်... ကျွန်တော့်ကို စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... စီနီယာ..."
ကျန်းဖိန်က လေးနက်စွာ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ချူကျင်းကို သတိထားနေမိသည်။
ချူကျင်းက အလွန် ကောင်းမွန်စွာ ဖုံးကွယ်ထားသော်လည်း အကြောင်းပြချက် တစ်ခုခုကြောင့် ချူကျင်းကို အနည်းငယ် ရင်းနှီးနေသကဲ့သို့ ခံစားနေရသည်။
ချူကျင်း ဘာမှ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားတော့ ကျန်းဖိန် ပြန်ထိုင်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဂိုဏ်းထဲမှာ ပိုပိုပြီး အန္တရာယ် များလာပြီ... မသေမျိုးလမ်းစဉ်ကို ကျင့်ကြံဖို့ အေးချမ်းတဲ့ နေရာတစ်ခု ရှာဖို့တောင် ခက်ခဲလာပြီ..."
ကျန်းဖိန် စိတ်ထဲမှ ညည်းတွားလိုက်ပြီး အတွေ့အကြုံများ ရယူရန် အပြင်သို့ သူ ကိုယ်တိုင် ထွက်သွားသင့်၊ မသင့် စဉ်းစားနေပြီ။
နှစ်တွေ ကြာပြီးနောက် လျှို့ဝှက်မြို့စားမင်း သေဆုံးသွားလောက်ပြီ ဖြစ်မည်၊ သို့မဟုတ် ကိုးပြည်ထောင်နယ်မြေနှင့် အဝေးသို့ ရောက်နေလောက်ပြီ ဖြစ်ကာ အပြင်လောကတွင် သူ့အတွက် ရန်သူများ မရှိတော့ချေ။
တစ်ခဏမျှ သေချာ စဉ်းစားပြီးနောက် ကျန်းဖိန်သည် နောက်တစ်နေ့တွင် အတွေ့အကြုံရှာဖွေရေးခန်းမသို့ သွားရန် ဆုံးဖြတ်လိုက်၏。
...
ဟူရှန်းအစောင့်အရှောက် တည်ထောင်ခြင်းမှာ ဂိုဏ်းတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့ပြီး ခန်းမကြီး ၈ ခု၊ ဓားဂိုဏ်းနှင့် သိုင်းဘိုးဘေးခန်းမတို့၏ အာဏာကို ခြိမ်းခြောက်လာခဲ့သည်။ သို့သော်လည်း ဟူရှန်းအစောင့်အရှောက်တွင် အဖွဲ့ဝင် နှစ်ဆယ်သာ ရှိကြောင်း ကြားရသောအခါမှသာ သက်ပြင်းချနိုင်ခဲ့ကြသည်။
အရှင်ကျင်းသည် ချင်းရှောင်ဂိုဏ်းအတွင်းမှ ထွန်းသစ်စ အင်အားစု တစ်ခု ဖြစ်ပြီး ဂိုဏ်းချုပ်ကို ကိုယ်စားပြုနေသူ ဖြစ်သည်။ သူ တည်ထောင်ခဲ့သော ဟူရှန်းအစောင့်အရှောက်က သဘာဝကျစွာပင် ဂိုဏ်းချုပ်၏ ခွင့်ပြုချက်ကို ရရှိထားပြီး ဖြစ်ရာ လူများစွာက ဟူရှန်းအစောင့်အရှောက်သို့ ဝင်ရောက်ရန် ကြိုးစားလာကြသည်။ ကံမကောင်းစွာဖြင့် အရှင်ကျင်းက ဂိုဏ်းချုပ်ကိုယ်တိုင် လာပြောလျှင်ပင် အခြားသူများ၏ တောင်းဆိုမှုများကို လက်ခံလေ့ မရှိချေ။
ဤအချက်ကြောင့် အရှင်ကျင်းသည် တပည့်များစွာ၏ လေးစားမှုကို ရရှိခဲ့ပြီး ဟူရှန်းအစောင့်အရှောက်ကို ရွေးချယ်ရာတွင် တပည့်များအနက် အချို့မှာ ဆင်းရဲနွမ်းပါးသော နောက်ခံမှ လာသူများ ဖြစ်သဖြင့် အရှင်ကျင်းက အလုပ်အပေါ် အလေးအနက် ထားသည်ဟု အားလုံးက လက်ခံခဲ့ကြသည်။
ဤတပည့်များကို သူ ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း မဟုတ်ဘဲ လီချင်းချိုးက ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်းကိုမူ အရှင်ကျင်း ကိုယ်တိုင်သာ သိရှိသည်။
