နတ်တောင်ပံမင်းဆက်နှင့် မဟာယွီမင်းဆက်တို့ကြားရှိ ပွတ်တိုက်မှုများကြောင့် သဘာဝဘေးအန္တရာယ်များ၏ ဒဏ်ကို ခံစားနေရပြီဖြစ်သော မဟာယွီမင်းဆက်ကို ပို၍ဆိုးရွားစွာ ဒုက္ခရောက်စေ၏။
မဟာယွီမင်းဆက်မှ ပြည်သူအများအပြားသည် စစ်ဘေးစစ်ဒဏ်ကို ခံစားကြရသည်။ ထို့ကြောင့် သူတို့သည် ပစ္စည်းများကို သိမ်းဆည်းကာ နေရပ်စွန့်ခွာရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
မဟာယွီပြည်သူများ နေရပ်စွန့်ခွာရသည့် ကာလအတွင်း သူတို့သည် အခက်အခဲနှင့်ဆင်းရဲဒုက္ခမျိုးစုံကို တွေ့ကြုံကြရ၏။ ထိုအကြောင်းကြောင့် လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခသည်များ ဖြစ်လာခဲ့ကြသည်။
ထို့အပြင် မဟာယွီမင်းဆက်၏အဓိက အာရုံစိုက်မှုမှာ နတ်တောင်ပံမင်းဆက်၏ ဝင်ရောက်စွက်ဖက်မှုကို မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ဆိုသည့် အချက်အပေါ်၌သာ ရှိနေဆပသည်။
ထို့ကြောင့် မင်းဆက်အတွင်း တိုးပွားလာသော ဒုက္ခသည်အရေအတွက်ကို သူတို့ ဂရုစိုက်ဖို့ အချိန်မရကြချေ။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဖူရွှမ်နီသည် မဟာယွီမင်းဆက်၏ ဒုက္ခသည်များပြားလွန်းသည့် ပြဿနာကို ဖြေရှင်းပေးရသည့်အတွက် ဝမ်းသာနေ၏။
ဖူရွှမ်နီသည် ဤအခွင့်အရေးကောင်းကို အသုံးချကာ မဟာယွီမင်းဆက်မှ ဒုက္ခသည်များကို ရူးသွပ်စွာ လက်ခံခေါ်ယူလိုက်သည်။
နှစ်လပင် မပြည့်သေးသည့် အချိန်အတွင်း တောင်တန်းရှိ မြို့များသည်...
လူဦးရေ ငါးသိန်းမှ ခြောက်သိန်းအထိ တိုးလာလေသည်။
လူဦးရေ တိုးပွားလာမှု အမြန်နှုန်းသည် မြို့တည်ဆောက်သည့် အမြန်နှုန်းထက်ပင် ပို၍ မြန်ဆန်နေခဲ့သည်။
ဤအခြေအနေက ဖူရွှမ်နီအား လူများကို ထပ်မံစေလွှတ်ရန် အတင်းအကျပ် ဖိအားပေးသလို ဖြစ်စေခဲ့သည်။
သူတို့သည် မြို့သစ်များ တည်ဆောက်ရေးကိုသာ အာရုံစိုက်လိုက်ကြသည်။
တောင်တန်းအတွင်း၌ အရွယ်အစား အမျိုးမျိုးရှိသော မြို့ပေါင်း ၂၀ နီးပါးခန့် ရှိနေပြီဖြစ်သည်။ ၎င်းသည် နိုင်ငံတစ်ခုအတွင်းမှ နိုင်ငံတစ်ခုနှင့်ပင် တူနေချေပြီ။
အကယ်၍ အခြားမင်းဆက်သာဆိုလျှင် ဤလူသူကင်းမဲ့သော တောင်တန်းများကို အလုံးစုံ ရှင်းလင်းပစ်ချင်ကြမည်မှာ သေချာလေသည်။
မည်သို့ပင်ဆိုစေကာမူ...
