ယုံလဲ့စီရင်စု။
"အသုံးမကျတဲ့ အမှိုက်တွေ"
ထန်မင်းသားလီဂုန်းသည် လျှို့ဝှက်စာလွှာကို လက်ခံရရှိပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် နန်ရွှီတပ်မတော်အတွင်းရှိ အလတ်တန်းစားအရာရှိအချို့ကို လာဘ်ထိုးထားနိုင်သဖြင့် ရှေ့တန်းသတင်းများကို အချိန်နှင့်တစ်ပြေးညီ ရရှိနေခြင်း ဖြစ်သည်။
"အရှင်"
လျူဟွမ်ရုံမှာ ထိတ်လန့်သွားပြီး "ဘာကြောင့် ဒီလောက် ဒေါသထွက်နေရတာလဲခင်ဗျာ" ဟု မေးမြန်းလိုက်သည်။
"မင်းကိုယ်တိုင်ပဲ ကြည့်လိုက်တော့"
လီဂုန်းသည် ဒေါသကို ထိန်းချုပ်လျက် စာလွှာကို ဒုတိယဗိုလ်ချုပ်ကြီး၏ ရင်ဘတ်ပေါ်သို့ ပစ်တင်ပေးလိုက်သည်။
"အင်အားသုံးသောင်းရှိတဲ့ ရှေ့ပြေးတပ်မတော်ကြီးက ငါးရက်လုံးလုံး ရှေ့ကို တစ်လှမ်းတောင် မတိုးနိုင်ဘူးတဲ့"
"ဒါက..."
လျူဟွမ်ရုံသည် စာပါအကြောင်းအရာများကို ဖတ်ရှုပြီးနောက် "ချန်ဆန်းရှီ တစ်ယောက်တည်းက လေးတစ်လက်နဲ့ ရှေ့ပြေးတပ်ကို တုန်လှုပ်သွားအောင် လုပ်နိုင်ခဲ့တယ် ဟုတ်လား။ ကင်းလှည့်ဖို့လွှတ်တဲ့ စစ်သည်တွေကလည်း အပိုဆုကြေးမပေးရင် မသွားဘူးလို့ တောင်းဆိုနေကြတယ်ဆိုတာကတော့ တကယ်ကို ရယ်စရာကောင်းလှပါတယ်" ဟု ဆိုသည်။
"ဝုန်း...ဝုန်း...ဝုန်း..."
ထိုစဉ် ကျောက်တုံးပစ်စက်ကြီးများ၏ အရှိန်အဟုန်ပြင်းစွာ ပစ်ခတ်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ မြို့သိမ်းတိုက်ပွဲ၏ နောက်ထပ် အလှည့်အပြောင်းတစ်ခု စတင်လိုက်ခြင်းပင် ဖြစ်သည်။
လီဂုန်းသည် သူ၏လက်နက်ကို ဆွဲကိုင်လျက် အမိန့်ပေးလိုက်သည်။ "သတင်းစကားပါးလိုက်စမ်း ယုံလဲ့စီရင်စုရဲ့ အခြေအနေက အလွန်
ကောင်းမွန်နေတယ်၊ မြို့ပြင်က ဒါရှန်တပ်မတော်ဟာလည်း အင်အားချည့်နဲ့နေပြီလို့ ပြောလိုက်။ အခုအချိန်မှာသာ ထိုးဖောက်နိုင်မယ်ဆိုရင် ဒါရှန်တပ်ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းနိုင်လိမ့်မယ်။ အကျအဆုံးတွေကို မကြောက်ပါနဲ့၊ ကိုယ့်အင်အားကိုယ် ချန်ထားဖို့ပဲ မစဉ်းစားပါနဲ့၊ အဓိကကတော့ ငါတို့ကို မယုံသင်္ကာ မဖြစ်ကြဖို့ပဲ
"ငါ လီဂုန်းရဲ့ ဂုဏ်သိက္ခာနဲ့ ငါ့မိသားစုတစ်ခုလုံးရဲ့ အသက်ကို ရင်းပြီး ကျိန်ဆိုရဲတယ်။ ဟူလောင်တောင်ကြားမှာ လူသုံးထောင်ပဲ ရှိတာပါ။ နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ်တွေထဲမှာလည်း အစောပိုင်းအဆင့်ရှိတဲ့ ရှာဝမ်လုံ တစ်ယောက်ပဲ ရှိတယ်၊ ဒုတိယတစ်ယောက် မရှိဘူး။ အကယ်လို့ တိုက်မယ်ဆိုရင် ငါတို့ ကျိန်းသေပေါက် နိုင်မှာပဲ"
...