ဤတပည့်များကို လီချင်းချိုးက အဘယ်ကြောင့် မျက်နှာသာပေးခဲ့သနည်း ဆိုသည်ကို သူလည်း စူးစမ်းချင်နေခဲ့သည်။ ၎င်းတို့ကို စောင့်ကြည့်ပြီးနောက် ဤတပည့်များက လီချင်းချိုးနှင့် မည်သည့် ရင်းနှီးသော ဆက်သွယ်မှုမျှ မရှိခဲ့ကြောင်း သူ တွေ့ရှိခဲ့ရသည်။
လီချင်းချိုးက သူ့ကိုယ်ပိုင် စောင့်ကြည့်မှုတွေကနေတစ်ဆင့် ဒီတပည့်တွေကို တကယ်ပဲ ရွေးချယ်ခဲ့တာ ဖြစ်နိုင်မလား။
ချူကျင်းမှာ လီချင်းချိုးတွင် ဂိုဏ်းကို လှည့်လည် ကြည့်ရှုလေ့ရှိသော အကျင့်တစ်ခု ရှိကြောင်းကိုမူ မသိရှိချေ။
ဟူရှန်းအစောင့်အရှောက် အဖွဲ့ဝင် ပြည့်သွားပြီးနောက် ချူကျင်းက ၎င်းတို့ကို ခေါ်ဆောင်ကာ လှုပ်ရှားတော့သည်။ မကြာမီမှာပင် ဤတပည့်များသည် လီချင်းချိုးနှင့် ဂိုဏ်းအပေါ် အလွန်အမင်း ရိုသေလေးစားမှု ရှိကြပြီး ဂိုဏ်းရှိ အာဏာရှိသူများကို မကြောက်ရွံ့ကြကြောင်း သူ တွေ့ရှိလိုက်ရသဖြင့် သူ့အတွက် အသုံးပြုရန် အလွန် အဆင်ပြေသွားစေကာ လီချင်းချိုးအပေါ် ပို၍ပင် အထင်ကြီးသွားလေသည်။
လောလောဆယ်တွင် ဟူရှန်းအစောင့်အရှောက်က ဂိုဏ်းအပေါ် သက်ရောက်မှု သိပ်မကြီးမားသေးသော်လည်း ကောင်းကင်လက်မှုပညာခန်းမမှ ချင်းရှောင်ဓားများကို ထုတ်ပေးခြင်းက ဂိုဏ်းကို တုန်လှုပ်သွားစေခဲ့သည်။
အတွင်းစည်း တပည့်တိုင်း ချင်းရှောင်ဓား တစ်လက်စီ ရရှိခဲ့ကြသည်။ ဓားအတွင်းရှိ သခင် အသိအမှတ်ပြုခြင်း တားမြစ်ချက်ကို သန့်စင်ပြီးနောက် တပည့်များက ချင်းရှောင်ဓားကို စတင် အသုံးပြုရန် ကြိုးစားခဲ့ကြသည်။ ဤသည်မှာ တပည့် အများစုအတွက် မှော်ပစ္စည်း တစ်ခုကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်ရာ အားလုံး အလွန် စိတ်လှုပ်ရှားနေကြပြီး သိုင်းပညာစင်မြင့်သို့ပင် သွားရောက် ပြသခဲ့ကြသည်။
ကောင်းကင်လက်မှုပညာခန်းမက မှော်ပစ္စည်းများကို ဖန်တီးနိုင်သည်မှာ ကြာပြီဖြစ်သော်လည်း လောလောဆယ်တွင် မည်သည့် မှော်ပစ္စည်းမှ အပြင်သို့ မထွက်ရှိသေးပေ။ ချင်းရှောင်ဓားမှာ အမြောက်အမြား ထုတ်ပေးသော ပထမဆုံး မှော်ပစ္စည်း ဖြစ်ပြီး အခမဲ့ ဖြစ်သောကြောင့် အတွင်းစည်း တပည့်များကို စိတ်လှုပ်ရှားစေရုံသာမက လီချင်းချိုးအပေါ်လည်း အလွန် ကျေးဇူးတင်သွားစေခဲ့သည်။ ဤအချက်ကို လီချင်းချိုးက တပည့်များ၏ သစ္စာရှိမှုအပေါ်မှတစ်ဆင့် မြင်တွေ့နိုင်ခဲ့သည်။
ချင်းရှောင်ဓား၏ ခွန်အားကို အလျင်အမြန် အတည်ပြုနိုင်ခဲ့ပြီး ဤမှော်ပစ္စည်းမှာ အလွန် အစွမ်းထက်ပြီး တပည့်များအား ဓားပျံစီးနင်းပျံသန်းခြင်းပညာကို ပိုမို ထိရောက်စွာ အသုံးပြုနိုင်စေကာ ဓားချီကိုလည်း အားကောင်းစေပြီး မှော်ပညာရပ် အမျိုးမျိုးကို အသုံးပြုရန်ပင် အသုံးပြုနိုင်သေးသည်။