မင်းဆက်တစ်ခုအတွင်း၌ ဧကရာဇ်နန်းတော်၏ စကားကို နားမထောင်ဘဲ မိစ္ဆာသားရဲတစ်ကောင်၏ အမိန့်ကိုသာ နာခံမည့် မြို့များ တည်ဆောက်ခြင်းသည် အင်ပါယာ၏ အာဏာကို ပြင်းထန်စွာ စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
အမှန်တကယ်တွင် ပို၍ဆိုးရွားစွာပြောရလျှင် ၎င်းသည် ဗြောင်ကျကျ ပုန်ကန်ခြင်းပင်ဖြစ်သည်။
ကံကောင်းစွာဖြင့် ဖူရွှမ်နီကို ချန်ချန်ရွှယ်က ကာကွယ်ပေးထားသောကြောင့် သူမ၏လုပ်ရပ်များကို မရေမတွက်နိုင်သော လူများက လျစ်လျူရှုထားခဲ့ကြသည်။
မည်သူကမျှ သူမ၏ လုပ်ရပ်များကို အပြစ်မတင်ကြသလို မည်သူကမျှလည်း သူမကို စွပ်စွဲပြစ်တင်မည် မဟုတ်ပေ။
မဟာဝေမင်းဆက်ကပင် သူမကို မြို့သစ်တည်ဆောက်ရာတွင် ကူညီပေးဦးမည်ဖြစ်သည်။
ဤအချက်က အထူးတလည်ပင် အံ့ဖွယ်ကောင်းနေ၏။
"မြို့တော်ဝန်"
ထိုနေ့တွင် သားရဲတစ်ကောင်သည် မဟာယန်မြို့သို့ ပျံသန်းပြန်လာသည်။ ၎င်းသည် ဖူရွှမ်းနီကို ချက်ချင်းရှာဖွေကာ မဟာယွီမင်းဆက်ထံမှ သတင်းအချက်အလက်များကို တင်ပြလေသည်။ "မဟာယွီမင်းဆက်က နတ်တောင်ပံမင်းဆက်ဆီက ဖိအားတွေကို မခံနိုင်တော့တဲ့ပုံပဲ။ နှစ်ဖက်တိုက်ပွဲတွေမှာ မဟာယွီမင်းဆက်က အကြိမ်ကြိမ် ရှုံးနိမ့်နေတယ်။"
"ဒီအခြေအနေသာ ဆက်သွားမယ်ဆိုရင် မဟာယွီမင်းဆက်က တစ်နှစ်တောင် ခံနိုင်မှာမဟုတ်ဘဲ နတ်တောင်ပံမင်းဆက်ရဲ့ စစ်တပ် ကျူးကျော်တာကို ခံရနိုင်တယ်။"
"အဲဒီအချိန်ရောက်ရင် မဟာယွီမင်းဆက်က မီးရှို့၊ သတ်ဖြတ်၊ လုယက်ဖို့လောက်ပဲ သိတဲ့ လူတစ်စုနဲ့ ရင်ဆိုင်ရလိမ့်မယ်။"
မိစ္ဆာသားရဲက ခေတ္တရပ်သွားပြီး ဆက်လက်တင်ပြလိုက်သည်။ "မဟာယွီမင်းဆက်ရဲ့ လက်ရှိဧကရာဇ်က မင်းဆက်အတွင်းမှာရှိတဲ့ ကျင့်ကြံခြင်းဂိုဏ်းတွေဆီကနေ အကူအညီ တောင်းခံနေပါတယ်။ မဟာယွီဧကရာဇ်က အဲဒီဂိုဏ်းတွေကို ကောင်းမွန်တဲ့ အခြေအနေများစွာ ပေးမယ်လို့ ကတိပြုပြီး နတ်တောင်ပံမင်းဆက်ရဲ့ ကျူးကျော်မှုကို ကာကွယ်ပေးဖို့ တောင်းဆိုနေတာပါ။"
ဖူရွှမ်နီ အံ့အားသင့်သွားပြီး သူမ၏မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ဖြတ်ပြေးသွားသည်။ "မင်းဆက်တစ်ခုရဲ့ ဧကရာဇ်က ကိုယ့်မင်းဆက်ထဲက ကျင့်ကြံခြင်းဂိုဏ်းတွေဆီကနေ အကူအညီတောင်းတယ်ပေါ့။"
"ကျွန်တော်သိရသလောက်တော့ ဟုတ်ပါတယ်။" မိစ္ဆာသားရဲက ခေါင်းညိတ်ပြ၏။
ထိုအရာက ဖူရွှမ်းနီကို အနည်းငယ် အံ့သြသွားစေခဲ့သည်။
မဟာယွီမင်းဆက်သည် အင်အားမကြီးကြောင်း သူမသိထားသော်လည်း ၎င်းသည် ပတ်ဝန်းကျင်ရှိ မင်းဆက်များနှင့် နှိုင်းယှဉ်ပါက အတော်လေး အားနည်းသော တည်ရှိမှုတစ်ခုဟု သတ်မှတ်ခံထားရသည်။
သို့သော် ၎င်းတို့သည် မိမိမင်းဆက်အတွင်းရှိ ကျင့်ကြံခြင်းဂိုဏ်းများကိုပင် မထိန်းချုပ်နိုင်လောက်အောင် အားနည်းနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
မဟာဝေမင်းဆက် အနိမ့်ဆုံးအခြေအနေသို့ ကျဆင်းနေချိန်၌ပင် ဧကရာဇ် ချန်ဖုန်းယင်၏အမိန့်ကို မနာခံရဲသည့် ကျင့်ကြံခြင်းဂိုဏ်းများစွာ မရှိခဲ့ကြောင်း သိထားရမည်ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ မဟာယွီမင်းဆက်၏ ဧကရာဇ်၌ ထိုကဲ့သို့သော စီစဉ်နိုင်စွမ်း ရှိပုံမပေါ်ချေ။
"ခြယ်လှယ်လို့ရနိုင်မယ့် အခြေအနေရှိနေတဲ့ပုံပဲ။" ဖူရွှမ်နီက သူမ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ ရေရွတ်လိုက်သည်။ "မဟာယွီရဲ့ ဧကရာဇ်က မဟာဝေမင်းဆက်ဆီက အကူအညီကို လက်ခံမလားဆိုတာ သိချင်စမ်းပါဘိ။"
ထိုအတွေး သူမ၏စိတ်ထဲ ဖြတ်ပြေးသွားပြီးနောက် သူမသည် ဆက်သွယ်ရေး အဆောင်လက်ဖွဲ့တစ်ခုကို ချက်ချင်း ထုတ်ယူလိုက်သည်။
သူမသည် သူမ၏ အတွေးများအားလုံးကို ဆက်သွယ်ရေး အဆောင်လက်ဖွဲ့ထဲသို့ မှတ်တမ်းတင်လိုက်ပြီး ၎င်းထဲသို့ ဝိညာဉ်စွမ်းအင် အနည်းငယ်ကို ထည့်သွင်းလိုက်သည်။
ဆက်သွယ်ရေး အဆောင်လက်ဖွဲ့သည် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပသွားကာ မျက်စိတစ်မှိတ်အတွင်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ပျံသန်းထွက်ခွာသွားလေသည်။
၎င်းသည် သူမ၏ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။
...