လူသူကင်းမဲ့သော တောရိုင်းမြေပြင်။
ချန်ဆန်းရှီသည် ကျောက်ပုံကြီးများကြားတွင် ပုန်းကွယ်လျက် သူ၏လှံသိုင်းကို လေ့ကျင့်နေသည်။ လူ့ခန္ဓာကိုယ်အတွင်း၌ ပဓာနသွေးကြော ၁၂ ခု၊ ထူးခြားသွေးကြော ၈ ခုနှင့် ထောင်ပေါင်းများစွာသော သွေးကြောငယ်များ ရှိကြသည်။
မဟာသွေးကြောအဆင့် သေးငယ်သောအောင်မြင်မှု့သို့ ရောက်ရှိရန်မှာ အခြေခံအားဖြင့် သွေးကြောငယ် ၂၀ ကို ဖွင့်လှစ်နိုင်ရန် လိုအပ်သည်။ သွေးကြောငယ်များများ ပိုမိုပွင့်လေလေ၊ စွမ်းအားလှည့်ပတ်မှုမှာ ပိုမိုနက်နဲလာပြီး စစ်မှန်သော စွမ်းအားမှာလည်း ပိုမိုသန့်စင်လာလေလေ ဖြစ်သည်။
ယခင်က သွေးကြောများဖွင့်လှစ်ခြင်းမှာ ခံနိုင်ရည်ကို မြှင့်တင်ရန် ဖြစ်သော်လည်း၊ ယခု သွေးကြောငယ်များ ဖွင့်လှစ်ခြင်းမှာမူ ပိုမိုပြင်းထန်သော စွမ်းအားကို ရရှိရန် ဖြစ်သည်။
ချန်ဆန်းရှီအတွက်မူ မည်သည့်အတားအဆီးမျှ မရှိပေ။ သူသည် သွေးကြောငယ် ၂၀ ကို အလွယ်တကူ ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် သွေးကြောငယ် ၁၀၀ အထိ တိုက်ရိုက် ရောက်ရှိသွားတော့သည်။ ထိုအချိန်မှသာ သူ၏ဆရာဖြစ်သူက သူ့ကို လက်နက်မျိုးစုံနှင့် ကျင့်စဉ်မျိုးစုံ သင်ကြားပေးခဲ့ရသည့် ရည်ရွယ်ချက်ကို သူ နားလည်သွားတော့သည်။
ကျင့်စဉ်တစ်ခုစီက သွေးကြောငယ်တစ်ခုစီကို ထပ်မံဖွင့်လှစ်ပေးနိုင်ခြင်းပင် ဖြစ်သည်။
စီနီယာအစ်မ ဆွန်ပြောပြခဲ့သကဲ့သို့ပင် အဆင့်မြင့်စစ်သည်တော်များသည် ထိရောက်မှုနည်းပါးသဖြင့် အခြားသိုင်းပညာများကို လေ့ကျင့်လေ့မရှိကြပေ။ သိုင်းပညာတစ်ခုချင်းစီက စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည်ဆိုသော်လည်း တိုးတက်မှုမှာ အလွန်ပင် နည်းပါးလှသည်။
စစ်နတ်ဘုရားအဆင့်တစ်ယောက်အတွက်ပင် မည်သည့်သိုင်းပညာကိုမဆို လေ့ကျင့်ရန် အချိန်လိုအပ်သည်။ လူသား၏ ကြိုးစားမှုတွင် အကန့်အသတ်ရှိသော်လည်း သိုင်းပညာများမှာမူ အကန့်အသတ်မရှိပေ။ လူအများစုမှာ လေ့ကျင့်ချင်စိတ်မရှိ၍ မဟုတ်ဘဲ အချိန်မရှိသဖြင့် မလေ့ကျင့်နိုင်ကြခြင်း ဖြစ်သည်။
အကယ်၍သာ...