ယခုအခါ အတွင်းစည်း တပည့် အရေအတွက်မှာ ခြောက်ရာကို ကျော်လွန်နေပြီ ဖြစ်သည်။ ဤလူများအားလုံး ချင်းရှောင်ဓား တစ်လက်စီ ကိုင်ဆောင်ထားကြသဖြင့် ဂိုဏ်းရှိ တပည့်များ အားလုံး ချင်းရှောင်ဓား၏ စွမ်းအားကို မြင်တွေ့နိုင်စေခဲ့သည်။
ဆောင်းဦးပေါက်ပြီးနောက် အမည်ခံ တပည့်များလည်း ချင်းရှောင်ဓားကို ရရှိမည်ဟူသော သတင်းက တပည့်များ၏ ကျင့်ကြံလိုစိတ်ကို ပိုမို ပြင်းထန်လာစေခဲ့သည်။
အတွင်းစည်း တပည့်တစ်ဦး ဖြစ်လာရန်မှာ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိရန် လိုအပ်သဖြင့် ခက်ခဲသော်လည်း အမည်ခံ တပည့် ဖြစ်လာရန်မှာမူ လွယ်ကူလှသည်။ မူလချီကို ထုတ်လုပ်နိုင်သရွေ့ မျှော်လင့်ချက် ရှိနေသည်။
ကောင်းကင်လက်မှုပညာခန်းမက အစီအရင်များနှင့် မှော်ပစ္စည်းများကို သုတေသနပြုရင်း ချင်းရှောင်ဓားများကိုပါ ဖန်တီးနေရသဖြင့် လီချင်းချိုးမှာ ၎င်းတို့၏ လူအင်အားကို မလွဲမသွေ တိုးချဲ့ပေးခဲ့ရသည်။ ကောင်းကင်လက်မှုပညာခန်းမရှိ တပည့် အရေအတွက် သုံးရာအထိ ရောက်ရှိလာခဲ့ရာ သိုင်းလောကတွင်ဆိုလျှင် ဂိုဏ်းတစ်ခုအဖြစ်ပင် သတ်မှတ်နိုင်ပေသည်။
ဝိညာဉ်ကြေးနီတောင်တန်းမှ ချင်းရှောင်တောင်သို့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသို့ လူအင်အား ထပ်မံ စေလွှတ်ထားသည်။ ရံဖန်ရံခါ အမြင်မကျယ်သော သူခိုးဓားပြများနှင့် စစ်တပ်များက ၎င်းတို့ကို တားဆီးလေ့ ရှိသော်လည်း နောက်ဆုံးတွင် ၎င်းတို့အားလုံး ထိတ်လန့်တကြား ဒူးထောက်ကာ အသနားခံရလေ့ ရှိသည်။ သဘောထား ကောင်းမွန်သော တပည့်များက ဓားပြများကို လွှတ်ပေးလေ့ ရှိသော်လည်း သဘောထား ကြမ်းတမ်းသော တပည့်များကမူ အသေအပျောက် အများအပြား ရှိအောင် တိုက်ခိုက်လေ့ ရှိကြသည်။
ချင်းရှောင်ဓား၏ နာမည်မှာ သိုင်းလောက တစ်ခွင်သို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ အတွင်းစည်း တပည့်များစွာကလည်း ချင်းရှောင်ဓားကို ယူဆောင်၍ အတွေ့အကြုံများ ရယူရန် တောင်ပေါ်မှ ဆင်းသွားခဲ့ကြသည်။ ချင်းရှောင်ဓား၏ ရှေ့တွင် ရိုင်းစိုင်းသော နတ်ဘုရားလက်နက်များပင် လုံးဝ အရေးမပါတော့သကဲ့သို့ ဖြစ်သွားခဲ့သည်။
နွေရာသီ ကုန်ဆုံးပြီး ဆောင်းဦးရာသီ ရောက်လာပြန်သည်……
ဂိုဏ်းရှိ တပည့်များ မျှော်လင့်စောင့်စားနေချိန်တွင် ကောင်းကင်လက်မှုပညာခန်းမက ထိန်းချုပ်ရေးခန်းမ၏ အကူအညီဖြင့် အမည်ခံ တပည့်များအား ချင်းရှောင်ဓားများကို အသုတ်လိုက် စတင် ထုတ်ပေးတော့သည်ယ
ချင်းရှောင်ဓားသည် သိုင်းလောကအပေါ် အရင်က မရှိခဲ့ဖူးသော သက်ရောက်မှု တစ်ခု မလွဲမသွေ ရှိလာပေလိမ့်မည်။
ဒီနေ့ မွန်းလွဲပိုင်းတွင်...