မဟာဝေ ဧကရာဇ်မြို့တော်။
မဟာယန်မြို့မှ ဆက်သွယ်ရေး အဆောင်လက်ဖွဲ့တစ်ခုသည် ချန်ချန်ရွှယ်၏ စားပွဲပေါ်တွင် တိတ်ဆိတ်စွာ ရှိနေခဲ့၏။ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနေသည့်အလား သူမ၏ မျက်လုံးများထဲတွင် စဉ်းစားတွေးတောနေသော အကြည့်တစ်ခု ရှိနေလေသည်။
ယခုအချိန်တွင် ချင်းကျောက်သည် တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်ရာ နန်းတွင်းအစေခံများနှင့် သက်တော်စောင့်များမှလွဲ၍ ချန်ချန်ရွှယ် တစ်ယောက်တည်းသာ ရှိနေပေသည်။
"မင်းဆက်နှစ်ခုကြားက ပွတ်တိုက်မှုတွေမှာ ဝင်စွက်ဖက်ဖို့ဆိုတာက..." ဟု သူမ တီးတိုးရေရွတ်လိုက်သည်။
ဤသည်ကား ဆက်သွယ်ရေး အဆောင်လက်ဖွဲ့မှတစ်ဆင့် ဖူရွှမ်နီ သူမကို ပေးခဲ့သော အကြံပြုချက်ပင် ဖြစ်သည်။
'ဒီကိစ္စက ဖြစ်နိုင်ချေရှိတာပဲ' ဟု ချန်ချန်ရွှယ် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သဘောပေါက်သွားရသည်။
ယခုအခါ မဟာယွီမင်းဆက်သည် မကြုံစဖူးသော အကျပ်အတည်းနှင့် ရင်ဆိုင်နေခဲ့ရရာ တစ်ဖက်မှ ဧကရာဇ်သည် အလွန်အမင်း စိုးရိမ်ပူပန်နေမည်မှာ သေချာလှပေသည်။ သူတို့သည် မဟာယွီမင်းဆက်ကို ကူညီဖေးမပေးမည့်သူအား မျှော်လင့်နေကြမည်ဖြစ်သည်။
ဤအကူအညီနှင့်အတူ လှုပ်ရှားကစားရန် အခွင့်အရေးများစွာ ရှိလာပေမည်။
မဟာဝေမင်းဆက်သည် ဤအခွင့်အရေးကို အသုံးချကာ အကျိုးအမြတ်အချို့ကို ရယူနိုင်ပေသည်။
ထို့အပြင် ၎င်းသည် မဟာဝေမင်းဆက်အတွက် ရန်သူတစ်ဦး တိုးလာစေမည်မဟုတ်ပေ။
ယင်းအစား မဟာဝေမင်းဆက်အတွက် မဟာမိတ်တစ်ဦးသာ တိုးလာစေမည်ဖြစ်သည်။
နတ်တောင်ပံမင်းဆက်ကို စော်ကားသလို ဖြစ်မဖြစ်ဆိုရသော်...
ယခင်က မဟာဝေမင်းဆက်၏ တန်ပြန်တိုက်ခိုက်မှု နှစ်ကြိမ်က နတ်တောင်ပံမင်းဆက်ကို မစော်ကားခဲ့ဘူးလား။ မင်းဆက်နှစ်ခုကြားရှိ ဆက်တိုက်ဖြစ်ပေါ်နေသော ပဋိပက္ခများသည် အခြေခံအားဖြင့် ပြန်လည်သင့်မြတ်ရန် မဖြစ်နိုင်တော့ပေ။ လက်ရှိအချိန်တွင် သူတို့သည် တစ်ဦးနှင့်တစ်ဦး သတိထားနေကြသောကြောင့်သာ ကြီးမားသော လှုပ်ရှားမှုများ မလုပ်ကြခြင်းဖြစ်သည်။
***