တစ်စုံတစ်ယောက်က သိုင်းပညာရာနှင့်ချီ၊ ထောင်နှင့်ချီကို အချိန်တိုအတွင်း သင်ယူနိုင်ခဲ့မည်ဆိုပါက ထိုအနည်းငယ်သော တိုးတက်မှုများ စုစည်းသွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော ကွာခြားချက်ကြီး ဖြစ်လာပေလိမ့်မည်။
ထိုသူမှာ အမှတ်မထင်ဘဲ ချန်ဆန်းရှီ ဖြစ်နေခဲ့သည်။
သိုင်းပညာအောင်မြင်သွားချိန်တွင် ချန်ဆန်းရှီကသွေးကြောငယ် ၁၀၀ ကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ ပထမဆုံး လေ့ကျင့်ခဲ့သော သိုင်းပညာက သွေးကြောငယ် အများဆုံးကို ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ပါရမီနည်းပါးသူများအတွက် ဤအဆင့်မှာ သွေးကြော ၂၀ ဖြင့် စတင်လေ့ရှိပြီး ပါရမီရှင်များမှာ ၅၀ ဖြင့် စတင်ကြသည်။ သူကတော့ ၁၀၀ ဖြင့် စတင်ခဲ့ခြင်း ဖြစ်ပြီး အရေးကြီးသောအချက်မှာ သူသည် ထိုထက်ပို၍ မြှင့်တင်နိုင်သေးခြင်းပင် ဖြစ်သည်။
လက်ရှိတွင် သူက သွေးကြောငယ် ၁၀၀ သာ ဖွင့်နိုင်သေးခြင်းမှာ အချိန်မရှိသဖြင့် သိုင်းပညာဆယ်ဂဏန်းခန့်သာ လေ့ကျင့်ထားရသေးသောကြောင့် ဖြစ်သည်။ သူ၏ အာရုံခံစားမှုအရ သူဖွင့်လှစ်နိုင်သော သွေးကြောငယ် အရေအတွက်မှာ စစ်နတ်ဘုရားအဆင့်ထက် သာလွန်သော အဆင့်နှင့် ဆက်စပ်နေပုံရသည်။
"ဝုန်း..."
ချန်ဆန်းရှီသည် စိတ်ထဲမှ အနှောင့်အယှက်များကို ဖယ်ထုတ်လျက် လှံကို ထိုးသွင်းလိုက်ရာ သူ၏ နဂါးစွမ်းအားမှာ ပြင်းထန်စွာ စီးဆင်းသွားတော့သည်။ သူ၏ရှေ့ရှိ ကျောက်ပုံကြီးမှာလည်း တောင်ကြီးတစ်တောင် ကြေမွသွားသည့်အလား ပေါက်ကွဲထွက်သွားခဲ့သည်။
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ(မဟာသွေးကြောအဆင့်-သေးငယ်သောအောင်မြင်မှု့)]
[တိုးတက်မှု့ - ၀ / ၂၀၀၀]
မဟာသွေးကြောအဆင့်-သေးငယ်သောအောင်မြင်မှု့။
ပြင်ဆင်မှုများမှာ စေ့စပ်သေချာသဖြင့် ချန်ဆန်းရှီ၏ ကျင့်စဉ်တိုးတက်မှုမှာ အလွန်ပင် ချောမွေ့လှသည်။ အချိန်မှာလည်း အတော်အတန် မှန်ကန်နေပြီဖြစ်သဖြင့် သူသည် ဟူလောင်တောင်ကြားသို့ ပြန်လာခဲ့သည်။
ထိုနေရာတွင် မြင်းစီးတပ်သား ၂၀ ကျော် ရှိနေပြီး အဲ့ဒီထဲက ၁၀ ယောက်မှာ ချင်နိုင်ငံရှိ မဟာသွေးကြောအဆင့် ဗိုလ်ချုပ်များသာ ဝတ်ဆင်ခွင့်ရှိသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြသည်။
"တပ်သားအားလုံး ငါ့အမိန့်ကို နာခံကြ"
ချန်ဆန်းရှီက အမိန့်ပေးလိုက်သည် "နန်ရွှီတပ်မတော်ရဲ့ စခန်းမကြီးဆီကို ငါနဲ့အတူ တိုက်ရိုက် လိုက်ခဲ့ကြ။ မှတ်ထားပါ၊ မင်းတို့ထဲမှာ မဟာသွေးကြောအဆင့်အောက် ဘယ်သူမှ မရှိဘူး။ လူ ၂၀ စလုံးက မဟာသွေးကြောအဆင့်တွေဖြစ်ပြီး ငါတို့မှာ အင်အားသုံးသောင်း ရှိတယ်"
"ဒါက ရန်သူကို လှည့်စားတဲ့ ဗျူဟာပေါ့" ရှာချုံက သဘောပေါက်သွားသည်။"
"ဒါပေမဲ့ အရှင်... ကျွန်တော်တို့ ဖုံးကွယ်ထားတာ ပေါ်သွားနိုင်မလား။ တိုက်ပွဲစတာနဲ့ အဆင့်ကို ဖုံးကွယ်ထားဖို့ မလွယ်ဘူးလေ"