ကျန်းယွီချွန်းက လီချင်းချိုးထံ လာရောက်လည်ပတ်ပြီး လောကီရေးရာများကို ပြောပြနေသည်။
နယ်စားပယ်စားများ မြောက်ပိုင်းလူရိုင်း စစ်တပ်၏ တားဆီးမှုကို ခံခဲ့ရသောအခါ လီစစ်ဖုန်းက ရှေ့ထွက်လာခဲ့ပြီး သူ့ရဲ့ မြင်းတပ်မှာ ရပ်တန့်၍ မရနိုင်အောင် တန်းတန်းမတ်မတ် ချီတက်သွားခဲ့သည်။ သူသည် မြောက်ပိုင်းလူရိုင်း စခန်းအထိ တိုက်ခိုက်သွားပြီး မြောက်ပိုင်းလူရိုင်း စစ်သူကြီးကို ဖမ်းဆီးနိုင်ခဲ့ကာ သူ့ရဲ့ စွမ်းအားက ချန်းကျိုး တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ယခုအခါ မြောက်ပိုင်းလူရိုင်းများ လုံးဝ ဖရိုဖရဲ ဖြစ်နေပြီ ဖြစ်သည်။
ကျူရှန်းက ကြီးမားသော နာမည်ဂုဏ်သတင်းကို ရရှိခဲ့ပြီး အခြားသော နယ်စားပယ်စားကြီးများထက်ပင် သာလွန်သွားခဲ့သည်။
လီချင်းချိုးက ဤကိစ္စနှင့် ပတ်သက်၍ များစွာ တုံ့ပြန်မှု မရှိခဲ့ပေ၊ အကြောင်းမှာ သူ့အမြင်တွင် လီစစ်ဖုန်း ဤမျှလောက် လုပ်ဆောင်နိုင်ခြင်းမှာ သဘာဝကျသောကြောင့်ပင်။ လီစစ်ဖုန်း လုပ်ဆောင်ခဲ့သည်မှာ မလုံလောက်သေးဘဲ အနည်းငယ် နှေးကွေးနေသည်ဟုပင် သူ ထင်မြင်မိသည်။
ဤကိစ္စကို ဆွေးနွေးပြီးနောက် ဖုန်းရှားတောင်အကြောင်းကို ထပ်မံ ထည့်ပြောလာပြန်သည်။
လီချင်းချိုးကလည်း ဖုန်းရှားတောင်၏ ဆေးဖော်စပ်ခြင်း ပညာရပ်များကို အမြဲတမ်း စိတ်ဝင်စားခဲ့သဖြင့် ဆေးဖော်စပ်ခြင်းဆိုင်ရာ အသိပညာများကို လေ့လာပြီး ဖလှယ်ရန် တပည့်များကို စေလွှတ်ပေးရန် ကျန်းယွီချွန်းကို တောင်းဆိုခဲ့သည်။ သေချာပေါက်ပင် ၎င်းမှာ အခမဲ့ သင်ယူရသည့် အတွေ့အကြုံမျိုး မဟုတ်ပေ၊ တပည့်များသည် ချင်းရှောင်ဂိုဏ်း၏ ဆေးဖော်စပ်ခြင်း နည်းလမ်းများကို ပြန်လည် ယူဆောင်လာပေးမည် ဖြစ်သည်။
သိုင်းလောက၏ သူတော်စင် နှစ်ပါးအနေဖြင့် ဖုန်းရှားတောင်နှင့် ချင်းရှောင်ဂိုဏ်းတို့သည် အမြဲတမ်း ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး အလွန် အဆင်ပြေကြသည်။ ယခင်က ရှန်းရှန်မြို့တွင် ကျင်းပခဲ့သော လေလံပွဲ၌လည်း ဖုန်းရှားတောင်က ကျန်းယွီချွန်းကို မျက်နှာသာပေးသည့် အနေဖြင့် ၎င်း၏ ခေါင်းဆောင်ကို ပါဝင်ရန် စေလွှတ်ခဲ့သည်။
"မကြာသေးခင်က ဖုန်းရှားတောင်ကနေ ပါရမီရှင် တစ်ယောက် ထွက်ပေါ်လာတယ်... သူက အသက် ခုနစ်နှစ်ပဲ ရှိသေးပြီး အစစ်အမှန် သွန်သင်ချက်တွေကို ရရှိထားပြီးပြီ... သူ့နာမည်က ပိုင်ယွီထျန်းတဲ့... ကျွန်တော် စေလွှတ်လိုက်တဲ့ တပည့်က ပြန်လာပြီး ဒီကလေးက ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်ချီကို ခံစားနိုင်တဲ့ စွမ်းရည်နဲ့ မွေးဖွားလာတယ်လို့ ပြောပြတယ်... ဖုန်းရှားတောင်ရဲ့ အမွေအနှစ်တွေက သူ့အတွက် အရမ်း ရိုးရှင်းလွန်းတယ်... သူက ချက်ချင်းနီးပါး လေ့လာနိုင်တယ်..." ဟု ကျန်းယွီချွန်းက သက်ပြင်းချ၍ ပြောလိုက်သည်။
ပိုင်ယွီထျန်းသည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီကို ခံစားနိုင်သည့် စွမ်းရည်နှင့် မွေးဖွားလာခြင်းက သူသည် ကျင့်ကြံခြင်းတွင် ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။
"ဘာလဲ... မင်း သူ့ကို သိမ်းသွင်းချင်လို့လား..."
"အဆင်ပြေမှာ မဟုတ်ဘူး ထင်တယ်... သူ့ကို ဖုန်းရှားတောင်ရဲ့ နောက်ထပ် ဂိုဏ်းချုပ်အဖြစ် ရွေးချယ်ထားပြီးပြီလေ... ဖုန်းရှားတောင်က ထူးဆန်းတဲ့ ပညာရပ်တချို့ကို သိထားပေမဲ့ သူတို့က သိုင်းလမ်းစဉ်ကိုပဲ လိုက်စားကြတာ... ဒီကလေးရဲ့ ပါရမီက ဘာကို ကိုယ်စားပြုနေလဲဆိုတာ သူတို့ နားမလည်ကြသေးဘူး... ပိုင်ယွီထျန်းအတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိသလို နည်းနည်းလည်း စိုးရိမ်မိတယ်..."
“ဘာကို စိုးရိမ်တာလဲ..”
"သူ ယန်တောက်ကျုံးလို ဖြစ်သွားမှာကို ကျွန်တော် စိုးရိမ်တာပါ... ယန်တောက်ကျုံးက သူကိုယ်တိုင် လမ်းစဉ်သို့ ဝင်ရောက်နိုင်ခဲ့ပြီး ပိုပြီး အစွမ်းထက်တဲ့ သိုင်းပညာတွေကို ဖန်တီးနိုင်ခဲ့တယ်... ဒီကလေးက မသေမျိုးလမ်းစဉ်ကို ကျင့်ကြံတဲ့ နည်းလမ်းကို ကိုယ်တိုင် နားလည်သဘောပေါက်သွားပြီး ဖုန်းရှားတောင်ကို ကျင့်ကြံရေးဂိုဏ်း တစ်ခု ဖြစ်လာအောင် ဦးဆောင်သွားမှာကို ကျွန်တော် စိုးရိမ်တယ်..."