"မှန်တယ်..." လူရှုဟွာနှင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် စိုးရိမ်နေကြသည်။
"ကျွန်တော်တို့ထဲမှာ အမြင့်ဆုံးအဆင့်က ဟွာကျန်းအဆင့်ပဲ ရှိတာလေ"
"အဲ့ဒါက တိုက်ပွဲဖြစ်မှ ပေါ်မှာပါ" ချန်ဆန်းရှီက ဆိုသည်။
"ဒါ့အပြင် ငါလိုချင်တာက သူတို့ကို သံသယဝင်သွားအောင် လုပ်ဖို့ပဲ။ သူတို့ သံသယဝင်သွားတာနဲ့ ငါတို့ထောင်ချောက်ထဲကို ကျလာလိမ့်မယ်။ အစ်ကို... ကျန်တာတွေကိုတော့ အစ်ကို့ကိုပဲ အားကိုးရတော့မယ်"
"ညီငယ်... နောက်ထပ် သုံးနာရီလောက် ထပ်စောင့်ပါဦး"
ဖန်ချင်းယွမ်သည် ကောင်းကင်ကို မော့ကြည့်လျက် သူ၏ ကြည်လင်သော အသံဖြင့် ဖြည်းညင်းစွာ ဆိုသည် "ဒီနေ့ နေဝင်ဖျိုးဖျအချိန်မှာ စတင်လှုပ်ရှားပါ။ အဲ့ဒီအချိန်ကျရင် ရလဒ်က အနည်းဆုံး နှစ်ဆလောက် ပိုကောင်းလိမ့်မယ်၊ မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေတောင် ရနိုင်တယ်"
"ကောင်းပါပြီ၊ အစ်ကို့စကားအတိုင်း လုပ်ပါ့မယ်"
ချန်ဆန်းရှီက သဘောတူလိုက်သည် ။
"ဒီတိုက်ပွဲမှာ ကျွန်တော်က မြွေကိုတွင်းအပြင်ထွက်လာအောင် ဆွဲထုတ်ဖို့ပဲ တာဝန်ယူမယ်။ နောက်ပိုင်း စီစဉ်ရမယ့် အစီအစဉ်တွေကိုတော့ အစ်ကိုပဲ စီမံပေးပါ။ ကျွန်တော်က နှစ်ဖက်လုံးကို ကြည့်ဖို့ မဖြစ်နိုင်လို့ပါ"
စွမ်းရည်ရှိသော ဖီးနစ်ငှက်တစ်ကောင်မှာ အမြဲတမ်း အေးဆေးနေလိမ့်မည် မဟုတ်ပေ။ ထို့ပြင် စစ်ပွဲဆိုသည်မှာ လူတစ်ယောက်တည်းနှင့် ဆိုင်သောအရာ မဟုတ်ပေ။ အောင်မြင်မှုရရန်အတွက် မိမိတစ်ယောက်တည်း နာမည်ကြီးဖို့ သို့မဟုတ် အကောင်းဆုံးဖြစ်ဖို့ပဲ မစဉ်းစားသင့်ပေ။ ဘေးပတ်ဝန်းကျင်က လူတိုင်းက သူတို့ရဲ့ အခန်းကဏ္ဍမှာ အစွမ်းကုန် ပါဝင်နိုင်မှသာ မမျှော်လင့်ထားတဲ့ ဗျူဟာတွေနဲ့ အောင်ပွဲခံနိုင်မှာ ဖြစ်သည်။
အထူးသဖြင့်... ဖန်ချင်းယွမ်သည် ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦး ဖြစ်သော်လည်း အပြာရောင်နဂါးစခန်း၏ ဗိုလ်ချုပ်ကြီးအဖြစ် အမြဲရှိနေခဲ့သူ ဖြစ်သည်။ သူ၏ ဒုတိယဗိုလ်ချုပ်ကြီးမှာပင် နက်နဲပုံရိပ်အဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေသူ ဖြစ်သည်။ အကယ်၍သာ ဖန်ချင်းယွမ်မှာ တကယ့်စွမ်းရည် မရှိပါက သူတို့အားလုံး၏ လေးစားမှုကို မည်သို့ရရှိနိုင်ပါမည်နည်း။
ဤကဲ့သို့သော လှည့်ကွက်များနှင့် အသိဉာဏ်ကို သုံးရမည့် စစ်ဆင်ရေးမျိုးမှာ သူနှင့် အကိုက်ညီဆုံး ဖြစ်သဖြင့် ချန်ဆန်းရှီအနေဖြင့် အစစအရာရာ စိုးရိမ်နေစရာ မလိုတော့ပေ။
သူတို့နှစ်ဦး၏ စကားဝိုင်းကို နားထောင်နေကြသော အခြားသူများမှာမူ ဇဝေဇဝါ ဖြစ်နေကြသည်။ သူတို့ ခံစားမိသည်မှာ ဤအစီအစဉ်အားလုံးမှာ ဖန်ချင်းယွမ် တစ်ယောက်တည်းသာ နားလည်ပြီး စီမံနိုင်မည့်အရာများ ဖြစ်နေခြင်းပင် ဖြစ်သည်။
***