သူသည် ဖုန်းရှားတောင်နှင့် အလွန် အဆင်ပြေပြီး စာများမှတစ်ဆင့် ဆက်သွယ်မှု ရှိကြသော်လည်း ၎င်းတို့၏ ဆက်ဆံရေး မည်မျှပင် ကောင်းမွန်နေပါစေ ဖုန်းရှားတောင်က သူ့ကို ခြိမ်းခြောက်လာမည်ကို သူ အလိုမရှိချေ။
"သူ တစ်ယောက်တည်းနဲ့ ဒီလို လုပ်ဖို့ဆိုတာ မလွယ်ပါဘူး..."
သူ ချင်းရှောင်ဂိုဏ်းကို အလျင်အမြန် တည်ဆောက်နိုင်ခဲ့ခြင်းမှာ ဟွမ်ယွမ်ကျမ်းစာကြောင့် သက်သက် မဟုတ်ပေ၊ တာအိုမျိုးဆက် မျက်နှာပြင်မှ ကံကြမ္မာများအပေါ် လမ်းညွှန်မှုများကလည်း အရေးပါခဲ့ပြီး ၎င်းမှာ ဂိုဏ်း၏ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်မှုအတွက် သော့ချက်ပင် ဖြစ်သည်။
"အကယ်၍များဆိုရင်ရော..."
"တကယ်လို့ အလုပ်ဖြစ်သွားခဲ့ရင် သူတို့ ငါတို့ကို မှီခိုဖို့ ဆန္ဒရှိမရှိ ကြည့်ကြတာပေါ့... သူတို့ ဆန္ဒမရှိဘူးဆိုရင်လည်း ငါတို့က အတင်းအကျပ် မလုပ်ပါဘူး... ဒါပေမဲ့ ငါတို့ရဲ့ အရင်းအမြစ်တွေကို လာလုတာကိုတော့ ခွင့်မပြုနိုင်ဘူး..."
သူသည် ကျိုးယာဆိုသော တည်ထောင်ခဲ့သော ချင်းရှားဂိုဏ်းအကြောင်း တွေးလိုက်မိသည်။ ၎င်းမှာ လူသိမများသေးသော ကျင့်ကြံရေးဂိုဏ်းငယ်လေး တစ်ခု ဖြစ်သော်လည်း အမှောင်ခန်းမမှ တပည့်တစ်ဦးကို ထိုဂိုဏ်းထဲသို့ ထိုးဖောက်ဝင်ရောက်ရန် သူ စေလွှတ်ထားပြီး ဖြစ်သည်။ ဂိုဏ်းချုပ်ဖြစ်သော ချိုးတဟူက ထိုတပည့်ကို အလွန် ယုံကြည်အားထားပြီး ဒုဂိုဏ်းချုပ်အဖြစ် ပြုစုပျိုးထောင်ပေးရန် ပြင်ဆင်နေပုံ ရသည်။
ကျန်းယွီချွန်း ပြောသည်မှာ မှန်ပါသည်။ ကုသခြင်းထက် ကြိုတင် ကာကွယ်ခြင်းက ပိုကောင်းသည်။ ထို့ကြောင့် ဖုန်းရှားတောင်တွင်လည်း အမှောင်ခန်းမမှ ကိုယ်စားလှယ် တပည့်တစ်ဦးကို ထည့်သွင်းထားရန် ဆုံးဖြတ်လိုက်သည်။
ဂိုဏ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယှဉ်ပြိုင်မှုတွင် ငြင်းခုံရန် နေရာမရှိချေ။ အကယ်၍ နှစ်ဖက်စလုံးက လောကကြီးကို လွှမ်းမိုးရန် ရည်မှန်းချက် ရှိနေပါက တိုက်ပွဲမှာ မလွဲမသွေ ဖြစ်လာမည် ဖြစ်သည်။
အကယ်၍ ခြိမ်းခြောက်မှု မရှိပါက လီချင်းချိုးက ၎င်းတို့ကို ယဉ်ကျေးစွာ ဆက်ဆံမည် ဖြစ်ပြီး အားနည်းသူများကို အနိုင်ကျင့်မည် မဟုတ်ပေ။ သို့သော်လည်း အကယ်၍ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို အန္တရာယ် ဖြစ်စေမည်ဆိုပါက တွန့်ဆုတ်နေမည် မဟုတ်ချေ။
"ကိစ္စတွေ အဲဒီအဆင့်ထိ မရောက်ဘူးလို့ မျှော်လင့်ပါတယ်..." ဟုဆိုကာ ကျန်းယွီချွန်းက သက်ပြင်းချလိုက်သည်။
ထိုစဉ်မှာပင် ရှောင်ညီနောင်သုံးဖော် လင်းရှောင်ခြံဝင်းအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာကြပြီး ၎င်းတို့၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
သုံးဉီးသား စားပွဲအနားသို့ ချဉ်းကပ်လာပြီး လီချင်းချိုးနှင့် ကျန်းယွီချွန်းတို့ကို ဦးညွှတ်လိုက်ကြသော်လည်း ကျန်းယွီချွန်း ရှိနေသေးသည်ကို မြင်သောအခါ ချက်ချင်း စကားမပြောကြပေ။
ကျန်းယွီချွန်းက ဝမ်းသာသွားပြီး ထိုကောင်လေး သုံးယောက် တကယ်ပဲ ကြီးပြင်းလာပြီဟု ခံစားလိုက်ရသည်။
"ကျွန်တော့်မှာ လုပ်စရာလေး ရှိသေးလို့... သွားလုပ်လိုက်ဦးမယ်..."
ကျန်းယွီချွန်းက မတ်တပ်ရပ်၍ နှုတ်ဆက်လိုက်ကာ ပြန်သွားလေသည်။
သူ ထွက်သွားပြီးနောက် ရှောင်ဝူတိနှင့် အခြားနှစ်ဦးက ၎င်းတို့၏ ခါးမှ သိုလှောင်အိတ်များကို ဖြုတ်၍ စားပွဲပေါ်သို့ တင်လိုက်ကြသည်။
"ဂိုဏ်းချုပ်ရဲ့ အိပ်မက်က တကယ် အစစ်ပါပဲ... ရှောင်ယောင်ခရိုင်က နဂါးတစ်ထောင်ဂူမှာ ရှေးဟောင်း ကျင့်ကြံသူတွေ ချန်ထားခဲ့တဲ့ ရတနာသိုက် တကယ် ရှိနေပါတယ်... အဲဒါတွေ အားလုံး ဒီသိုလှောင်အိတ်တွေထဲမှာ ပါပါတယ်... ကျွန်တော်တို့ အဲဒီကျင့်ကြံသူရဲ့ အလောင်းကိုလည်း တွေ့ခဲ့ရတယ်... ဂိုဏ်းချုပ် မမြင်လိုက်ရလို့ပါ... သူ့အရိုးတွေ အားလုံးက ရွှေရောင်တွေချည်းပဲ..."
ရှောင်ဝူတိက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ရှောင်ဝူချင်းနှင့် ရှောင်ဝူမင်တို့မှာလည်း အလားတူပင် စိတ်လှုပ်ရှားနေကြသည်။
၎င်းတို့ ပြောသော နဂါးတစ်ထောင်ဂူမှာ လီချင်းချိုး ဖွင့်ပေးခဲ့သော ကံကြမ္မာတစ်ခု ဖြစ်သည်။ နဂါးတစ်ထောင်ဂူတွင် အထူး တားမြစ်ချက်တစ်ခု ပါဝင်ပြီး ကျင့်ကြံခြင်းဂူထဲသို့ ဝင်ရောက်ရန် ယန္တရားတစ်ခုကို အသက်သွင်းရန် လိုအပ်သည်။
၎င်းမှာ ကောင်းချီးမြေ သို့မဟုတ် ကျင့်ကြံရေး အရင်းအမြစ် တစ်ခု မဟုတ်သော်လည်း ဤကျင့်ကြံခြင်းဂူ၏ တန်ဖိုးမှာ အတော်လေး ကြီးမားရမည်ဟု လီချင်းချိုး ခံစားခဲ့ရသည်။
"အင်း... မဆိုးပါဘူး... မင်းတို့ သွားနားလို့ ရပါပြီ... ငါ စစ်ဆေးပြီးရင် ဆုချပေးပါ့မယ်..."
လီချင်းချိုးက ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် စစ်ဆေးရန် သိုလှောင်အိတ် တစ်လုံးကို ကောက်ယူလိုက်သည်။
ရှောင်ဝူချင်းက…
"ဂိုဏ်းချုပ်... အပြန်လမ်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာရှင် တစ်စုနဲ့ ပဋိပက္ခ ဖြစ်ခဲ့သေးတယ်... ကျွန်တော်တို့ ဘာမှ မဆုံးရှုံးခဲ့ပေမဲ့ သူတို့ရဲ့ သိုင်းပညာစွမ်းရည်တွေက သာမန် မဟုတ်ဘူး... စုံစမ်းဖို့ လူလွှတ်လိုက်ရမလား..."
"မင်း လုပ်ချင်ရင် လုပ်လိုက်လေ..."
ညီအစ်ကို သုံးဦး ထွက်သွားပြီးနောက် လီချင်းချိုးက သိုလှောင်အိတ်ထဲသို့ ဝိညာဉ်အသိအာရုံကို ထည့်သွင်းကာ တစ်ခုချင်းစီကို စစ်ဆေးလိုက်သည်။
သိုလှောင်အိတ်ထဲတွင် လျှို့ဝှက်သိုင်းစာအုပ် တစ်အုပ်၊ အဆောင်များ၊ ဆေးလုံး တစ်လုံး၊ မှော်ပစ္စည်း တစ်ခုနှင့် မျိုးစေ့များ အပါအဝင် ပစ္စည်းများစွာ ပါဝင်နေသဖြင့် အထူဆုံး လျှို့ဝှက်သိုင်းစာအုပ်ကို ထုတ်ယူ၍ စတင် ဖတ်ရှုလိုက်သည်။
ဤသည်မှာ နှလုံးသားငါးခုပြောင်းလဲခြင်းနည်းလမ်းဟု ခေါ်သော ကျင့်စဉ်တစ်ခု ဖြစ်သည်။ ဟွမ်ယွမ်ကျမ်းစာလောက် မကောင်းသော်လည်း ၎င်းမှာ ချီ စုပ်ယူသည့် နည်းလမ်းကောင်း တစ်ခု ဖြစ်နေသေးသည်။ ထိုကျင့်စဉ်က သင့်အား မူလချီ၏ ဂုဏ်သတ္တိများကို ပြောင်းလဲခွင့် ပေးပြီး အောင်မြင်မှု ကြီးကြီးမားမားသို့ ရောက်ရှိအောင်သန့်စင်ပေးနိုင်သည်။ ဂုဏ်သတ္တိ ငါးခုကို ပေါင်းစပ်လိုက်သောအခါ ၎င်းတို့သည် ပိုမို အစွမ်းထက်သော ဒြပ်စင်ငါးပါး မူလချီ အဖြစ် ပေါင်းစပ်သွားမည် ဖြစ်သည်။
ကောင်းသားပဲ... ကျမ်းစာတိုက်ကို ဖြည့်ဖို့ အသုံးချလို့ ရတာပေါ့…
လီချင်းချိုးက ၎င်းကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ပြန်ချထားလိုက်သည်။
သိုလှောင်အိတ် သုံးလုံးကို စစ်ဆေးပြီးနောက် သူ အတော်လေး ကျေနပ်သွားသည်။ သူ အထူးတလည် သင်ယူချင်သော အရာ မရှိသော်လည်း ဤအရာများသည် အခြားသူများ၏ လက်ထဲသို့ ရောက်သွားပါက ကျင့်ကြံရေးဂိုဏ်း တစ်ခုကို အမှန်တကယ် စတင်နိုင်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် အတွင်းရှိ အစီအရင် လျှို့ဝှက်သိုင်းစာအုပ်မှာ အလွန် အခြေခံကျလွန်းနေပြီး သူ အလိုချင်ဆုံး ဖြစ်သော နေရာပြောင်းရွှေ့ခြင်း အစီအရင် မပါဝင်ပေ။
နောင်တွင် လိုအပ်သော ခန်းမများသို့ ခွဲဝေပေးရန် ရည်ရွယ်ကာ သိုလှောင်အိတ် သုံးလုံးကို သိမ်းဆည်းထားလိုက်သည်။
ထို့နောက် ကျင့်ကြံခြင်းဂူသို့ သူ လမ်းလျှောက် ပြန်လာခဲ့သည်။ မိစ္ဆာနယ်မြေနှင့် မိုးပြာနဂါးနယ်မြေတို့မှာ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ဓားနှစ်လက်ကဲ့သို့ ဖြစ်နေပြီး သူ့ကို ကြိုးစား ကျင့်ကြံရန်နှင့် တတ်နိုင်သမျှ မြန်မြန် အစွမ်းထက်လာစေရန် အတင်းအကျပ် ပြုလုပ်နေသည်မဟုတ်လော…..
***